YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Puppetman.2023.720p.WEB.h264-EDITH (CM).mp4

407.12 MB N/A video/mp4 125 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Do Revenge
6.4

ထွက်ရှိထားတာ မကြာသေးပဲ hot ဖြစ်နေတဲ့ American Comedy Genre ဇာတ်ကားလေးဖြစ်ပြီး Riverdale မင်းသမီးချော Camila နဲ့ Stranger Things မင်းသမီး Maya Hawkes တို့အတွဲညီညီ သရုပ်ဆောင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ... ဒရေယာက အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး ဆင်းရဲပေမယ့် ရို့စ်ဟေးလ်ကျောင်းကို ပညာသင်ဆုနဲ့ တက်ရောက်ခွင့်ရရှိထားသူပါ။ သူ့ရည်မှန်းချက်ကတော့ နာမည်ကျော် ရေးလ်တက္ကသိုလ်တက်ရဖို့ဖြစ်ပြီး ကျောင်းမှာလည်း ထိပ်ထိပ်ကြဲ လူချမ်းသာ သားသမီးတွေနဲ့ ဝင်ဆံ့တဲ့အထိ ပါးနပ်ပါတယ်။ ကံဆိုးတာက သူ့ချစ်သူ သူဌေးသားမက်စ်ဆီက ဒရေယာရဲ့ sex tape ပျံ့လာခဲ့ပြီး ဒရေယာက စိတ်မြန်လက်မြန်နဲ့ မက်စ်မျက်နှာကို လက်သီးတစ်လုံးကျွေးလိုက်ရာက သူ့အချစ်ဆုံး သူငယ်ချင်းဆိုသူတွေကိုပါ ဆုံးရှုံးလိုက်ရပြီး အပယ်ခံဖြစ်သွားပါတော့တယ်။ ကံကောင်းတာက သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းမလေး ပေါ်လာတာပါပဲ။ အဲဒါကတော့ သူ နွေရာသီ တင်းနစ်ကမ့်မှာ ဆုံခဲ့တဲ့ သူ့လိုပဲ စိတ်ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ အယ်လီနောဆိုတဲ့ လိင်တူချစ်သူ ကောင်မလေးပါပဲ။ သူတို့ရဲ့ရေစက်က အဲဒီမှာတင် မဆုံးတဲ့အခါ နှစ်ကောင်ပေါင်းပြီး ကျောင်းမှာ ဘယ်လိုပြန်မွှေကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ May Myat Thu က ရေးထားပါတယ်။) File Size          : 2.2GB, 938MB, 507MB Quality            : 1080p WEB-DL AC3 5.1CH, 20p WEB-DL, 480p Format            : mp4 Duration         : 1hr & 58mins Genre              : Comedy Translated by May Myat Thu & Kit Encoded by Kinnov

