YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Mosquito.Coast.S01E02.720p.(CM).mp4

475.33 MB 720p video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
Ben & Jody
6.1

ဘန်ကတော့ သူ့ရဲ့  မွေးရပ်ဇာတိလေးမှာပဲ အေးအေးလူလူနဲ့ ကော်ဖီလုပ်ငန်းလေး လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကုမ္ပဏီကြီးတစ်ခုက ဘန်တို့ ရွာသားတွေ လယ်သမားတွေရဲ့  မြေတွေကို အတင်းအဓမ္မ သိမ်းယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘန်က လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး ဘန် ကို ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ရိုက်နှက်ပြီး ဖမ်းဆီး ထားလိုက်ပါတော့တယ်။ ဘန်လိုပဲ အခြား ဖမ်းဆီး ရီုက်နှက်ခံရတဲ့ ရွာသားတွေကလည်း အများကြီး ... တစ်နေ့မှာတော့ ဘန် တစ်ယောက် သူ့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို မရောက်လာလို့ ဆိုပြီး ဘန်ရဲ့ သူငယ်ချင်း ဂျိုဒီက ရွာကို လာပြီး အကျိုးအကြောင်း စုံစမ်းမေးမြန်းတော့မှ ဖြစ်ကြောင်းကုန်စင် သိသွားပြီး ဘန်နဲ့ အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ ... ဂျိုဒီတစ်ယောက် ဘယ်လိုစွန့်စားခန်းတွေလုပ်ပြီး ဘန်ကို ကယ်တင်မလဲ? အသက်ရှင်လျက် ကယ်ထုတ်နိုင်ပါ့မလား? ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.8GB, 755MB, 380MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 54mins Genre : Action, Adventure, Drama Translated by Moe Lay Encoded by Kinnov

Drama • Romance
6.1 2022 114 mins
Ben & Jody
The Infiltrator
6.7

2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။ File Size     :   900 MB Duration    :   2 :07 :09 Quality        :   BR Rip 720p Format        :   MP4 Genre          :   Biography, Crime, Drama Translator  :   Sherlock Encoder      :   Littleneo

Drama • Mystery • Sci-Fi & Fantasy
6.7 2016 127 mins
The Infiltrator
Detachment
7.7

