YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Miranda.Brothers.2024.720p.WEB DL.YK(CM).mp4

935.92 MB 720p video/mp4 379 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Superwho?
6.4

Superwho? (2021) ============= IMDb Rating - 6.1/10 Original Title: Super-héros malgré lui Genre - Action, Comedy ခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီး တစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။ Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossible တွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များ များကိုလည်း တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့ အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမ အိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားက သရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကား ကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကို ပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clown လုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမ ဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လော လောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ပိုက်ဆံ တုတွေရယ် အလောင်းအတုကြီးရယ်နဲ့ ထွက်သွားပါလေရော။ ပြီး တော့ ကားမတော်မဆဖြစ်သွားတယ်။ ဒီမှာ ဆရာသမားက အတိတ် မေ့သွားပြီး တိုက်ထားတဲ့နေရာက ငွေထုတ်စက် ကားထဲမှာက ပိုက် ဆံတွေ ကားကြီးကလည်း အမည်းကြီး သူက ဓားပြတိုက်နေတာပဲ ဆိုပြီး ရူးကြောင်မူးကြောင်နဲ့ ထွက်ပြေးပြီး သူ့ကိုယ်သူ ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်း ဟီးရိုးတစ်ယောက်လို့ ထင်လိုက်တဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေ ကြည့်ရမှာပါ။ သူ့ညီမနဲ့ သူငယ်ချင်း ၂ ကောင်ရဲ့ လိုက်ရှာကြတဲ့အချိန်အလွဲတွေ၊ လမ်းမှာ သတင်းထောက်မလေးတွေ့ပြီး လွဲကြတာတွေ၊ သူ့အဖေ ရဲဌာနက လမ်းလုံခြုံရေးစနစ်သစ်ရဲ့ အလွဲတွေစသဖြင့် တစ်ကားလုံး ပါးစပ်မစိရအောင် ခွီနေရမယ့်ကားဗျာ လုံးဝကို အာမခံတယ်။ ဒိုင် ယာလော့ခ်တွေလည်းမပေါဘူး ရုပ်တည်ကြီးတွေနဲ့ ထိုင်ဖောက်ထား ကြတာ... ကဲ ပြောနေရင် ကြာပါတယ် ပြေးသာကြည့်ကြပါ။ တလော ကလည်း Facebook မှာ ဒီကားထဲက ဇာတ်ဝင်ခန်းလေးနဲ့တောင်းထား တာမြင်မိတယ် အခုကြည့်လို့ရပါပြီလို့...။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.34 GB) / (588 MB) / (346 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Thura Aung Encoder..........SWM

Drama
6.4 2022 82 mins
Superwho?
Enthada Saji
3.3

Enthada Saji (2023) IMDb - 6.2/10 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ စိတ်ကူးယဥ်ဆန်ပြီးရယ်ရတာကို သဘောကျတဲ့သူတွေကို အကြိုက်တွေ့စေမယ့် မင်းသား Kunchacko Bobanနဲ့မင်းသမီးNivetha Thomasတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Enthada Saji ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဆာဂျီမိုဟာ ရည်မှန်းချက်မရှိပဲလေလွင့်ပျင်းရိနေတဲ့ အမျိုးသမီးလေးတစ်ယောက်ဖြစ်ပါတယ် သူ့သူငယ်ချင်းတွေတောင် မင်္ဂလာဆောင်ပြီးသွားကြပေမယ့် သူကတော့စေ့စပ်စွဲတစ်ခါပျက်ဖူးတဲ့အပြင် အခုချိန်ထိလည်း Faဖြစ်နေတာမို့ရပ်ထဲရွာထဲမှာ အပျိုဟိုင်းကြီးလို့ စနောက်လှောင်ပြောင်ခံနေရသူလေးပါ ဆာဂျီမိုဟာဒီလိုဒဏ်တွေကို သည်းမခံနိုင်တော့တာမို့ ချက်ကျောင်းမှာအမြဲလိုလိုသွားညည်းညူလေ့ရှိပါတယ် တစ်နေ့မှာတော့သူ့ညည်းညူတာတွေကို ကြားရတာများလာတဲ့အရှင်က ရုပ်တုထဲကနေအပြင်ကိုထွက်လာရာကနေ ဆာဂျီမိုရဲ့ဘဝဟာလည်းပြောင်းလဲသွားပါတော့တယ် ဆာဂျီမိုရဲ့ပျော်ရွှင်ခြင်းအခိုက်အတန့်တွေကြားမှာ ချက်ကျောင်းရဲ့ရုပ်တုဟာလည်းထူးဆန်းစွာပျောက်ကွယ်သွားတဲ့အချိန်မှာ အရှင်နဲ့သူထပ်ဆုံနိုင်ပါ့မလား ဒီလိုရုပ်တုထဲကထွက်လာတဲ့အရှင့်နောက်ကွယ်မှာလည်း ဘယ်လိုပဟေဠိတွေရှိနေမလဲဆိုတာ စိတ်ကူးယဥ်ဆန်စွာတခြားကားတွေနဲ့မတူပဲကြည့်ရှူ့ရမှာဖြစ်ပါတယ် File size…1.92GB/ 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Yunni~Khin Khin