6.4 2022 118 mins
Do Revenge
Robinson Crusoe
5.8

ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ fail ပြခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ရပြန်ရော။ ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်စ် ဘရိုစ်နမ် ကိုယ်တိုင်တောင် သောက်သုံးမကျပါဘူးဆိုပြီး အဆော်ခံရတဲ့အထဲပါခဲ့တဲ့ ဇာတ်ကားပါပဲ။ IMDb 6.0 ပဲရပါတယ်။ ဝတ္ထုရှည်ကြီးကို ရုပ်ရှင်အဖြစ်‌ပြောင်းတော့ ဇာတ်ကွက်တွေ မြန်လွန်းလို့ မပီမပြင်ဖြစ်ရတာ၊ ထိုးထွင်းတီထွင်မှုမရှိဘဲ အဖြောင့်ဆန်ဆန် ပုံဖော်ထားတာ၊ ခေါင်းဆောင်မင်းသားက ဇာတ်ရုပ်နဲ့မလိုက်တာ၊ သင်္ဘောနစ်ခန်း၊ မုန်တိုင်းခန်းတွေ ကပျစ်ကညစ်နိုင်တာတွေကြောင့် လူကြိုက်မများခဲ့တာပါ။ ဒီလို အဆိုးတွေချည်း ရွေးပြောမိတာကတော့ လူကြီးမင်းကို ဒီဇာတ်ကား ကြည့်စေချင်လို့ပါ။ ဟုတ်ပါတယ်။ ကြည့်စေချင်ပါတယ်။ ဝတ္ထုကြီးက သမိုင်းအဆက်ဆက် လူသိများတာမလို့ တစ်ခါတော့ မြည်းစမ်းစေချင်ပါတယ်။ စာအုပ်ဖတ်ဖို့အဆင်မပြေရင် အခုလို ဇာတ်ကားလေးထိုင်ကြည့်ပြီး ဝတ္ထုဖတ်ရသလောက် ရသ ရနိုင်လို့ပါ။ တင်ဆက်ပုံကိုမကြည့်ပဲ တင်ဆက်တဲ့အကြောင်းအရာကို ကြည့်စေချင်ပါတယ်။ တွန် ဟမ့်ခ် ရဲ့ Cast Away နဲ့တော့ မနှိုင်းနဲ့ပေါ့ဗျာ။ ဘာသာပြန်ရာမှာ အဲဒီခေတ်အသုံးအနှုန်းများနဲ့ စကားပြောဟန်များကို ခပ်ပါးပါးကျောရိုးမှီထားပါတယ်။ အရမ်းများရင်လည်း ဖတ်လို့ မကောင်းမှာ စိုးပါတယ်။ ဇာတ်လမ်းကတော့ စစ်ထွက်အမျိုးသားကြီး ရော်ဘင်ဆင် မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။ ဒါပေမဲ့ အချစ်ဆုံးမိတ်ဆွေကပဲ ဓနအင်အားကိုခိုပြီး ချစ်သူကို အပိုင်ကြံလို့ နှစ်ယောက်တည်း စီးချင်းထိုး၊ တဖက်လူသေသွား‌တဲ့အခါ သူ့မိသားစုတွေ လက်စားချေတဲ့ရန်ကိုရှောင်ရင်း နိုင်ငံရပ်ခြား သင်္ဘောတစ်စင်းပေါ် ရောက်လာရတာပေါ့။ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ မေခလာ မကယ်ဘဲ သူတစ်ယောက်တည်း "သေသူတို့ရဲ့ကျွန်း" မှာ သောင်တင်လို့ အိမ်ပြန်လမ်းဝေး‌ရပါတော့တယ်။ အဲဒီကျွန်းဟာ လူရိုင်းတွေရဲ့ ယစ်ပူဇော်ရာ ကျွန်းတစ်ခုပါ။ ယစ်ကောင်အဖြစ် အရွေးချယ်ခံရသူတွေထဲက လူရိုင်းတစ်ယောက်ကို ကယ်တင်လိုက်နိုင်တော့ မိတ်ဆွေရင်းချာဖြစ်လို့ လူမရှိတဲ့ကျွန်းမှာ နှစ်ယောက်တစ်ကမ္ဘာတည်ရတာပေါ့လေ။ ဒါပေမဲ့ ယစ်ပူဇော်တတ်တဲ့ လူရိုင်းတွေ အုပ်စုလိုက် ကျွန်းပေါ်ပြန်လာပြီး သူတို့နှစ်ယောက်ကို အမဲပြန်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ချစ်သူကို ပြန်လာခဲ့ပါ့မယ် ကတိပေးခဲ့တဲ့ ရော်ဘင်ဆင် ကရော အိမ်ပြန်နိုင်ပါ့မလား။ သူ့ရဲ့ လူရိုင်းမိတ်ဆွေ ဖရိုက်ဒေး ကရော သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရင်းနီးပြီး ရော်ဘင်ရဲ့ အိမ်ပြန်ခရီးမှာ ဘာကိုလက်ဆောင်ပေးလိုက်မလဲ ဆိုတာတွေကို ဟောဒီဇာတ်ကားကြည့်ပြီး ခံစားလိုက်ရအောင်လားဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.03GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy • Drama
5.8 1997 92 mins
Robinson Crusoe
Summer Ghost
7.3

