YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Outsider E09 720p WEB-DL CM.mp4

334.19 MB 720p video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Peach Tree
6.5

IMDb Rating - 6.4/10 Kdrama ပရိတ်သတ်တွေ အကြိုက် မင်းသား မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အပြင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ old but gold လေးကို Cm ကနေ တင်ဆက်ပေးလိုက်ပါတယ်။ ပရိတ်သတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီး-ဒါရိုက်တာ Koo Hye Sun ရိုက်ကူးထားတာ ဖြစ်ပြီး Sisyphus: The Myth တို့လို နာမည်ကြီး Drama တွေထဲက မင်းသားကြီး Cho Seung Woo ၊ Ryu Deok Hwan နဲ့ မင်းသမီး Nam Sang Mi တို့ အဓိက ပါဝင်ထားပါတယ်။ Cameo အနေနဲ့ အခုခေတ်မှာ လူကြိုက်များနေတဲ့ Why her မင်းသမီး Seo hyun Jin အပြင် တခြား သရုပ်ဆောင်‌များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း -------------------- ဆန်းဟျွန်း(Cho Seung Woo) နဲ့ ဒုံဟျွန်း(Ryu Deok Hwan) တို့ဟာ ကံမကောင်းစွာနဲ့ ခန္ဓာကိုယ်တစ်ခုတည်းကို မျှဝေရတဲ့ ခေါင်းနှစ်လုံးဆက် အမြွှာအဖြစ် မွေးဖွားလာခဲ့ပါတယ်။ မကောင်းဆိုးဝါးလို့ အမြင်ခံရမှာ တွေကို ကြောက်တာကြောင့် အနှစ်(၃၀)လုံး အိမ်ထဲမှာပဲ နေခဲ့ကြရ တယ်။ ဆန်းဟျွန်းက စိတ်ထားကောင်းပြီးနာခံတတ်တဲ့သူဖြစ်ပြီး ဒုံဟျွန်းကတော့ တစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာ တက်ကြွပြီးစိတ်ရင်းကောင်းတဲ့ ကောင်မလေး ဆွန်းအာ (Nam Sang Mi) တစ်ယောက် သူတို့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ အခါ...ဘယ်လို Ending လေးဖြစ်လာမလဲဆိုတာကို ခံစားမှုရသစုံလင်စွာ ကြည့်ရမှာမို့ လက်လွှတ်မခံဘဲ အခုပဲ ကြည့်လိုက်တော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(1.5 GB) / (532 MB) / (334 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Khaing Khin Encoder..........SWM

Horror
6.5 2012 120 mins
The Peach Tree
(18+) Showroom
4.7

လီဇယ်က ကိုယ့်ဒူးကိုယ်ချွန်အောင်မြင်စေရမယ်ဆိုတဲ့ အိမ်မက်တွေ တပွေ့တပိုက်နဲ့နယ်ကမြို့တက်လာပြီးကွန်ဒိုအရောင်းအေးဂျင့်အဖြစ် ကြိုးစားနေတဲ့ကောင်မလေးပါ။ လတ်တလောမှာတော့ သူ့အရောင်းတွေထိုးကျနေပြီး လျာထားချက်မပြည့်မှီရင်စာချုပ်သက်တမ်းမတိုးဘူးလို့ကုမ္ပဏီလူကြီးက ကြိမ်းမောင်းထားတဲ့အတွက် စိတ်တွေညစ်ကြံရာမရဖြစ်နေပါတယ်။ အဲ့ဒီလိုအချိန်မှာပဲ ဆူဇန်ဆိုတဲ့ မိန်းမလှလေးတစ်ယောက်လူသစ်အဖြစ် ကုမ္ပဏီကိုရောက်လာပြီး အားလုံးအံ့သြရလောက်တဲ့ရောင်းအား စံချိန်နဲ့ အချိန်တိုအတွင်းမှာ ကုမ္ပဏီတွင်းထိပ်ဆုံး သူဌေးမျက်နှာသာကိုအရဆုံးနေရာကိုရသွားပါတော့တယ်။ ဒီလိုရောင်းအားကောင်းတဲ့ နောက်ကွယ်မှာလျှို့ဝှက်ချက်တစ်ခုရှိရမယ်ဆိုပြီး တထစ်ချယုံကြည်ထားတဲ့ လီဇယ်ဟာ မမျှော်လင့်ပဲ ဆူဇန်ရောင်းအားကောင်းရခြင်းရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့နောက်မှာတော့..။ အဲ့ဒီလျှို့ဝှက်ချက်က ဆူဇန်ဟာ အကောင်ကြီးကြီးသူဌေးတွေနဲ့ အချိတ်အဆက်ရထားပြီး အခန်းဘယ်နှစ်ခန်းဝယ်ရင် သူ့ကိုပါ အဆစ်စားရမယ်ဆိုပြီး ရက်ရက်ရောရောထိုးကျွေးနေလို့ပါပဲ။ ရောင်းအားတွေထိုးကျနေတဲ့ လီဇယ်ကိုယ်တိုင် ဒီနည်းကိုသုံးပြီး အရောင်းသွက်ဖို့ကြိုးစားလာချိန်မှာတော့ ဒီဈေးရောင်းနည်းရဲ့မူရင်းပိုင်ရှင်ဆူဇန်နဲ့ ထိပ်တိုက်တွေ့ပြီး အကြီးအကျယ်ကို မှန်ထောင်ပြိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ဒိုင်လူကြီးမရှိတဲ့ ဒီပွဲမှာ ဘယ်လိုအကွက်ဆန်းတွေနဲ့ ယှဉ်ပြိုင်ဗိုလ်လုပြီး ဘယ်သူက အနိုင်ရသွားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ File size…1.62GB / 630MB Quality…1080p WMAX WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Alias

