YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Mosquito.Coast.S01E06.720p.(CM).mp4

350.15 MB 720p video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Railway Man
6.9

၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့ မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ ရောက်သွားတယ်။အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာ အခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာ ကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။ အဲ့ထဲမှာ အခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eric Lumox ဆိုတဲ့ ဘဲလည်း ပါတယ်။သူက ဗြိတိသျှတပ်မှာ ဆက်သွယ်ရေး အရာရှိ၊ မီးရထားလမ်းတွေနဲ့ ပက်သက်ရင် ဝါသနာကြီးတဲ့သူ။ တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့ နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာ ဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်း သေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။ လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့ အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စစ်ရဲ့အနိဌာရုံတွေ၊ စစ်ပြန်တွေကို ခြောက်လှန့်နေတဲ့ အရိပ်ဆိုးတွေ၊ အောက်ခြေစစ်သားတွေရဲ့ ဘဝတွေကိုတွေ့ရမှာဖြစ်ပြီး အချိန်ပေးရတာနဲ့ တန်အောင် တွေးစရာတွေ ငေးစရာတွေ ကျန်ခဲ့မှာမို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.31GB / 538MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….1h 56m Genre ..... Biography , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Crime • Drama • Thriller
6.9 2013 116 mins
The Railway Man
Doll House
6

~ IMDb - 8.2/10, Rotten Tomatoes - 100% ~ 2022 ထွက် Family Drama ဖိလစ်ပိုင်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မိဘနဲ့ သားသမီးကြား မေတ္တာကို ထပ်ဟပ်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး အပိုအလိုပြကွက်တွေမရှိဘဲ ရိုးရိုးလေးနဲ့ မျက်ရည်ဝဲအောင် ရင်ထဲထည့်သွားမယ့် ရုပ်ရှင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းအရဆိုရင်တော့... ရပ်စ်တင်ဟာ ရော့ခ်အင်ရိုး ဂီတသမားတစ်ယောက် ဖြစ်ပြီး ဂီတသမားပီပီ ဆေးလည်းသုံးလေ့ရှိသူတစ်ယောက်၊ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သူဟာ လူလွတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ယခင်က ရှီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပြီး ရပ်စ်တင်ရဲ့ အလေးအနက်မရှိမှုတို့ကြောင့် ပြတ်စဲသွားရတာပါ။ ရပ်စ်တင်ရဲ့ တီးဝိုင်းအဖွဲ့သားတစ်ယောက် ဆေးလွန်သေဆုံးပြီးနောက်မှာ ရပ်စ်တင်ဟာ စိတ်ပြေလက်ပျောက်နဲ့ အတိတ်ဟောင်း‌လေးတွေရှိရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ မထင်မှတ်ဘဲ ယူမီဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ယူမီကို ခင်တွယ်မိပါတော့တယ်။ ဒီလိုနဲ့ ရပ်စ်တင်ကိုယ်တိုင်ပဲ ထွက်ပြေးခဲ့တဲ့ အတိတ်ဟောင်းကို သူကိုယ်တိုင်မသိလိုက်ဘဲ ပြန်လည်တိုး၀င်မိပါတော့တယ်။ Drama ဆိုရင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်လေ့ရှိတဲ့ ဖိလစ်ပိုင်တွေအဖို့တော့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ထွက်လာမှာ ငြင်းစရာမရှိတာမို့ CM ပရိသတ်ကြီးတို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို CHUCK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.82GB, 914MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 1H 47Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by CHUCK Encoded by Y

Drama • Romance
6 2022 107 mins
Doll House
The Legend II
6.4

ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့ သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာ တော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာ ပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးက သူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာ သစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။ သိုင်းအက်ရှင်တင်မကပဲဟာသနဲ့ မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK

Mystery • Thriller
6.4 1993 95 mins
The Legend II
Bheemla Nayak
5.2

ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့ တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမား နှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာ သတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။ အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာ သူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့ တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့ အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာ ဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမား Bheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး "Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe Pwint & Yunni

