YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Red.Sleeve.S01E11.1080p(CM).mp4

1.03 GB N/A video/mp4 1375 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Criminal Network
2

UK ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးမှာအဓိကဇာတ်ဆောင်လည်းဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ဝေသူ လုပ်ထားတဲ့ မင်းသား Adam Starks ရဲ့ Crime ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းပုံစံကတော့ ရိုင်ရန်နဲ့ ဂျိမ်းစ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ကံမကောင်းစွာနဲ့ပဲ အရှုပ်ထုပ်ထဲမှာ ပါဝင်ပတ်သတ်မိခဲ့ကြတဲ့အကြောင်းပါရာဇဝတ်မှုတွေကိုကြူးလွန်နေတဲ့ အကောင်းကြီးကြီး အမြှီးရှည်ရှည် လူတစ်ယောက်နဲ့ ဘုမသိဘမသိ ပတ်သတ်မိခဲ့ကြတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာကို Crime ဇာတ်ကားတွေရဲ့ plot လေးတွေအတိုင်းမတူညီတဲ့ပုံစံလေးတွေနဲရိုက်ကူးတင်ဆက်ပေးထားပါတယ် အဲ့ဒီ ရာဇဝတ်မှုတွေရဲ့နောက်ကွယ်က ဘယ်သူတွေလဲဘယ်သူတွေပါဝင်ပတ်သတ်နေတာလဲ ဘယ်လိုတွေစုံစမ်းဖေါ်ထုတ်သွားလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားကြပါဦး........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.1 GB)/(540 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:15:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Horror • Mystery
2 2023 75 mins
Criminal Network
Raise a Glass to Love
7.4

~ IMDb rating - 6.9/10 ~ လောကကြီးထဲ လူနှစ်ယောက်ပေါင်းဖက်ဖို့ဆိုရာမှာ တစ်ဖက်လူရဲ့ ဝါသနာတွေ၊ ခံယူချက်တွေ၊ အိပ်မက်တွေကို နားလည်ပေးနိုင်ဖို့လိုပေမယ့် အရေးကြီးဆုံးကတော့ ယုံကြည်မှုပေးဖို့ အပြန်အလှန်လေးစားမှုရှိဖို့လို့ ထင်မိပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်လည်း ငယ်ငယ်ကတည်းက အဘွားလက်ထဲမှာ ကြီးပြင်းပြီး ဝိုင်ကို ချစ်မြတ်နိုးပြီး မာစတာတည်ခင်းသူဖြစ်ချင်တဲ့ ဂျန်နာဟာ ဝိုင်လောကသားဖြစ်ပြီး သူနဲ့သုံးနှစ်ကြာတွဲလာတဲ့ အေဒင်နဲ့ ဝါသနာတူ နယ်ပယ်တူချစ်သူတွေမလို့ အပေါ်ယံကြည့်ရင်တော့ အဆင်ပြေနေပေမယ့် တကယ်တမ်းလိုအပ်တဲ့ ယုံကြည်မှုကိုမရခဲ့ပါဘူး။ ဒီလိုနဲ့ သူ့အိပ်မက်ကို အကောင်ထည်ဖော်ဖို့ စာမေးပွဲအတွက်ကြိုးစားနေတဲ့ ဂျန်နာတစ်ယောက် တစ်နေ့မှာတော့ သူ့မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ပါတီအတွက် စပျစ်ခြံကိုပြန်ရောက်သွားပြီး သူ့အတွေးတွေကို ပြောင်းလဲပေးနိုင်မယ့် တမူထူးခြားတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံမိတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Robin မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 700MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 24Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Robin Encoded by Y

Comedy • Drama
7.4 2021 84 mins
Raise a Glass to Love
The Violence Action
6.4

Kei ဆိုတဲ့ မိန်းမငယ်လေး တစ်ဦးဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုပါတယ်။ အပျော်ကောင်မလေးတွေ ခေါ်တဲ့ website နဲ့ဖုန်းနံပါတ်ထားပြီး အဲ့ဒီကနေ လူသတ်ဖို့ ငှားကြရတာပါ Kei ကို ချစ်စရာကောင်မလေးအထင်နဲ့ တံခါးဖွင့်လက်ခံပေးကြတဲ့ လူဆိုးတွေ အမြဲအသတ်ခံရကာ Kei ကလည်း အမှားမရှိဘဲ အလုပ်ကို လက်စသတ်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဂျပန်က အကြီးဆုံး ရာကူဇာဂိုဏ်းက ခေါင်းဆောင်တစ်ယောက်ကို သတ်ဖို့ ငှားခံရတဲ့အခါ ... ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။) File Size          : 2.5GB, 991MB, 489MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr Genre              : Action, Drama Translated by Marie Encoded by Kinnov

