YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Nice Guy (2025) E11 720p DSNP WEB-DL [RMC].mp4

448.23 MB N/A video/mp4 22 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vesper
6.4

~ IMDb - 6.4/10, Rotten Tomatoes - 90% ~ အနာဂတ်မှာ ကမ္ဘာကြီးရဲ့ဂေဟစနစ်ပျက်စီးတော့မှာကို လူသားတွေသိရှိခဲ့ပြီးတော့ အပင်တွေမပျက်စီးဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။ ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလို သူတို့တွေစမ်းသပ်ပြင်ဆင်နေတဲ့ အပင်မျိုးစိတ်တွေက ဓါတ်ခွဲခန်းတွေထဲကနေ လွတ်ထွက်သွားပြီး ကမ္ဘာတစ်ခုလုံးဗြောင်းဆန်သွားတော့တာပါပဲ။ နဂိုရှိရင်းစွဲ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကုန် မျိုးသုဉ်းသွားတဲ့အပြင် ကမ္ဘာပေါ်မှာလည်း လူသားအနည်းငယ်သာကျန်ပါတော့တယ်။ ကျန်နေခဲ့တဲ့လူသားတွေထဲမှာမှ အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာနေနေကြပြီး ကျန်တဲ့သူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် ၁၃ နှစ်သမီး ဗက်စ်ပါဟာ ဉာဏ်ကောင်းတဲ့သူ၊ တော်တဲ့ ထက်မြက်တဲ့သူဖြစ်သော်ငြားလည်း အထက်တန်းလွှာမဟုတ်တဲ့အပြင် သူ့အဖေကလည်း အိပ်ရာပေါ်မှာ ပက်လက်ပါ။ မြို့တော်အတွက် စစ်မှုထမ်းရင်း မသန်စွမ်းဖြစ်ခဲ့ရတာကြောင့် ကရုဏာကြေးပေးထားတဲ့ ဒရုန်းလေးကနေတစ်ဆင့်ပဲ သားအဖနှစ်ယောက် စကားပြောဆက်သွယ်ကြရပါတယ်။ မြို့တော်တစ်မြို့နဲ့ကုန်သွယ်နေတဲ့ ဦးလေးတော်သူကလည်း တူမကို ကူညီဖို့နေနေသာသာ ခြေတော်တင်ဖို့အထိ စိတ်ကူးနေတဲ့သူဆိုတော့ ဗက်စ်ပါအတွက် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့ လောကကြီးပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ တောထဲ အစာလိုက်ရှာနေတုန်း အပင်တွေသွေးဝိုင်းစုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပြီးတော့ ကယ်တင်ခဲ့ပါတော့တယ်။ သူကယ်တင်ခဲ့တဲ့အမျိုးသမီးက မြို့တော်ကဖြစ်နေပြီးတော့ အဲဒီအမျိုးသမီးက တစ်ယောက်တည်းလာခဲ့တာမဟုတ်ပါဘူး။ အဲဒီကနေ...... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ထွက်ရှိထားတာ မကြာသေးတဲ့ Sci-Fi ဇာတ်ကား Vasper မှာ ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.14GB, 1.11GB, 710MB Quality - 1080p, 720p, 480p IMDb Rating - 6.4/10 Format - mp4 Duration - 1H 54Min Genre - Adventure, Drama, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Comedy • Drama • Family
6.4 2022 112 mins
Vesper
Limit
4.7

Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ? ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။) File Size          : 1.4GB, 533MB, 270MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 28mins Genre              : Crime, Mystery, Thriller Translated by Estel Encoded by Kinnov