Comedy • Drama • Romance
3.3 2023 123 mins
Enthada Saji
Drifting Home
7.6

အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။ မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ... တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။ သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ သူ့ကိုယ်သူပိတ်ပြီး အိပ်ပျော်နေတဲ့ နာ့ဇူမဲကိုပဲ သူတိုရှာတွေ့သွားကြတယ်။ ‌နာ့ဇူမဲရှင်းပြတာတွေကို ခိုဆုခဲကမယုံတာမို ထုံးစံအတိုင်း ရန်သတ်ကြပြန်ပါတယ်။ ခေါင်မိုးထပ်မှာ ရန်ဖြစ်ရင်းနဲ့ပဲ နာ့ဇူမဲတစ်ယောက် တိုက်ပေါ်က ပြုတ်ကျသွားတဲ့အခါ ... ခိုဆုခဲနဲ့ နာ့ဇူမဲ၊ စပ်စုစိန်အသေးလေး တိုင်အိချိ၊ လူကောင်ကြီးကြီးယူဇုရု၊ ပြဿနာအိုးရဲအိနာနဲ့ ကြင်နာတတ်တဲ့ဂျူရီ၊ တစ်ချိန်လုံးနပန်းလုံးနေတဲ့ ခြောက်ယောက်သား မျောနေတဲ့အိမ်ကြီးဆီရောက်သွားပါတော့တယ်။ ‌တကယ်မှတကယ် ဘယ်ဆီဘယ်မှန်းမသိရတဲ့ ပင်လယ်ကြီးထဲမှာ မျောနေတဲ့တိုက်ခန်းကြီးနဲ့ အတူ ကလေးခုနစ်ယောက် ဘယ်လိုစခန်းသွားကြမလဲ? ပင်လယ်ပြင်ထဲ ဘာတွေ ကြုံတွေ့ရမလဲ? အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဇာတ်လမ်းလေးက သံယောဇဉ်နဲ့ အမှတ်တရအကြောင်းမလို့ ရိုးရိုး ကလေးကြည့် fantasy ထက်တော့ ပိုပါတယ်။ A whisker away တို Penguin Highway, Typhoon Noruda တိုရဲ့ ဒါရိုက်တာ Colorido Studio က Hiroyasu Ishida ရဲ့လက်ရာမလို့ Animation နဲ့ plot ကတော့ စိတ်ချရမှာ အမှန်ပဲဗျာ။ ခိုဆုခဲတို့ ခုနစ်‌ယောက်နဲ့အတူ တိုက်ခန်းကြီးထဲမှာ လိုက်ပါရင်း သေချာစီးမျောပေးကြပါဦးဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Chevy က ရေးထားပါတယ်။) File Size          : 1.1GB, 480MB, 276MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 59mins Genre              : Comedy Translated by Chevy & Hnin Wut Yi Encoded by Kinnov