Crime • Mystery • Thriller
6.4 2022 111 mins
The Violence Action
Men in Black: International
5.9

အမ်အိုင်ဘီ အသစ်ထွက်လာလို့ တင်ပေးထားပါတယ်။ အမ်အိုင်ဘီဆိုတာ ကလေးကတည်းက ရင်းနှီးပြီးသား လျို့ဝှက်အဖွဲ့ပါပဲ။ ဂြိုလ်သားတွေရန်က ကာကွယ်ဖို့ လျို့ဝှက်ဖွဲ့စည်းထားတာပါ။ သူတို့ရဲ့ မှတ်ဉာဏ်ဖျောက်တဲ့ ကင်မရာလိုအရာလေးတွေကို အားလုံးမှတ်မိနေကြမှာပါ။ မင်းသားနဲ့ မင်းသမီးကိုတော့ စူပါဟီးရိုးဖန်တွေ သိပြီးသားပါ။ သောရ်နဲ့ ဗယ်ခရီ တို့ပါပဲ။ ဇာတ်လမ်းအကျဉ်း အေးဂျင့် အိတ်ချ်ဟာ အမ်အိုင်ဘီရဲ့ အတော်ဆုံး အေးဂျင့်တစ်ယောက်၊ ကမ္ဘာကြီးကို ကယ်တင်ခဲ့ဖူးသူပါ။ အေးဂျင့်အမ်ကတော့ အမ်အိုင်ဘီကို ရအောင်ရှာပြီး အဖွဲ့ဝင်ဖြစ်ဖို့ အစမ်းခန့်ကာလ အေးဂျင့်တစ်ယောက်ပါ။ သူတို့ နှစ်ယောက်တွဲပြီး တာဝန်ယူတဲ့ အရေးမကြီးလှတဲ့ တာဝန်တစ်ခုဟာရုတ်ချည်း ကမ္ဘာကြီးပျက်စီးမယ့် အဖြစ်ကိုပြောင်းလဲသွားတဲ့အခါ....... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်.... File Size :5.8GB / 2GB / 1GB Quality :4k HEVC WEB DL / 1080p / 720p Format…mp4 Duration…01:54:00 Genre :  Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Thit San Khant

Comedy • Drama
5.9 2019 115 mins
Men in Black: International
Recurrence
5.5

အတိတ်က နာကျင်မှုတွေကို သိမ်းဆည်းထားရင်း အရင်ကနေခဲ့ဖူးတဲ့ မြို့ငယ်လေးကို သူမသားလေးနဲ့အတူ ပြန်လည်ရောက်ရှိလာတဲ့ ရဲဝန် ထမ်းဟောင်း Manuela Pipa Pelari။ သူမရဲ့အဒေါ် ဖြစ်သူက ဒီမြို့ငယ်လေးကို ပြောင်းလာဖို့ တိုက်တွန်းမှုကြောင့် မြို့ငယ်လေးမှာပဲ လယ်ယာလုပ်ရင်း single mom အဖြစ် သားငယ်လေးနဲ့ အတူ အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်းနေပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့မြို့မှာ အိန္ဒိယသွေးနှောမိန်းကလေးတစ်ယောက် မီးလောင်ပြီး သေဆုံး သွားပါတယ်။ ရဲတွေကတော့ ဒီအမှုကို မတော်တဆဖြစ်ခဲ့တာလို့ ယူဆပေမယ့် သူမရဲ့ အဒေါ်က သံသယရှိနေပါတယ်။ ဒါကြောင့် သူ့တူမ Pipa ကိုအကူအညီ တောင်းပြီး အမှုမှန်ပေါ်အောင် စုံစမ်းစစ်ဆေးပါတော့တယ်။ အိန္ဒိယသွေးနှော ကောင်မလေး ဘာကြောင့်ဆုံးသွားတာလဲ၊ ရဲတွေက ဘာကြောင့် မတော်မဆ အမှုလို့ ကောက်ချက်ချတာလဲ၊ Pipa ရဲ့ အတိတ်က နာကျင်မှုတွေက ဘာဖြစ်မလဲ ဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.78 GB) / (858 MB) / (510 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Parris Encoder..........SWM

