YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Peach.Tree.2011.KOREAN.720p.WEBRip.(CM).mp4

532.63 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Librarian: Return to King Solomon's Mines
6.2

အင်ဒီယာနာဂျုံးတို့ အလန်ကွာတာမိန်းတို့လို မှော်စွန့်စားခရီးသွားဇာတ်ကားတစ်ကားပါပဲ ဒီဇာတ်ကားကတော့ ဆော်လမွန်သိုက်ဒဏ္ဏာရီကို အခြေတည်ထားပါတယ်... ဖလင်းဟာ အစွမ်းထက်တဲ့ရှေးဟောင်းပစ္စည်းတွေကို မသမာသူတွေလက်ထဲမရောက်အောင် ကာကွယ်ထိန်းသိမ်းပေးတဲ့ စာကြည့်တိုက်မှူးတစ်ယောက်ပါ၊၊ တစ်နေ့သူ့ဆီကို စာလိပ်တစ်စောင်ရောက်လာပါတယ်၊ မကြာခင်မှာပဲ သူ့တိုက်ခန်းကို လူတစ်ယောက်ကဝင်မွှေကာ ခိုးယူသွားခဲ့ပါတယ်။ ဒီအကြောင်းကို သူ့အထက်လူကြီး ဂျက်ဆန်ကိုပြောပြရင်းနဲ့ ထိုစာလိပ်ဟာ ဆော်လမွန်သိုက်မြေပုံမှန်း ဖလင်းတစ်ယောက်သိလိုက်ရပါတယ်၊၊ ဆော်လမွန်သိုက်ထဲမှာ ရတနာတွေအပြင် အရမ်းအစွမ်းထက်တဲ့ ဂန္ဘီရစာအုပ်တွေလည်းရှိနေတာမို့ မသမာသူတွေလက်ထဲမရောက်အောင် ဖလင်းတစ်ယောက် အစွမ်းကုန် ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ IMDB 6.3 ရထားတဲ့ ကြည့်လို့ကောင်းတဲ့ စိတ်ကူးယဉ်ခရီးသွားစွန့်စားခန်းတစ်ကားဖြစ်လို့ ကြည့်ရသူတွေ အပျင်းပြေမှာ အမှန်ပါပဲ။ File size…(1.5 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:32:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama
6.2 2006 92 mins
The Librarian: Return to King Solomon's Mines
Rose Island
7

Netflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့... သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ... ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်... ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။ တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင် ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့် ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့ လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီ အစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်... ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ထိုးဖောက်တွေနဲ့ရူးသွပ်တဲ့ Life Style ကိုတွေ့မြင်ရမယ် . Comedy လေးတွေချိုးသွား တာကလည်း ထိုင်ပြောင်ပြတာမျိုးတစ်ခန်းမှမပါဘဲကို ပြုံးရယ်သွားစေချင်တာမျိုးမို့ အတော်လေးကို ကြည့်လို့ကောင်း ပါတယ်။ နောက်တစ်ခုပြောပြချင်တာက တကယ့်အပြင်မှာ ရိုဆာနဲ့ ဂတ်ဘီက သေတဖန် သက်တဆုံး ပေါင်းဖက်သွားကြပါသတဲ့ ? (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 57min Subtitle – Myanmar Hardsub Format – Mp4 Genre : Adventure, Comedy, Drama Source : 1080p.WebRip Translator – May Myat Thu Encoder – SWM

7 2020 120 mins
Rose Island
The Haunted Drum
5.2

The Haunted Drum (2007) ငယ်ငယ်က တော်တော်နာမည်ကြီးခဲ့တဲ့ The Haunted Drum ဆိုတဲ့ ထိုင်းသရဲကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ အရမ်းစည်းကမ်းတင်းကြပ်ပြီး အဖွဲ့သားတွေကို အလိုမလိုက်တတ်တဲ့ ဆိုင်းဆရာကြီး Doung ရဲ့ ဆိုင်းဝိုင်းမှာ ပညာသင်ဖို့အတွက် ဂီတမှာ ပါရမီပါတဲ့ Ping ဆိုတဲ့ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီဆိုင်းဝိုင်းမှာ အဖွဲ့သားအားလုံး အဖွဲ့အပေါ် သစ္စာမဖောက်ပါဘူးဆိုတဲ့ ကတိတစ်ခုကို သစ္စာဆိုရပြီးတော့ သစ္စာဖောက်ဖျက်မိရင် ဆိုင်းဝိုင်းအိမ်မှာရှိတဲ့ ဗုံကိုစောင့်ကြပ်တဲ့ သရဲက အပြစ်ပေးတတ်တယ်ဆိုပြီး တီးတိုးကောလဟာလတွေလည်း ရှိပါတယ်။ အဲဒီသရဲက ဆိုင်းဝိုင်းကို စောင့်ရှောက်ပေးထားတယ်ဆိုတဲ့သတင်းကြောင့် အဲဒီဗုံကို လိုချင်နေတဲ့ တခြားဆိုင်းဝိုင်းပိုင်ရှင် Muam က ဆိုင်းဝိုင်းကလူတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ဗုံကိုရယူဖို့ နည်းလမ်းမျိုးစုံ သုံးလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ ပြီးတော့ ဆိုင်းဝိုင်းအိမ်ကို ရောက်လာတဲ့ Ping ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကိုလည်း ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 2GB | 808MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

