YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Recruit.S01E02.720p.NF.WEB-DL[CM].mp4

340.17 MB N/A video/mp4 173 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Dead Pool
6.3

Review- Dead Pool ဆိုတဲ့ ဂိမ်းဆိုတာဘယ်သူသေမလဲဆိုတာခန့်မှန်းတဲ့လောင်းကစားပါ ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ Peter Swan နဲ့ သူ့ရဲ့ရိုက်ကူးရေးအဖွဲ့သားတွေကဒီဂိမ်းကိုဆော့ကစားကြပါတယ် ဒါပေမယ်သူတို့နာမည်ကျော်တွေကိုပဲခန့်မှန်းပြီးကစားကြပါတယ် ဖြစ်ချင်တော့သေဆုံးသူတွေဟာ Peter Swan ရဲ့စာရင်းထဲကလူတွေပဲဖြစ်နေတာကိုသတိထားမိတဲ့နောက်မှာတော့ စုံထောက်ကြီး Harry Callahan သံသယတွေဝင်လာပါတယ် တကယ်ပဲလူသတ်သမားဟာ Peter Swan ဖြစ်နေမလား သူ့ကိုမုန်းတီးတဲ့အခြားတစ်ယောက်လား ဘာလို့ဒီလိုလိုက်သတ်နေရလဲ စုံထောက်ကြီး Callahan ကရောဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:31:00 Type__Action, Crime, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Comedy
6.3 1988 91 mins
The Dead Pool
The Best Offer
7.8

The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစား ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီး တန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင် တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်း သူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။ Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင် လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာ ကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင် မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူ အမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်း များကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲ အချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို ပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို သူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။ အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင် တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ..... ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိ ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှ အတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါကြောင်း။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Suu ပဲ ဖြစ်ပါတယ်) File size…1.59GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu

Drama • Horror
7.8 2013 131 mins
The Best Offer
Double Impact
6.1

ဟောင်ကောင်ဆို ဂျက်လီ ဂျက်ကီချမ်း၊ အနောက်ကဆို ဗန်ဒိန်းတို အာနိုးတိုဟာ ငယ်ငယ်က အက်ရှင်ကားတွေပရိသတ်တွေတိုင်း အသည်းစွဲလူတွေပါပဲ။ ဗန်ဒိန်းဟာလည်း သူ့ခေတ်သူ့အခါကတော့ မသိသူမရှိလောက်အောင် နာမည်ကျော်တဲ့သူပါပဲ။ သူ့ဇာတ်လမ်းတွေဟာ နည်းနည်း ရုပ်ရှင်ကောင်းတွေအများကြီးကြည့်ဖူးပြီးတဲ့သူတွေအတွက် နည်းနည်းအရသာပေါ့ကောင်းပေါ့ ပေါ့နိုင်ပေမဲ့ အက်ရှင်ခန်းတွေကတော့ ကိုယ်ခံပညာတကယ်တတ်တဲ့ ဗန်ဒိန်းကိုယ်တိုင် သရုပ်ဆောင်ထားတာဆိုတော့ ပြောင်မြောက်ပါတယ်။ ဇာတ်လမ်းက နည်းနည်းတော့ တက်သုက်ရိုက်ဆန်ပေမဲ့ ငယ်ဘဝကို အမှတ်ရချင်တဲ့သူတွေအတွက်တော့ အလွမ်းပြေကြည့်လိုကောင်းမယ့် ဇာတ်လမ်းဖြစ်မှာပါ။ ဒီဇာတ်လမ်းမှာတော့ ဗန်ဒိန်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်၂ကောင်ဟာ အပျော့နဲ့အမာ ယင်နဲ့ယန် အပူနဲ့အအေးလိုဖြစ်နေပေမဲ့ ဗန်ဒိန်းဟာ အစွမ်းကုန် ကြိုးစားသရုပ်ဆောင်ပေးခဲ့ပါတယ်။ ဟောင်ကောင်မှာ တူးမြောင်းလုပ်ငန်းတစ်ခုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုလိုချင်တဲ့ သူ့ပါတနာဟာ ဟောင်ကောင်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကူအညီကိုယူပြီး လုပ်ငန်းရှင်ကိုရော သူ့မိသားစုကိုပါ သတ်ဖိုစီစဉ်ခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့အမွှာသားလေး၂ယောက်ဟာ မသေဘဲလွတ်သွားခဲ့ပါတယ်။ ၂၅နှစ်ကြာပြီးတဲ့နောက် ညီအစ်ကို နှစ်ယောက်ပြန်ဆုံတွေ့ပြီး သူတိုအဖေအတွက် လက်စားချေဖို ကြိုးစားကြတဲ့အခါမှာတော့... ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:50:00 Type__Action , Crime Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Drama • History • War
6.1 1991 110 mins
Double Impact
K.G.F: Chapter 1
7.5

၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။ "ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..." ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။ တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို အပိုင်စီးလိုက်တာပဲ...။ အဲ့ဒီနောက်မှာ ဒီနေရာကို တပ်မက်နေတဲ့သူတွေလက်ကနေ ကာကွယ်ဖို့ ၉၉နှစ်တာ လုပ်ကိုင်ခွင့် စာချုပ်နဲ့အတူ နာရာချီထုံးကျောက်တူးဖော်ရေးကုမ္ပဏီဆိုပြီး သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုကို ကောက်ထူထောင်ပြီး ခံတပ်ကြီးတစ်ခုကို အခိုင်အမာ ဆောက်တည်တယ်။ အင်အားကြီးလာတဲ့ ဆူရိယဗာဒန်ဟာ ပတ်ဝန်းကျင်ဒေသတွေမှာရှိတဲ့လူတွေကို သူ့ခံတပ်အတွင်းကို အတင်းအဓမ္မခေါ်ယူပြီး မညှာမတာ အလုပ်စေခိုင်းတော့တယ်။ လုံခြုံရေးသုံးဆင့်ကာရံထားတဲ့ ခံတပ်ကြီးအတွင်းကို ရောက်ရှိသွားသူတွေဟာ ပြန်လမ်းမရှိတော့ဘူး။ အဲ့ဒီလုံခြုံရေးသုံးဆင့်ဆိုတာက ၁ - အခိုင်အမာတည်ဆောက်ထားတဲ့ ဧရာမတံတိုင်းကြီး ၊ ၂ - ဧရာမတံခါးကြီး နဲ့ ၊ ၃ - အဲ့ဒီနှစ်ခုကို စောင့်ရှောက်ပေးမယ့် ရက်စက်ကြမ်းကြုတ်လွန်းသူ လူမိုက်ခေါင်းဆောင် ဗားနာရမ် တို့ ဖြစ်တယ်။ လက်ရှိအချိန်မှာ သူဟာ နာမကျန်းဖြစ်ပြီးတော့ အိပ်ယာထဲ လဲနေတယ်။ သူ့အရိုက်အရာကို ဆက်ခံဖို့ သားကြီးဖြစ်တဲ့ ဂါရူးဒါးကို တာဝန်ပေးထားတယ်။ ကိုလာရွှေလုပ်ကွက်ရဲ့ ခေါင်းကိုင်ဖခင်ကြီးမှာ အိုးစားဖက် ငါးယောက်ရှိတယ်။ ၁ - ဘာဂါ့ဗ်ရဲ့သား ကာမဲလ် (ကိုလာရွှေလုပ်ကွက်က ထွက်လာသမျှ ရွှေတွေကို သန့်စင်ပေးတဲ့သူ) ၂ - ရာဂျန်ဒရာဒီစိုင်း (ဘန်ဂလောမှာနေရင်း ကိုလာရွှေတွေကို စျေးကွက်ကို ဖြန့်ပေးတဲ့သူ) ၃ - အင်ဒရူး (ရေလမ်းကုန်သွယ်ရေးအတွက် အနောက်ကမ်းရိုးတမ်းကို ချုပ်ကိုင်ထားတဲ့သူ) ၄ - ဂုရုပန်ဒရန်း (ဆူရိယဗာဒန်ကြောင့် နိုင်ငံရေးသမား ဖြစ်လာတဲ့သူ) ၅ - အာဒီးရာ (ဆူရိယဗာဒန်ရဲ့ ညီအရင်း) ဒီ၅ယောက်ကို အုပ်ချုပ်ပြီး ၊ ဒီ၅ယောက်ရဲ့ အကူအညီနဲ့ ကိုလာရွှေလုပ်ကွက်ကို လည်ပတ်နေတာ....