YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Painted Wall Of LiaoZhai 2023 WEB-DL480p CM.mp4

479.04 MB N/A video/mp4 497 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beau Is Afraid
6.9

Beau Is Afraid (2023) ~ IMDb - 7.1/10, Rotten Tomatoes - 67% ~ မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ဖြစ်အောင် ချုံ့လိုက်ရတာပါ။ မူရင်း ၄ နာရီများ ရှိရင် ကြည့်ချင်စရာပါပဲ။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကို အရှုံးသမား ဆန်ကုန်မြေလေးတစ်ယောက်ရဲ့ နေရာကနေ ခံစားမိအောင် ပြချင်တာပါလို့ ဒါရိုက်တာက ပြောခဲ့ပါသေးတယ်။ ဝါကင်းဖီးနစ်ဟာ သရုပ်ဆောင်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ ဒါပေမဲ့ ပိုပီပြင်သွားအောင် သူထပ်ကြိုးစားခဲ့တာတွေရှိပါသေးတယ်။ သူရဲ့လက်ပတ်တီးထဲကို အပ်အချွန်တွေစိုက်ထားပြီး အဲဒီလက်ကို သုံးလိုက်တိုင်းနာကျင်သွားတဲ့ပုံကို သဘာဝကျအောင်လုပ်ခဲ့တာပါ။ ဗိုက်မှာလည်း စက္ကူညှပ်တွေ ညှပ်ထားပြီး လမ်းလျှောက်လိုက်တိုင်း ဗိုက်သားနာနေတာကို ဟန်မဆောင်ဘဲ တကယ်တူအောင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီတော့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ရုပ်ရှင်က ဘာအကြောင်းလဲ မေ့မသွားအောင် သေချာတာလေးကို မှတ်ထားလိုက်ပါ။ သားတစ်ယောက်က သူ့အမေရဲ့ဈာပနကို အမီ အိမ်ပြန်တယ်။ ဒါပါပဲ။ ဇာတ်လမ်းနာမည်က "ဘိုး ကြောက်တယ်" တဲ့။ ဘိုးဘာကိုကြောက်လဲဆိုတာ ခေါင်းစဉ်မှာမပါပါဘူး။ ဘိုးကလည်း အများကြီးကိုကြောက်ပါတယ်။ လူသတ်သမားတွေ၊ မိစ္ဆာတွေ၊ လိပ်ပြာမလုံတာတွေ၊ ဘာမှန်းမသိတာတွေ အကုန်ကြောက်ပါတယ်။ ဇာတ်လမ်းထဲမှာ ခွဲထွက်သွားတဲ့ ဇာတ်လမ်းတွေ၊ ပြောင်းသွားတဲ့ Theme တွေ၊ သဲလွန်စတွေလိုလိုတွေအများကြီးပါပါတယ်။ အကောင်းဆုံးအကြံပေးချင်တာက ပြသမျှကို ထိုင်ကြည့်နေဖို့ပါပဲ။ လိုက်စဉ်းစားဖို့လည်းမကြိုးစားပါနဲ့၊ နားလည်ဖို့လည်းမကြိုးစားပါနဲ့၊ သင်ခန်းစာယူဖို့လည်းမကြိုးစားပါနဲ့။ အေး ပြချင်တာပြကွာဆိုပြီး ထိုင်ကြည့်လိုက်ပါ။ ဒါဆိုအရသာရှိပါလိမ့်မယ်။ ကြည့်ပြီးသွားလို့ အတွေးအမြင်တွေ ရဗြူးတွေ တင်ချင်ရင် ချန်နယ်မြန်မာဂရုကနေ ဖိတ်ခေါ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.55GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 59Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Crime • Drama
6.9 2023 179 mins
Beau Is Afraid
Ditto
7.2

" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် " ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲ ဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်က နှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲ ဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲ ဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ် တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ် တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့ အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ် အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်... ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ် ဂျီအင်းက ပေါ်မလာခဲ့ဘူး.... ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကို မိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲ သူတို့ ၂ ယောက် စိတ်ပျက်လက်ပျက် နဲ့ အိမ်ပြန်လာခဲ့ကြတယ်... သူတို့ စကားမပြောဖြစ်ကြတော့ဘူး တစ်ခုခု လွဲနေပေမဲ့ ဘာက သူတို့ ကြား လွဲနေတာလဲ သတိမထားမိခဲ့ကြဘူး တကယ်တမ်း လွဲနေတာကတော့ ဆိုအွန်းက ၁၉၇၉ ခုနှစ်မှာ နေထိုင်တာ ဖြစ်ပြီးတော့ ဂျီအင်းက ၂၀၀၀ ခုနှစ်မှာ ရောက်နေခဲ့တာပါ... ကဲ ဒီလောက်ဆို ဒီဇတ်လမ်းကို ဆက်ကြည့်ဖို့ လုံလောက်ပါပြီ အချိန်ကွဲပြားမှုကို စပွိုင်လာလုပ်တယ် ထင်ရင် မှားပါလိမ့်မယ် ဒီဇတ်လမ်းထဲ ကျနော် မပြောပြထားတဲ့ အကြောင်းအရာ တစ်ခုက ရှိနေတုန်းပါပဲ သင်က စိတ်ဓါတ်မာသူ တစ်ယောက်ဆို ဒီဇတ်လမ်းကို ကြည့်ဖို့ အသင့်တော်ဆုံးပါပဲ မဟုတ်ရင်တော့ တစ်ရှုးလေး ဆောင်ထားပေါ့ ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားတာကတော့ "နွေးထွေးအောင်" ဖြစ်ပြီး Thit San Khant မှ အညွှန်း ရေးပေးပေးထားပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 3.2GB | 1.2GB | 526MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nway Htwe Aung Encoder ..... August