Comedy • Romance
5.2 2022 145 mins
Bheemla Nayak
The Overnight
5.3

န်မာနိုင်ငံက နာမည်ကျော် စာရေးဆရာကြီးတစ်ယောက်ကို ပန်းချီဆရာတစ်ယောက်က သူ့ပန်းချီကားပြည့်စုံလားမေးတော့ ပြန်ပြောဖူးတယ်။ "ဟ မင်းဟာက ပန်းချီလေ။ ပြည့်စုံတယ် ဘယ်ရှိမလဲ။ အနုပညာဆိုတာ မပြည့်စုံဘူး။ ပြည့်စုံနေမှတော့ မင့်ဟာက အနုပညာမဟုတ်ဘဲ ဘုရားဖြစ်သွားမှာပေါ့ကွ" တဲ့။ ရုပ်ရှင်ဆိုတာလည်း အနုပညာပါပဲ။ ဘုရားမဟုတ်ပါဘူး။ ခြောက်ပြစ်တော့ ကင်းမနေပါဘူး။ တစ်ယောက်အတွက်ကောင်းတဲ့ကားက တစ်ယောက်အတွက်ကောင်းချင်မှလည်း ကောင်းမှာမလား။ နှလုံးသားနဲ့ ဆံ့သလောက် ယူလိုက်ကြတာပေါ့။ ဒီရုပ်ရှင်ဟာလည်း ဘုရားမဟုတ်တဲ့အတွက် ချွတ်ယွင်းချက်လေး တစ်ချို့ရှိပါတယ်။ အားသာချက်တစ်ချို့လည်းရှိပါတယ်။ ဇာတ်လမ်းကတော့ စတန်လေကူးဘရစ်ရဲ့ The Shining လိုလိုပါပဲ။ ကားတစ်စီးနဲ့ အတွဲတစ်တွဲ ဟိုတယ်ကြီးတစ်ခုရောက်သွားတယ်။ အဲဒီကနေ ဇာတ်တွေဆက်ရှုပ်တယ်။ ဒီမှာတော့ နတ်ဆိုးတွေ ဘာတွေပါပါတယ်။ ဇာတ်ကိုလည်း မထင်ထားတာတွေတော့ လှည့်ပါတယ်။ ကူးဘရစ်ရိုက်ခဲ့တဲ့ A Clockwork Orange စာအုပ်ကိုလည်း ထည့်သွင်းပြသသွားပါတယ်။ ကူးဘရစ် Reference တွေလည်း တော်တော်ပါပါတယ်။ သူ့ရဲ့အားသာချက်ကတော့ မင်းသမီးရဲ့ ရှေ့ပိုင်းနဲ့ ‌နောက်ပိုင်းအလှကို ရှင်းရှင်းဘွင်းဘွင်းသေချာပြသွားတာပါပဲ။ မင်းသမီးကလည်း လှတယ်ဆိုတော့ ဒီကားကောင်းတယ် သတ်မှတ်ရပါလိမ့်မယ်။ Size - 1.01GB, 567MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • History • Romance
5.3 2022 90 mins
The Overnight
The Lord of the Rings: The Two Towers
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8 GB)/(3.6 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:55:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Mystery • Thriller
8.4 2002 179 mins
The Lord of the Rings: The Two Towers
The Leopard
7.7

၁၈၆၀ ခုနှစ်ဝန်းကျင် အီတလီ ဆီစီလီမှာ ဆာလီနာမင်းသားလို့ခေါ်တဲ့ ဒွန်ဖာဘရီဇီယို ကော်ဘယ်ရာ ရှိပါတယ်။ သူက ဘိုးဘွားဘီဘင်အဆက်ဆက် ချမ်းသာကြွယ်ဝခဲ့တာကို ခံစားနေတဲ့ သူကြွယ်တစ်ဦးပေါ့။ အဲဒီအချိန် အီတလီပေါင်းစည်းမှုလို့ခေါ်တဲ့ ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ ဖရန်စစ် ၂ တို့ စစ်တပ်နဲ့ အနီရောင်အကျီဝတ် ဂါရီဘာဒီတို့ တော်လှန်ရေးတွေ စစ်ဖြစ်ကြတာပါ။ အဲဒီမှာ ဂါရီဘာဒီတွေ ဆီစီလီကို အနိုင်ရပြီး အလယ်လတ်တန်းစားတွေကလည်း ဆာလီနာမင်းသားတို့လို ပထမတန်းတွေနဲ့ ယှဉ်ပြိုင်လာတဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။ သူ့ရဲ့တူတော်စပ်သူ တက်ခရန်ဒီဟာလည်း တော်လှန်ရေးတပ်ထဲက ဖြစ်ပြီး သူနဲ့ ပြိုင်ဖက်လိုဖြစ်တဲ့ ချမ်းသာပေမဲ့ အဆင့်အတန်းတစ်ဆင့်လောက်နိမ့်တဲ့ ဒွန်ကာလိုဂျီယိုရဲ့ သမီးချောကို ကြိုက်ခဲ့ပါတယ်။ အဲဒီမှာ ဆာလီနာမင်းသားတစ်ယောက် ဒီလိုမျိုး နိုင်ငံရေးအတက်အမြင့် အနိမ့်အကျတွေကြား အသားကျအောင် နေထိုင်ပြီး ဘယ်လိုတွေ လှုပ်ရှားသွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