Comedy • Drama • Music
4.7 2022 87 mins
Limit
American Assassin
6.4

ဒါရိုက်တာမိုက်ကယ်ကူစ် တာရဲ့ လက်ရာဖြစ်ပြီး ဒီလန်အို ဘရိုင်ယန်၊ မိုက်ကယ်ကီတန်၊ ဆန်နာလေသန်၊ ရှီဗာနီဂါ၊ တေ လာကစ္စချ် စတဲ့ သရုပ်ဆောင်များစွာ အားဖြည့်ထားတာဖြစ်ပါ တယ်။ မစ်ချ်ရက်ပ်နဲ့ သူ့ချစ်သူဟာ စပိန်ကို အပန်းဖြေခရီးထွက်ကြ ရင်း ကမ်းခြေမှာ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဆုံမိပြီး ပစ်ခတ်ကြရင်း ရက်ပ်ရဲ့ချစ်သူ သေဆုံးခဲ့ရပါတယ်။ ဒီလိုနဲ့ ၁၈ လလောက်ကြာ အပြီးမှာတော့ သူ့ချစ်သူကိုသတ် တဲ့ အကြမ်းဖက်သမားကို လက် တုံ့ပြန်ဖို့ အခွင့်အရေး ပေါ်လာခဲ့ ပေမယ့် အမေရိကန်အထူးတပ်ဖွဲ့ တွေက ချေမှုန်းလိုက်တာကြောင့် ရက်ပ်ရဲ့ အစီအစဉ်တွေ ပျက်ခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ ရက်ပ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက်စစ် ဆင်ရေးအတွက် စီအိုင်အေအကြီး အကဲ အိုင်ရင်းကနေဒီရဲ့ ခေါ်ယူ ခြင်းခံခဲ့ရပြီး အမေရိကန်စစ်ပြန် ကြီး စတန်ဟာလေရဲ့ လက် အောက်မှာ လက်တွဲတာဝန်ထမ်း ဆောင်ဖို့ ဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ အပေါ်မှာ အခဲမကျေသေးတဲ့ ရက်ပ်ဟာ အထူးစစ်ဆင်ရေးထဲ ပါ နေပေမယ့်လည်း သူ့ချစ်သူ လက်စားချေနိုင်ရေးအတွက် အကြမ်းဖက် အဖွဲ့တွေအကြောင်း ဆက်ပြီးစုံစမ်းနေခဲ့ပါတယ်။ ဒီလိုနဲ့ စီအိုင်အေလျှို့ဝှက် စစ်ဆင်ရေးအဖွဲ့ဟာ စစ်ဘက်နဲ့ အရပ်ဘက်ကို ပစ်မှတ်ထား လှုပ် ရှားမယ့် အကြမ်းဖက်မှုတွေကို စုံ စမ်းခဲ့ပြီး အိုင်ရင်း၊ ဟာလေနဲ့ ရက်ပ်တို့သုံးယောက်ဟာ တူရကီ အေးဂျင့်အန်နီကာနဲ့ ပူးပေါင်းကာ အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီးယား လက်နက်သုံးပြီး ကမ္ဘာစစ်ဖြစ်ပွားစေမယ့် အကြံ အစည်ကို တားဆီးနိုင်ရေး ကြိုး ပမ်းခဲ့ကြရပါတယ်။ အဖျက်လုပ်ရပ်တွေကို တား ဆီးနိုင်ဖို့ ၄၈ နာရီသာရတော့ချိန် မှာ ရက်ပ်တို့တစ်တွေ ဘယ်လို စစ်ဆင်ရေးတွေနဲ့ တားဆီးမှာလဲ ဆိုတာ အမှန်အကန် အက်ရှင် ဇာတ်ကွက်တွေနဲ့အတူ ဆက် ကြည့်ရအောင်လို့ ညွှန်းလိုက် ပါတယ်။ ။ (ဇာတ်လမ်းအညွှန်းကိုတော့ 7Daily Website မှကူးယူဖော်ပြသည်) File Size : (900 MB) and (380 MB) Quality : Blu-Ray 720p

Comedy • Family • Fantasy • Romance
6.4 2017 112 mins
American Assassin
That Peter Crouch Film
6.9

That Peter Crouch Film (2023) ~ IMDb - 7.2/10, Rotten Tomatoes - 89% ~ ရပ်ကွက်အခေါ် "ပီတာခရော့" ပြောင်ပြီးခေါ်တာ "ပီတာငပျော့" ချစ်လို့ခေါ်ရင် "ပီတာငကျော့" ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။ အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။ ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။ သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် အရပ်အမောင်းမြင့်တာအပြင် သူ့မှာ နည်းစနစ်ကြွယ်ဝမှုတစ်ခုရှိနေတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းလှိမ့်သွင်းတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ လွှတ်ထားလို့ရတဲ့ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူး။ သူကန်တာက အချိုးမကျဖြစ်နေပေမဲ့ ခေါက်ရိုးမညီမှုကြားမှာ အနုပညာချည်မျှင်ပါးပါးလေးတစ်ချောင်းရှိတယ်။ အဲဒီချည်မျှင်လေးကပဲ ကျွန်တော်တို့ကို သူ့ကစားဟန်‌‌ကနေ ရုန်းမရအောင် ချည်ထားခဲ့တာဖြစ်မှာပါ။ ပီတာခရောက်ခ်ျ ဒိုင်ယာရီတွေက ကျွန်တော်တို့သတိမထားမိခင် ကျွန်တော်တို့ရင်ထဲ ကြိုထွင်းထုပြီးသားဖြစ်နှင့်နေတယ်။ စက်ရုပ်အက ကတဲ့ဘဲကြီး... ကလန်ကလား ဘဲကြီး... ခေါင်းတိုက်ဂိုးတစ်ပေါက်တော့ နောက်လို့မရဘူးဆိုတဲ့ဘဲကြီး... အစရှိသဖြင့်ပေါ့။ လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလို ထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်း သွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။ အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူ လက်‌နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။ ကလန်ကလား၊ ဂိုးမသွင်းတတ်‌တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲက ပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမား‌တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘောလုံးဆိုတာ အသင်းနှစ်သင်း အလုံးတစ်လုံးကို ဝိုင်းလုကြတာထက်ပိုပါတယ်။ ဘောလုံးခေတ်တစ်ခု၊ ကစားသမားတစ်ယောက်၊ ပွဲတစ်ပွဲ ကိုကြည့်လိုက်ရင် အဲဒါနဲ့ ပတ်သက်တဲ့ တစ်ချိန်က အမှတ်တရတွေဟာ အတွေးပိတ်ကားပေါ် ‌မှတ်ဉာဏ်ဆေးစက်တွေမှောက်ချလိုက်တဲ့အတိုင်း အလိုလို ပြန်မြင်ယောင်လာတတ်ကြတာပါပဲ။ ဒီမှတ်တမ်းရုပ်ရှင်‌လေးကြည့်ပြီး တစ်ချိန်က ကျွန်တော်တို့သဘောကျခဲ့ဖူးတဲ့ စက်ရုပ်ကြီးပီတာခရောက်ခ်ျနဲ့ပတ်သက်လို့ အမှတ်တရတချို့ အရိပ်ထင်လာခဲ့တာမျိုးရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 800MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 25Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Crime • Drama
6.9 2023 85 mins
That Peter Crouch Film
Operation Fortune: Ruse de Guerre
6.4

ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။ File size…(1.86GB)/(100.6MB)/(502 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre…action/ Thriller / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

6.4 2023
Operation Fortune: Ruse de Guerre
Nothing Ever Happened
6.5

IMDb 6.5 / 9 wins & 28 nominations ပေါ်တူဂီဒရာမာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပီဒရို၊ မာရီယာ နဲ့ ပေါ်လိုတို့ဟာ ဆယ်ကျော်သက် သူငယ်ချင်းသုံးဦး။ သူတို့တစ်ယောက်ချင်းစီမှာ ဆယ်ကျော်သက်စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေ၊ အိမ်တွင်းရေးပြဿနာတွေ ကိုယ်စီရှိကြတယ်။ သူတို့သုံးယောက် ပေါင်းမိသွားတဲ့အခါမှာတော့ ပျော်ရွှင်မှု၊ လွတ်လပ်မှုနဲ့ အချစ်တို့ကို သူတို့ရှာတွေ့သွားကြတယ်။ ပီဒရိုရဲ့အိမ်မှာတော့ မိသားစု၀င်သုံးယောက်ရှိတယ်။ ပီဒရိုရဲ့အဖိုးဟာ အကြောင်းကိစ္စတစ်ခုကြောင့် ရွာကနေတက်လာပြီး ပီဒရိုတို့အိမ်မှာလာနေပေးတယ်။ ပီဒရိုတို့ဆီမှာလည်း အိမ်ထောင်ရေး၊ စီးပွား‌ရေး အစရှိသဖြင့် အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတယ်။ တစ်နေ့မှာတော့ ပီဒရိုတို့သူငယ်ချင်းသုံးယောက်ဟာ ယခင်ကတည်းကတိုင်ပင်ထားကြတဲ့ သဘောတူညီမှုတစ်ခုကို တကယ်ဖြစ်အောင် လုပ်လိုက်ကြတဲ့အခါမှာတော့ ဘယ်လိုမထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဖြစ်ကုန်မလဲဆိုတာကို ပီဒရိုတို့အိမ်လေးထဲက အဖိုးဖြစ်သူ အန်တိုနီယိုရယ် အဖေရယ် အမေရယ်တို့သုံးဦးအကြားက ဒရာမာတွေနဲ့ ရောယှက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဒရာမာက လက်တွေ့ဘ၀က မိသားစုပြဿနာတွေနဲ့ ထပ်တူကျအောင်ရိုက်ကူးပုံဖော်ထားပြီး တော်တော်လေးတော့ စိတ်ကျဉ်းကြပ် ဖိစီးစရာကောင်းတာမလို့ စိတ်ဓာတ်ကျနေတဲ့သူတွေ စိတ်ညစ်နေတဲ့သူတွေအနေနဲ့တော့ ကြည့်ရှုဖို့သိပ်မသင့်ကြောင်း စကားပါးလိုက်ပါရစေ။ မိမွေးဖမွေးအတိုင်းရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းတွေ၊ sex scene တွေလည်းပါ၀င်တာကြောင့် ၁၈ နှစ်အောက်လည်း ကြည့်ရှုဖို့မသင့်ပါဘူး။ File size…(1.8 GB)/(928 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Thriller • Comedy • Horror
6.5 2022
Nothing Ever Happened
Between Calmness and Passion
6.6