Crime • Drama • Thriller
7.6 2022 121 mins
Drifting Home
The Barefoot Immortal

နတ်ပြည်မှာ 'ခြေဗလာနတ်မင်း' လို့ခေါ်တဲ့နတ်တစ်ပါးရှိတယ်။ ဝတ်ပုံစားပုံနေပုံထိုင်ပုံကလည်း နတ်တို့ရဲ့ဂုဏ်သရေနဲ့လားလားမျှမအပ်စပ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကလည်း အင်မတန်ကောင်းတာမို့ ဘယ်သူနဲ့မှမတည့်ဘဲ နတ်တိုင်းရဲ့မျက်မုန်းကျိုးရာဖြစ်နေပါတယ်။ အဲ့လိုဘယ်သူနဲ့မှမတည့်တဲ့ချဥ်ဖတ်ဖြစ်နေပေမယ့် သူ့မှာ "ရူယီ" လို့ခေါ်တဲ့နတ်လက်နက်ရှိတယ်။ အဲ့လက်နက်ကအတော်စွမ်းတာကြောင့် သူ့ကိုမကြည်ကြသော်လည်း ပြန်မလှန်ရဲကြဘူးဆိုပါတော့။ ဒီလိုနဲ့တစ်နေ့မှာ ခြေဗလာနတ်မင်းတစ်ယောက် မက်မွန်သီးပွဲတော်မှာအသောက်လွန်ရင်း ဒယိမ်းဒယိုင်နဲ့အပြန်မှာ ခြေချော်လက်ချော်နဲ့ သူ့ရဲ့အသက်တမျှအရေးကြီးလှတဲ့ 'ရူယီ' ဟာ ကောင်းကင်ပေါ်ကနေပြုတ်ကျသွားပါလေရော။ အဲ့တော့ ခြေဗလာတို့ခေါင်းမီးတောက်ပြီလေ။ ချက်ချင်းပြန်ရှာဖို့ ချက်ချင်းကိုကောင်းကင်ပေါ်ကခုန်ချခဲ့ပေမယ့် 'လူ့ပြည်တစ်ရက် နတ်ပြည်တစ်က္ကန့်' ဆိူသလိုပဲ သူလူ့ပြည်ကိုရောက်တဲ့အချိန်မှာ လအတော်ကြာနေပါပြီ။ သူ့ရဲ့လက်နက်ကျသွားရာနေရာ​​ကဖြစ်တဲ့ ကျီရှန်းရွာလေးကတော့ 'ရူယီ' ကိုရတနာအဖြစ် သေချာထိန်းသိမ်းစောင့်ရှောက်ထားလို့နေပါပြီ။ လက်နက်ကြောင့်မိစ္ဆာတွေရဲ့နှောင့်ယှက်ခြင်းကိုလည်းခဏခဏခံနေရပါတယ်။ ခြေဗလာနတ်ဟာသူ့လက်နက်ကိုပြန်တောင်းပေမယ့် ရွာသားတွေကတော့သူ့ကိုမယုံဘဲပြန်မပေးကြပါဘူး။ သူကလည်း လက်နက်ပြန်ရမှကောင်းကင်ကို ပြန်တက်လို့ရမှာဆိုတော့ ဘယ်လိုကြိုးစားပြီးပြန်ယူလေမလဲ။ ခြေဗလာနတ်မင်းဟာသေမျိုးလောကမှာနေရင်းနဲ့ တဖြည်းဖြည်းရင့်ကျက်ပြီး စာနာရိုင်းပင်းတတ်တဲ့ နတ်တစ်ပါးဖြစ်လာပုံကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတာ​ကြောင့် ပျင်းစရာကောင်းမနေဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Comedy Runtime : 82 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Chu Chu , Yin Wai Phyo Encoded by LK

Action • Crime • Drama • Thriller
0 2022
The Barefoot Immortal
K.G.F: Chapter 1
7.5

၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။ မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။ "ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..." ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။ တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို အပိုင်စီးလိုက်တာပဲ...။ အဲ့ဒီနောက်မှာ ဒီနေရာကို တပ်မက်နေတဲ့သူတွေလက်ကနေ ကာကွယ်ဖို့ ၉၉နှစ်တာ လုပ်ကိုင်ခွင့် စာချုပ်နဲ့အတူ နာရာချီထုံးကျောက်တူးဖော်ရေးကုမ္ပဏီဆိုပြီး သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုကို ကောက်ထူထောင်ပြီး ခံတပ်ကြီးတစ်ခုကို အခိုင်အမာ ဆောက်တည်တယ်။ အင်အားကြီးလာတဲ့ ဆူရိယဗာဒန်ဟာ ပတ်ဝန်းကျင်ဒေသတွေမှာရှိတဲ့လူတွေကို သူ့ခံတပ်အတွင်းကို အတင်းအဓမ္မခေါ်ယူပြီး မညှာမတာ အလုပ်စေခိုင်းတော့တယ်။ လုံခြုံရေးသုံးဆင့်ကာရံထားတဲ့ ခံတပ်ကြီးအတွင်းကို ရောက်ရှိသွားသူတွေဟာ ပြန်လမ်းမရှိတော့ဘူး။ အဲ့ဒီလုံခြုံရေးသုံးဆင့်ဆိုတာက ၁ - အခိုင်အမာတည်ဆောက်ထားတဲ့ ဧရာမတံတိုင်းကြီး ၊ ၂ - ဧရာမတံခါးကြီး နဲ့ ၊ ၃ - အဲ့ဒီနှစ်ခုကို စောင့်ရှောက်ပေးမယ့် ရက်စက်ကြမ်းကြုတ်လွန်းသူ လူမိုက်ခေါင်းဆောင် ဗားနာရမ် တို့ ဖြစ်တယ်။ လက်ရှိအချိန်မှာ သူဟာ နာမကျန်းဖြစ်ပြီးတော့ အိပ်ယာထဲ လဲနေတယ်။ သူ့အရိုက်အရာကို ဆက်ခံဖို့ သားကြီးဖြစ်တဲ့ ဂါရူးဒါးကို တာဝန်ပေးထားတယ်။ ကိုလာရွှေလုပ်ကွက်ရဲ့ ခေါင်းကိုင်ဖခင်ကြီးမှာ အိုးစားဖက် ငါးယောက်ရှိတယ်။ ၁ - ဘာဂါ့ဗ်ရဲ့သား ကာမဲလ် (ကိုလာရွှေလုပ်ကွက်က ထွက်လာသမျှ ရွှေတွေကို သန့်စင်ပေးတဲ့သူ) ၂ - ရာဂျန်ဒရာဒီစိုင်း (ဘန်ဂလောမှာနေရင်း ကိုလာရွှေတွေကို စျေးကွက်ကို ဖြန့်ပေးတဲ့သူ) ၃ - အင်ဒရူး (ရေလမ်းကုန်သွယ်ရေးအတွက် အနောက်ကမ်းရိုးတမ်းကို ချုပ်ကိုင်ထားတဲ့သူ) ၄ - ဂုရုပန်ဒရန်း (ဆူရိယဗာဒန်ကြောင့် နိုင်ငံရေးသမား ဖြစ်လာတဲ့သူ) ၅ - အာဒီးရာ (ဆူရိယဗာဒန်ရဲ့ ညီအရင်း) ဒီ၅ယောက်ကို အုပ်ချုပ်ပြီး ၊ ဒီ၅ယောက်ရဲ့ အကူအညီနဲ့ ကိုလာရွှေလုပ်ကွက်ကို လည်ပတ်နေတာ....