YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Past.2018.1080p.AMZN.WEB-DL.YK(CM).mkv

1.71 GB 1080p video/x-matroska 142 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Master Gardener
6.2

Master Gardener (2022) ~ IMDb - 6.3/10, Rotten Tomatoes - 70% ~ "God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ "God's Lonely Man" ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက "ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ" ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 540MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 51Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
6.2 2023 111 mins
Master Gardener
The Spiderwick Chronicles
6.6

The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10 ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့‌ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က စာအုပ်တစ် အုပ်ကို တွေ့သွားရာကနေ သူတို့အိမ်ကြီးပတ်ပတ်လည်မှာ မှော် ဝင်သတ္တဝါတွေ အများအပြားရောက်လာကြပါသတဲ့။ စာအုပ်ကို ကာကွယ်လိုသူ မှော်သတ္တဝါတွေနဲ့ လုယူအသုံးချချင်တဲ့ မှော်သ တ္တဝါတွေကြားထဲမှာ အမေတစ်ယောက် သားသမီးသုံးယောက် ဘယ်လိုကြားညပ်သွားသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(1.7 GB) / (729 MB) / (487 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Arr Khun Winchester Encoder..........SWM

Comedy • Drama • Romance
6.6 2008 95 mins
The Spiderwick Chronicles
The Witch: Part 1. The Subversion
7.8

ဒီဇာတ်ကားက ကျွန်တော်တို့ထင်မထားလောက်အောင် ကြမ်းပြီးကောင်းတဲ့ ကားထဲမှာပါတယ်...BOX OFFICE လည်းဝင်ခဲ့သလို ဆန်းပြားတဲ့ဇာတ်အိမ်နဲ့ အက်ရှင်ခန်းအမိုက်စားတွေကြောင့် ကျားပရိတ်သတ်ရော မပရိတ်သတ်ပါ အတော်လေးနှစ်ခြိုက်ခဲ့ကြပြီး Part 2 ကို မျှော်နေကြသလို များမကြမှီလည်း ရုံတင်တော့မှာပါ... ဒါ့ကြောင့် Part 2 လေးမထွက်ခင် BLU-RAY1080P5.1CH လေးနဲ့ ပြန်လည် တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို ကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်က အကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။ အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီး အတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ.... File Size : (1.7GB)(721 MB)&( Quality :BLU-RAY1080P5.1CH,720p Format…mp4 Duration…02:06:00 Genre :Crime, Sci-Fi & Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Action • Drama • Thriller
7.8 2018 125 mins
The Witch: Part 1. The Subversion
Get Shorty
6.5

