YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.New.Look.S01E09.Will.You.Return.720p.ATVP.WEB-DL.(CM).mp4

468.25 MB N/A video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Super Hollow Man

တရုတ်တန်းလမ်းရဲ့ သင်္ချိုင််းမြေတစ်ခုမှာ သရဲခြောက်တယ်ဆိုပြီး ကောလဟာလတွေထွက်နေတဲ့အချိန်... အဲဒီလမ်းမှာသော့ပြင်တဲ့အလုပ်နဲ့ ဘဝကိုပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့ ဖုန့်သာ့ရှန်း... တစ်နေ့သူငယ်ချင်းနဲ့အတူ လောင်းကစားဝိုင်းမှာလိမ်လည်ပြီးဆော့တာကိုမိသွားတာကြောင့် လောင်းကစားဝိုင်းခေါင်းဆောင်က သရဲခြောက်ပါတယ်ဆိုတဲ့ သင်္ချိုင်းမှာ သူတို့ကို ပစ်ထားခဲ့ခံရတယ်... မမျှော်လင့်ပဲ ပြည်ပက တရားမဝင် သုတေသနလုပ်ငန်းရဲ့ လျို့ဝှက်သုတေသနလုပ်ရင်း တူးမိတဲ့ နေရာထဲကိုပြုတ်ကျသွားကာ အဲ့ဒီနေရာက ထူးဆန်းတဲ့မှိုတစ်မျိုးကို မတော်တဆစားမိပြီး ကို်ယ်ပျောက်တဲ့စွမ်းအင်ကိုရသွားခဲ့တယ်.... ဖုန့်သာ့ရှန်းက ကိုယ်ပျောက်စွမ်းအင်ကို အသုံးချပြီး လျှောက်လုပ်နေတုန်းမှာ ပြည်ပက တရားမဝင် သုတေသနအဖွဲ့​တွေရဲ့အာရုံစိုက်မှုကိုရသွားပြီး အဖမ်းခံရကာ ဘယ်လိုတွေဆက်လုပ်ဦးမလဲ.... ဒီသုတေသနကရော ဘယ်လိုအစပြုခဲ့လဲ... သူကရော ဒါတွေကို ဘယ်လိုမျိုး အဆုံးသတ်ထိဖြေရှင်းနိုင်ပါ့မလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy  Runtime : 1h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK

Drama • Romance • Science Fiction
0 2023 65 mins
Super Hollow Man
Cut, Color, Murder
6.4

Cut, Color, Murder (2022) အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒါကြောင့် ပွဲအတွက် စီစဉ်နေတုန်းမှာ ပွဲကိုဦးဆောင်စီစဉ်ပေးနေတဲ့သူက အသတ်ခံလိုက်ရပါတယ်။ သူ့ညီမကလည်း အဲဒီပြိုင်ပွဲမှာပါနေတာကြောင့် အာလီဟာလည်း မဖြစ်မနေ လူသတ်တရားခံကို လိုက်ရှာရပါတော့တယ်။ အာလီတစ်ယောက် ဘယ်လိုသဲလွန်စနောက်လိုက်ပြီး ဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ... ဘယ်သူကရော တကယ့်လူသတ်သမားဖြစ်နေမလဲ... ဒါ့အပြင် သူ့ယောက်ျားကို သတ်ခဲ့တဲ့သူကလည်း သူ မထင်မှတ်ထားတဲ့သူများဖြစ်နေမလား... ဆိုတာကို စုံထောက်ကားကြိုက်တဲ့သူတွေအနေနဲ့ စိတ်ဝင်တစားအားပေးကြည့်ရှုနိုင်မယ့်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက IMDb မှာ ၆.၂ ပဲ ရထားပေမယ့် ၇ ဝန်းကျင်လောက်အထိ ရသင့်တဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ တကယ်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 680MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 24Min Genre - Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Reality
6.4 2022 84 mins
Cut, Color, Murder
Fools Rush In
6.1