Action • Animation • Science Fiction
5.5 2022 116 mins
Recurrence
[18+]Do You Think I BAM Sexy?

ချာလိစ်ဟာ မြို့မှာကျောင်းတက်ရင်းအလုပ်လုပ်နေတဲ့အဆောင်သူလေးတစ်ယောက်ဖြစ်ပြီး နေ့ခင်းဘက်မှာ ကျောင်းတက်သလို ညဘက်တွေမှာ အွန်လိုင်းဝက်ဘ်ဆိုက်တစ်ခုကတစ်ဆင့် ဆက်စီကပြတာတွေ အဖော်အချွတ်လုပ်ပြတာတွေကို အခကြေးငွေနဲ့လုပ်ဆောင်ပါတယ်။ ဒါတွေကိုစောင့်ကြည့်နေခဲ့သူကတော့ သူ့ရဲ့ ပရော်ဖက်ဆာ ထရစ်စတန်ပါပဲ။ ချာလိစ်ရဲ့ကျောင်းချိန်မမှန်တာ၊အိမ်စာပုံမှန်မလုပ်တာ အမှတ်နည်းတာတွေကိုအကြောင်းပြ အိမ်လာခိုင်းပြီး အဓမ္မပြုကျင့်လိုက်တဲ့နောက် ကျောင်းဘုတ်အဖွဲ့ကိုတိုင်ခဲ့ပေမယ့်လဲ ထရစ်စတန်ဘက်ကသာဖြစ်တဲ့ ကျောင်းတာဝန်ရှိသူတွေဟာ အရေးမယူတဲ့အပြင် သားကောင်ဖြစ်ခဲ့ရတဲ့ သူ့ကိုပါ ကျောင်းနားခိုင်းလိုက်ပါသေးတယ်။ တစ်ဖက်ကလဲနေရာတကာဝင်ပါတတ်လွန်းတဲ့ ရှေးရိုးစွဲတွေရဲ့ကန့်ကွက်မှု ကြောင့်သူတို့ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်ဟာ ပိတ်ရလုနီးပါးဖြစ်နေပါတယ်။ ဒီအကျပ်အတည်းတွေကနေ သူဘယ်လိုရုန်းထွက်မလဲ? ကြောင်သူတော်သူ့ဆရာကိုထိုက်သင့်တဲ့ပြစ်ဒဏ်ပေးအပ်နိုင်ပါ့မလား? ဒီတစ်ခေါက်ဇာတ်ကားကတော့ Cam girl လေးတွေရဲ့ဘဝကိုအခြေခံထားတာဖြစ်တဲ့အတွက် Solo လေးတွေများပါတယ်။ Cloe Barretto လေးကိုလဲ မထုံတက်တေးပုံစံတစ်မျိုး၊ ကင်မရာရှေ့ရောက်သွားရင် လုံးဝအသွင်သစ်တစ်မျိုးမြင်တွေ့ရမှာဖြစ်တဲ့အတွက်အမြင်ဆန်းသဘောကျကြမှာသေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 865MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 46Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Crime • Thriller
null 2022
[18+]Do You Think I BAM Sexy?
Hot Seat
5.4

