YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

the.originals.s03e08.720p.bluray.x264-mayhem.mp4

261.51 MB 720p video/mp4 250 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
(18+) Homejack Pentagram

လွန်ခဲ့တဲ့ ဆယ်နှစ်က ပြဇာတ်အဖွဲ့သားတွေ ဆိုင်တစ်ဆိုင်မှာ အစည်းအဝေးလုပ်ပြီး သောက်စားပျော်မြူးကြပါတယ်။ သောက်စားပြီး အားလုံးအိပ်ပျော်သွားပြီးနောက် ဂျူနီယာကောင်မလေး ရိုကိုအရင်နိုးလာပါတယ်... ရိုကိုက အပျိုလေးမို့ ပါကင်ဖောက်ချင်တာကြောင့် သူ့ရဲ့စီနီယာအစ်ကိုတစ်ယောက်ကို အကူအညီတောင်းတဲ့နောက်... စီနီယာကလည်း ဂျူနီယာလေးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနေချိန် စီနီယာအစ်ကိုကြီးတွေပါနိုးလာတဲ့အခါမှာတော့ အကုန်၀ိုင်းလုပ်ကြပါတယ် ဆယ်နှစ်ကြာတော့ ရိုကို့ကိုဝိုင်း*ုဒိမ်းကျင့်ခဲ့တဲ့သူတွေက ဇွန်လ ခြောက်ရက်နေ့တိုင်း တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပါတယ် ရိုကိုက ဘယ်လိုသေသွားခဲ့တာလဲ တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်နေတဲ့သူက ဘယ်သူလဲဆိုတာကို ကွင်းဆက်လူသတ်သမား Jack the Ripper ကနေ ကူညီဖော်ထုတ်ရင်း ကောင်မလေးတွေဆန္ဒကိုပါ ဖြည့်ဆည်းသွားမှာပါ ။ File Size__(780MB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:27:00 Type__Adult, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Parrot Encoded by Dark Devil

Horror • Thriller
0 2019 88 mins
(18+) Homejack Pentagram
Frozen
6

ရေခဲတောင်ပေါ်က Survival Thriller ဇာတ်လမ်း တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်. ရည်းစားရပြီးတဲ့နောက် ဘော်ဒါတွေကို အရင်လောက်အချိန်မပေးတော့ဘဲ ဆော် (၁)၊ ဘော် (၂) ဖြစ်နေတဲ့ ‘ဒန်’ ယောကျ်ားလေးကိစ္စ (Guy Thing) ဆိုတာကို နားလည်မပေးဘဲ ချစ်သူနဲ့အချိန်ဖြုန်းချင်ရုံသက်သက်နဲ့ နှင်းလျှောစီးဖို့ လိုက်လာတဲ့ ‘ပါကား’ Third Wheel ဖြစ်ချင်ဖြစ်ပါစေ၊ ငယ်သူငယ်ချင်းနဲ့ အမှတ်တရတစ်ခုကို ပြန်ဖန်တီးဖို့ ဆန္ဒရှိနေတဲ့ ‘ဂျိုး’ တို့သုံးယောက် Mt. Holliston တောင်ကြီးပေါ် နှင်းလျှောစီးဖို့ သုံးယောက်သား ပေါင်းစည်းမိကြတဲ့အခါ သူတို့ကြားထဲက ကတောက် ကဆလေးတွေ၊ အခက်အခဲ အန္တရာယ်တွေ၊ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.... File size…1.64GB / 524MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 33m Genre ..... Adventure , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Comedy • Romance
6 2010 93 mins
Frozen
You Will Not Have My Hate / Vous Naurez Pas Ma Haine
6.2

အန်တိုနီလယ်ရီမှာ မိန်းမနှင့် သားတစ်ယောက်ရှိပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရသူပါ။ တစ်နေ့မှာတော့ သူ့မိန်းမဟာ သူငယ်ချင်းဖြစ်သူနဲ့ ကာတာကလန်ကွင်းမှာ ကျင်းပတဲ့ရှိုးပွဲတစ်ခုကို သွားရောက်ခဲ့တဲ့အခါမှာ အဆိုပါရှိုးပွဲကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းပြီး အစုလိုက်အပြုံလိုက် သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့နေရာမှာ သေဆုံးသွားခဲ့ပါတော့တယ်။ သူ့ချစ်ရတဲ့ဇနီးသည်သေဆုံးသွားမှန်းသိရတဲ့အခါမှာ အန်တိုနီတို့ သားအဖနှစ်ယောက် ဇနီးသည်ရဲ့သေဆုံးမှုကို လက်ခံနိုင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Comedy • Romance
6.2 2022
You Will Not Have My Hate / Vous Naurez Pas Ma Haine
Sorcery
6.1

