YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Outing S01E07 720p CM.mp4

170.72 MB N/A video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
The Invisible Thread
6.7

ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။ 2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။ သို့ပေမဲ့ ထူးဆန်းတာတစ်ခုက လီယိုနဲ့‌ေသွးသား‌‌ တော်စပ်တဲ့အဖေရင်းကို လီယိုကိုယ်တိုင်အပြင် သူ့ဖခင်နှစ်ယောက်လုံးကပါမသိပါဘူး။ ဘာလို့လဲဆိုတော့ ..... အဖေနှစ်ယောက်လုံးရဲ့သုက်ပိုးကို စမ်းသပ်ဖန်ပြွန်ထဲရောထည့်ပြီးမှ အလှူရှင်မမျိုးဥနဲ့ပေါင်း၊ သန္ဓေသားဖြစ်တည်လာမှ အငှားကိုယ်ဝန်ဆောင်သူရဲ့သားအိမ်ထဲထည့်ခဲ့တာကြောင့်ပါတဲ့။ အဲ့လိုနဲ့ပဲ ဖခင်နှစ်ယောက်ရဲ့ 20th anniversary ကိုရောက်လာတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့သူတစ်ယောက်ရောက်လာတဲ့အခါမှာ ... အရောင်အသွေးစုံလင်ခဲ့တဲ့မိသားစုလေးရဲ့ချစ်ခြင်းတရားတွေ အဆုံးသတ်သွားတော့မှာလား??? လီယိုရဲ့ အဖေရင်း ဘယ်သူဆိုတာကိုရော ဖော်ထုတ်သိသွားမှာလား ဆိုတာတွေကို ပေါ့ပေါ့ပါးပါး တလွဲတချော်ဟာသတွေနဲ့ပေါင်းစပ်ပြီးကြည့်ရှုရမယ့် family drama လေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Genre.....Comdedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.6GB, 822MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator .....Thwal Yadi Encoder ..... August

Action • Adventure • Thriller
6.7 2022 109 mins
The Invisible Thread
Love and Leashes
6.9

ရုပ်ရည်ချောမောပြီး ယောက်ျားဆန်ဆန်ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးတွေကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ .. Jung Ji Hoo ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Jung Ji Hoo အပေါ် တိတ်တခိုးခံစားချက်ရှိနေတဲ့ .. Jung Ji Woo တစ်နေ့မှာတော့ Jung Ji Hoo ဆီကိုပို့လိုက်တဲ့ ပါဆယ်ထုပ်က ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်လို့ပဲဆိုရမလား နာမည်ချင်းဆင်ပြီး သူ့အပေါ်စိတ်ဝင်စားနေတဲ့ Jung Ji Woo ဆီကိုမှ ရောက်သွားပါတော့တယ်။ အဲဒီကနေတဆင့် အရာအားလုံးပြီးပြည့်စုံပြီး သူမတူတဲ့ sexual taste ရှိတဲ့ ကောင်ချောလေး Jung Ji Hoo ရဲ့ လျှို့ဝှက်ချက်ကြီးကို Jung Ji Woo သိရှိသွားပြီး နှစ်ဦးသဘောတူ ၃ လတာ relationship တစ်ခုကို စတင်လိုက်ကြတဲ့အခါ ..။ (Brace yourself ပါ SONE အပေါင်း သူတော်ကောင်းတို့xP) နာမည်ကြီး Webtoon “Moral Sense” ကို အခြေခံရိုက်ကူးထားတဲ့ Rom-com movie အမျိုးအစားဖြစ်တာမို့ အချိုတွေ အခွီတွေစုံအောင် ခံစားရမှာဖြစ်သလို Cast တွေအနေနဲ့ - U-KISS အဖွဲ့ဝင်ဟောင်း - Lee Jun Young - Girls’ Generation ရဲ့ maknae - Seohyun တို့က အဓိကပါဝင်ထားပြီး 2022 အတွက် Netflix ရဲ့ ပထမဆုံး ပွဲဦးထွက် movie လည်းဖြစ်ပါတယ်။ Age rating ကို 18+ သတ်မှတ်ထားတာကြောင့် ကြည့်ချင်သလိုကြည့်ကြပါလို့ပဲလက်တို့ရင်း ..။ အညွှန်းကိုတော့ Lai Laii က ဘာသာပြန်ပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Lai Laii, Thuu Thuu, Shwe Pyae တို့ပဲ ဖြစ်ကြပါတယ်။ Genre.....Romance, Comedy Quality….WEB-DL 1080p and 720p and 360P File size…1.6GB and 857MB and 277MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Lai Laii, Thuu Thuu, Shwe Pyae Encoder ..... August

