YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Quest.2022.S01E03.720p.AAC2.0CH(CM).mp4

311.49 MB N/A video/mp4 891 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wifelike
7.3

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Wifelike ဆိုတဲ့ Sci-Fi, Thriller အမျိုးအစားဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb မှာ Rated R အဖြစ် သတ်မှတ်ထားတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဉ်းကတော့ William က Wifelike ကုမ္ပဏီက အေးဂျင့်တစ်ယောက်ပေါ့။ သူ့အလုပ်ကတော့ ကုမ္ပဏီကထုတ်တဲ့ လူသားစက်ရုပ်အဖော်တွေကို စောင့်ရှောက်ပေးရတာပါ။ တစ်ဖက်မှာလည်း စက်ရုပ်အဖော်တွေကိုဆန့်ကျင်တဲ့ SCAIR ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့က စက်ရုပ်တွေကို ပိုင်ရှင်တွေဆီကခိုးသွားပြီး အကြမ်းဖက်မှုတွေမှာ အသုံးချတယ်ဆိုပြီး နာမည်ကြီးတဲ့အဖွဲပေါ့။ တစ်နေ့မှာတော့ ကုမ္ပဏီကနေ William အတွက် သူ့ရဲ့ဆုံးသွားတဲ့ဇနီး Meredith နဲ့ တစ်ပုံစံတည်းတူတဲ့ စက်ရုပ်အဖော်တစ်ယောက် လုပ်ပေးလိုက်ပါတယ်။ Meredith က သူ့ပရိုဂရမ်အရ အစပိုင်းမှာ ကိစ္စအားလုံးကိုမမှတ်မိသေးဘဲ နောက်ကျတော့မှ လူသား Meredith နဲ့ တဖြေးဖြေးပေါင်းဆည်းသွားပြီး တစ်သားတည်းဖြစ်သွားမှာပါ။ အဲလိုနဲ့ Meredith စက်ရုပ်လေးက ဘာကိုမှမမှတ်မိသေးဘဲ အားလုံးကိုစူးစမ်းလေ့လာနေတဲ့အချိန်မှာ SCAIR အဖွဲ့က သူ့ဆီချဉ်းကပ်လာတော့ William အနေနဲ့ သူ့မိန်းမစက်ရုပ်လေးကို ဘယ်လိုကာကွယ်သွားမလဲ၊ SCAIR အဖွဲ့ရဲ့သရုပ်မှန်ကရောဘာလဲ၊ Meredith ကရော သူ့အရင်မှတ်ဉာဏ်တွေကို ပြန်ရပါ့မလားဆိုတာ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Sci-Fi Quality…. 1080p | 720p | 480p File size…1.07GB | 628MB | 375MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Drama • Thriller
7.3 2022 106 mins
Wifelike
Seven Nights in Japan
6

Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ "ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ" တဲ့။ "အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်" တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။) File size…(650MB) Quality….DVDRip Format…mp4 Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tharman Myint

Drama • History • Romance
6 1976 100 mins
Seven Nights in Japan
Riders of Justice
7.3

