YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Midnight Studio 2024 - Episode 10 - 1080p [RMC].mp4

699.56 MB N/A video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
The Lost Year 1986
8.5

1986ခုနှစ် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို နောက်ခံထားရိုက်ထားတဲ့ မိသားစုဇာတ်ကားဖြစ်ပါတယ်။ဓာတ်ပေါင်းဖိုကနေယိုစိမ့်လာတဲ့ ရေဒီယိုဓာတ် ရောင်ခြည်တွေက လေကနေတဆင့် ချာနိုဘယ်မြို့ရဲ့ တိမ်တွေထဲမှာစုနေပါတယ်။ ပြည်သူပြည်သားတွေက ကွန်မြူနစ်အစိုးရကြောင့်ဒုက္ခရောက်ကြရတဲ့အထဲ အဆိပ်သင့်ဓာတ်ငွေ့တွေကိုလေကတဆင့်ရှူမိကြလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြပါတယ်။ ဒီနျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ဖြစ်ရပ်ဟာ သမိုင်းမှာရှိတဲ့ဟီရိုရှီးမား ဗုံးပေါက်ကွဲမှုပြီးရင်အထင်ရှားဆုံးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အီရီနာဆိုတဲ့ အမျိုးသမီးဟာ ခေတ်ပျက်ထဲမှာ ကိုယ်ဝန်ရသွားပြီး ဖိအားတွေကြားထဲကနေ အသက်ရှင်ဖို့ရုန်းကန်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်း ဇာတ်လမ်းအေးမယ်လို့ ထင်ရနိုင်ပေမယ့် တစိမ့်စိမ့်နဲ့အရှိန်တက်ပြီးကြည့်လို့ကောင်းတဲ့ကားမျိုးဖြစ်ပါတယ်။ မိဘမေတ္တာနဲ့အဲဒီခေတ်က victimတွေအတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ကားဖြစ်လို့ political drama ကောင်းကောင်းကြည့်ချင်နေသူတွေအတွက် ကွက်တိပါပဲ။

Action • Crime
8.5 2022 90 mins
The Lost Year 1986
Army of the Dead
6.3

ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ ဇာတ်လမ်းက ဒီလိုပါ ..... လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။ အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။ တရားဝင်ငွေ မဟုတ်လို့ပါ။ ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ.. ဒန် .... တန့် ..... တန် ..... ပွဲဦးထွက်မှာတင် IMDb - 7.5/10 ဆိုတော့ ဘာမေးနေစရာ လိုဦးမလဲဗျာ။ Review and Translated by : Mr.Anderson Encoded by : August File size…3.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action & Adventure • Crime • Drama
6.3 2021 148 mins
Army of the Dead
Rumba Therapy
6.2

Rumba Therapy (2023) တိုနီ… တိုနီဟာ အသက်ခပ်ကြီးကြီး ကျောင်းကားဒရိုင်ဘာ၊ မိသားစုမရှိ သားသမီးမရှိ လုပ်ဖောက်ကိုင်ဖက်ကိုလည်း လုပ်ဖော်ကိုင်ဖက်လောက်ပဲ ဘဘောထားတဲ့သူ။ တစ်နေ့တော့ တိုနီတစ်ယောက် နှလုံးဖောက် ဆေးရုံရောက်ပြီး ပြန်သတိရတဲ့နောက် ဆရာဝန်ဟာ ဆွေးမျိုးသားချင်းကို အသိပေးဖို့ တိုနီ့ကို မေးတဲ့အခါ တိုနီဟာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်းဖြေခဲ့ပါတယ်။ ဆရာဝန်ဟာလည်း လူနာတွေကို ဘဝနေဝင်ချိန်မှာ ချစ်ရသူတွေနဲ့ နွေးနွေးထွေးထွေးနေဖို့ တိုက်တွန်းခဲ့ပါတယ်။ နောင်တဆိုတာ နောင်မှ ရဆိုသလိုပဲ တိုနီဟာလည်း တစ်ချိန်က သူ့လုပ်ရပ်တွေအတွက် နောင်တစိတ်ဝင်လာပါတော့တယ်။ တိုနီဟာ မိန်းမနဲ့ သမီးကို စွန့်ပစ်ခဲ့တဲ့ ဖခင်မပီသတဲ့ လူတစ်ယောက်၊ ဒီအမှားတွေကို သူပြုပြင်ချင်လာပါတော့တယ်။ မသေခင်မှာ မိန်းမနဲ့ သမီးကို တွေ့ချင်လာပါတော့တယ်။ အရင်မိန်းမကို ပြန်တွေ့ရတာဟာ လွယ်ကူပါတယ်… ကလေးဘဝကတည်းက သူထားရစ်ခဲ့တဲ့ မာရီယာလေးကို ဖအေအဖြစ်နဲ့ မျက်နှချင်းဆိုင်ရဖို့ကသာ ခက်ခဲတာပါ။ ဒီတော့ သမီးရှိရာ အကသင်တန်းကျောင်းကြီးကို လိုက်လာရင်း… တိုနီဟာ သူ့သမီးကို သူဟာ မာရီယာ့ဖအေပါလို့ ဘယ်လို အသိပေးမလဲ အသိပေးနိုင်ခဲ့တဲ့နောက်ရော ဘယ်လိုတွေ ဆက်ဖြစ်မလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.4GB | 706MB Format… mp4 Duration….1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