IMDb Rating (6.9) / Rotten Tomatoes (88%) သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။ သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။ အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး လေကြောင်းလိုင်းကပေးတဲ့အာမခံငွေကို လိမ်ပြေးတဲ့ လီယို ဆိုတဲ့ ငတုံးတစ်ကောင်။ သူက ချီလီတို့ဆီကအကြွေးယူထားတာ။ အဲဒါကို မဆပ်ဘဲပြေးတာ။ ဇာတ်ညွှန်းကောင်းကောင်းတစ်ပုဒ် တွေ့ထားပေမယ့် မဝယ်နိုင်တာနဲ့ ထုတ်လုပ်သူတွေပေးထားတဲ့ငွေတွေကို ဘောပွဲလောင်းပြီးအပွကြံမိမှ ရှူံးပြီး တိုင်ပတ်နေတဲ့ ဟယ်ရီ ဆိုတဲ့ ဒါရိုက်တာကြီးတစ်ယောက်။ ဇိမ်ခံကားအငှားလုပ်ငန်းကို ဗန်းပြပြီး မူးယစ်ဆေးရောင်းနေတဲ့၊ ရုပ်ရှင်လုပ်ငန်းထဲကိုပါ ဝင်ပါချင်နေတဲ့ လူဆိုးတစ်စုရယ်။ အရည်အချင်းရှိရဲ့သားနဲ့ သရဲကားတွေထဲမှာပဲ ပါနေရလို့ စိတ်ကုန်နေတဲ့ မင်းသမီး‌ချောလေးတစ်ယောက်ရယ်။ အဲဒီမင်းသမီးရဲ့ခင်ပွန်းဟောင်း အရပ်အလွန်ပုပေမယ့် သရုပ်ဆောင်ကောင်းလှတဲ့ စူပါမင်းသားကြီးတစ်ယောက်ရယ်။ ဇာတ်လမ်းအစမှာကတည်းက ချီလီ့ကို ဩဇာပြချင်လှတဲ့ (ပြီးတော့လည်း ချီလီဗျင်းတာချည်း လှိမ့်ခံနေရတဲ့) ဘာဘိုနီ ဆိုတဲ့ ငွေချေးသမားကြီးရယ်။ ရဲတွေက ဘယ်သူလာဖွင့်မလဲလို့ အချိန်ပြည့်စောင့်ကြည့်နေကြတဲ့ လေဆိပ် အာမခံသေတ္တာ လော့ကာခန်းတစ်ခုထဲက အိတ်တစ်လုံးရယ်။ အရာရာနဲ့အကြောင်းကြောင်းတွေစုသွားတဲ့အခါ အမျိုးမျိုးနဲ့အဖုံဖုံတွေဖြစ်လာတော့တာပါပဲ။ (ဂိုဏ်းစတားကရုပ်ရှင်ပိုးဝင်လာချိန်မှာ ရုပ်ရှင်သမားတွေက ဂိုဏ်းစတားစိတ်ပေါက်ပြီး အကုန်လျှောက်လုပ်ကြတော့တာမျိုးပေါ့။ 1995ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action-comedyဇာတ်ကားတစ်ကားဖြစ်တဲ့ "Get Shorty" ဟာ ratingတွေမှာ IMDb 6.9/10 ၊ Rotten Tomatoesမှာ 88% နဲ့ Metacritic မှာ 82%ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် ချီလီအနေနဲ့ပါဝင်ထားသူကတော့ နာမည်ကျော် John Travolta ဂျွန်ထရာဗိုလ်လ်တာ ပဲဖြစ်ပါတယ်။ (Face-offဇာတ်ကားမှာ မြန်မာပရိသတ်တွေ သတိအထားမိဆုံး အကြိုက်ကြီးကြိုက်ခဲ့ကြတဲ့ မင်းသားကြီးပါ။ ) သူ့ရဲ့ဂန္ဓဝင်ဇာတ်ကားကောင်းတွေလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားရဲ့အောင်မြင်မှုကြောင့် နောက်ဆက်တွဲအနေနဲ့ "Be Cool" ဆိုတဲ့ ဇာတ်ကားကို 2005ခုနှစ်မှာ ဂျွန်ထရာဗိုလ်လ်တာ ကပဲ ခေါင်းဆောင်မင်းသားအနေနဲ့ ဆက်လက်ရိုက်ကူး ထွက်ရှိခဲ့ပါသေးတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) File size…(1.8 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:44:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Adventure • Fantasy
6.5 1995 105 mins
Get Shorty
Not Your Romeo and Juliet (2023)

ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကျောင်းသားဇာတ်လမ်းတစ်ပုဒ်ပါ။ Romance ကိုယုံကြည်တဲ့ စိတ်ပညာကျောင်းသူ မစ်ကီနဲ့ Romance ဆိုတာ အရေးမပါဘူးလို့ လက်ခံထားတဲ့ ကျောင်းသားနိုအာတို့ တွေ့ဆုံရာကနေ စကားရည်လုပွဲလုပ်ရတဲ့ထိရောက်သွားတဲ့အကြောင်းပေါ့။ ဖခင် ကင်ဆာနဲ့ဆုံးသွားပြီးတော့ မစ်ကီက မိခင်နဲ့အတူ နေလာပြီး မစ်ကီ့မိခင်ကလည်း မစ်ကီတက်တဲ့တက္ကသိုလ်မှာ ကျောင်းပြန်တက်ပါတယ်။ မစ်ကီကတော့ ကျောင်းက သတင်းစာကော်လံမှာ ဂျူးလိယက်ဆိုတဲ့ ကလောင်နာမည်နဲ့ Romance အကြောင်း အပတ်စဉ်ရေးပါတယ်။ ဂျူးလိယက်က မစ်ကီဆိုတာ သူ့အမေနဲ့ အချစ်ဆုံးသူငယ်ချင်းကလွဲလို့ ဘယ်သူမှမသိပါဘူး။ စင်တာမှာ နိုအာနဲ့ပထမဆုံး တွေ့ပြီး ရင်းနှီးသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မစ်ကီ‌ ရေးတဲ့ Romance ဆောင်းပါးကို Not your Romeo ဆိုတဲ့ကလောင်နာမည်နဲ့ တိုက်ခိုက်တဲ့သူပေါ်လာပါတယ်။ မစ်ကီကလည်းစိတ်ဆိုးပြီး ပြန်တိုက်ခိုက်တဲ့အနေနဲ့ ရေးပါတယ်။ ပြီးတော့ မစ်ကီနဲ့နိုအာက ပညာသင်ဆုအတွက် ဆန်ကာတင်၂ယောက်ဖြစ်နေတဲ့အခါ နိုအာက ဂျူးလိယက်က မစ်ကီဆိုတာသိသွားပါတယ်။ ကျောင်းကလည်း ပညာသင်ဆုအတွက်ရွေးဖို့ မစ်ကီတို့၂ယောက်ကို စကားရည်လုပွဲလုပ်ပေးတဲ့အခါ နိုအာက ပြသာနာမကြီးချင်လို့ သူ့အခန်းဖော် ဟျူဂိုကို ဟန်ဆောင်ခိုင်းပါတယ်။ ဒါပေမဲ့ အစမ်းပြောကြရင်း ပြသာနာပိုကြီးသွားပြီး ဟျူဂိုက ဟန်ဆောင်တာပါ သိသွားတဲ့အခါ မစ်ကီတို့၂ယောက်ဆက်ဆံရေးက ပိုဆိုးသွားပြီး တွေ့တာနဲ့ စကားနိုင်လု ရန်ဖြစ်ကြပါတော့တယ်။ မစ်ကီ ယုံကြည်ထားတဲ့ Romance ဆိုတာတကယ်ပဲ အရေးမပါဘူးလား... အချစ်က လက်တွေ့ဘ၀မှာ ဘယ်လိုအဓိပ္ပါယ်မျိုးလဲ... သဘောထားမတိုက်ဆိုင်တဲ့ သူတို့၂ယောက် နောက်ဆုံး ဘယ်လိုအဆုံးသတ်မလဲဆိုတာကတော့ ဇာတ်လမ်းကိုအားပေးရင်း တွေးကြည့်ကြပါ။ မစ်ကီ့အမေက ကျောင်းသူဖြစ်နေတာကို ဖုံးချင်တဲ့အတွက် ပါမောက္ခကို ပညာရေးအကဲဖြတ်သူအနေနဲ့ ညာထားတာမို့ အလွဲလေးတွေကိုပါ ဟာသဆန်ဆန်ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 10Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Action • Crime • Drama • Mystery • Thriller
null 2023 70 mins
Not Your Romeo and Juliet (2023)
Beautiful Pain
7

Beautiful Pain (2016) မိဘရယ်လို့ ဖြစ်လာပြီဆိုရင် သားသမီးတွေကို အဖိုးတန်တဲ့ ပြီးပြည့်စုံတဲ့လူအဖြစ်ပဲ မွေးဖွားလာစေချင်ကြမှာပါ။ ဒါပေမဲ့ ကံတရားကတော့ လူတိုင်းကို ကိုယ်ထင်မှတ်သလို မျက်နှာသာပေးတတ်သူတော့ မဟုတ်ပါဘူး။ ရာဇ်လန်ဟာ ဇနီးဖြစ်သူအလီနာ သားဖြစ်သူဒန်နီရယ်နဲ့အတူ အေးချမ်းတဲ့မိသားစုငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ သားဖြစ်သူဒန်နီရယ်ရဲ့ တစ်နေ့တခြား ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် ရာဇ်လန်ရော အလီနာပါ ရင်ပူနေရပါပြီ။ ရာဇ်လန်ကတော့ ယောက်ျားသားပီပီ အဖြစ်အပျက်တွေကို မသိကျိုးကျွန်လုပ်နေပေမဲ့ အလီနာကတော့ သားဖြစ်သူရဲ့အခြေအနေကို ရိပ်စားမိပြီး ရတက်မအေးဖြစ်နေတာပေါ့။ အလီနာတစ်ယောက် ခင်ပွန်းဖြစ်သူမသိအောင် ကွာလာလမ်ပူမှာရှိတဲ့ ညီမဖြစ်သူရဲ့အကူအညီနဲ့ ကလေးအထူးကုနဲ့ပြကြည့်တဲ့အခါမှာ ဒန်နီရယ်တစ်ယောက် အော်တစ်ဇင်ဖြစ်နေကြောင်း သိသွားရတဲ့အခါမှာတော့… သားဖြစ်သူကို မျှော်မှန်းချက်ကြီးမားခဲ့တဲ့အဖေပီပီ ရာဇ်လန်တစ်ယောက် ဒန်နီရယ်ရဲ့အခြေအနေကို အကြောက်အကန် ငြင်းဆန်နေရရင်းနဲ့ ရုတ်တရက် အလီနာဆုံးသွားတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ။ ဘယ်အရာကရော ရာဇ်လန်ကို အခြေအနေတွေကို လက်ခံသွားစေတာလဲ။ မသန်စွမ်းဖြစ်နေတဲ့သားဖြစ်သူရဲ့ အနာဂတ်ခရီးမှာ အဆင်ပြေစေဖို့ ဖခင်တစ်ယောက်အနေနဲ့ သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် လက်တွေ့ဘဝနဲ့ဆက်စပ်တဲ့ အတွေးအမြင်တစ်ခုရသွားစေမှာ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p | 480p File size… 1.25gB | 660MB | 326MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August