နွေရာသီကို ရောက်ခဲ့ပြီဆိုရင် လူတွေပြောဆိုနေကြတာ ဆံပင်အရှည်နဲ့ သရဲမလေးတစ်ယောက်ကို တွေ့ရတတ်တယ်တဲ့… သူက မီးရှူးပန်းဖောက်မှ ကိုယ်ထင် ပြတတ်တာတဲ့… ဘယ်သိမလဲ ဒဏ္ဍာရီတစ်ခုပေါ့နော်…။ ဝါသနာပါတာကို လုပ်ခွင့်မရပဲ အာရှမိဘတွေ ထုံးစံအတိုင်း စာကိုပဲ အသည်းအသန် ဖိလုပ်ခိုင်းလို့ ဖိအားပေါင်းစုံဝင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကောင်လေး တိုမိုယာ။ ဆိုးဝါးတဲ့ အခြေအနေကြီးတစ်ခုကြောင့် ဝါသနာပါတာတွေကို စွန့်လွှတ်လိုက်ရပြီး လောကကြီးကို စိတ်ပျက်နေတဲ့ ယိုရ်။ ကျောင်းမှာ သူများတွေက အနိုင်ဝိုင်းကျင့်လို့ သတ်သေချင်တဲ့ထိ စိတ်ပျက်ပြီး စိတ်ဓာတ်ကျနေတဲ့ အအိုရီ။ ဒီ ဆယ်ကျော်သက်လေး ၃ ယောက်ဟာ အကြောင်းတစ်ခု ဆက်စပ်မိပြီး ဒီ နွေရာသီမှာ ပေါ်လာတတ်တဲ့ သရဲမလေးကို လိုက်ရှာဖို့ အကြောင်းဖန်လာကြတော့တယ်။ အဲဒီမှာ ဒီ သရဲမလေးကို တွေ့ပါ့မလား… ကိုယ်စီ အခက်အခဲတွေကိုရော ဘယ်လို ကျော်လွှားနိုင်ကြမလဲ… သရဲမလေးရဲ့ နောက်ကြောင်းဖြစ်ရပ်မှန်ကရော ဘာဖြစ်မလဲ စသဖြင့် ဂျပန် Anime ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေနဲ့ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဒရမ်မာကောင်းကောင်းလေးကို ကြည့်ရှုခံစားရမှာပါ။ Your Name တို့ Weathering With You တို့လိုမျိုး ဇာတ်အိမ်ဆန်းပြီး ကောင်းကောင်းကြည့်ချင်ကြရင် ဒီ Anime ကားလေးက ခင်ဗျားတို့အတွက်ပါပဲ သူက Run Time မိနစ် ၄၀ ပဲ ရှိလို့ ကြည့်လို့တောင် အားမရ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကပေးချင်တဲ့ စိတ်ဓာတ်ခွန်အားလေးလည်း ရကြမယ်လို့ မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ရပါတယ် ခံစားပေးကြပါဦး။