IMDb....7.7 ,,,Rotten...93% ဒီကာလမှာ ဂျင်းကားတွေခပ်များများကြားထဲက ဒီလို လတ်ဆတ်ကြမ်းထော်နေတဲ့ ratingတွေလာတဲ့ အက်ရှင်ကားက ခပ်ရှားရှားရယ်.... မားကပ် ဆိုတဲ့ စစ်သားကြီးမှာ မိန်းမနဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်နေ့မှ ရထားချင်းမတော်တဆ တိုက်မှုမှာ မိန်းမကသေသွားပြီး သမီးနဲ့သူပဲ ကျန်ခဲ့တယ်။ အဲဒီရထားပေါ်မှာပဲ အချက်အလက်တွေကိ တွက်ချက်လေ့လာတတ်တဲ့ ပညာရှင်တစ်ယောက်ပါ ပါလာတယ်။ သူက မသေဘဲ ကျန်ခဲ့ချိန်မှာ ဒီရထားတိုက်မှုဟာ မတော်တဆမဟုတ်ဘူးလို့ သံသယဖြစ်လာတာကြောင့် ဆက်ပြီး စုံစမ်းခဲ့ပါတယ်။ စုံစမ်းရင်းနဲ့ ဒီအမှုဟာ ဆိုင်ကယ်လူဆိုးဂိုဏ်းနဲ့ပတ်သတ်နေတာကို သိလာတဲ့အခါ သိပ္ပံကြမ်းပိုးတွေနဲ့ စစ်သားကြီးပေါင်းပြီး လူဆိုးဂိုဏ်းကို ဘယ်လိုတွေဗျင်းကြမလဲဆိုတာကိုတော့.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Mr.Andersonပဲဖြစ်ပါတယ်... File Size : (1.7 GB) and ( 1 GB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:56:00 Genre :  Action, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Crime • Drama
7.3 2020 116 mins
Riders of Justice
Valerian and the City of a Thousand Planets
6.6

IMDb - 6.5/10_____Rotten - 48% 2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့  ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။   ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 million အထိ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ဘတ်ဂျက်အမြင့်ဆုံး အသုံးပြုထားတဲ့ဇာတ်ကားပါ။ အဓိကဇာတ်ဆောင် အာကာသစစ်တပ်ရဲ့ ဗိုလ်မှူး ဗဲလ်လာရီယမ် အဖြစ် Amazing spider man-2 မင်းသား Dane DeHaan နဲ့ တပ်ကြပ်ရင်းလော်ရင်းအဖြစ် Suside squid မင်းသမီးလေး Cara Delevingne ပါဝင်ထားပြီး တခြားနာမည်ကျော်တွေဖြစ်တဲ့ Clive Owen, Rihanna တို့ပါဝင်သလို နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ကိုးရီးယားအဆိုတော်- Exo Kris Wu လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၇၅ ခုနှစ်မှာ အမေရိကန်က အာကာသစခန်းငယ်တစ်ခု ဆောက်လုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နည်းပညာဗဟုသုတတွေ မျှဝေပူးပေါင်းကြဖို့ပါ။ ၂၀၂၀ မှာ တရုတ်နိုင်ငံကလည်း ဒီအာကာသစခန်းကိုလာရောက်ပူးပေါင်းပါတယ် ။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ တခြားနိုင်ငံအများအပြားလည်း တဖြည်းဖြည်း ပူးပေါင်းလာကြသလို စကြာဝဠာထဲမှာရှိတဲ့ တစ်ခြားဂြိုဟ်တွေကလည်း လာရောက်ပူးပေါင်းလာကြပါတယ်။ ဒီလိုနဲ့ အာကာသစခန်းက အချင်းတဖြည်းဖြည်း ကြီးမားလာပြီး ကမ္ဘာ့ဆွဲအားနဲ့ နီးလာတာကြောင့် ကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတော့တယ်။ ဒါကြောင့် ဗဟိုကောင်စီက ဒီအာကာသစခန်းကို ကမ္ဘာ့ဆွဲအားနဲ့ဝေးရာကို တွန်းပို့လိုက်ပို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီ အဲလ်ဖာ အာကာသစခန်းငယ်ကတော့ စကြာဝဠာစီးကြောင်းထဲမှာ စီးမျောနေရင်းနဲပဲ တခြားဂြိုဟ်တွေ မျိုးစိတ်တွေနဲ့ ပူးပေါင်းပြီး အားလုံးစည်းစည်းလုံးလုံးနဲ့ နည်းပညာတွေ ဗဟုသုတတွေ မျှဝေရင်းနဲ့  နှစ်ပေါင်းများစွာအကြာမှာတော့ ဂြိုဟ်ပေါင်းများစွာတို့ရဲ့ မြို့တော်ကြီးဖြစ်လာပါတော့တယ်။ အေးဂျင့် ဗဲလ်လာရီယမ် နဲ့ အေးဂျင့်လော်ရင်းတို့ကတော့ အင်ထရူဒါးလို့ခေါ်တဲ့ ယာဉ်ပျံကြီးပေါ်မှာ အတူတွဲတာဝန်ထမ်းဆောင်နေကြတဲ့ တွဲဖက်တွေပါ။ … အေးဂျင့် ဗဲလ်လာရီယမ်နဲ့ အေးဂျင့်လော်ရင်းတို့ အတူလက်တွဲရင်း ဘာတွေကို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Little Twinlay ပါ) File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 17min Format : Mp4 Genre :Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Little Twinlay Encoded by Thanhtike Zaw