Thriller
6.9 2022 118 mins
Love and Leashes
The Saint
6.2

The Saint (1997) မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ “သူတော်စိန်” သည် The Saint ပင် ဖြစ်လေသည်။ “The Saint” ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် သရုပ်ဆောင်ခဲ့ဖူး၏။ အခြားသော The Saint စီးရီးများသည်ပင် ဆာရော်ဂျာမိုးရ်၏ အရှိန်အဝါအောက်တွင် မှေးမှိန်ခဲ့ရ‌လေသည်။ ယခုခေတ်ကာလတွင် ဂန္ထဝင်မင်းသားကြီးတစ်ဦးအဖြစ် သမုတ်ခံထားရသော ဗယ်လ်ခေးမားသည်လည်း ဤ The Saint ဇာတ်ကောင်နေရာကို လွယ်လွယ်နှင့်ရခဲ့သည်မဟုတ်ပေ။ ဆာရော်ဂျာမိုးရ်သည် ၎င်းကဲ့သို့ ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် ပီးယာ့စ်‌ဘရော့စ်နန်ကို သရုပ်ဆောင်စေချင်ခဲ့သည့်အပြင် ပါရာမောင့်ကုမ္ပဏီသည်လည်း ထိုခေတ်က နာမည်ကျော်သရုပ်ဆောင်များဖြစ်နေသည့် ဟျုဂရန့်၊ မယ်ဂစ်ဆွန်၊ အာနိုးရှဝါဇင်နက်ဂါ၊ ဂျော့ဂ်ကလူနီ၊ ကယ်ဗင်ကော်စနာ၊ ဂျော်နီဒပ်နှင့် ဒန်နီယယ်ဒေးလူးဝစ် ကဲ့သို့သော ပုဂ္ဂိုလ်များကို ဦးစွာကမ်းလှမ်းခဲ့ခြင်းဖြစ်လေ၏။ သို့သော် ၁၉၉၅ ၏ Batman Forever အလွန်တွင် ဘရုစ်ဝိန်း (ဝါ) လင်းနို့လူသားဇာတ်ကောင်နေရာ၌ ဆက်လက်သရုပ်မဆောင်တော့လိုသော ဗယ်လ်ခေးမားသည် The Saint နေရာအတွက် အရွေးခံခဲ့ရလေ၏။ The Saint သည် စောရတစ်ဦးဖြစ်သော်ငြား သူတော်စင်တို့၏ အမည်နာမမျိုးစုံကို ထည်လဲအသုံးချ၏။ ဂျွန်ရော့စီ၊ မာတင်ဒီပိုရက်၊ ဘရူနိုဟော်တန်ဖရော့၊ သောမတ်မိုး၊ နီကိုလက်အိုဝင်၊ လူးဝစ်ဂွမ်နယ်လာ၊ ပီတာဒေမီယံ၊ ချားလ်ဘိုရိုမီရို စသည့် သူတော်စင်နာမည်တို့ကို လိုအပ်သည့်နေရာတို့တွင် လိုအပ်သလို သုံး၏။ ရုပ်ပြောင်းရုပ်လွှဲအရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်၏။ ပစ္စည်းကိရိယာအဆန်းတို့ကိုလည်း သူကိုယ်တိုင်ထွင်ပြီး သုံးတတ်သေး၏။ သူ၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်‌ကြောင်းကိုလည်း စိုးစဉ်းမျှ ဂရုမစိုက်။ အပ်သည့်အလုပ်နှင့်ထိုက်တန်သော ငွေကြေးအသပြာရလျှင် အင်မတိအင်မတန် လုံခြုံပါဘိဆိုသည့်အရာကိုပင် ရအောင် ခိုးပေးနိုင်ပေသော‌ စောရတစ်ဦးဖြစ်‌လေ၏။ ထိုသို့ မိမိကျွမ်းကျင်လိမ္မာရာနယ်ပယ်၌ ဆရာတစ်ဆူဖြစ်သော၊ မိမိအလုပ်ကိုယ်မိမိ တိတိကျကျ သွေးအေးအေးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်သော The Saint ၏ သံမဏိနှလုံးစိုင်သည် သိပ္ပံပညာရှင်မလေးတစ်ယောက်၏နှုတ်ခမ်းပါးများဝယ် အရည်ပျော်ကျခဲ့ရလေသည်။ အချုပ်ဆိုရသော်… The Saint သည် ရဲရင့်၏။ The Saint သည် ဖျတ်လတ်၏။ The Saint သည် စွန့်စား၏။ ထို The Saint ၏ စိတ်ဝင်စားစရာ… အသည်းထိတ်စရာ… အံ့ဩဘနန်းဖြစ်စရာ… လှုပ်ရှားမှုများကား… P.S – အဆုံးစာကြောင်းများအတွက် ဆရာကြီးရွှေဥဒေါင်း၏ သူတော်စိန်စာအုပ် ကျောဘက်မျက်နှာဖုံးမှ စာများကို ယူသုံးထားပါသည်။ (ဤဓာတ်ရှင်အား 666 မှ ပြန်ဆိုပေးထားပါသည်) Size – 2.5GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 56Min Genre – Action, Adventure, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 1997
The Saint
LOL
4.4

LOL (2012) ========== ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီက ဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်း သားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော် သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက် ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လို မိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။ Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Miley Cyrus ဖြစ်ပါတယ်) File Size……….(1.41 GB) / (552 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Miley Cyrus Encoder……….SWM

4.4 2012
LOL
Tell Me a Creepy Story

ဒီရုပ်ရှင်က တစ်ကားထဲမှာ ဇာတ်လမ်းလေးပုဒ်ပါပါတယ်။ ဒါကြောင့် တစ်နာရီခွဲအတွင်းမှာ မတူညီတဲ့ ဟော်ရာအပိုင်းတို လေးခုကို ကြည့်ရှုခံစားရမှာပါ။ ပထမဆုံးအပုဒ်က‌တော့ အစားကြူတဲ့ “ဂျိုး”အကြောင်းပါ။ ဂျိုးက မွေးစကတည်းက မိခင်နို့ကို မရပ်မနားစို့တဲ့အပြင် အချိတ်တန်အရွယ်ရောက်လာတော့လည်း အစားနဲ့ပါးစပ်မပြတ်အောင် ဖုတ်၀င်နေသလိုစားတဲ့နောက်… ဂျိုးကဘယ်သူလဲ ဂျိုးတစ်ယောက်ဘယ်လိုအဆုံးသတ်သွားမလဲ… ဒုတိယတစ်ခုကတော့ လူသတ် မြေမြှုပ် အလောင်းဖျောက်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ လယ်သမားတစ်ယောက်အကြောင်း… တတိယဇာတ်လမ်းကတော့ ညဖက်ကြီး မိန်းမငယ်တစ်ဦး အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ရေပိုက်ပြင်ဖို့ ကုမ္ပဏီကိုဖုန်းဆက်ခေါ်ရာကနေ ခေါ်ထားတဲ့လူထက်ပိုပြီး မမျှော်လင့်ထားတဲ့ ပိုက်ပြင်သမားကပါ ရောက်ချလာခဲ့တဲ့အခါမှာတော့… နောက်ဆုံးဇာတ်လမ်းကတော့ နယ်လှည့်အလှူပတ်ခံနေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ကံမကောင်းအကြောင်းမလှဘဲ သားသတ်သမားလင်မယားနှစ်ယောက်ရဲ့အိမ်မှာ အလှူ၀င်ခံရင်း ညစာစားဖို့ဆုံးဖြတ်လိုက်မိတဲ့နောက်… မတူညီတဲ့ ဇာတ်လမ်းလေးခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အခန်းမီးပိတ်ပြီး ကြည့်လိုက်ကြပါဦး။ အော်ဂလီဆန်စရာရိုက်ချက်တွေ ပါ၀င်တာကြောင့် အစာစားနေရင် မကြည့်ဖို့ သတိပေးလိုက်ပါရစေ။ File size…(1 GB)/(483 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Tell Me a Creepy Story
The Legend of Catclaws Mountain
5.5