“မှော်အတတ်” မှော်အတတ်ဆိုတာမျိုးက ရိုးရာမျိုးနွယ်တွေကနေ လက်ဆင့်ကမ်းဆင်းသက်လာတာများပြီး လက်ခံသူ ၊လက်မခံသူကွဲနေတတ်တာက အရင်တည်းက ရှိလာခဲ့တာပါ။ လက်မခံသူတစ်ဖက်ပိတ်အများစုက မှော်ဆိုတာ ရွံကြောက်စရာ၊နိမ့်ကျတဲ့အရာ၊ မယုံတမ်းလုပ်ကြံထားတာတွေလို့တွေးတတ်ကြတယ်။ လက်ခံကျင့်သုံးနေကြသူတွေအတွက်ကျ ရိုးရာကိုထိန်းသိမ်းရာလည်းရောက်မယ် သတ္တဝါတွေကိုလည်းအကူအညီပေးနိုင်ရာရောက်တယ် စတဲ့အကြောင်းတွေနဲ့ လက်ဆင့်ကမ်းယုံကြည်လာခဲ့ပါတယ်။ သို့ပေမဲ့ ဆန့်ကျင်သူ ၊ လူနည်းစုကျင့်သုံးသူ ဆိုပြီးအုပ်စုနှစ်ခုကွဲပြီး ဆန့်ကျင်သူတို့ဖက်ကအင်အားကြီးလာတော့ ကျင့်သုံးသူတို့ကို မတရားဖိနှိပ်ခဲ့တာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတည်းကဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကိုမျက်မြင်ခံစားကြည့်လို့ရအောင် ဒါရိုက်တာ Christopher Murray က ၁၉ရာစုဝန်းကျင် ချီလီနိုင်ငံက ဟွီလီချီဆိုတဲ့ လူမျိုးအကြောင်းအခြေခံရိုက်ပြပေးထားပါတယ် ၊ ဇာတ်ဆောင်က ဟွီလီချီလူမျိုး၊လူဖြူတွေရဲ့အစေခံမလေး ရိုဆ ဆိုတဲ့ ၁၃နှစ်သမီးလေးပါ ။အဖေကမှော်အတတ်တွေလုပ်တယ်လို့စွပ်စွဲခံရပြီးသူ့ရှေ့တင်အရှင်လတ်လတ်ခွေးကိုက်သတ်ခံလိုက်ရတာပါ။ ဆိုတော့ ငယ်ရွယ်တဲ့ရိုဆလေးခမျာအဖေ့အတွက်တရားမျှတမှုရအောင် ကြိုးစားတဲ့ခရီးစဉ်စတင်ပါတော့တယ်။ အရင်ကလူပတ်ဝန်းကျင်နဲ့ဝင်ဆံ့အောင် ခရစ်ယာန်ဘာသာကျင့်သုံးခဲ့တဲ့ ရိုဆဟာ နောက် သူ့မျိုးနွယ်တွေနဲ့တွေ့ပြီး ကိုယ့်ရိုးရာ ကိုယ်ကျင့်သုံးကာ သူတို့ကို ဖိနှိပ်ခဲ့တဲ့လူတွေကိုဘယ်လို လက်စားချေမလဲ …. နက်နဲပြီး ဇာတ်အေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

6.1 2023 101 mins
Sorcery
No One Will Save You
6.5

ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။ အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။ အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလို အတုလိုလို စဉ်းစားရခက်နေတာပါ။ ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရော ဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ The Divergent Series: Insurgent တို့ Love and Monsters တို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။ မင်းသမီးကတော့ မှတ်မှတ်ရရ Unbelievable ဆိုတဲ့ စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။ သူနာမည်ကြီးခဲ့တဲ့ Unbelievable စီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။ အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲ သူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။ File size… 3 GB / 1 GB / 758 MB Quality… WEB Rip 4k / 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr Anderson

