YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Revenge S01E17 720p CM.mp4

236.63 MB N/A video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Along Came a Spider
6.3

မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး 2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက် ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာ စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းက သူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်း ရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့ သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီး သူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကို နိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT

Drama • Thriller
6.3 2001 104 mins
Along Came a Spider
Lunana: A Yak in the Classroom
7.4

ဟိမ၀န္တာတောင်တန်းအရှေ့ဘက်က တရုတ်နဲ့ အိန္ဒိယကြားမှာရှိတဲ့ တနင်္သာရီတိုင်း ထက်၀က်လောက်ပဲကျယ်တဲ့ ဘူတန်နိုင်ငံလေးရဲ့ အော်စကာ International Feature ဆု ဆန်ခါတင်၀င်ထားတဲ့ ရုပ်ရှင်ပါ။ ၂၀၁၉ကားကို ၂၀၂၂ အော်စကာမှာ ဆန်ခါတင်၀င်သွားတာပါ။ ဘူတန်က ဒီကားကိုပဲ မနှစ်ကရော ဒီနှစ်ရော Entry အဖြစ်ရွေးခဲ့ပေမဲ့ မနှစ်ကတော့ ဆန်ခါတင်မှာကျသွားပြီး ဒီနှစ်ဆန်ခါတင်မှာမှ ပါလာတာပါ။ လူ 660 ကျော်လောက်ပဲ Vote ထားတဲ့ IMDb 7.5 ကိုတော့ အဖက်လုပ်စရာမလိုပေမဲ့ ဝေဖန်သမားတွေချည်းပေးတဲ့ Rotten Tomatoes မှာလည်း ၁၀၀အတိရထားပါတယ်။ သူနဲ့အပြိုင်တွေက Flee(99%), The Worst Person in the world (99%), Drive My Car(98%), The Hand Of God (83%) တို့ပါပဲ။ ဆုရနိုင်ချေအနည်းဆုံးကားပေမဲ့ ခရမ်းချဉ်သီးအမြင့်ဆုံး ကားလည်းဖြစ်နေပါတယ်။ ဇာတ်ကောင်က ကျွန်တော်တို့တွေလိုပဲ သာမန်လူငယ်တစ်ယောက်ပါပဲ။ သူက ဩဇီဗီဇာလျှောက်ပြီး ဩဇီမှာ အဆိုတော်ဖြစ်အောင်လုပ်ချင်နေတဲ့သူပေါ့။ သူ့မှာ ဖြစ်ချင်တဲ့ အိပ်မက်က သက်သက်ရှိပေမဲ့ မလွဲရှောင်သာ တခြားအလုပ် ခဏလုပ်နေရတယ်။ သူက ကျောင်းဆရာပေမဲ့ စာကို သေချာမသင်လို့ ခေါ်ကြိမ်းခံရတဲ့ သူမျိုးပါပဲ။ စာချုပ်အရ တစ်နှစ်ပဲကျန်တော့တဲ့ သူ့ကို ဘူတန်ရဲ့ အခေါင်ဆုံး ကမ္ဘာ့အခေါင်ဆုံးနေရာမှာရှိတဲ့ လူနားနားဆိုတဲ့အရပ်က ကျောင်းကို ပို့လိုက်တယ်။ ‌မသွားချင်ပေမဲ့ ဆောင်းဆို အရမ်းအေးတာကြောင့် ကျောင်းပိတ်ရတဲ့ နေရာဖြစ်တဲ့အတွက် ခဏပဲကြာမှာဆိုပြီး သွားလိုက်တယ်။ ပြန်လာရင် ဩဇီသွားလို့ရပြီ‌ပေါ့။ သူက ဒီနေ့ခေတ်သာမန်လူငယ်ပဲဆိုတော့ လူနားနားလိုနေရာမှာ သူ့အတွက် တော်တော်အသားမကျဘူး။ ရောက်ရောက်ချင်းပြန်ဖို့လုပ်ပေမဲ့ စာအရမ်းသင်ချင်နေတဲ့ ကလေးတွေကြောင့်ရော ဆရာဆိုတာ အနာဂတ်ကို ပုံသွင်းပေးတဲ့သူဆိုပြီး သူ့ကိုလေးစားကြတဲ့ ရွာသူရွာသားတွေကြောင့်ရော သူနေဖြစ်ခဲ့တယ်။ သိပ်မထူးခြားလှဘူးမလား။ ဒီလိုဇာတ်တွေ အာရှကားတွေမှာသာမက ဗမာစာအုပ်တွေမှာပါ ပါနေကျပါပဲ။ ဒါပေမဲ့ ဒါရိုက်တာက ဒီဇာတ်ကိုတော့ Realityကျကျပဲ ချည်းကပ်သွားခဲ့တာပါ။ ဇာတ်ကောင်ဟာ သာမန်စိတ်နဲ့ သာမန်လူပဲဖြစ်နေတာ ဘာညာပေါ့။ မထူးတဲ့ဇာတ်ကို နည်းနည်းလေးထပ်ဆန်းပေးလိုက်တာပါပဲ။ ရိုးရိုးလေးနဲ့ ဆန်းအောင် သာမန်ဒိုင်တွေသုံးပြီး ကစားသွားတာလေးတွေရဲ့ လှကွက်တွေလည်း ဆန်းပါတယ်။ ရွာသားတွေရဲ့ ဆရာအပေါ်လေးစားတဲ့စိတ်တွေ၊ အရိုးခံစိတ်တွေ၊ သူတို့ကလေးတွေအပေါ်ထားတဲ့ မေတ္တာတွေကို အပိုတွေအများကြီးမပြောဘဲ စကားတစ်လုံးလောက်နဲ့ အပြနဲ့ရောစပ် ဖော်ကျူးသွားတာတွေ၊ ရိုးရာသီချင်းကိုထည့်သုံးသွားတာတွေလည်း လှပါတယ်။ ဇာတ်လမ်းကတော့ မထူးခြားနား အာရှကားတွေမှာ မြင်နေကျဇာတ်ကိုပဲ မတူတဲ့ပုံစံလေးနဲ့ ခင်းကျင်းပြသထားတာပါပဲ။ ဒီနေ့ခေတ်ပုံစံနဲ့ Reality ကျကျ ပြသွားတာလေးတော့ သဘောကျစရာကောင်းပါတယ်။ စီနီမာကလည်း ဟိမ၀န္တာတောင်ပေါ် အလည်ရောက်သွားတဲ့ ခံစားမှုမျိုးပေးပါလိမ့်မယ်။ သူတို့ ဘူတန်တောင်ပေါ်သားတွေရဲ့ ရိုးရာတွေ ဓလေ့တွေကိုလည်း မြင်ရမှာဖြစ်သလို ဘူတန်ရဲ့တောင်ပေါ်နေဘ၀ကို ဒိုကူမန်ထရီ ကြည့်နေရသလိုလည်း ခံစားရပါစေလိမ့်မယ်။ သူတို့ရဲ့ ယုံကြည်မှုအငွေ့၊ သူတို့နွားတွေနဲ့ သူတို့ရဲ့ သံယောဇဉ်အငွေ့သန်းနေတာကိုလည်း ကောင်းကောင်းကြီး ခံစားရပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့ကျကျနဲ့ကို လောကကြီးဟာ ကျွန်တော်တို့ ထင်သလောက်လည်း အကျည်းတန်မနေတာကို ခံစားမိစေမယ့် လူသားဆန်တဲ့ ရုပ်ရှင်ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.12GB, 558MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 50Min Genre - Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 2019 109 mins
Lunana: A Yak in the Classroom
The Sentinel
6

ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Drama • Mystery
6 2006 108 mins
The Sentinel
Role Models
6.5

Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ဘဝကြီးကို စိတ်ပျက်နေတဲ့သူပါ တနေ့တော့ သူ့ရဲ့ မကောင်းမြင်စိတ်တွေကို သူ့ကောင်မလေး ဘတ် က သည်းမခံနိုင်တော့တာနဲ့ လမ်းခွဲလိုက်ပါလေရော။ နဂိုကတည်းကမှ လောကကြီးကို စိတ်ပျက်နေတဲ့လူက ချစ်သူကပါ လမ်းခွဲသွားတော့.......(ချစ်သူကမုန်း ဖဲကရှုံး) ဆိုသလိုဖြစ်သွားပါလေရော အဲဒီစိတ်နဲ့ပဲ စိတ်ထင်ရာလုပ်မိလို့ အကြီးအကျယ်ပြဿနာတက်ပြီး ထောင်ရက် ၃၀ ကျမဲ့ကိန်းဆိုက်ပါတော့တယ်။ အဲဒီ ထောင် ရက်ပေါင်း ၃၀ အစား လူမှုဝန်ထမ်း ရက် ၃၀လုပ်ပေးဖို့ သူ့ကောင်မလေးဘတ်က တရားသူကြီးဆီမှာ အသနားခံပြီးတောင်းပေးလိုက်တဲ့အခါမှာတော့ Danny နှစ်ယောက်ဟာ ကလေးတွေကို အဖော်လုပ်လမ်းညွှန်ပေးရတဲ့ လူမှုရေးပရဟိတ အဖွဲ့ကြီးဆီ ရောက်သွားပါတော့တယ်။ ဆိုးလှပါပြီဆိုတဲ့ Danny နဲ့ သူထိန်ပေးရမဲ့ ကလေးတွေတွေ့တဲ့အခါ ဘယ်လိုမျိုးလေးတွေဖြစ်မလဲ ကလေးတွေပဲ အဆင်ပြေသွားမလား Danny ကြီးပဲ လိမ္မာသွားမလားဆိုတာ ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားပါပဲ....... File size…(2.25 GB)/(1.28 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy Subtitle…. Myanmar Subtitle (Hardsub) Encoder….Garfield Translated by Amber willows

Drama • Mystery
6.5 2008 99 mins
Role Models
You Were Never Really Here
6.5

အက်ရှင်ကားမှကြိုက်တဲ့ပရိတ်သတ်တွေ ရှိလား... ဒါဆိုရင်တော့ "You were never really here" ဆိုတဲ့ ဇာတ်ကားလေးညွှန်းပေးချင်ပါတယ်... အညွှန်း.... နိုင်ငံအတွက် အချိန်အကြာကြီး စစ်မှုထမ်းပေးခဲ့တဲ့ စစ်မှုထမ်းဟောင်း Joe... စစ်သားပီပီ ကယ်ဆယ်ကူညီပေးရတာ စိတ်အားထက်သန်သူ.. Joe က ပျောက်ဆုံးနေတဲ့ မိန်းကလေးတွေကို ကူညီရှာဖွေပေးပါတယ်... ဒီလိုကူပေးရင်းနဲ့ သူရလာတဲ့ လှည့်ကွက်တစ်ခုက သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်... Joe တစ်ယောက် မိန်းကလေးတွေကို ဘယ်လိုကူပေးမလဲ... သူ့ရဲ့ ကယ်ဆယ်ရေး မစ်ရှင်ကြောင့် သူချစ်တဲ့သူတွေပါ ဒုက္ခတွင်းထဲ ဆွဲခေါ်မိသလို ဖြစ်မလား... စတဲ့ လားလား မေးခွန်းတွေနဲ့ အက်ရှင်ဇာတ်ကားကောင်းကို ကြည့်ရှူခံစားရမှာပါ... File Size : (699 MB) and (326 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Arkar Phyo Encoded by Thanhtike Zaw