2022 ထွက် အက်ရှင်ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အော်လန်ဒိုဆိုတာ အရမ်းတော်တဲ့ ဟက်ကာ IT သမားတစ်ယောက်ပါ။ သို့ပေမယ့် အလုပ်အရမ်းရှုပ်တော့ မိသားစုကို အချိန်မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူတို့မြို့မှာ ပေါက်ကွဲမှုတစ်ခုနဲ့အတူ ပြဿနာတွေစတင်ရှုပ်ထွေးလာပါတော့တယ်။ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက တစ်မြို့လုံးအတွက် အချက်အချာဖြစ်လာသောအခါမှာတော့.... အဲ့ဒီပြဿနာတွေထဲ အော်လန်ဒိုတစ်ယောက်ဘယ်လို ပါဝင်ပတ်သက်နေတာပါလဲ။ သူ့လို IT သမားတစ်ယောက်က ဘယ်လိုဖြေရှင်းနိုင်ပါ့မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုမှာပါ။ Mad Max မင်းသားကြီး Mel Gibson လည်းပါဝင်ထားပြီး Rating အရမ်းကြီးကောင်းတာ မဟုတ်သော်ငြားလည်း အက်ရှင်ပရိသတ်တွေအတွက် အပျင်းပြေ ရေငတ်ပြေစေတဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။ File size…1.3GB /  629MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtile (Hard Sub) Encoder….YK  Translated by SPA

Drama • History
5.4 2022 87 mins
Hot Seat
Project Gemini
5.8

စတီဗင်ဟော့ကင်းက "လူသားတွေ ရေရှည်အသက်ရှည်ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ကမ္ဘာကြီးကို စွန့်ခွါနိုင်မယ့် နည်းလမ်းကို ရှာဖွေကြရမယ်" လို့ ပြောခဲ့ဖူးပါတယ်တဲ့ လူသားတွေရဲ့ နှိပ်စက်ညှင်းပန်းမှုကြောင့်ဖွက်ဖွက်ညက်ညက်ကြေနေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားမျိုးနွယ်တွေ ဆက်လက်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရပါတယ် အပင်တွေကို အဓိကထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ကမ္ဘာဂြိုလ်ပေါ်က အပင်တွေ လျော့နည်းလာပြီး ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်ပမာဏဟာ အဆိုးဆုံးအခြေအနေကို ထိုးကျသွားမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ် အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သက်ရှိတွေကို ဖန်တီးခဲ့တယ်လို့ ယူဆရတဲ့ ရုပ်ကြွင်းနှစ်ခုကို အခြေခံထားတဲ့ Project Gemini ဆိုတဲ့ ပရောဂျက်ဟာ လူသားမျိုးနွယ်အတွက် နောက်ဆုံး မျှော်လင့်ချက်ဖြစ်လာပါတော့တယ် အဲဒီပရောဂျက်အရ စက်လုံးလို့ အမည်ပေးထားတဲ့ အဲဒီပစ္စည်းကို သိပ္ပံပညာရှင်တစ်သိုက်က အာကာသထဲ သယ်ဆောင်သွားပြီး လူသားတွေ ရှင်သန်နေထိုင်နိုင်မယ့် ဂြိုလ်တစ်ခုကို ရှာဖွေဖို့ ကြိုးပမ်းကြပါတော့တယ် ဒါပေမဲ့ အာကာသစနစ်ထဲကို သွားတဲ့ လမ်းကြောင်းက ပြောင်းလဲသွားပြီး ဘယ်နေရာမှန်းမသိတဲ့ ဂြိုလ်ပတ်လမ်းတစ်ခုထဲကို ရောက်ရှိသွားပါတော့တယ် အာကာသစနစ်ကို သွားတဲ့ လမ်းကြောင်းက ဘာလို့ပြောင်းလဲသွားတာလဲ သူတို့ သယ်ဆောင်လာတဲ့ စက်လုံးနဲ့ ဂြိုလ်က ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ သိပ္ပံပညာရှင်တွေရော ကမ္ဘာမြေပေါ်ကို ပြန်လည်ခြေချနိုင်မလား လူသားမျိုးနွယ်အတွက် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူသွားနိုင်မလား ဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် နေချင်စရာမကောင်းတော့တဲ့ ကမ္ဘာကြီးကနေ ခဏခွဲထွက်ပြီး အာကာသထဲ လိုက်ပါခံစားလိုက်ကြရအောင်ပါ အညွှန်းကိုတော့ Roman NoX က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ Roman NoX နဲ့ Thwal Yadi တို့ပဲ ဖြစ်ပါတယ် Genre.....Adventure, Sci-fi, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 709MB and 272MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX and Thwal Yadi Encoder ..... August