Comedy • Drama • Romance
5.2 2007
The Haunted Drum
Bad Sister

Bad Sister (2015) နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။ အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ စစ္စတာရေဘက္ကာကို စစ္စတာဆိုဖီယာ့အပေါ် သံသယဝင်နေသူတွေထဲကတစ်ယောက်ဖြစ်လာစေတဲ့အကြောင်းရင်းဖြစ်ခဲ့တယ်။ စစ္စတာဆိုဖီယာက ဘယ်သူလဲ… ဘယ်ကလဲ… သူ့ရဲ့နောက်ကြောင်းတွေကရော ဘာတွေလဲ…. ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် အကြောင်းအရာတွေပဲဖြစ်တာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 715MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 27Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

0 2015 85 mins
Bad Sister
Riddle of Fire
6.8

ဇာတ်လမ်းလေးကတော့ လူစုံရင်ဘယ်လိုမှ ထိန်းမနိုင်တဲ့ကလေးသုံးယောက်ရဲ့ စွန့်စားခန်းကြီး အကြောင်းကို ရိုက်ကူးပြထားတဲ့ကားလေးပါ…။ ဒီကလေးတွေဟာ ၁၂၊ ၁၃အရွယ် ပေါက်စလေးတွေ ဆိုပေမယ့် ဂိုဏ်းစတားအဘိုးကြီးတွေလို ဆိုင်ကယ်ကို မှင်သေသေစီး၊ လေသေနတ်ကိုလွယ်၊ မျက်နှာဖုံးစွပ်နဲ့ မြို့အနှံ့ပတ်ဆိုးကြတဲ့ ဇိုးလေးတွေပေါ့…။ တစ်နေ့ကျတော့ သူတို့ဟာ ဂိမ်းဆော့ချင်လို့ စက်ရုံတစ်ခုမှာ ဂိမ်းစက်သွားခိုးလာပါတယ်…။ အိမ်ရောက်တဲ့အခါ ဂိမ်းဆော့မယ်ကြံတော့ သူတို့အမေက တီဗီကို ပတ်စဝေ့ါခတ်ပြီးသိမ်းထားပါလေရော…။ ဒီတော့ အမေ့ဆီမှာ ပတ်စဝေါ့သွားတောင်းတော့ အမေက ဘလူးဘယ်ရီပိုင်မုန့်သွားဝယ်လာခဲ့ရင် ပေးမယ်ပြောပါတယ်…။ သူတို့ရဲ့စွန့်စားခန်းလေးက ဒီမှာစတယ်ဗျ…။ ဘလူးဘယ်ရီပိုင်မု့န်သွားဝယ်ရင်းနဲ့ လမ်းမှာ ဘယ်လို ဇာတ်လမ်းအစုံကြုံရမလဲ… ဒီဇိုးကလေးသုံးယောက်က ကြုံလာသမျှအခက်အခဲတွေကို မဖြစ်ဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်….။ (အညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Themes ဖြစ်ပါတယ်) File size…2.45GB / 1.15GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.8 2024
Riddle of Fire
Viva La Vida
6.8

CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့‌ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ် လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ် ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ‌ ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော်

