YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Revenge S01E29 720p CM.mp4

211.12 MB 720p video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Buddy Games: Spring Awakening
6.4

Buddy Games: Spring Awakening (2023) ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ Buddy Games ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီ ဇာတ်ကားထဲမှာဆိုရင်တော့ Supernatural ထဲက ဒင်းန်ဝင်ချက်စတာကြီး Jensen Ackles အပြင်ကို Once Upon A Time ရဲ့ စနိုးဝှိုက်မင်းသမီးနဲ့ မိုက်ကယ်ဘေးရဲ့ Transformers ဇာတ်ကား တွေထဲပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ဂျော့ဒူဟာမယ်လည်းပါတဲ့အပြင် တခြားနာမည်ကြီး မင်းသား မင်းသမီးတွေ ရောကျော်ပါဝင်ထားလို့ ကြည့်လို့ကောင်းမှာကတော့ သေချာပါတယ်။ ပထမကားလိုပဲ ငယ်ပေါင်းချစ်သူငယ်ချင်း ခြောက်ယောက်ကို အခြေခံပြီးရိုက်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ဆောင်သူငယ်ချင်းခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒယ်ဖီသေသွားပြီးနောက်ပိုင်း ဒယ်ဖီ့ကို ဂုဏ်ပြုပေးဖို့အတွက် ဒယ်ဖီ့ရဲ့ ပြာအိုးကို ဘယ်နေရာသွားကြဲမလဲဆိုတာကို ဆုံးဖြတ်ရာကနေစတင်ခဲ့ပါတယ်။ နွေရာသီအားလပ်ရက်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတစ်သိုက်က ဒယ်ဖီ့ရဲ့ အသုဘအခမ်းအနားမှာ ဘယ်လိုသောင်းကျန်းခဲ့၊ ပြာအိုးကို နေရာချဖို့ကိစ္စကို ဆုံးဖြတ်ရင်းနဲ့ ဘယ်လို ထူးဆန်းတဲ့နေရာတွေ လူတွေနဲ့တွေ့ပြီး ဘယ်လိုစွန့်စားခန်းတွေနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို သိရဖို့အတွက် ဒီဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 31Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Horror • Mystery • Thriller
6.4 2023 95 mins
Buddy Games: Spring Awakening
Fast 888
6

ထိုင်း အခွီမင်းသားချော Nick Kunatip နဲ့ ဟာသတွဲဖက် Chuanchen Chaet တို့အဓိက ပါဝင်ထားတဲ့ တကားလုံးရီနေရတဲ့ဇာတ်ကားပါ။ လတ်တလောကမှ ကျောက်ဖုရားမြစ်ထဲ တွန်းချခံရလို့ သေဆုံးခဲ့တဲ့ မင်းသမီးချောလေး Tangmo Nida Patcharaveerapong လဲ ဒီကားထဲ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း... ဖွန်(Chuanchen Chaet)) က ဘတ်စ်ကားအမှတ်၈၈၈ကိုမောင်းနှင်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ဝင်း(Kunatip)ကတော့ ကားစပယ်ယာလုပ်ပေးနေသူပဲဖြစ်ပါတယ် ဖွန်ရဲ့ ဇနီးဖြစ်သူ မီအာ(Tangmo)က ဖခင်နဲ့ချစ်သူဖွန်ကြား ဖွန့်ကိုရွေးလာသူမို့ ဖွန့်အနေနဲ့ မိန်းမရှိခိုး သွားမကျိုးဆိုတဲ့အတိုင်းနေလာခဲ့သူလည်းဖြစ်ပါတယ် တစ်ရက် ဖွန်နဲ့ ဝင်းတို့ ဘတ်စ်၈၈၈ ကိုမောင်းလာရင်း ဖွန်ရဲ့ ဝါသနာအတိုင်း တခြားဘတ်စ်ကားနဲ့ ကားမောင်းပြိုင်ရာက အလွဲတွေ စဖြစ်ပါတော့တယ်.. ကားပေါ်မှာ ဖွန့်ကိုကြည့်မရလို့ ကားဘရိတ်ကြိုးဖြတ်ဖို့နဲ့ ချိန်ကိုက်ဗုံးထောင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့အပြင် ကောင်မလေးကြောင့် သတ်သေချင်နေသူ, မော်ဒယ်အဖွဲ့, လျှို့ဝှက်တဲ့ပုံနဲ့နေနေတဲ့ညီအစ်ကိုနှစ်ယောက်, ရောဂါသည်တစ်ယောက် နဲ့ သီချင်းဆိုပြိုင်ပွဲလာဝင်တဲ့သူ စတဲ့ခရီးသည်ပေါင်းစုံပါလာပြီး ကားပေါ်က ဖွန်နဲ့ ခရီးသည်တွေရဲ့အကြောင်းစုံကို ဟာသနှောပြီးတင်ဆက်ပေးထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့းပါးပါးရီချင်နေရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Kyi Nue Zin မှ တင်ဆက်ပေးထားပါတယ်။) File size…(2.1 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:33:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kyi Nue Zin