Comedy • Thriller
6.6 2017 136 mins
Valerian and the City of a Thousand Planets
A Monsterous Holiday

A Monsterous Holiday (2013) ===================== IMDb Rating – 6.5/10 Andy ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေ လုပ်နေရရင် ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်တဲ့ ကလေးပါ။ ဟောလိုးဝင်းပွဲနေ့မှာ ကျင်းပမယ့် သိပ္ပံပြပွဲမှာ အနိုင်ရဖို့အရေး အတော်ကိုကြိုးစားနေပေမယ့်၊ အိမ်နောက်ဖေးမီးလောင်လိုက် ပေါက်ကွဲလိုက်နဲ့ အဆင်ပြေတဲ့ ဖန်တီးမှုတစ်ခုတောင် မရသေးပါဘူး။ အိမ်တွင်းအောင်း အမှောင်ထဲပဲနေတဲ့ andy ကို သူ့အဖေက သူနည်းပြ လုပ်တဲ့ဘောလုံးအသင်းမှာ အန်ဒီ့ အစ်ကိုနဲ့အတူတူဘောလုံးကစားဖို့ အတင်းဆွဲခေါ်တော့ အန်ဒီ့ခမျာ တီထွင်စမ်းသပ်မှုလုပ်ချင်ပေမယ့် အချိန် ကောင်းကောင်းမရရှာဘူး ဖြစ်နေလေတယ်။ ဒီလိုနဲ့ ဖန်တီးမှုကောင်းကောင်းရဖို့ မြို့ပြင်က နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာဖရန်ကန်စတိုင်းဆီ သွား တွေ့ပေမယ့် မတွေ့ခဲ့ရဘဲ ဒေါက်တာဖရန်ကန်စတိုင်းဖန်တီးထားတဲ့ အစိမ်း ရောင်မွန်းစတားလေးနဲ့ပဲ သွားတွေ့တယ်။ ဘောလုံးတအားကန်ချင်တဲ့ မွန်းစတားလေး ဖရန့်နဲ့ အန်ဒီတို့ နေရာချင်းလဲပြီး ကိုယ်ကြိုက်တာကိုယ်လုပ် နေကြရင်း မထင်မှတ်ထားတဲ့ မွန်းစတားကြီးတစ်ကောင် အန်ဒီတို့မြို့လေးကို ဝါးမြိုဖို့ ဖြစ်လာတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှု ခံစားကြည့်ကြပါဦးနော် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်) File Size……….(700 MB) / (300 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Short, Adventure Translator…….Jerrica Encoder……….SWM

Horror • Mystery • Thriller
0 2013 48 mins
A Monsterous Holiday
Open Season: Scared Silly
5.2