Comedy
7.3 2021 40 mins
Summer Ghost
The Disaster Artist
7.1

IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။ သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။ သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ..... သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။ အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရုပ်ရှင်တစ်ကားရိုက်ဖို့ပါတဲ့။ ပိုက်ဆံနဲ့လုပ်ချင်စိတ်ကလွဲပြီး ဘာဆို ဘာမှမသိနားမလည်ပေမယ့် Tommy Wiseau နဲ့ Greg တို့ The Room ရုပ်ရှင်ကို အခက်အခဲပေါင်းများစွာကြားထဲကနေ မရရအောင် ဖန်တီးကြပါတော့တယ်။ Shakespeare, Tennessee Williams တို့ခေတ်နောက်ပိုင်း အကောင်းဆုံးဒရမ်မာရုပ်ရှင်လို့တောင် ကြွေးကြော်ခဲ့တဲ့ Tommy Wiseau နဲ့ Greg တို့ ဒီရုပ်ရှင်ကို ဘယ်လိုဖန်တီးရိုက်ကူးခဲ့ကြသလဲ၊ ရုပ်ရှင်ပရိသတ်တွေကရော ဘယ်လိုထင်မြင်ကြသလဲ။ ဒါတွေကိုတော့ The Disaster Artist ရုပ်ရှင်ထဲမှာအဖြေပေးသွားပါလိမ့်မယ်။ ဒီရုပ်ရှင်ကိုတော့ Spiderman 1,2,3 , 127 Hours ဇာတ်ကားတွေနဲ့လူသိများတဲ့ James Franco က ဒါရိုက်တာအဖြစ်၊ Tommy Wiseau အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Now You See Me ကားထဲက မင်းသားချောလဲဖြစ်၊ James Franco ရဲ့ ညီအရင်းလဲဖြစ်တဲ့ Dave Franco က Greg အဖြစ် ပါဝင်ထားပါတယ်။ ပေါလှပါတယ်ဆိုတဲ့ကားက ဘာကြောင့်များ အတ္ထုပတ္တိရုပ်ရှင်တစ်ကားအဖြစ် ပြန်ရိုက်ရလောက်အောင် အောင်မြင်သွားတာပါလဲ၊ The Disaster Artist ရုပ်ရှင်ထွက်လာအပြီးမှာ The Room ရုပ်ရှင်ကို လူတွေက ဘာကြောင့်သဘောကျသွားကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ Tommy Wiseau ဟာ အနုပညာချစ်စိတ်အပြည့်အဝနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ပေါကားတစ်ကားကို ရိုက်မှန်းမသိ ရိုက်ခဲ့တာပါ။ ဒါကို ဘယ်လောက်ပဲ ဆိုးဝါးတဲ့ရုပ်ရှင်လို့ပြောပြော Tommy Wiseau ရဲ့လက်ရာ The Room ရုပ်ရှင်ဟာ အခုခေတ် မင်းသား၊မင်းသမီးဗန်းပြပြီး အောက်လုံးတွေနဲ့ပြက်လုံးထုတ်နေ၊ ပရိသတ်ကို ကလိထိုးရယ်ခိုင်းပြီး ပိုက်ဆံညာယူနေတဲ့ရုပ်ရှင်ကားတွေထက်စာရင် အပုံကြီးသာပါတယ်။ The Disaster Artist ရုပ်ရှင်ဟာ ဒီအချက်ကို ကောင်းကောင်း မီးမောင်းထိုးပြသွားနိုင်ခဲ့ပါတယ်။ ယခုနှစ် အော်စကာ အကောင်းဆုံးရုပ်ရှင်ဆုအတွက်လဲ ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံထားရတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်းများစွာလဲ ဆွတ်ခူးထားပါတယ်။ အနုပညာပါတဲ့ရုပ်ရှင်နဲ့ ပိုက်ဆံရရုံရိုက်တဲ့ရုပ်ရှင်ရဲ့ ကွာခြားချက်ကို သိလာဖို့၊ပေါကားနွံနစ်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ ပေါတာနဲ့အနုပညာရူးသွပ်တာကို ခွဲခြားလာတတ်ဖို့၊ အသိပညာပေးနိုင်ဖို့ ဒီကားဟာ ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ မကြာခင်မှာလဲ CM က Tommy Wiseau ရဲ့ ကမ္ဘာ့အဆိုးဝါးဆုံးရုပ်ရှင် "The Room" ကို ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် (ဇာတ်လမ်းးအညွှန်းနဲ့ဘာသာပြန်သူက ကွီးအာကာဖြိုးပါ) File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 44min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.X264.AC3-EVO[EtHD] Translated by Arkar Phyo Encoded by Thanhtike Zaw

Drama
7.1 2017 104 mins
The Disaster Artist
Scarlett
6.8

အက်ရှင်ကားမှကြည့်ချင်တဲ့ပရိသတ်တို့အတွက် ဂျက်မ စကားလက်ကားပါ...။ ဖခင်ဖြစ်သူဟာ စပိုင်တစ်ယောက်ဖြစ်တဲ့အလျောက် စကားလက်ဟာလည်း ငယ်စဥ်ကတည်းက သူများတွေနဲ့မတူအောင် သေနတ်ပစ်၊ အသတ်အပုတ် အတိုက်အခိုက်ကိုလေ့ကျင့်ခဲ့ရတာပါ....။ မိခင်ဖြစ်သူကငယ်ငယ်လေးကတည်းကဆုံးပါးသွားတော့ ဖတဆိုးလေး စကားလက်ဟာ သူ့ဘဝကို စပိုင်ဖခင်ဆီက သင်ယူရင်းနဲ့သာအချိန်ကုန်ဆုံးခဲ့တာပေါ့...။ တစ်နေ့မှာတော့ မှောင်ခိုလက်နက်အရောင်းအဝယ်သမားတွေဟာ သူတို့အိမ်ကို လာတိုက်ခိုက်ပြီး စကားလက်ရဲ့ဖခင်ကို ဖမ်းသွားပါတော့တယ်...။ ဒီတော့ စကားလက်တစ်ယောက် ဖခင်ကိုပြန်ကယ်ဖို့အတွက် တစ်ယောက်တည်း စစ်ဆင်ရေးထွက်ခဲ့ပါတော့တယ်....။ သူ့အဖေကို ဘာလို့ဖမ်းသွားတာလဲ၊ မှောင်ခိုသမားတွေရဲ့ရည်ရွက်ချက်ကဘာလဲ၊ စကားလက်တစ်ယောက်တည်းဘယ်လို တိုက်ပွဲဝင်မလဲဆိုတာ ဇာတ်ကားလေးထဲကြည့်ရှုလို့ရပါပြီ...။ File size…1.94GB / 848MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action & Adventure • Drama • Sci-Fi & Fantasy
6.8 2020 103 mins
Scarlett
Manam
8