6.5 2023 93 mins
No One Will Save You
Chloe and Theo
5.8

Chloe and Theo (2015) ================ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းကရေခဲတောင်တွေအရည်ပျော်ကျ လာမှုနဲ့အတူ အဲ့ဒီဘက်ပိုင်းမှာနေထိုင်တဲ့ အက်စကီးမိုးတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်စပြုလာတဲ့နောက် သူတို့ဆီက အကြီးအကဲတွေဟာ သူတို့ထဲကမှ လူရည်လည်၊အင်္ဂလိပ်စကားတတ်တဲ့ သီယိုကို ရွေးချယ်ပြီး သူတို့ပြောချင်တဲ့ သတင်းစကားပါးဖို့အတွက် နယူးယောက်မြို့ကိုစေလွှတ်ခဲ့ပါတယ်။ မြို့တော်ကြီးမှာ သီယိုတစ်ယောက်တည်းယောင်ချာချာဖြစ်နေတုန်း ကလိုဝီ ဆိုတဲ့ အိမ်ခြေယာမဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက် ကလိုဝီရဲ့ အတူနေမိတ်ဆွေတွေရဲ့ ကူညီမှု အားပေးမှုတွေနဲ့ ဝင်ရိုးစွန်းက အမှာစကားကို ကမ္ဘာကုလသမဂ္ဂနဲ့တကွ လူအများဆီကိုသတင်းပါးဖို့ အားထုတ်ကြပုံတွေကို ရှုမြင်ရမှာဖြစ်ပါတယ်။ ကလိုဝီအဖြစ် Dakota Johnson နဲ့ သီယိုအဖြစ်ပါဝင်ထားသူကတော့ ပြင်ပ မှာလည်း ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး လူတွေ awareness ရအောင် လုပ်ဆောင်နေတဲ့ Theo Ikummaq ကိုယ်တိုင်ပါပဲ။ ဒီရုပ်ရှင်ဟာလည်း သူ့ကြိုး စားမှုတွေ အားထုတ်မှုတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1 GB) / (413 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator……Alias Encoder……….SWM

5.8 2015
Chloe and Theo
Creatura
6.8

Creatura (2023) ~ IMDb – 6.8/10, Rotten Tomatoes – 93% ~ “Creatura” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ “Creature” သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား “Creatura” မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ “Hyper Active” ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ဒီလိုနဲ့ သူ့မိဘတွေက သူ့ကိုဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း တစ်ခါတစ်လေ စိတ်မထိန်းနိုင်တော့တဲ့အခါကျ အော်ဟစ်မိတာတွေရှိပါတယ်။ ဒီလိုနဲ့ မီလာလေးက ငယ်စဉ်ထဲက စိတ်ဒဏ်ရာရပြီး တစ်ခုခုဆို Sensitive ဖြစ် Emotional အဖြစ်လွယ်လာပါတယ်။ ဇာတ်လမ်းအစဖြစ်တဲ့ မီလာတစ်ယောက် အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အမျိုးသားနဲ့ အိမ်ပြောင်းတဲ့အခါမှာလည်း ငယ်ငယ်ကပြဿနာတွေက အိမ်ထောင်ရေးသုခကိုမပြေလည် လင်မယားကြားဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်လာတဲ့ ဆိုးရွားလာခဲ့ပါတယ်။ ဒီလိုနဲ့ သွေးသားဗီဇအရပါလာတဲ့ ပြဿနာတွေကြောင့် စိတ်သောကရောက်နေရတဲ့ မီလာက ငယ်စဉ်ဘဝတုန်းက အဖြစ်အပျက်တွေကို တဖြည်းဖြည်းနဲ့ပြန်သတိရလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝကရတဲ့ Trauma ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ တော်ရုံလွယ်လွယ်နဲ့မပျောက်နိုင်ဘူးဆိုတာကို ရည်ညွှန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းကြုံတွေ့ရတတ်တဲ့ လက်တွေ့လောကရဲ့ လောကဓံတွေကို အိမ်ထောင်တစ်ခုရဲ့ဇာတ်ကွက်ကနေ လက်တွေ့ကျအောင် ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း လူတိုင်းစာနာခံစားပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့သူများအားလုံးအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 900MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Crime • Fantasy
6.8 2023 110 mins
Creatura
Hitman

နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2008
Hitman
The Void

ရဲဝန်ထမ်းဒန်နီရယ်ကာတာက တစ်ညမှာ လမ်းမပေါ်ကင်းလှည့်ရင်း ဒဏ်ရာတွေနဲ့လူတစ်ယောက်ကိုတွေ့ပြီး ဆေးရုံကိုခေါ်လာခဲ့ပေးတယ်။ ဆေးရုံကိုရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဆေးရုံကလူတွေက အကောင်အဖြစ်ပြောင်းသွားတာတွေ၊ အသတ်ခံရတာတွေအပြင် ဆေးရုံအပြင်မှာလည်း အမည်မသိတဲ့အရာတွေက စောင့်ကြပ်ထားလို့ ဒန်နီရယ်တို့ အပြင်ထွက်ပြေးလို့လည်းမရပါဘူး။ ဒီကိစ္စတွေအားလုံးရဲ့လက်သည်က ဘယ်သူလဲ ၊ အဆောင်အအုံထဲမှာရော အပြင်ဘက်မှာရောမလုံခြုံတော့တာကြောင့် ဒန်နီရယ်တို့ ဘယ်လိုတွေရင်ဆိုင်သွားမလဲ။ ဇာတ်လမ်းထဲကလူသတ်သမားမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ horror သို့မဟုတ် သိပ္ပံ horror ဆိုပြီးယူဆလို့လည်းရပါတယ်။ File size…(1.1 GB)/(527 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Mystery, Horror, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 2016
The Void
Love in the Afternoon
7.1

လူဆိုတာ မလုပ်ရဘူးဆိုတာကို ပိုလို့လုပ်ချင်တတ်တဲ့ အကျင့်နဲ့ သတ္တဝါမျိုးပါ…..အဲဒီလို သတ္တဝါမျိုးကိုမှ ဘာကိုမှမမြင်တော့လောက်အောင် ကန်းစေမဲ့ အချစ်မျိုးထည့်ဖြည့်ပေးလိုက်ရင် မိုးပေါ်က သိကြားမင်းမကလို့ တဖက်၅၀၀စီရှိတဲ့ နတ်သမီးတွေ တောင်းပန်ခယလည်း နောက်ပြန်လှည့်တော့မှာမဟုတ်ပါဘူး….. အချစ်ဆိုတဲ့ စကားလုံးလေးက အင်မတန်ရိုးရှင်းပါတယ်…..ဖွင့်ဆိုရတဲ့ အဓိပ္ပာယ်တွေကတော့ ဆန်းကြယ်လွန်းတာမှ အနန္တစကြာဝဠာဆိုတာ တကယ်ရှိနေပါလားဆိုတာထက်ကို ပိုဆန်းကြယ်လွန်းပါတယ်…..ဒီအရာကို တခြားလူလုပ်ရင်မကြိုက်ပေမဲ့ ကိုယ့်မျက်စိထဲ ချစ်စရာကောင်းတယ်လို့ထင်တဲ့လူလုပ်နေရင်တော့ စိတ်ဝင်စားစရာ သည်းခံချင်စရာလေးဖြစ်သွားတဲ့အထိကို လူ့စိတ်ကိုပြောင်းလဲစေတာလည်း အချစ်ပါပဲ…….တခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို မြင်တဲ့အချိန်ကနေစပြီး အသက်ဆုံးသွားတဲ့အချိန်ထိ ကိုယ့်ဘေးမှာ မပူမပင်မကြောင့်မကျဘဲ ထားချင်တာလည်း အချစ်ပါပဲ…..ဒါပေမဲ့ ကိုယ်အင်မတန်မုန်းတီးပါတဲ့ဆိုတဲ့အရာကို ကိုယ်အင်မတန်ချစ်ပါတယ်ဆိုတဲ့သူ လုပ်လို့ အသက်ဆုံးရှုံးတဲ့အထိ တုံ့ပြန်တတ်တာလည်း အချစ်ပါပဲ…..ပြောရရင်ကုန်မှာကိုမဟုတ်ပါဘူး အနန္တစကြာဝဠာဆိုတာ အချစ်ရဲ့ အဓိပ္ပာယ်ရှင်းတမ်းနဲ့ယှဉ်ရင် မြူမှုန်တဝက်သာသာရယ်ရှိတာပါ….. ဒီဇာတ်ကားလေးကတော့ ပလေးဘွိုင်းလို့ သိနေလျက်နဲ့ ကိုယ့်အဖေစုံထောက်ကြီးကလည်း စုံစမ်းနေလျက်နဲ့ကို စုံလုံးကန်း ချစ်မိသွားတဲ့ အကြောင်းလေးကို ဟာသလေးနှော အပြောကောင်းကောင်းလေးတွေပေါင်းထည့်ပြီး တင်ဆက်ရိုက်ပြထားတာပါ……ဒီခေတ်ရဲ့ ချစ်စကားတွေနဲ့ အရင်ခေတ်က ချစ်စကားတွေ ဒီခေတ်လူငယ်တွေနဲ့ အရင်ခေတ်လူငယ်တွေ ဘယ်လိုကွားခြားကြမလဲ ဘယ်လိုအယူအဆတွေကွဲလွဲခဲ့ကြလဲ အချစ်ကိုဘယ်လိုခံစားကြလဲဆိုတာ မျက်ဝါးထင်ထင်တွေ့ရမှာမို့ ကြည့်သင့်ကြည့်ထိုက်တဲ့ ကားလေးတစ်ကားလို့ဆိုရင်မှားမယ်မထင်ပါဘူး…… File size…(2.7 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Drama • History • Thriller
7.1 1957 130 mins
Love in the Afternoon
Hum Chaar
5.8