ချန်နယ်မြန်မာပရိတ်သတ်ကြီး ခုတခေါက် ကြည့်ရှူရမှာကတော့ ၂၀၂၄ မှထွက်ရှိထားတဲ့ ကြောင်လက်သည်းတောင်ရဲ့ ဒဏ္ဍာရီ ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်.. ဇာတ်လမ်းကတော့ပေါ့ပေါ့ပါးပါးကလေးပုံပြင်လို ဇာတ်လမ်းသွားမျိုးလေးဖြစ်ပါတယ် နယ်မြို့လေးမှာ နိစ္စဓူဝပုံမှန်ဘဝထဲမှာပဲ အသားကျနေတဲ့ မင်ဒီတို့ မိသားစုမှာ မင်ဒီကတော့အများနဲ့မတူပဲ သူက တစ်ခုခုထူးခြားတာတွေကိုလုပ်ဖို့အတွက် မွေးဖွားလာတာလို့ယုံကြည်နေပါတယ်.. ဇာတ်လမ်းအစမှာတော့ မမျှော်လင့်ပဲ သူတို့ရဲ့အဖေ အိမ်ထောင်ဦးစီးရဲ့ ပန်းခြံကပိတ်ရတော့မဲ့ အနေအထားကို ကြုံလာပါတယ် ငွေကြေးအခက်အခဲကြောင့် ရေကြည်ရာ မြက်နုရာ အလုပ်ပြောင်းတဲ့နေရာကိုရွှေ့ရတော့မလို ဖြစ်နေချိန်မှာ မင်ဒီဟာ ထူးခြားတဲ့ ယူနီကွန်းလို စွတ်စွတ်ဖြူဖွေးနေတဲ့ မြင်းပုလေးတစ်ကောင်နဲ့ တွေ့ခဲ့ရပါတယ် ဒီနယ်တစ်ဝိုက်မှာ တစ်နေ့ကျရင် မြင်းပုလေးတစ်ကောင်ကထိုက်တန်တဲ့သူကို ကြောင် လက်သည်းတောင်မှာဖွက်ထားတဲ့ ရွှေတွေဆီကို လမ်းပြပေးလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီတွေကလည်း နာမည်ကြီးနေတာမလို့ မင်ဒီကတော့ ဒီမြင်းပုလေးကို ထူးခြားတဲ့မြင်းပုလေးလို့ထင်မှတ်လိုက်ပါပြီ ဒါပေမဲ့ ကလေးပဲရှိသေးတဲ့ မင်ဒီတစ်ယောက် သူထင်ရာ မြင်ရာကလေးအတွေးတွေပဲတွေးနေတာလား တကယ်ဆိုရင်ရောတောကြီးမျက်မည်းထဲက ရွှေတွေဆီကိုဘယ်လိုများသွားနိုင်မှာလဲ ပြီးတော့ ရွှေဆိုရင်ငမ်းငမ်းတက်မက်မောကြတဲ့ လူတို့သဘာဝ အတိုင်း သွေးနံ့ရလို့ဝိုင်းလာတဲ့ငါးမန်းလိုလူတွေကိုရော သူတို့ဘယ်လိုများရင်ဆိုင်ရမလဲကို ပေါ့ပေါ့ပါးပါးကြည့်ရှူနိုင်မှာပါ File size…2.88GB / 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

5.5 2024
The Legend of Catclaws Mountain
Justice League: Crisis on Infinite Earths Part Three

DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။ အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Animation, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