Manam(2014) ************* ဘစ်တူဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာတောင် တောင်းတဲ့ဆုက ” အဖေနဲ့အမေ ဘယ်တော့မှ ရန်မဖြစ်ပါစေနဲ့ ” တဲ့.. လင်မယားရယ်လို့ ဖြစ်လာရယ် ကတောက်ကဆရှိကြတယ်ဆိုပေမဲ့ မိဘပေးစားပြီး ယူခဲ့ကြတာဆိုတော့ အဖေနဲ့အမေဖြစ်သူဟာ လိုအပ်တဲ့ပွင့်လင်းမှုတွေမရှိကြတော့ ချစ်ကြပေမဲ့ မလိုအပ်ဘဲ စကားတွေခဏ ခဏများကြတယ်..ပြဿနာတစ်ခုကြောင့် ကားတိုက်မှုဖြစ်ပြီး အမေဆုံးသွားခဲ့တယ်..မကြာပါဘူး ဖခင်ဖြစ်သူလည်းဆုံး သွားခဲ့တော့ ဘစ်တူတစ်ယောက် လောကကြီးတစ်ယောက်တည်းပေါ့.. ဒါပေမဲ့ အမေနဲ့အမေကို တစ်ရက်မှ မမေ့နိုင်ခဲ့ဘူး..သူဟာ မိခင်ရှိစဉ်က ဆန္ဒအတိုင်း အချမ်းသာဆုံးဖြစ်စေချင်တဲ့သူဌေးကြီးဖြစ်အောင်ကြိုးစားနိုင်ခဲ့တယ်.. အခုဆိုရင် သူဟာ အထင်ကရ သူဌေးကြီးဖြစ်နေပြီ..ဒီလိုနဲ့ တစ်နေ့တော့ လေယာဉ်စီးနေရင်း ဖခင်ဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်..အဖေဖြစ်သူပြန်ဝင်စားတယ်လို့ ယုံကြည်သွားတဲ့အပြင် မိခင်ဖြစ်သူလည်း ဒီအချိန်လူပြန်ဝင်စားမှာပဲ ထပ်ဆင့်တွေးမိပြီး လူဝင်စား အဖေနဲ့အမေကို ရှာပုံတော်ဖွင့်ပါတော့တယ်.. ရယ်လည်းရယ်ရသလို မိသားစုပြဿနာလေးတွေ ကိုဖြေရှင်းဖို့ ပြသထားတဲ့ကားကောင်းလေးဖြစ်တာမို့ ခံစားကြည့်ကြပါဦး… File Size :(3.32GB) (1.43 GB) and (438MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Thwin Encoded by Phyo Pyae

Horror • Thriller
8 2014
Manam
Happy Ending
7.1

Happy Ending (2022) အချစ်ရဲ့ဆုံဆည်းခြင်း ပုံစံအမျိုးမျိုးရှိပေမယ့် အဆုံးသတ်ကျ အမြဲတစေ Happy Endingsဖြစ်နေနိုင်မလား ဒီအချစ်ဟာသဇာတ်လမ်းလေးမှာတော့ စာရေးဆရာဒီရုန်နဲ့ ဘူဝါတို့တွေ့ဆုံမှုကို အခြေခံထားပြီး ” မျက်နှာချင်းဆိုင်တိုက်ခန်းကတစုံတယောက်” ဆိုတဲ့ ကျင်နဲ့ဒုမ်တို့ရဲ့ဇာတ်လမ်း “ဘေးချင်းကပ်အိမ်ကတစုံတယောက်”ဆိုတဲ့ တာနဲ့ချာယိန်တို့ရဲ့ဇာတ်လမ်း ” မုန်းနေတဲ့တစုံတယောက် ” ဆိုတဲ့ အော့ဝ်နဲ့ အနာဂတ်ကလျှို့ဝှက်ကောင်မလေး “လျို့ဝှက်ပိုးပန်းချက်အချို့” ဆိုတဲ့ စီရာနဲ့ကျာတို့ရဲ့ ဇာတ်လမ်း စတဲ့ အတွဲ၅တွဲရဲ့မတူညီ​ေသာဆုံဆည်းခြင်းတွေကို အဓိပ္ပါယ်ဖွင့်ထားတဲ့ Jaifu stoyဆိုတဲ့အချစ်ဟာသဇာတ်လမ်းတွဲမှာ ဇာတ်လမ်းအဆုံးသတ်ရဲ့ဖြစ်စဥ်ကို ဟာသမျိုးစုံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p | 480p File size… 1GB | 628MB | 349MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lei Wutyi Tun Encoder ….. August

