YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Revenge S01E25 720p CM.mp4

211.31 MB N/A video/mp4 22 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Angels and Insects
6.5

IMDb - 6.8/10 ဒီဇာတ်ကားက Don't look up, Ready Player One , The BFG, Bridge of Spines, Bones and All အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေမှာ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ မင်းသားကြီး Mark Rylanceက ဦးဆောင်ပြီးတခြားသော Cast ၈၃ယောက်နဲ့အတူ ဒီဇာတ်ကားကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ တောထဲမှာ အင်းဆက်တွေကို လေ့လာပြီး သုတေသနပြုလုပ်တဲ့ ပညာရှင်မစ္စတာအမ်ဒမ်ဆမ်က သင်္ဘောမြှပ်ပြီး ယူဂျီနီးယားရဲ့ အိမ်မှာ မှီခိုနေထိုင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်အိမ်ထဲမှာ နေထိုင်ရင်း အချိန်တစ်ခုကြာလာတော့ ယူဂျီနီးယားလေးနဲ့ ယူဖြစ်သွားပါလေရော။ ယူဂျီနီးယားနဲ့ အမ်ဒမ်ဆမ်နဲ့ယူတာကို ယူဂျီးနီးယားရဲ့ အကိုအက်ဂါကတော့ သိပ်သဘောမကျပါဘူး။ သဘောမကျတဲ့အပြင်ကိုမှာမှ နှိမ်ပါ နှိမ်နေသေးတာပါ။ မစ္စတာအမ်ဒမ်ဆမ်တစ်ယောက် အက်ဂါ နှိမ်နေတာကို မခံနိုင်တဲ့အဆုံး ကိုယ့်ဝမ်းစားရှာဖို့ သုတေသနစာအုပ် တစ်အုပ်ရေးပါတော့တယ်။ မစ္စတာအမ်ဒမ်ဆမ် သူရေးတဲ့စာအုပ်ကို အဆုံးသတ်နိုင်ပါ့မလား၊ ဘယ်လိုတွေများရေးသွားမလဲ၊ စာအုပ်ရေးပြီးသွားတဲ့နောက်မှာ ယူဂျီနီးယားနဲ့ အင်္ဂလိပ် လူချမ်းသာတွေရဲ့ဘဝမှာ လျှို့ဝှက်ချက်တွေက ဘာများရှိမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒိုင်ယာလော့တွေလည်း အတော်လေး လေးနက်ပြီး Dramaဆန်ဆန်လေးဖြစ်တော့ ရုပ်ရှင်က ကောင်းပြီးရင် ကောင်းပေါ့ဗျာ။ ကဲ စကားတွေ ဖောင်ဖွဲ့မနေတော့ဘဲ ရုပ်ရှင်လေးကို ကြည့်ရှု့ခံစားလိုက်ရအောင်ဗျာ။ ( တချို့အပိုင်းတွေက ပွင့်ပွင့်လင်းလင်း ရိုက်ပြထားတာတွေမို့ မိသားစု/၁၈နှစ်မပြည့်သေးသူများနဲ့ အတူကြည့်ရန် မသင့်တော်ပါ ) File size…(684 Mb) Quality…. 480p Format…mp4 Duration….01:52:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama • Thriller
6.5 1995 118 mins
Angels and Insects
Trust
6.6