။ "ရော့ကီ့အကြောင်း" ရော့ကီဟာ ဘုံဘေမြို့မှာနေထိုင်တယ်။ ငယ်ကလည်းက ဇရှိတယ် ၊ လက်ရဲတယ်။ရည်မှန်းချက် ကြီးမားတယ်။ သွားလေသူ မိခင်ပေးခဲ့တဲ့ ဘ၀ခွန်အားတွေကြောင့် အမြင့်ဆုံးကို ရောက်ချင်နေတဲ့သူ။ ငယ်ကလည်းက လက်ယဉ်တာကြောင့် ဘုံဘေရှက်တီဆိုသူ လူမိုက်ကြီးရဲ့ လက်သပ်မွေးခြင်းကို ခံရတဲ့သူ။ ရှက်တီ့မှာ ကြုံလာသမျှ ဘေးရန်တွေ ၊ ရှက်တီ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ကိုင်ပေးရင်း သူမတူတဲ့သူ့အစွမ်းအစကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မကြည်တာကို ခံရတဲ့သူ။ သူ့အစွမ်းအစကို ရှက်တီက အသိအမှတ်မပြုပေမယ့် ရှက်တီ့အထက်က အကောင်ကြီးတစ်ကောင်ဖြစ်တဲ့ နံပါတ် ၃ အိုးစားဖက် အင်ဒရူးက ရော့ကီ့အကြောင်းကို ကြားပြီး အလုပ်တစ်ခု လာကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အလုပ်က လုံခြုံရေးအပြည့်ယူထားပြီး ဘန်ဂလောမြို့ကို လာမယ့်လူတစ်ယောက်ကို အပြတ်ရှင်းပေးရမှာ...။ ဒီတော့ သူဟာ ဘုံဘေကနေ ဘန်ဂလောကို ခရီးထွက်လာခဲ့ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ အပိုင်း၂အတွက်ဆိုရင်တော့ ဇာတ်ဆောင် အသစ်တွေ မြင်ရတော့မှာပါ။ ရာမီကာစိမ်းဆိုတဲ့ လူထုဩဘာသံနဲ့အတူ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူနဲ့ ဆူရီးယားဗာဒန်ရဲ့ ညီ၊ ဂါရူးဒါးရဲ့ ဦးလေးဖြစ်တဲ့ အားဒီးယားပါ။ အပိုင်း၁မှာတော့ သူတို့အကြောင်း အနည်းငယ်မျှသာ ပါဝင်ခဲ့ပြီး အပိုင်း၂မှာတော့ ရော့ကီရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ မကြာခင်ထွက်လာတော့မယ့် အပိုင်း၂ကို စောင့်စားရင်း အပိုင်း၁ကို အရင်ကထက် ပိုလန်းတဲ့ အရည်အသွေး၊ ပိုကောင်းတဲ့မြန်မာမှု၊ မူရင်းအသံတို့နဲ့အတူ ပြန်လည် ခံစားလိုက်ကြရအောင်ဗျာ။ File Size :(1.20 GB ) and (600 MB) Quality : WEB-DL 720p Running Time : 2h 36min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL-1080p-UNTOUCHED-AVC-DD5.1  Translated by Myint Thu & Nyi Nyi Koe (MLMC) Encoded by Phyo Pyae

