YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Recruit.S01E06.1080p.NF.WEB-DL[CM].mp4

706.29 MB N/A video/mp4 106 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Snow Day
6.9

ဒီဇာတ်လမ်းလေးကတော့ ဆောင်းရာသီမှာ ချစ်ရသူနဲ့အတူတူကြည့်ပြီး ဖီးလ်လို့ကောင်းမယ့် လူငယ်ဆန်ဆန် ရိုမန်တစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... Syracuseလို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ ဆောင်းရာသီနှင်းအရမ်းကျတဲ့ အခါမျိုးမှာ လမ်းတွေဟာနှင်းတွေနဲ့ပိတ်ပြီး ဆိုင်အားလုံးကျောင်းအားလုံးကိုပိတ်ရပါတယ်။ အဲ့လိုပိတ်ပေးတဲ့နေ့ကို Snow Day လို့ခေါ်တာပေ့ါ။ နတ်တာလီဘရတ်စတန်လို့ခေါ်တဲ့ ကလေးမလေးဟာ ‌ကျောင်းစာလုပ်ရမှာကို အရမ်းပျင်းပြီး အချိန်ပြည့် Snow Day ပိတ်ရက်ကိုမျှော်နေသူပါ။ သူ့မှာအကိုတစ်ယောက်ရှိပြီး သူ့အကိုမှာလည်း ကျိတ်ကြွေရတဲ့ ကောင်မလေးရှိနေပြီး တစ်ဖက်မှာလည်း ငယ်သူငယ်ချင်းကောင်မလေးက သူ့ရဲ့ကောင်းဖော်ဆိုးဘက်ဖြစ်နေပြန်ရော။ ဒီလိုနဲ့သူတို့သုံးယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းတွေ ထပ်ဖြစ်လာမလဲဆိုတာကတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။) File Size          : 1.9GB, 775MB, 393MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 36mins Genre              : Comedy, Family, Musical Translated by Zwel Zan Aung Encoded by Kinnov

Drama
6.9 2022 77 mins
Snow Day
The Post
7

IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေက Meryl Streep, Tom Hanks နဲ့  Sarah Paulson  .... Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေ အခြားဆုပေါင်းများစွာ ရတာတွေ အသာထား .. .ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်.... အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာ ပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာ Katherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့ Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်. .သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့ The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်... အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေ အန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်... အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်... File Size :(2.6GB) &(994MB) Quality : Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:55:00 Genre :Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama
7 2017 116 mins
The Post
Chang Can Dunk
6.4

Chang Can Dunk (2023) ~ IMDb – 6.4/10, Rotten Tomatoes – 95% ~ 2023 ဒီလထဲမှာမှ လတ်လတ်ဆတ်ဆတ် Disney+ က​နေထွက်ထားတဲ့ အားကစား လူငယ်ဒရာမာကား​လေးနဲ့မိတ်ဆက်​​ပေးလိုက်ပါတယ်။ ၁၆ နှစ်အရွယ် အရပ် ၅​ပေ ၈လက်မ အာရှလူမျိုး ချန်း။ အာရှမိသားစုက ဆင်းသက်လာသူပီပီ အိမ်ကအ​မေက စာကိုပဲတစ်စိုက်မတ်မတ်လုပ် ပညာ​ရေးဘက်ကို အားသန်​နေ​သော်လည်း မိမိကိုယ်တိုင်က ဘက်စကက်​ဘောအားကစားကိုရူးသွပ်​နေတဲ့ ချန်းတစ်​ယောက်… အရပ် ၅​ပေ ၈လက်မဆိုတာ ဘက်စကက်​​ဘောအားကစားအတွက် ​သိပ်​ဘောင်မဝင်တာ​ကြောင့် မတ်ရဲ့ အနိုင်ကျင့်မှု​တွေ နှိမ်တာ​တွေကို ခံ​​နေရတဲ့ချန်း… တစ်​နေ့ ​ကျောင်းသူအသစ် ခရစ်စတီ ​ကျောင်းကို​ရောက်လာ​တော့ ချန်းနဲ့ မတ် အပြန်အလှန် ပိုးပန်းရင်း မခံချင်စိတ်နဲ့ ဘက်စကက်​ဘောအားကစားနည်းမှာ အခက်ခဲဆုံးနည်းတစ်ခုဖြစ်တဲ့ ခုန်သွင်းနည်း(Dunk) ကို လုပ်နိုင်မလုပ်နိုင် မတ်နဲ့​လောင်းလိုက်မိတဲ့အခါ… မတ်နဲ့ စိန်​ခေါ်ထားတာကို လုပ်နိုင်ဖို့ နည်းပြရှာရင်း ယူကျူ့​​ပေါ်က ဒီရွန်းဒ​ရေးနဲ့​တွေ့တဲ့အခါ ဘယ်လို သ​ဘောတူညီမှု​တွေလုပ်လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ​နောက်ဆုံး တကယ် လုပ်နိုင်သွားလား ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို လူငယ်ဆန်ဆန် ​ပေါ့​ပေါ့ပါးပါး​လေးကြည့်ရမယ့်ကား​လေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 950MB Quality – 1080p, 720p IMDb Rating – 6.410 Format – mp4 Duration – 1H 49Min Genre – Drama, Family, Sport Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.4 2023
Chang Can Dunk
Annem
5.8