အိမ်ထောင်တစ်ခုရယ်လို့ရှိလာခဲ့ရင် ကိုယ့်အမျိုးသားဖောက်ပြန်သွားမလား စိုးရိမ်တတ်ကြတာ အမျိုးသမီးတိုင်းရဲ့ သဘာဝပါပဲ နှစ်တွေဘယ်လောက်ကြာကြာ တတိယလူဆိုတာပေါ်လာခဲ့ရင် ကိစ္စတွေကမောက်ကမဖြစ်သွားနိုင်ပါတယ် "နင်ငါတို့လိုသာကွာရှင်းရှေ့နေလုပ်ကြည့်ပါလား အချိန်ကြာလာတာနဲ့အမျှ လူတိုင်းကဖောက်ပြန်နေကြပါလားဆိုပြီးသိလာလိမ့်မယ်" "မိန်းမတွေက သူတို့ခိုးစားတာကိုလူမမိအောင်လုပ်တဲ့နေရာမှာယောကျာ်းတွေထက်ပိုတော်တယ်" ဒီ‌ဇာတ်လမ်းကတော့ ယုံကြည်မှုကိုအခြေခံပြီး အိမ်ထောင်တစ်ခုတည်ဆောက်ထားတဲ့ အိုဝင်မ်နဲ့ ဘရော့ခ်တို့ရဲ့ အချစ်စမ်းပွဲအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ယုံကြည်မှုနဲ့လက်တွဲခဲ့ပေမယ့် အလုပ်ကိစ္စအကြောင်းပြပြီး အိုဝင်မ်တစ်ယောက် ညဉ့်နက်တွေမှာ ထထသွားနေတာ ဘရော့ခ်တစ်ယောက်စိတ်ထဲဘဝင်မကျလှပါဘူး ဒါ့အပြင်ဘရော့ခ်ရဲ့ သူငယ်ချင်းက ကွာရှင်းရှေ့နေတစ်ယောက်ပါ "ဒီခေတ်ကြီးမှာအကုန်လုံးနီးပါးဖောက်ပြန်နေကြတာ နင့်ယောကျာ်းဖောက်ပြန်မပြန်သိချင်ရင် ကြေးစားငှားပြီး စမ်းကြည့်ပါလား" ဒီစကားကိုနားယောင်သွားတဲ့ဘရော့ခ်တစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ အိုဝင်မ်ကရော ဘရော့ခ်အပေါ်သစ္စာမဖောက်တဲ့ ယောကျာ်းကောင်းတစ်ယောက်လားဆိုတာ ကြည့်ရှုရမယ့်ပညာပေးဇာတ်ကားတစ်ကားပါ အိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီးသံသယစဝင်တာနဲ့ အမှားတွေကပ်ပါလာတတ်ကြောင်းကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် သံသယများတတ်တဲ့လူတွေကြည့်ရှုဖို့အကောင်းဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် (တချို့လူကြီးခန်းတွေနဲ့ စကားပြောတွေပါဝင်တာကြောင့်မိသားစုနှင့်ကြည့်ရှုရန်မသင့်တော်ပါ) ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ကတော့ Yunniမှရေးသားပြန်ဆိုထားပြီး တင်ဆက်ပေးသူက YKပဲဖြစ်ပါတယ် File size…1.2Gb / 515MB Quality…1080p WEB RIP AAC 5.1CH / 720p AAC 2.0CH Format…mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni

Crime • Drama
6.6 2021 94 mins
Trust
I, Tonya
7.5

IMDb....7.5,,,,Rotten...89  Biography တွေကိုပြန်ရိုက်တဲ့ဇာတ်ကားတွေမှာ အထူးသဖြင့်  ကြည့်ရှှုသူပရိတ်သတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့်  အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်...ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ ဒါရိုက်တာက မူရင်းနဲ့  သွေဖီမသွားအောင်ရိုက်ရင်း  ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်...အဲ့လိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Harding အကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်... Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊ သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊ သူမအားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ ရေခဲစကိတ်အကြောင်းကိုစိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကို ကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ ခင်ဗျားဟာ  Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက် ဒီကားလေးကိုတော့ကြည့်စေချင်တယ်...မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်း ဝင်ခဲ့တယ်...ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲမြည်းစမ်းစေချင်တယ်....ဆက်ကြည့်ဖို့မဆွဲဆောင်နိုင်ဘူးဆိုရင်တော့......... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae

Action • Adventure • Science Fiction
7.5 2017 120 mins
I, Tonya
Gerald's Game
6.4

ဒီဇတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေ ဇတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတ ဟာ Jessie တစ်ယောက် ယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့် သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ် တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ  ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ... Movie Review ============ ဇတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ် သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie တို့ဟာ ကားလေးနဲ့ လူတွေ နဲ့ ဝေးတဲ့ အိမ်လေး တစ်အိမ်ကို ရောက်သွားခဲ့ပါတယ် မိုင်အတော်ဝေးဝေးက မြစ်ကမ်းဘေးက အိမ်လှလှလေးပေါ့ အဲ့ဒီအိမ်ထဲမှာ Gerald နဲ့ Jessie တို့ အပြင် ဘယ်သူမှ မရှိပါဘူး Gerald ဟာ Jessie ထက် အသက်ကြီးပြီး သူတို့ အိမ်ထောင်ရေးဟာ အိပ်ရာပေါ်မှာ အဆင်မပြေဖြစ်နေတာ လပေါင်းအတော်လေး ကြာပြီး ဖြစ်တဲ့အတွက် ဒီလို အေးချမ်းတဲ့နေရာမှာ အနားယူကာ ထိုကိစ္စကို ဖြေရှင်းဖို့ အပေးအယူ လုပ်ထားကြပါတယ် Geraldလိင်မှုဆက်ဆံရေးမှာ စိတ်မဝင်စားတဲ့ အတွက် ထူးထူးဆန်းဆန်း လိင်ဆက်ဆံမှုမျိုး ပြုလုပ်ချင်ကြောင်း Jessie ကို ဖွင့်ပြောပြီး သဘောတူညီမှု ရယူထားခဲ့ပါတယ်... ဒီလိုနဲ့ သူတို့ နှစ်ဦး သဘောတူထားတဲ့ ကိစ္စ ကို အကောင်အထည်ဖော်ဖို့ စခဲ့ပါတော့တယ် Gerald ဟာ Jessie ကို (နှိပ်စက်နည်းဖြင့် လိင်ဆက်ဆံမှု) ပြုလုပ်ဖို့ ကုတင်မှာ လက်ထိပ်တွေ စခတ်လိုက်ပြီး ချစ်ရည်လူးကြဖို့ နှစ်ဦးသား စတင်တဲ့ အချိန်မှာပဲ Gerald ဟာ အလွန်ကြမ်းတမ်းတဲ့ အပြုအမှုတွေ လုပ်တာကြောင့် Jessie က ငိုပြီး မလုပ်ဖို့ တားမြစ်ပါတယ် ဒါပေမယ့် မွှန်နေတဲ့ Gerald ကတော့ ဆက်လုပ်ဖို့ တာဆူနေပြီး ဆက်လက်အကောင်အထည်ဖော်နေပါတယ် Jessie အသဲအသန် တားတာကြောင့် Gerald ရပ်လိုက်ပြီး စတင်စကားများကာ Jessie က လက်ထိပ်တွေ ဖြုတ်ပေးဖို့ အသနားခံခဲ့ပေမယ့် Gerald က မဖြုတ်ပေးပဲ သူလိုချင်တာပေးဖို့ တောင်းဆိုနေရင်း ရုတ်တရက် နှလုံးသွေးရပ်ကာ လဲကျသွားပါတယ်... Jessie ကတော့ Gerald နောက်နေတယ်ထင်ပြီး မနောက်ဖို့ ပြန်ထလာဖို့ ပြောပါတယ် ဒါပေမယ့် ရုတ်တရက် နှလုံးရပ်သွားတဲ့ Gerald ကတော့ ပြန်မထလာတော့ပါဘူး... ကုတင်တိုင်တွေမှာ လက်ထိပ်ခတ်ခံထားရပြီး လူသူကင်းဝေး တဲ့ နေရာမှာ ဘယ်သူမှ လာမကယ်နိုင်မယ့် အဖြစ်ကို ရိပ်စားမိတဲ့ Jessie တစ်ယောက် စတင် ထိတ်လန့်လာပါတော့တယ်... သူမ ဘယ်လိုလွတ်အောင် ကြံစည်နိုင်မလဲ လူသူမတွေ့နိုင်တဲ့နေရာ သက်ရှိကင်းမဲ့တဲ့နေရာမှာ သူမအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ရောက်ရှိလာတော့မယ်ဆိုတာ သူမ မသိသေးတဲ့အခါမှာတော့..... ဒီရုပ်ရှင်ကားကို CM Translator တစ်ဦးဖြစ်သူ Mie Mie မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး Movie Review ကိုတော့ ကျနော် Thit San Khant မှ ရေးပေးထားပါတယ်.. Running Time : 1h 43m Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : Mie Mie Encode by : Thit San Khant

Comedy • Drama • Romance
6.4 2017 104 mins
Gerald's Game
The Twilight Saga: Breaking Dawn – Part 1
4.9

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်… Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