Hum Chaar (2019) ဘဝတစ်ကွေ့ IMDb 5.7/10 ဇာတ်လမ်းပုံစံမြူးမြူးကြွကြွလေးနဲ့ကောလိပ်ဆေးကျောင်းသားအချစ်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးပါမယ် ဆေးကျောင်းတက်နေကြတဲ့မတည့်အတူ‌နေသူငယ်ချင်းသုံးယောက် နမ်မစ်၊အဘီယာနဲ့ဆိုဂျူးတို့ ဆေးကျောင်းမှာဗရုတ်ကျနေကြရင်း တစ်ရက်တော့ ဆေးကျောင်းကို မန်ဂျယ်ရီဆိုတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။ မကြာခင်မှာပဲသူတို့သုံးယောက်လုံး ကောင်မလေးနဲ့သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါပေမဲ့လည်းသုံးယောက်လုံးကမန်ဂျယ်ရီအပေါ်ခံစားချက်ရှိနေတာကိုသိပြီးကြပြီးနောက် သူမမွေးနေ့မှာပဲတစ်ပြိုင်တည်းအချစ်ကိုဖွင့်ဟပြီး သူမချစ်တာဘယ်သူလဲဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ ‌ မန်ဂျယ်ရီကမူးမူးရူးရူးနဲ့သုံးယောက်လုံးကိုအဖြေပြန်ပေးလိုက်မိပြီး နောက်ရက်‌ေရာက်တော့ဘာမှမမှတ်မိတော့ပါဘူး ကောင်လေးတစ်ယောက်ကအဲဒီညကအဖြစ်ကိုရိုက်ထားတဲ့ဗီဒီယိုကို YouTube မှာတင်လိုက်တော့ သူငယ်ချင်းသုံးယောက်ပြဿနာတက်ကြရင်းထိုကောင်လေးအပါ်ကို chemical ဆေး‌ရည်တွေမှောက်ကြကုန်ရင်း အချင်းပိုပွားလာကြကာ တစ်ယောက်နဲ့အပြီးတိုင်တစ်ယောက်လမ်းခွဲလိုက်ကြပါတော့တယ်။ လေးနှစ်ကြာပြီးနောက်သူငယ်ချင်း‌လေးယောက် အချင်းချင်းပြန်တွေ့ကြတဲ့အချိန်မှာတော့……. (အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Bollywood Team မှ ဖြစ်ပါတယ်)

