YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Most Dangerous Game (2022)_720p.mp4

817 MB N/A video/mp4 902 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Until Tomorrow
5

လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။ မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။ ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ... ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ... အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance • TV Movie
5 2022 86 mins
Until Tomorrow
Salute
7.7

မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် "ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင် ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး" အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကို ဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့ မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှ အမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူက ရဲဌာနကိုဖိအားပေးလာပါတော့တယ် အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့် ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာ အစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကို သူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ် အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကို လိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲ အာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…1.5GB / 800MB Quality…1080p WEB DL Format…mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko & Poe

Action • Crime • Drama
7.7 2022 145 mins
Salute
Mea Culpa
6.1

ဇာတ်လမ်အကျဉ်းလေးကတော့ ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှု ဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီး အခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက် အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊ သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေ လိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက် ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့ သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမား တွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး File size…1.74GB / 696MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.1 2014
Mea Culpa
Asih 2
6.2

Asih 2 (2020) 2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1GB | 560MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

6.2 2020 104 mins
Asih 2
Kidnapped
7.1

ဒီတစ်ခါမှာတော့ IMDb 7.1ထိရရှိထားပြီး Rotten tomatoes မှာ 83%အထိ ရရှိထားတဲ့ Italy Drama/History ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ…. ပုပ်ရဟန်းမင်းကြီး Pius IX လက်ထက် Bolognaမြို့မှာ နေထိုင်တဲ့ ဂျူးလူမျိုး မိသားစုရဲ့ ၆ယောက်မြောက်သားကို အာဏာပိုင်တွေက ဘုရားကျောင်းအမိန့်ဟုဆိုကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ဘုရားကျောင်းဟာ ထိုကောင်လေးကို ခရစ္စယာန်ဘာသာအဖြစ် ကူးပြောင်းပေးပြီး မိသားစုကိုလည်း ဘာသာပြောင်းလျှင် သူတို့သားကို ပြန်ရမယ်ဟုဆိုကာ ဖိအားပေးပါတော့တယ်။ ထိုအခါမှာတော့ မွန်တာရာ ဂျူးမိသားစုဟာ သူတို့သားလေးကို ပြန်လည် ခေါ်ဆောင်ဖို့ ဘာတွေလုပ်သွားမှာလဲ သူတို့ရဲ့သားကိုရော ပြန်လည်ခေါ်ဆောင်နိုင်မှာလား ၁၈၅၀‌ကျော်ခုနှစ်ဝန်းကျင်က ဂျူးနဲ့ ခရစ္စယာန်ဘာသာအကြား ဘာသာရေး အရှုပ်အထွေးတွေကို ရိုက်ကူးပြထားတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်….. File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

TV Movie • Comedy • Romance
7.1 2023
Kidnapped
Bosco

Fast And Furious ထဲကမင်းသား Tyrese Gibson တို့ Army Of The Dead တို့ Emily The Criminal တို့လို ကားတွေအပြင်တခြားနာမည်ကြီးဇာတ်ကားတွေမှာလည်း ဇာတ်ပို့အနေနဲ့သရုပ်ဆောင်ခဲ့တဲ့မင်းသား Theo Rossi တို့ အပြင် တခြားနာမည်ကြီးတွေလည်းပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ အသစ်ထွက်ထောင်ဖောက်ဖြစ်ရပ်မှန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကို ၂၀၀၄ ခုနှစ်မှာဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခံခဲ့ရတဲ့ ကွမ်တေးဘော့စကိုအက်ဒမ်ရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းအပေါ်မှာအခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။သူဘာလို့ ဒီလိုတွေဖြစ်လာတာလဲဆိုတာကို ပြောပြရရင်တော့သူ့ငယ်ဘ၀ကိုပြန်သွားကြည့်ရမှာပါပဲ။ငယ်ဘ၀မှာ အဖေနဲ့အမေနဲ့ကကွဲနေကြပြီး အဖေကမူးယစ်ဆေးရောင်းဝယ်မှုတွေ လုပ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရှေ့ကနွားကဖြောင့်ဖြောင့် မသွားတော့နောက်ကနွားကလည်း အဖေ့လမ်းစဉ်အတိုင်းလိုက်ပြီး ငယ်ငယ်လေးကတည်းက ဒီလောကမှာပဲကျင်လည်ကျက်စားခဲ့ပါတော့တယ်။ ကြားထဲမှာလည်း ထောင်တွေခဏခဏကျခဲ့ပြီး နောက်ဆုံး ချမှတ် ခံခဲ့ရတဲ့ထောင်ဒဏ် ၃၅ နှစ်ဆိုတာကတော့ သူ့အတွက်အများဆုံးပါပဲ။ ဒါမျိုးတွေက သူ့အတွက် ထမင်းစားရေသောက်လိုတောင် ဖြစ်နေပေမဲ့ ဒီတစ်ခေါက်ထောင်ထဲဝင်ရတဲ့အခါမှာ ထူးခြားနေတာကတော့ သူ့ကောင်မလေးနဲ့ ရထားတဲ့သူ့ရဲ့ကလေးကမွေးတော့မှာဖြစ်ပြီး မကြာခင်မှာ အဖေတစ်ယောက်ဖြစ်ရတော့မှာပါပဲ။အဲ့ဒီကလေးဇောနဲ့ပဲ ဘော့စကိုတစ်ယောက် ဒီထောင်ကနေထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း သူဘယ်လိုအရာတွေခံစားခဲ့ရလဲ သူဘာတွေဖြစ်ချင်ခဲ့လဲ ထောင်ဖောက်ဖို့ကိုရော ဘယ်လို ကြိုးစားခဲ့မယ်ဆိုတာကို သူ့ဘ၀ထဲဝင်ကြည့်နေရသလို ရှင်းရှင်းလင်းလင်း ရိုက်ကူးပြသထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30 GB / 464 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Adventure • Crime
0 2024 99 mins
Bosco
Duplicity
6.1

cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသ ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့ မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင် ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေး အရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲ လူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင် လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကို အလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာ ပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစား ဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။ အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေး ကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများ ရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။ တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသား အကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။ တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦး ဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး…။ File size…1.66GB , 789MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 5m Genre …..Comedy , Crime , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
6.1 2009 125 mins
Duplicity
Homme Fatale
6.7

Homme Fatale 2019 IMDb: 6.2/10 Genre: Comedy, History, Romance ဒီဇာတ်လမ်းမှာတော့ 2PM က Lee Joon-Ho ကို playboy အဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် ပျောက်ချက်သားကောင်းနေတဲ့ Mischievous Kiss က မမ Jung So-Min ကလည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါ မိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ် ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ် တစ်ရက်မှာ ကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ် ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့ ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ် တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ် သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလား သူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File size… 1.5 GB / 816 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 50m Genre ….. Comedy/History/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hay Thar Oo

Action • Crime • Thriller
6.7 2019 110 mins
Homme Fatale
Khushi
5

Khushi (2003)”ခူရှီ” =============== မင်းသမီးကြီး ကရီနာကပူးရ်ရဲ့ လှသွေးအကြွယ်ခဲ့ဆုံးအချိန်တုန်းကရိုက်ကူးခဲ့တဲ့ အချစ်ဟာသ ရွမ်ကွမ်ရုပ်ရှင်ကားဟောင်းလေးတစ်ခုကို CM Bollywood Team ကနေ ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ ဆန်းကျယ်ပါတယ်။ မတူညီတဲ့အခြေအနေတွေနဲ့ အဝေးကြီးမှာရှိနေတဲ့လူနှစ်ယောက်ကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ ပေါင်းဖက်ပေးနိုင်တယ်။ ဒီရုပ်ရှင်ထဲမှာလည်း ကိုလ်ကာတာမြို့သားလေး ကာရန်နဲ့ တခြားပြည်နယ်တစ်ခုရဲ့ ရွာလေးတစ်ရွာက ခူရှီဆိုတဲ့ကောင်မလေးဟာ မတူညီတဲ့အခြေအနေတွေနဲ့ အဝေးကြီးမှာရှိနေတဲ့လူနှစ်ယောက်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ မွေးလာတဲ့အချိန်ကတည်းက ဆုံဆည်းဖို့အတွက် ကံကြမ္မာကစီမံပေးတာခံထားရတဲ့သူတွေပါ။ ကနေဒါကိုသွားဖို့လုပ်နေတဲ့ ကာရန်နဲ့ ကိစ္စတစ်ခုကနေ ထွက်ပြေးဖို့ကြိုးစားနေတဲ့ ခူရှီတို့ ဘယ်လိုဆုံဆည်းပြီး ကံကြမ္မာစေရာနောက် ဘယ်လိုလိုက်ကြမလဲဆိုတာကို ဒရာမာနဲ့ ဟာသလေးတွေအချိုးကျရောထားတဲ့ ဒီအချစ်ရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5 2003 166 mins
Khushi
Whispers in the Wind
5.6