6.8 2024
Viva La Vida
Aranmanai 2
4.4

Aranmanai 2 (2016) ကျိန်စာသင့်ကလဲ့စား Imdb 4.4 လက်ရှိမှာ ၄ကားထိထွက်ရှိထားပြီးတော့ တစ်ခေတ်တစ်ခါက ရုံတင်ကားဖြစ်ခဲ့ပြီး box office အနေနဲ့ ၃၉၀ မီလီယံရရှိခဲ့တဲ့ ဝက်ဝက်ကွဲလူကြိုက်များခဲ့တဲ့ သရဲကားတစ်ကားပါ ‌ဘုရားကျောင်းပြုပြင်ဖို့ မြို့ကိုကာကွယ်ပေးထားတဲ့မယ်တော်ရုပ်ထုကို ခဏရွှေ့ဆိုင်းဖို့အကြောင်းဖန်လာတယ် ၁၀ရက်တာ ရတနာသေတ္တာထဲထည့်ပိတ်ထားရမှာဖြစ်ပြီး ဒီ၁၀ရက်အတွင်းမှာ မယ်တော်ရုပ်ထုကစွမ်းအားတွေပျောက်ဆုံးသွားမှာပါ ဒါအခွင့်အရေးကို အောက်လမ်းနဲ့ကမ္ဘာကြီးကိုအုပ်စိုးချင်ကြတဲ့ဘာဘာတို့အဖွဲ့က အမိအရအသုံးချပါတော့တယ် မယ်တော်ရုပ်ထုကိုဖယ်ပြီဆိုတည်းက အောက်လမ်းသုံးပြီး အိပ်ပျော်နေတဲ့ ပရလောကသားတွေကိုလှုပ်နှိုးခဲ့တယ် နိုးထလာခဲ့တဲ့ပရလောကသားတွေထဲမှာ သူတို့မကိုင်တွယ်နိုင်လောက်အောင်စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ပါလာခဲ့ပါတယ် ထိန်းချုပ်မရတဲ့အဆုံး အုပ်လိုက်ထွက်ပြေးကြရင်း လူ့လောကထဲ ထွက်ပေါ်မလာသင့်တဲ့မကောင်းဆိုးဝါးတစ်ကောင်က ရောက်ရှိလာပါတော့တယ် ဒီ‌မကောင်းဆိုးဝါးကနိုးနိုးချင်းပဲ အိမ်ကြီးတစ်လုံးဆီ ရန်ငြိုးအပြည့်နဲ့ ဒေါသတကြီးထွက်သွားခဲ့တယ် သူတို့ကြားကဇာတ်လမ်းကဘာများဖြစ်မလဲ ဒီမကောင်းဆိုးဝါးကိုနှိမ်နင်းနိုင်သူရော ပေါ်လာပါ့မလားဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် )

Drama
4.4 2016
Aranmanai 2
Goyo
6.5

ဒီတစ်ခါမှာတော့ မိုးအေးအေးမှာ ကြည့်ဖို့ အာဂျင်တီးနား ရုပ်ရှင်ကောင်းလေး တစ်ခုကို CM ကနေ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းလေးကတော့ Asperger Syndrome လို့ ခေါ်တဲ့ အော်တစ်ဇင် မျိုးကွဲရောဂါတစ်ခု ခံစားနေရတဲ့ ပြတိုက်လမ်းညွှန် Goyo နဲ့ ကလေးနှစ်ယောက်အမေ ပြတိုက် လုံခြုံရေးဝန်ထမ်း Eva တို့ကြားထဲက အချစ် ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်း ဖော်ကြူးထားတာပါပဲ ။ Asperger Syndrome ခံစားနေရတဲ့ Goyo ဟာ မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ထီးကျိုးသွားလို့ ဒေါသ ထွက်နေတဲ့ Eva ကို မြင်မြင်ချင်း သဘောကျမိသွားပါသတဲ့ ။ ပုံမှန် ချစ်ကြိုက်ညား ဇာတ်လမ်းတွေနဲ့မတူတာကတော့ နှစ်ဖက်လုံးမှာ ကိုယ်စီ ချို့ယွင်းချက်တွေ အဟန့်အတားတွေ ပိုင်ဆိုင်ထားတာပါပဲ ။ ချစ်မိသွားတဲ့အခါ Asperger Syndrome ဝေဒနာရှင် Goyo တစ်ယောက် ဘယ်လိုပြုမူမလဲ ။ သူတို့လို လူမျိုးတွေရဲ့ အချစ်ကို ချဥ်းကပ်ပုံလေးတွေကို ရသပေါင်းစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း Eva က Goyo ထက် အများကြီး အသက်ကြီးတဲ့အပြင် ပြတ်စဲလုနီးနီးအိမ်ထောင်ရေးနဲ့ ကလေးနှစ်ယောက် အမေ ဖြစ်လို့နေပြန်ပါတယ် ။ အစစအရာရာ ကွာခြားလွန်းနေတဲ့ သူတို့နှစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ ။ အချစ်ကြောင့် ရိုက်ခတ်လာတဲ့ လောကဓံတွေကို Goyo တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား ။ နောက်ဆုံးမှာရော သူတို့ ပေါင်းဖက်သွားရမလားဆိုတာတော့ Goyo လို့ အမည်ရတဲ့ ဇာတ်လမ်းလေးမှာ အတူတူ ကြည့်ရှု ခံစားလိုက်ရအောင် ။ File size…1.31GB / 629MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.5 2024
Goyo
Someone Like You…
6.1