စိတ်ညစ်စရာတွေ ပင်ပန်းတာတွေများနေလို့ ရယ်မောရတဲ့ ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမယ့် ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးက အသစ်တော့ မဟုတ်ပါဘူး။ ဘာသာပြန်သူ ငယ်ငယ်က ကလေးတွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကားနာမည်လေးကတော့ Open Season Scared Silly လို့ ခေါ် ပြီးတော့ ၂၀၁၆ ကထွက်ခဲ့တဲ့ အပိုင်းပါ။ သူ့အရှေ့မှာတော့ အရင်အပိုင်းတွေ ရှိသေးတာပေါ့နော်။ ဇာတ်လမ်းလေးကို အကြမ်းဖျင်း ပြောပြရရင် ဝက်ဝံကြီးနဲ့ ချိုတစ်ဖက်ပဲပါတဲ့ သမင်လေးကြားက အလွဲအချော်တွေကို ဟာသစွက်ပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါပဲ။ သမင်လေး အယ်လီယော့က တောထဲက တိရစ္ဆာန်တွေကိုပုံပြင်တွေ လျှောက်ပြောပြတတ်ပါတယ်။ အဲဒီထဲမှာမှ ရေပန်းအစားဆုံး ပုံပြင်ကတော့ ဝေးလင်းဝမ်းပက်သမန်းဝံပုလွေကြီးရဲ့ ပုံပြင်ပါပဲ။ ဖန်တီးပြောနေတဲ့ ပုံပြင်တွေကို တကယ်ထင်ပြီး ကြောက်နေတာကတော့ ဝက်ဝံကြီး ဘု ပါ။ ဝက်ဝံကြီးဘုက သမန်းဝံပုလွေကြီး တကယ်ရှိတယ်အထင်နဲ့ ပုန်းမယ် ပြေးမယ်တွေ လုပ်တော့တာပါပဲ။ အဲဒီအချိန်မှာ အယ်လီယော့က သူ့သူငယ်ချင်းကြီး မကြောက်တတ်အောင် ကြောက်တဲ့အရာတွေနဲ့ ရင်ဆိုင်ခိုင်းမယ်ဆိုပြီး တခြားတိရစ္ဆာန်တွေနဲ့ အကွက်ချစီစဉ်တော့တယ်။ အစပိုင်းမှာ အဆင်ပြေနေပေမဲ့ သမန်းဝံပုလွေပုံစံကို ထုတ်ပြမယ့်အချိန်မှာ အကုန်လွဲကုန်တော့တာပါပဲ။ အဲဒီအလွဲအချော်ကနေမှ အားလုံးက သမန်းဝံပုလွေရှိတယ်လို့ တကယ်ယုံသွားကြတယ်။ အဲဒီထဲမှာ မုဆိုးကြီး ရှောလည်း အပါအဝင်ပါပဲ။ မုဆိုးကြီးရှောက သမန်းဝံပုလွေကို ဖမ်းမယ်ဆိုပြီး အမဲလိုက်ခွင့်ကို ပြန်ဖွင့်ခိုင်းပါတယ်။ နောက်ပိုင်းမှာတော့ ဝက်ဝံကြီးနဲ့သမင်ကတစ်ဖက် မုဆိုးကြီးကတစ်ဖက် မရှိတဲ့ သမန်းဝံပုလွေကို အပြိုင်လိုက်ဖမ်းကြမှာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဆိုတော့ သမန်းဝံပုလွေကြီးကို လိုက်ဖမ်းတဲ့အချိန်မှာ ဝက်ဝံကြီးနဲ့ သမင်တို့ ဘာတွေကြုံတွေ့ရမလဲ၊ သမန်းဝံပုလွေအပြင် သူတို့ကိုပါ အပြတ်ရှင်းချင်နေတဲ့ မုဆိုးကြီးရှောကိုရော ဘယ်လိုကိုင်တွယ်မလဲ၊ သမင်လေး အယ်လီယော့ကရော ဘာတွေအလွဲလွဲအချော်ချော် လုပ်ဦးမလဲဆိုတာကိုတော့ ရုပ်ရှင်ချစ်သူတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size… 1.7 GB / 797 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