Detachment (2011) ~ IMDb – 7.7/10, Rotten Tomatoes – 59% ~ Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ဒီကားရဲ့ ဒါရိုက်တာ Tony Kaye ရဲ့သမီး Betty Kaye သရုပ်ဆောင်တဲ့ မာရီဒစ်လို့ခေါ်တဲ့ ကျောင်းသူ။ သူက ကျန်တဲ့ကလေးတွေ စကားနဲ့အနိုင်ကျင့်တာကို ခံနေရတဲ့သူလည်းဟုတ်တယ်။ ကျောင်းသားတွေစော်ကားတာခံနေရတာကို ဘာမှမတုံ့ပြန်တဲ့ ဘတ်ကို မာရီဒစ်က ကျွန်မရှင့်လိုသန်မာချင်လိုက်တာလို့ပြောတော့ “သန်မာတာနဲ့ မဆိုင်ဘူး… မင်းကို အခုလိုဖိနှိပ်မယ့်လူတွေကို ဘယ်အရွယ်ပဲရောက်ရောက်တွေ့နေရဦးမှာပဲ… မင်းစိတ်ကို ဒုတိယကမ္ဘာစစ်က ကတုတ်ကျင်းလို ခိုင်မာနေအောင်လုပ်ထားဖို့လိုတယ်… ” လို့ ဘတ်က ပြန်ပြောခဲ့တယ်။ နောက်ဇာတ်ကောင်က အဲရစ်ကာလို့ခေါ်တဲ့ ကလေးမလေး။ ငယ်ပေမဲ့ အားကိုးအားထားမရှိတော့‌ ပြည့်တန်ဆာလုပ်စားနေတာ။ ဘတ်က ဒီကလေးမလေးကို ဘတ်စ်ကားပေါ်မှာ စတွေ့တာ။ လုပ်ပြီး ပိုက်ဆံမပေးဘဲ အထိုးခံ အနိုင်ကျင့်ခံနေရတာကို သူစတွေ့ခဲ့တယ်။ သူက ဒီကလေးမကို ဒီဘဝက ရုန်းထွက်နိုင်အောင် ကူညီပေးချင်ခဲ့တယ်။ ဒီအချက်တွေကို ကြည့်ရင် ဘတ်ဟာ လူကောင်းလို့ ကျွန်တာ်တို့ ယူဆလို့ရတယ်။ နောက်တစ်ခြမ်းကို ဆက်သွားရရင် ဘတ်ဟာ ဖိနှိပ်ခံတစ်ယောက်လို့ ကျွန်တော်တို့ ယူဆလို့ရလို့ သူဟာ ဖိနှိပ်ခံလူတန်းစားတွေကို ကောင်းကောင်းနားလည်တာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူ့အဘိုး အိမ်သာထဲ လော့ချထားပြီး ထွက်မလာလို့ ဘယ်လိုမှခေါ်မရလို့ ဂေဟာက မိန်းမက သူ့ကိုဖုန်းဆက်တော့ သူညကြီးမင်းကြီးဂေဟာကို လိုက်သွားလိုက်ရတယ်။ ဒီလိုလိုက်သွားလိုက်တဲ့အချိန်မှာ ဂေဟာက အမျိုးသမီးကို သူ့ကိုအလုပ်ရှုပ်အောင်လုပ်လို့ဆိုပြီး ရစရာမရှိအောင်ကိုပြောခဲ့တယ်။ အောက်ဆုံးထိုးကျနေတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးကို သူနည်းနည်းမှမညာခဲ့ဘူး။ ရှေ့မှာ ဘတ်ဟာ စိတ်ကို ကတုတ်ကျင်းလို ခိုင်မာနေအောင်ထားဖို့လိုတယ်လို့ပြောခဲ့ပေမဲ့ တကယ်တမ်း ဘတ်ဟာ စာသင်ချိန်ပြင်ပ သူ့ဘဝမှာ အမြဲတမ်း ရီဝေနေတဲ့မျက်လုံးတွေနဲ့ မှုန်ရီနေတဲ့သူပဲ။ နောက်ပိုင်း ဘတ်ဟာ မာရီဒစ်အတွက် မိတ်ဆွေအဖြစ် ရှိနေပေးခဲ့တဲ့ သူ့ဖြစ်တည်မှုကို ကျောခိုင်းခဲ့သလို အဲရစ်ကာအတွက် ဒိုင်းသဖွယ်ဖြစ်နေပေးတဲ့ သူဖြစ်တည်မှုကိုလည်း‌ ကျောခိုင်းခဲ့တယ်။ ဒီမှာ ဘတ်ဟာ လူကောင်းမဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆလိုက်လို့ရပြန်တယ်။ ဒါက အကုန်တော့ မဟုတ်သေးတဲ့ ဟင်နရီဘတ်ကာရိုက်တာကို ပုံဖော်ထားတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာလို့ သူ့ကောင်းခြင်းမကောင်းခြင်းနဲ့ သူ့အကြောင်းပြောနေရသလဲဆို ဒီဇာတ်တစ်ခုလုံးက ဟင်နရီဘတ်စ် အဲဒီကျောင်းမှာ အစားထိုးဆရာဝင်လုပ်ခဲ့တဲ့တစ်လမှာ သူမြင်နေရတဲ့ဆရာတွေ ကျောင်းသားတွေရဲ့ ဖြစ်တည်မှုတွေကနေ သူ့ဖြစ်တည်မှုကို လာထင်ဟပ်သွားတဲ့အကြောင်းမလို့ပဲ။ အဲဒီလိုထပ်ဟပ်တာကို ပိုအသက်ဝင်အောင်လည်း ဇာတ်ဝင်ခန်းသိပ်မပါလှပေမဲ့ သူ့ဘေးကလူတွေကို သရုပ်ဆောင်ကောင်းတဲ့ လူတွေချည်းသုံးပေးထားတယ်။ James Caan, Bryan Cranston, Lucy Liu, Christina Hendricks နဲ့ Maricia Gay Harden တို့လို လူတွေပေါ့။ ဒီလူတွေရဲ့ ရိုက်ခတ်မှုနဲ့ ဟင်နရီဘတ်ဟာ သူ့ဖြစ်တည်မှုကနေ သူရွေ့လျောသွားတယ်။ ဇာတ်ရဲ့အစမှာ သုံးထားတဲ့ ကမြူးရဲ့ စာအတိုင်းပဲ ဟင်နရီဘတ်ဟာ ဒီအရာအားလုံးဟာ သူနဲ့ဆိုင်နေသလို ခံစားရရင်းမှာပဲ အရာအားလုံးဟာ သူနဲ့မဆိုင်နေသလိုပါ ခံစားလာရတယ်။ Attachment တွေအားလုံး Detachment ဖြစ်သွားတယ်။ အဲဒီအကျိုးဆက်တွေကိုလည်း သူကြုံခဲ့ရတယ်။ သူ့ကိုယ်သူ ပျောက်ဆုံးသွားခဲ့တယ်။ ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ အဖြေတစ်ခုခုရှိနေမယ် မက်ဆေ့တစ်ခုခုရှိနေမယ်ထင်ရင်လည်း မှားမှာပဲ။ ဘာအဖြေမှမပါတဲ့ တင်ပြသွားခြင်းသက်သက်ပဲ။ သူပြောခဲ့သလိုပဲ ဒါတွေက အခုမှရှိနေတဲ့အရာတွေလည်း မဟုတ်ဘူး။ ခန်းမထဲမှာပဲဖြစ်ဖြစ် အတန်းထဲမှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း မင်းတို့ထဲက ဘယ်သူတွေ မင်းတို့ကို ဖိနှိပ်ထားတဲ့ အလေးချိန်ကို ခံစားမိကြလဲလို့ အတန်းထဲ သူပြောခဲ့တုန်းကလိုပဲ အားလုံးလက်ထောင်တယ်။ သူကိုယ်တိုင်လည်း လက်ထောင်တယ်။ ကျွန်တော်တို့လည်း လက်ထောင်ရမှာပဲ။ ကိုယ့်ဖြစ်တည်မှုကိုကိုယ်မတွေ့ဘဲ မမြင်နိုင်တဲ့အလေးချိန်တစ်ခုကသာ ဖိနှိပ်ထားတဲ့ ခံစားချက်မျိုး လူတိုင်းနီးပါး ခံစားဖူးကြမှာပဲ။ သူ့စကားအတိုင်းပေါ့။ အဂ္ဂါအယ်လန်ပိုးက ဒီအကြောင်းတွေကို လွန်ခဲ့တဲ့အနှစ်တစ်ရာကတည်းက ရေးပြီးသား။ ပိုးရဲ့ ဝတ္တုတိုထဲက အက်ရှာအိမ်တော်ကြီးဟာ ရဲတိုက်ဟောင်းကြီးသက်သက်မဟုတ်ဘူး။ ဖြစ်တည်မှုရဲ့ နိမိတ်ပုံတစ်ခု။ အက်ရှာအိမ်တော်ကြီးအကြောင်းဟာ တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ Detachment ဟာလည်း တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီဇာတ်လမ်းရဲ့အဆုံးမှာတော့ တူညီတဲ့နှလုံးသားတစ်ခုဟာ တဆစ်ဆစ်ကိုက်နေမှာပဲ။ “တိမ်တွေ ကောင်းကင်နံရံမှာ နိမ့်ပါးစွာတွဲလျောင်းကျနေတဲ့ ဆောင်းဦးရဲ့ မှောင်မဲတိတ်ဆိတ် မှုန်မှိုင်းတဲ့နေ့တစ်နေ့မှာ မြင်းတစ်ကောင်ကိုစီးရင်း ကျေးလက်ရဲ့ မသာမယာလမ်းကြောတစ်ခုပေါ် တစ်ကိုယ်ရေတည်း ဖြတ်လာခဲ့တယ်။ ညနေခင်းရဲ့ ဆည်းဆာမှာ အရိပ်ထင်လာတဲ့အခါ လွမ်းညှို့ဖွယ်အက်ရှာအိမ်တော်ရဲ့ မြင်ကွင်းကို ငါမြင်နေရတယ်။ ဘာကြောင့်လဲ ငါမသိပေမဲ့ အက်ရှာအိမ်တော်ကြီးကို ပထမဆုံးရိပ်ခနဲမြင်လိုက်တဲ့အချိန် မခံရပ်နိုင်စရာ အဆွေးဓာတ်က ငါ့သန္တာန်မှာ လွှမ်းသွားတယ်။ အရောင်အဆင်းမရှိတော့တဲ့နံရံတွေကို… ဆွေးမြေ့ပြီးတဲ့သစ်ပင်တွေရဲ့ ပင်စည်ဖြူဖြူတွေကို… အက်ရှာအိမ်တော်ကြီးရဲ့မြင်ကွင်းကို… အကြွင်းမဲ့ပြိုလဲနေတဲ့ စိတ်နဲ့ သုန်မှုန်ရီ ငါငေးကြည့်မိတယ်။ အဲဒီမှာ နှလုံးသားတစ်ခုဟာ စက်ဆုပ်စဖွယ် အေးစက်သိမ်ငယ်နေတယ်…” စာကြွင်း။ ။ ဒါရိုက်တာ Tony Kaye ဟာ American History X ဆိုတဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့ ဟောလိဝုဒ်မှာ အောင်မြင်မှုရပြီးတဲ့နောက် ၂၀၀၆မှာမှ Lake of Fire ဆိုတဲ့ ဒိုကူမန်ထရီကို ပြန်ရိုက်ခဲ့တယ်။ အဲဒီနောက် American History X နောက်ပိုင်း ၁၅နှစ်နီးနီးကြာပြီး ၂၀၁၁မှာမှ သူရဲ့ ဒုတိယရုပ်ရှင် Detachment ကို ရိုက်ခဲ့တယ်။ အခု ၂၀၂၄အထိတော့ ဘာဆိုဘာမှ ထွက်မလာသေးဘူး။ ဒါပေမဲ့လည်း Tony Kaye ဟာ အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောရမယ်။ သူရိုက်ခဲ့တဲ့ အနုပညာ ၃ခုလုံးက ပြစ်ချက်ပြောစရာမရှိလောက်အောင် ကောင်းလွန်းနေခဲ့တယ်။ နှမြောစရာကောင်းတာကတော့ အခု သူ့အသက်၇၁ထိမှာမှ သူ့ရုပ်ရှင်ဆိုလို့ ၂ကားပဲ တွေ့ရသေးတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2011
Detachment
Bone Tomahawk
7.1

ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူး ပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီး rating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား Patrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့် သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့ အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေ သတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်က Bright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်က လိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ် မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကို ပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကို ဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီး နောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိ ဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာ တို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men တောင်ကြားကိုသွားရောက်ကယ်ဆယ်ဖို့ကြိုးပမ်းကြပါတော့တယ် သူတို့ရဲ့ကယ်ဆယ်ရေး ခရီးစဥ်မှာ မိသားစုလိုက် အင်ဒီးယန်းလူရိုင်းတွေ သတ်တာခံလိုက်ရတဲ့ မစ္စတာဘရူဒါပါ၀င်လာတဲ့အခါမှာကော ဘယ်လို တွေဆက်ဖြစ်ကြမလဲ Valley of Starving Men တောင်ကြားကိုသွားတဲ့ ဦးသူကနိုင်စတမ်းလမ်းခရီးမှာကော ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ သူတို့ရဲ့ကယ်ဆယ်ရေး အစီအစဥ်ကကော အောင်မြင်ပါ့မလား ဖမ်းခေါ်သွားခံ ရတဲ့သူတွေကရော Valley of Starving Menမှာ အန္တရာယ်ကင်းပါ့မလား သူတို့အားလုံး Valley of Starving Men တောင်ကြားကနေရော အသက်ရှင်ရက်ပြန်လာနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရင်သပ်ရှုမောဖွယ်စီးမျောလိုက်ပါဦး ဒီဇာတ်ကားဟာ Action,Horror, Western ဇာတ်ကားတွေကိုမှကြိုက်နှစ်သက်သူတွေအတွက် မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. File size…2.15 GB / 987 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , Horror , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