Annem (2019) =========== Genre – Drama IMDB – 5.8/10 ဒရမ်မာကားတွေနဲ့ မျက်ရည်ခြူတဲ့နေရာမှာ တူရကီကားတွေ ပိုင်နိုင်နေကြ သလား။ လူတိုင်းသိကြမယ့်ကားလေးပြောဆို ကိုရီးယားကလေးမလေးနဲ့ တူရကီစစ်သားကြီးတို့ မေတ္တာအကြောင်း ရိုက်ထားတဲ့ Ayla ဆိုတာ ရှိပါ တယ်။ တကယ်ကို ကြည့်မိတဲ့လူတိုင်း မျက်ရည်ဝဲရတဲ့ကားပါ၊ အခုလည်း မျက်ရည်ခြူမယ့်နောက်တစ်ကားဖြစ်ပါတယ်။ ဒီတစ်ခါတော့ မိခင်မေတ္တာ ကို ဖော်ကျုးထားတဲ့ ဒရမ်မာကားလေးပေါ့။ တူရကီက ရွာလေးတစ်ရွာမှာ အသက်ကြီးမှ သမီးလေးမွေးထားတဲ့ လင် မယားရှိကြတယ်၊ ယောက်ျားကတော့ မြင်းလောင်း အရက်သောက်နဲ့ ဆူပူ တကျက်ကျက်ပေါ့လေ။ မအေကြီးခမျာကျ ချစ်ရှာတယ်။ အသက်ကြီးမှ ရတာအပြင် သူ့လို ပညာမတတ်တာမျိုး မဖြစ်စေချင်လို့ ကျောင်းလည်းတက် စေချင်တယ်၊ ယောက်ျားကတော့ တားတာပေါ့လေ၊ အချိန်တန် ယောက်ျား ပေးစားပြီး လယ်လုပ်ရမယ်ပေါ့။ ဒါပေမဲ့ အတိုက်အခံတွေကြားက မအေ အိုကြီးလည်း ရအောင်ထားခဲ့ရှာပါတယ်၊ မရှိလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးရင်းနဲ့ပေါ့။ ဒီလိုနဲ့ အသက်ကြီးလာခဲ့တော့ အမေအိုကြီးက ချစ်ပြီး သည်းသည်းလှုပ် နေသလောက် ဆယ်ကျော်သက်ဖြစ်လာတဲ့ကောင်မလေးက ရွာသူအဖွား ကြီး သူ့ကို အရှက်ကွဲရစေတယ်ပေါ့လေ။ ဒီရွာကြီးမှာလည်း မနေချင်တော့ ဘူး မြို့သွားပြီး ကောလိပ်တက်ချင်လာတယ်။ အိမ်မှာလည်း မိဘတွေနဲ့ တကျက်ကျက်ဆိုတော့ စိတ်ညစ်လာတယ်ပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကော လိပ်ဝင်ခွင့်အောင်လို့ အတောင်စုံတဲ့ငှက်မလေး ပျံသန်းဖို့ အချိန်ကျလာခဲ့ တဲ့အခါမှာတော့……..။ တကယ်ကိုမျက်ရည်ဝဲရမယ့် အမေနဲ့သမီး ဒရမ်မာကားလေးပါ မိခင်လုပ်တဲ့ မင်းသမီးကြီးဆို တော်တော်သရုပ်ဆောင်ကောင်းပြီး ကျွန်တော်တို့ ဟိုးအရင် ချိုပြုံးတို့အမေလုပ်တုန်းက ခေတ်ကိုတောင် သတိရစေပါတယ်၊ နောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်းပံ့ပိုးနေတာကတော့ နောက်ခံတေးဂီတ ပါပဲ တကယ်ကို ဆွေးမြေ့ဖွယ်လေးတွေနဲ့ ပုံဖော်ထားတာပါ။ သမီးဖြစ်သူနေ ရာက မင်းသမီးကလည်း အတော်ခပ်ချောချောပါပဲ။ စိတ်ခိုင်တဲ့အချိန်ဆိုရင် တော့ အတူတူကြည့်ပြီး မိခင်ကျေးဇူး အောက်မေ့လိုက်ကြရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.56 GB) / (632 MB) / (364 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thura Aung Encoder……….SWM

5.8 2019
Annem
Fugitive Pieces
6.9

ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့် ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်း နေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကို ဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့ အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကို သုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီး မွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရ အစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာ စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာ ကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရော သူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရော အပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်‌ကြည့်ရှုပေးပါဦးခင်ဗျာ။ File size…2.87GB / 941MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