။ "ရော့ကီ့အကြောင်း" ရော့ကီဟာ ဘုံဘေမြို့မှာနေထိုင်တယ်။ ငယ်ကလည်းက ဇရှိတယ် ၊ လက်ရဲတယ်။ရည်မှန်းချက် ကြီးမားတယ်။ သွားလေသူ မိခင်ပေးခဲ့တဲ့ ဘ၀ခွန်အားတွေကြောင့် အမြင့်ဆုံးကို ရောက်ချင်နေတဲ့သူ။ ငယ်ကလည်းက လက်ယဉ်တာကြောင့် ဘုံဘေရှက်တီဆိုသူ လူမိုက်ကြီးရဲ့ လက်သပ်မွေးခြင်းကို ခံရတဲ့သူ။ ရှက်တီ့မှာ ကြုံလာသမျှ ဘေးရန်တွေ ၊ ရှက်တီ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ကိုင်ပေးရင်း သူမတူတဲ့သူ့အစွမ်းအစကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မကြည်တာကို ခံရတဲ့သူ။ သူ့အစွမ်းအစကို ရှက်တီက အသိအမှတ်မပြုပေမယ့် ရှက်တီ့အထက်က အကောင်ကြီးတစ်ကောင်ဖြစ်တဲ့ နံပါတ် ၃ အိုးစားဖက် အင်ဒရူးက ရော့ကီ့အကြောင်းကို ကြားပြီး အလုပ်တစ်ခု လာကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အလုပ်က လုံခြုံရေးအပြည့်ယူထားပြီး ဘန်ဂလောမြို့ကို လာမယ့်လူတစ်ယောက်ကို အပြတ်ရှင်းပေးရမှာ...။ ဒီတော့ သူဟာ ဘုံဘေကနေ ဘန်ဂလောကို ခရီးထွက်လာခဲ့ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။ အပိုင်း၂အတွက်ဆိုရင်တော့ ဇာတ်ဆောင် အသစ်တွေ မြင်ရတော့မှာပါ။ ရာမီကာစိမ်းဆိုတဲ့ လူထုဩဘာသံနဲ့အတူ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူနဲ့ ဆူရီးယားဗာဒန်ရဲ့ ညီ၊ ဂါရူးဒါးရဲ့ ဦးလေးဖြစ်တဲ့ အားဒီးယားပါ။ အပိုင်း၁မှာတော့ သူတို့အကြောင်း အနည်းငယ်မျှသာ ပါဝင်ခဲ့ပြီး အပိုင်း၂မှာတော့ ရော့ကီရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ မကြာခင်ထွက်လာတော့မယ့် အပိုင်း၂ကို စောင့်စားရင်း အပိုင်း၁ကို အရင်ကထက် ပိုလန်းတဲ့ အရည်အသွေး၊ ပိုကောင်းတဲ့မြန်မာမှု၊ မူရင်းအသံတို့နဲ့အတူ ပြန်လည် ခံစားလိုက်ကြရအောင်ဗျာ။ File Size :(1.20 GB ) and (600 MB) Quality : WEB-DL 720p Running Time : 2h 36min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL-1080p-UNTOUCHED-AVC-DD5.1  Translated by Myint Thu & Nyi Nyi Koe (MLMC) Encoded by Phyo Pyae