Sci-Fi & Fantasy
6.5 2017 89 mins
You Were Never Really Here
Girls From Dubai
5

Girls from Dubai(2021) “ရှင် ဂိုဏ်းစတားကားတွေ ကြိုက်လား။ လူတွေက အဲဒီရုပ်ရှင်တွေထဲမှာ ဘယ်လောက်ပဲ နှိပ်စက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်နေကြပါစေ ကြိုက်ကြတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကိုတော့ မုန်းကြတယ်။ ကျွန်မတို့အကြောင်း ရုပ်ရှင်ဆိုတာရော ရှိလာပါဦးမလား” ဒါက ဒီဇာတ်ကားထဲက နောက်ဆုံးပိုင်းလေးမှာ အမ်မီ ပြောခဲ့တဲ့ Dialogue လေးပါပဲ။ ဒီဇာတ်ကားထဲမှာ ငယ်ငယ်က Miss ဖြစ်ချင်ခဲ့တဲ့ အမ်မီတစ်ယောက် Miss ပြိုင်ပွဲတွေဝင်ရင်းနဲ့ အထက်တန်းလွှာက ပြည့်တန်ဆာလုပ်ငန်းထဲ ခြေချမိသွားရာကစလို့ ကြုံလာရမယ့်အရာတွေ၊ အချင်းချင်း ခွင်ကျော်ကြပုံတွေ၊ နောက်ကျောဓားနဲ့ ထိုးကြပုံတွေ၊ ငါးစာအောက်က ငါးမျှားချိတ်ကို မြင်ရက်နဲ့ လျှော့တွက်ခဲ့ရာက ဒုက္ခကြုံရပုံတွေကို ရိုက်ပြထားပါတယ်။ ဒီကားထဲမှာတော့ လိင်အလုပ်သမတွေရဲ့ ဘဝအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးတော့ တကယ့်ပျော်ရွှင်မှုအစစ်လို့ ထင်မှတ်မှားခဲ့တဲ့အရာတွေက တစ်ချိန်ချိန် တကယ့်ပျော်ရွှင်မှုအစစ်ကို ရှာတွေေ့တဲ့အခါ အနောက်ကနေ အရိပ်မည်းကြီးလို လိုက်လာတတ်ပုံကိုလည်း သင်ခန်းစာ ပေးထားပါတယ်။ ဒီကားလေးက ၂၀၂၁ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး IMDB rating 5 နဲ့ Rotten Tomatoes မှာ Audience Score (80%) ထိ ရရှိထားပါတယ်။ ရုပ်ရှင်ဆုတစ်ဆုနဲ့ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size…2.4GB | 1.3GB | 512MB Format… mp4 Duration….2h 26min Subtitle…. Myanmar Subtitle (Hardsub) Translator …..Leo Encoder …..August

Drama • Fantasy • Horror
5 2021 136 mins
Girls From Dubai
Boyfriend For Hire
7.6

Boyfriend for hire (BFH) 2022 IMDb – 7.6/10 (1.1k) ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က “ငါမိန်းမတွေကို လုံး၀မယုံဘူး” ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။ မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ…. အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

7.6 2022
Boyfriend For Hire
Higuita: The Way of the Scorpion
The Book of Solutions (Le Livre Des Solutions)
6.3