6.9 2007 104 mins
Fugitive Pieces
Flushed Away
6.6

Flashed Away ဟာ Chicken Run, Shaun The Sheep Movie စတဲ့ Stop-Motion ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ Aardman Features နဲ့ DreamWork Animation တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ ဇာတ်ကားလေး တစ်ကားလည်း ဖြစ်ပါတယ်။ Aardman Features အနေနဲ့ CGI animation ဘက်ကို ခြေလှမ်းစတင်ခဲ့တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ ပါဝင်တဲ့ Cast တွေ အနေနဲ့ Hugh Jackman (Wolverine), Kate Winslet တို့ အဓိကပါဝင်ထားပြီး Ian Mckellen, Bill Nighy, Andy Serkis နဲ့ Jean Reno တို့လို အကျော်အမော်တွေ ခြံရံထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော့ဒီဆိုတဲ အိမ်မွေးကြွက်လေးတစ်ကောင်ရဲ့ ဘဝနဲ့ စတင်ထားပြီး သခင်တွေခရီးထွက်သွားတုန်းမှာပဲ အိမ်ကြီးတစ်ခုလုံးကို သူ့စိတ်ကြိုက်နေထိုင်ဖို့ စိတ်ကူးနေတဲ့ ရော့ဒီဆီကို ရေဆိုးမြောင်းထဲက ကြွက်တစ်ဖြစ်လည်း ဆစ်ဒ် ရောက်လာချိန်မှာတော့ ရော့ဒီဘဝဟာ ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ပါတယ်. ဆစ်ဒ် လှည့်စားတာခံရပြီး ရေမြောင်းထဲကို အိမ်သာထဲကနေ ဆွဲအချခံခဲ့ရကာ မြို့ကြီးတစ်ခုလို နေထိုင်နေကြတဲ့ ရေမြောင်းကြွက်တွေကြားထဲမှာ သူ့အိမ်ရှိရာ အပေါ်ဆုံးကို ပြန်ရောက်ဖို့ လမ်းကို ရှာဖွေရင်း ကြွက်မလေး ရီတာနဲ့ တွေ့ဆုံခဲ့ရပါတယ်. ရီတာရဲ့ အရှုပ်တွေကြား တစ်နွယ်ငင်တစ်စင်ပါ ဖြစ်ပြီး ဆိုးရွားတဲ့ဖားပြုတ်ကြီး နဲ့ သူ့ရဲ့ ကြွက်လက်အောက် ငယ်သားတွေလက်ကနေ ရှောင်တိမ်းရင် အိမ်အပြန်လမ်းကို ရှာဖွေကြပုံများကို CM က ပရိသတ်များ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.7 GB / 845 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.6 2006
Flushed Away
See Spot Run
5.4

ကလေးတစ်ယောက်အမေ စတက်ဖနီကို ရှိုတ်နေတဲ့ အိမ်နီးနားချင်းစာပို့သမားလေး ဂေါ်ဒန်ဟာ တစ်နေ့မှာတော့ စတက်ဖနီအလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ဖြစ်လာတာကြောင့် ဂျိမ်းဆိုတဲ့ စတက်ဖနီရဲ့သားလေးကို ကြည့်ပေးဖို့အကြောင်းဖန်လာပါတော့တယ်။ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘာကိုမှအလေးမထားတတ်တဲ့ ဂေါ်ဒန်တစ်ယောက် ကလေးတစ်ယောက်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်ကြီးရလာတဲ့အခါမှာ ကလေးနဲ့သူနဲ့ကြား စိန်ခေါ်မှုလေးတွေရှိလာပါတော့တယ်။ တစ်ဖက်မှာလည်း FBI အေးဂျင့်ဖြစ်တဲ့ ၁၁ လို့ခေါ်တဲ့ခွေးလေးက မူးယစ်ဆေးအနံ့ခံတဲ့နေရာမှာ အရမ်းတော်တာကြောင့် လူဆိုးဂိုဏ်းခေါင်းဆောင်က ဆုံးရှုံးရတာတွေများလို့ ခွေးကိုသတ်ဖို့ ကြေးစားတွေကိုငှားပါတော့တယ်။ ဒီလိုနဲ့ FBI ဘက်ကလည်း သူတို့အေးဂျင့်ဖြစ်တဲ့ ခွေးလေး ၁၁ ကို ကာကွယ်ဖို့လျှို့ဝှက်နေရာကိုပို့ဖို့စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လျှို့ဝှက်နေရာကိုပို့တဲ့လမ်းမှာတင် ကြေးစားသတ်ဖို့ငှားထားတဲ့ လူဆိုးတွေဝင်နှောင့်ယှက်တာကြောင့် ၁၁ ခွေးလေးက ကားပေါ်ကနေခုန်ဆင်းသွားပြီး လွတ်သွားပါတော့တယ်။ ၁၁ ခွေးလေးက လွတ်သွားပြီးတော့ ဂေါ်ဒန်တို့စာလိုက်ပို့နေတဲ့ ကားပေါ်ကို ရုတ်တရက်ရောက်သွားတဲ့အခါမှာတော့… ဂေါ်ဒန် နဲ့ ဂျိမ်းတို့ FBI အေးဂျင့်ခွေးလေးနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂေါ်ဒန်နဲ့ဂျိမ်းတို့ကြားက သံယောဇဉ်ဖြစ်ပေါ်လာပုံအပြင် FBI ခွေးလေးနဲ့ကြား ကမောက်ကမများနဲ့ သံယောဇဉ်ဖြစ်လာပုံကိုလည်း ဟာသနှောပြီး ရိုက်ကူးထားတာ‌ကြောင့် ပိတ်ရက်မှာမိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးပါ။ File size… 2 GB / 1.2 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Drama
5.4 2001 94 mins
See Spot Run
Fury 12 Hours
6