Drama
7.1 2022
Happy Ending
You Will Not Have My Hate / Vous Naurez Pas Ma Haine
6.2

အန်တိုနီလယ်ရီမှာ မိန်းမနှင့် သားတစ်ယောက်ရှိပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရသူပါ။ တစ်နေ့မှာတော့ သူ့မိန်းမဟာ သူငယ်ချင်းဖြစ်သူနဲ့ ကာတာကလန်ကွင်းမှာ ကျင်းပတဲ့ရှိုးပွဲတစ်ခုကို သွားရောက်ခဲ့တဲ့အခါမှာ အဆိုပါရှိုးပွဲကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းပြီး အစုလိုက်အပြုံလိုက် သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့နေရာမှာ သေဆုံးသွားခဲ့ပါတော့တယ်။ သူ့ချစ်ရတဲ့ဇနီးသည်သေဆုံးသွားမှန်းသိရတဲ့အခါမှာ အန်တိုနီတို့ သားအဖနှစ်ယောက် ဇနီးသည်ရဲ့သေဆုံးမှုကို လက်ခံနိုင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Comedy • Romance
6.2 2022
You Will Not Have My Hate / Vous Naurez Pas Ma Haine
The Animal Kingdom
6.9

အပြောင်းအလဲအမြဲဖြစ်နေတဲ့လောကကြီးမှာ လူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီး လူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်….။ ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊ တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ…။ ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့ စိတ်မကောင်းစရာပဲပေါ့…။ ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်…။ ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့ ‌ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့ ကြုံတွေ့လာရတဲ့အခါ….။ Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစား ရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမို တင်ဆက်ပေးလိုက်ပါဗျာ…။ File size…2.24GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 8m Genre ….. Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.9 2023
The Animal Kingdom
The Legend of Yang Jian
5.7

ဒီဇာတ်ကားလေးကတော့ တရုတ်ပြည်မှာနာမည်ကြီး တန်ခိုးကြီးနတ်မင်းတစ်ပါးဖြစ်တဲ့ယန်ကျန်နတ်မင်းရဲ့ လူ့ဘဝတုန်းကအကြောင်းလေးကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ : လူ့ပြည်မှာကောင်းကင်နဲ့မြေကြီးကိုတောင်ခွဲနိုင်တယ်ဆိုတဲ့ ဖန့်ကူပုဆိန်တစ်လက်ရှိပါတယ် ။ အဲဒီပုဆိန်က ကောင်းတဲ့လူ လက်ထဲရောက်ရင်တော့ လောကသားတွေအတွက် အကျိုးရှိမှာဖြစ်ပြီးတော့ မကောင်းတဲ့သူရဲ့လက်ထဲမှာဆိုရင်တော့ တော်တော်လေး ဒုက္ခများစေမဲ့အရာလည်းဖြစ်ပါတယ် ။ အဲဒါကြောင့် အဲဒီဖန့်ကူပုစိန်ထဲက ဖန့်ကူနှလုံးကို နတ်မင်းကြီးဖုရှီးက ထုတ်ယူပြီးတော့ မျိုးနွယ်စုနှစ်ခုကိုကာကွယ်စောင့်ရှောက်စေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ယန်ကျန်ဟာ သူတို့ကျင်းရှားဂူမှာအတော်ဆုံးတပည့်လည်းဖြစ် ဆရာဖြစ်တဲ့သူကလည်း သူ့ကိုယုံကြည်တာမို့ ဆရာတံခါးပိတ်မကျင့်ကြံခင်မှာ သူ့ကို ဓားစံအိမ်ကဖန့်ရှင်းနှလုံးကိုကြည့်ရှု‌ကာကွယ်ထားဖို့တာဝန်တစ်ခုပေးခဲ့ပါတယ် ။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ယန်ကျန်ဟာ သတိလက်လွတ်နေရင်းနဲ့ ဖန့်ကူနှလုံးဟာလည်း အခိုးခံလိုက်ရပါတော့တယ် ။ အပြစ်ရှိစိတ်နဲ့ယန်ကျန်ဟာ သူ့တာဝန်သူကျေပွန်စေရမယ်ဆိုပြီး ဖန့်ကူနှလုံးကိုခိုးသွားတဲ့သူနောက်ကိုလိုက်ရင်းနဲ့ သူ့ရဲ့စွန့်စားခန်းစာတင်ခဲ့ပါတော့တယ် ။