Whispers in the Wind (2024) IMDb Rating (5.6) ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ဟန်နာဆိုတဲ့ဖိလစ်ပိုင်သူလေးဆရာမလေးဟာ တစ်ရက်မှာဆူနာမီဖြစ်ပေါ်ခဲ့ပြီး သူ့ချစ်သူအီမီးက သေသွားပြီး သူက အသက်ရှင်လျက်ကျန်နေခဲ့ပါတယ်။ တစ်ရက်မှာ ရန်ဆိုတဲ့ ဖိလစ်ပိုင်သားကလည်း သူ့အဖေမသေခင် ၀ေးကွာနေတဲ့သူ့အမေကိုရှာဖို့မှာခဲ့တာကြောင့် ဂျပန်မှာနေတဲ့သူ့အမေကို လာရှာရာ ဟန်နာနဲ့တွေ့ဆုံခဲ့ပါတယ်။ ရန် အမေကို ဂျပန်မှာနေတာကြာတဲ့ ဟန်နာကလည်းလိုက်ရှာပေးရင်း နောက်ဆုံးမှာသူ့အမေနဲ့ ဆုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့အမေအိမ်ကိုရောက်တော့ ဖြစ်ပျက်နေတဲ့အခြေအနေတွေက ထင်ထားသလိုမဟုတ်ဘဲ ဟန်နာ ဟာထင်ယောင်ထင်မှားဖြစ်နေတဲ့ အမှန်တရားကိုတွေ့ရမှာပါ။ ဒီတော့ ဘယ်လိုအမှန်တရားမျိုးလည်းဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုကြပါဦး… (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(1.3 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Son Gohan

5.6 2024 96 mins
Whispers in the Wind
[18+] My Boyfriend is a Sex Worker 2

My Boyfriend is a Sex Worker 2 (2024) My Boyfriend Is A Sex Worker 1-2 ဟာ The IdeaFirst Company နဲ့ Viva Films တို့ပူးတွဲထုတ်လုပ်တဲ့ LGBTQ+ anthology “Open Secrets” ရဲ့နောက်ဆုံးနှစ်ကားဖြစ်ပါတယ်။ Bigayan,Pwede G, Pwede B,Table for 3 အစရှိတဲ့ဇာတ်ကားတွေကိုတော့တင်ဆက်ပေးပြီးသားဖြစ်ပါတယ်။ ဇာတ်လမ်းအားလုံးဟာ တစ်ခုချင်းအဆက်အစပ်မရှိတဲ့ သီးခြား BL ဇာတ်လမ်းတွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Gio ဆိုတဲ့ အွန်လိုင်းပေါ်က adult content creator ကောင်လေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်မိတဲ့ Ace ဆိုတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါ။ ဖြစ်ချင်တော့ Ace မိဘတွေဟာ ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ အရှိန်အဝါအသိုင်းအဝိုင်းကြီးနိုင်ငံရေးမိသားစုတွေဖြစ်နေတာပါပဲ။ ပုံရိပ်ကိုအထိခိုက်မခံနိုင်သလိုရှေးရိုးလည်းစွဲတဲ့ Ace အမေကြီးနဲ့သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ? Gio အနေနဲ့ Ace ရဲ့စည်းစိမ်ဂုဏ်ဒြပ်တွေကိုမက်မောလို့မဟုတ်ပဲ အချစ်စစ်မှန်ပါတယ်ဆိုတာ ဘယ်လိုသက်သေထူကြမလဲ? ပတ်ဝန်းကျင်ရဲ့မုန်တိုင်းတွေကို သူတို့ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြပါ့မလားဆိုတာတွေကိုဟာသနှောပြီးတင်ဆက်ထားပါတယ်။ ထိုင်းတို့၊ဟောင်ကောင် ထိုင်ဝမ်တို့က BL ကားနုနုရွရွလေးတွေကိုရိုးလာပြီဆိုရင် အပြောင်းအလဲအဖြစ် အမှောင်ကြီးမှောင်ပြထားတဲ့ “Open Secrets” anthology ကိုမြည်းစမ်းကြည့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(670 MB) / (290 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….00:51:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Thriller • Drama • Crime • Mystery
0 2024 50 mins
[18+] My Boyfriend is a Sex Worker 2
Lady Snowblood
7.6