Comedy • Drama
7.2 2000 112 mins
Ditto
Jurassic World Dominion
6.8

ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။ ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။ အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။ အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်... ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 9.28GB | 2.6GB | 1.3GB | 900MB Format… mkv | mp4 Duration…. 2h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Ka Naung, SWM

Comedy
6.8 2022 147 mins
Jurassic World Dominion
ATM
7.4

မင်းသား Chantavit Dhanasevi နဲ့ မင်းသမီးချော Preechaya Pongthananikorn  တို့ အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့ Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။ IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။ မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။ (မြန်မာစာတန်းထိုးကိုတော့ "မိုးစက် ရမ်းသမ်းဘာသာပြန်သည်။" မှ တင်ဆက်ထားပါတယ်။) ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Ice Preechaya ခေါ် Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်...ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။) File size...(2.4 GB)/(900 MB) Quality...WEB-DL 1080p 5.1 /720p Format...mp4 Duration....01:57:08 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung Translated by မိုးစက်

Drama • Thriller
7.4 2012 123 mins
ATM
Adipurush
4.9

Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…1.33GB Quality…720p WEB DL  Format…mp4 Duration….2h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollowood Team

Drama • Science Fiction
4.9 2023 179 mins
Adipurush
Bad Moms
6.5

Bad Moms ရုပ်ရှင်ကားသည် Comedy အမျိုးအစားဖြစ်ပြီး 18+ စကားလုံးများစွာ အမူအရာများစွာ ပါဝင်၍ မိသားစုနှင့် အတူ မကြည့်သင့်ကြောင်း ကြိုတင် သတိပေးအပ်ပါသည်။ Directors: Jon Lucas, Scott Moore ရိုက်ကူးထားပြီး July 29, 2016 (USA) တွင် ရုံတင်ပြသခဲ့ကာ Box office: 179.4 million USD ရရှိခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်.. ဇတ်လမ်း ပုံစံလေးကတော့ သမီးတစ်ယောက် သားတစ်ယောက် ရဲ့ ဝေယျာဝစ္စ တွေကို လုပ်ရင်း အလုပ်တစ်ဖက် နဲ့ အိမ်ထောင်ရေးမှာလဲ မကူညီတက်တဲ့ ယောကျင်္ား ကို ရရှိထားပြီး အသက်ငယ်ရွယ်တဲ့ အိမ်ထောင်သည် အေမီမစ်ချယ် ၏ ကသောင်းကနင်း ဖြစ်နေသော အမေ တစ်ယောက်ရဲ့ စိတ်ပျက်စရာ ဘဝ အကြောင်းပါ... အိမ်ထောင်ရေးမှာလဲ ပြိုပျက်လုမတက် ဖြစ်နေပြီး ကလေး နှစ်ယောက်ကို ထိမ်းကျောင်းရင်း အလုပ်မှာလဲ မိမိ ကို ခိုင်းစားပြီး အသုံးမကျတဲ့ သူတွေ နဲ့ အလုပ်တွဲလုပ်နေရတဲ့ အပြင် မိဘ ဆရာအစည်းအဝေးတွေမှာလဲ သိုးမည်း ဖြစ်နေရသူပါ.... တစ်ရက်မှာတော့ စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုမှာ အရက်သောက်ရင်း သူမ နှင့် ဘဝ တူများဖြစ်သော ကာလာဒက်ကာ နှင့် ကီကီ တို့ကို စတင်သိကျွမ်းခဲ့ပါတယ်... သူမ တို့ ဘဝတွေက သေဆုံးနစ်မြုတ်နေပြီဟု စတင် သိရှိခဲ့ပြီး ဘဝ ကို အကောင်းဆုံး ပျော်ရွှင်နိုင်ဖို့ လုပ်နေကြ ပုံစံတွေကို ချိုးဖောက်ပြီး အမေဆိုးများ ( Bad Moms ) များ အဖွဲ့အဖြစ် စတင်ကာ လုပ်နေကျ အရာတွေကို ပြောင်းပြန်လှန်ခဲ့ပါတယ်... ပေါ့ပေါ့ပါးပါး နေသင့်တဲ့ ဘဝ ကို ပြန်လည်ကူးပြောင်းကြပြီး ပြသနာပေါင်းစုံ နဲ့ စတင်ရင်ဆိုင်ကြရပါတော့တယ်.... ဒီ Bad Moms ရုပ်ရှင်ကားကို Channel Myanmar Translator များဖြစ်ကြသော Poe Thin Zar Kyaw , Bro Chan , Ye Khant Min , Kaung Myat Thu တို့ မှ ဘာသာပြန်ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်... (သစ်ဆန်းခန့်)

Horror • Science Fiction • Thriller
6.5 2016 100 mins
Bad Moms
Joe Dirt 2: Beautiful Loser
5

ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာ Joe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာ ပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူ တစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက် နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်း မှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲ လက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကို မိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်း ကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေး တစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကို ပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါ တော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပို ခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်း အနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2015
Joe Dirt 2: Beautiful Loser
Romance with a Twist
6.7