7.1 2015 133 mins
Bone Tomahawk
Miracle
7.4

ဒီတစ်ခေါက်မှာတော့ IMDB 7.4/10, Rt 81% ရရှိထားတဲ့ ဖြစ်ရပ်မှန် Sport/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ဆောင်းရာသီအိုလံပစ်အားကစားပွဲက အမေရိကန် ဟော်ကီအသင်းရဲ့ နည်းပြတစ်ယောက်အကြောင်း အခြေတည်ရိုက်ကူးထားတဲ့ ဒီကားလေးထဲမှာ မင်းသားကြီး Kurt Russell က နည်းပြဟာ့ဘ်အဖြစ်နဲ့ အခြားဟော်ကီကစားသမားပေါင်းများစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ၁၉၆၀ နောက်ပိုင်းကစလို့ အိုလံပစ်အားကစားပွဲတွေမှာ အမေရိကန်က ဆိုဗီယက်ကို နှစ်တိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အပြောင်းအလဲတစ်ခုအဖြစ် နည်းပြဟာ့ဘ်ကို အိုလံပစ်ဝင်ဖို့ အသင်းတစ်သင်း ဖွဲ့စည်းစေခဲ့ပါတယ်။ နောက်ခံအသီးသီးက တက္ကသိုလ်အသင်းတွေ၊ ချန်ပီယံရှစ်အသင်းတွေမှာပဲ ပြိုင်ဖူးတဲ့သူတွေနဲ့ အပျော်တမ်းကစားသမားလေးတွေကို နည်းပြ စိတ်ကြိုက်ရွေးချယ်ပြီး အမေရိကန်ကိုယ်စားပြုအသင်းအဖြစ် ဖွဲ့စည်းရာမှာ လူငယ်လေးတွေဖြစ်တာကြောင့် ကျောင်းတော်က ရန်စတွေနဲ့ အချင်းချင်းမတည့်ကြ၊ ရန်ဖြစ်ကြ၊ ထိုးကြ ကြိတ်ကြနဲ့ ပြဿနာမျိုးစုံတက်နေခဲ့ပေမဲ့ နည်းပြ ဟာ့ဘ်ကတော့ အရေးမထားခဲ့ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ နည်းပြရင်း နောက်ဆုံးမှာ အိုလံပစ်ပွဲစဉ်ကို ယှဉ်ပြိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ၃လအတွင်း ၄၂ ပွဲ ကစားရာမှာ ၄၂ ပွဲလုံးနိုင်ခဲ့တဲ့ ၁၀၀ % အောင်ပွဲရ ဆိုဗီယက်အသင်းကို နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့တဲ့ သမိုင်းကို နည်းပြဟာ့ဘ်ရဲ့အမေရိကန်အသင်းက နိုင်အောင်ကစားနိုင်မလား။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမဲ့ စိတ်နေစိတ်ထားနဲ့ အရည်အချင်းတွေကို နည်းပြဟာ့ဘ်က ဘယ်လို ပညာသားပါပါ ထုတ်ပြသွားမလဲဆိုတာနဲ့ သူ့အသင်းကရော သူခိုင်းတဲ့အတိုင်း တစ်သွေမတိမ်း လိုက်ပါလုပ်ဆောင်ပြီး အောင်မြင်နိုင်ပါ့မလား ဆိုတာကိုတော့ နောက်ဆုံးအထိ အသည်းယားစဖွယ် ရှုစားရမှာပါ။ Old but gold ကားလေးမို့ အားကစားချစ်သူ ပရိသတ်ကြီးက လိုက်ပါစီးမျောကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(3.2 GB)/(1.7GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:15:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