4.9 2011 117 mins
The Twilight Saga: Breaking Dawn – Part 1
The Legend Of Zu
5.1

ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်… စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့… တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ … နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။ အခုကတော့ အိုမီအသင်းတော်အလှည့်ပါ… အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား… မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5.1 2001
The Legend Of Zu
My Professor’s Guide to Murder
5

အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။ Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…TV Movie, Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khant Zarni

Romance • Comedy
5 2023
My Professor’s Guide to Murder
Cure
7.5

Cure (1997) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ Directed by “Kiroshi Kurosawa” Cure ရဲ့ ဒါရိုက်တာ ခိရိုရှိ ကူရိုဆာဝါကို ဂျပန်ရုပ်ရှင်ပရိသတ်တော်တော်များများလည်း ရင်းနီးလောက်ပါတယ်။ Japanese Horror Genre အကြောင်းပြောရင် မပါမဖြစ်ကိုထည့်ရမယ့် ဂုရုကြီးဖြစ်သလို လက်ရှိ ဂျပန်စီနီမာရဲ့ ဆရာတစ်ဆူလည်းဟုတ်တယ်။ ခိရိုရှိဟာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ ဝေဖန်ရေးသမားဖြစ်သလို Tokyo University of the Arts မှာ ပရော်ဖက်ဆာလည်း လုပ်နေတယ်။ တစ်နှစ်က အော်စကာရခဲ့တဲ့ ဂျပန်ရုပ်ရှင် Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိလည်း အဲဒီမှာပဲ သူ့တပည့်ဖြစ်ခဲ့သလို သူ့လွှမ်းမိုးမှုလည်း ရှိခဲ့တယ်။ ခိရိုရှိဟာ Pulse, Creepy, Tokyo Sonata, Séance, Retribution နဲ့ Charisma တို့လို အောင်မြင်တဲ့ Thriller, Horror ကားတွေကိုလည်း ရိုက်ခဲ့တယ်။ Cure ဟာ ခိရိုရှိ ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်သလို ခိရိုရှိကူရိုဆာဝါဟာ Cure နဲ့ပဲ အင်တာနေရှင်နယ်ရဲ့ အာရုံစိုက်မှုကို စရခဲ့တယ်။ ရလည်းရသင့်ပါတယ်။ ပြောရရင် ဒီကားကို တစ်ချို့က Se7en နဲ့ ဆင်တယ်လို့ပြောကြတယ်။ မှားတော့လည်းမမှားဘူး ပြောရမှာပေမဲ့ ဒီလိုကားမျိုးရိုက်လို့ ဒီလိုမျိုးဆင်သွားတာက ဆန်းတော့ဆန်းမနေဘူး။ ဒါပေမဲ့လည်း Cure ဟာ Se7en ထက် တင်ဆက်ပုံ ပိုသိမ်မွေ့သလို Se7en ရဲ့ အလှဆုံးလို့ပြောကြတဲ့ ဇာတ်သိမ်းထက် ပိုအထာကျတဲ့ ဇာတ်လမ်းမျိုးပိုင်ထားတယ်လို့တော့ ပြောချင်တယ်။ လူတိုင်းအတွက်တော့ ဒီလိုဖြစ်နေမယ်မထင်ဘူး။ ဂျပန်ရုပ်ရှင်ရဲ့ တင်ဆက်ပုံနဲ့ ရင်းနှီးနေတဲ့ လူတွေအတွက်တော့ ဟုတ်လိမ့်မယ်။ ပါရာဆိုက်နဲ့အော်စကာရခဲ့တဲ့ ဘွန်းဂျွန်းဟိုကတော့ Cure ကို One of the Greatest Films of All Time လို့ ဆိုထားဖူးတယ်။ ဒီကားက ခိရိုရှိကူရိုဆာဝါနဲ့ Koji Yakusho ပထမဆုံး စတွဲရိုက်တဲ့ကားလည်းဟုတ်တယ်။ ခိုဂျိရဲ့ သရုပ်ဆောင်စွမ်းရည်ကို စပြနိုင်ခဲ့တဲ့ သူ့ရဲ့အစောပိုင်းကားတွေထဲက တစ်ကားလည်းဟုတ်တယ်။ ခိုဂျိဟာ ခိရိုရှိနဲ့ Pulse, Séance, Retribution, Charisma တို့လည်း ဆက်တွဲရိုက်ခဲ့တယ်။ အကုန်လုံးလည်း အောင်မြင်ခဲ့တယ်။ နောက်ပိုင်း သူဟာ Kore-eda တို့ Shinji Aoyama တို့နဲ့လည်း ရိုက်ခဲ့သလို တစ်နှစ်ကဆို Under the Open Sky လို သူ့သရုပ်ဆောင်စွမ်းရည်ကို ပြနိုင်တဲ့ကားမျိုးတွေ ရိုက်ခဲ့တယ်။ အင်တာနေရှင်နယ်အနေနဲ့ Memoirs of a Geisha တို့ Babel တို့ ဒီနှစ်ဆို Wings of Desire ဒါရိုက်တာ Wim Wenders နဲ့ Perfect Days ရိုက်ပြီး Cannes မှာပါ မင်းသားဆုရသွားတယ်။ သတိထားမိချင်မှ ထားမိမှာပေမဲ့ သူ့ကို ကျွန်တော်တို့ Tampopo လို ဂန္ထဝင်ကားမှာ စတွေ့နိုင်တယ်။ Cure ရဲ့ ဇာတ်ဟာ စုံထောက်နဲ့ စိတ္တဇလူသတ်သမား အပြိုင်ကြဲတဲ့ ဇာတ်လိုဇာတ်မျိုးပဲ။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ စိတ်ရဲ့အစစ်အမှန်ဆိုတာနဲ့ ပေါင်းစပ်ထားတယ်။ ဒီလိုဆိုလို့ ကြောင်တောင်တောင် ဒိုင်တွေချည်း ထိုင်ရွတ်နေမှာလားဆိုတော့ မဟုတ်ဘူး။ မသိမသာလေးနဲ့ပဲ ကစားသွားတယ်။ ဒါကြောင့်လည်း တင်ဆက်ပုံက တော်တော်သိမ်မွေ့တယ်လို့ ပြောခဲ့တာပါပဲ။ ပြောရရင် ဒီထဲက လူသတ်သမားက လူသတ်နေတာတောင်မဟုတ်ဘူး။ လူတွေသေကြတယ်။ သေပုံတွေဆင်ကြတယ်။ ဒါပေမဲ့ သူတို့ကြား ဘာအဆက်အစပ်မှ ရှိမနေသလို သူတို့ကိုသတ်သွားတဲ့လူတွေဆိုတာကလည်း သူတို့ရဲ့ အရင်းနှီးဆုံး သူတို့အချစ်ဆုံးလူတွေချည်း။ ဒါပေမဲ့ စုံထောက်က မသင်္ကာဘူး။ ဒီကြားက အဆက်အစပ်ကို ရအောင်လိုက်ရှာတယ်။ တကယ်တမ်းလည်း အဆက်အစပ်က ရှိမနေဘူး။ ဒါပေမဲ့ ဘာအကြောင်းနဲ့ ဒီလူတွေ ဒီလိုဖြစ်ကြလဲဆိုတာကို စုံထောက်က‌ တွေ့သွားတယ်။ ဒါပေမဲ့လည်း သူလက်လှမ်းမမီပြန်တဲ့အရာပေါ့။ ဒါကို သူဘယ်လိုဖြေရှင်းမလဲ ကြည့်ရမယ့်ဇာတ်ပေါ့။ ဒီဟန်ကို ဘန်နီဒစ်ကမ်ဘားဘတ်ရဲ့ ရှားလော့အပိုင်းတစ်ပိုင်းမှာလည်း သုံးသွားဖူးတယ်။ ဘယ်အပိုင်းလဲတော့ စပွိုင်လာဖြစ်မှာစိုးလို့ မပြောတော့ဘူး။ ၂ခုလုံးကြည့်ဖူးရင် သိမှာပါပဲ။ နိဂုံးချုပ်ရရင် Cure ဟာ သိမ်မွေ့တယ် သိချင်စရာကောင်းတယ်။ ကြက်သီးထစရာကောင်းတယ်။ အေးစက်တယ်။ အေးစက်တာနဲ့မလိုက်အောင်ဘဲ Cure ဟာ အားရစရာကောင်းတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.25GB, 970MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 51Min Genre – Crime, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.5 1997 112 mins
Cure
Vacancy
6.2