Thriller • Mystery
6.2 2023
Rumba Therapy
In the Company of Women
6.5

ယခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ စပိန်-ပြင်သစ် ဒရာမာအမျိုးအစားဇာတ်ကားဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ In the company of women လို့ခေါ်ပါတယ်။ ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားပြီး ၁၉၇၀ ခုနှစ်ကာလကစပိန်နိုင်ငံမှအမျိုးသမီးတစ်စုကကိုယ်ဝန်သည်အမျိုးသမီးတို့အားကိုယ်ဝန်ဖျက်ချဖို့ကူညီပေးကြပုံ၊ လွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်ရဖို့ဆန္ဒထုတ်ဖော်ကြပုံများအကြောင်းရိုက်ကူးထားပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေ၊မလိုလားတဲ့ကိုယ်ဝန်ရလာခဲ့တဲ့အမျိုးသမီးတွေရဲ့ခံစားရပုံတွေလည်းရိုက်ကူးဖော်ပြထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းယခုအချိန်ထိလွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်မရရှိသေးတဲ့အတွက် မလိုလားအပ်တဲ့ကိုယ်ဝန်ကိုရလာခဲ့တဲ့အမျိုးသမီးများဟာအတော်လေးကိုဒုက္ခရောက်ရပါတယ်။ အဓမ္မပြုကျင်ခံရလို့မယူချင်တဲ့လူနဲ့ယူလိုက်ရတာမျိုးတွေဟာကျွန်တော်တို့ရဲ့မျက်ကွယ်မှာရှိနေပါသေးတယ်။ ဒီလိုအကြောင်းအရာတွေအကြောင်းကိုခံစားနားလည်သိရှိနိုင်ဖို့အတွက် ပညာပေးအနေနဲ့ဒီဇာတ်ကားကိုကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် ဘီရာဆိုတဲ့အမျိုးသမီးငယ်လေးဟာအမေဖြစ်သူအိမ်ဖော်အနေနဲ့အလုပ်လုပ်တဲ့အိမ်မှာလိုက်ကူလုပ်ပေးပါတယ်။သူမဟာအားတဲ့အချိန်မှာလည်း မိတ်ဆွေတွေနဲ့အတူ အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြတာ‌တွေလုပ်ဆောင်လေ့ရှိပါတယ်။ထိုခေတ်ကစပိန်နိုင်ငံဟာတရားဝင်ကိုယ်ဝန်ဖျက်ချခွင့်မရသေးတဲ့အတွက် အမျိုးသမီးများဟာခိုးကြောင်ခိုးဝှက်ကိုယ်ဝန်ဖျက်ရပါတယ်။မိသွားခဲ့ရင်စစ်ဆေးခံရပါတယ်။ဘီရာနဲ့အပေါင်းအပါများဟာကိုယ်ဝန်ဖျက်ချချင်တဲ့အမျိုးသမီးများကိုပြင်သစ်နိုင်ငံသို့ပို့ပေးပြီးကိုယ်ဝန်ဖျက်ချဖို့ကူညီပေးပါတယ်။တရက်မှာသူမအလုပ်လုပ်တဲ့အိမ်ကအမျိုးသမီးငယ်လေးတစ်ယောက်နဲ့ရင်းနှီးသွားပါတယ်။အဲဒီနောက်ချစ်ကြိုက်သွားခဲ့ကြပါတယ်။ထိုအမျိုးသမီးလေးမှာလည်းမလိုလားအပ်တဲ့ကိုယ်ဝန်ရှိနေတဲ့အခါမှာ ဘီရာတစ်ယောက်ဘာဆက်လုပ်မလဲဆိုတာကိုခံစားကြည့်ရှုကြပါခင်ဗျာ။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm

Romance • History • Comedy
6.5 2023 94 mins
In the Company of Women
Trading Places
7.5

Trading Places (1983) ~ IMDb – 7.5/10, RT – 88%, Meta – 69% ~ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး စာချုပ်တွေက ဈေးကွက်စချိန်မှာပဲ ရောင်းဝယ်ပြီးကြပါပြီ။ ကိုင်ထားတာကတော့ ပွဲစားတွေပေါ့။ သူတို့ဆီကနေမှ တကယ့် ကုန်သည်တွေ လယ်သမားတွေက စာချုပ်တွေမှာပြီး ကုန်ပစ္စည်းနဲ့တကွ ရောင်းဝယ်ရတာပါ။ ဒီတော့ ရောင်းသူဖြစ်ဖြစ် ဝယ်သူဖြစ်ဖြစ် မြတ်စွန်းအောင် ပွဲခံပေးနိုင်တဲ့ ပွဲစားတွေက လူကြိုက်များ အလုပ်ဖြစ်တာပေါ့လေ။ ဒီဇာတ်ကားကို ရိုက်ကူးမယ်လုပ်တုန်းက အခြားသရုပ်ဆောင်တွေကို မှန်းထားကြတာ။ ဒါပေမဲ့ Dan Aykroyd ရယ် Eddie Murphy ရယ် ဝင်လိုက်ရတယ်ပေါ့။ ကျွန်တော်တို့ မာဖီ ကြီးက အဲဒီတုန်းက အကောင်မဖြစ်သေးဘူး။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ကားတွေထဲက ဒုတိယကားပဲရှိသေးတယ်။ ပြီးတော့ ဒုတိယမင်းသားအနေနဲ့ ပါဝင်ရတာ။ ဒါပေမဲ့ မင်းသားနေရာပေးပုံကတော့ ဇာတ်လမ်းအရ ဇာတ်ကွက်အရ အတူတူပါပဲ။ နှစ်ယောက်လုံး လုပ်ကွက်ရကြတယ်။ ဟာသပိုင်းကိုတော့ မာဖီကြီးပဲ သယ်ရတာပါလေ။ ဒီဇာတ်ကားက ဟာသဆိုတာထက် သရော်တဲ့ဇာတ်ကားပါ။ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုတွေကြားမှာ မလူးသာရတဲ့ကြားထဲ ဩဇာရှိ ပွဲစားကြီးတွေရဲ့ မသမာလုပ်မှုကြားမှာ ချမ်းသာပြီးသားသူတွေပဲ ချမ်းသာရတဲ့အကြောင်း ပညာပေးရိုက်ပြထားသလိုပါပဲ။ ဇာတ်ကားက ကြည့်သူရော ဝေဖန်သူရော အကြိုက်တွေ့ခဲ့ပြီး အမြတ်အစွန်းကြီးတဲ့ဇာတ်ကားတွေထဲလည်း ပါခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပွဲစားညီနောင်နှစ်ယောက်က သူတို့အချင်းချင်း အပျော်သဘော လောင်းကစားလုပ်ကြတယ်။ သူတို့ငြင်းခုန်နေတာက လူတစ်ယောက် ကောင်းစားရေးဟာ မျိုးရိုးဗီဇနဲ့ဆိုင်သတဲ့။ ပြိုင်မြင်းတွေလိုပဲ မွေးကတည်းက အပြေးမြန်နေတဲ့ကောင်မျိုးတွေပေါ့။ တစ်ယောက်ကတော့ မျိူးရိုးဗီဇနဲ့မဆိုင် ပတ်ဝန်းကျင်နဲ့ဆိုင်သတဲ့။ ဒီတော့ သူတို့လုပ်ငန်းက မန်နေးဂျင်း ဒါရိုက်တာတစ်ယောက်ကို လမ်းဘေးမှာ လိမ်ညာတောင်းစားနေတဲ့ သတောင်းစားတစ်ယောက်နဲ့ နေရာချင်းလဲပစ်လိုက်ပါလေရော။ မျိုးရိုးကောင်းတဲ့ မန်နေဂျာကောင်ကို လမ်းဘေးပို့လိုက်လို့ ရာဇဝတ်ကောင်ဖြစ်သွားရင်၊ သူတောင်းစား ကုမ္ပဏီထဲရောက်လာပြီး လုပ်ငန်းတွေ လည်ပတ်နေနိုင်ရင် ပတ်ဝန်းကျင်သမားက နိုင်မယ်ပေါ့လေ။ ဒီလိုနဲ့ မန်နေဂျာမင်းသားနဲ့ သူတောင်းစားမင်းသားတို့ နေ့ချင်းညချင်း ဘဝတွေပြောင်းပြန်ဖြစ်ကုန်ပြီး ပရမ်းပတာတွေဖြစ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 920MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 56Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.5 1983
Trading Places
Dragon Hunter
5.7

တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ…. သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။ နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး နဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။ သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင် ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး သတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။ အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျ မဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးက အဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။ သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား…… ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား

5.7 2023
Dragon Hunter
The Devil’s Wedding Night
5.3

The Devil’s Wedding Night (1973) Genre – Horror ကမ္ဘာမြေပေါ် ဥက္ကာခဲကြွေကျတုန်းက အဲဒီဒြပ်ထုနဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်းလက်စွပ်ဆိုတာက အစွမ်းထက်ပြီး လူသားမျိုးနွယ်ကိုပါ လွှမ်းမိုးနိုင်တယ်တဲ့။ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာရှီလာဟာ ဒီလက်စွပ်အကြောင်းကို စုံစမ်းနေရင်း တည်နေရာကို သိသွားခဲ့ပါတယ် အဲဒါကတော့ နာမည်ကျော် ထရန်ဆယ်ဗေးနီးယားက ဒရက်ကူလာရဲတိုက်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့လာချင်ဇောအားကြီးနဲ့ ဒေါက်တာရှီလာတစ်ယောက် လာဒရက်ကူရွာလေးကို ခရီးထွက်လာပါတော့တယ်။ တည်းခိုခန်းမှာ ခဏနားတော့လည်း ဒေသခံတွေက မနက်ဖြန်လပြည့်နေ့ဟာ နှစ် ၅၀ မှ တစ်ကြိမ်ဖြစ်တဲ့ အပျိုစင်လပြည့်ည ဖြစ်ပြီး ဒရက်ကူလာရဲတိုက်ကိုသွားတဲ့ ရွာထဲက အပျိုစင်တွေဆိုရင် အသွားပဲရှိပြီး အပြန်မရှိတဲ့ ဒဏ္ဍာရီကို ကြားဖူးကြလို့ မသွားဖို့ တိုက်တွန်းပေမဲ့လည်း သုတေသီပီပီ စူးစမ်းလိုစိတ်များကြီး ဒရက်ကူလာရဲတိုက်ကြီးကို ရောက်သွားတဲ့အခါမှာတော့……။ ရှေးဟောင်းကားလည်းဖြစ် ဥရောပကားလည်းဖြစ် သရဲကားလည်းဖြစ်ပြန်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းတဲ့အခန်းတွေ ပါဝင်တာကြောင့် သတိတစ်ချပ် ပြုစေလိုပါတယ်ဗျာ။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Drama • History
5.3 1973 83 mins
The Devil’s Wedding Night
Do Aur Do Pyaar
6.4

Do Aur Do Pyaar (2024)”နှစ် အပေါင်း နှစ်” ================================== ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး ဗီဒယာဘာလန်ရဲ့ IMDb 6.5/10 ရ အသစ်ထွက် dark fantasy ဆန်ဆန် အချစ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဆိုတာ သွားတိုက်ဆေးနဲ့တူတယ်။ မကုန်မချင်း ဖျစ်ညှစ်ခြစ်ကုပ်ပြီး သုံးကြပေမဲ့ ကုန်သွားရင်တော့ လွှင့်ပစ်ပြီး အသစ်ဝယ်ရတော့တာပဲတဲ့။ အန်နီနဲ့ ကာဗ်ရာတို့ လင်မယားနှစ်ယောက်ဟာ ချစ်လွန်းလို့ ခိုးပြေးလက်ထပ်ခဲ့ကြတဲ့သူတွေပါ။ သူတို့ဟာ ချစ်စကြင်နာစမှာတော့ ပျော်ရွှင်ခဲ့ကြပေမဲ့ အိမ်ထောင်သက် ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် အေးစက်လာပြီး အချစ်သစ်တွေရှာမိကြပါတော့တယ်။ သူတို့နှစ်ယောက်လုံးဟာ အသစ်တွေ့နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားနာပြီး သူက ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း လမ်းမခွဲဘဲ တအုံ့နွေးနွေးဖြစ်နေကြတာပါ။ သူတို့တွေ တစ်ယောက်အကြောင်းကို တစ်ယောက်သိသွားကြမှာလား၊ ဖွင့်ပြောရင်ရော ဘယ်လိုတွေဖြစ်ကုန်မှာလဲ၊ လေးပွင့်ဆိုင်ဇာတ်ကို ဘယ်လိုကကြမလဲဆိုတာကို ဒီဒီရုပ်ရှင်ထဲမှာ ပုံစံတစ်မျိုးနဲ့မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL~ ToMo ~ KKKZ ~ Alex ~ Zwe Yan တို့ဖြစ်ပါတယ်။)