Lady Snowblood (1973) IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့ Lady Snowbloodကို အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့ ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့ ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ဒီကလေးဟာ ကလဲ့စားအတွက်မွေးလာခဲ့တဲ့ ကလေးဖြစ်လာခဲ့ပြီး သူ့ကို လူ့လောကနဲ့မဆိုင်တဲ့ အပယ်ဘုံက ကလေးလို့ ဆိုခဲ့ကြတယ်။ ဒီလိုနဲ့အနှစ်နှစ်ဆယ်ကြာ အဲဒီကလေးအရွယ်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ကလဲ့စားခရီးကို စတင်ခဲ့တယ်။ Lady Snowbloodက အကြောင်းမဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ တာရန်တီနိုရဲ့ Kill Billထဲက အဓိကဇာတ်ကောင် The Brideက ဒီထဲက ယုခိကို မှီးထားတာဖြစ်သလို ပတ်ချန်းဝုဒ်ရဲ့ နာမည်ကျော် Vengeance Trilogyထဲက ကျွန်တော်တော့ အကြမ်းဆုံးလို့မြင်တဲ့ Sympathy for Lady Vengeance ကလည်း ဒီယုခိကိုပဲ မှီးထားတာပါပဲ။ တစ်ချို့ကလည်း Sympathy for Lady Vengeanceဟာ Lady Snowbloodလိုဖြစ်အောင်ရိုက်ချင်ခဲ့တာလို့ ဆိုတယ်။ ဘယ်လိုပဲဆိုဆို ကလဲ့စားချေတဲ့ ရုပ်ရှင်တွေအပေါ် Lady Snowbloodက တော်တော်လေးသက်ရောက်မှုရှိခဲ့တယ်။ ဆိုလို့ ဒီလို ဇာတ်မျိုးကို သူကစခဲ့တာလားဆို‌တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ဟိုးရှေးခေတ်ပြဇာတ်ကာလကတည်းက ဒီလိုဇာတ်မျိုးက ရှိခဲ့ပြီးသားပါပဲ။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျပန်မှုတစ်ရာထဲ ” တစ်ချို့ပြဇာတ်တွေကိုဆို ရာသီတွေကူးပြီးပြရတယ်။ ချူရှင်ဂုရလို့ခေါ်တဲ့ ရိုနင်၄၇ယောက်ရဲ့ဇာတ်လမ်းတွေကိုတော့ ဆောင်းအခါမှပြတယ်။ ဘာလို့ဆို နောက်ဆုံး ကလဲ့စားချတဲ့ပွဲကို ဆီးနှင်းထဲမှာ လုပ်ကြတတ်လို့ပါ။”လို့ ဆိုထားတယ်။ တွေးကြည့်ရုံနဲ့တင် တော်တော်လိုက်ဖက်နေတဲ့ အတွဲအဖက်ပဲဖြစ်မှာပါ နှင်းဖြူဖြူတွေကြားသွေးနီနီတွေလွှမ်းနေတာထက် ကလဲ့စားတို့ သတ်ဖြတ်ခြင်းတို့ကို ပိုအသက်ဝင်စေမယ့် ပြကွက်မျိုးမရှိလောက်ဘူး။ နောက် Lady Snowbloodက ရုပ်ရှင်ကို ပြဇာတ်ဆန်ဆန်တင်ဆက်ထားတယ်။ ဒီလိုဇာတ်လမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဂျပန်ရိုးရာပြဇာတ်တွေကို Tributeပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်ဟောင်းကိုမပယ်သလို တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းတင်ဆက်ပုံကို အချိန်အစဉ်လိုက်မပြဘဲ Nonlinear narrativeနဲ့ တင်ဆက်ထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကိုလည်း မြှင့်တင်ပေးထားတယ်။ Lady Snowbloodဟာ အဟောင်းနဲ့အသစ်ကို လိုက်ဖက်ညီအောင်သုံးထားပြီး သူ့နောက်က အသစ်တွေအတွက် လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Crime,Drama Duration….01:39:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Animation • Comedy • Family
7.6 1973 97 mins
Lady Snowblood
The Namesake
5.5