တခါတုန်းက Kusk ဆိုတဲ့မြို့လေးမှာ မြို့တွင်းမြို့ပြင်ကို မောင်းနှင်နေတဲ့ဘတ်စ်ကားကိုစီးနေကျ လေကျွင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူကတော့ တရုတ်တန်းလိုနေရာမှာစတိုးဆိုင်ဖွင့်ထားတာဖြစ်ပြီး မိသားစု တစုလုံး ပျောက်ဆုံးနေခဲ့တဲ့သူတစ်ယောက်ပါ ရှာဖွေရင်းနဲ့ မိန်းမနဲ့သမီးဖြစ်သူအလောင်းကိုတွေ့ရှိခဲ့ပေမဲ့ သားဖြစ်သူကို မတွေ့သေးတာကြောင့် (၁၀) နှစ်ကြာတဲ့အထိမလျှော့သောဇွဲနဲ့ သားဖြစ်သူအလောင်းကိုရှာဖွေနေခဲ့သူ တစ်ဦးပေါ့။ Kusk ဆိုတာကတော့ အလွန်ရိုင်းတဲ့မြို့လေးဖြစ်ပြီးအဲ့မှာ မိဘတွေကို သတ်ဖြတ်ပြီးကျန်နေခဲ့တဲ့သားသမီးတွေကို ခေါ်ယူပြီးလူသားမဆန်သတ်ဖြတ်တဲ့ အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြစ်မှုကျူးလွန်တဲ့အဖွဲ့ သူပုန်အဖွဲ့ရှိတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်တည်းကအစိုးရနဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ သူပုန်အဖွဲ့ သတင်းပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့လင်ဝမ်ဆိုတဲ့ မိန်းကလေးကသူတို့ရဲ့လျှို့ဝှက်ထိပ်တန်း သတင်း ကဒ်လေးကိုခိုးယူထွက်ပြေးခဲ့တာကြောင့် သူပုန်အဖွဲ့က သူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တာပေါ့။ မြို့ထဲမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက် မကျန်သတ်ဖြတ်ပြီးသူ့ကို လိုက်လံဖမ်းဆီးခဲ့တယ်။ဒီလိုနဲ့ လေကျွင်းဆီမှာ လင်ဝမ်ကရောက်သွားခဲ့ပြီး လေကျွင်းကအဆုံးထိ သူ့ကိုကာကွယ်ပေးရာကနေ ဘယ်လိုတွေဆက်ဖြတ်လာကြမလဲ။ ဒီသူပုန်အဖွဲ့ကကော ဘယ်လိုတွေ ဆိုးဆိုးရွားရွား သတ်ဖြတ်ကြလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဖော်ကျူးထားတာကြောင့် အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်များအတွက် CM ကနေဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

6 2024
Fury 12 Hours
Réveillon
7.3

ချက်ကိုစလိုဗက် နိုင်ငံကနေ ကတ္တီပါ တော်လှန်ရေးလို့ နာမည်ရတဲ့ Velvet Revolution ကို ၁၉၈၉ မှာ စတင်ခဲ့ပြီးတဲ့နောက်မှာ ၁၉၉၂ ခုနှစ် ကုန်ခါနီးပိုင်းမှာ ချက်ရီပတ်ဘလစ်နိုင်ငံနဲ့ စလိုဗက်ကီယား နိုင်ငံတို့ ငြိမ်းချမ်းစွာနဲ့ ခွဲထွက်ခဲ့ကြပါတယ်။ အဲဒီခေတ်ကာလ အတောအတွင်းကို အခြေပြုပြီး ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်ကားလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ခွဲထွက်မှု မတိုင်ခင်က ကွန်မြူနစ်တွေ ကြီးစိုးတဲ့ ကာလဟာ ဘာသာရေး သက်ဝင်ယုံကြည်မှုတွေကို အပြင်းအထန်ရှုတ်ချပြီး ရိုမန်ကတ်သလစ် ဘာသာဝင်တွေကို နှိပ်ကွပ်ခံခဲ့ရတဲ့ ကာလဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားမှာ နိုင်ငံခွဲထွက်မှုမတိုင်ခင် နှစ်သစ်ကူး ကာလကို မိသားစုစုံညီ အတူ ကျင်းပပျော်ရွှင်ဖို့ လုပ်နေကြရင်း ကွန်မြူနစ်အခြေပြု စုံစမ်း ထောက်လှမ်းရေး အဖွဲ့ STB လို့ခေါ်တဲ့ လျှို့ဝှက်တပ်ဖွဲ့ရဲ့ Informer သတင်းပေးအဖြစ် လုပ်ခဲ့ဖူးတဲ့ ဖခင်ဖြစ်သူအကြောင်းကို အထောက်အထားနဲ့ သိလိုက်ရတဲ့ အချိန်မှာ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုမျိုး ခံစား ဖြေရှင်းကြမလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.34GB / 690MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
7.3 2023 101 mins
Réveillon
Frankie Freako
5.8