Action • Thriller
4.7 2022 112 mins
(18+) Showroom
Dejavu
6.7

Thriller IMDb 7.8/10 ဒီဇာတ်ကားကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး အတွေးတွေဝေစေမယ့်တမီလ်ရုပ်ရှင်ကားတစ်ကားဖြစ်ပီး... လတ်တလောထွက်ထားတဲ့ D-Block ထဲကမင်းသားကို ခပ်မိုက်မိုက် ရဲတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါ ဇာတ်လမ်းအကျဉ်း တစ်ည ရဲစခန်းကို လူတစ်ယောက်ရောက်လာပြီး တိုင်ချက်လာဖွင့်ပါတယ် အကြောင်းရင်းက သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဇာတ်လမ်းထဲကဇာတ်ကောင်တွေက သူ့ကိုဖုန်းဆက်ခြိမ်းခြောက်နေလို့ ရဲစောင့်ထားပေးပါလို့ လာတောင်းဆိုတာဖြစ်ပါတယ် လူကလည်းမူးနေတော့ ရဲတွေက ဒီလူမူးနေလို့ ရစ်တာပါဆိုပြီး ထင်မြင်ချက်ပေးပြီး ပြန်လွှတ်လိုက်တယ် အဲ့ဒီနေ့ညမှာပဲ ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်... ကောင်မလေးက မပျောက်ခင်မှာ ရဲထိန်းချုပ်ခန်းဆီ ဖုန်းဆက်ပြီး ဒီစာရေးဆရာနာမည်ကိုပြောသွားခဲ့ပါတယ်... မနက်စာရေးဆရာအိမ်ကို သွားစုံစမ်းတော့ တကယ်ပဲ သူရေးလက်စဇာတ်လမ်းက အပြင်ကဖြစ်ပျက်ပုံနဲ့ တထေရာတည်းတူနေတဲ့အခါ... ရှေ့ဆက်စိတ်ဝင်စားစရာ ဇာတ်လမ်းအချိုးအကွေ့တွေကို ဘယ်လိုအကြောင်းရင်းတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာပဲ ဆက်လက်ရှုစားပေးကြပါ... File size…1.8GB / 845MB Quality…1080p True WEB DL  AAC5.1CH / 720p  Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Lwin Htoo Aung

Drama
6.7 2022 119 mins
Dejavu
Human Resources
6

ဆေးကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက် ကျောင်းစရိတ်လိုချင်လို့ စတိုးဆိုင်မှာ အရောင်းစာရေးလေးလာလုပ်တယ် ဂျာကြီးကတော့သဘောကောင်းပါရဲ့ မန်နေဂျာချုပ်ကတော့ လေတိုက်တိုင်းစိတ်တို အဲဗားပတ်ဖြဲနေတယ် ဆိုင်ကလဲ သောက်တလွဲ ရောင်းလဲမကောင်းဘူး ဖွင့်ကဖွင့်ထားသေးတယ် ဆိုင်ဝန်ထမ်းတွေကလဲ ခဏခဏပျောက်နေတယ် ဒေါက်တာလောင်းလေးက ပဟေဠိပေါင်းများစွာကို အဖြေရှာဖို့အတွက် လိုက်ရင်းလိုက်ရင်းနဲ့ အရှုပ်ထုပ်တစ်ခုကို တူးဆွမိသွားတဲ့အခါ..... Suspense Horror စတိုင်မျိုးဖြစ်လို့ သိချင်စိတ်နဲ့ ကြောက်စိတ်ကို တစ်ပြိုင်တည်း ရသပေးမယ့် ဒီကားလေးကို ကြည့်ရှုအားပေးဖို့တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 676MB | 331MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... August

Adventure • Animation • Comedy • Fantasy
6 2021 108 mins
Human Resources
The Gold Rush
8