5.2 2015
Open Season: Scared Silly
Alien Siege

Alien Siege (2005 ) ဒီတစ်ခါ CM ပရိသတ်ကြီးတဲ့ ငယ်ငယ်တုန်းကခွေငှါးကြည့်ရတဲ့ အရသာရစေဖို့ ခွေဆိုင်ခေတ်က ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းက Sci-Fi အမျိုးအစားဖြစ်တဲ့အတွက် အဲ့ခေတ်က CGI မျိုးပဲသုံးထားတာဖြစ်ပြီး သူ့ဟာနဲ့သူတော့ ကြည့်ရမဆိုးဘူးလှပါဘူး ဇာတ်လမ်းကလဲ ကမ္ဘာကြီးကိုဂြိုလ်သားတွေဝင်ရောက်လာပြီ ကမ္ဘာပျက်ဘေးကို ကာကွယ်ရမဲ့ Survival စတိုင်မို့ ဒီလိုဇာတ်ကားတွေကို ငယ်ငယ်တုန်းက ခွေထိုးကြည့်ခဲ့ရတဲ့ ကလေးဘဝအရသာလေးကို ရရှိမှာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာကြီးကို ကူလ်ကူလို့ခေါ်တဲ့ ဂြိုလ်သားမျိုးနွယ်စုက ကျူးကျော်သိမ်းပိုက်နေပါတယ် သူတို့က လူနဲ့တော်တော်တူတဲ့ မျိုးစိတ်ဆိုပေမဲ့ နည်းပညာကတော့ အလင်းအလျင်နဲ့ ခရီးသွားနိုင်တဲ့ထိကို တိုးတက်နေပြီပဲ ဖြစ်ပါတယ် သူတို့မျိုးနွယ်မှာဖြစ်နေတဲ့ ရောဂါဗိုင်းရပ်စ်ပိုးကို လူသားတွေကိုပေါင်းခံပြီးရတဲ့အရည်နဲ့ပဲ ကုသနိုင်တာမို့ ကမ္ဘာကြီးကိုလာရောက်ကျူးကျော်တိုက်ခိုက်နေတာပါ နောက်ဆုံးမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂြိုလ်သားမျိုးစိတ်တွေက လူသားသန်းရှစ်ဆယ်ကို ကူလ်ကူတွေကို ပေးအပ်ပြီး စစ်ပွဲကိုရပ်ဖို့ သဘောတူခဲ့ကြပါတယ် အမေရိကန်နိုင်ငံကတော့ လူပေါင်း ငါးသန်းပေးဖို့ ခွဲတမ်းကျပြီး မဲစနစ်နဲ့ရွေးချယ်ကာ ပေးအပ်ဖို့စီစဉ််ထားပါတယ် ကူလ်ကူနည်းပညာတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင် ဒေါက်တာချေ့စ်ရဲ့သမီးဟာ ခွဲတမ်းစာရင်းထဲ ရွေးချယ်ခံလိုက်ရတဲ့အခါမှာ သမီးကိုချစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သူ့သမီးကို ဘယ်လိုကာကွယ်သွားမလဲဆ်ိုတာ ဆက်လက်ကြည့်ရှုရမှာပါ… အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Drama Quality…. 1080p | 720p File size… 1.9GB | 820MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