ဒီဇာတ်ကားလေးကတော့ Goosebumps တို့ Chucky တို့လိုမျိုး လက်ထိုးအရုပ်တွေကိုသုံးပြီးတော့ ရိုက်ကူးထားတဲ့ Horror ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Kristy Wordsworth, Colin Cunningham, Rob Schrab တို့က ပါဝင်ပေးထားပြီးတော့ ဒါရိုက်တာ Steven Kostenski က ဦးဆောင်ရိုက်ကူးပေး ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သာမန်ပျင်းစရာ ရုံးဝန်ထမ်းဘဝမှာ ပျော်ရွှင်နေတဲ့ Conner ရဲ့ဘဝထဲကို မှင်စာလိုမကောင်းဆိုးဝါးကောင်လေးတွေ ရောက်လာပြီးတော့ သူ့ပိုင်ဆိုင်မှုအားလုံးကို ဖျက်ဆီးဖို့ကြိုးစားပါတယ်။ ဒါပေမယ့် အဲဒီမကောင်းဆိုးဝါးလေးတွေမှာလည်း သူတို့ရဲ့အကြောင်းအရင်း တစ်ခုရှိနေခဲ့ပါတယ်။ အဲဒီအကြောင်းအရင်းက ဘာဖြစ်မလဲ၊ ဘာဖြစ်လို့ Conner ဆီကို ရောက်လာရတာလဲဆိုတာတွေကို ဇာတ်ကားထဲမှာ ကိုယ်တိုင် ခံစားလိုက်ပါ။ Low budget movie ဆိုပေမယ့် IMDb မှာ rating 5.9/10, Rotten Tomato မှာ rating 89% အထိ ရရှိထားပါတယ်။ Horror genre ဆိုပေမယ့် သိပ်ကြောက်ဖို့ မကောင်းပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (1.71 GB) / (803 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.8 2024 85 mins
Frankie Freako
Pocahontas II: Journey to a New World
4.9

Pocahontas 2 ကိုလာကြည့်ဖို့လုပ်ပြီ ဆိုကတည်းက နံပါတ် 1 ကိုအတော်ကြိုက်ခဲ့လို့ ထင်ပါရဲ့။ ဒီဒုတိယပိုင်းမှာ ပိုကာဟွန်းတက်စ် ဟာ Disney Princesses တွေလုံးဝမရွေးချယ်ဖူးတဲ့ ကြီးမားတဲ့ မထင်မှတ်စရာ ရွေးချယ်မှုကို ရွေးချယ်သွားပါတယ်။ အမှန်ပြောရရင် ဒီကားကို ဘာသာပြန်မယ်ဆိုတုန်းက နံပါတ် 1လောက်ကောင်းမယ် လို့မထင်ခဲ့ဘူးဗျ။ လုံးဝမှားတာပါပဲဗျာ။ ဒီဇာတ်လမ်းလေးမှာတော့ အင်္ဂလန်နိုင်ငံနဲ့ အင်ဒီးယန်းလူရိုင်းတွေအကြား နားလည်မှုလွဲတာကို ပိုကာဟွန်းတက်စ် နဲ့ အင်္ဂလန်နိုင်ငံသား ဂျွန်ရော့ဖ် တို့ ပညာသားပါပါ ပြေလည်အောင်ကြိုးပမ်းရတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ မထင်မှတ်ထားတာ ဖြစ်မယ်ဆိုတာတော့ လောင်းရဲသဗျ File size… 1.2 GB / 566 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Adventure / Animation / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ag Ko Khant