Reisei to jônetsu no aida (2001) Between Calmness and Passion ~ IMDb – 6.6/10, MyDramaList – 7.3/10 ~ ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်‌ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ ဟောင်‌‌ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် Art Restoration ခေါ် ပျက်စီးသွားတဲ့အနုပညာလက်ရာတွေကို ပြန်အဖတ်ဆည်မွမ်းမံပေးရတဲ့အလုပ်။ ဖလောရန့်က အဲဒီပညာရဲ့ အချက်အချာမြို့လို့ ရုပ်ရှင်ထဲပြောထားတယ်။ တစ်မြို့လုံး အဲဒီအလုပ်ပဲလုပ်ကြတယ်ပေါ့။ ဒီလိုအလုပ်ကို စိတ်နှစ်လုပ်နေတဲ့ မင်းသားကို ကြည့်ရတာလည်း တော်တော်ကြည့်ကောင်းနေတယ်။ မင်းသားနဲ့ ကယ်လီချန်းက ကောလိပ်မှာကတည်းက ချစ်ခဲ့ကြတဲ့လူတွေ။ အကြောင်းကြောင်းနဲ့ဝေးသွားခဲ့ပြီး အီတလီမှာ သူတို့ပြန်တွေ့ကြတဲ့အခါမှာလည်း ဆိုင်သူကိုယ်စီရှိနှင့်ပြီးနေပြီ။ ပြီးတော့ သူတို့ကြားက အဖုအထစ်တွေကလည်း မပျက်ပြယ်သေးဘူး။ ဒီတော့ သံယောဇဉ်လက်ကျန်နဲ့ တွေ့ချင်ကြလို့ ပြန်တွေ့ဖြစ်ကြပေမဲ့ အလိုက်မသိခဲ့တဲ့ အခြေအနေတွေကို မကျော်လွှားနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အစကတည်းက ဝေးပြီးသားဘ၀‌တွေ အဝေးကြီးကို ထပ်ဝေးလွင့်ခဲ့ကြတယ်။ ဇာတ်က အဲဒီအခြေအနေကမှ ရိုးရှင်းလှပတဲ့စကားလုံးတွေပါတဲ့ နှုတ်ဆက်စာလို့ ပြောရမယ့် စာလေးတစ်စောင်နဲ့ သူတို့အတိတ်ကို ပြန်လှစ်ဟပြသွားတယ်။ ကြင်နာတာတွေကို ပြန်ပြောင်းအောက်မေ့မိတဲ့အခါ နာကျင်တာတွေရဲ့ ပိုထင်ရှားလာခြင်းတွေအကြောင်းပေါ့။ ဒီဇာတ်ဟာ လှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်သက်သက်ပါပဲ။ ဂီတတွေ အနုပညာတွေနဲ့ အနုပညာမြို့ကြီးတစ်မြို့မှာ အခြေတည်ထားတဲ့ ဒီအချစ်ဇာတ်လမ်းဟာ တည်ဆောက်ပုံလှပသလို ဟောင်ကောင် ကလပ်စစ်အရသာလည်း ပေးနိုင်တယ်။ ဂျပန်ကားပေမဲ့ ဇာတ်ရဲ့အရသာကတော့ ဂျပန်ကားဆိုတာထက် ဝေါင်ကာဝေးကားကလိုလို အရသာလေးတော့ သန်းနေတယ်။ ဇာတ်ကြောင်းပြန်ပြောင်းပြောပြခြင်းတွေကလည်း ဒီအရသာပိုသန်းစေခဲ့တယ်။ ဒီရုပ်ရှင်ဟာ ဟောင်ကောင်ရိုမန့်တွေ ကြိုက်တဲ့လူတွေအတွက်တော့ အရသာသိပ်တွေ့မယ့် လွမ်းတတ်ရင် မျက်ရည်ဝေစေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 920MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 5Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 125 mins
Between Calmness and Passion
[18+] Dayo
5.2

============= အယ်လ်ဆာကမိဘမဲ့ ကလပ်မယ်လေးတစ်ယောက်ဖြစ်ပြီး အဒေါ်မိသားစုနဲ့အတူနေထိုင်ပါတယ်။ ငယ်ဘ၀က ကျေးဇူးတွေကြောင့် သူကခန္ဓာကိုယ်ကိုရင်းပြီးလုပ်ကျွေးနေပေမယ့် သူ့ကိုထိကပါးရိကပါးလုပ်လွန်းတတ်တဲ့အဒေါ် ယောက်ျား၊ ယောက်ျားဘက်ကပဲ ပါတတ်တဲ့အဒေါ်တို့ကိုစိတ်ပျက်လာပြီး ဘ၀သစ်ထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်ရှိဘ၀ကိုစွန့်လွှတ်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ခေါ်ဆောင်ရာ ကမ်းခြေမြို့လေးတစ်မြို့ကိုထွက်လာခဲ့ပါတယ်။ အဲ့ဒီမြို့လေးမှာ တွေ့ကြုံရမယ့် သူ့ဘ၀သစ်ထဲကိုရောက်ရှိလာမယ့် လူအသစ်တွေ၊အဖြစ်အပျက်အသစ်တွေနဲ့ သူ့ရည်မှန်းချက်အတိုင်းရှာဖွေနေတဲ့ဘ၀အဓိပ္ပါယ်တွေကို တွေ့ရှိနိုင်မလား? ဘယ်လိုသင်ခန်းစာအသစ်တွေ ရလာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ နောက်ပေါက်မင်းသမီးတွေထဲက အချိန်တိုအတွင်းရှေ့ရောက်လာတဲ့ Rica Gonzales နဲ့ PantaXa: Laiya ပြိုင်ပွဲဝင်ဟောင်း Audrey Avila တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:58:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Romance • Comedy • Drama
5.2 2024 112 mins
[18+] Dayo
Love Mouli
7