5.7 2024
The Legend of Yang Jian
Let Me Eat Your Pancreas
7.4

Let Me Eat Your Pancreas (2017) IMDb – 7.1/10 My Drama List – 8.2 “ငါတို့ရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက ငါတို့နှစ်ယောက်ကို ဆုံစေခဲ့တာပဲ” အတန်းထဲမှာ တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ ရှင်းဂဟာရုကိတစ်ယောက် ဆေးရုံမှာ အူအတက်ခွဲရင်း အတန်းထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ရာမာအူချီဆာကူရာရဲ့ ဒိုင်ယာရီစာအုပ်ကို မတော်တဆဖတ်မိပြီး ဆာကူရာ့ရဲ့ လျှို့ဝှက်ချက်သိသွားပါတယ်။ ဆာကူရာက ရှင်းဂတစ်ယောက် သူ့လျှို့ဝှက်ချက်ကိုအသုံးချပြီး အာရုံအစိုက်ခံရအောင်လုပ်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း ရှင်းဂကဘာမှမလုပ်လို့ စိတ်ဝင်စားပြီး ရင်းရင်းနှီးနှီးနေဖို့လုပ်လာပါတယ်။ တကယ်တော့ ဆာကူရာက ပန်ကရိယရောဂါနဲ့ တစ်နှစ်အတွင်း သေရတော့မယ့်လူပါ၊ အဲဒါကို မိဘကလွဲပြီး ဘယ်သူမှမသိပေမယ့် ရှင်းဂသိသွားပြီး အဲဒါကိုအသုံးမချတဲ့အတွက် သူ့ရဲ့လက်ကျန်အချိန်တွေကို ရှင်းဂနဲ့အတူ ပျော်ပျော်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နှစ်အတွင်း ဘာတွေကြုံရမလဲ ရှင်းဂတစ်ယောက်ကရော ပြောင်းလဲလာမလား… Let Me Eat Your Pancreas ဇာတ်လမ်းကို 2014 ခုနှစ်မှာ manga အနေနဲ့ထွက်ရှိခဲ့ပြီး 2017 ခုနှစ်မှာ live-action ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကို 2018 ခုနှစ်မှာ animeအဖြစ် ထပ်မံအသက်သွင်းခဲ့ပါတယ်။ မင်းသား Takumi Kitamura မင်းသမီး Minami Hamabe တို့ သရုပ်ဆောင်ထားပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size… 1.3 GB / 600 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Benni

7.4 2017 115 mins
Let Me Eat Your Pancreas
The Front Line Go-ji-jeon
7.4

The Front Line (2011) IMDb Rating (7.4) / Rotten Tomatoes (69%) ဒီဇာတ်ကားအညွှန်းမရေးခင်ပြောချင်တာတခုရှိသေးတယ်ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။ အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး။ ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ဝန်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကိုအခြေခံပြီးရိုက်ကူးထားတယ်။ ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်တွေအငြင်းပွါးကြတယ်။ ဒီတောင်ကုန်းကို ၂ဖက်တပ်တွေအလုအယက်သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ။ တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီးနောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ? အသက်ရောရှင်ရဲ့လား? တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ…အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားကစစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…(3.7 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Drama,War Duration….02:14:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia

Comedy • Romance
7.4 2011 133 mins
The Front Line Go-ji-jeon