0 2024
Justice League: Crisis on Infinite Earths Part Three
Eagle Eye
6.6

အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ဝင်ရောက်မောင်းနှင်ဖို့ ဖုန်းထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။ ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ် File size… 5.1 GB / 2 GB / 966 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

6.6 2008 118 mins
Eagle Eye
Wunderland
7.8

Wunderland (2023) ======== IMDb Rating (7.9 ) Miniatur Wunderland လို့ခေါ်တဲ့ ဂျာမနီ ဟန်းဘတ်မြို့က ဂင်းနစ်စံချိန်ဝင်ထားတဲ့ ရထားသံလမ်းမော်ဒယ် တည်ဆောက်ကြတဲ့ အမြွှာ၂ယောက်အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ သာမန် သာကြည့်ရင် အရုပ်သေးသေးလေးတွေလို့ထင်ရတဲ့ မော်ဒယ်ပုံစံလေးတွေကိုလည်း Braun အမြွှာနှစ်ယောက်နဲ့ သူတို့ team က အချိန်တွေအများကြီးပေးပြီး အသေးစိတ်ကျကျ ပုံဖော်ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Wunderland ကို ဂျာမနီမှာတင်မဟုတ်ပဲ တောင်အမေရိက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးမြို့မှာပါ ဆောက်ဖို့ပြင်ဆင်ကြတာတွေပါ ရိုက်ကူးထားပါတယ်။ ဘာသာစကားမတူ ယဥ်ကျေးမှုမတူပဲ တောင်အမေရိကသားတွေနဲ့ ဂျာမန်တွေ အလုပ်ကို ချစ်စိတ်တစ်ခုတည်းနဲ့ ရီယိုမြို့မှာ Wunderland အကောင်အထည်ပေါ်ဖို့ ၂နှစ်လောက်အတူကြိုးစားကြတာကို ကြည်နူးဖွယ်ကြည့်ရမှာပါ။ ကမ္ဘာမှတ်တမ်းဝင်အရာတစ်ခုဖြစ်လာဖို့ အချိန်တွေ ပိုက်ဆံတွေအပြင် စိတ်အားထက်သန်မှုတွေအများကြီးနဲ့ အလုပ်လုပ်နေကြတဲ့ Wunderland Team က နောက်ကွယ်မှာ ဘယ်လိုရှိလဲဆိုတာ ကြည့်လိုက်ရအောင်နော်

7.8 2024
Wunderland
Glassmates
7.5

Glassmate 2024 သောက်ဖော်သောက်ဖက် “တစ်တန်းတည်းအတူတက်ပြီး ဘွဲ့အတူရတဲ့သူတွေကို အတန်းဖော်လို့ခေါ်ရင် တစ်ခွက်တစ်ဖလား အတူသောက်တဲ့သူကိုတော့ သောက်ဖော်လို့ခေါ်ရမှာပေါ့” အရက်သမားဖြစ်နေတဲ့ လူနာတွေရဲ့ ကယ်တင်ရှင်လို့ သတ်မှတ်ထားကြတဲ့ ဒေါက်တာဖီးလစ် ‌ပြောရရင်‌ ဒေါက်တာဖီးလစ်ဆိုတာ အရက်သမားကြောင့် ဒုက္ခရောက်နေရတဲ့ မိသားစုတိုင်းရဲ့ ကယ်တင်ရှင်ပေါ့လေ ဒါပေမဲ့ သေသောက်ကြူးယမကာလုလင်ညီနောင်နဲ့အတွေ့မှာတော့ ဒေါက်တာဖီးလစ်တစ်ယောက် ကိုယ်တိုင်ယမကာလုလင်ဘဝရောက်သွားတဲ့အထိပါပဲ။ ဒီလိုအရက်ဖြတ်ပေးမယ့်ဆရာဝန်ကိုပါ သောက်ဖော်သောက်ဖက်ဖြစ်အောင်လုပ်နိုင်တဲ့အထိ အဆွယ်ကောင်းလွန်းတဲ့ညီအစ်ကိုနှစ်ယောက်၊ ဘာလာလာနဲ့အရက်နဲ့ဓာတ်ကြမ်းကုရင်ပြောတယ်ဆိုတဲ့ ယမကာရမ်းကုနှစ်ယောက်ရဲ့ဘဝက အလွဲပေါင်းသောင်းခြောက်ထောင်ကို ရှုစားရင်း ရယ်မောခြင်းနဲ့ ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.5 2024 126 mins
Glassmates
Bhagwan Bharose
6.3