Drama • Mystery • Science Fiction
7.7 1963 186 mins
The Leopard
Shubh Yatra
7

Shubh Yatra (2023) IMDb 7.6/10 ဒီတစ်ခါမှာတော့ နိုင်ငံရပ်ခြားသွားဖို့စီစဉ်ပြီး တိုင်ပတ်နေတဲ့အဖွဲ့ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ် မိုဟန်နဲ့ ဟာရ်ဒစ်ခ်ဆိုတဲ့သူငယ်ချင်း၂ယောက်.. နို့ထွက်ပစ္စည်းအရောင်းဆိုင်ဖွင့်ပြီး စီးပွားရေးလေးစကာမှ အရှုံးပေါ်ပြီးအကြွေးတွေလည်ပင်းရောက်ရုံတင်မက မိုးလင်းတာနဲ့အိမ်ရှေ့မှာ အကြွေးရှင်တွေက လာထိုင်စောင့်နေတာပုံမှန်နေ့ရက်တွေလိုပါပဲ... ဒီလိုနဲ့တစ်နေ့ သူတို့မြို့ထဲက နိုင်ငံခြားထွက်သွားတဲ့ ပြည်တော်ပြန်တစ်ယောက်ပြန်ရောက်လာခဲ့တယ် ပြန်ရောက်လာပုံကလည်းဒေါ်လာတွေလမ်းမှာကြဲချတဲ့ ဘောစိအနေနဲ့ပေါ့ ..ဆိုတော့သူတို့လည်းအားကျပြီး အမေရိကန်ကို အကြွေးရှင်တွေဆီက ပိုက်ဆံထပ်ချေးပြီး သွားဖို့ပြင်ပါတယ် ဒီကြားထဲ ပက်စ်ပို့တွေ ဗီဇာကိစ္စတွေနဲ့ မနူးမနပ်၂ယောက်သား ဘယ်လိုစခန်းသွားကြမလဲ သူတို့ရောက်ချင်တဲ့အမေရိကန်ကိုရော ရောက်နိုင်ကြပါ့မလားဆိုတာကတော့... (အညွန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~V ~Zwe Yan တို့ပဲ ဖြစ်ပါတယ်) File size….1.62GB / 748MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~V ~Zwe Yan

Horror • Science Fiction
7 2023 132 mins
Shubh Yatra
Trees of Peace
6.5

Trees of Peace (2022) လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။ ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ ၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။ ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။ ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။ အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။ အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။ အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ် အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက် အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။ ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။ သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့ ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size…1.4GB | 479MB | 236MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. August

Action & Adventure • Animation • Comedy • Family
6.5 2022 97 mins
Trees of Peace
The Family