Action • Adventure • Mystery • Science Fiction • Thriller
5.8 2022 98 mins
Project Gemini
Love at First Stream
5

ကျွန်တော်တို့ အခုလက်ရှိမှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ pandemic ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အဘက်ဘက်က ဆုတ်ယုတ်မှုတွေ ဖြစ်ခဲ့ ဖြစ်နေဆဲ ဖြစ်ပေမယ့် ဒီကာလမှာ အရင်ကထက် ပိုလို့ အသုံးကျယ်ပြန့်လာတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အင်တာနက်ပါပဲ။ ရောဂါတွေကြောင့် homestay ကာလမှာ အင်တာနက်ကတစ်ဆင့် စာသင်တယ်၊ အင်တာနက်ကတစ်ဆင့် စီးပွားရှာတယ်၊ အင်တာနက်ကနေ ဆက်သွယ်ကြတယ်။ အင်တာနက်ဟာ အရာရာဖြစ်လာပါတယ်။ လူငယ်တွေလည်း ဒီအင်တာနက်ကို အသုံးချပြီး ဘ၀တက်လမ်းတွေရှာကြ၊ ဝါသနာပါရာ အလုပ်တွေကို လုပ်လာကြပါတယ်။ ဒီလိုပဲ ဗီလ်မာဆိုတဲ့ Vlogger ရူးမလေးကလည်း အင်တာနက်ပေါ်ကနေတစ်ဆင့် V-logဆိုတဲ့ channel လေးတစ်ခုထောင်ရင်း ရှိစုမဲ့စု fan လေးတွေနဲ့ pandemic ကာလမှာ သူ ဝါသနာပါရာကို ရှေးရှူနေသူပေါ့။ တစ်နေ့တစ်နေ့ လူစိတ်၀င်စားမယ့် vlog ideaတွေ စဉ်းစားပြီး ကြိုးစားပမ်းစားရိုက်ရတယ်။ Like တွေ Views တွေက သူ့ဘ၀ပါပဲ။ ဗီကတော့ ဒီအလုပ်ကို career တစ်ခုအနေနဲ့ အတည်တကျဆက်လုပ်ချင်ပေမယ့် သားသမီးရဲ့ ဝါသနာကို ဂရုမစိုက် သူတို့လျှောက်စေချင်တဲ့ လမ်းကြောင်းကသာ အမှန်လို့ထင်တဲ့ အာရှမေမေတို့ရဲ့ ထုံးစံအတိုင်း ဗီ့ရဲ့ အမေဟာလည်း vlogger အလုပ်ကို တစ်စက်လေးမှ အားမပေးဘဲ မိသားစုအလုပ်ကိုသာ လုပ်ဖို့ တပျစ်တောက်တောက် ပြောသူပါ။ သိုပေမဲ့ ဗီကလည်း မိဘက ဒါဆို ဟိုဟာလုပ်တဲ့ သားသမီးတို့ရဲ့ ထုံးစံအတိုင်း မိခင်စကားကို တစ်စက်မှ နားမထောင် သူ့ဝါသနာကိုသာ ဆက်လုပ်ပါတယ်။ တစ်နေ့တော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အချေအတင်ဖြစ်ရာမှ "အိမ်ပေါ်က ဆင်း" ဆိုတဲ့ စကားလုံးထိ ပါလာခဲ့ရာ ဗီတစ်ယောက် သူ့အမေကို သူလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ Vlogger အလုပ်ကို အပတ်တကုတ်ကြိုးစားရင်းနဲ့မှ အွန်လိုင်း‌ပေါ်က friendship တွေ၊ အွန်လိုင်းပေါ်က အတွေ့အကြုံသစ်တွေ၊ ချစ်မှုရေးရာလေးတွေပါ ကပ်ချိတ်ပါလာပါတော့တယ် .... လူငယ်အချစ် ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့ မစိမ်းတဲ့ အင်တာနက်ပေါ်က အဖြစ်အပျက်တွေ၊ ဟာသလေးတွေ၊ လူငယ်တို့ရဲ့ ဖြစ်တတ်တဲ့ သဘာ၀လေးတွေနဲ့ ရင်ခုန်စရာ ဇာတ်လမ်းလေးဖြစ်တာကြောင့် စိတ်ညစ်စရာတွေဆီက ခဏတာပြေးထွက်ဖို့ဆို Love at First Stream လေးကို ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ... အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p File size…1.59GB and 826MB and 263MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Drama
5 2021 110 mins
Love at First Stream
Eat Drink Man Woman
7.8

Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “ Ang Lee ” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့ Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့ A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။ ၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။ အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။ Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။ ၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။ ~~~~~~~~~~~~~~ ” Father Knows Best Trilogy “ အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။ ~~~~~~~~~~~~~~ ” Eat Drink Man Woman (1994) “ သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။ အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။ အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1994 123 mins
Eat Drink Man Woman
Mr. Car and the Knights Templar
4.5

Mr. Car and the Knights Templar (2023) ============================= ပေါ့ပေါ့ပါးပါး ကြည့်စရာရှာနေသူတွေအတွက် ပိုလန်ရုပ်ရှင်သစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပိုလန်စာရေးဆရာကြီး Zbigniew Nienacki ရဲ့နာမည်တူ၀တ္ထုကို အခြေခံရိုက်ကူးထားတာပါ။ အလွယ်ပြောရရင်တော့ ဇာတ်လိုက်နဲ့ကလေးတစ်သိုက်က ရတနာ သိုက်လိုက်ရှာတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ ထူးခြားတာကတော့ ခရူးဆိတ်စစ်ပွဲနဲ့ သမိုင်းကြောင်းထဲက သူရဲကောင်းတွေနဲ့ ဆက်စပ် တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေပါနေတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ လူသိများတဲ့ ပိုလန်လူမျိုး အနုပညာသမိုင်း ပညာရှင် တောမတ်ရှ်ဟာ တမ်ပလာလက်ဝါးကပ်တိုင်တစ်ခုကို ရှာ တွေ့ထားပါတယ်။ အဲဒီကပေးတဲ့ သဲလွန်စနဲ့ ရှေးခေတ်က ရတနာ သိုက်တစ်ခုကိုရှာဖွေဖို့ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ လူအတော် စိတ်၀င်စားတဲ့ ရတနာသိုက်ဖြစ်တာကြောင့် ဟိုးလေးတကျော်နာမည် ကြီးသွားပါတယ်။ အဲဒီအခါမှာ ရတနာသိုက်မုဆိုးတွေစုလာပြီး အချင်း ချင်းပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ရှိလာပါတယ်။ တောမတ်ရှ်ကတော့ သူနဲ့သိပ်မတည့်လှတဲ့ သတင်းထောက်မတစ်ယောက်၊ သူအထင်မကြီးလှတဲ့ ဆယ်ကျော်သက်ကလေး ၃ ယောက်နဲ့ မထင်မှတ် ဘဲ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ တောမတ်ရှ်တို့အဖွဲ့ အလွဲ တွေကြားမှာ ရတနာသိုက်ဘယ်လိုရှာကြမလဲ၊ ဘာတွေရင်ဆိုင်ရမလဲ၊ ဘယ်သူမှ ဘာမှန်းမသိတဲ့ ရတနာသိုက်ဆိုတာက နောက်ဆုံးမှာ ဘာဖြစ် နေမလဲဆိုတာကို ကြည့်ကြရမှာပါ။ ဒရမ်မာနဲ့ စွန့်စားခန်းတွေ ခပ်ပါးပါး ရော‌ထားပြီး သူ့အတိုင်းအတာနဲ့သူကြည့်ကောင်းတာမို့ အပျင်းပြေစိတ်ပြေ လက်ပျောက်ဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.62 GB) / (766 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Family Translator…….C’mon Encoder……….SWM