Comedy • Drama
6 2016 95 mins
Fast 888
Immerstill
7.1

Immerstill(2023) *************** 2023 မှာ အသစ်ထွက်ရှိတဲ့ Crime ဇာတ်ကား အမျိုးအစားလေးပါ။ ပဟေဋိဆန်ဆန် မှုခင်း ဇာတ်ကားတွေကို နှစ်သက်တဲ့ ရုပ်ရှင် ချစ်သူတို့အတွက် သင့်တော်တဲ့ ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Immerstill မြို့ငယ် (ရွာ) လေးမှာ ရဲအရာရှိတွေ မြို့သူ မြို့သားတွေဟာ အမျိုးသမီးတွေကိုဆိုရင် အထင်သေးကြပြီး လူပျောက်တာကို ပေါ့ပျက်ပျက်သဘောထားပြီး မရှာဖွေကြဘူး။ ဒီလိုနဲ့ ကက်သီဆိုတဲ့ ကောင်မလေးက မားကုစ်ဆိုတဲ့ ကောင်လေးနဲ့ နယူးဇီလန်ကို ခိုးပြေးသွားတဲ့ပုံစံ စာပို့ပြီး ပျောက်သွားကြတယ်။ ကက်သီရဲ့ သူငယ်ချင်းဖြစ်သူ မာရီနဲ့ နာတာလီတို့က ကက်သီက မားကုစ်နဲ့ တူတူ ထွက်သွားတယ်ဆိုတာ ယုတ္တိမရှိကြောင်း လူကြီးတွေကို ရဲတွေကို ပြောပြပြီး ဘယ်သူမှ မယုံကြတဲ့အဆုံး သူတို့ဘာသာ လိုက်ရှာခဲ့ကြတယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ ၂ ယောက်ပါ ပျောက်သွားကြတယ်။ မာရီရဲ့အစ်မဖြစ်သူ လီဆာတစ်ယောက် Vienna မြို့ကနေ ချက်ချင်း Immerstill ကို ပြန်လာပြီး သူ့ညီမလေးနဲ့ နာတာလီကို ရှာပုံတော် ဖွင့်ခဲ့တယ်။ ဇာတ်လမ်းလေးက ပရိယာယ်တွေပါပြီး စိတ်ဝင်စားဖို့ကောင်းတာမလို့... ဘာဆက်ဖြစ်မလဲ အဆုံးထိ ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ File Size :(1.9GB) and (718MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:28:00 Genre : Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Action • Comedy
7.1 2023 88 mins
Immerstill
The Coldest City
7

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ် အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှု‌ကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ... တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦး ဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Action , Drama Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMee Jue Jue Encoded by LK