ဘာသာရေးနဲ့ ပတ်သက်လာရင် ကျနော်တို့တတွေဟာ ငယ်ငယ်ကတည်းက အယူအစွဲကြီးခဲ့ကြမှာပါ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတာကလည်း ဘုရားကျောင်းကန်ကို မပြတ်သွားလေ့ရှိကြတဲ့အမျိုးမဟုတ်လား။ ဒါပေမဲ့ တစ်ခုရှိတာက ငယ်စဉ်ကတည်းက ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဖြန့်လေ့ရှိကြတဲ့ ဘာသာရေးမှိုင်းတွေ၊ လူကြီးသူမတွေရဲ့ ခြောက်လှန့်ပြောဆိုမှုတွေကြားမှာ အသားကျကြီးပြင်းလာခဲ့မယ်ဆိုရင်တောင်မှ အသက်တစ်ခု ရလာလို့ လောကကြီးနဲ့ အထိအတွေ့လေး ရှိလာရင် တချို့ကိစ္စတွေကို အမှားအမှန် ခွဲခြားတတ်လာတာမျိုးလေးတွေလည်း ရှိလာကြစတမ်းပါပဲ။ ဒါပေမဲ့ ငယ်စဉ်ကတည်းက အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး အုပ်ထိန်းသူတွေရဲ့ ဘာသာရေးအဆုံးအမတွေကြားမှာပဲ ရှင်သန်ကြီးပြင်းလာခဲ့ရမယ်ဆိုရင်တော့..။ ဆယ့်ကိုးရာစုပတ်လည်မှာပေါ့။ တောအုပ်တွေဝိုင်းထားတဲ့ လယ်ယာမြေလေးတစ်‌ကွက်မှာ မိသားစုတစ်စု ရှိတယ်။ အဖေဖြစ်သူက ဘာသာရေးစွဲကြီးတဲ့အပြင် အရာရာမှာ နိုင်လိုမင်းထက် ပြုချင်တဲ့ ဗီဇကလည်း ရှိပါ‌သေးတယ်။ ဒီလိုပြောလို့ အမေဖြစ်သူကတော့ ကောင်းလိမ့်မယ် မထင်လိုက်ပါနဲ့ သူလည်း ထူးမခြားနားပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ညီအငယ်ဆုံးလေးဖြစ်သူ Elijah အလုပ်လုပ်ရင်း ပင်ပန်းမှုဒဏ်တွေကြောင့် လဲကျသွားတဲ့အခါမှာတော့ အဖေလုပ်သူဟာ ယမ်းမီးပုံကျ ဒေါသအိုးကွဲပြီး ညီထွေးကို အပြစ်ပေးတဲ့အနေနဲ့ တောအုပ်ထဲကို ခေါ်သွားကာ ချန်ရစ်ခဲ့ပါတော့တယ်။ နောက်တော့ အိမ်ထောင်ဦးစီးဖြစ်သူ အဖေကြီးက အဖဘုရားသခင်အလိုတော်အရဆိုပြီး မိသားစုထဲ ချွေးမလေးတစ်ယောက်ကို ခေါ်လာခဲ့ပြန်ပါတယ်။ တောကြီးမျက်မည်းထဲ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာတဲ့ အဆိုပါသတို့သမီးလောင်းနဲ့ အကြီးဆုံးသား Calebတို့ကြားက ဆက်ဆံရေးဟာ ဘယ်လိုဘယ်ပုံ ခရီးသွားကြမလဲ။ တစ်စထက်တစ်စ သိနားလည်တဲ့ အရွယ်ကို ရောက်လာတော့ အဖေဖြစ်သူရဲ့ အဆုံးအမတွေ ရှေ့နောက်မညီမှန်းကို သတိထားမိစပြုလာတဲ့ Calebကရော ပုံစံခွက်ထဲကနေ ဖောက်ထွက်ရဲမှာလား။ အပြင်လောကကြီးက အဖေဖြစ်သူပြောသလိုမျိုး ပျက်စီးယိုယွင်းနေပြီး နတ်မိစ္ဆာတွေ အပြည့်နဲ့ ဖြစ်နေမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့် ရှုစားလိုက်ကြပါခင်ဗျား။ Castတွေအနေနဲ့ကတော့ ဝါ့ရင့်သရုပ်ဆောင် မင်းသားကြီး Nigel Benette, The L.A complexထဲက မင်းသား Benjamin Charles Watson, Hannibal, Mafia Incတို့အပါအဝင် ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးEllandအစရှိသဖြင့် ပါဝင်ကြပြီး ရုပ်ရှင်ဆုနှစ်ဆုကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ File size…(1.08GB) / (630MB) / (282MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