4.9 1998 72 mins
Pocahontas II: Journey to a New World
The Arrival

နေ့ခင်းကြောင်တောင် နယူးယောက်မြို့မှာရှိတဲ့ အရက်ဘားတစ်ခုကို လာထိုင်ကြတဲ့ မိန်းကလေးတွေ နဲ့ ဘားပိုင်ရှင်သားအဖတွေ ဘယ်လို ပတ်သက်မှုလေးတွေ ရှိနေတာလဲဆိုတာကို မပျင်းရဘဲ ဟာသလေးတွေနှောပြီးတင်ဆက်ထားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ ဇာတ်ကောင်တွေအနေနဲ့ကတော့ ဂျာနယ်လစ်တစ်ယောက်နဲ့ သူ့သူငယ်ချင်း သူဌေးသမီးလေး ၊ ကိုယ့်ကိုကိုယ် “ရှေ့နေ” လို့ အမြဲပြောတတ်တဲ့ ရှေ့နေ မဖြစ်သေးတဲ့ ဥပဒေကျောင်းသူလေး နဲ့ သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမလေး ၊ ပြီးတော့ စာရေးဆရာတစ်ယောက် နဲ့ ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်ကောင်ဖြစ်တဲ့ ဘားက အဖျော်ဆရာကောင်မလေး ရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ အပြုအမူတွေ ၊ လောကကြီးကို စိတ်ကုန်ပြီး ဘားကို လာသမျှ လူတိုင်းကို ရွဲ့ပြီး ပြန်ပြောတတ်တဲ့ သူ့ရဲ့အကျင့်ကို ချစ်စရာကောင်းအောင် ပုံဖော်ထားတာကို မြင်တွေ့ရမှာပါ ဒီဇာတ်ကားရဲ့အကောင်းဆုံးအပိုင်းက ဒိုင်ယာလော့တွေလို့ ပြောရမှာပါ…သူငယ်ချင်းအချင်းချင်း စကားပြောပုံတွေက အရမ်းကို ရင်းရင်းနှီးနှီးရှိပြီး သဘာဝကျနေတာရယ် မျက်နှာအမူအရာတွေကအစ ဆွဲဆောင်မှုရှိနေတာရယ်က ဒီဇာတ်ကားကိုကြည့်နေရင်း အချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် ခံစားရစေမှာပါ File size…(734 MB)/(400 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Aung Kyaw Htet