Music
7.5 2018 156 mins
K.G.F: Chapter 1
Lovers' Concerto
6.8

IMDb 7.2/10 မကြာသေးခင်ကမှ အပျိုကြီး ဘဝကို စွန့်လွှတ်သွားခဲ့တဲ့ မင်းသမီး Son Ye-Jin ရဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အချစ်ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးနဲ့ Son Ye-Jin ရယ်လို့ လူသိများလာခဲ့ပြီး “Best New Actress” ဆုကိုလည်း ရရှိခဲ့ပါတယ် My Sassy Girl ဇာတ်လမ်းနဲ့ လူသိများခဲ့တဲ့ မင်းသား Cha Tae-hyun နဲ့ The Scarlet Letter ဇာတ်ကားက မင်းသမီး Lee Eun-ju တို့ ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီး Moon Geun-young ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ် ဇာတ်လမ်းလေးကတော့ သူငယ်ချင်းသုံးယောက်ကြားက ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ် တစ်နေ့မှာ အီဂျီဟွမ်း(Cha Tae-hyun)ဆီကို နာမည်မပါ လိပ်စာမပါတဲ့ စာတစ်စောင်ရောက်လာခဲ့ရာကနေ သူငယ်ချင်းသုံးယောက်ရဲ့ အတိတ်ဇာတ်လမ်းကို ပြန်ပြောင်း သတိရဖို့ဖြစ်လာပါတယ် လွန်ခဲ့တဲ့ ၅ နှစ် ကောလိပ်ကျောင်းသား ဘဝတုန်းက ကော်ဖီဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်နေရင်းနဲ့ ဂျီဟွမ်းတစ်ယောက် ရှင်းဆူးအင်(Son Ye-Jin) နဲ့ ဂင်ဂယောင်ဟီး(Lee Eun-ju) ဆိုတဲ့ မိန်းကလေးနှစ်ယောက်နဲ့ သိကျွမ်းခဲ့ရပါတယ် နှစ်ကိုယ့်တစ်စိတ်လို့ ဆိုရလောက်အောင် ရင်းနှီးချစ်ခင်ကြတဲ့ ကောင်မလေးနှစ်ယောက် နဲ့ ဂျီဟွမ်းတို့ အကြား ချစ်ခြင်းမေတ္တာ ပေါက်ဖွားလာတဲ့အခါမှာတော့ အခြေအနေတွေက တမျိုးတဖုံပြောင်းလဲသွားခဲ့ပြီး ကောင်မလေးနှစ်ယောက်လုံး ဂျီဟွမ်းရဲ့ ဘဝထဲကနေပျောက်ကွယ်သွားကြပါတယ် ငါးနှစ်ကြာမှ ရောက်လာတဲ့ နာမည်မပါ လိပ်စာမပါတဲ့ စာလေးတစ်စောင်ကနေတဆင့် သူတို့နှစ်ယောက်နဲ့ ပြန်ဆက်သွယ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေကို သိခွင့်ရလိုက်ပါတော့တယ် သုံးပွင့်ဆိုင်ဆိုပေမဲ့ ဗီလိန်ရယ်လို့ မပါဘဲ သူငယ်ချင်း သံယောဇဉ်နဲ့ အချစ် ကြားက လှပတဲ့ အနှောင်အဖွဲ့တွေကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ရင်ထဲတသသ စွဲထင်ကျန်ရစ်စေမယ့် အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ သူတွေအတွက်တော့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….WEB-DL 1080p and 720p and 480p File size…1.9GB and 765MB and 276MB Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder .....August

Adventure • Animation • Comedy • Family • Mystery
6.8 2002 106 mins
Lovers' Concerto
Satan’s Slaves 2: Communion
7.4

Satan’s Slaves 2: Communion (2022) 2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Horror, History Quality…. 1080p | 720p | 480p File size… 1.86GB | 822MB | 430MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. August

Comedy • Romance
7.4 2022 119 mins
Satan’s Slaves 2: Communion
Now You See Me
5.8

ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသသိုင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ဝူခေတ်နှောင်းပိုင်းမှာ ရုပ်ပြောင်းရုပ်လွှဲပညာကို ကျွမ်းကျင်တဲ့ ရှီကျုံးယွိ၊ စက်ပညာကို ကျွမ်းကျင်တဲ့ ယွမ်ပေါင်၊ အဆိပ်ပိုးကောင်ပညာကို ကျွမ်းကျင်တဲ့ ချီးဖုန်းဟယ်နှင့် မျက်လှည့်ပညာနဲ့ သိုင်းပညာတို့ကို ကျွမ်းကျင်တဲ့ ကျန်အာတို့ဟာ သူရဲကောင်းသူခိုးအဖွဲ့အဖြစ်နဲ့ အစိုးရရုံးတွေကို ခိုးယူခြင်းဖြင့်နာမည်ကြီးနေပါတယ်။ သူရဲကောင်းသူခိုးများအဖွဲ့ဟာ သရဲဝိညာဉ်အဖြစ်ဟန်ဆောင်ပြီး အစိုးရငွေတွေကို လုယူခဲ့တယ်။ စူးမိသားစုလိုက်အသတ်ခံရတဲ့အမှုကို လိုက်လံစုံစမ်းခဲ့တယ်။ နတ်အဖြစ်ဟန်ဆောင်ပြီး ငွေတောင်းနေတဲ့ ရှန်ယင်ဂိုဏ်းကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ အစိုးရရုံးတော်က အမတ်ကြီးလျိုကျီးချန်းက ကြိုးကိုင်ထားတာကို သိခဲ့ရတယ်။ သူတို့ဟာ လျိုအိမ်တော်ထဲဝင်ပြီး သွားရောက်စုံစမ်းချိန်မှာ ပိုကြီးမားတဲ့ လျှို့ဝှက်အကြံအစည်ကြီးတစ်ခုကို သိလိုက်ရပါတယ်။ ထိုအကြံအစည်ကြီးက ဘာများဖြစ်မလဲ …… သူရဲကောင်းသူခိုးများအဖွဲ့ကရော သူတို့ ၄ ယောက်အင်အားနဲ့ လျိုကျီးချန်းရဲ့ စစ်တပ်ကြီးကို အနိုင်ရနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ပါနော်။