Namesake (2007) “နိုင်ငံရပ်ခြား တိုင်းတစ်ပါး” မင်းသား Irrfan Khan ရဲ့ အင်္ဂလိပ်စကားပြော အိန္ဒိယဇာတ်ကားဟောင်းလေး တစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ် နယူးယောက်မှာနေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ အာရှုတ်ခ်ဟာ ရိုးရိုးအေးအေး အိန္ဒိယသူလေး အာရှီမာနဲ့ မိဘသဘောတူလက်ထပ်လိုက်ပြီးနောက် အာရှီမာတစ်ယောက် အမေရိကားကို ယောင်လည်လည်နဲ့ လိုက်လာရပါတယ် နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူညီတာကို အသားမကျနိုင်တဲ့ အာရှီမာရဲ့ ဒုက္ခနဲ့ အထီးကျန်ဝေဒနာကို ဘယ်လိုကုစားမလဲ သားကလေး ဂိုဂေါ် မွေးလာတဲ့အခါမှာလည်း အမေရိကန်ဖွား အိန္ဒိယလူမျိုး ကလေးတစ်ယောက်ရဲ့ ဘဝမှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲ ဒီရုပ်ရှင်လေးမှာ ခံစားကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

History • Thriller
5.5 2007 122 mins
The Namesake
Trade Your Love
6.1

Trade Your Love (2019) ********************** CMပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မင်းသား Kim Dong-wookနှင့်အတူ မင်းသမီး Ko Sung-heeတို့ အဓိက ပါဝင် သရုပ်ဆောင်ထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် .. ဇာတ်လမ်းအညွှန်း ************* လေကြောင်းလိုင်းပိုင်ရှင် သူဌေးကြီးရဲ့ သားဖြစ်သူ ဆောင်းဆော့(Kim Dong-wook)ဟာ ဥစ္စာပေါရုပ်ချောဖြစ်ပေမဲ့လည်း ဖခင်ဖြစ်သူ သဘောမတူတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး လက်ထပ်ဖို့ အခက်တွေ့နေရသူတစ်ယောက်ပါ။ ဖခင်ဖြစ်သူကလည်း သူသဘောတူတဲ့ မိန်းကလေးနဲ့လက်ထပ်မှ ကုမ္ပဏီကို ဆက်ဆံခွင့်ရရှိမယ်လို့ အမိန့်ထုတ်ထားတဲ့အတွက် ဆောင်းဆော့တစ်ယောက် ကြံရာမရဖြစ်လို့နေခဲ့ပါတယ်။ ဟယ်ဂျူ(Ko Sung-hee)ကတော့ တစ်ချိန်က ပြေးခုန်ပစ်အားကစားလက်ရွေးစင် တစ်ယောက်ဖြစ်ခဲ့ပြီး မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကစားသမားဘဝမှ အနားယူလိုက်ရကာ ဘဝရဲ့ဦးတည်ချက် ပျောက်ဆုံးနေရတဲ့အချိန်မှာမှ မိသားစုဝင်တွေရဲ့ အတင်းအဓမ္မ လက်ထပ်ဖို့ ဖိအားပေးခြင်းကို ခံနေရသူလေးပါ။ ဒီလိုနဲ့ ဆောင်းဆော့နဲ့ဟယ်ဂျူတို့နှစ်ဦးသား မိသားစုရဲ့စီစဥ်ပေးမှုနဲ့ ကြင်ဖက်တွေ့ရာကနေ ဆုံစည်းခဲ့ပါတော့တယ်။ အဲဒီနောက်မှာ သူတို့နှစ်ဦးဟာ လိုချင်တာကို အသီးသီး ရယူနိုင်ဖို့အတွက် နောက်ဆုံးတော့ ၃နှစ်တာ စာချုပ်ချုပ်ပြီး ဟန်ဆောင်လက်ထပ်ဖို့ သဘောတူခဲ့ကြပါတော့တယ်။ အဲဒီလိုကနေ ဟန်ဆောင်လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ အတောအတွင်း သူတို့ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ တွေ့ကြုံလာခဲ့ရတဲ့အခါမှာတော့…. ဘယ်လို အလွဲတွေ ဖြစ်ပြီး ချစ်သွားကြမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာကြောင့် ဇာတ်ကားလေးထဲမှာ ဆက်လက်ရှုစားပေးကြပါဦးနော်… (အညွှန်းကို Phyo မှ ရေးသားထားပါတယ်) File size…1.81GB / 928MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 27 min. Genre ….. Comedy, Romance, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phyo Encoded by AHtet

Action • Crime • Drama • Mystery
6.1 2019 87 mins
Trade Your Love