7 2016
Beautiful Pain
Burned by Love
5

Burned by Love (2023) ================= ဒီကားလေးကတော့ American Assassin ဇာတ်ကားထဲက မင်းသမီး ချောလေး Shiva Negar ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ် ဆောင်ထားတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်းလေးတစ်ကားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အတွင်းခန်း အလှပြင်ပန်းချီဆရာ အနေနဲ့ အသက်မွေးတဲ့ Shiva တစ်ယောက် ခင်ပွန်းသည်ရဲ့ ဖောက်ပြန် မှုကို လက်ပူးလက်ကြပ်မိသွားပြီး အိမ်ထောင်ကွဲဘဝကိုရောက်သွား ရှာပါတယ်။ တစ်နှစ်လောက် ကြာတဲ့အထိ Move on မလုပ်နိုင်တော့ အတူနေအခန်းဖော်က ဘဲလေးဘာလေးရအောင် ဆိုပြီး Tinder လိုမျိူး Dating Account ဖွင့်ပေးပြီး သုံးခိုင်းရာကနေ Shiva တစ်ယောက် Marco ဆိုတဲ့ဘဲနဲ့ ညိသွားပါတော့တယ်။ ဖြစ်ချင်တော့ Marco က ကြာကူလီ ဖိုးတွမ်တီးသမားဖြစ်နေတော့ ပိုက်ဆံလည်းရှုံး အသည်းလည်းကွဲ မိအေးနှစ်ခါနာဖြစ်ပါတော့တယ်။ အဲတော့ သူ့လိုမျိုး နောက်ထပ်ကောင်မလေးတွေ မခံရလေအောင်ဆို ပြီး လိုင်းပေါ်မှာ သတိပေးစာတွေထုတ်၊ မိန်းကလေးအချင်းချင်းရင်ဖွင့် ကြနဲ့ Carry on လုပ်တဲ့အခါမှာ Marco တစ်ယောက် စားပေါက်ပိတ် သွားပါတော့တယ်။ စားပေါက်ပိတ်သွားတဲ့ ကြာကူလီ Marco က Shiva ကိုလက်တုံ့ပြန်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြ မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(484 MB) Quality…………WEB-DL 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Mystery Translator……Thetti Tun Encoder……….SWM

5 2023 88 mins
Burned by Love
June Zero

(function(f,b,n,j,x,e){})(); ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် သမိုင်းကြောင်းတစ်ခုက လူတစ်ယောက်အပေါ်ကို ဘယ်လောက်တောင်သက်ရောက်မှုရှိလဲ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်တွေပါဝင်နေသလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးစုတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တဲ့ Adolf Eichman ရဲ့ လူသိနည်းတဲ့တရားခွင်အပေါ်မှာ ဇာတ်ကြောင်းခံပြီး ဇာတ်လမ်းကိုတင်ဆက်ပြသထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ လူသားဆန်ဆန်နေထိုင်မှုရဲ့အဓိပ္ပာယ်တွေ ပြီးတော့ Eichman ကိုကွပ်မျက်ခြင်းကိုလုပ်ဆောင်တဲ့ အပိုင်းမှာပါဝင်တဲ့ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေတွေ ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ နာဇီတွေရဲ့ ပြစ်မှုတွေကဘယ်လောက်တောင်လွှမ်းမိုးမှုရှိလဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2022
June Zero
Shaun of the Dead
7.9