5.8 2023
Now You See Me
Death Stranding
6

ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဟောင်ကောင်အက်ရှင်ကားဆိုရင် အလင်းနဲ့အမှောင် မြေအောက်ဂိုဏ်းနဲ့ ဥပဒေဘက်တော်သားတွေ အားပြိုင်တဲ့ဇာတ်ကားဆိုတာ မှန်းမိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိကျန်းက သူ့ညီမသေဆုံးသွားတာ မတော်တဆမဟုတ်နိုင်ဘူးလို့ မသင်္ကာဖြစ်ပြီး (၂)နှစ်ကြာအောင်စုံစမ်းလာခဲ့ပါတယ်။ သူ့ညီမလေးသေဆုံးရတဲ့အကြောင်းအရင်းဟာ ပြည်တွင်းကုမ္ပဏီကြီးတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုတာသိလိုက်ရပြီး အဲဒီကုမ္ပဏီအကြောင်းစုံစမ်းတဲ့အချိန်မှာ ငွေမဲခဝါချမှု မြေအောက်ဂိုဏ်းတွေနဲ့ပူးပေါင်းမှု စတဲ့အမှုတွေနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ ညီမအတွက်လက်စားချေနိုင်ဖို့ ကြိုးစားနေတဲ့……ရဲအရာရှိကျန်း ချစ်သူသေဆုံးရခြင်းအတွက် ပြန်ပေးဆပ်နိုင်ဖို့ကြိုးစားနေတဲ့…… ရဲအရာရှိဟောင်း ဥပဒေအပြင်ဘက်ကလူတစ်ယောက် အလင်းနဲ့အမှောင်နှစ်မျိုးပေါင်းပြီး ဘယ်လိုကြမ်းကြမလဲဆိုတာ အက်ရှင်အမိုက်စားတွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။

6 2023
Death Stranding
Ice Age: The Meltdown
6.8

ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့ emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊ အ​မွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့​တော့တယ်လို့ ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်​ဝေဒနာကို ခံစားခဲ့ရ သလို သူငယ်ချင်း​တွေဖြစ်တဲ့ ဒီ​ယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကို မ​ဖျောင်းဖြနိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံ​ကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူ ဆင်မ​လေးတစ်​ကောင်ဟာ သူ့ဘဝထဲကို ​ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ​ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်​တော့ အယ်လီက ငယ်ဘဝမှာထဲက မိဘ​တွေနဲ့ သင်းကွဲပြီး ကြွက်​မိသားစုရဲ့ ပျိုး​ထောင်မှု​​ကို ခံခဲ့ရလို့ သူ့ကိုယ်သူ ကြွက်လို့ထင်​​နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့ ​မောင်နှစ်​ယောက်ပါ ရှိ​နေပါ​သေးတယ်။ ဒါ​ကြောင့် ဆင်ကြီးမန်နီအ​နေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ ဘဝမှန်ကို အရင်သိ​အောင် ​​ရှင်းပြရသလို သူ့​မောင်နှစ်​ကောင်ကို စည်းရုံး​ရေးဆင်းရင်း ကြုံရမယ့်အလွဲ​​အမှားတွေကို ဟာသ​နှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ File size… 5.9 GB / 2.1 GB / 1 GB Quality… Web-DL 4K HDR / 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Thriller
6.8 2006 91 mins
Ice Age: The Meltdown
Siapa Tutup Lampu?
6.2