ဒီရုပ်ရှင်လေးက IMDb 6.3 နဲ့ Meta score 65 ရရှိထားတဲ့ ပြင်သစ် ကော်မဒီ ဒရာမာရုပ်ရှင်လေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် မက် သူ့ရဲ့ရိုက်ကူးရေးအဖွဲ့လေးနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက သူဌေးတွေက မက်ရဲ့ရုပ်ရှင်ကို လက်လွှတ်ဖို့ကြိုးစားနေကြတဲ့အခါမှာတော့ မက် ဟာ သူ့ရဲ့မပြီးပြတ်‌သေးတဲ့ရုပ်ရှင်ကို မပြီးပြီးအောင်ရိုက်ဖို့အတွက် သူအားကိုးအားထားပြုရတဲ့ အဖွဲ့လေးနဲ့အတူ မြို့ပြနဲ့ဝေးကွာတဲ့နေရာက မြို့ငယ်လေးမှာရှိတဲ့ အဒေါ်ဖြစ်သူ ဒနိစ်ရဲ့အိမ်ကို ရောက်ချလာပါတယ်။ မက်ရဲ့အဖွဲ့ထဲမှာ တည်းဖြတ်သူ၊ လက်ထောက်၊ ပရိုဂျူဆာတွေဖြစ်တဲ့ ရှားလက်နဲ့ ဆီဗီယာဆိုတဲ့ အမျိုးသမီးနှစ်ဦးရယ် ကာလို့စ်ဆိုတဲ့ အမျိုးသားတစ်ဦးရယ်ပါလာပါတယ်။ မက်ဟာ စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရပြီး ဒီဝေဒနာကို ဖုံးဖိထားဖို့အတွက် ဆေးသောက်နေရတဲ့သူတစ်ဦးပါ။ မက်ဟာ ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးဖို့ အနုပညာပြဿနာတွေရှိသလို တစ်ဖက်မှာလည်း စိတ်က ထထဖောက်တတ်ပြီး တစ်ခါတလေ မဆင်မခြင် လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောနေတတ်ပြီး စိတ်ကူးကမ္ဘာနဲ့ လက်တွေ့ဘ၀ မကွဲပြားဘဲလည်း ဖြစ်နေတတ်ပါတယ်။ ဒီရုပ်ရှင်လေးက ရိုးရိုးရှင်းရှင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ သူ့ရုပ်ရှင်ကို ပြီးပြတ်အောင်ရိုက်ကူးပေးဖို့ သူ့ရဲ့တဇွတ်ထိုးအပြုအမူတွေ၊ ရူးကြောင်ကြောင်စိတ်ကူးတွေကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ အတူသည်းခံပြီးလိုက်နေပေးရင်း ဒုက္ခခံအကောင်အထည်ဖော်ပေးတဲ့ သူ့ရဲ့ရုပ်ရှင်အဖွဲ့လေးအကြောင်းကိုပဲ ရိုက်ပြထားတာပါ။ ဒီရုပ်ရှင်ဟာ နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ Eternal sunshine of spotless mind တို့ The science of sleep တို့လို နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Michel Gondry ရဲ့လက်ရာဖြစ်တာကြောင့် နာမည်ကြီးဒါရိုက်တာကြီးတစ်ယောက် ပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းကို မြည်းစမ်းကြည့်ရှုလိုက်ကြပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama • Action
6.3 2023 102 mins
The Book of Solutions (Le Livre Des Solutions)
Wishmaster
5.8

Genre – Fantasy, Horror မီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့ သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။ အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေး ဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းက ပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။ တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာ တမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီး ကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီး ယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကို ဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။ နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက ၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့် ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကို မင်းသမီးက အသက်ဝင်လာအောင် နိုးထပေးလိုက်သလိုဖြစ်ပြီး ကမ္ဘာမြေပေါ် ပြန်ရောက်လာပြီး လူတွေကို ဆုတွေတောင်းခိုင်းလိုက် သတ်ဖြတ်လိုက်နဲ့ သောင်းကျန်းနေတဲ့အခါ မင်းသမီးတစ်ယောက် ဘယ်လိုတားဆီးမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ ပတ္တမြားအနီ သရဲကားဆိုပြီး အစ်ကိုတွေ ကြည့်နေတဲ့အချိန် လက်ဖဝါးလေးအုပ်ပြီး ခိုးကြည့်ခဲ့ဖူးပါတယ်။ ခိုးကြည့်ရဆို သူက သတ်တာဖြတ်တာတွေ သေတာတွေက သွေးသံတရဲရဲနဲ့ ရက်ရက်စက်စက် R Rated အဆင့် ရှိတာကိုး။ ဂျင်နတ်ဆိုးကြီးဆိုလည်း ခုမျက်စိနဲ့သာ မကြောက်တော့တာ ငယ်ငယ်ကတော့ သွေးပျက်ခဲ့ရတာပေါ့ဗျာ။ အဲဒါကြောင့် ကိုယ်တွေလိုမျိုး ငယ်ငယ်က ကြည့်ပြီး မှတ်မိနေတဲ့လူတွေလည်း အလွမ်းပြေ ပြန်ကြည့်နိုင်အောင် မကြည့်ဖူးသေးတဲ့လူတွေလည်း ဇာတ်လမ်းဆန်းဆန်းလေးနဲ့ Horror ကားကောင်းလေး ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ File size… 2.6 GB / 975 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Fantasy/ Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