Bhagwan Bharose ( 2023 ) ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ ဟင်ဒီစကားပြော အိန္ဒိယကားဖြစ်ပြီး IMDb 6.4/10 ရရှိထားတဲ့ကားဖြစ်တဲ့အပြင် လန်ဒန်မှာကျင်းပတဲ့ ၂၅ ကြိမ်မြောက် UK Asian Film Festival မှာ အပိတ်ဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၉ ခုနှစ် မြောက်အိန္ဒိယရဲ့ရွာငယ်လေးတစ်ခုက ဘိုလာနဲ့ရှန်ဘူဆိုတဲ့ကလေးလေးနှစ်ယောက်ပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ရိုးရာယုံကြည်မှုတို့ကို မျက်စိမှတ်ကိုးကွယ်ကြတဲ့ ရွာလေးတစ်ရွာဖြစ်တဲ့အလျောက် ဘိုလာနဲ့ရှန်ဘူတို့ဟာလည်း ရိုးရာနတ်ဘုရားတွေအကြောင်းကို အရမ်းစိတ်ဝင်တစားမေးခွန်းထုတ်တတ်ကြသူတွေဖြစ်ကာ အရိုးစွဲအောင်ယုံကြည်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းမှာ သိပ္ပံအကြောင်းသင်ရတဲ့အခါမှာတော့ သူတို့ရဲ့အသိအမြင်တွေနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတာကြောင့် လက်မခံနိုင်အောင်ဖြစ်ရပါတော့တယ်။ ဒါ့အပြင် နိုင်ငံရေးအလှည့်အပြောင်းတွေရဲ့ကြားမှာ ရိုးရာယုံကြည်မှုတွေထဲက မကောင်းဆိုးဝါးထက် လူ့ကိုယ်တွင်းကမကောင်းဆိုးဝါးတွေရဲ့ ကြောက်စရာကောင်းပုံတွေကိုလည်း ရိုက်ပြထားပါသေးတယ်။ နာမည်ကြီးမီဒီယာတွေကတောင် တဖွဲ့တနွဲ့ချီးကျူးပေးခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် အချိန်ကုန်ဘေကုန်ခံရကျိုးနပ်မယ့်ဇာတ်ကားလည်းဖြစ်ပါတယ်ဗျာ။ ( အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ် )

Animation • Family • Adventure
6.3 2023
Bhagwan Bharose
What Death Leaves Behind
6

What Death Leaves Behind(2018) *********************************** အလုပ်ကြိုးစားပြီး ဘဝကိုရိုးစင်းစွာဖြတ်သန်းနေတဲ့သူတစ်ယောက်ရှိတယ်… တစ်နေ့တော့ သမရိုးကျ မဟုတ်တဲ့ဖြစ်စဉ်ကြီးတစ်ခု မလွှဲသာမရှောင်သာ သူရင်ဆိုင်လိုက်ရတယ်…အဲဒါကတော့ သူ့ကျောက်ကပ်အစားထိုးကုသလိုက်ရတာပါပဲ… ကျန်းမာရေးအဆင်ပြေနေပေမဲ့ အစားထိုးပြီးကတည်းက သူ့ရင်ဘတ်ထဲက ကျောက်ကပ်အကြောင်းကို အချိန်ပြည့်တွေးနေတယ်… သူ့ရဲ့ အတွေးအခေါ်တွေဟာလည်း သာမန်လူတစ်ယောက်လိုမဟုတ်တော့ဘူး… အဲဒီနောက် သူ့ပတ်ဝန်းကျင်မှာလည်း လူသတ်မှုတွေတိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတယ်… သူနဲ့ ပတ်သက်နေလား ဒီလူသတ်မှုတွေက … ဒီပြသနာအရှုပ်တွေကို သူဘယ်လိုရင်ဆိုင်မလဲ..ဆိုတာကိုတော့ ခံစားကြည့်ပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်… File Size : 1.11GB/ 450MB Quality : WEB-DL 1080p / 720p Format…mp4 Duration…01:26:00 Genre : Mystery, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Tiff