Love Mouli (2024) “စိတ်ကူးထဲက မိန်းကလေး” IMDb 7.1 ဒီတစ်ခါမှာ တောတောင်ရှုခင်းတွေနောက်ခံ တေလဂူး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် မိုလီဟာ ပန်းချီဆရာ၊ လူ့ဂွစာ၊ အထီးကျန်လူသားတစ်ယောက်။ မိဘမဲ့ဖြစ်သလို လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်းနေထိုင်တဲ့လူ အမူအကျင့်ကစလို့၊ စိတ်နေစိတ်ထားအလယ်၊ ပုံပန်းသွင်ပြင်အဆုံး အများသူငှာနဲ့ ဆန့်ကျင်ဘက် လူရိုင်းတစ်ယောက်လို နောက်ဆက်ပြောရရင် မိန်းကလေးတွေကိုမယုံသူ၊ အချစ်ကို တကယ်လုံးဝမရှိဘူးလို့ ယုံတဲ့လူ၊ သူ့စိတ်ကူးထဲက အိပ်မက်ဆန်ဆန် မိန်းကလေးတစ်ယောက်တော့ ရှိတယ် စံနှုန်းတွေက စိတ်ကူးယဥ်ဆန်လွန်းလို့ တကယ်မရှိဘူးလို့ သူလက်ခံထားတဲ့ မိန်းကလေးဟာ တကယ်ပဲ သူ့ဘဝထဲရောက်လာချိန်မှာတော့ … အရိုင်းဆန်တဲ့ နှလုံးသားကို ပြီးပြည့်စုံဆုံး ဆိုတဲ့ မိန်းကလေးကရော ယဥ်လာအောင် လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7 2024
Love Mouli
Spike Island
6.3

Spike Island (2012) ************************* အားလုံးသိကြတဲ့ နဂါးမေမေ Emilia Clarke ပါဝင်ထားတဲ့ The Stone Roses bandရဲ့ Spike Island ဖျော်ဖြေပွဲအကြောင်း ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ The Stone Roses ဆိုတာကတော့ 1980s နဲ့ 1990s ခုနှစ်များမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ မန်ချက်စတာ အခြေစိုက် Rock band တစ်ခုပဲဖြစ်ပါတယ်။ 1990ခုနှစ် မေလမှာကျင်းပခဲ့တဲ့ The Stone Rosesရဲ့ Spike Island ဖျော်ဖြေပွဲဟာ လာရောက်ကြည့်ရှုသူ 28,000 ကျော်တောင်ရှိခဲ့ပြီး British ဂီတ သမိုင်းမှာ ပြောစမှတ်တွင်စရာ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲက Gary Titchfield နဲ့သူ့ရဲ့ဘော်ဒါတစ်အုပ်ဟာ The Stone Roses band ကို အရမ်းသဘောကျကြပြီး သူတို့ကိုယ်တိုင်လည်း Shadow Casterဆိုတဲ့ Bandတစ်ခု ထောင်ထားကြပါတယ်။ သူတို့နေတဲ့ Red Bricksနဲ့ သိပ်မလှမ်းတဲ့ Widnes မှာ The Stone Roses ရဲ့ Spike Island ဖျော်ဖြေပွဲလုပ်မှာဖြစ်တဲ့အတွက် ဂယ်ရီတို့တွေ ဖျော်ဖြေပွဲကို မဖြစ်မနေအရောက်သွားဖို့ပြင်ဆင်ကြပါတော့တယ်။ အဲဒါအပြင် သူတို့ Shadow Caster band ရဲ့ သီချင်း demo တစ်ပုဒ်ကိုပါ The Roses လက်ထဲကိုအရောက်ပို့ဖို့ ရည်ရွယ်ထားကြပါသးတယ်။ အထက်တန်းကျောင်းသားတွေဖြစ်တဲ့ ဂယ်ရီတို့ Shadow Caster အဖွဲ့သားတွေ ဖျော်ဖြေပွဲကို ရောက်အောင်သွားကြပုံကို လူငယ်အချစ်ဇာတ်လမ်းလေးနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာမျိုးပါ။ ပါဝင်တဲ့ သီချင်းတွေကလည်း The Stones Rosesရဲ့ နာမည်ကျော်သီချင်းတွေအပြင် Shadow Caster ရဲ့ Ten-Mile-Smileသီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် rock ဂီတကြိုက်နှစ်သက်သူတွေ သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆိုလိုက်ချင်ပါတယ်။ (အညွှန်းကို muse မှ ရေးသားထားပါတယ်) File size…1.67GB / 801MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Musical, Band, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by muse Encoded by AHtet