4.5 2023 110 mins
Mr. Car and the Knights Templar
After the Bite
6.1

After the Bite (2023) ============== IMDb Rating 6.1/10 ဒီဇာတ်လမ်းလေးကတော့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ငါးမန်းဖြူတွေရဲ့ အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ Documentary တစ်ခုဖြစ်ပါတယ်။ Documentary ပုံစံလေးကတော့… နှစ်စဉ်နွေရာသီရောက်တိုင်း အပန်းဖြေဖို့ လူအများလာရောက်ကြတဲ့ ကိတ်ပ် ကုဒ်ကမ်းခြေကို ငါးမန်းတွေရောက်ရှိလာပြီး လူသေဆုံးသည်အထိ တိုက်ခိုက် မှုတွေဖြစ်လာတဲ့အခါ မြို့နေဒေသခံတွေက သက်ဆိုင်ရာအဖွဲ့အစည်းကို ကိုင် တွယ်ဖြေရှင်းပေးဖို့အတွက် တောင်းဆိုလာကြပါတယ်။ တစ်ဖက်ကလည်း အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်း ဖို့တာဝန်ရှိလာတဲ့အခါ နှစ်ဦးနှစ်ဖက် အခက်တွေ့ရပုံတွေ၊ အများပြည်သူ အပန်း ဖြေတဲ့ ကမ်းခြေကို ပိတ်ထားရမယ့်အခြေအနေထိ ရောက်လာတာကြောင့် ကျွမ်းကျင်သူတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ငါးမန်းဖြူတွေကိုထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ကြတော့တာပေါ့။ နောက်ပိုင်းထိခိုက်သေဆုံးမှုတွေမရှိအောင် ထိန်းသိမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ကိတ်ပ်ကုဒ်ကမ်းခြေကို မူလအတိုင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဖွဲ့လိုက် လှိုင်း စီးတာတွေ ရေလွှာလျှောစီးတာတွေ ကျင်းပပြုလုပ်နိုင်ခဲ့ကြတယ်။ အဏ္ဏဝါထိန်း သိမ်းရေးအဖွဲ့အနေနဲ့လည်း ငါးမန်းဖြူတွေသာမက ပင်လယ်ဖျံနဲ့ တခြားမျိုးစိတ် တွေကိုပါ အကောင်းဆုံးထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတင်ဆက်မှုနဲ့အတူ ကိုယ်မသိသေးတဲ့ သဘာဝရဲ့အ ကြောင်းတွေကိုပါ လေ့လာခွင့်ရတာကြောင့် အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့ Documentary ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ei Po ဖြစ်ပါတယ်) File Size……….(2.66 GB) / (980 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Ei Po Encoder……….SWM

6.1 2023 88 mins
After the Bite
The Nightmare Before Christmas
8

ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို့ ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတို့ဆီ ယူဆောင်လာပါပြီ။ ဇာတ်ကားနာမည်လေးကတော့ The Nightmare Before Christmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။ Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေ သန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်း iMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ‌ပြောပြရရင်တော့ ဟော်လိုဝင်းလို့ခေါ်တဲ့ မြို့လေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြို့လေးပါ။ အဲဒီမြို့မှာ ဂျက်လို့ခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြို့လုံးရဲ့ အလေးစားခံပုဂ္ဂိုလ်လို့ပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာ ငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တ နေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့ လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြား မတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာက ခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနေရာနဲ့ အစစ အရာရာ ကွာခြားနေခဲ့ပါတယ်။ ဒါကို ဂျက်တစ်ယောက် သဘောတွေ ကျသွားပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနယ်မြေမှာ ခရစ္စမတ်ဖန်တီးဖို့ လုပ်ပါတော့တယ်။ ဆိုတော့ ဂျက်တို့ သရဲတစ္ဆေတွေက ခရစ္စမတ်ကို ဖန်တီးနိုင်ပါ့မလား၊ ဘယ်လိုအလွဲတွေဖြစ်ကြမလဲ၊ သူတို့အမွှေဇယား ထဲမှာ ဆန်တာကလော့စ်က ဘယ်လိုပါဝင်ပတ်သက်နေရမလဲဆိုတာ ကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါ။ အချိန်ကုန်ရကျိုးနပ်မှာဖြစ်တဲ့အပြင် အခုလို ခရစ္စမတ်ရာသီမှာ အိမ်က မိသားစုတွေနဲ့အတူ ကြည့်ကိုကြည့်သင့်တဲ့ ကာတွန်းကားလေးတစ်ကား ဖြစ်ကြောင်း အားလုံးကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်နော်။ File size… 6.06 GB / 1.70 GB/ 818MB Quality… BluRay 4K HEVC 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Animation , Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

8 1993 76 mins
The Nightmare Before Christmas