6.4 2024
Do Aur Do Pyaar
Tyler Perry’s Divorce in the Black
5

ဒီဇာတ်ကားကို Medea movie Franchise နဲ့ နာမည်ကြီးလာတဲ့ Tyler Perry က director အဖြစ်နဲ့ရော ဇာတ်ညွှန်းဆရာအဖြစ်ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ လူမည်းသရုပ်ဆောင်တွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အိမ်ထောင်ရေး Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် Ava ဟာ သူ့ယောကျ်ားကို အရမ်းချစ်ပြီးတော့ဂရုစိုက်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ဒါပေမယ့် သူ့ယောကျ်ား Dallas က‌တော့ Ava ကို အကောင်းမမြင်ပဲနဲ့ ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် ကွာရှင်းပြီးသွားတာတောင်မှ မကျေနပ်နိုင်သေးပဲ Ava ကို လိုက်နှောင့်ယှက်နေပါတယ်။ Dallas က Ava ကို ဘယ်လိုတွေလိုက်နှောင့်ယှက်မလဲ.. ဘာလို့လိုက်နှောင့်ယှက်နေတာလဲ.. Ava ကရော သူ့လက်ထဲကနေလွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ရသမျိုးစုံခံစားရအောင် ကြည့်ရမှာဖြစ်ပါတယ်။ File size…1.89GB / 793MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Thriller • Action
5 2024 121 mins
Tyler Perry’s Divorce in the Black
The Summer with Carmen
6.9

ဒီဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Romance ဖြစ်ပြီး အေသင်မြို့ရဲ့ Queer Beach မှာ အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုကို အတူတူရေးကြဖို့အတွက် လွန်ခဲ့တဲ့နွေရာသီတွေမှာ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြတဲ့ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပါတယ်။ Demosthenes နဲ့ Nikitas တို့က ဒရမ်မာကျောင်းတစ်ခုမှာ အတူတူတက်ရင်း သူငယ်ချင်းဖြစ်လာရာကနေ Demosthenes က သရုပ်ဆောင်လောကမှာ မအောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဝန်ကြီးဌာနတစ်ခုမှာ ဝန်ထမ်းလုပ်နေရသူပါ။ Nikitas ကလည်း လူရွေးပွဲတွေ ဝင်ပြိုင်သော်ငြား သူ့ကို ဘယ်သူကမှ မရွေးချယ်ကြတဲ့အတွက် ဒါရိုက်တာဘက်ကို လိုင်းပြောင်းနေတဲ့သူပါ။ သူတို့နှစ်ဦးသားရဲ့ ရည်းစားဟောင်းနဲ့အတွေ့အကြုံတွေ၊ မိသားစုအခက်အခဲတွေ၊ ကာမန်လို့ခေါ်တဲ့ လမ်းဘေးခွေးလေးတစ်ကောင်ကို ခေါ်ယူမွေးလိုက်ပုံတွေ စတာတွေကိုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Crime • Documentary
6.9 2023 106 mins
The Summer with Carmen
Deadpool & Wolverine
7.9