ကဲ Three Flavours Cornetto Trilogy ထဲက ပထမဆုံးကားလာပါပြီ…. Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။ Shaun of The Dead (2004) ရုပ်ရှင်ကတော့ Cornetto Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တာနဲ့အညီ IMdb Rating (7.9) Rotten Tomatoes (92%) ထိ ရရှိခဲ့ပြီး အနုပညာအရည်အသွေးမြင့် Comedy Horror ရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်…ရိုက်ကူးကုန်ကျစရိတ် Budget $6 million ပဲကုန်ကျခဲ့ပေမယ့် Box office $38.7 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် ဝင်ငွေအရလဲအောင်မြင်ခဲ့ပြီး နောက်ဆက်ထွက်မယ့် ၂ ကားကိုလဲ ပံ့ပိုးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ရှောင်ဆိုတဲ့ အသက်သုံးဆယ်ကျော် အရှုံးသမားတစ်ယောက်ဟာသူ့အချစ်ဆုံးသူငယ်ချင်း ငကြောင် အတ်ဒ်နဲ့ အတူနေထိုင်ပါတယ်။ သူ့မှာ ကြွားစရာဆိုလို့ သူ့ရည်းစား လစ်ဇ်ပဲရှိပါတယ်။ တစ်နေ့တော့ သူတို့ရဲ့ငကြောင်ကမ္ဘာထဲမှာ ဇွန်ဘီတွေ ပေါ်လာတဲ့အချိန်မှာတော့ ရှောင်တို့အဖွဲ့ အသက်ရှင်လွတ်မြောက်နိုင်မှာလား? ဇွန်ဘီတွေကြားထဲ သူတို့အဖွဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….ရယ်မောပျော်ရွှင်အောင်ရိုက်ကူးထားပါတယ်။ Cornetto Trilogy ၃ ကားစလုံး အတည်ပေါက်နဲ့ရယ်နေရတာမလို့ လက်လွတ်မခံသင့်ပါဘူး။

Thriller • Crime • Drama
7.9 2004 99 mins
Shaun of the Dead
Miss Agent
5.6

ဒီကားကတော့ ၈လပိုင်း၂၀၂၀မှာထွက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်.. မိန်းကလေးလျို့ဝှက်အေးဂျင့်ရဲ့ sexyဆန်ဆန်လှပစွာတိုက်ခိုက်မှုတွေကိုတွေ့မြင်ရမှာပါ အရှေ့တောင်အာရှဆိုတဲ့နယ်မြေမှာ ကိုယ်တွင်းအဂ်ါတွေကိုမှောင်ခိုရောင်းချနေတဲ့ Mဂိုဏ်းရဲ့ခေါင်းဆောင်ပါးစုန့်ဟာ သူ့ရဲ့ပါတနာတွေနဲ့ လမ်းကြောင်းအသစ်တွေအတွက်ဆွေးနွေးပွဲလုပ်နေချိန်မှာ ATOအဖွဲ့ရဲ့ လျို့ဝှက်အေးဂျင့်ဖြစ်တဲ့ ယာမိန်ဦးဆောင်တဲ့အဖွဲ့ဟာ ပါးစုန်ကိုဖမ်းဖို့ အပျော်မယ်အသွင်နဲ့ရောက်လာပါတယ်… ဒီလိုနဲ့ဗုံးပေါက်ကွဲမှုဖြစ်ပေါပြီးယာမိန်မသေခဲ့ပဲ သာမန်လူဘဝနဲ့ ချစ်သူဖန်းလိနဲ့အတူ ဇာတ်မြှုပ်ကာ ဘဝကိုဖြတ်သန်းနေပါတယ်…တစ်နေ့မှာ ယာမိန်ရဲ့ဘဝမှန်ကိုသိတဲ့သူတစ်ယောက်က ဖန်းလိကိုပြန်ပေးဆွဲပြီး Mဂိုဏ်းက လူတွေကိုသတ်ပေးဖို့ကမ်းလှမ်းပါတော့တယ်… ယာမိန်က ဖန်းလိကိုကယ်တင်နိုင်ပါ့မလား….ဘယ်လိုအန္တရာယ်တွေကသူ့ကိုစောင့်ကြိုနေမှာလဲ… ဇာတ်လမ်းတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ

Drama • Horror • Thriller
5.6 2020
Miss Agent
Magpie
6

ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးသည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး အန်နက်ဒ်ဆိုတဲ့ အမျိုးသမီးနဲ့ ဘန်ဆိုတဲ့အမျိုးသားတို့ရဲ့ အိမ်ထောင်ရေး အပေါ် အခြေခံရိုက်ကူးထားပါတယ်။ အန်နက်ဒ်ဟာ မက်တီလ်ဒါနဲ့ လူးကပ်စ်ဆိုတဲ့ ကလေးနှစ်ယောက်ကို မွေးပြီး အိမ်မှာပဲ ကလေးထိန်းကျောင်းဖို့အတွက် အလုပ်ထွက်ထား ရတဲ့သူဖြစ်ပါတယ်… နေထိုင်ရာအိမ်ကိုလည်း စာရေးဆရာဖြစ်တဲ့ အမျိုးသားဘန်က တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ နေချင်တယ်ဆိုတဲ့အတွက်ကြောင့် နယ်ဘက်ကို ပြောင်းရွှေ့လာရတဲ့အတွက် အန်နက်ဒ်ရဲ့နေ့စဉ်ဘဝက ကလေးထိန်းရင်း အိမ်မှာနေရင်းနဲ့ စိတ်မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်… အဲဒီအချိန်မှာ သူတို့သမီးဖြစ်သူ မက်တီလ်ဒါလေးက ကလေး သရုပ်ဆောင်နေရာကနေ ဝင်အရွေးခံရင်း နာမည်ကြီးမင်းသမီး တစ်လက်နဲ့အတူ ရုပ်ရှင်ရိုက်ကူးရဖို့ ဖြစ်လာပါတယ်… ရိုက်ကူးရေးမသွားခင် တစ်ညမှာပဲ အဲဒီမင်းသမီးရဲ့ အတွင်းရေး ဗီဒီယိုတစ်ခုက ပေါက်ကြားလာတာကို အမျိုးသားဖြစ်သူဘန်က ကြည့်ရှုရင်း သဘောကျနှစ်ခြိုက်တဲ့ပုံပေါ်နေခဲ့ပါတယ်… အဲဒီလိုနဲ့ သမီးဖြစ်သူကို ရိုက်ကွင်းလိုက်ပို့ရင်း မင်းသမီးဖြစ်သူ အပေါ် စွဲလမ်းလာတဲ့ သူ့ယောကျ်ား ဘန်… ပြောလိုက်တဲ့စကားတိုင်းမှာ မင်းသမီးအလီဆီယာရဲ့ နာမည် မပါရင်မပြီးတဲ့ သမီးဖြစ်သူ မက်တီလ်ဒါ… ဒီလိုမူမမှန်မှုတွေကို သတိပြုမိလာတဲ့ အန်နက်ဒ်က ယောကျ်ားနဲ့ မင်းသမီးဖြစ်သူကို ဘယ်လိုစုံစမ်းမလဲ… ဘယ်လိုရွေးချယ်မှုတွေပြုလုပ်သွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီတိုင်းကြည့်ရင် အစမှာပျင်းတယ်လို့ထင်ရစေနိုင်ပေမဲ့ Plot Twist ပါဝင်တဲ့ ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်.. File size… (886MB) / (563MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

History • Drama
6 2024 90 mins
Magpie
The Witch Cadi
6.5

The Witch (2024) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိခဲ့တဲ့ တူရကီ horror , thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသား Furkan Andic နဲ့ မင်းသမီး abuse Meral တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Erman Boston ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ငယ်ရွယ်တဲ့ တစ်ခုလပ်အမျိုးသမီးလေးဖြစ်တဲ့ Fikriye ဟာ Nasit Nefi Efendi ဆိုတဲ့ လူချမ်းသာတစ်ဦးကို လက်ထပ်ဖို့ဖြစ်လာပြီး သူနေထိုင်တဲ့ စံအိမ်ကြီးထဲကို သွားရောက်နေထိုင်ရပါတော့တယ်။ ဒီစံအိမ်ကြီးရဲ့ ကြောက်စရာကောလဟလ တွေကလည်းလူတွေရဲ့ ပါးစပ်ဖျားမှာပြောစမှတ်ဖြစ်နေပြီးတော့ Fikriye လေးဟာ ကြောက်လန့်လို့နေခဲ့ပါတယ်။ ဒီစံအိမ်ကြီးနဲ့ သူ့ခင်ပွန်းသည် တို့ရဲ့ ခြောက်ခြားစရာအမှန်တရားတွေကို Fikriye တစ်ယောက်ဘယ်လိုရှာဖွေဖြေရှင်းသွားမလဲဆိုတာစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(2 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….02:14:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

TV Movie • Comedy • Romance
6.5 2024 134 mins
The Witch Cadi
Lesson Learned Fekete pont
7.7