0 2005
Alien Siege
It Gets Better
7.1

“It Gets Better” (2012) ဇာတ်ကားလေးရဲ့ထိုင်းနာမည်အတိုင်း လိင်ပြောင်းအမျိုးသမီးလေးတွေက “ဘယ်သူ့ကိုမှ ငါတို့ကိုလာချစ်ပေးဖို့မတောင်းဆိုဘူး သူတို့ရဲ့ဖြစ်တည်မှုကို စာနာ နားလည်ပေးရင် ကျေနပ်ပါပြီ” ဆိုတဲ့ “ไม่ได้ขอให้มารัก” (Mai Dai Khor Hai Maa Rak) ဒါ့အပြင် ဒီဇာတ်ကားက လိင်တူချစ်ကြိုက်မိခြင်းက ဖြစ်ပေါ်လာတဲ့ ခံစားချက်ကြောင့် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကြား စိတ်ဆန္ဒတွေ၊ အတွေးများစွာနဲ့ ဗျာများခဲ့ရပုံ၊ လိင်ပြောင်းအမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဂရုဏာသက်ဖွယ် သူတို့ရဲ့ဘဝ ဇာတ်ကြောင်းအစုံအလင် မသက်ဆိုင်တဲ့ storyline 3 ခုကို ဟန်ချက်ညီညီ ပေါင်းစပ်ရိုက်ကူးပြသထားပါတယ်။ ပထမဆုံးအနေနဲ့ အဖေဖြစ်သူတည်ထောင်ထားတဲ့ ဂေးဘားကို အမွေဆက်ခံဖို့ရောက်လာတဲ့ ကောင်ချောလေး သွန့်မိုင်နဲ့ လိင်ပြောင်အမျိုးသမီးလေးတွေကြားက အချစ်ဇာတ်လမ်း၊ ဒုတိယမြောက်ဇာတ်လမ်းအနေနဲ့ ငယ်စဉ်ကတည်းက မိန်းကလေးစိတ်ပေါက်နေတဲဒင်းကို ဖအေဖြစ်သူက ကိုရင်ဝတ်ခိုင်းရင်း ဘုန်းကြီးကျောင်းက ဦးပုဇဉ်းတစ်ပါးကိုသဘောကျမိပြီး ကလေးပီပီ ချဉ်းကပ်ပုံလေးတွေနဲ့အတူ နောက်ဆုံး နယ်ဘက်က အဖေဖြစ်သူဆီ ခဏခဏသွားချောင်းရင်း လိင်ပြောင်းအမျိုးသမီးကြီးဆာထန်နဲ့ တောသားလေးကြားက ဇာတ်လမ်းလေးတွေကိုရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Laila ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.3GB | 730MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Laila Encoder ….. Aaron

7.1 2012
It Gets Better
Perrier’s Bounty
6.3

ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက် ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီး သူ့ရဲ့ အဖေဖြစ်သူရယ် .. အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ် လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေး ကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲ တစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက် ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လို မသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲ သေချာပေါက် ပြောလိုက်ပါရစေ။ File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.3 2009
Perrier’s Bounty
Treasure Trackers
6.4

Treasure Trackers (2024) ***************************** ဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တိုကို ဟော်လိုးဝင်းပွဲတော် နဲ့ ခရစ်စမတ်ကာလကြား ကြည့်ကောင်းမယ့် ပေါ့ပေါ့ပါးပါးဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဥ်း ************* ကယ်လီဖိုးနီးယားကနေ နယ်မြိုလေးတစ်ခုကို ပြောင်းလာရတဲ့ လီယာဟာ ဖခင်ဖြစ်သူကပါ အဒေါ်အိမ်မှာ ထားခဲ့လို စိတ်ညစ်နေပါတယ် .. တဆက်တည်းမှာပဲ ပြောင်းလာတဲ့နယ်မြိုကလည်း ဟော်လိုးဝင်းပွဲတော်တစ်ဝိုက်ဖြစ်နေလို လေထုက ခြောက်ခြားစရာ ပုံပြင်တွေနဲ့ပေါ့ .. ဒီအချိန်မှာ လီယာတစ်ယောက် သူငယ်ချင်းအသစ်တွေ နဲ့ ဒေသခံ ဟော်လိုးဝင်းပုံပြင်တွေကြား၊ စုန်းမတွေနဲ့ ကျိန်စာသင့်ရွှေတွေကြား၊ ဒဏ္ဍာရီလာတိရစ္ဆာန်တွေ၊ စွန့်စားခန်းလေးတွေနဲ့ ပြသာနာတွေကြား မြိုသစ်လေးမှာ နေရာကျသွားမလား ကယ်လီဖိုးနီးယားကိုပဲ ပြန်ပြောင်းပြေးသွားမလားဆိုတာကို ပေါ့ပေါ့ပါးပါးလေးတင်ဆက်ထားတာဖြစ်လို ပိတ်ရက်မှာ မိသားစုတွေနဲ့အတူကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် .. (အညွှန်းကို Su မှ ရေးသားထားပါတယ်) File size…2.23GB / 1GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Mystery, fun, adventure Subtitle….Myanmar Subtitle (Hard Sub) Translated by Su Encoded by AHtet