Fantasy
7 2023 180 mins
The Coldest City
Fearless Hyena
6.6

ချန်းလုံဆိုတဲ့ လူငယ်လေးဟာ အဘိုးနဲ့အတူ တစ်ရွာပြီးတစ်ရွာ ရွှေ့ပြောင်းနေထိုင်ရင်း ရရာအလုပ်လုပ်ပြီး ဘဝကို ပျော်အောင်ဖြတ်သန်းနေတဲ့လူငယ်လေးဖြစ်ပါတယ်။ အဖိုးဖြစ်သူသင်ကြားပေးတဲ့ ကွန်ဖူးသိုင်းပညာကို ကြိုးစားလေ့ကျင့်ပြီး ပြဿနာပဲရှာနေတတ်တဲ့လူငယ်လေးရဲ့ အရည်အချင်းတွေကို အမြတ်ထုတ်မယ့် လူတစ်စုနဲ့ ဆုံတွေ့လာပါတော့တယ်။ ကလိမ်ကကျစ်ကျတတ်တဲ့ လူတစ်စုစီ ရောက်သွားတဲ့ သူကရော ဘာတွေတွေ့ကြုံရမလဲ၊ အဖိုးက စည်းကမ်းတွေတားမြစ်ထားတာ ဘာကြောင့်များလဲ၊စည်းကမ်းတွေ မလိုက်နာခဲ့တဲ့ အကျိုးဆက်ကို ချန်းလုံတစ်ယောက် တွေ့ကြုံလာရတဲ့အခါမှာတော့ … comedy actionအမျိုးအစားဖြစ်တာကြောင့် ရယ်ရယ်မောမောကြည့်ရမယ့်အပြင် ဟောင်ကောင်မင်းသားကြီး Jackie Chanရဲ့ အသက်၂၀ကျော် ကာလအပိုင်းအခြားမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် old but goldလို့ အပြည့်အဝဆိုနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရိုးရာသိုင်းပညာကားတွေကို လွမ်းနေတဲ့သူတွေအတွက်လည်း ဟာသနှောထားပေမယ့် သိုင်းပညာဘက်မှာလည်း မလျှော့ထားတဲ့ The Fearless Hyena (1979) ကိုကြည့်ပြီး ဘဝအမောပြေနိုင်တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ahorne

6.6 1979 97 mins
Fearless Hyena
[18+] Hibang
8.5

Hibang (2023) အီဆာဆိုတဲ့ကောင်မလေးဟာ ခေါင်းမှာဒဏ်ရာတစ်ခုနဲ့၊ အတိတ်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဗလာနဲ့ လူသူမနီးတဲ့အရပ်ကအိမ်တစ်လုံးမှာ နိုးထလာခဲ့ပါတယ်။ အနားမှာ သူ့ကိုသိပ်ရင်းနှီးတဲ့ပုံနဲ့ ထရစ်စတန်ဆိုတဲ့ လူငယ်တစ်ယောက်ရှိနေပြီး အဲဒီလူငယ်က သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းငါးနှစ်ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ အီဆာနောက်ကိုတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကြောင့် အခုလိုမတော်တဆဒဏ်ရာရပြီး အတိတ်မေ့ခဲ့ရတာဖြစ်ကြောင်း၊ အခုလည်း အဲဒီလူလက်ကနေ လွတ်ဖို့ ဒီလိုလူသူမနီးတဲ့ နေရာတစ်ခုကိုတိမ်းရှောင်နေရကြောင်းရှင်းပြသလို သူတို့ရဲ့အတိတ်က အထောက်အထားတွေကိုလည်း အခိုင်အမာပြပါတယ်။ အီဆာ့စိတ်ထဲမှာ သူ့ကိုရင်းနှီးနေပေမဲ့ ချစ်သူခင်ပွန်းတစ်ယောက်လိုချစ်တဲ့စိတ် နည်းနည်းမှမခံစားမိတာကြောင့် အရာရာကိုသံသယထားနေရင်းက သူ့သံသယကိုခိုင်မာစေတဲ့ ကိစ္စတွေတစ်စစပေါ်လာပါတော့တယ်။ 2023 ရဲ့နောက်ဆုံးထွက်အနေနဲ့ အသစ်စက်စက် မင်းသမီးလေးတစ်ယောက်ကို စင်တင်မိတ်ဆက်ပေးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ Rica Gonzales လို့ခေါ်ပြီး အလှအပနေရာမှာတော့ ရှေ့က စီနီယာမမတွေထက်မလျော့သလို တခြားနေရာမှာလည်း တင်းပြည့်ကျပ်ပြည့်ဖြစ်တဲ့အတွက် Vivamax’s Crush အသစ်လေးကို အားပေးရှုစားအကဲဖြတ်ကြရအောင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 8.5/10 Format – mp4 Duration – 1H 50Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