Vacancy (2007) ဇာတ်လမ်းအကျဉ်းကတော့ ဒေးဗစ်နဲ့ အေမီတို့စုံတွဲဟာ မိဘတွေရဲ့ နှစ်ပတ်လည်ပါတီကိုသွားရင်း လမ်းမှာ မျက်စိလည်လမ်းပျောက်နေတဲ့အပြင် ကားပါပျက်သွားပါတယ်။ အဲဒါနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှာတွေ့ရတဲ့ မိုတယ်တစ်ခုမှာပဲ ဝင်တည်းဖြစ်သွားပါတယ်။ မိုတယ်အခန်းထဲမှာ ပေးထားတဲ့ ဇာတ်ကားတွေကို အပျင်းပြေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သွေးသံရဲရဲနဲ့ လူသတ်ကားတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဇာတ်ကားတွေအားလုံးက ရိုက်ထားတဲ့ပုံစံတွေ အတူတူဖြစ်နေပြီးတော့ ရိုက်ထားတဲ့နေရာက သူတို့တည်းတဲ့ မိုတယ်အခန်းထဲမှာပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ လူသတ်သမားတွေလက်ထဲကနေ ထွက်ပြေးနိုင်ဖို့ အချိန်နောက်ကျသွားပါပြီ။ ညဘက်ကြီး ဘယ်မှာရောက်နေမှန်းမသိတဲ့အပြင် လူသတ်သမားတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ သူတို့စုံတွဲ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 897MB | 488MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

Thriller • Horror
6.2 2007 85 mins
Vacancy
A Taste of Love

2024 February လကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အောင်မြင်တဲ့စားဖိုမှူးတစ်ယောက်ရဲ့ ဝါသနာနဲ့၊ အလုပ် လက်တွေ့မကျတဲ့ ဘဝအချိုးအကွေ့လေးတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်လေးကတော့ Generation အလိုက် စားဖိုမှူးတွေဖြစ်ကြပြီး ငယ်စဉ်ကတည်းက အိမ်မက်တွေအကြီးကြီးရှိနေတဲ့ တေလာရိုက်ဒါ ဆိုတဲ့ ကောင်းမလေးတစ်ယောက်ဟာ အရွယ်ရောက်လာတော့ အစားအသောက် တီဗွီရှိုးတစ်ခုမှာ နာမည်ကြီး စားဖိုမှူးဖြစ်နေတာပေါ့ တစ်နေ့တော့ သူရဲ့အောင်မြင်မှုကနေ နောက်ထပ်ကမ်းလှမ်းချက်တစ်ခုကြောင့် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး မွေးရပ်မြေကို ဦးနှောက်ဆေးဖို့ ပြန်လာတဲ့အချိန်မှာ မိသားစုနဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး…. ဦးနှောက်မဆေးရဘဲ ဘယ်လို အခက်အခဲတွေနဲ့ကြုံရဦးလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1 GB)/(985 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2024
A Taste of Love
That Christmas
6.8

That Christmas (2024) IMDb Rating (6.6) / Rotten Tomatoes (66%) နှစ်ကုန်မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb 6.8/10ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့အေးအေးဆေးဆေးကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းပြောရရင်တော့ ခရစ်စမတ်အကြိုနေ့မှာ လူတိုင်းဟာကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်ရွှင်ဖွယ်ရာပွဲတွေလုပ်ဖို့စီစဉ်နေကြတဲ့အချိန် မထင်မှတ်ထားတဲ့ ရာသီဥတုကြောင့်နှင်းမုန်တိုင်း၂ခါတိုက်ပြီး လူတိုင်းလိုလိုရဲ့အစီအစဉ်တွေပျက်သွားပြီး အားလုံးစိတ်ညစ်ကုန်ကြ‌ပါတယ်။ ဒါပေမဲ့ ခရစ်စမတ်ဆိုတာပျော်ပွဲရွှင်ပွဲတွေနဲ့မဆိုင်ပဲ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်နဲ့အတူရှိနေဖို့သာအဓိကဖြစ်ပြီး နေတတ်ရင်အရာရာတိုင်းကပျော်ရွှင်ဖို့ကောင်းကြောင်းကို ရသအစုံနဲ့ရိုက်ပြထားပါတယ်။ ဒီတော့ အားလုံးလဲဒီဇာတ်ကားလေးနဲ့အတူတူလိုက်ပါစီးမျောပြီးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။) File size…(1.6 GB) / (930 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy, Family, Fantasy Duration….01:36:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mastero