Deadpool & Wolverine (2024) IMDb Rating (7.9) / Rotten Tomatoes (78%) Official WED-DL Version ရုပ်သံအကြည်ထွက်လာလို့ 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါပြီ။ Deadpool & Wolverine (2024) အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး စတာတွေကိုလည်း Channel Myanmar Web and App မှာ အသင့်တင်ပေးထားပါတယ်။ Deadpool & Wolverine (2024) ရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki စီးရီး ကို အရင်ကြည့်ရင် ပိုနားလည်မှာပါ။ ဇာတ်လမ်းအကျဉ်း ဒက်ပူးဟာ အဗန်ဂျာအဖွဲ့ထဲကို ဝင်ဖို့ကြိုးစားပေမဲ့ မအောင်မြင်တာရယ်၊ စော်နဲ့ ပြတ်တာရယ်ကြောင့် စိတ်ဓာတ်ကျပြီး ကားအရောင်းစာရေးပဲ လုပ်နေတော့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အချိန်စီးကြောင်းကွဲထွက်တာတွေကို ထိန်းချုပ်တဲ့ TVA ဆိုတဲ့အဖွဲ့က လာဖမ်းသွားပါတယ်။ အဓိက အကြောင်းရင်းကတော့ ဒက်ပူးရဲ့ စကြဝဠာက ပျက်စီးတော့မှာဖြစ်လို့ ဒက်ပူးကို ပျက်စီးတဲ့အထဲ မပါအောင် သူတို့အေးဂျင့်အဖြစ်ခိုင်းလို့ရအောင် ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စကြဝဠာကို မပျက်စီးအောင် ကယ်ဖို့ ဝူးဗရင်းရဲ့ အကူအညီနဲ့ ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတဲ့အခါ စကြဝဠာပေါင်းစုံကို ခြေဆန့်ပြီး ဝူးဗရင်းတစ်ယောက်ကိုရှာပါတော့တယ်။ နောက်ပိုင်းမှာတော့ ဝူးဗရင်းနဲ့ဒက်ပူး နှစ်ယောက်သား အချင်းချင်းချလိုက်၊ စွန့်စားခန်းတွေဖွင့်လိုက်ဖြစ်နေတာကို ဆက်ကြည့်ရုံပါပဲ။ ဒီရုပ်ရှင်မှာ အရင်ရုပ်ရှင်တွေထဲက နာမည်ကြီး ဇာတ်ကောင်တွေကို ဧည့်သည်အဖြစ်ထည့်ပြီးဟာသတွေလုပ်ထားတာမို့ ရယ်လည်းရယ်ရ ကြည့်လို့လည်း ကောင်းပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။

Comedy • Horror • Science Fiction
7.9 2024
Deadpool & Wolverine
Mr. Crocket

Horror ကားတွေ ကြိုက်နှစ်သက်တဒ့သူတွေအတွက် မကြာသေးခင်က ထွက်ရှိထားတဲ့ Mr. Crocket နဲ့ မိတိဆက်ပေးပါရစေ။ Hulu က ထွက်ရှိထားတာဖြစ်ပြီး run timeကလည်း သိပ်မကြာမြင့်ပါဘူး။ Mr. Crocket ဆိုတာ တကယ်တော့ ကလေးတွေအကြိုက် show တင်ဆက်သူ ဖြစ်ပါတယ်။ Mr. Crocket ဟာ ငယ်ဘဝမှာ ဖခင်ဖြစ်သူဆီက နှိပ်စက်မှုကို ခံခဲ့ရသူပါ။ အရွယ်ရောက်လာချိန်မှာ ကလေးတွေအားလုံးကို မိဘဆိုးတွေလက်ထဲက ကယ်တင်ပြီး ပျော်အောင်လုပ်ပေးချင်တဲ့အတွက် Mr. Crocket ဆိုတဲ့ show ကို စတင်ခဲ့ပါတယ်။ သိူ့ပေမယ့်လည်း ရဲတွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ဆုံးပါးသွားပါတယ်။ သူမသေခင်မှာ ငရဲဘုံတစ်ခုကို ဖန်တီးပြီး အလဲအထပ်အနေနဲ့ မိဘဆိုးတွေကို ငရဲပြည်ပို့ကာ ကလေးတွေကို သူ့အနားမှာ ခေါ်ထားခဲ့ပါတယ်။ Summer ဆိုတဲ့ အမျိုးသမီးဟာလည်း သူ့ရဲ့သားလေး ဖြစ်တဲ့ Major ကို Mr. Crocket ဆီ ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုနဲ့ Summer တစ်ယောက် သားဖြစ်သူ Major ကို Mr. Crocket လက်ထဲက ဘယ်လို ကယ်တင်မယ်ဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ File size…(1.9 GB)/(932 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Romance • Drama
0 2024
Mr. Crocket
Scooby-Doo! & Batman: The Brave and the Bold
6.5