7.4 2004 135 mins
Miracle
Tainted Soul

Tainted Soul (2023) ============== Genre – Horror ခုနောက်ပိုင်း ထိုင်းခေတ်ပြီးတဲ့နောက် သရဲကားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးရိုက်ကူးနိုင်လာကြတဲ့ အင်ဒိုနီးရှား သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက သရဲကားဆိုပေမဲ့လည်း အချစ်ဆန်ဆန် ဒရမ်မာလေးလည်း ပါသေးတာမို့ ရသတစ်မျိုးပဲ ပေးစွမ်းနိုင်တာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကို ပြောပြပေးရမယ်ဆို ရာကာဆိုတဲ့ အထက်တန်းကျောင်းသားလေးက မျိုးရိုးစဉ်ဆက် အကြားအမြင်ပညာသည်ဖြစ်နေတော့ ငယ်စဉ်ကတည်းက သရဲပေါင်းစုံကို မြင်တွေ့နေရပြီး လိုအပ်တဲ့အခါတိုင်း အလျဉ်းသင့်သလို ကူညီပေးနေရတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ကျောင်းတွေမှာ အပေါင်းအသင်းမရှိပဲ အမြဲတမ်း အထီးကျန် အနိုင်ကျင့်ခံလေး ဖြစ်ပါတယ်။ ဒါကြောင့် ရာကာတစ်ယောက် ဦးလေးရှိရာ ငယ်ဘဝကနယ်မြို့လေးကို ပြန်လာပြီး ကျောင်းပြောင်းတက်ပါတယ်။ ဒီလိုနဲ့ ပြန်လာတဲ့အခါမှာတော့ ရာကာတစ်ယောက် အထက်တန်းကျောင်းသူ သရဲမချောချောလေးနဲ့ သူငယ်ချင်းဖြစ်ပြီး အထီးကျန်နေတဲ့ ဘဝလေးကို ကြည်နူးစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရာကာတက်နေတဲ့ကျောင်းမှာ သူများတွေကို အနိုင်ကျင့်နေကြဖြစ်တဲ့ ကျောင်းသားတစ်သိုက်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးသရဲတစ်ကောင်က သေတဲ့ထိ တစ်ယောက်ပြီးတစ်ယောက် လိုက်လံ သတ်ဖြတ်နေတဲ့အချိန်မှာတော့ ရာကာတစ်ယောက် ဘယ်လိုမျိုး သရဲမလေးနဲ့အတူ ဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူကတော့ သရဲကားဆန်ဆန် အငွေ့အသက်တွေလည်း ပါသလို လူသတ်ကား အရသာမျိုးတွေလည်း တွေ့ရမှာဖြစ်ပြီး ဖူးသစ်စ ကျောင်းသားကျောင်းသူလေးတွေရဲ့ နုနုနယ်နယ် အချစ်ဇာတ်လမ်းဆန်ဆန်လေးလည်း ပါဝင်သေးတာကြောင့် စုံစီနဖာ ခံစားရမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားကြတာကတော့ အင်ဒိုဇာဏ်ခီနဲ့ အင်ဒို ချစ်သူဝေတို့ပဲ ဖြစ်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Aung ပါ ) File size_(1.3GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thura Aung