5.8 1997 90 mins
Wishmaster
Walk The Line
6

CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့ သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေး Walk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… “မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ” “ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ” ဟုတ်ပါတယ်… ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ… အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့ မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ… တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်… သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီး သားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်… အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့ သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်… နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့… ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်… ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်… နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်း တစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်… ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ စုံထောက်ကားတွေ အကြည့်နည်းနေလို့ပဲ.. CM က စုံထောက်ကားတို့ အမှုလိုက်ကားတို့ များများကြည့်လိုက်ပါ… ဘယ်ရိုးရှင်းပါ့မလဲ… လူတချို့ကောင်းစားရေးအတွက် လူတချို့ လည်စင်းခံပေးလိုက်ရတာပေါ့… ဇာတ်လိုက်က တရားမဝင် ကျူးကျော်နေသူ ၂ ယောက်ကို နယ်စပ်မှာ ဖမ်းရင်း တိုက်တိုက်ဆိုင်ဆိုင် … အဲ့မြေပိုင်ရှင်သူဌေးလေးက ဒုစရိုက်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာတောင် ၃ နှစ်လောက် နိုင်ငံခြားအမြန် ထွက်ပြေး လွတ်မြောက်နေခဲ့တာကနေ အခု ဒီနယ်စပ်ဒေသမှာ တွေ့လိုက်ရလို့ ဖမ်းလိုက်နိုင်လို့ပေါ့… နောက်ပြီး အပေါ်က ပြောခဲ့တဲ့ ရှောင်မန်လူရိုကြီးရဲ့ ရုတ်တရက် သတ်သေမှုတွေက ဒီမတော်တဆပေါက်ကွဲမှုကို ပြန်လည်စုံစမ်းလိုစိတ် ဖြစ်လာစေတယ်… ဒီလိုနဲ့ တစ်စပြီး တစ်စ အမှုကွင်းဆက်ပေါ်လာရာကနေ နောက်ဆုံး မယုံကြည်နိုင်လောက်တဲ့ အလှည့်အပြောင်းလေးနဲ့ ဇာတ်သိမ်းသွားခဲ့တယ်… ဘယ်လို အလှည့်အပြောင်းလေးနဲ့ ဇာတ်လမ်းကို နိဂုံးချုပ်တယ်ဆိုတာ သိချင်ရင်တော့ ထုံးစံအတိုင်းပဲ ဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ကြပါတော့…

6 2024
Walk The Line
IMAX:Hubble
7.6

အာကာသထဲကို အလည်တစ်ခေါက်ခေါ်သွားမယ့် Hubble Imaxလာပါပြီ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီစကြာ၀ဠာကြီးထဲမှာရှိနေတဲ့ လူမသိသေးတဲ့ အကြောင်းအရာတွေ၊တိမ်မြှပ်‌နေတဲ့အလှအပတွေကို တူးဖော်ပြီး Hubble လို့ခေါ်တဲ့ အာကာသယာဉ်ကနေတစ်ဆင့် ကမ္ဘာမြေဆီကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားကြပုံအဖုံဖုံကို ကြည့်ရှူရမှာပါ။ ဒီစကြာ၀ဠာကြီးရဲ့လျှို့၀ှက်ချက်ကို ဖော်ထုတ်ပေးမယ့် Hubbleကို အာကာသအတွင်းလွင့်တင်ဖို့ပြင်ဆင်ခဲ့ရတဲ့ ခရီးလမ်းက မျှော်မှန်းထားသလောက် မလွယ်ကူခဲ့ပါဘူး။ အဲဒီလို မလွယ်ကူတဲ့ကြားကနေပဲ နောက်မဆုတ်တမ်း အဆင့်ဆင့်ပြင်ဆင်ရင်း ကြိုးစားလာကြတဲ့ အာကာသပညာရှင်တွေနဲ့ သူတို့ရဲ့ကြိုးစားမှုတွေကို ခံစားတွေ့မြင်ရမှာပါ။ Hubble ရဲ့တိုးတက်ကောင်းမွန်လာမှုနဲ့အတူ ဒီအာကာသကြီးရဲ့အလှတရားတွေကလည်း ပိုရုပ်လုံးပေါ်လာလို့ ကြည့်ရှူသူတွေအတွက်တော့ အချိန်ပေးရကျိုးနပ်စေမှာပါ။ ဒါပေမဲ့ အာကာသပညာရှင်‌တွေအနေနဲ့ အချိန်အားလူအားဉာဏ်အား အလုံးစုံရင်းပြီး ရလာတဲ့ရလဒ်က အမှန်တကယ်ရော အားရကျေနပ်ဖွယ်ရှိရဲ့လား!! ဘယ်အတိုင်းအတာထိ အရာထင်ခဲ့သလဲ!!ဆိုတာကိုတော့ Hubble IMAX နဲ့အတူ လိုက်ပါခံစားကြည့်ရှူပေးကြပါဦး။ File Size : 1.2 GB / 500 MB Quality : Blu-Ray 1080p / 720p Running Time : 40min Format : Mp4 Genre :Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