Crime • Drama • Mystery • Thriller
6.4 2024 92 mins
Treasure Trackers
Poison Ivy: The New Seduction
4.8

Poison Ivy: The New Seduction (1997) IMDb Rating (4.8) / Rotten Tomatoes (36%) Poison Ivy: The New Seduction ကတော့ Poison Ivy စီးရီးရဲ့ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Kurt Voss နှင့် Karen Kelly ကရေးသားခဲ့ပါတယ်။ Violet အဖြစ် သရုပ်ဆောင်ထားတဲ့ အဓိက မင်းသမီးမှာ Jaime Pressly ဖြစ်ပါတယ်။ အခြားသရုပ်ဆောင်များတွင် Megan Edwards၊ Michael Des Barres နှင့် Greg Vaughan တို့ပါဝင်တယ်။ ဇာတ်လမ်းက ပထမဆုံးရုပ်ရှင်ထဲက Ivy ရဲ့ ညီမ Violet အကြောင်းပါ။ သူအမေကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့လိူ့ လက်စားချေဖို့ ချမ်းသာတဲ့မိသားစုအိမ်ကိုပြန်လာခဲ့ပါတယ်။ သူမိသားစုကို ထိန်းချုပ်ရန်နှင့် ဖျက်ဆီးဖို့အတွက်သူ့ရဲ့အရှက်သိက္ခာကို အသုံးပြုပါတယ််။ ဒီဇာတ်ကားမှာ ဒရာမာ၊ သည်းထိတ်ရင်ဖို နဲ့ အချစ်ဇာတ်လမ်းတွေ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့်၊ Poison Ivy: The New seduction က ဒရာမာမတွေပါဝင်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ကြည့်သင့်ပါတယ်။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar aung ဖြစ်ပါတယ်။) File size…(2.6 GB) / (850 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance,Thriller Duration….01:35:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Banyar aung

Action • Comedy
4.8 1997 93 mins
Poison Ivy: The New Seduction
Ghost Sweepers
5.8

Ghost Sweepers (2012) ********************** Horror လည်းကြိုက် စိတ်ပြေလက်ပျောက်လည်း ကြည့်ချင်တဲ့ သရဲကားပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားသရဲဟာသကားလေး တစ်ကားဖြစ်တဲ့ Ghost sweepers လေး တင်ပေးထားပါတယ် .. ။ Cast တွေအနေနဲ့ကတော့ လူတိုင်းသိကြတဲ့ legendary မင်းသားကြီးဖြစ်တဲ့ Kim Su Ro, Taxi Driver နဲ့ Signal တို့က မင်းသား Lee Je Hoon နဲ့ The One and Only နဲ့ The Huntresses တို့က မင်းသမီး Kang Ye Wonအပြင် တခြားနာမည်ကြီး cast များစွာ ကိုလည်း တွေ့ရမှာဖြစ်ပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************* အူဂျင်မြို့မှာ နှစ်ပေါင်းများစွာ မကောင်းဆိုးဝါးသောင်းကျန်နေတာကြောင့် တောင်ကိုရီးယားနိုင်ငံက ထိပ်တန်းပယောဂဆရာတွေအများကြီးစုပြီး သရဲနှိမ်နင်းဖို့ သွားခဲ့ကြတယ်။ ပယောဂဆရာအဖွဲ့ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အစွမ်းမတူတဲ့ ပယောဂဆရာမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းနတ်ဝင်သည် ဆရာဘတ် (Kim Su Ro)ဦးဆောင်ပြီး၊ အင်ဂျင်နီယာ ပါမောက္ခ ပယောဂဆရာ ဆော့ဟျွန်း (Lee Je hoon), သရဲမြင်ရတဲ့ဘုန်းတော်ကြီး ရှီမင်း (Kwak Do Won), အတိတ်ကိုမြင်ရတဲ့ နက္ခတ်ဗေဒင်ဆရာမ ဆွန်းဟီး (Kim Yoon Hye), အနာဂတ်ကိုကြိုမြင်နိုင်တဲ့ကောင်လေး ဝေါဂွမ် (Yang Kyung Mo) တို့အပြင် တခြားပယောဂဆရာ များစွာလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သတင်းထောက်ချွဲချန်ယောင်း (Kang Ye Won)ကလည်း မှတ်တမ်းယူဖို့ အတူတူလိုက်သွားခဲ့ပါတယ်။ အူဂျင်ကိုရောက်တဲ့အခါမှာတော့ မကောင်းဆိုးဝါးဟာ သူတို့မျှော်မှန်းထားတာထက် အားကောင်းနေပြီး သတင်းထောက်ချွဲချန်ယောင်းရဲ့ အဖေရဲ့သေဆုံးမှုကလည်း ဒီမြို့နဲ့ပတ်သက်နေတယ်ဆိုတာကို သိသွားခဲ့ရတယ်။ ချန်ယောင်းရဲ့အဖေက ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ….. မကောင်းဆိုးဝါးကရော ဘယ်လိုကြောင့်ဖြစ်လာရတာလဲ .. ဘာလို့အဲဒီလောက် အားကောင်းနေရတာလဲ…… အဲဒီမကောင်းဆိုးဝါးကို ပယောဂဆရာတွေ ပေါင်းပြီး ဘယ်လိုနှိမ်နင်းသွားမလဲဆိုတာ ဟာသလေးတွေရောပြီး တစ်ကားလုံးပါးစပ်မစိဘဲ ကြည့်ရမယ့်ကားလေးမို့လို့ ကြည့်လိုက်ကြပါဦးနော် ။ (အညွှန်းကို Vanessa မှ ရေးသားထားပါတယ်) File size…2.7GB / 1.1GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Horror, Comedy, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