ဇာတ်ဆောင်ဂျိန်းက အသည်းကွဲနေတဲ့ကာလမှာ ယောကျာ်းတွေရဲ့သဘောသဘာဝကိုအဖြေရှာချင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိလာတဲ့သီအိုရီတခုကတော့ နွားအသစ်ပါတဲ့။ နွားထီးတွေဟာ သူတိုမိတ်လိုက်ပြီးသားနွားမကို ၂ခါပြန်ပြီးမိတ်မလိုက်တတ်ပါဘူးတဲ့။ ယောကျာ်းတွေဟာလည်း နွားထီးတွေလို အသစ်မြင် အဟောင်းမေ့ဗီဇပါတဲ့သတ္တဝါတွေလိုမှတ်ယူလိုက်ပါတော့တယ်။ ဂျိန်းကဇာတ်လမ်းအဆုံးထိ နွားသစ်သီအိုရီကိုလက်ခံသွားမလား မှားကြောင်းပြမယ့်လက်တွဲဖော်တွေ့သွားမလား???? ဇာတ်ကားအညွှန်း‌ရေးသူမိမိလည်း ဒီသီအိုရီကိုလက်ခံချင်မိပါတယ်။ လူကြီးမင်းတိုအမြင်မှာရော နွားအသစ်သီအိုရီကိုလက်ခံလား လက်မခံဘူးလား? လက်မခံတဲ့သူတွေကို အားကျလိုက်တာ အချစ်ခံရတဲ့လူသားတွေဖြစ်မယ်ထင်ပါတယ်။ မိမိလည်း နွားသစ်သီအိုရီကမှားကြောင်းပြနိုင်မယ့်သူတွေ့လာမယ်မျှော်လင့်ရင်း အညွှန်းလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင့်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali

6.1 2001
Someone Like You…
Gabriel’s Redemption: Part I
5.4

Gabriel’s Redemption: Part I (2023) *********************************** ဒီကားလေး‌ကတော့ အရှေ့မှာ Gabriel’s Inferno (Part- 1,2.3) နဲ့ Gabriel’s Rapture (Part- 1,2.3) ဆိုပြီး စုစုပေါင်း ၆ ပိုင်း ထွက်ရှိထားပြီး ဒီကားလေးကို ကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးတွေကို ကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။ ဒီကား‌ထဲမှာတော့ ဂေဘရီရယ်တစ်ယောက် ကလေးယူချင်စိတ်ပြန်ဖြစ်လာပေမဲ့ ဂျူလီယာက ဘွဲ့လွန်ကျောင်းတစ်ဖက်နဲ့ဖြစ်နေပြီး ပညာရေးကို မစွန့်လွတ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။ မိသားစုတစ်ခု နှစ်ယောက်အတူထူထောင်လိုက်ရင် ကလေးတစ်ဖက်နဲ့ သူမပြုစုချင်တဲ့ချင်တဲ့ စာတမ်းတွေ မပြီးမြောက်ဘဲ ဘွဲ့လွန်ကျောင်းကနေထွက်ရမယ့်အဖြစ်နဲ့ကြုံမှာကို သူမအကြောက်ကြီးနေခဲ့တယ်။ တစ်နေ့မှာ ဂျူလီယာရဲ့စာတမ်းကို ပါမောက္ခ ဂေဘရီရယ်တစ်ယောက် ဖတ်ကြည့်ပြီး ဒန်တေးရဲ့ဇာတ်လမ်းအပေါ် အမြင်မတူကြရာကနေ အခြေခံကာ ဂျူလီယာတို့ လင်မယား လက်ထပ်ပြီး ပထမဆုံးရန်ပွဲလေးကို နွှဲလိုက်ရပါတော့တယ်။ စာတမ်းပို့ချဖို့ အီတလီကိုသွားကြတဲ့အခါမှာလည်း ကတ်သရင်းတစ်ယောက်ဟာ ဂျူလီယာ့ကို မနာလိုဝန်တိုစိတ်နဲ့ အသရေဖျက်လိုဖျက်၊ အိမ်ထောင်ရှိနေပြီဖြစ်တဲ့ ဂေဘရီရယ်ကို သွေးဆောင်လိုဆောင်နဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာတို့လင်မယားကို အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေခဲ့ပါတယ်။ အမှောင့်အဖျက် ကတ်သရင်းတစ်ယောက် ဂျူလီယာ့ကို ဘယ်လိုနှောင့်ယှက်မလဲ.. သူကိုယ်တိုင်လည်း ဘာတွေကြုံတွေ့ရဦးမလဲ.. သူ့ကိုဘယ်လိုအရာတွေက စောင့်ကြိုနေလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ အချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ ပရိသတ်အချို့ သဘောကျကြတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ကျန်ရှိနေသေးတဲ့ အခြေအနေတင်းမာမှုလေးတွေကိုလည်း ဟိုတစ်စဒီတစ်စ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ File Size : 1.59GB/ 560MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jina Encoded by Tiff

5.4 2023 110 mins
Gabriel’s Redemption: Part I