0 2024
The Arrival
Lion
8

Lion (2016) IMDb Rating (8.0)/ Rotten Tomatoes ( 84%) Nominated for 6 Oscars. Another 59 wins & 98 nominations ဆိပ်ကမ်းမဲ့တဲ့မြစ် (Lion – 2016) ====================== အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို့ ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖို့တော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ လိုက်ချင်တယ်။ အကိုက တားပေမယ့် ဇွတ်လိုက်ချင်တယ် လုပ်နေတာနဲ့ ခေါ်သွားရတယ်။ ညီလေးကို ချစ်တာကိုး။ ပိုက်ဆံရရင် မင်းကြိုက်တဲ့ စလေဘီမုန့် ဝယ်ကျွေးမယ်တဲ့။ ရွာနဲ့နီးတဲ့ မီးရထားဘူတာလေးကို ညီအကို နှစ်ယောက် ရောက်လာခဲ့ကြတယ်။ ဘူတာရုံလည်းရောက်ရော ညီလေး Saroo က အိပ်ချင်ပြီ ဆိုပြီး ခုံတန်းလျားပေါ် လှဲအိပ်တော့တာပဲ။ အကိုက ထပါ ခေါ်လည်း မရတော့ဘူး။ အဲဒါနဲ့ ”ညီလေး ဒီမှာ အိပ်စောင့်ဦး အကို အလုပ်သွားလုပ်မယ်၊ အကို ပြန်လာရင် စလေဘီ ဝယ်ခဲ့မယ်” ဆိုပြီး ခဏထားခဲ့တယ်။ Saroo တရေးနိုးလာတော့ ညသန်းခေါင်အချိန်..ဘူတာထဲမှာ လူသူမရှိ တိတ်ဆိတ်လို့။ အကိုလည်း ပြန်မလာသေးဘူး။ ဘူတာစင်္ကြန်မှာ ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ရထားတစ်စင်းက ထိုးစိုက်ထားတာလည်း တွေ့တယ်။ ကလေးပီပီ စူးစမ်းစိတ်နဲ့ ရထားတွဲပေါ်တက်၊ ဟိုဟိုဒီဒီကြည့်ရင်း တရေးအိပ်ပျော်သွားပြန်ရော။ Saroo ခုတခါ နိုးလာတော့ ရထားက အရှိန်နဲ့ ခုတ်မောင်းနေပြီ။ ဖြစ်ချင်တော့ သူတက်အိပ်နေတဲ့ ရထားဟာ ခရီးသည်မတင်ဘဲ တွဲအလွတ်တွေချည်းပဲ ဆွဲပြီး ထွက်လာတဲ့ ရထားပါ။ ကလေး ပါလာမှန်းလည်း ဘယ်သူမှ မသိဘူး။ အပြင်ကနေ lock ချပြီး ဘူတာစဉ် မရပ်နားဘဲ ခုတ်မောင်းနေတဲ့ ရထားပေါ်က Saroo အဖြစ်ဟာ ကူရာမဲ့ကယ်သူမဲ့ပါပဲ။ ရထားခရီးစဉ်က နှစ်ရက်ကြာမြင့်ခဲ့ပြီ။ မျက်ရည်စက်လက်နဲ့ Saroo ခင်မျာတော့ ခုံအကြိုအကြားက စားကြွင်းစားကျန်တွေ ရှာစားပြီး အိပ်လိုက်၊ ဘယ်နေရာမှန်း မသိတဲ့ ရထား အပြင်ကို ငေးမောလိုက်နဲ့ လိုက်ပါလာရတယ်။ ဒါနဲ့ ရထားဟာ ကာလက္ကတားမြို့ ဘူတာကြီးကို ဆိုက်ရောက်တော့မှ Saroo လည်း ရထားပေါ်က ဆင်းလို့ ရတော့တယ်။ ဘယ်အရပ်ဒေသမှန်းမသိ၊ လူတွေ ပျားပန်းခတ်မျှ ရှုပ်ထွေးနေတဲ့ ဘူတာရုံ၊ ဒေသမတူလို့လည်း ဘာသာစကားကလည်း မတူ၊ အမေ နဲ့ အကိုကို တမ်းတရင်း ငိုနေတဲ့ ၅ နှစ်သား ညစ်ထေးထေး ကလေးငယ်ကို ဘယ်သူကမှ အရေးတယူလုပ် မလုပ်ကြ။အမှန်တော့ Saroo တစ်ယောက် အိမ်နဲ့ မိုင်ထောင်ချီဝေးရာ အရပ်ကို ရောက်နေပါပြီ။ အိမ်မဲ့ယာမဲ့ကလေးတွေ ကြားမှာ ရောအိပ်၊ ကလေးဖမ်းသူတွေနဲ့ တွေလို့ ထွက်ပြေး၊ လူပွဲစားတွေ လက်က ထွက်ပြေး၊ ဘူတာနားမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ အမှိုက်ကောက်စား။ ရဲနဲ့တွေ့တော့လည်း Saroo ပြောတဲ့ သူ့ရွာနာမည်ကို ရဲက နားမလည်။ ငါးနှစ်သားဆိုတော့လည်း ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့တွေ မပြောတတ်၊ သူပြောတဲ့ရွာနာမည်ဆိုတာလည်း သူ ခေါ်တတ်သလို ခေါ်တာ၊ မှန်ချင်မှ မှန်မယ်။ လူမှုဝန်ထမ်းက သတင်းစာမှာ ကြော်ငြာထည့်ပေးပေမယ့် ပြည်နယ်တွင်းဖြန့်တဲ့ သတင်းစာဟာ မိုင်ထောင်ချီဝေးတဲ့ Saroo တို့ ဒေသကို ဘယ်ရောက်ပါ့မလဲ။ ရောက်ရင်လည်း ဇနပုဒ်မှာ နေတဲ့ စာမတတ် ပေမတတ်အမေက ဘယ်ဖတ်တတ်မတုန်း။ နောက်တော့ မိဘမဲ့ဂေဟာမှာ ဆင်းဆင်းရဲရဲနေရတဲ့ Saroo ရဲ့ ဘဝကြမ္မာအလှည့်အပြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ သြစတေးလျမှာနေတဲ့ Brierly ဇနီးမောင်နှံက Saroo ကို မွေးစားဖို့ ကမ်းလှမ်းလာပါတယ်။ မိသားစုနဲ့ ပြန်တွေ့ဖို့ သမုဒ္ဒရာထဲ အပ်ပျောက်ရှာသလို