0 2023
Tainted Soul
In Broad Daylight
6

Undercover ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်… အမှုတစ်ခု အမှန်တရားတစ်ခုကို ဖော်ထုတ်ဖို့အတွက် လက်တွေ့ကွင်းဆင်းပြီး ကိုယ်တိုင်ကိုယ်ကျ ခံစားဖော်ထုတ်ဖို့ကြိုးစားရင် တစ်စုံတစ်ယောက်အသွင်ယူပြီး စုံစမ်းလေ့လာတာပါ… ဒါပေမယ့် ဒီကားလေးထဲမှာတော့ အသွင်ယူတဲ့သူက တရားစီရင်နိုင်တဲ့ အာဏာပိုင်မဟုတ်သလို…. အရာရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ငွေရှင်လည်းမဟုတ်ဘူး… ကလောင်အစွမ်းနဲ့ အမှန်တရားကို လောကမြစ်ထဲ စီးဆင်းစေတဲ့ သတင်းထောက်သမားလေးပါ… ဇာတ်လမ်းကတော့ တစ်နေ့ ဟောင်ကောင်မြို့ လူအိုရုံ (မသန်စွမ်းဂေဟာ) မှာ မသန်စွမ်းတဲ့ လူအိုတွေကို မြို့လယ်ကောင် နေရာလွတ်ထဲ ကိုယ်လုံးတီး ရေပန်းတွေဖြန်းပြီး ရေချိုးပေးတဲ့ဓာတ်ပုံတွေ အေဝမ်းမီဒီယာကို ရောက်လာလို့ ဒီသတင်းကိုလိုက်ဖို့အတွက် ရှောင်ချီဆိုတဲ့ သတင်းသမားလေးက သူငယ်ပြန်နေတဲ့ ထုံဖိုးဖိုးရဲ့ မြေးမလေးအနေနဲ့ သက်တံဂေဟာကို ရောက်လာတာပေါ့… သူက ကနေဒါကလာတဲ့ အဖိုးရဲ့ မြေးမလေး၊ လူအင်အားမလောက်ငှတဲ့ လူအိုရုံမှာ စေတနာ့ဝန်ထမ်းလေးအနေနဲ့ ကူပေးမယ်ဆိုပြီး သတင်းလိုက်ခဲ့ရာကနေ…. ဒီဂေဟာမှာ လူအိုတွေတင်မကဘဲ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းတဲ့သူတွေ၊ ကိုယ်လက်မသန်စွမ်းသူတွေပါ ရှိနေတာကိုသိခဲ့တယ်… လူနာ ၈၀ ဝန်းကျင်ရှိပေမယ့် စောင့်ရှောက်သူက ၂ ဦးပဲ ရှိနေတာပါ တွေ့ခဲ့တဲ့အပြင်… တစ်ဖက်မှာလည်း နေ့စဉ်စားသောက်နေတဲ့ အစားသောက်တွေကလည်း ဒိတ်လွန်တွေတဲ့… ဘာကြောင့်မှန်းမသိပေမယ့် လဝက်မှာလည်း ၆ လောင်းလောက်ကို သေဆုံးမှုဖြစ်သေးတယ်… ကဲ ရှောင်ချီတစ်ယောက် ဒီရှုပ်ထွေးလှတဲ့သတင်းကို ပြီးဆုံးအောင်လိုက်နိုင်ပါ့မလား… သတင်းလိုက်လို့ အမှန်တိုင်းပေါ်လာရင်ရော အဆုံးသတ်ကောင်းနိုင်မှာလား….