Lesson Learned (2024) IMDb Rating (7.7) ဒီဟန်ဂေရီရုပ်ရှင်ကိုတော့ ဟန်ဂေရီဒါရိုက်တာ bálint szimlerကရိုက်ထားပြီး။ bálint szimlerဟာ Balaton Method (2015)နဲ့ ပွဲဦးထွက်ခဲ့တယ်။Balaton Methodဟာလည်း အရည်အသွေးမီတဲ့ကားဖြစ်သလို ဒီကားကလည်း အရည်အသွေးကောင်းတဲ့ကားပဲဆို‌တော့ ဒါရိုက်တာကောင်းဖြစ်ဖို့ တာစူလာတဲ့လူလို့ ပြောလို့ရပါတယ်။ Lesson Learned ( 2024 )မှာတော့ ကျောင်းသားတွေ ကျောင်းနဲ့ ကျောင်းဆရာတွေကြားက အခြေအနေကို ပြထားတယ်။ ပြောရရင် သူ့တားဂတ်က ပညာရေး ဖြစ်ပါလိမ့်မယ်။ ပုံမှန်ပညာရေးပိုင်းကို ဒါရိုက်တာတွေက ရုပ်ရှင်တွေနဲ့ ထောက်ပြကြတဲ့နေရာမှာ စာသင်နည်းအသစ်တွေ အတွေးအခေါ်အသစ်တွေနဲ့ ထောက်ပြကြတာများပေမဲ့ bálint szimlerထောက်ပြပုံကတော့ ကျွန်တော်တို့ နိုင်ငံနဲ့တောင် အံကိုက်တယ်လို့ပြောလို့ရပါတယ်။ ဘာလို့ဆို သူအဓိက ထောက်ပြတာက စနစ်ကိုလည်းမဟုတ် သင်ကြားပုံကိုလည်းမဟုတ်ဘဲ လူတွေကိုပါပဲ။ ကျောင်းဆရာ ဆရာမတွေကိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ပညာရေးစနစ်အသစ်ဘယ်လိုဆွဲဆွဲ , ဘယ်လိုတက္ကနစ်တွေ သင်ထောက်ကူတွေသုံးသုံး, သင်ကြားပေးမယ့်လူတွေ မပြောင်းလဲသရွေ့ သူတို့အတွေးအခေါ်တွေ မပြောင်းလဲသရွေ့တော့ မထူးဘူးလို့ပဲ မြင်တယ်။ bálint szimlerကလည်း ဒါကိုပဲ တစ်ကျောင်းလုံးက ဆရာတွေဆရာမတွေရဲ့သူတို့ဘာသာပြဿနာတွေ သူတို့နဲ့ကလေးတွေကို ဆက်ဆံပုံမှားယွင်းနေတဲ့ ပြဿနာတွေသက်သက်နဲ့ပဲ တင်ဆက်သွားတယ်။ စီမံအုပ်ချုပ်ပုံကအစ သင်ကြားပုံအဆုံး ကျောင်းသားဘက်ကိုမငဲ့ဘဲ သူတို့ဘက်သူတို့ပဲ ကြည့်နေကြမှန်းသိလား မသိပေမဲ့ ကြည့်နေတဲ့ ပုံစံတွေပေါ့။ ကျွန်တော်တို့ဘက်နဲ့လည်း ဆင်တော့ဆင်ပါတယ်။ ဂုဏော အနန္တောတွေ မပါတာပဲ ကွာလိမ့်မယ်။ ဒါပေမဲ့ ငါတို့ကဆရာဆိုတဲ့ ဆိုက်ချင်းတော့ တူကောင်းတူလိမ့်မယ်။ ဝါးလုံးနဲ့ရမ်းသလိုတော့ ဖြစ်နေပေမဲ့ အများစုတော့ ဒီလိုပါပဲ။ ပြောကြသလိုပဲ လူနည်းစုအတွက်ပဲ ကောင်းနေတဲ့အရာက အဖြေရသွားတာမျိုးမဟုတ်ဘူး။ ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ ကောင်းတဲ့ဇာတ်ကောင်မပါတာလားဆို‌တော့ မဟုတ်ဘူး။ တစ်ယောက်တော့ ပါခဲ့တယ်။ ဒါပေမဲ့ ဒါကို တင်ဆက်ပုံကလည်း လက်တွေ့ကျပါတယ်။ ကျွန်တော်ကြည့်ဖူးသမျှကားတွေလိုမဟုတ်ဘဲ သူလည်း မကျေနပ်နေရုံ ကလေးတွေဘက်က မခံချင်နေရုံကလွဲ ဘာမှမတတ်နိုင်ခဲ့ဘူး။ အဆုံးမှာတော့ စနစ်က ဒီလိုဖြစ်နေရင် စနစ်ထဲ အံမကိုက်တဲ့တစ်ယောက်က ထွက်သွားရတဲ့ပုံစံမျိုးနဲ့ ထွက်သွားလိုက်ရတယ်။ တစ်ဘက်က ကြည့်ရင် ဒီကားက ပျင်းစရာတော်တော်ကောင်းတဲ့ကားပါပဲ။ ဘာမှမမပါပါဘူး။ တစ်ဘက်ကကြည့်ရင်လည်း ဒါဟာ ပညာရေးစနစ်တွေကို လက်တွေ့အကျဆုံး တင်ဆက်ထားတဲ့ရုပ်ရှင်ပါပဲ။ စိတ်ဝင်စားရင် ကြည့်ကြည့်ပြီး စိတ်မဝင်စားရင် မကြည့်ဖို့ကလွဲ ဘာမှတော့ ပြောစရာမရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(5.3 GB) / (2.4 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:00:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Romance • Thriller
7.7 2024 119 mins
Lesson Learned Fekete pont
My Mother The Mermaid
6.5