Music
7.5 2018 156 mins
K.G.F: Chapter 1
King Kong
6.9

King Kong (2005) ~ IMDb - 7.2/10, Rotten Tomatoes - 84% ~ Directed By "Peter Jackson" " It was Beauty killed the Beast. " ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ "သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား" လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ "တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ" လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ "တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်" ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 5,03GB, 3.14GB Quality - 1080p HEVC, 720p IMDb Rating - 7.2/10 Format - mkv, mp4 Duration - 3H 7Min Genre - Action, Adventure, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Ka Naung

Drama • Sci-Fi & Fantasy
6.9 2005 187 mins
King Kong
Trapped in the Cabin
4

ရုပ်ရှင်ကားနာမည်အတိုင်း ရေဘတ်ကာကိုးလင်းဆိုတဲ့ စာရေးဆရာမဟာ စိတ်အပန်းဖြေအနားယူဖို့ရာ သူ့အက်ဒီတာကြီး ငှါးပေးထားတဲ့ မြို့ပြင်ကလူရှင်းတိတ်ဆိတ်တဲ့ အပန်းဖြေအိမ်လေးမှာခေတ္တနေဖို့ဖြစ်လာပါတယ်၊ အခန်းရောက်တဲ့ချိန်မှာတော့ ပုံမှန်လိုပဲထင်နေရာက ရေဘတ်ကာကို CCTV စောင့်ကြည့်ကင်မရာရှုထောင့်တွေကနေပြနေတာကိုသတိထားမိမှာပါ၊ အဲလိုနဲ့ ရေဘတ်ကာလည်းအပြင်ထွက်လမ်းလျှောက်ရင်း နေသန်ဆိုတဲ့ယောကျာ်းတစ်ယောက်ကိုတွေ့တော့ နှစ်ယောက်သားဘာလိုလိုနဲ့ အတူတူညကျော်ပြီးမနက်ရောက်သွားကြပါတယ်။ ရေဘတ်ကာမနက်နိုးလာတော့ နေသန်မရှိတော့ပဲသူ့အခန်းမှာရှုပ်ပွပြီးဗရမ်းဗတာတွေဖြစ်နေတာတွေ့၊ သူ့လက်ပ်တော့ထဲလည်းဝင်မွှေသွားတာတွေတွေ့လိုက်ရတော့ ဒါနေသန့်လက်ချက်ပဲသေချာတယ်လို့ပြောလ်ို့ရပါတယ် ၊ ဒါပေမဲ့ဘာလို့နေသန်ကဒါတွေလုပ်သွားရတာလဲ၊ ဘာလိုချင်လို့ဒါတွေလုပ်ရတာလဲ ဆိုတာအဆုံးထိကြည့်မှဇာတ်ရည်လည်သွားမယ့်ကားမျိူးမို့ကြည့်ကြည့်ပါဦးလို့။ File size…(1.76 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Crime • Mystery • Thriller
4 2023 86 mins
Trapped in the Cabin
Garuda
9.2

Garuda(2022) IMDb-9.2/10 ကန်နာဒါရုပ်ရှင်မင်းသမီးချောလေးနှစ်ယောက် ဖြစ်တဲ့ Ashika Ranganath နဲ့ Aindrita Ray တို့ရဲ့ အလှကိုခံစားရင်းကြည့်ရှူရမယ့်အက်ရှင် ဇာတ်ကြမ်းလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ ဂိုအာဆိုတဲ့ကမ်းခြေမြို့လေးဟာ သာယာလှပသလောက် အကြမ်းဖက်မှုပေါင်းစုံ၊ လူသတ်မှုပေါင်းစုံ စသဖြင့် အကြမ်းဖက်သမားနဲ့ ရဲတွေလက်ဝါးချင်းရိုက်နေတဲ့ ဒုစရိုက်နေရာပါ။ အဲ့နေရာမှာ ရမ်ဆိုတာက သူ့ဘဝကိုဇာတ်မြှုပ်ပြီး ဟိုတယ်အသေးစားလေးဖွင့်ကာ လုပ်ကိုင်စားသောက်နေတဲ့သူ‌ပေါ့ တစ်နေ့မှာ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့ ဟိုတယ်စား‌သောက်ဆိုင်ထဲ၀င်ကာ စားသောက်ပြီးငွေမရှင်းဘဲ စားပွဲထိုးကိုပါ ပါးရိုက်လိုက်ပါတယ်။ သူဌေးဖြစ်တဲ့ရမ်က သူ့၀န်ထမ်းကိုစော်ကားသွားတဲ့ လုပ်ရပ်ကို သူလက်ပိုက်ကြည့်မနေနိုင်တဲ့အခါ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတော့တယ်။ ဒုစရိုက်မြို့ကြီးထဲမှာ ဒုစရိုက်သမားကို ရမ်တစ်ယောက်ဘယ်လိုဖြေရှင်းရမလဲ သူ့ရဲ့မြှုပ်ထားတဲ့ ဘဝဇာတ်ကြောင်းကရောဘာဖြစ်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။