Action • Drama • History • War
0 2022 105 mins
The Family
Desperation Road
5.6

MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင် ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့ လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံး အချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာ ကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့ အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့ သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်း နေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။ ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်း ပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျော ပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲ သူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့ ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေ ဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 728MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

War • Adventure
5.6 2023 112 mins
Desperation Road
Deception
6

နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသား Hugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ Deception ကတော့ Mystery Thriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာ စာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာ တစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။ ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲ ရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကို တကယ်ချစ်မိသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာ အက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊ လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်း မပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့ အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကို ကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့ လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။ File size…1.67GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2008 107 mins
Deception
Snatching Gold from the Tiger’s Mouth
5.6

အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် တရုတ်-ဂျပန်တော်လှန်ရေးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ၁၉၃၇ ခုနှစ်မှာ ဂျပန်စစ်တပ်ဟာ တရုတ်နိုင်ငံနေရာအနှံ့ကို ကျူးကျော်လာပါတယ်။ တရုတ်နိုင်ငံအတွင်းက သယံဇာတအများအပြားကို လုယက်ပြီး စစ်ရေးအသုံးစရိတ်မှာ ထည့်သုံးခဲ့ပါတယ်။ တရုတ်အဌမလမ်းကြောင်တပ်မတော်က စစ်သည်တွေနဲ့ မုဆိုးယွီတုံ့ဖုန်းတို့အတူ အသက်ပေးပြီး အခက်အခဲအဆင့်ဆင့်ကို ဖြတ်ကျော်ကာ ရွှေပို့ဆောင်ရေးခရီးကို စတင်ခဲ့ပါတယ်။ ရွှေပို့ဆောင်ရေးခရီးမှာ ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ရမလဲ…… ရွှေတွေကို အောင်မြင်စွာ ပို့ဆောင်နိုင်ကြမလား…… ဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်အဖြေရှာလိုက်ရအောင်နော်။

Comedy • Thriller • Mystery
5.6 2025
Snatching Gold from the Tiger’s Mouth
Ye Zongxing
5.7

ဒီတစ်ခေါက်မှတော့ အတ္ထုပတ္တိကားလေးကို ရသဆန်ဆန်ရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားမှာတော့ နှစ်ပေါင်း ၇၀၀ သမိုင်းသက်တမ်းရှိတဲ့ ရှန်ဟိုင်းမြို့ ဟာ တစ်ချိန်မှာတော့ ရေဘေးခဏခဏ ကြုံရပြီးတော့ ဘဝအသက်အိုးအိမ်ဆုံးရှုံးပြီး စီးပွားမလုပ်နိုင်ခဲ့ရာကနေ ယနေ့ တရုတ်ပြည်ရဲ့ စီးပွားမြို့တော်ဖြစ်အောင် ပြောင်းလဲခဲ့တာကတော့ ရေစီးကြောင်းကို ပြန်လည်စီမံရေးဗျူဟာ ရေးဆွဲ ဖန်တီးခဲ့တာကြောင့်ပါပဲ… ဒီကားလေးမှာတော့ သမိုင်းမေ့နေတဲ့ ယနေ့ခေတ်လူငယ်တစ်ယောက်… အဖေ့ဆီက မုန့်ဖိုးတောင်းမရလို့ စိတ်ပျက်ပျက်နဲ့ ပြန်ထွက်လာရင်း… ရေကန်ထဲပြုတ်ကျပြီး လွန်ခဲ့တဲ့ အနှစ် ၇၀၀ ကို ပြန်ရောက်သွားတဲ့အကြောင်းလေးကနေ စမှာပေါ့… တစ်ချိန်တစ်ခါက စဉ်းစားထားတဲ့ မြေပုံအပြင် ဘာမှမရှိတဲ့ ယဲ့ကျုံရှင်းတစ်ယောက်ရဲ့ ရေစီးကြောင်းကို ပြန်လည်စီမံရေးဗျူဟာ ဖန်တီးခဲ့တဲ့ လုပ်ငန်းစဉ်မှာ သူကိုယ်တိုင် ပါဝင်ကူညီခဲ့ရတဲ့အခြေအနေကို ရောက်သွားခဲ့တာပေါ့… သုတရော ရသပါ ခံစားနိုင်မယ့်ကားလေးမို့ ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်

5.7 2025
Ye Zongxing