Romance with a Twist (2024) ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလို အနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲ အနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ် အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့ အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။ Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီး IMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 703MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.7 2024
Romance with a Twist
The Reason I Jump
7.4

The Reason I Jump (2020) ~ IMDb – 7.4/10, RT – 97%, Meta – 83% ~ “I don’t have ADHD when I am out in the woods.” – David (Age 14) “ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။” Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ … “သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး တစ်တုံးသာ တစ်နေရာက တစ်နေရာကို ချီရွှေ့ခိုင်းလိုက်ပါ ဆရာမ၊ သူအဆင်ပြေသွားပါလိမ့်မယ်” တဲ့။ အမှန်တော့ အင်္ဂလန်က မူကြိုကျောင်းတိုင်းမှာ ကလေးတွေအတွက် SENCO (Special Educational Needs Coordinator) လို့ခေါ်လို့တဲ့ အထူးပြု ဆရာ/ဆရာမ အနည်းဆုံးတစ်ယောက် မဖြစ်မနေထားကြရပါတယ်။ အထူးဂရုပြုကူညီပံ့ပိုးပေးဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ယောက် (Special Needs) ကိုယ့်ကျောင်းကို ရောက်ရှိလာရင် အဲဒီကလေးကို အလွယ်တကူ သတိပြုမိစေဖို့နဲ့ အနီးကပ် စောင့်ကြည့်နိုင်ပြီး လိုအပ်တဲ့ အကူအညီကို သင့်တော်စွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူဆရာမတစ်ယောက်က ဦးဆောင်တာဝန်ယူရတဲ့ သဘောပါ။ တနည်းအားဖြင့် လိုအပ်လာပါက ကလေးကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး၊ ကလေးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီပေးတာမျိုး (ငွေကုန်ကြေးကျရှိလာပါက အစိုးရဘက်မှ ပံ့ပိုးမှုအရဖြစ်စေ)၊ မိမိကျောင်းမှာ ရှိစဉ်တောက်လျှောက် ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အကောင်းဆုံး စောင့်ကြည့်ပြီး ပံ့ပိုးပေးနိုင်ရန် မိဘ၊ ဆရာ/မ၊ အခြားပညာရှင်များပါ လက်တွဲပူးပေါင်းဖို့လဲ ဖြစ်ပါတယ်။ ဆရာ/မ တွေအနေနဲ့ အတွေ့အကြုံအရ ဖြစ်နိုင်ချေရှိသည်များကို ခန့်မှန်းကြည့်နိုင်သော်ငြား ဘယ်ကလေးကိုမှ ငယ်နုတဲ့ကာလမှာ အလွယ်တကူ ကောက်ချက်ချတာမျိုး တံဆိပ်ကပ်တာမျိုး မလုပ်ဖို့ သတိထားကြပါတယ်။ ဒါဆို ဟုတ်ပြီ၊ ဒီလိုမျိုး တံဆိပ်မကပ်ဘူးဆို ဘယ်လိုနာမ်စား အစားထိုးသုံးကြမလဲပေါ့။ ကျွန်မတို့လို အသွင်ပြောင်းပညာရေးကို ဖော်ဆောင်တဲ့ ဆရာ/မ တွေကြားမှာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ နောက်တစ်ချက်က Children with Special Educational Needs အစား Children with Different Abilities လို့လဲ ပြောင်းလဲ သုံးနှုန်းပါတယ်။ Neurodivergent ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။ “Neurodiversity describes the idea that people experience and interact with the world around them in many different ways; there is no one “right” way of thinking, learning, and behaving, and differences are not viewed as deficits.” – Harvard Health Publishing သာမန်ကနေ ခွဲထွက်တွေးသူ၊ ထူးခြားစွာပြုမှုပြောဆိုဆက်ဆံသူ၊ ထူးခြားသော အပြုအမူရှိသူ၊ သင်ယူမှုပုံစံကွဲပြားသူ၊ စသဖြင့်… အများနဲ့ မတူဘူးဆိုတာနဲ့ ချို့ယွင်းချက်ရယ်လို့ တထစ်ချ မသတ်မှတ်ပဲ သီးခြားဖြစ်တည်လုပ်ဆောင်မှုတစ်မျိုးမျိုးနဲ့ ဦးနှောက်ပိုင်ရှင် ဘယ်သူမဆို နျူရိုဒိုင်ဗားဂျန့် ဖြစ်သူလို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ခြုံငုံပြီးခေါ်တဲ့ Non-Medical Umbrella Term တစ်ခုဖြစ်ပါတယ်။ ဒီခြုံငုံမှုထဲမှာ ASD လို့ခေါ်တဲ့ အော်တစ်ဇင် Spectrum ထဲမှာ ပါသူတွေ၊ Dyslexia စာဖတ်ခက်ခဲခြင်းပြဿနာ ရှိသူတွေ၊ ADHD အာရုံစိုက်ဖို့ ခက်ခဲပြီး တစ်နေရာထဲ အငြိမ်မနေနိုင်သူတွေ Epilepsy ရှိသူတွေ စသည်ဖြင့် ဦးနှောက် Function မျိုးစုံနဲ့ ကလေးတွေရော လူကြီးတွေပါ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့် ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ဟာ အများနဲ့ မတူ၊ အများလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကနေ သွေဖယ်တာ၊ တွေးပုံ နေထိုင်ပြုမှုပုံ မတူညီတာကို၊ ဒါက အော်တစ်ဇင်၊ ဒါက စာသင်မရတဲ့ ရောဂါ၊ ဒါက ငြိမ်ငြိမ်မနေနိုင်တဲ့ ADHD ဆိုပြီး အလွယ်တကူ ကောက်ချက်ချခြင်းတွေအပြင် လူအများစုနဲ့ မတူတိုင်း အသင်းအဖွဲ့ကနေ အလိုအလျှောက်ပယ်လိုက်ဖို့ ဝန်မလေးတဲ့ လုပ်ရိုးလုပ်စဉ် တွေကို တိုက်ဖျက်ချင်တာမို့ ပညာရှင်အချို့ဟာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ၁၉၉၀ ကျော်ကာလတွေမှာ စတင် အစားထိုးအသုံးပြုလာတာဖြစ်ပါတယ်။ အမှန်တော့ ကမ္ဘာကြီးကို တနည်းတဖုံပြောင်းလဲစေသူ၊ ကိုင်လှုပ်နိုင်ခဲ့ကြသူ (လက်ရှိမှာကိုပဲ ကမ္ဘာကိုကိုင်လှုပ်နေသူ) တော်တော်များများဟာ နျူရိုဒိုင်ဗားဂျန့် တွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုပြောတဲ့အတွက် မိမိကလေးဟာ နျူရိုဒိုင်ဗားဂျန့် ဖြစ်နေရင် တစ်နေရာရာမှာ အထင်ကရဖြစ်မှာပဲလို့တော့ မဆိုလိုပါဘူး။ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များရဲ့ ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ပုံကို ပထမအဆင့်အားဖြင့် လက်ခံနားလည်နိုင်ဖို့၊ ဒုတိယအဆင့်အားဖြင့် ထိုကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးခွင့်၊ ပြည့်ဝစွာ နေထိုင်ဖြစ်တည်ခွင့်ရစေရန်၊ လိုအပ်တဲ့ ပတ်ဝန်းကျင်တစ်ခု စုပေါင်းဖန်တီးပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် စာသင်ကျောင်းတွေ၊ မူကြိုကျောင်းတွေ၊ လူမှုအသိုက်အဝန်းတွေ၊ အခြားအခြားသော Institution တွေမှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များကို အလွယ်တကူ မဖယ်ကျဉ်ကြဖို့၊ လူမှုအသိုင်းအဝန်းမှာ နားလည်ထည့်သွင်းဖို့၊ ကွဲပြားစွာလှပနေမှုကို လက်ခံကြဖို့ လိုပါတယ်။ အမှန်တော့ ကျွန်မတို့ဆီမှာ အပြုအမှုပုံမှန်ထက် ထူးခြားတာမြင်တာနဲ့ အော်တစ်ဇင်လားဆိုပြီး ပြဿနာတစ်ရပ်အနေနဲ့ အမြန်ကောက်ချက်ချဖို့ စိုင်းပြင်းနေကြဆဲပါ။ ဒါဟာ လူနည်းစုဖြစ်တာကြောင့်လဲ တကူးတက စိတ်ဝင်စားသူနည်းတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မကိုယ်တိုင်တောင် လုပ်ငန်းခွင်မှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်တွေနဲ့ ရင်းနှီးပက်သက်ခွင့် ရှိလာမှ ပိုပြီးလေ့လာဖြစ် စာတွေထပ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာမှ ၁၃ နှစ်အရွယ် နျူရိုဒိုင်ဗားဂျန့် ရှိသူ လူငယ်တစ်ယောက်ရဲ့ စာအုပ်ကို အမှတ်မထင် ဝယ်ဖတ်မိလိုက်ရာကနေ ဒီကလေးငယ်တွေရဲ့ ဖြစ်တည်မှု မတူညီတာကို အတိုင်းအတာတစ်ခုထိ ပိုပြီးနားလည်ခဲ့ရပါတယ်။ Naoki Higashida နာအိုကီ ဟီဂရှီဒါ လို့ ခေါ်တဲ့ စကားမပြောနိုင်သူ ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ ၂၀၀၇ ခုနှစ်မှာ The Reason I Jump: The Inner Voice of a Thirteen-Year-Old ဆိုတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် ဒီစာအုပ်ကလေးကို မြန်မာဘာသာအပါအဝင် ဘာသာပေါင်း ၃၀ ကျော် ဘာသာပြန်ထားခဲ့ကြပြီးပါပြီ။ စာအုပ်မှာ နာအိုကီလို ပြင်းထန် အော်တစ်ဇင် ရှိသူများအား အမေးများသော မေးခွန်းပေါင်း ၅၈ ခုကို နာအိုကီရဲ့ သိမြင်တွေ့ကြုံမှုမှ ပြန်လည်ဖြေကြားပြောပြထားတဲ့ Memoir ပုံစံ စာအုပ်ငယ်လေးဖြစ်ပါတယ်။ စာအုပ်ထဲမှာ မေးခွန်းတစ်ခုက – မေးခွန်း (၄၅) အပြင်ထွက် လမ်းလျှောက်ရတာကို ဘာဖြစ်လို့ သဘောကျရတာလဲ။ အော်တစ်ဇင် တော်တော်များများဟာ လမ်းလျှောက်ရတာကို သဘောကျ နှစ်ခြိုက်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ စာဖတ်သူ သိပါရဲ့လား။ “လမ်းလျှောက်ရတာ နေလို့ ကောင်းလို့ ဖြစ်မှာပေါ့” “အပြင်မှာ နေရတာ သိပ်ကောင်းတယ် မဟုတ်လား” ဒီအဖြေ နှစ်ခုစလုံး သူ့နည်းနဲ့သူ မှန်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် နံပါတ်တစ် အကြောင်းပြချက်ကတော့ ကျွန်တော်တို့ အော်တစ်ဇင်တွေဟာ စိမ်းစိုနေတဲ့ သဘာဝလောကကြီးကို နှစ်သက်မြတ်နိုးလို့ပါ။ အခုဆိုရင် “ဪ… ဒီလိုလား” လို့ စာဖတ်သူတွေးနေလောက်ပါပြီ။ ဒါပေမဲ့လည်း သဘာဝတရားအပေါ် ကျွန်တော်တို့ရဲ့ နှစ်သက်စုံမက်မှုက တခြားလူတွေနဲ့တော့ နည်းနည်းကွာပါတယ်။ လူတွေ နှစ်သက်တဲ့ သဘာဝတရားဆိုတာ သစ်ပင်တန်းတွေနဲ့ ပန်းကလေးတွေရဲ့ အလှအပအပေါ် အရင်းခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အထူးဂရုစိုက်မှုတွေ ခံနေရတဲ့ သူတွေအတွက်တော့ သဘာဝတရား ဆိုတာ ကျွန်တော်တို့ အသက်လောက်ကို အရေးပါ ပါတယ်။ အကြောင်းရင်းကတော့ သဘာဝအလှတွေကို ကျွန်တော်တို့ ကြည့်မိတဲ့အခါ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သက်ဝင်လှုပ်ရှားခွင့် ရသလို ခံစားရလို့ပါပဲ။ သဘာဝတရားက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို ခံစားရပါတယ်။ လူတွေက ကျွန်တော်တို့ကို ဘယ်လောက်ပဲ မလိုလားသည် ဖြစ်စေ၊ လျစ်လျူရှုသည်ဖြစ်စေ သဘာဝတရားကတော့ ကျွန်တော်တို့အပေါ် အမြဲတမ်း နွေးထွေးမှုတွေ ပေးစွမ်းနိုင်ပါတယ်။ သဘာဝတရားရဲ့ စိမ်းမြမှုဟာ သစ်ပင်၊ ပန်းပင်တွေရဲ့ အသက်ဇီဝပါပဲ။ အစိမ်းရောင်ဟာ အသက်ဇီဝကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စိမ်းမြတဲ့ ပတ်ဝန်းကျင်ကို မကြာခဏ လမ်းလျှောက်ထွက်ချင်ကြတာပါပဲ။ [ဆရာ ကျော်စွာ (ဆေး-၂) ရဲ့ ဘာသာပြန် “ကိုယ်တွေ့ကြုံရ အော်တစ်ဇင်ဘဝ” မှ ကောက်နှုတ်ထားသည်။] ဒီစာအုပ်ကို မှီငြမ်းရိုက်ကူးထားတဲ့ The Reason I Jump ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်းရုပ်ရှင်တစ်ကား ၂၀၂၀ မှာထွက်ထားခဲ့ပါတယ်။ ကမ္ဘာ့ထောင့်တစ်နေရာစီက နျူရိုဒိုင်ဗားဂျန့် ရှိသူ ကလေး ၅ ဦးရဲ့ နေ့စဉ်ဘဝ၊ လူမှုဘဝ၊ မိသားစုဘဝ အတက်အကျကို လှပတဲ့ Cinematography နဲ့ ပေါင်းစည်းရိုက်ပြထားတာပါ။ ဒီလို စာအုပ်တင်မက ရုပ်ရှင်ပါ တပြိုင်တည်းကြည့်ခွင့်တဲ့အခါမှာ ကျွန်မတို့လို သာမာန် Neurotypical ရှိသူတစ်ဦးအနေနဲ့ အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်နားလည်နိုင်ဖို့ အထောက်အကူပေးခဲ့ပါတယ်။ အချုပ်အားဖြင့် အလွန်ကျယ်ပြန့်နက်ရှိုင်းပြီး လေ့လာမကုန်တဲ့ နျူရိုဒိုင်ဗားဂျန့် ကလေးများအကြောင်း အရိပ်အမွတ်ဖြစ်စေ ခံစားနားလည်နိုင်ဖို့၊ နာအိုကီ ဟီဂရှီဒါ တို့လို ကလေးငယ်တွေရဲ့ အားထုတ်ဆက်သွယ်မှုကို တစ်နည်းတစ်ဖုံ ပြန်လည်ဆက်သွယ်နိုင်ဖို့၊ ဒီစာအုပ်ကို လူတိုင်းဖတ်ဖို့ အမြဲညွှန်းနေမှာဖြစ်သလို၊ ရုပ်ရှင်ကိုပါ မြန်မာစာတမ်းထိုးနဲ့ အချိန်ပေးကြည့်ရှုနိုင်ဖို့ ကိုဝီရအောင်က Channel Myanmar ကနေ အားထုတ် ဘာသာပြန် စာတမ်းထိုးပေးထားပါတယ်။ နျူရိုဒိုင်ဗားဂျန့် ဖြစ်သူ ကလေးများကို အသိအမှတ်ပြု လက်ခံကြိုဆိုဖို့၊ မတူကွဲပြားမှုကို တန်းဖိုးထားရကောင်းမှန်းသိစေဖို့၊ ဝေဖန်ကဲ့ရဲ့မှုကင်းပြီး အပြုသဘောဆောင်တဲ့ လူမှုအသိုက်အအုံလေးများကို ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာအနှံ့အပြားမှ အသွင်ပြောင်းပညာရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဆရာ/မ များအတွက် ဒီအညွှန်းကို ရေးပါတယ်။ ~ မာနွယ်အေး Further readings: https://thereasonijumpfilm.com/ What Does It Mean To Be Neurodivergent? https://www.forbes.com/health/mind/what-is-neurodivergent/ What is neurodiversity? https://www.health.harvard.edu/blog/what-is-neurodiversity-202111232645 Autistic Play at Forest School : pretend play characteristics seen otherwise https://forestschoolassociation.org/autistic-play-at-forest-school-pretend-play-characteristics-seen-otherwise/ (ဒီဒိုကူမန်ထရီရဲ့ အညွှန်းကို မမာနွယ်အေးမှ ရေးသားပေးထားပြီး WiRa Aung မှ ဘာသာပြန်ဆိုပေးထားပါတယ်) Size – 1.6GB, 776MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 22Min Genre – Documentary, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Action • Drama
7.4 2020
The Reason I Jump
Nine Colors Deer King
6