9.2 2022 142 mins
Garuda
I, Challenger
6.1

I, Challenger (2022) ဆစ်ဒ် ဆိုတဲ့သတ်လတ်ပိုင်းလူကတော့ သူ့ကိုယ်သူအရှုံးသမားအဖြစ် အပြည့်အဝခံယူထားသူပါ။ အလုပ်ကမရှိ၊ သူ့အလုပ်က စက်ရုပ်နဲ့အစားထိုးခံလိုက်ရလို့အလုပ်ပြုတ်သွားတယ်။ လတ်တလောအလုပ်ကတော့ ဆယ်ကျော်သက်တွေကိုဆေးခြောက်ရောင်းတဲ့အလုပ်။ ဘော်ဒါဆိုတော့လဲ သူနဲ့ဂိမ်းတွဲဆော့နေကျ ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲရှိတယ်။ ဆော်ကလဲမရှိ။ သူကလဲကြံရာမရ ပေါက်ကရတွေအကုန်လုပ်တဲ့သူပါ။ Tinder ကနေလဲ သကြားမေမေရှာကြည့်သေးတယ်။ မအိုကေ။ ထီတွေဆိုတာလဲ လတိုင်းထိုးတာ။ နောက်ဆုံးတော့ ကံကောင်းခြင်းရဖို့ ဂူဂဲလ်မှာရှာရင်း ရုရှားကဗီဒီယိုတွေကိုသွားတွေ့တယ်။ ရုရှားကလူတွေက သူတို့ကိုယ်သူတို့၂၄ နာရီကြာ အခေါင်းထဲထည့်မြှပ်နှံပြီး ကံကောင်းခြင်းကိုရသွားကြတယ်တဲ့။ အခေါင်းထဲကပြန်ထွက်လာတာနဲ့ အလုပ်တွေအချစ်ရေးတွေအရာရာမှာကံကောင်းလာတယ်။ သေချာတာပေါ့ ဆစ်ဒ်ကလဲ သူ့တစ်ဦးတည်းသော သူငယ်ချင်းကောင်လေးရဲ့ အကူအညီကိုယူပြီး သူ့ကိုယ်သူ ၂၄ နာရီကြာ မြှုပ်နှံဖို့ ကြိုးစားလိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 767MB | 373MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

6.1 2022
I, Challenger
HiGH&LOW: The Red Rain
6.2

ဇာတ်လမ်းအစမှာတော့ အာမားမီးရားညီအစ်ကိုတွေဖြစ်ကြတဲ့. ဟီရိုးတိုးနဲ့ မာဆားကိတိုဟာရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ တာကဲရုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်.မထင်မှတ်ဘဲ မိန်းမချောလေးဖြစ်သူ အိုင်ကာ နဲ့ တွေ့ဆုံမိပြီး.မိသားစု (၉) စု ရှိတဲ့ ခူရူးယုဂိုဏ်းရဲ့ မိသားစု (၁) စု ဖြစ်တဲ့. ကာမီဇိုနို မိသားစုရဲ့အရှုပ်အရှင်းတွေကြားထဲ ရောပါသွားချိန်မှာတော့.သူ့အဖေအတွက် တရားမျှတမှုကို ရှာဖွေနေသူ အိုင်ကာကို ကူညီရင်း. ဟီရိုးတိုးနဲ့ မာဆားကိတို့ ညီအစ်ကိုနှစ်ယောက်သူတို့တွေ့ချင်နေတဲ့ အစ်ကိုဖြစ်သူကို ရှာတွေ့မလား.ခူရူးယုဂိုဏ်းတင်မက တိုင်းပြည်ကိုပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေနိုင်တဲ့လျို့ဝှက်ချက်ကြီးကို ဖော်ထုတ်နိုင်မလား. မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့.ညီအစ်ကိုသံယောဇဉ်. အနစ်နာခံမှု. မိသားစုရဲ့အဓိပ္ပါယ် ဆိုတာတွေကို ချပြထားတဲ့အက်ရှင်ကြမ်းကြမ်း. ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.76GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Sai Sumali

Action
6.2 2016
HiGH&LOW: The Red Rain
The Silence
7

၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence) ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာ ဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာ လယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲ တစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်း တူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီး ရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းက မတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်း ပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါ ဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီး တစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ.. ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲ မှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့် တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Thriller • Drama
7 2010
The Silence
Qayamat Se Qayamat Tak
7.4

အငြိုးအတေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ။ ဇာတ်လမ်းရဲ့ အစမှာ ဒါနက်ပူးရ် ရွာလေးရဲ့ မြေပိုင်ရှင်ကြီးသား မင်္ဂလာပွဲ ပြင်နေတာက စပါတယ်။ ဘယ်သူမှ မသိတာက အဲဒီလူရဲ့ သားနဲ့ တခြား မြေရှင်ကြီးရဲ့ သမီးတို့ ငြိစွန်းပြီး ကိုယ်ဝန်ရှိနေတာပါပဲ။ သူနဲ့ ရတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပြီး အဲဒီ ကောင်မလေးလဲ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားပါတယ်။ ဒါကို မကျေနပ်လို့ အစ်ကိုဖြစ်သူက ညီမအစား လူသတ်မှုကျူးလွန်ခဲ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ ၁၄နှစ်အကြာမှာ ကြမ္မာရဟတ်က တစ်ပတ်ပြန်လည်လာခဲ့ပြီး အဲဒီ မိသားစု ၂ခုရဲ့ သား နဲ့ သမီးတို့ ချစ်ကြိုက်သွားကြပြန်ပါတယ်။ မိသားစု ၂ခုရဲ့ မပြေနိုင်တဲ့ အငြိုးအတေးတွေကြား သူတို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ ဇာတ်သိမ်းမှာရော ဘယ်လို ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ် File Size : 3.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 2hr 42min Format : Mp4 Genre : Drama, Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Boomer Encode by : Thit San Khant