7.6 2010
IMAX:Hubble
Breaking Infinity

Breaking Infinity (2023)လူတစ်ယောက် ဆေးခန်းထဲမှာ နိုးလာတယ်။ သူဘာလို့ ဒီကိုရောက်လာလဲ သူဘာတွေဖြစ်ခဲ့လဲ သူ မမှတ်မိဘူး။ သူသိလိုက်ရတာက အာဏာကြီးတဲ့လူတွေက သူဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲ သိချင်နေကြတယ်ဆိုတာပဲ။ ဒီလိုနဲ့ သူက သူဘာတွေဖြစ်ခဲ့လဲ သိအောင်လုပ်ဖို့ကြိုးစားတယ်။ အဲဒီကနေမှ သူက သိပ္ပံပညာရှင်ဖြစ်ခဲ့တာ သူသိလိုက်ရတယ်။ သူထွင်ခဲ့တဲ့ ကွမ်တမ် အချိန်ခရီးသွားစက်ထဲ သူဝင်ပြီး သူပျောက်သွားခဲ့တယ်ဆိုတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ ဘာတွေဖြစ်ခဲ့လဲ သူပြန်မှတ်မိအောင်လုပ်ရင်း အချိန်ခရီးသွားစက်ထဲ သူပြန်ဝင်သွားခဲ့တယ်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ဒီအရာတွေကနေ သူ့ဇာတ်လမ်းကို သူပြန်သိအောင်လုပ်ဖို့ကြိုးစားခဲ့တယ်။သူဟာ အတိတ်က ပစ္စုပ္ပန်ကိုဖန်တီး အနာဂတ်က ပစ္စုပ္ပန်ကိုဖန်တီး ပစ္စုပ္ပန်က အတိတ်ကိုဖန်တီး ပစ္စုပ္ပန်က အနာဂတ်ကိုဖန်တီး အနာဂတ်က အတိတ်ကိုဖန်တီး ဘာတွေဘယ်လိုဖြစ်နေမှန်းမသိတဲ့ ဒီအချိန်ဆိုတဲ့အရာကြီးထဲ သူ့မေးခွန်းတွေအတွက် အဖြေကိုရှာဖို့လုပ်တာကို ကြည့်ရမှာပါFile size_(1.4GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:26:00 Genre_Sci-Fi, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Drama
0 2023
Breaking Infinity
A Carpenter Christmas Romance
6.4