ဇာတ်ကားနာမည် – ဒဏ္ဍာရီလာ ကိုးရောင်ခြယ်သမင် ❏ ထူးဆန်းတဲ့ရောဂါကဒ်ဆိုးကြီး ပျံ့နှံ့နေတဲ့ ဟွမ်းရီ ဆိုတဲ့ရွာကလေးကို ကယ်တင်ဖို့အတွက် ဒဏ္ဍာရီထဲက ကိုးရောင်ခြယ်သမင်ကို ရှာဖို့ဆုံးဖြတ်ခဲ့တဲ့ တောင်ရဲ့ အစောင့်အရှောက်ဖြစ်သူ – ချန်ရှန်း ❏ ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းပြီး ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်ရှိသူ / ဖခင်ရဲ့ ရုပ်သေးပြပွဲတွေနောက်ကို တောက်လျှောက်လိုက်ရင်း ရုပ်သေးကြိုးဆွဲ အတတ်ပညာရှင်တစ်ယောက် ဖြစ်ဖို့ အိမ်မက်မက်နေသူလေး – ကွိုင်လီ ရုပ်သေးပြပွဲတွေကို မနှစ်သက်တဲ့ လနိုင်ငံတော်အရှင်သခင်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ဖခင်ကိုပါဆုံးရှုံးလိုက်ရသလို အိမ်မက်တွေကိုပါ တစ်ပြိုင်နက်ထဲ စွန့်လွှတ်လိုက်ရတဲ့အခါမှာတော့…..? လက်စားချေလိုတဲ့ အညှိုးအတေးတွေ အမုန်းအာဃာတတွေကြောင့် နတ်ဆိုးအရှင်မ ဆိုတဲ့ ဂုဏ်ပုဒ်ကို ကွိုင်လီ ဟာခံယူခဲ့ပါတော့တယ် လနိုင်ငံတော်ကို ထိန်းချုပ် လှုပ်ကိုင်ဖို့ နဲ့ သူမရဲ့ မကောင်းတဲ့စွမ်းအားတွေ ပိုမိုအားကောင်းလာစေဖို့အတွက် နတ်ဆိုးအရှင်မ ကွိုင်လီဟာလဲ ကိုးရောင်ခြယ်သမင်ကို မြေလှန်ကာရှာဖွေလို့နေခဲ့ပါတော့တယ် လနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးဖြစ်သူ ယန်ရီဟာ နတ်ဆိုးအရှင်မကို တားဆီးဖို့အတွက် ကိုးရောင်ခြယ်သမင် ရှာဖွေဖို့ လမ်းကြောင်းကို ပြတ်ပြတ်သားသားလျှောက်လာခဲ့ရာမှာ ကံအားလျော်စွာနဲ့ပဲ ချန်ရှန်း တို့နဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ ချန်ရှန်း / ယန်ရီ နဲ့ တစ်ခြားသော အမဲလိုက်မုဆိုးအဖွဲ့သားတွေဟာ နတ်ဆိုးအရှင်မအရင်ဦးပြီး ကိုးရောင်ခြယ်သမင်ကိုရှာဖွေတွေ့ရှိဖို့အပူတပြင်းကြိုးပန်းခဲ့ကြတဲ့အခါမှာ – ❏ ဘာတွေဆက်ဖြစ်ကြမလဲ? ❏ နတ်ဆိုးအရင်မ အရင်ဦးပြီး ကိုးရောင်ခြယ်သမင်ကို ရှာတွေ့ကာ လနိုင်ငံတော်ကိုကယ်တင်နိုင်ပါ့မလား ❏ ရောဂါကဒ်ဆိုးကြီးဆိုက်ရောက်နေတဲ့ဟွမ်းရီ ဆိုတဲ့ရွာကလေးကိုရော သူတို့တွေကယ်တင်နိုင်ပါ့မလား ❏ ကိုးရောင်ခြယ်သမင်ကိုသွားရောက်ရှာဖွေရာလမ်းမှာရော သူတို့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့ကြရမလဲ…..? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ Fantasy,Adventure အမျိုးအစား ဇာတ်ကားလေးတစ်ကားပဲဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်