6.8 2024 91 mins
That Christmas
The Color Purple

The Color Purple ရုပ်ရှင်ဟာ 1986 ခုနှစ် အော်စကာ ဆုပေးပွဲမှာ Best picture, Best director, best actress, best supporting actress အပါအဝင် nomination 11 ခုရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စီလီဆိုတဲ့ လူမည်းကောင်မလေးတစ်ယောက် သူ့ဘဝတစ်လျှောက်မှာ ကြုံခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှု အိမ်တွင်းအကြမ်းဖက်မှု လိင်အမြတ်ထုတ်ခံရမှုတွေကို သူ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀ရာစုအစောပိုင်းက ပညာမဲ့ လူဆင်းရဲ လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ အိမ်အပြင်မှာရော အိမ်အတွင်းမပါ အနှိမ်ခံ အနှိပ်စက်ခံ ဘဝ ဖြစ်နေခဲ့ပြီး တကယ့်ပြင်ပဘဝက ခုလို လူမည်းအမျိုးသမီးများစွာကို ကိုယ်စားပြုတဲ့ ရုပ်ရှင်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ oscar ၂ကြိမ် ရထားတဲ့ အကောင်းဆုံး ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်သူ Steven Speilberg ပဲဖြစ်ပါတယ်။ ဒီရူပ်ရှင်ဟာ နာမည်ကျော်မင်းသမီး Whoopi Goldberg ရဲ့ ပထမဆုံး ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး Oprah Winfrey နဲ့ Danny Glover တို့လို နာမည်ကျော် သရုပ်ဆောင် များစွာလည်း ပါဝင်ထားပါတယ်။ File size…(3 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:34:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maung Kaung

War • Drama • Action
0 1985 154 mins
The Color Purple
Main Dukun

Main Dukun (2014) Main Dukun ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အင်ဒိုဟော်ရာကားတစ်ကားဖြစ်ပြီး အောက်လမ်းပညာ၊မှော်အတတ် စုန်းအတတ်တွေကိုအခြေခံတဲ့ ဇာတ်ကားပါပဲ၊ ဒီကားရဲ့ထူးခြားချက်ကတော့ အင်ဒိုဟော်ရာကားအများစုမှာမြင်နေကျ ခေါင်းမြီးခြုံ ရိုးရိုးအေးအေး ကောင်မလေးတွေအစား အနောက်တိုင်းသူတွေလို အတိုအပြတ်တွေ၊ မိတ်ကပ်ထူထူတွေနဲ့ အလန်းစားအဟော့စား အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာပါ။ လိုင်လာဆိုတဲ့ အသက်အရွယ်နဲ့မလိုက် အံ့ဩစရာကောင်းအောင်အရွယ်တင်နုပျိုလှတဲ့ အမျိုးသမီးတစ်ယောက်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောက်လမ်းအတတ်ကိုစိတ်ဝင်စားပြီး နတ်ဆရာဆီ ခန္ဓာကိုယ်ပေးအပ်ရင်း ပီယသိဒ္ဓိယူနေတဲ့ သူ့သမီးဖြစ်သူ ရီဟန်းနာနဲ့သူငယ်ချင်း သုံးယောက်၊ ပင်ကိုယ်စိတ်စွမ်းရည်ပိုင်ရှင် တီအားရာဆိုတဲ့ ရိုးသားရှက်ကြောက်တတ်တဲ့ ကောင်မလေးတို့ကြားက မှော်မှန်တစ်ချပ်ရယ်၊မှန်ရဲ့အစောင့်အရှောက်စုန်းမအိုကြီးတို့ကြားက အားပြိုင်မှုတွေကိုရှုစားကြရမှာပါ။ ထာ၀ရနုပျိုဆေး၊ ပီယဆေးအစရှိတာတွေကို အောက်လမ်းအတတ်နဲ့မန်းကြမှုတ်ကြ အစီအရင်လုပ်ကြတာဆိုတော့ ခါးအောက်ပိုင်းစကားတွေအတော်များများ တစ်တစ်ခွခွပါဝင်သလို အိပ်ယာခန်းတွေလည်းများတာကြောင့် မိသားစုနဲ့ မကြည့်ဖို့သတိထားစေချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.2 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:24:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Thriller • Mystery
0 2014
Main Dukun
One Piece Film: Strong World
7.4