Fools Rush In (1997) ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။ အို… အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။ အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။ မင်းသားကြီးကတော့ Matthew Perry ပါ။ သူ့ရဲ့ ငယ်ရွယ်စဉ် ခံ့ညားတင့်တယ်မှုကို မြင်တွေ့ရဖို့ရှိပါတယ်။ မင်းသမီးကြီးကတော့ မသိသူ မရှိလောက်တဲ့ Salma Hayek ဖြစ်ပြီး သူ့ကို လောလောလတ်လတ် Puss in Boots 2 မှာ Kitty Softpaws အဖြစ် တွေ့မြင်ခဲ့ရမှာပါနော်။ သူတို့နှစ်ဦး ခေါင်းဆောင်တဲ့ ဒီအချစ်ကားလေးကို နွေလေရူးနဲ့အတူ ဆွေးဆွေးမြေ့မြေ့ ရှုစားလိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 780MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 49Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.1 1997
Fools Rush In
Srimulat: Hil Yang Mustahal – Babak Pertama
6.9

Srimulat: Hil Yang Mustahal – Babak Pertama (2022) အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့ အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကို အမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်…. စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်း ရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကို နိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ် ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာ တောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲ အဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရော အောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ…. ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့ အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲ နောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Biography, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 773MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6.9 2022
Srimulat: Hil Yang Mustahal – Babak Pertama
Fentasy

စုတ်ပြတ်သတ်နေတဲ့ဘ၀ လက်ရှိပတ်ဝန်းကျင်ကလူတွေနဲ့ဝေးရာဆီ ပျောက်ကွယ်ပြီး အေးချမ်းတဲ့နေရာလေးတစ်ခုမှာ နေချင်တဲ့ အိပ်မက်တွေနဲ့ ကောင်မလေးတစ်ယောက်။ မဖြစ်နိုင်သေးတဲ့အိပ်မက်လေးနဲ့ ယှဉ်သန်နေရင်း ဖူးစာဖက်လို့ထင်ရသူနဲ့တွေ့ပြီး ချစ်ခင်စုံမက်ခဲ့။ နှစ်ယောက်သား စိတ်ကူးတွေထပ်တူကျရင်း စိတ်ကူးယဉ်ထားတဲ့အိမ်လေးတစ်လုံးဝယ်ဖို့ ကြိုးစားရင်းက သူတို့ဖန်တီးရောင်းချမိကြတာ ဖန်တနိုင်းဆိုတဲ့ မူးယစ်ဆေး။ ဘိန်းဖြူတဲ့ အဆငါးဆယ်လောက်ပြင်းတဲ့ ဖန်တနိုင်းကို ဘိန်းဖြူလို့ထင်ရအောင်ဖန်တီးပြီး ရောင်းချရင်းက သူတို့တွေကို ရုရှားလူဆိုးဂိုဏ်းတစ်ခုက သတိထားမိလာချိန်။ အိပ်မက်တွေကိုပစ်ချ ဘ၀မှာရှင်သန်ဖို့အရေးကြိုးစားရင်း ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းကြရတာကို ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.2 GB)/(660 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Fentasy
Backspot