Drama
6 2022
Nine Colors Deer King
The Art of the Steal
7

The Art of the Steal (2013) (အမိုက်စားကားမို့ Blu-Ray 1080p 5.1 CH ပါပြုလုပ်ပေးထားပါတယ်…) ကျွန်တော်တို့ဟာ မကောင်းမှုကို အားပေးတာမျိုးမဟုတ်ပေမဲ့ အမိုက်စား ဘဏ်ဓားပြကားတွေ၊ သူခိုးကားတွေဆိုရင်တော့ အရမ်းသဘောကျတယ်…ဘာလို့ဆိုဒီလိုကားတွေဟာ အချက်အလက်တွေများစွာ အသုံးပြုရသလို ခေတ်မှီနည်းပညာတွေနဲ့ ပါဝင်ဖွဲ့စည်းထားပြီး ဇာတ်လမ်းအစမှအဆုံးထိ စိတ်လှုပ်ရှားရင်ခုန်မှုပေးနိုင်လွန်းလို့ဖြစ်တယ်… ဒီကားထဲမှာလည်း တကယ့်အချီကြီးတွေကိုမှ ခိုးကြလိမ်ကြတာ…ညီအကို(၂)ယောက်ဉီးဆောင်ပြီး အဖွဲ့လေးတစ်ဖွဲ့ရှိတယ်..အချီကြီးတွေမှ သမတာ…ကျွမ်းကျင်မှုကိုယ်စီရှိသလို အဆက်အသွယ်ကောင်းတွေလည်းရှိတယ်… အကိုဖြစ်သူဟာ ခိုးမှုကြောင့်ပဲ ထောင်(၁၀)နှစ်ကျသွားတယ်…အကျင့်တွေပြင်အောင်ထောင်ထဲထည့်လိုက်ပေမဲ့ ထောင်ကထွက်လာပြီးနောက် အချီကြီးပွပေါက်တစ်ခုထပ်တွေ့တဲ့အခါမှာတော့… သူတို့ ဘယ်လိုဆရာကျကျ ခိုးကြမလဲဆိုတာကိုတော့…… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်… File Size : 1.23 GB & 540 MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Comedy ,Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

7 2013
The Art of the Steal
Lost in Forest
5.8

အားရှန်းဟာတစ်ခေတ်တစ်ခါတုန်းက ကျုံးရှန်းနယ်မှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ညီကိုကိုကယ်ဖို့အတွက်နဲ့ ထောင်(၁၂)နှစ်ကျသွားခဲ့တယ်။ ထောင်ကထွက်လာပြီး သူ့ရဲ့ညီကိုရှားအိုးကိုပြန်သွားတွေ့ခဲ့ပေမယ့် ထောင်ထဲ(၁၂)နှစ်ကြာခဲ့တဲ့အချိန်အတွင်းမှာ သူ့ဘဝအတွက် အရေးကြီးတဲ့သူတွေရဲ့ အရေးကြီးတဲ့အချိန်တွေနဲ့လွဲချော်ခဲ့ရတဲ့အတွက် သူက မြေအောက်လောကရဲ့အရှုပ်အထွေးတွေထဲကို ထပ်ပြီးဝင်မပါချင်တော့ဘူး။ အဲဒီအချိန်မှာပဲ ငယ်ရွယ်ပြီးကြမ်းတမ်းတဲ့မျောက်ကြီးလိုနာမည်ပြောင်ခေါ်တဲ့ လူငယ်တစ်ယောက်က ရှားအိုးရဲ့ငွေရှင်သားကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ ရှားအိုးက မျောက်ကြီးကိုရှင်းဖို့ကြိုးစားတယ်။ ဒီလိုနဲ့ ဂိုဏ်းနှစ်ခုကြား တိုက်ပွဲတွေဖြစ်လာတဲ့အခါ ရှားအိုးကိုထပ်ကယ်နိုင်မယ့်သူ အားရှန်းပဲရှိတော့တယ်။ ညီကိုအတွက် သွေးစွန်းတဲ့လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Drama
5.8 2023
Lost in Forest
Bonnie
7.4