One Piece Film: Strong World (2009) ——————————————— MyAnimeList – 8/10, IMDb rating – 7.4/10 ဒီတစ်ခါမှာတော့ တစ်ပိုင်းပြီး တစ်ပိုင်းအဖွဲ့တောင့်လာတဲ့ Luffy တို့ အုပ်စုရဲ့ ဇာတ်‌ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ 2009 ခုနှစ်က ထွက်ခဲ့တဲ့ 10 ကားမြောက် One Piece Film ဖြစ်ပြီး ကျွန်တော်ကြည့်ဖူးသမျှထဲမှာ အကြိုက်ဆုံးလို့ ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Luffy တို့အုပ်စုဟာ သင်္ဘောတစ်စီးနဲ့ ပင်လယ်ပြင်မှာ စွန့်စားခန်းဖွင့်နေကြရင်း မိုးပေါ်မှာ လွင့်နေတဲ့ ကျွန်းသင်္ဘောကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ ရေကြောင်းထိန်းဖြစ်တဲ့ အလှလေး Nami San က ဆိုင်ကလုန်းမုန်တိုင်းလာတော့မယ်ဆိုတာကို ခန့်မှန်းမိပြီး သူတော်ကောင်း Luffy က‌တော့ အဲဒီအကြောင်းကို အပေါ်က ကျွန်းသင်္ဘောပေါ်က လူတွေဆီကို ‌သတင်းလှမ်းပေးလိုက်ပါရော။ တကယ်တော့ အဲဒီကျွန်းသင်္ဘောပေါ်ကလူဟာ တစ်ခြားလူမဟုတ်ဘဲ သူတို့ရဲ့ မွေးရပ်မြေဖြစ်တဲ့ East Blue ကို ‌ဖျက်ဆီးပစ်ချင်နေတဲ့ ရွှေ‌ရောင် ခြင်္သေ့ကြီး Shiki ဖြစ်နေခဲ့တာပါ။ အဲဒီလိုနဲ့ Shiki ဟာ ရာသီဥတု ခန့်မှန်းရာမှာတော်တဲ့ Nami San ကို အပိုင်လိုချင်သွားပြီး Luffy တို့အုပ်စုကို ကျေးဇူးတင်သလိုလိုနဲ့ East Blue ကို ပြန်ပို့ပေးမယ်လို့ အားလုံးကို လှည့်စားပြီး အလှလေးကို ဖမ်းထားလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း သင်္ဘောပေါ်ကနေ ပြုတ်ကျပြီး တစ်ကွဲတစ်ပြား ဖြစ်နေခဲ့ကြတဲ့ Luffy တို့ဟာ ထူးဆန်းတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်ကို ရောက်သွားတာပေါ့။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေ‌ရော တစ်ချို့အရာတွေကပါ အရမ်းထူး‌ဆန်းပြီး အရမ်းရန်လိုနေတာကို တွေ့ခဲ့ရတဲ့အခါ….. အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေက ဘာလို့ ထူးဆန်းပြီး အရမ်းရန်လိုနေကြတာလဲ၊ Shiki ကရော ဘာတွေကြံစည်နေတာလဲ၊ Nami San ကိုရော Luffy တို့ ပြန်ကယ်နိုင်ပါ့မလား၊ East Blue ကိုရော Shiki က ဖျက်ဆီးနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ရှူစားရမှာပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း Luffy တို့အုပ်စုကြားက စခွီတွေ၊ သူငယ်ချင်း သံယောဇဉ်တွေ၊ နောက်ပြီး ဇာတ်ကောင်တွေရဲ့ တိုက်ခိုက်ပုံ Animation effect အမိုက်စားတွေလည်း ပါဝင်တော့ ကြည့်ရှူရတာ တကယ်ကိုတန်တယ်လို့ ပြောရမှာပါပဲ။ ဒါကြောင့် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ဖြစ်ပါတယ်) File size… 2.4 GB / 1.1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by ttmuswe

Science Fiction • Drama • Action
7.4 2009 114 mins
One Piece Film: Strong World