5.8 2019
Hum Chaar
The Ward John Carpenter’s The Ward
5.6

The Ward (2010) John Carpenter’s The Ward မင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်… ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်… Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်… ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ… ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်… Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်… Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်… ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်…. Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်… သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်… သို့ပေမဲ့ Zoey ဟာလဲ သရဲမ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်… Kristen တစ်ယောက်ကြံရာမရဖြစ်ပြီး သူ့အသိ Dr.Geral Stringer ဆီကို အပြေးအလွှားသွားခဲ့ပါတယ်… Dr. ဆီရောက်တဲ့အချိန်မှာတော့ သူ သရဲမ အကြောင်းကို သိခဲ့ပါတယ်… သရဲမ နာမည်က Alice ဖြစ်ပြီး Kristen သူ့အကြောင်းကို အလုံးစုံသိလိုက်ရချိန်မှာတော့…. Kristen တစ်ယောက် Zoey ကိုကယ်ပြီး လွတ်မြောက်နိုင်မလား… သရဲမ Alice က ဘာလို့ လိုက်သတ်နေတာလဲ…စတဲ့အကြောင်းအရာတွေကို စိတ္တဇဆန်ဆန် ရိုက်ကူးထားပါတယ်… သဲထိတ်ရင်ဖိုဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ Horror တစ်ကားပါပဲ။

5.6 2010
The Ward John Carpenter’s The Ward
My Boo
6.5

My Boo (2024) IMDb Rating (6.5) Netflix က ထွက်ရှိလာတဲ့ ထိုင်းသရဲဟာသကားလေးရပါပြီ။ သရဲကားလေးကိုမှ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးစွက်လို့ ရှုစားလိုသူတွေအတွက် P’Bow ရဲ့ ရိုမန့်သရဲကားလေးပါ။ သရဲကားဆိုပေမဲ့ ရိုးရှင်းတဲ့ plotကိုမှ အခွီဘက် အသားပေး တင်ဆက်ထားတာမလို့ သရဲကြောက်တတ်တဲ့လူတွေတောင် သဘောကျမိမယ့် ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။ ဂျိုးဆိုတဲ့ gamer ကောင်လေးတစ်ယောက်ဟာ ဘဝကို ရေသာခိုအချောင်လိုက် ပေါ့ပေါ့နေပေါ့ပေါ့စားရှင်သန်လာရင်းနဲ့ သူဌေးဖြစ်သူ သူ့အဘိုးဆုံးသွားတော့ အမွေထုပ်ကြီးကြီးရဖို့ မျှော်လင့်နေပေမဲ့ ကံဆိုးချင်တော့ သေတမ်းစာက သူ့နာမည်အရောက်မှာ အဆုံးသတ်သွားသတဲ့။ ဒီတော့ အစ်ကိုဖြစ်သူက ဂျိုးကိုသနားတာနဲ့ပဲ သူ့အမွေထဲက ပါထုန်ထာနီကအိမ်ကြီးကို ညီဖြစ်သူဂျိုးကို ခွဲပေးလိုက်တော့တာပေါ့။ ဘာအလုပ်မှလုပ်မစားတဲ့ဂျိုးလည်း အမွေရပြီဆိုတာနဲ့ အမွေရထားတဲ့အိမ်ကြီးကို ရောင်းစားဖို့ဆိုပြီး ပွဲစားခေါ်ပြီး ချက်ချင်းလာအကြည့်မှာ အိမ်ထဲက သရဲတွေနဲ့ ပက်ပင်းတိုးပါတော့တယ်။ တကယ်တော့ ဒီအိမ်ကြီးမှာ လွန်ခဲ့တဲ့နှစ်တွေက ဓားပြတိုက်တုန်းက အိမ်ကြီးရှင်သခင်မလေးအနုန်နဲ့အတူ အစေခံနှစ်ယောက်ပါ လူမသိသူမသိအသတ်ခံလိုက်ရပြီး သရဲအဖြစ် မကျွတ်မလွတ်ဖြစ်နေကြတာပါ။ ဒီတော့ အိမ်ကိုရောင်းချင်တဲ့ဂျိုးနဲ့ ဘဝမကူးနိုင်ရင် အိမ်ကဖယ်မှာမဟုတ်တဲ့ သရဲ ၃ ကောင် ဘယ်လိုအလွဲ‌တွေနဲ့ရှေ့ဆက်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို CM Thai Team မှ တင်ဆက်ထားပါတယ်။)