7.4 1988 162 mins
Qayamat Se Qayamat Tak
Allen Sunshine
6

IMDb Rating: 6.1/10 ဒီဇာတ်ကားကိုတော့ အသက် ၂၅ နှစ်ပဲရှိသေးတဲ့ လူငယ်ဒါရိုက်တာ Harley Chamandy ရိုက်ကူးထားပြီး တီထွင်ဖန်တီးမှုအတွက် ပေးတဲ့ 2024 Werner Herzog Film Award ရရှိထားပါတယ်။ ဒီကားမှာတော့ ဂီတပညာရှင် အယ်လန် ဆန်းရှိုင်း ဟာ နာမည်ကြီး အဆိုတော်ဖြစ်တဲ့ သူ့အမျိုးသမီး ကိုယ့်ကိုကိုယ် သတ်သေသွားလို့ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ဖြေဖျောက်ဖို့ လူသူ တိတ်ဆိတ်တဲ့ ရေကန်နံဘေးက သစ်လုံးအိမ်လေးကို ပြောင်းရွှေ့ ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မိန်းမအပေါ် ပျက်ကွက်ခဲ့တာတွေ အတွက် သူ့မှာ အမြဲယူကြုံးမရဖြစ်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး ပျော်ရွှင်ဖို့မထိုက်တန်တဲ့သူလို ခံစားနေခဲ့ရပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဒေသခံ ကလေး ၂ ယောက်နဲ့ ဆုံခဲ့ပြီး သူတို့ဆီက လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အပြန်အလှန်ဖေးမမှုတွေခံစားလာရပြီးတဲ့နောက် ပတ်ဝန်းကျင်နဲ့သီးခြားနေဖို့ လုပ်ခဲ့တဲ့ အယ်လန်တစ်ယောက် ပတ်ဝန်းကျင်နဲ့ဘယ်လိုပြန်ချိတ်ဆက်လာမလဲ… ကိုယ့်ဘဝကို ဘယ်လိုပြန်ရှာဖွေမလဲဆိုတာကို မျက်စိပသာဒဖြစ်စရာ တောတောင်ရှုခင်းတွေ၊ ရေပြင်ကျယ်ကြီးတွေကို ကြည့်ရင်းနဲ့ ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File size… (1.97GB) / (986MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

6 2024 81 mins
Allen Sunshine
Art of the Devil 2
6

Art Of The Devil 2 (2005) ************************* IMDb 6.0 ရထားတဲ့ ထိုင်း Horror ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသား တစ်စု ကျောင်းဆင်းပြီး ၂ နှစ်အကြာမှာ သူငယ်ချင်းတစ်ယောက် ရဲ့ အိမ်မှာ သူ့အဖေရဲ့ အသုဘ အတွက်ပြန်လည် ဆုံတွေ့ဖြစ်ကြပါတယ်… အမှောင်ချိန်ရောက်ရှိလာတဲ့အခါမှာတော့ ထူးဆန်းတဲ့အရာတွေ တစ်ယောက်ယောက်ပြီးတစ်ယောက်အပေါ် ဖြစ်ပေါ်လာပါတော့တယ်…တစ်ယောက်ယောက်က အောက်လမ်းနည်းနဲ့ သူတို့ တွေကို ကလဲ့စားချေဖို့ ကြိုးစားနေသလိုမျိုးဖြစ်လာပါတယ်…ဒါတွေက ဘာကြောင့်လဲ ဘယ်သူကြောင့်လဲ ဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ရှုစားလိုက်ပါဦးနော်… File Size : 2.83GB / 1.02GB Quality : WEB-DL 1080p / 720p Duration : 01:40:00 Genres : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by TheintYT Encoded by Heather Oo

6 2005 102 mins
Art of the Devil 2