ခဲယဉ်းသွားပြီဖြစ်တဲ့အတွက် Saroo လည်း အိမ်နဲ့ ဝေးသထက်ဝေးရာ တိုင်းတပါးက မိဘအသစ်တွေဆီ ရောက်ရှိလာပါတော့တယ်။ အနေအေးပြီး ညဏ်ကောင်းတဲ့ Saroo ကို မွေးစားမိဘနှစ်ပါးက သားအရင်းနဲ့ မခြား ချစ်ခင်ကြပြီး လိုလေသေးမရှိအောင် စောင့်ရှောက်ပေး ပြုစုပျိုးထောင်ပေးခဲ့တယ်။ မိသားစုနဲ့ ကွဲကွာအပြီး ၂၅ နှစ်အကြာ Saroo လည်း အရွယ်ရောက်၊ Brierly မိသားစုရဲ့ သားလိမ္မာတစ်ယောက် ဖြစ်နေပါပြီ။ မဲလ်ဘုန်းက တက္ကသိုလ်တစ်ခုမှာ ပညာသင်ယူရင်း အိန္ဒိယနိုင်ငံက ကျောင်းလာတက်သူ သူငယ်ချင်းတွေနဲ့ ဆုံမှ နှစ်ပေါင်းများစွာ ဝေးနေရတဲ့ သူ့အိမ်၊ သူ့ မိသားစုကို ပြန်ရှာဖို့ လမ်းစကို စဉ်းစားမိပါတော့တယ်။ သူမှတ်ထားတဲ့ ရွာနာမည်ကလည်း လွဲနေတော့ အိမ်ကို ရှာဖို့က အရမ်းခဲယဉ်းတယ်။ သူမှတ်မိတာ သူ့ကို အရမ်းချစ်တဲ့ အမေ၊ သူ့ကို အရမ်းဂရုစိုက်အလိုလိုက်တဲ့ အကို၊တောတန်းလေးကို ဖြတ်ပြန်ရတဲ့ သူ့ရွာလေး၊ အမေနဲ့အတူ ကျောက်သယ်ရတဲ့ ကျောက်တောင်ကုန်းတွေ၊ ညီအကိုနှစ်ယောက် ရေချိုးကြတဲ့ ရထားလမ်းဘေးက ဆည်လေး။ တကယ်တော့ Saroo ဟာ ၂၅ နှစ်လုံးလုံး တစ်ရက်မှ မပျော်ခဲ့ရဘူး။ ဘယ်ဆီရောက်နေမှန်း မသိတဲ့ မိသားစုကို လွမ်းဆွတ်စိတ်ကြောင်း တမြေ့မြေ့ခံစားနေရတယ်။ အိပ်မက်ထဲမှာ အမေ့ဆီ ပြန်ရောက်နေတယ်လို့ပဲ မက်တယ်။ အရွယ်ရောက်လာလေ စိတ်ထိခိုက်ကြေကွဲရလေပဲ။ သူ့နာမည်ကို တကျော်ကျော်အော်ခေါ်ပြီး ရှာနေမယ့် အကို၊ သေလားရှင်လား မသိတဲ့ သားအတွက် သောကဖိစီး ငိုကြွေးနေမယ့် အမေ တို့ကို မြင်ယောင်ရင်း ကြေကွဲဝမ်းနည်းမိရတယ်။ အထူးသဖြင့် မွေးစားမိဘများ ကျေးဇူးကြောင့် ရပ်ဝေးမှာ ကောင်းကောင်း နေထိုင်၊စားသောက်နေရချိန်မှာ ဆင်းရဲတဲ့ သူ့ မိသားစုကို အတွေးထဲမှာ ပုံဖော်ကြည့်ပြီး စိတ်ထိခိုက်ရပြန်တယ်။ Saroo တစ်ယောက် ကောက်ရိုးပုံထဲ အပ်ရှာသလို လူဦးရေ သန်းထောင်ချီရှိတဲ့ အိန္ဒိယက မွေးရပ်မြေ၊ မိသားစုကို ပြန်တွေ့ဖို့ ကြိုးပမ်းရတဲ့ ရှာပုံတော်ခရီးဟာ………… ====================================== လူဦးရေ သိပ်သည်းဆ များပြားပြီး ဆင်းရဲနွမ်းပါးသူပေါများတဲ့ အိန္ဒိယမှာ နှစ်စဉ် ကလေးပျောက်မှု ၈၀၀၀၀ လောက် ပျမ်းမျှ ဖြစ်ပွားလေ့ရှိသတဲ့။ Saroo ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အဲဒီလို ဖြစ်စဉ်ပေါင်းများစွာထဲက တစ်ခုပါ။ ဒီရုပ်ရှင်ဟာ ကာယကံရှင် Saroo Brierly ရေးတဲ့ A long way home စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အစအဆုံး ဇာတ်ဝင်ခန်းတွေ တစ်ခန်းချင်း ကြည့်နေရင်း တကယ့် ဖြစ်ရပ်ပါလားဆိုတဲ့ အသိကြောင့် ကာယကံရှင်တွေရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှူသူကိုပါ အရှိန်ဟပ်စေပါလိမ့်မယ်။ မိသားစုနဲ့ခွဲနေရလို့ အိမ်လွမ်းသူ ကျွန်တော့်အဖို့လည်း သေမှန်းမသိ၊ ရှင်မှန်း မသိ ရှင်ကွဲကွဲနေရတဲ့ သူတို့မိသားစုထက်စာရင် တော်ပါသေးလားလို့ ဖြေတွေးတွေးရပါတယ်။ ကိုယ်တွေရဲ့ အလွမ်းဟာ Saroo နဲ့ ယှဉ်ရင် ကလေးကစားစရာလောက်ပဲ ဖြစ်နေမလားဘဲ။ Dev Patel၊ Rooney Mara၊ Nicole Kidman စတဲ့ သရုပ်ဆောင်ကောင်းများ ပါဝင်ထားပြီး အော်စကာတစ်ကြို ၆ ဆု စာရင်းပါခဲ့တဲ့ကားပါ။ ကလေးသရုပ်ဆောင်များရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုများကလည်း ချီးကျူးထိုက်ပါတယ်။ ဝတ္ထုပုံပြင်တွေထက် ဆန်းကြယ်တဲ့ တကယ့် ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းကောင်တစ်ကားမို့ ကြုံကြိုက်ရင် ကြည့်ဖြစ်အောင် လက်တို့ညွှန်းဆိုလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Phyo Myint Wai FB မှ ကူးယူဖော်ပြပါသည်။)

Comedy • Drama
8 2016 118 mins
Lion