Comedy • Drama • Family
6 2024
In Broad Daylight
The Back-Up Plan
5.3

The Backup Plan (2010) မမကြီး Jennifer Lopez နဲ့ Hawaii Five-0 မင်းသား Alex O’Loughlin တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဇိုဝီဟာ ဘယ်ယောက်ျားကိုမှ အလွယ်တကူမယုံတတ်တဲ့ပြဿနာရှိတဲ့အပြင် သူနဲ့အရမ်းနီးစပ်လာရင်လည်း ပြန်ပထုတ်တတ်တဲ့အကျင့်ရှိသူပါ။ ယောက်ျားတော့မလိုချင်ပေမဲ့ ကလေးတော့လိုချင်ပြီး မိသားစုတစ်ခုလိုချင်တဲ့အတွက် သုက်ရည်ဘဏ်ကနေ အလှူရှင်ရှာပြီး သန္ဓေတည်အောင်လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့နေ့မှာတင် စတန်နဲ့ တွေ့ခဲ့ပြီး ဇိုဝီရဲ့အချစ်အပေါ်ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့မှာကိုယ်ဝန်ရှိနေတာသိလိုက်ရပြီး ဇိုဝီကဒီကိစ္စကို စတန်ကိုပြောပြမလား စတန်ကရော ဒီအကြောင်းကိုသိရင် ဆက်နေမှာလားဆိုတာ..။ Comedy Romance ဇာတ်ကားလေးမလို့ အပျင်းပြေကြည့်လို့ကောင်းပါတယ်။

5.3 2010 106 mins
The Back-Up Plan
Bioscope
7.7

Bioscope(2025) “ဘိုင်စကုပ်” တမီးလ်ကျေးလက် ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကုန်တင်ကားစက်ရုံအလုပ်နဲ့ ရက်ကန်းအလုပ်နှစ်မျိုးပဲရှိတဲ့ ရွာလေးတစ်ရွာမှာ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ဟာ မာဒရာ့စ်မြို့ကိုသွားပြီး ရုပ်ရှင်ပညာကို မရမကသွားလေ့လာခဲ့တယ် ဒီလိုနဲ့ ပရိုဂျူဆာတွေနဲ့ရအောင်စည်းရုံးပြီး ရိုက်တော့မယ်လုပ်ရာမှ ရွာက သူချစ်ရတဲ့ ဦးလေးဟာ ဗေဒင်ဆရာရဲ့စကားကိုယုံပြီး သေကြောင်းကြံသွားတဲ့အခါ ယူကြုံးမရဖြစ်ပြီး အယူသီးတဲ့ ဓလေ့တွေအကြောင်း ပညာပေးရုပ်ရှင်ကို ရွာသားတွေနဲ့ပဲ ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ရာကနေ အလွဲအချော်တွေ၊ အခက်အခဲမျိုးစုံတွေ့ကြုံရင်ဆိုင်ရပုံကို ပရိသတ်တို့ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Romance
7.7 2025
Bioscope
The Butterfly House aka Pernikahan Arwah
6.7

The Butterfly House (2025) IMDb – 7/10 အင်ဒိုသရဲကား ကြိုက်နှစ်သက်သူတို့အတွက် Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အသစ်ထွက်အင်ဒိုဟော်ရာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ တာစ်ယာနဲ့ ဆာလင်မ်တို့က မင်္ဂလာဆောင်ဖို့ပြင်ဆင်နေကြတဲ့ ချစ်သူစုံတွဲ။ စေ့စပ်ပွဲအပြီး ဟောင်ကောင်မှာမင်္ဂလာဦးအကြိုဓာတ်ပုံရိုက်ဖို့စီစဉ်ထားပေမဲ့ ဆာလင်မ်ရဲ့တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ အဒေါ်ဖြစ်သူဆုံးပါးသွားခဲ့တယ်။ ဒီမှာပဲ ဟောင်ကောင်သွားဖို့ အစီအစဉ်ကိုဖျက်ပြီး နယ်မြို့လေးက အဒေါ့်အိမ်ဟောင်းကြီးမှာပဲရိုက်ကြဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ ဒါပေမဲ့ နယ်မြို့လေးက အဒေါ့်အိမ်ကိုရောက်တဲ့အချိန်မှာတော့ အိမ်ကြီးက တာစ်ယာ့အိပ်မက်ဆိုးထဲမှာ မြင်တွေ့ဖူးနေတဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ KKKZ ~ Zwe ~ Cherryတို့ဖြစ်ပါတယ်)

Drama
6.7 2025 101 mins
The Butterfly House aka Pernikahan Arwah