Horror • Mystery
5.8 2012 119 mins
Ghost Sweepers
The King of Kings
7.1

ဒီကာတွန်းဇာတ်ကားလေးမှာတော့ နာမည်ကျော် ဂျိမ်းဘွန်းမင်းသား ပီရာ့စ် ဘရိုစနန်တို့ Moon Knight မင်းသား အော်စကာ အိုင်းဆက်တို့ ပါဝင်ကာ အသံသရုပ်ဆောင်ထားပြီးတော့ IMDb မှာ 7.1/10 နှင့် Rotten Tomatoes မှာ 63% တောင် ရရှိထားပြီး ပူပူနွေးနွေး ထွက်ရှိထားတဲ့ ကာတွန်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++++ ပြဇာတ်ရုံပိုင်ရှင် ချားစ်ဆိုတဲ့ ပုံပြောဆရာက အဆော့မက်ပြီးတော့ ဘုရင်အာသာနဲ့ လက်စွဲတော်မှော်ဝင်အက်စ်ကာလီဘာဓားကို ရူးသွပ်နေတဲ့ သားဖြစ်သူ ဝေါ်တာလေးကို လိမ္မာရေးခြားရှိအောင် ဘုရင်များရဲ့ ဘုရင်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြရာက အစချီထားပြီးတော့ ဘုရားသား‌တော် ယေရှု ခရစ်တော် (Jesus Chist) မွေးဖွားလာရာကစလို့ သေဆုံးချိန်အထိ ဖြစ်ကြောင်းကုန်စင်ကို စိတ်ဝင်စားဖွယ်ရာ ဗဟုသုတရဖွယ်ရာ ကာတွန်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဖြစ်တည်လာတဲ့သမိုင်းကြောင်းကို စိတ်ပါဝင်စားပြီးတော့ အထူးတလည် ရှာမဖတ်ချင်ဘူးဆိုရင် ပုံပြင်ထဲက ပုံပြင်ပုံစံလိုပြောပြထားတဲ့ ဒီကာတွန်းကားလေးကို ကြည့်လိုက်ရုံပါပဲ။ File size… (2.00GB) / (1.12GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 5m Genre …..Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Action • Romance
7.1 2025 104 mins
The King of Kings