ဂန္တဝင်ဟာသသရုပ်ဆောင်ကြီး ချာလီချပ်ပလင်ရဲ့ ဇာတ်ကားတွေကို တင်ဆက်ပေးလာရာ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ ၁၉၂၅က ထွက်ရှိခဲ့တဲ့ The Gold Rushဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ Ratingတွေ ဘာတွေ များများစားစား ပြောစရာမလိုပါဘူး။ IMDb 8.2နဲ့ Rotten Tomatoes 100%ပါ။ ချာလီချပ်ပလင်ရဲ့ ဇာတ်ကား ဆိုတဲ့အတိုင်း စ လယ် ဆုံး ရယ်မောနေရမှာပါ။ တစ်ခေတ်တစ်ခါက မြောက်အမေရိကတိုက်မှာ ရွှေကြောရှာခရီးတွေ အများကြီး ရှိခဲ့သလို တစ်ကမ္ဘာလုံးက ရွှေကြောရှာသမားတွေလည်း ဒုနဲ့ဒေး လာရောက်ခဲ့ကြတာပါ။ ချာလီချပ်ပလင်ကတော့ အလာစကာ ရွှေကြောရှာခရီးရှည်ကြီးထဲ ပါလာတဲ့သူပါ။ အလာစကာပြည်နယ်က အချိန်ပြည့် ဆီးနှင်းတွေ ကျဆင်းပြီး ရေခဲတောင်ကြီးတွေ ရှိတဲ့နေရာ ဖြစ်လို့ အင်မတန်ကြမ်းတမ်းခက်ခဲတဲ့ ခရီးစဉ်ကြီးပါ။ ဒီရွှေရှာခရီးကိုချာလီချပ်ပလင်တစ်ယောက် ကျော်ဖြတ်နိုင်ပါ့မလား၊ ရွေတွေတွေ့ပြီး သန်းကြွယ်သူဌေးကြီး ဖြစ်သွားမလား၊ဘယ်လိုမျိုး တလွဲတချော်တွေ ဖြစ်ဦးမလဲဆိုတာကို ရယ်မောခံစားကြည့်ရှုရမှာပါ။ File size…1.2GB Quality…720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by JimX

Thriller
8 1925 95 mins
The Gold Rush
Manchester by the Sea
7.5

အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ လီ ရဲ့ အုပ်ထိန်းမှုအောက်မှာနေထိုင်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် ပက်ထရစ် ဟာ ကောင်မလေးများနဲ့ပွေရှူပ်သူတစ်ယောက်ဖြစ်ပြီး ေ ကျာင်းမှာလဲ ပေါ်ပြူလာဖြစ်သူတစ်ဦးပါ လီ ဟာ လဲ အတိတ်က အကြောင်းတစ်ခုကြောင့် မန်ချက်စတာမြို့ကနေ ဇာတ်မြုပ်ပြီးဘောစတွန်မြို့မှာ ပြောင်းရွေ့အချေချနေထိုင်သူတစ်ဦးဖြစ်တာကြောင့် လီဟာ တူဖြစ်သူကိုခေါ်ပြီး ဘောစတွန်မြို့မှာပြောင်းရွေ့ နေထိုင်ဖို့ လုပ်ဆောင်ရာမှ တူဖြစ်သူကလဲ ပြောင်းရွေ့နေထိုက်ဖို့ရာ လက်မခံတဲ့ အခါမှာတော့ ကဲ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်လိုက်ပါတော့ဗျာနော် ဇာတ်ကားကိုတင်ဆက်ပေးတာကတော့ ကျွန်တော် မောင်မာင်သာရစ် ပါဗျာ ကျိူင်းဇူးတင်ပါတယ် ရှင့် ။

Action & Adventure • Animation • Sci-Fi & Fantasy
7.5 2016 138 mins
Manchester by the Sea
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
The Emperor of Paris
6.3

IMDB – 6.3 Rotten Tomatoes – 70% ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်စုံထောက်ကြီး ဗီဒေါ့အကြောင်းပါ။ ဗီဒေါ့ဟာ နပိုလီယံခေတ်မှာကျော်ကြားလာသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီကို တည်ထောင်သူလည်းဖြစ်သလို ခေတ်မှီပြစ်မှုဗေဒရဲ့ ဖခင်ကြီးလို့လည်းတင်စားကြပါတယ်။ ငယ်စဉ်ကဆိုးပေမိုက်ခဲ့ပြီး နောက်မှာတော့ အသိတရားဝင်ကာ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ပူပေါင်းပြီးအမှုတွေလိုက်လံ ဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် ပုဂ္ဂိလိကစုံထောက်အဖြစ်လည်းလုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ သူရဲ့အတ္ထုပတ္တိဇာတ်လမ်း၊ စွမ်းဆောင်ရည်တွေကိုအဓိက ရိုက်ကူးထားတာမဟုတ်ဘဲ အကြမ်းဖျင်းသဘောနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။ Rating လည်းမြင့်တဲ့အတွက် ကြည့်ရှုသူတွေစိတ်ကျေနပ်စေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်.. File size…1.85 GB / 789MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Adventure , Crime , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama • Thriller • Crime
6.3 2018 121 mins
The Emperor of Paris
Notes on a Summer
5.5