6.3 2012 96 mins
Spike Island
Bring Them Down
6.6

အရိုးရဲ့ “ဟိုဖက်ခြံထဲက ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ညား”ဆိုတဲ့ ကြက်ဥကိစ္စ ခွက်စောင်းခုတ်တဲ့သီချင်းကို မကြားဖူးတဲ့လူတော့ ရှိလောက်မယ်မထင်ပါဘူး။အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေး ကလည်း ဒီသီချင်းနဲ့ခပ်ဆင်ဆင်ပါပဲ။မတူတာကတော့ သီချင်းက ကြက်တွေအကြောင်းဖြစ်ပြီး ဒီကားကတော့ သိုးထီးတွေ အကြောင်းဖြစ်နေတာပါပဲ။အဓိကအကြောင်းအရင်းကတော့ ကျေးလက်ဒေသက သိုးမွေးမြူရေးခြံပိုင်ရှင် ၂ ယောက်ကြားက အားပြိုင်မှုတွေ မသမာမှုတွေ ခွက်စောင်းခုတ်ကြပုံတွေကို စိတ်ဝင်စားစရာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ Bring Them Down ဖြစ်ပြီး လက်ရှိ IMDb Rating 6.6 အထိရရှိထားတဲ့အတွက် အဖြစ်သဘော မဟုတ်တဲ့ ဇာတ်ကားဆိုတာတော့သိသာနေပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း It Comes At Night တို့ Poor Things တို့လိုဇာတ်ကားကြီးတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ Christopher Abbott တို့ နာမည်ကြီးဇာတ်လမ်းတွေတော်တော် များများမှာပါဝင်ခဲ့ဖူးတဲ့ Barry Keoghan တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင် ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ အထက်မှာပြောခဲ့တဲ့အတိုင်း ဖြစ်ပြီး အဓိက မွေးမြူရေးခြံပိုင်ရှင် ၂ ယောက်ကတော့ မိုက်ကယ်နဲ့ဂယ်ရီတို့ဖြစ်ပြီး ဂယ်ရီရောင်းတဲ့သိုးတွေထဲမှာ မိုက်ကယ်က သူ့ရဲ့အမှတ်အသားလုပ်ထားတဲ့ သိုး ၂ ကောင်ကို တွေ့ရာကနေစတာပါပဲ။မိုက်ကယ်က အေးအေးလူလူသမားပေမဲ့ ဂယ်ရီက ပိုက်ဆံနောက်လိုက်ပြီး ပေါက်ပန်းလေးဆယ်တွေ လိုက်လုပ်နေတဲ့လူဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီသိုး ၂ ကောင်ကအစ ပြုပြီး မွေးမြူရေးခြံ ၂ ခုကြားမှာ ဘယ်လိုမကျေမချမ်းတွေ ပြဿနာတွေဖြစ်လာမလဲဆိုတာတွေအပြင် ဒရာမာပေါင်း သောင်းခြောက်ထောင်ကို စိတ်ဝင်စားစရာကောင်းစွာ ရှုစားရဦး မှာပဲဖြစ်ပါတယ်။ File size… (1.25 GB) / (793 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.6 2024 105 mins
Bring Them Down
Get the Hell Out
5.8