ဒီ Bonnie ဆိုတဲ့ဇာတ်ကားလေးက 2024 ကထွက်ခဲ့တဲ့ အင်ဒိုဇာတ်ကားလေးဖြစ်ပါတယ် Action,Drama & High school life Genre ဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ++++++++ ယောက်ျားဖြစ်သူ ရန်ပွဲမှာ သေဆုံးသွားလို့ တစ်ချိန်လုံး အရက်သောက်,လောင်းကစားလုပ်နေတဲ့ အမေကိုစိတ်နာပြီး ကိုယ်ခံပညာကလည်း တတ်တော့သူ့ရဲ့မကျေနပ်ချက်တွေကို လက်သီးသုံးပြီး ဖြေရှင်းတတ်တဲ့ကျောင်းသူ ကောင်မလေး တစ်ယောက်ရဲ့အ‌ကြောင်းပါ… သူက မတရားအနိုင်ကျင့်တာတွေ မိန်းကလေးတွေအပေါ် ဖိနှိပ်တာတွေ, sexual assault လုပ်တတ်တဲ့ကောင်မျိုးတွေနဲ့ ဆုံတိုင်း မနက်‌မှာတွေ့ရင် ဟဲ့ကောင်တွေ မနက်စာစားနေကြ တာလားလို့မေးပြီး ဗျင်းလိုက် , ညတွေ့ရင် ညစာစားနေတာ လားမေးရင်းနဲ့ တီးလွှတ်လိုက်နဲ့ အကုန်ပတ်တီးနေတဲ့ ပတ်တီးလေးဆိုတော့ ကျောင်းတွေလည်း ဒီနေ့စတက် မနက်ဖြန် ထွက်ဆိုသလို ခဏခဏပြောင်းရတဲ့ Main Lead ကောင်မလေးရဲ့ ဇာတ်လမ်းပါ ဇာတ်ကြောင်းက အင်မတန်ရိုးရှင်းပြီး run-time သိပ်မကြာဘူးဆိုတော့ ဇာတ်လမ်းအကြောင်းတော့ အများကြီး မပြောတော့ပါဘူး ပေးရတဲ့အချိန်နဲ့ ပြန်ရတာနဲ့ တန်တယ်လို့ ယူဆလို့ရပါတယ်… Main Lead ဖြစ်တဲ့ Bonnie နေရာမှာသရုပ်ဆောင်တဲ့ Livi Ciananta ဆိုတဲ့မင်းသမီးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီးတော့ ဒီဇာဝာ်ကားအတွက်မင်းသမီးကိုယ်တိုင် Stuntသမားမသုံးပဲ Martial Arts training တွေကိုယ်တိုင်အချိန်ပေးလေ့ကျင့်ပြီး အင်ဒိုနီးရှားမှာ နာမည်ကြီးတဲ့ ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာပါ.. ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ရုပ်ရှင်ထဲမှာ ကဗျာ စာသားလေးတွေ ပြန့်ကျဲပြီး နောက်ခံစကားပြောအနေနဲ့ ပါဝင်နေတာပါပဲ Indonesian to English , English to Burmese ဘာသာပြန်ရတဲ့အတွက်ကြောင့် ကဗျာလေးတွေကို ဘာသာပြန်တဲ့နေရာမှာ လိုအပ်ချက်လေးတွေရှိရင် နားလည်ပေး ကြပါ….. ကဗျာလေးတွေရဲ့ Message ကို အတတ်နိုင်ဆုံးခံစားပြီး ဘာသာ ပြန်‌ပေးထားပါတယ်…. တချို့ ကဗျာစာသားလေးတွေက အတော်လေးနက်လို့ ဘာသာပြန်ရင်း ကဗျာ‌ပိုးပါဝင်ပြီး ဇာတ်ကားထဲမှာပါတဲ့ ကိုယ့်ကိုကိုယ်သိထားတာ အကောင်းဆုံးပဲဆိုတဲ့ က‌ဗျာ စာသားလေးကို မှီငြမ်းပြီးတော့ ကဗျာလေးနှစ်ကြောင်းပါ စပ်လိုက်ပါသေးတယ်…. ” In life , it’s better to know your own voice While you’re sailing through the sea of noise ” ကဲ ကဗျာလေးပါ မေတ္တာလက်ဆောင်ထည့်ပေးထားတယ် ဆိုတော့ အားပေးကြပါဦးခင်ဗျာ……………… ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Nice Guy ဖြစ်ပါတယ် ) File size… (1.51GB) / (840MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre …..Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice Guy

Drama
7.4 2024 120 mins
Bonnie
Marshmallow
6.2

ဒီဇာတ်ကား‌လေးကတော့ ၂၀၂၅ ခုနှစ်ထွက် Horror ရုပ်ရှင်ဖြစ်ပြီး IDMb rating 6.2/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်း – မော်ဂန် ဆိုတဲ့ ကောင်လေးက ရွယ်တူအပေါင်းအသင်းတွေကြားမှာ အနိုင်ကျင့်ခံရပြီးတော့ လူတောသိပ်မတိုးတဲ့ ရှက်တတ်တဲ့ကောင်လေးတစ်ယောက်ပါ။ ပတ်ဝန်းကျင်အသစ်ကို အိမ်ပြောင်းလာတာကြောင့်လည်း အသားမကျသေးဘဲ သူငယ်ချင်းလည်း ရှာမရသေးပါဘူး။ ဒီလိုနဲ့ပဲ မိသားစုရဲ့ တိုက်တွန်းမှုနဲ့အတူ ‌နွေရာသီစခန်းမှာ နွေရာသီကိုဖြတ်သန်းဖို့ ဖြစ်လာပါတော့တယ်။ မော်ဂန် လည်း စိတ်မပါ့တပါနဲ့ နွေရာသီစခန်းကိုရောက်လာတဲ့အခါမှာတော့ ဒီစခန်းရဲ့ထူးခြားဆန်းပြားတဲ့ကောလဟာလတွေကို စပြီး သိလာရပါတော့တယ်။ ဘယ်လို ထိတ်လန့်စရာတွေက နွေရာသီစခန်းမှာ မော်ဂန်တို့ကလေးတစ်သိုက်ကို စောင့်ကြိုနေသလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ File Size… (1.16 GB) / ( 612 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Horror , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Action • Thriller
6.2 2025 93 mins
Marshmallow