8.5 2023
[18+] Hibang
Mean Machine
6.4

“The Mean Machine” လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။ တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ဆေးလိပ်အမြန်ဖွက်ပုံနည်းလမ်းအထိ ထောင်တွင်းနေထိုင်နည်းအဖြာဖြာကို သင်ယူခဲ့ရပါတယ်။ အသင်းဖော်တွေရဲ့ ယုံကြည်မှုကို ခက်ခက်ခဲခဲစည်းရုံးအရယူအပြီးမှာတော့ ထောင်စောင့်တွေနဲ့ ယှဉ်ပြိုင်ရမယ့် ဘောလုံးပွဲစဉ်ဟာ နိုင်ငံသစ္စာဖောက်အဖြစ်နဲ့ ကျဆင်းခဲ့ရတဲ့ ဒန်နီရဲ့ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ရမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်က The Longest Yard အမေရိကန်ရုပ်ရှင်ကားကို မှီငြမ်းထားပေမယ့် American Football အစား Soccer အကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး ဒန်နီမီဟန် အနေနဲ့ Vinnie Jones၊ Jason Statham တို့ ပါဝင်ထားတဲ့ Sports Comedy ဇာတ်ကားလေးကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 625 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

War • Drama
6.4 2001
Mean Machine
Batman Unlimited: Monster Mayhem
5.6

Batman Unlimited: Monster Mayhem(2015) IMDb: 5.6/10 Rotten Tomatoes : 80% Batman Unlimited: Monster Mayhem ဟာ DC မှထုတ်ထားတဲ့ Animation ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ Animation ဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအညွှန်း ဆေးဗားလ် ဘန်ရှီးနဲ့ ဆော်လမွန် ဂရမ်ဒီတို့နှစ်ယောက် အာခမ်ကနေ ဟော်လိုးဝင်းညမှာ ဖောက်ပြေးလာခဲ့ပါတယ်။ နှစ်ယောက်သားထွက်ပြေးရင်း စကဲခရိုးနဲ့တွေ့ခဲ့ပါတယ်။ စကဲခရိုးဟာအစည်းအဝေးလုပ်မယ့်နေရာကိုခေါ်သွားတော့ ရှိနေတဲ့လူဆိုးတွေက စကဲခရိုး၊ ဆော်လမွန်ဂရန်ဒီ၊ ဆေးလ်ဗားဘန်ရှီး၊ ကလေးဖေ့စ် တို့ပဲဖြစ်ပါတယ်။ သူတို့အားလုံးကိုအစည်းအဝေးခေါ်လိုက်သူကတော့ ဂျိုကာပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဂိုဂိုရိုတိုဆိုတဲ့ ဂိမ်းဒီဇိုင်နာတစ်ယောက်ကို ဖမ်း၊ အင်ကာပြတိုက်ထဲကနေပြီး အဖိုးတန်နှင်းဆီ ကျောက်တုံးကိုခိုးခဲ့ပါတယ်။ ဂျိုကာတို့ဘာတွေကြံစည်နေတာလဲ။ အဲဒါကို ဘတ်မန်း၊ အိုလီဗာ(ဂရင်းအဲရိုး)၊ တင်မ်ဒရိတ်(ရက်ဒ်ရော်ဘင်)၊ ဆိုက်ဘော့တို့ကဘယ်လိုများတားဆီးသွားမှာလဲ။ File size… 1.2 GB / 590 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Animation, Action, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