အောင်မြင်မှုနဲ့ ပြီးပြည့်စုံမှုကို ဆာလောင်နေတဲ့ ဆယ်ကျော်သက် ပန်းပွားအကအဖွဲ့ဝင် ရိုင်လီနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အမန်ဒါ ထိပ်တန်းပန်းပွားအကအဖွဲ့ Thunderhawksမှာပါရဖို့အတွက် သူတို့ရဲ့ကြိုးစားမှုနဲ့ ရုန်းကန်မှုတွေ ဒါပေမဲ့ ပြိုင်ပွဲဆိုတာက အနိုင်နဲ့အရှုံး နှစ်ခုတည်းပဲရှိတာမလို့ ပြိုင်ဆိုင်မှုတွေနောက်ကနေပါလာတဲ့ ကျရှုံးမှု သဘောထားကွဲလွဲမှုတွေကို သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ။ Thunderhawksကိုရောက်သွားချိန်မှာရော တောင်းဆိုချက်တွေမြင့်မားလွန်းတဲ့ အကသမားတွေကို ဖိအားပေးလွန်းတဲ့နည်းပြရဲ့ demandတွေကိုရော သူတို့ဘယ်လိုလိုက်မီအောင်ကြိုးစားရမလဲ။ ဆယ်ကျော်သက်နဲ့မမျှတဲ့ ဖိအားတွေကြုံလာချိန်မှာ ဖြစ်တတ်တဲ့ သဘာဝတွေ အပြုအမူတွေနဲ့ ဒါတွေကို ရိုင်လီတစ်ယောက် ဘယ်လိုဖြတ်ကျော်မလဲ။ လူစာရင်းထဲက ဖယ်ထုတ်မခံရဖို့ ချန်ပီယံပြိုင်ပွဲမှာပါဝင်ခွင့် သူဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။ File size…(1.7 GB)/(971 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2024
Backspot
658km, Yôko no tabi
6.5

ယိုကိုက လူတွေနဲ့ အဆက်အဆံမလုပ်ဘဲ သူ့ရဲ့ တိုက်ခန်းသေးသေးထဲမှာပဲ နေတဲ့သူပါ။ သူရဲ့ အိပ်မက်တွေကို လက်လျှော့လိုက်ရပြီးတဲ့ နောက် ဒီလိုနေလာတာ နှစ်ကို ဆယ်နဲ့ချီကြာနေပါပြီ။ တစ်နေ့မှာ သူ့အစ်ကို ဝမ်းကွဲ ရောက်လာပြီး ယိုကိုရဲ့ အဖေဆုံးပြီ ဖြစ်ကြောင်း သတင်ပေးလာပါတယ်။ စျာပနပွဲအတွက် မွေးရပ်မြေကို အတူပြန်ခဲ့ကြပါတယ်။ ကားရပ်နားစခန်းမှာ မတော်တဆတစ်ခုကြောင့် လူချင်းကွဲသွားကြပြီး မွေးရပ်မြေကို ပြန်ဖို့ ကားကြုံစီးဖို့ ကြိုးစားရပါတော့တယ်။လူတွေနဲ့ အဆက်အဆံမလုပ်တတ်တဲ့ ယိုကိုတစ်ယောက် လူတွေကို အကူအညီတောင်းရာမှာ အဆင်ပြေပါ့မလား? လမ်းခရီးမှာရော ဘာဆက်ဖြစ်ကြမှာလဲ ဆိုတာကို စိတ်ဝင်စားသဖွယ် ရိုက်ပြထားပါတယ် File size…(1.6 GB)/(730 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

Romance • Comedy • Drama
6.5 2023
658km, Yôko no tabi
September Says
6.3

September Says (2024) IMDb Rating (6.3) / Rotten Tomatoes (63%) ဗင်းနစ်မှာ ဆုရဖူးတဲ့ ပြင်သစ်မင်းသမီး Ariane Labed ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရိုက်တဲ့ရုပ်ရှင်ပါ။ Haunting of the Hill Houseတို့လိုရုပ်ရှင်တွေကို Homage ပေးထားတဲ့ ရုပ်ရှင်လို့လည်း ဆိုကြတယ်။ Daisy Johnsonရဲ့ Sistersဆိုတဲ့ နာမည်ကျော်ဝတ္တုကို ပြန်ရိုက်ထားတယ်။ ဇာတ်ကတော့ တစ်စစီပြိုလဲနေတဲ့ အိန္ဒိယလူမျိုး စင်ဂယ်မားသား အမေတစ်ယောက်မှာ စက်တင်ဘာနဲ့ ဂျူလိုင်ဆိုတဲ့ သမီးလေး၂ယောက်ရှိတယ်။ အမေတင် အဆင်မပြေတာမဟုတ်ဘဲ သူတို့လည်းကျောင်းမှာ အဆင်မပြေကြဘူး။ နောက်ဆုံးရန်ဖြစ်ပြီး ကျောင်းနားလိုက်ရတဲ့အထိ ပြဿနာတွေများလာရာကနေ… ကျောင်းနားတုန်း သူတို့အဘွားနေတဲ့အိမ်ကိုသွားဖြစ်ကြရင်း ဘာတွေကြုံတွေ့လာရမလဲ ပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Romance
6.3 2024 100 mins
September Says
Away We Go
7