My Mother The Mermaid (2004) IMDb 6.5 အခုတစ်ခါမှာတော့ 2004 တုန်းက ထွက်ရှိခဲ့ပြီး ပရိသတ်တို့နဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Go Doo Shin, Park Hae Il, Kim Bong Geun, Jeon Do Yeon, Lee Sun Kyun တို့အဓိကပါဝင်ထားတဲ့ My Mother the Mermaid ဆိုတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~~ နာယောင်းကတော့ စာတိုက်မှာ အလုပ်လုပ်ပြီး သူမရဲ့ ခေါင်းမာတတ်တဲ့အမေနဲ့ စိတ်ထားကောင်းလွန်းပြီး သဘောလွယ်တဲ့အဖေကြောင့် ဘဝကြီးကို စိတ်ကုန်နေတဲ့ ကောင်မလေးတစ်ယောက်ပါ အဖေဖြစ်သူရဲ့ အကြွေးကြောင့် တက္ကသိုလ်တက်မဲ့ အခွင့်အရေးကို လက်လျှော့ခဲ့ရပြီး မျှော်လင့်ချက်ဆိုလို့ နယူးဇီလန်ကို လေ့လာရေးခရီးသွားရတာလေး တစ်ခုပဲရှိနေတာပေါ့ ဒါပေမဲ့ သူမ နယူးဇီလန်ကို သွားမဲ့နေ့မှာပဲ သူမအဖေက မပြောမဆိုနဲ့ ရုတ်တရက်ကြီး ပျောက်သွားတဲ့အခါမှာတော့ ရွေးချယ်စရာမရှိဘဲ ခရီးစဉ်ကို လက်လျှော့ပြီး အဖေ့ကို ရှာဖို့ထွက်လာခဲ့ပါတော့တယ် အဲဒီလိုနဲ့ သူမ မိဘတွေရဲ့ မွေးရပ်မြေလေးဆီကို ထွက်လာရင်းနဲ့ လွန်ခဲ့တဲ့နှစ် 30 က အချိန်ကို ပြန်ရောက်သွားပြီး သူမအမေနဲ့ အဖေရဲ့ ငယ်ဘဝအချစ်ဇာတ်လမ်းကို မျက်မြင်တွေ့ကြုံခဲ့ရာမှာတော့ …. သူမ သိထားခဲ့,ထင်ထားခဲ့တဲ့ အမေရဲ့ အခုလက်ရှိပုံစံနဲ့ ငယ်ဘဝပုံစံက ကွာခြားမှုရှိနေမလား …. အသက်ကြီးလာရင် အမေ့လိုမျိုး မဖြစ်အောင် နေထိုင်မယ်ဆိုတဲ့ သူမရဲ့ ခံယူချက်လေးကရော ပြောင်းလဲသွားမလားဆိုတာ …. သားအမိနှစ်ယောက်ရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော် (အညွှန်းကိုတော့ May Thetက ရေးသားပေးထားပါတယ်) File Size ~~~ 1.11 GB/ 3 GB Quality ~~~ BluRay 1080p/ 720p Duration~~~1:52:30 Format~~~mp4 Genre~~~ Fantasy, Romance Subtitle ~~~Myanmar Subtitle (Hard Sub) Translated by ~~~ May Thet Encoded by~~~ Treasure Htet

Romance • Action • Drama • Thriller
6.5 2004
My Mother The Mermaid