5.6 2015 81 mins
Batman Unlimited: Monster Mayhem
Baaria
6.9

Baaria (2009) Genre – Comedy, Drama IMDb Rating (6.9) ဘာဂါရီယာဆိုတဲ့ အီတလီမြို့ငယ်လေးက လူတစ်ယောက်အကြောင်းကို ကလေးဘဝ လူငယ်ဘဝ လူကြီးဘဝ စသဖြင့် ခေတ်အဆက်အဆက် ပြောင်းလဲလာပုံနဲ့အတူ မျိုးရိုး ၃ ဆက်လောက်ကို ရိုက်ကူးတင်ဆက်ထားတဲ့ အီတလီ ဒရမ်မာကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Giuseppe Tornatore ကိုယ်တိုင်ကလည်း အဲဒီမြို့လေးမှာ မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ကားတွေဆို ဆယ်ကျော်သက်လေးက အိမ်ပြောင်းလာတဲ့ မမချော Monica Belluci ကို အပေါက်လေးထဲကနေ ချောင်းကြည့် စိတ်ကူးယဉ်တဲ့ Malena ကို လူသိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ပက်ပီနိုတိုရာနိုဗာဆိုတဲ့ လူအကြောင်းကို အသေးစိတ် ရိုက်ကူးထားတာပါ။ ကလေးဘဝမှာဆို ခေတ်အခြေအနေအရ စာသင်ရတာပျင်းတာ ကြုံရာအလုပ်ကို ဝင်လုပ်ပြီး ကလေးဘဝလေးကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြသထားတာပါ။ လူငယ်ဘဝရောက်တော့ စစ်ပွဲကာလ ကျော်ဖြတ်ရတာတွေ လူငယ်သဘာဝအလျောက် ရည်းစားချစ်သူ ထားတာတွေ မိန်းမလိုချင်တာတွေ တခြားနိုင်ငံရေးလောကထဲ ဝင်ရောက်မိတာတွေကို ပြသထားပါတယ်။ လူကြီးကာလမှာတော့ ကလေးတွေအများကြီးနဲ့ အိမ်ထောင်သည်တစ်ယောက် ဖြစ်တဲ့အပြင် နိုင်ငံရေးလောကမှာ ဘယ်လိုတွေ ရုန်းကန်ရပြီး မိသားစုဘဝကိုလည်း ဘယ်လို ဟန်ချက်ညီအောင်နေရတာတွေ စသဖြင့် ဒီလိုမျိုး မျိုးရိုး ၃ ဆက်စာ အတွေ့အကြုံတွေကို ခေတ်အလိုက် ပြန်ပြီး စိတ်ကူးထဲပုံဖော် မြင်လာအောင် ကြိုးစားရိုက်ကူးပြထားတဲ့ အီတလီရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thura Aung မှ တင်ဆက်ထားပါတယ်။)

6.9 2009 160 mins
Baaria
Chandlo
7

Chandlo (2023) “ဘဝသစ်” ရင်ကိုနွေးစေမယ့် ဂူဂျာရတ်တီစကားပြော ဒရာမာရုပ်ရှင်ကားလေးကို တင်ဆက်လိုက်ပါတယ် မီရာက တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး ရှာရန်ဆိုတဲ့ အဆိုရှင်ကို သိပ်ကိုနှစ်ခြိုက်တဲ့ အမျိုးသမီးပါ မီရာ့သမီးလေး အက်ရှ်သာကတော့ ရှာရန့်သီချင်းတွေကို နားမခံနိုင်တဲ့ ဆန့်ကျင်ဘက်ခပ်ဆိုးဆိုးကောင်မလေး သူတို့သားအမိနှစ်ယောက်လုံးက မြတ်နိုးရတဲ့လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရလို့ အမှတ်တရတချို့ကို မေ့ပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာ အဆိုရှင် ရှာရန်နဲ့ ရင်းနှီးသွားတဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းတွေဖြစ်လာမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7 2023
Chandlo
Out of My Mind
7.2