Away We Go (2009) IMDb – 7.0 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ အိမ်ထောင်တစ်ခု‌ထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်‌ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။ File Size – 1GB/ 458 MB Quality – BluRay 1080p/ 720p Duration – 1:38:37 Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Ivy Noe Encoded by – Treasure Htet

7 2009 98 mins
Away We Go
Séance Games: Metaxu

ဆိုရှယ်မီဒီယာကနာမည်ကျော်ဆယ်လီလေးယောက်ဖြစ်တဲ့ မော်ဂန်, ကာထရီနာ, တွမ်မီနဲ့ စတီဗန်တို့သူငယ်ချင်းလေးယောက်ဟာ Metaxu ဆိုတဲ့ ဝိဥာဥ်များနဲ့ဆက်သွယ်ခြင်းကစားပွဲကိုဝင်ရောက်ယှဥ်ပြိုင်ပြီး ဆုကြေးငွေ ဒေါ်လာ 1.2 သန်းကိုရရှိဖို့စိတ်အားထက်သန်နေပါတယ် အဲ့ဒါကြောင့် သရဲခြောက်ပြီးကြောက်စရာအကောင်းဆုံးလို့နာမည်ကြီးတဲ့ဟော်တယ်အဟောင်းကြီးတစ်ခုမှာ နှစ်ညအိပ်သွားရောက်နေထိုင်ပြီး ဝိဥာဥ်တွေခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့လုပ်ပါတယ တကယ်လည်း အဲ့ဟော်တယ်ကြီးကကျောချမ်းဖွယ်ဖြစ်ပြီး သူတို့လေးယောက်ဝိဥာဥ်ဆင့်ခေါ်ရာကနေ ငရဲတံခါးကိုဖွင့်မိလိုက်တဲ့အခါ….. ဒီဇာတ်ကားဟာ IMDB rating 3.3/10 ပဲရှိတာကြောင့် အရမ်းကြီးကောင်းနေတာမျိုးမဟုတ်ပေမဲ့ အပျင်းပြေကြည့်ရှုနိုင်မှာပါ File size…(1.2 GB)/(717 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby Jane

0 2024
Séance Games: Metaxu
The Fire And The Moth
5.5

နိုင်ဂျီးရီးယား အနောက်ပိုင်းက ဆိတ်ငြိမ်တဲ့ မြို့ငယ်လေးမှာ ဆဘာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှားပါး အီဖဲး ကြေးဝါရုပ်ခေါင်းတစ်ခုကို ခိုးယူပြီး ထွက်ပြေးလာတယ်။ ဒါပေမယ့် ဒီရတနာဟာ သူ့အတွက် ကံတရားကို ပြောင်းလဲပေးမယ့်အစား အကြမ်းဖက်မှုနဲ့ သစ္စာဖောက်မှုတွေရဲ့ မှောင်မိုက်တဲ့ လောကထဲ ဆွဲသွင်းလိုက်တယ်။ အာဏာရှင်တွေ ရက်စက်တဲ့ အနုပညာရောင်းဝယ်သူတွေနဲ့ လိုက်လံဖမ်းဆီးမှုတွေကြားမှာ ဆဘာတစ်ယောက် အသက်ရှင်ဖို့ ရုန်းကန်ရင်း သူချစ်ရသူတွေကို ကာကွယ်နိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး… File Size… (1.24GB) / ( 755 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 39m Genre …..Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

5.5 2025 100 mins
The Fire And The Moth