မာတာဆိုတဲ့ ကောင်မလေးတစ်ယောက်က ကောင်လေးဖြစ်သူနဲ့ မက်ဒရစ်မှာ အတူနေပြီ ပိတ်ရက်မှာ မိသားစုရှိတဲ့ ဂီဂျွန်မြို့လေးကိုပြန်တဲ့အချိန် သူကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ အဆက်ဟောင်းနဲ့ ပြန်တွေ့ပုံတွေ အကြောင်းကို Drama ဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါ တကယ်ကို ဇာတ်လမ်းက ဒါပါပဲ ဒါပေမဲ့ တကယ့်ကိုအမှန်တကယ်လောကကြီးထဲ ဖြစ်ပျက်နေတာကို ရိုက်ပြထားတာမို့ အတော်လေး လက်တွေ့ဆန်ပါတယ် တချို့အခန်းတွေမှာတော့ ၁၈ ယောက်စုကြည့်ရတဲ့ အပိုင်းတွေပါလို့ မိသားစုနဲ့ အတူကြည့်ဖို့ မသင့်တော်ဘူးလို့ သတိပေးပါရစေ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:23:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

5.5 2023 83 mins
Notes on a Summer
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
A Little Red Flower
6.6

ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူက အကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကိုမျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့… အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်းမထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲ ဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့ အကြံပေးချက်ရယ် နောက်ပြီးကင်ဆာဝေဒနာရှင်စုစည်းရာဂရုကို တည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့ ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့အမှတ်မထင်ဆုံခဲ့ရာကနေ သူ့ဘဝမှာမကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့ခံစားချက်တွေ နောက်ပြီး မမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကိုစိတ်ကူးပုံဖော်တတ်လာခဲ့တယ်… ဝေယိဟန်နဲ့မာရှောင်ယွမ်တို့ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်… ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေဘယ်လိုခက်ခဲပြီး ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီးဘယ်လိုဖေးမပေးသင့်တယ်ဆိုတာ အတွေးလေးတစ်စရမှာပါ…ဒီကားလေးက အဓိကပေးချင်တာကတော့ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာအသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ

6.6 2020 128 mins
A Little Red Flower
The Dumpling Queen
6.2

ဒီဇာတ်ကားလေးကတော့ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်တဲ့ သမီး(၂)ယောက်မေမေရဲ့ ဘာမှမရှိတဲ့ဘဝကနေကမ္ဘာအဆင့်အထိတရုတ်ဖက်ထုပ်ကိုဖြန့်နိုင်တဲ့အထိကြိုးစားခဲ့တဲ့ ဖြစ်ရပ်မှန်ဘဝအတ္ထုပ္ပတ္တိတစ်ခုကိုရိုက်ကူးထားတဲ့ အားတက်စရာဇာတ်လမ်းပဲဖြစ်ပါတယ်။ အရသာတွေထဲကအကောင်းအဆုံးအရသာကတော့ နွေးထွေးတဲ့အိမ်ရဲ့အရသာပဲဖြစ်မယ်ထင်ပါတယ်။ ချင်းသောင်ကသမီး(၂)ယောက်အမေအိမ်ထောင်ရှင်မတစ်ယောက်ဟာ ခင်ပွန်းနဲ့တွေ့ဖို့ဟောင်ကောင်ကိုလိုက်သွားခဲ့ပါတယ်။ ဟောင်ကောင်ကို ရောက်တဲ့အချိန်မှာတော့ ခါးသီးတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပြီ ခင်ပွန်းနဲ့ပြတ်စဲကာ သမီး(၂)ယောက်ကို သူတစ်ယောက်ထဲပျိုးထောင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဟောင်ကောင်မှာဆွေမရှိမျိုးမရှိ အခက်အခဲတွေကြားမှာရုန်းကန်ရင်း သူ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်လေးကတော့ လူတိုင်းကိုသူ့ရဲ့ဖက်ထုပ်ကိုစားလိုက်တာနဲ့အိမ်ရဲ့အရသာကို သတိရသွားစေချင်တဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ် အခက်အခဲတွေကြားထဲမှာ မကောင်းတဲ့သူတွေ တွေ့ခဲ့ရသလို ကောင်းတဲ့သူတွေရဲ့ဖေးမမှုတွေနဲ့အတူ သူမရဲ့ရည်ရွယ်ချက်လေး အောင်မြင်နိုင်ပါ့မလား

Romance • Drama
6.2 2025
The Dumpling Queen