6 2018 87 mins
What Death Leaves Behind
Captain America: The First Avenger
6.9

Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor (2011) Captain America: The First Avenger (2011) The Avengers (2012) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Captain America: The First Avenger (2011) IMDb Rating (6.9) / Rotten Tomatoes (80 %) MCU ရဲ့ ပဉ္စမမြောက်ရုပ်ရှင်ကားဖြစ်ပြီး မင်းသား Chris Evans ရဲ့ Captain America ဇာတ်ကောင်ကို မိတ်ဆက်ခဲ့ပါတယ်။ Captain America ဇာတ်ကောင်ဟာ MCU ရဲ့ အသည်းကျော်ဇာတ်ရုပ်ဖြစ်ပြီး ဒီကားထဲမှာ သာမန်လူသားလေးတယောက်ကနေ စူပါဟီးရိုးဘယ်လိုဖြစ်လာတယ်ဆိုတာ မြင်တွေ့ကြရမှာပါ။ Budget $140–216.7 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $370.6 million ထိပြန်လည်ရရှိခဲ့ပါတယ်။

Romance
6.9 2011 124 mins
Captain America: The First Avenger
Brave the Dark
6.6

Brave the Dark (2025) IMDb Rating (6.6) / Rotten Tomatoes (74%) ဒီ Movie ကတော့ ထုတ်လုပ်သူနေသန်နီရယဲဒင်းရဲ့ ငယ်ဘ၀ကို ရိုက်ကူးထားတဲ့ကားပါ။ ဇာတ်ကြောင်းကတော့ သူ့အမေကို အဖေကမျက်စိရှေ့မှာတင် သတ်လိုက်တာကို မြင်လိုက်ရတဲ့ နိတ်ဆိုတဲ့ကောင်လေးတစ်ယောက်က ပတ်၀န်းကျင်ရဲ့အပြောတွေကြားမှာ ဆိုးဆိုးဝါးဝါးနဲ့ ဂရုစိုက်မှုမခံရပဲကြီးပြင်းလာခဲ့ပါတယ်။ မိဘတွေမရှိတော့ပဲ ဆွေမျိုးတွေက ပစ်ထားတော့ ဖြစ်ချင်တိုင်းဖြစ်ပြီး ကားပေါ်မှာနေနေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဆရာဖြစ်သူစတန်ဒင်းက သူ့ကျောင်းသားရဲ့ကောင်းကွက်ကိုမြင်ခဲ့ပြီး အကူအညီပေးခဲ့ပါတယ်။ မိဘမေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ဆရာဖြစ်သူရဲ့ ကြီးကြပ်စောင့်ရှောက်ပေးမှုအောက်မှာ ဘ၀စတင်ပြောင်းလဲလာခဲ့ပါတယ်။ လမ်းမှားရောက်တော့မယ့် ကလေးတစ်ယောက်ကို အခြားသူတွေလို ပစ်မထားပဲ အတတ်နိုင်ဆုံး လမ်းမှန်ပေါ်ဆွဲတင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ မေတ္တာကို ရိုးရိုးလေးရိုက်ကူးပြထားတဲ့ကားပါ။ ဒီကားကိုဖန်တီးခဲ့တာကလည်း သူ့ဘ၀ရဲ့မှောင်မိုက်နေတဲ့အချိန်တွေမှာ အလင်းဆောင်ကျဉ်းပေးပြီး လမ်းမှန်ပြပေးခဲ့တဲ့ ဆရာဖြစ်သူရဲ့စေတနာမေတ္တာကို ပြပေးချင်ခဲ့တာကြောင့်ပါ။ Plot twist တွေဘာတွေမပါတဲ့ ပေါ့ပေါ့ပါးပါးကားလေးမို့ ကြည့်ရတန်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.5 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

6.6 2025 110 mins
Brave the Dark