Drama အမျိုးအစားဖြစ်တဲ့ Out of My Mind ဟာ စိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်တဲ့ကလေးကားလို့ပြောလို့ ရပါတယ်။ ဦးနှောက်အကြောသေရောဂါကြောင့် စကား မပြောနိုင်ဘဲ ဘီးတပ်ကုလားထိုင်တစ်ခုနဲ့ပဲသွားလာရတဲ့ ခြောက်တန်းကျောင်းသူလေးမယ်လိုဒီဟာ ဥာဏ်အရမ်း ကောင်းပြီး ထူးချွန်ပေမယ့် သူ့ရဲ့မသန်စွမ်းတဲ့အခြေအနေကြောင့် ခွဲခြားဆက်ဆံခံရတဲ့အပြင် သက်တူရွယ်တူတွေလို တူညီတဲ့ အခွင့်အရေးတွေလည်းမရခဲ့ပါဘူး။ တစ်ရက်မှာတော့ ပညာရေးလေ့လာမှုအတွက်ကျောင်းကိုရောက်ရှိလာတဲ့ ဒေါက်တာတစ်ယောက်ကြောင့် မယ်လိုဒီဟာ မသန်စွမ်း အတန်းမဟုတ်ဘဲ ပုံမှန်ကျောင်းသားတွေတက်တဲ့ခြောက်တန်း အခန်းထဲမှာ စာသင်ခွင့်ရရှိလိုက်ပါတယ်။ အတန်းထဲမှာ မယ်လိုဒီဟာ တခြားကျောင်းသားတွေထက် ထူးချွန်ပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ရှိနေဆဲပါပဲ။ ဇာတ်လမ်းရဲ့အဆုံးပိုင်းမှာ တကယ်တော့ အသံမထွက်နိုင်တဲ့ မယ်လိုဒီအတွက် ဘယ်လိုစကားပြောရမလဲဆိုတာက အရေးမကြီးဘဲ သူပြောစရာရှိတာကိုပြောနေဖို့ပဲလိုတယ်ဆိုတဲ့ အချက်ကို မယ်လိုဒီတစ်ယောက်သဘောပေါက်နားလည် သွားခဲ့ပါတယ်။ အစစအရာရာလိုက်လုပ်ပေးဖို့လိုတဲ့ မယ်လိုဒီလို ကလေးတစ်ယောက်အတွက် မယ်လိုဒီရဲ့မိဘတွေရဲ့အပင်ပန်းခံ ပံ့ပိုးပေးမှုကလည်း မယ်လိုဒီရဲ့အောင်မြင်မှုနဲ့ထူးချွန်မှုအတွက် အဓိကအခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ File size… (1.64GB) / (853MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

7.2 2024 107 mins
Out of My Mind
High Forces
6

“ဝေဟင်ထက်က လေယာဉ်က မြေပြင်ပေါ်က စက်ဘီးကို ဝင်တိုက်သွားတယ်” ဆိုတာမျိုး ကြားဖူးမယ်ထင်ပါရဲ့… ဒီ Andy Lau နဲ့ နာမည်ကြီး မင်းသားမင်းသမီးတို့ကြိုးစားပြီးရိုက်ကူးထားတဲ့ High Force ကားလေးကတော့ ဒီလို ဆင်တူယိုးမား အဖြစ်ပျက်လေးကို ပုံဖော်ထားတာပါ… ဇာတ်လမ်းထဲမှာ ကောင်းဟောက်ကျွင်း တစ်ယောက်က ဘိုင်ပိုလာ ဆိုတဲ့ စိတ်ဓာတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားနေရတဲ့သူပေါ့… ဒါကြောင့်လည်း ရှိရင်းစွဲ အလုပ်က ထွက်ပြီး လေကြောင်းကုမ္ပဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်… သူ့ရောဂါကြောင့်ပဲ… သူချစ်ရတဲ့မိသားစုကို အဝေးကပဲ ဖြည့်ဆည်းပေးရသူဖြစ်လာခဲ့တယ်… ဘာလို့လဲဆိုတော့ သူစိတ်မထိန်းနိုင်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် သူ့သမီးလေး ဘဝအလင်းပျောက်ခဲ့ရပြီး အမှောင်လောကထဲမှာ ရှင်သန်ရတဲ့ မျက်မမြင်လေးဘဝကို ရောက်သွားလို့ပါပဲ… သူတို့ မိသားစုအတူ ပြန်ဆုံတာကတော့ အိတ်ချ်ဝိုင် ၆၆၈ ဆိုတဲ့ လေယာဉ်ပေါ်မှာပေါ့… ဒီလေယာဉ်ပေါ်မှာ ကောင်းဟောက်ကျွင်းနဲ့အတူ ဘိုင်ပိုလာ ခံစားနေရသူ နောက်တစ်ဦးရှိပါသေးတယ်… သူ့နာမည်က မိုက်ခ်တဲ့… သူကတော့ ဒီလေယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးပေါ့… မိုက်ခ်က ဘာလို့ လေယာဉ်ကို ထိန်းချုပ်ချင်တာလဲဆိုရင်တော့ လေကြောင်းပိုင်ရှင်ဆီက ငွေညှစ်ဖို့ပါပဲ… ဒါပေမယ့် သူကကြေးစားဆိုတော့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ… သူတို့ဆန္ဒတွေပြည့်ဝမှာလား…သူတို့မမျှော်မှန်းထားတဲ့ အပြောင်းအလဲဖြစ်လာမှာလား… ‌နောက်ပြီး ကောင်းဟောက်ကျွင်းကရော ဒီခရီးမှာ သူ့မိသားစုနဲ့ အဖုအထစ်တွေ ဖြေရှင်းနိုင်မှာလား CM နဲ့အတူ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်…