ဒီကားလေးကတော့ ခွေးရူးပြန်ရောဂါမျိုးစိတ်ဖြစ်တဲ့ ဇွန်ဘီဗိုင်းရပ်စ်တွေ ပါလီမန်ထဲမှာ ပျံနှံ့သွားတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ အစပိုင်းမှာ ပေါတယ်လို့ထင်ရပေမဲ့ တဖြည်းဖြည်း ဇာတ်ရှိန်တတ်လာပြီး တကယ်ကိုကြည့်ကောင်းတဲ့ ဟာသ သဲထိတ်ရင်ဖိုကားလေးပါနော် ဟဆွမ်ရင်းရင်းဟာ သူတို့ကမ်းခြေလေးပေါ်မှာ ခွေးရူးပြန်ရောဂါ အရင်းအမြစ်ဖြစ်တဲ့ ဓာတုစက်ရုံဆောက်မှာကို တားဆီးဖို့အတွက် ပါလီမန်မှာ ရွေးကောက်ခံပြီး ပါလီမန်အဖွဲ့ဝင်ဖြစ်လာတာပါ ဒေါသမထိန်းနိုင်တဲ့ ဟဆွမ်ရင်းရင်းက စက်ရုံကိစ္စနဲ့ပတ်သတ်လို့ သတင်းထောက်တွေနဲ့ရန်ဖြစ်ပြီး ပါလီမန်ကနေ နှုတ်ထွက်လိုက်ရပါတယ် ဝမ်ယုံဝေကတော့ ပါလီမန်ရဲ့ လုံခြုံရေးအစောင့်ဖြစ်ပြီး ဟဆွမ်ရင်းရင်း ရန်ဖြစ်တာကို ဝင်ဆွဲခဲ့ပြီး တစ်နိုင်ငံလုံးမှာ heroအဖြစ် နာမည်ကြီးသွားတဲ့သူပါ ဟဆွမ်ရင်းရင်းက စက်ရုံဆောက်တာကို တားဖို့အတွက် ဝမ်ယုံဝေကို ရွေးကောက်ပွဲမှာ ပါလီမန်အဖွဲ့ဝင် ဖြစ်လာအောင်ကူညီပေးခဲ့ပါတယ် အဲ့ဒီနောက် ပါလီမန်မှာ သမ္မတနဲ့အတူ အစည်းအဝေးလုပ်ကြတဲ့အချိန်မှာ ခွေးရူးပြန်ရောဂါမျိုးစိတ်သစ် ကူးစက်ခံလာရတဲ့သမ္မတက လူတွေကို ကိုက်ပြီး ပါလီမန်မှာ ရောဂါပိုးတွေပျံ့နှံသွားပြီး … အဆောက်အဦးကြီးကိုလည်း ရောဂါပိုးပျံ့နှံမှာစိုးလို့ ချိတ်ပိတ်လိုက်တဲ့အခါ အထဲက ပါလီမန်အဖွဲ့ဝင်တွေနဲ့ ဇွန်ဘီတွေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ…. ဆိုတာကို ကြည့်ရှုကြရမှာပါနော်

Thriller • Drama
5.8 2020 96 mins
Get the Hell Out
Ex Ex Lovers
7.6

Ex Ex Lovers (2025) ********************* ဖိလစ်ပိုင်မင်းသမီးချောလေး Loisa Andalio ပါဝင်တဲ့ ရယ်ရယ်မောမော ဘဝ အမောပြေမယ့် ဖိလစ်ပိုင် rom com ဇာတ်လမ်းလေးကို ပိတ်ရက်မှာ ရှုစားနိုင်ဖို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးမှာတော့ ပြဿနာတွေကြောင့် ဆယ်စုနှစ်ကြာဝေးကွာခဲ့ရပေမဲ့ ပြန်လည် ဆုံဆည်းတဲ့အခါမှာ အရင်လို အချစ်တွေ ပြန်လည်ရှင်သန်လာနိုင်မလား ဆိုတဲ့ အကြောင်းလေးကို သရုပ်ဖော်ထားတာပါ။ ဂျွိုင်းက သမီးလေးအက်စ်စီကို တစ်ယောက်တည်း ဆယ်စုနှစ်တစ်ခုကျော် ရုန်းကန် ပျိုး‌ထောင်ခဲ့ရတဲ့ single mother တစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့ ဗယ်လင်တိုင်း‌ဒေးမှာ သမီးနဲ့ဒိတ်လုပ်ဖို့ချိန်းထားရင်း ချစ်လှစွာသော သမီးတော်လေးဆီက စပရိုက်အကြီးစားနဲ့ ဂျွိုင်းတစ်ယောက် ရှော့ခ်ရသွားပါတော့တယ်။ အဲဒါကတော့ သမီးရဲ့ချစ်သူ ဂျိုဝီက အက်စ်စီကို ဂျွိုင်းရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်ပြီး သမီးက မကြာခင်လက်ထပ်တော့မယ်ဆိုတာပါပဲ။ သမီးအရွယ်ကငယ်သေးတာကတစ်ကြောင်း ကိုယ်တိုင်လည်း ငယ်ငယ်နဲ့အိမ်ထောင်ကျပြီး အိမ်ထောင်ရေးအဆင်မပြေ ရုန်းကန်ခဲ့ရတာကြောင့် သမီးကို လက်မထပ်စေချင်ပေမဲ့ စိတ်အားထက်သန်နေတဲ့သမီးဖြစ်သူက ဘယ်လိုတားတား တားမရပါဘူး။ ဒီလိုနဲ့သမီးက မင်္ဂလာလျှောက်လမ်းမှာ အဖေ့လက်ကိုတွဲပြီး သွားချင်တယ်ဆိုပြီး တောင်းဆိုလာလို့ သမီးရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းရာလည်းရောက် မင်္ဂလာပွဲကို ဆန့်ကျင်ဖို့ စစ်ကူလည်းရအောင် တစ်ချိန်က အနေဝေးခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ ဆက်ဒရစ်ကို သွားရှာဖို့ဖြစ်လာချိန်မှာတော့…. သမီးရဲ့မင်္ဂလာပွဲကို အရင်းခံပြီးဖြစ်လာတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ ပြန်လည်ဆုံဆည်းမှုကနေ အချစ်ပန်းတွေ ပြန်လည်ပွင့်လန်းလာနိုင်မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.17GB / 602MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 44m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Mary Christ Encoded by AHtet