Siapa Tutup Lampu? (2021) 2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ …. (အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်) Genre…..Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Comedy • Thriller
6.2 2021
Siapa Tutup Lampu?
Kinds of Kindness
6.9

အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ် Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊ The Favourite နဲ့ The Killing of a Sacred Deer ကို ဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။ သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကို တွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်း မေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရု မစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက် ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီး ရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။ အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊ အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊ လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက် အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေပေါ့။ ဒုတိယပိုင်းက လှေမှောက်ပြီး အကြာကြီး ပျောက်နေတဲ့မိန်းမ အိမ်ကို ပြန်လာတဲ့အခါ လုံးဝပြောင်းလဲသွားတဲ့အတွက် သူ့မိန်းမမဟုတ်ဘူး ဘာကြီးလဲဆိုပြီးအဖြေရှာတဲ့ဇာတ်လမ်းပါ။ တတိယပိုင်းကတော့ လူတွေကို ပြန်ရှင်အောင်လုပ်နိုင်တဲ့ မိန်းမ တစ်ယောက်ကို လိုက်ရှာရတဲ့ ဇာတ်လမ်းပါ။ ကြည့်ပြီးရင်လည်း ချန်နယ်မြန်မာ ဂရုမှာ review တွေလာရေး လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။ File size…8.83GB / 2.67GB / 1.26GB Quality…WEB-DL 4k HEVC 1080p / 720p Format…mkv / mp4 Duration….2h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama
6.9 2024
Kinds of Kindness
This Hero is a Bit Timid
5.6

ဝမ့်ရှောင်ဟွားဟာမတရားမှုတွေကိုကူညီပေးတတ်တဲ့ သိုင်းလောကရဲ့သူရဲကောင်းတစ်ယောက်ပါ။ ဒါပေမယ့် သူကနည်းနည်းတော့ကြောက်တတ်တယ်။ သူ့အတွက်အခွင့်သာနိုင်မယ့် အခြေနေမျိုးတွေမှာသာ မတရားခံရတဲ့ဘက်ကနေဝင်ကူတတ်တဲ့ သူရဲကောင်းလူကြောက်လေးပါ။ မတရားမှုတွေကိုများများကူညီပေးနိုင်ဖို့ အသက်ရှင်ဖို့လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ဆိုဆုပ်ကိုင်ထားတဲ့သူတစ်ယောက်ဖြစ်တယ်။ စူးမော့ယန်းကတော့ အရမ်းကိုသတ္တိရှိပြီး အရည်အချင်းရှိတဲ့ သူရဲကောင်းမလေးတစ်ယောက်ပါ။ တိုင်းပြည်အကျိုးအတွက် သစ္စာရှိအရာရှိတစ်ယောက်ရဲ့ သားနဲ့သမီးကိုကယ်နိုင်ဖို့ ကြိုးစားနေတဲ့သူဖြစ်တယ်။ လူကြောက်လေးဝမ့်ရှောင်ဟွားက စူးမော့ယန်းကိုချစ်မိသွားတဲ့အခါမှာတော့ အသက်စွန့်စားရမယ့်လမ်းကို ယောင်လည်လည်နဲ့လိုက်လာမိခဲ့ပါတယ်။ သူရဲကောင်းငကြောက်လေးက လူဆိုးတွေလက်ကနေ ကလေး၂ယောက်ကိုဘယ်လိုကယ်မလဲဆိုတာ ရယ်ရယ်မောမောကြည့်ရမယ့် သိုင်းကားလေးပဲဖြစ်ပါတယ်။

Drama
5.6 2024
This Hero is a Bit Timid