A Carpenter Christmas Romance (2024) IMDb Rating (6.4) ဒါကတော့ အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါး healingဖြစ်စေမယ့် ရိုမန့်ဒရာမာကားတွေရှာနေတဲ့ပရိသတ်အတွက်ပါပဲ။ အန်ဒရီယာက စာရေးဆရာမတစ်ယောက်ပါ။ ရေးလက်စစာအုပ်ရဲ့ဇာတ်သိမ်းက ပေါက်ကြားသွားပြီး ပရိသတ်အချစ်တော်ဇာတ်ကောင်ကိုသတ်ပစ်လို့ ဇာတ်သိမ်းကိုပြန်ပြင်ရေးဖို့ ဖိအားပေးခံနေရပါတယ်။ ညီမဖြစ်သူရဲ့အကြံပေးမှုနဲ့ ခရစ်စမတ်ကာလမှာ အနားယူဖို့ မွေးရပ်မြေက မိသားစုပိုင်အိမ်ကိုပြန်လာခဲ့ရာမှ အဲဒီမှာ ဒဏ်ရာဟောင်းလဲဖြစ် အချစ်ဦးလဲဖြစ်တဲ့ ဆက်သ်နဲ့ပြန်တွေ့ပါတယ်။ အန်ဒီရဲ့စိတ်မလုံခြုံမှုတွေကို ဆက်သ်တစ်ယောက် ဘယ်လိုကုစားပေးမလဲ။ ဒဏ်ရာတွေကိုယ်စီနဲ့ အချင်းချင်းဖေးမကြတာကို ဆွတ်ပျံကြည်နူးဖွယ်ကြည့်ရှုနိုင်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe thiri swe ဖြစ်ပါတယ်။) File size…(1.2 GB) / (560 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:27:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe thiri swe

6.4 2024 85 mins
A Carpenter Christmas Romance
Mission to Mars
5.7

Mission to Mars (2000) IMDb Rating (5.7) / Rotten Tomatoes (24%) “Mission to Mars” က ၂၀၀၀ ခုနှစ်က ထွက်ရှိတဲ့ သိပ္ပံအခြေပြု ရုပ်ရှင်ဖြစ်ပြီး Brian De Palma က ရိုက်ကူးထားပါတယ်။ Gary Sinise, Tim Robbins, Don Cheadle နဲ့ Connie Nielsen တို့လို ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး အာကာသ၊ မစ်ရှင်နဲ့ လူသားတို့ရဲ့ အစပြုရာကို စိတ်ဝင်စားဖွယ် ပြသထားပါတယ်။ ဇာတ်လမ်းက မားစ်ဂြိုဟ်ကို သွားတဲ့ မစ်ရှင်တစ်ခု မအောင်မြင်ဘဲ အာကာသယာဉ်မှ အဖွဲ့ဝင်တစ်ဦး အန္တရာယ်တွင်းမှာကျန်ရစ်သွားတဲ့အခါ အဖွဲ့တစ်ဖွဲ့ ပြန်လည်ကယ်ဆယ်ဖို့ သွားရင်း စိန်ခေါ်မှုတွေ၊ ထူးဆန်းတဲ့ လျှို့ဝှက်မှုတွေ၊ နောက်ဆုံးမှာ လူသားရဲ့ အစပြုရာကို သုတေသနလုပ်ကြပါတယ်။ ရုပ်ရှင်ရဲ့ အဓိကဆွဲဆောင်မှုကတော့ အာကာသရဲ့ ကျယ်ဝန်းမှုနဲ့ မားစ်ဂြိုဟ်ရဲ့ ထူးခြားမှုကို ထိထိမိမိ ဖော်ပြနိုင်တဲ့ အရာပါပဲ။ ၂၀၀၀ ခုနှစ်မှာ လုပ်ထားတဲ့ Visual Effects တွေက အံ့အားသင့်စရာကောင်းပါတယ်။ သရုပ်ဆောင်တွေထဲမှာ Gary Sinise က ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုကို ထင်ဟပ်စွာ ဖော်ပြနိုင်ပါတယ်။ သို့သော်လည်း ဇာတ်လမ်းအချို့မှာ ဖြည်းဖြည်းလေးစီးဆင်းတာကြောင့်မလို့ စိတ်ဝင်စားမှုနည်းသလို သိပ္ပံအမှန်တရားနဲ့ မကိုက်ညီတဲ့ အချက်လေးတွေပါ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရဲ့ စိတ်ကူးယဉ်တာရဲ့ အတွင်းပိုင်းနဲ့ လူသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ရှာဖွေဖော်ပြထားတာတော့ ကောင်းပါတယ်။ “Mission to Mars” ကသိပ္ပံအခြေပြု ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Adventure,Science Fiction,Thriller Duration….01:54:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

5.7 2000 114 mins
Mission to Mars