6.5 2024
My Boo
The Nanny Diaries
6.2

The Nanny Diaries (2007) မိမိကိုယ်ကို ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာ တိတိကျကျ သိကြပါသလား။ The Nanny Diaries ထဲက ဘွဲ့ရပြီးခါစ အသက် ၂၁ အရွယ်ကောင်မလေးကတော့ သူ့ကိုယ်သူ ဘယ်လိုလူလဲဆိုတာကို အဖြေရှာရင်း နာနီလို့ခေါ်တဲ့ ကလေးထိန်းဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအကြောင်းကို The Nanny Diaries ဆိုတဲ့ ဟာသ-ဒရမ်မာ ဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းအောင် ဟာသလေးနှောပြီး ရိုက်ကူးထားတာပါ။ အန်နီဘရတ်ဒေါ့ခ်ဟာ ဘွဲ့ရပြီးချိန်မှာ အလုပ်ရှာဖွေရင်းနဲ့ မထင်မှတ်ဘဲ အထက်တန်းလွှာမိသားစု တစ်ခုရဲ့ ကလေးထိန်းဘဝကို ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ အန်နီဟာ အားကျစရာကောင်းလောက်အောင် ပြီးပြည့်စုံနေပြီလို့ ထင်ရတဲ့ အိမ်ထောင်သည် အမျိုးသမီးမှာလည်း လူမသိတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရကြောင်း သိမြင်လာခဲ့ရပါတယ်။ ငွေကြေးချမ်းသာ သလောက် မိဘတွေရဲ့ ဂရုစိုက်ခြင်းကိုမခံရဘဲ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေကြားမှာ မြေစာပင် ဖြစ်နေရတဲ့ ဂရေယာလေးကို သံယောဇဉ် ဖြစ်မိတဲ့ အန်နီဟာ အလုပ်ထွက်ချင်ပေမဲ့ မထွက်နိုင်ခဲ့ပါဘူး။ အလုပ်ကြောင့် ရည်းစားမထားရဲခဲ့ပေမဲ့ အန်နီဟာ သူ့အလုပ်ရှင်အိမ်နားမှာနေတဲ့ ဟားဗတ်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ အဲဒီအခါ သူရုန်းမထွက်သေးတဲ့ အလုပ်နဲ့ ချစ်သူကြားမှာ ဗျာများရပါတော့တယ်။ အဲဒီလိုနဲ့ အန်နီတစ်ယောက် ကလေးထိန်းဘဝက လွတ်မြောက်နိုင်မှာလား၊ သူ့ကိုယ်သူ ရှာဖွေသိရှိသွားမှာလား၊ ဂရေယာ့အတွက်ရော ဘာတွေလုပ်ပေးမလဲ၊ ချစ်သူနဲ့ရော ရှေ့ဆက်အဆင်ပြေပါ့မလားဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းတင်ကောင်းတာမဟုတ်ဘူးနော်၊ မင်းသားသမီးတွေလည်း ကြည့်လိုက်ပါဦး၊ ညှို့အားပြင်း ဟောလိဝုဒ်မင်းသမီးချော Scarlett Johansson နဲ့ အခုအချိန်မှာ Captain America ဇာတ်ကောင်အဖြစ် လူသိများနေတဲ့ ဟောလိဝုဒ်မင်းသား Chris Evans တို့က အဓိက ပါဝင်ထားပါတယ်။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအခန်းပိုများပါတယ်။ ဟာသနဲ့ အတွေးလေးတွေပါတဲ့ ပေါ့ပေါ့ပါးပါး Comedy-Drama ကြိုက်သူတွေအတွက်တော့ တကယ်ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေး ပါပဲ။ (ရုပ်ရှင်အညွှန်းကို Cherry Mon မှရေးသားထားပြီး ဘာသာပြန်ကိုတော့ Lone Lone မှ တင်ဆက်ထားပါတယ်။)

Comedy
6.2 2007 106 mins
The Nanny Diaries