Thriller • Horror
7.6 2025 108 mins
Ex Ex Lovers
Cruel Winter Blues
7

Cruel Winter Blues (2006) ************************* Crime ရုပ်ရှင်တွေ ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်အနေနဲ့တော့ Hope, Memoir Of A Murderer, Kill Boksoon, A Normal Family စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ လူကြိုက်များတဲ့ မင်းသားကြီး Sul Kyung Gu က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်…။ IMDb 7.0 ရှိပြီး Rotten Tomatoes ကလည်း 70% ရရှိထားပါတယ်။ ဇာတ်လမ်းလေးကတော့ (Sul Kyung Gu) ဂျယ်မွန်းဆိုတဲ့ လူမိုက်က သူ့ရဲ့ဆရာနဲ့ ငယ်သူငယ်ချင်းကို သတ်သွားခဲ့တဲ့ လူမိုက်ဒယ်ရှစ်ကို ပြန်လက်စားချေတဲ့ ဇာတ်လမ်းပါ…။ ဂျယ်မွန်းက လက်စားချေဖို့အတွက် လူမိုက်လောကထဲကို အသစ်ဝင်ရောက်လာတဲ့ တိုက်ကွမ်ဒိုကစားသမား ချီဂုနဲ့အတူ ဒယ်ရှစ်ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဂယိုဆိုတဲ့ မြို့ငယ်လေးကို ထွက်လာခဲ့ပါတယ်။ လက်စားချေမယ့် အခွင့်အရေးကို စောင့်နေတုန်းမှာပဲ ဂျယ်မွန်းက ထမင်းစွပ်ပြုတ်ဆိုင် ဖွင့်ထားတဲ့ ဒယ်ရှစ်ရဲ့မိခင်နဲ့ ရင်းနှီးသွားခဲ့တယ်။ ဒယ်ရှစ်ရဲ့အမေကလည်း ဂျယ်မွန်းကို သားအရင်းတစ်ယောက်လို ပြုမူဆက်ဆံတဲ့အခါမှာ ဂျယ်မွန်းရဲ့စိတ်ထဲမှာ လက်စားချေဖို့အတွက် အကျပ်ရိုက်သွားပါတော့တယ်။ ဂျယ်မွန်းနဲ့ ဒယ်ရှစ်တို့ရဲ့ အဆုံးသတ် ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ .. ရင်ခုန်စိတ်လှုပ်ရှားစရာ၊ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုခံစားကြပါနော်။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…3.91GB / 1.1 GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 58 min. Genre ….. Action, Crime, Drama, Martial Arts Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama • Science Fiction
7 2006 118 mins
Cruel Winter Blues
An Abandoned Team
5.9

တစ်သက်လုံး ဘုကလန့်လူ့ဂွစားအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ရန်ချွင်းကျားဟာ တောင်ပေါ်မှာ မတော်တဆဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ခွေးလေခွေးလွင့်ရှောင်းနန်က ကယ်တင်ပေးခဲ့ပြီး တိရစ္ဆာန်ပရဟိတလုပ်သူ ယွဲ့နာ့က သတိထားမိတဲ့အတွက် အန္တရာယ်က လွတ်မြောက်နိုင်ခဲ့ပါတယ်။ ရှောင်းနန်က ဦးလေးကျားကို ခင်တွယ်တဲ့အတွက် ဖြည်းဖြည်းချင်း ဒီလူအိုရဲ့ စိတ်နှလုံးကို ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ဦးလေးချွင်းနဲ့ ယွဲ့နာ့တို့ဟာလည်း မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။ ယွဲ့နာ့ရဲ့ အကူအညီနဲ့ ဦးလေးကျားဟာလည်း သမီးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အထင်လွှဲမှုတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အနီးနားမှာ ခွေးလေခွေးလွင့်တွေကို တမင်အဆိပ်ခတ်နေသူလည်း ရှိနေပါတယ်။ ခွေးကလေးတွေ အဆိပ်ဘေးက လွတ်မြောက်နိုင်ပါ့မလား…… ရန်ချွင်းကျားကရော ဘယ်လိုကြောင့် အခုလို လူ့ဂွစားဖြစ်လာခဲ့တာလဲ…… ယွဲ့နာ့ကရော ချစ်ရသူနဲ့ သူချစ်ရဲ့ လုပ်ငန်းကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်လိမ့်မလဲ..ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2024
An Abandoned Team