6 2024
High Forces
Remember
7.5

black and white ခေတ်ကမင်းသားကြီးChristopher Plummerပါဝင်သရုပ်ဆောင်ထားတဲ့ 2015မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာခေါင်းဆောင်တဲ့နာဇီတွေက ‘ခရစ်စတယ်ည’နာမည်တွင်ခဲ့တဲ့ ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉-၁၀ ရက်နေ့တွေမှာ ဂျူးတွေနဲ့ဂျူးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေဆိုင်ခန်းတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြပါတယ် ဒီဖြစ်စဉ်မှာ ဂျူးလူမျိုး၃သောင်းခန့် အဖမ်းခံရကာစစ်အကျဉ်းစခန်းကို ပို့ခံခဲ့ရပြီး ဂျူး၁၀၀ထက်မနည်းသေဆုံးခဲ့ပါတယ် ဒီဖြစ်ရပ်ဟာ Holocaust Genocide ကိုဦးတည်စေခဲ့ပါတယ် Holocaust မှာ ဂျူးများအပြင်LGBTတွေ, လူမည်းတွေ, ဂျစ်ပစီတွေ, မသန်စွမ်းတွေပါ နာဇီတွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ် Auschwitzလိုစစ်အကျဉ်းစခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု, အဆိပ်ဓာတ်ငွေ့ပေးနှိပ်စက်မှုတွေပါပြုလုပ်ခဲ့ကြပါတယ် ဒီဖြစ်ရပ်တွေကိုအခြေတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် သမိုင်းကြောင်းစိတ်ဝင်စားသူတွေအကြိုက်တွေ့စေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ပြန်ရောဂါရှိနေတဲ့ဇက်ဖ်က သူ့မိန်းမဆုံးသွားပြီးနောက်ပိုင်းမှ ာ နာဇီလက်ထက်က သူ့ရဲ့မိသားစုကိုသတ်ခဲ့တဲ့ တရားခံဖြစ်တဲ့ စစ်အကျဉ်းစခန်းက ခေါင်းဆောင်ပိုင်းတစ်ယောက်ကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတယ် ဘိုးဘွားရိပ်သာက သူ့သူငယ်ချင်းမက်စ်ရဲ့အကူအညီနဲ့ ဘယ်လိုစိတ်ဝင်စားစရာ ရှာပုံတော်ဖွင့်မလဲ ဘယ်လို ဇာတ်လမ်းလှည့်ကွက်တွေ ကြုံရဦးမလဲဆိုတာ နာဇီနဲ့ဂျူးတွေကြားကပဋိပက္ခ သမိုင်းကြောင်းတွေကို ပြန်လည်ခံစားရင်း ရှုစားကြပါဦး File size… 1.6 GB / 794 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Na Ei

Romance • Comedy • Drama
7.5 2015 94 mins
Remember
Along with the Gods: The Two Worlds
7.2

Along with the Gods: The Two Worlds (2017) ********************************************** IMDb….. 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်‌ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon, Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာ ပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ -ဇာတ်လမ်းအညွှန်း- လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်း တရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။ မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲ သူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။ သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာ တရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ လူဝင်စား ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ သက်ရှိ လောကမှာ ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူကို ပြန်လည် တွေ့ရှိနိုင်ဖို့အတွက် ဂင်ဂျာဟုန်းဟာ သူ့ကို ကူညီပေးမဲ့ သေမင်းတမန် ၃ယောက်နဲ့ အတူ တရားခွင် အားလုံးကို ဖြတ်ကျော်နိုင်ပါ့မလား… ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုနိုင်ဖို့ အတွက် ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 2.39GB/ 1.14GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:19:00 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, Treasure Htet, Hsu Pyae & Kyoun Encoded by Tiff

Crime • Drama
7.2 2017 139 mins
Along with the Gods: The Two Worlds