စကူဘီဒူးတို့အုပ်စု ထူးဆန်းထွေလာတွေနဲ့အတူပြန်လာခဲ့ပါပြီ ဒီတစ်ခါမှာတော့ ခါတိုင်းနဲ့မတူဘဲ Batman ရဲ့အမှုကို သူငယ်ချင်းတစ်သိုက်က ပါဝင်အားဖြည့်ပေးကြမှာပဲဖြစ်ပါတယ် တစ်နေ့မှာ ဂေါ့သန်မြို့က ဓာတုသိုလှောင်ရုံတစ်ခု ဖောက်ထွင်းခံလိုက်ရပေမဲ့ ဒီအမှုက သာမန်ဟုတ်မနေဘဲ batmanရဲ့ အတိတ်က မပြီးပြတ်သေးတဲ့ အမှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့ မေးခွန်းထုတ်စရာအခြေအနေတွေပေါ်လာပါတော့တယ် DC Universeက ဟီးရိုး‌တွေနဲ့ စကူဘီဒူးတို့စကွက်ရဲ့ ဂယက်တွေကို ဟာသနှောလျက်သားကြည့်ရှုရမှာဖြစ်ပြီးတော့ အကုန်လုံးပူးပေါင်းပြီး အမှုကိုတစ်ဆင့်ချင်းဖြေရှင်းသွားကြပုံတွေကို ဒီmovieထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ File Size : 1 GB, 537 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

6.5 2018 76 mins
Scooby-Doo! & Batman: The Brave and the Bold
And Mrs
5.9

IMDb Rating – 5.9/10 ဒီကားကိုတော့ ဒါရိုက်တာ Daniel Reisinger ရိုက်ကူးထားပြီး မင်းသား Colin Hanks နဲ့ မင်းသမီး Aisling Bea နဲ့ Billie Lourd တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားတော့ အချစ်ဒရာမာဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ ရင်ထဲကိုထိသွားစေမယ့် လက်ရာကောင်းလေးပါ။ ဂျမ်မာ နဲ့ နေသန်နဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး‌တော့ လက်ထပ်ဖို့အတွက် အရာအားလုံးကို စီစဉ်ပြီးနေပါပြီ။ နေသန်ကတော့ ရိုးအတဲ့လူဖြစ်ပြီးတော့ ဂျမ်မာကတော့ ချစ်တာကိုထုတ်မပြတတ်တဲ့အပြင် လက်ထပ်တာကိုလည်း မယုံဘူးဆိုပြီး နေလာခဲ့တဲ့သူပါ။ ဒီလိုနဲ့ လက်မထပ်ခင်မှာတင်ပဲ နေသန်က ရုတ်တရက်သေဆုံး သွားခဲ့ပါတယ်။ ချစ်ရသူသေဆုံးသွားတဲ့နောက်မှာ ဂျမ်မာက နေသန့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်ပေးဖို့အတွက် ဆုံးဖြတ်လိုက်တဲ့အခါ‌ နေသန်အမြဲဖြစ်ချင်ခဲ့သလို သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို ဆက်ကျင်းပဖို့ ကြိုးစားပါတော့တယ်။ သတို့သားသေဆုံးသွားတဲ့ မင်္ဂလာပွဲကို ဆက်ကျင်းပဖို့အတွက် နေသန့်ညီမ အော်ဒ‌ရေးရဲ့ အကူအညီနဲ့အတူ မိသားစုဝင်တွေရဲ့ သဘောမတူမှုတွေကြားမှာ ဂျမ်မာ ဘယ်လိုဆက်လုပ်မှာလဲ…. တရားဥပဒေအရ လိုအပ်ချက်‌တွေကို ပြည့်မီအောင် ဂျမ်မာလုပ်နိုင်မှာလား… လူတွေရဲ့ ထောက်ခံမှု၊ ကန့်ကွက်မှုမျိုးစုံရဲ့ ကြားကနေ ဂျမ်မာရဲ့ နေသန့်ဆန္ဒကို ဖြည့်ဆည်ပေးတဲ့ကိစ္စက အောင်မြင်သွားမလား… ချစ်ရသူကို သူဘယ်လောက်ချစ်ကြောင်း မပြောဖြစ်ခဲ့လို့ နောင်တရခဲ့တဲ့ဂျမ်မာရဲ့ လက်ထပ်ပွဲအတွက် စွန့်စားခန်းလေးကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.46GB) / (866MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5.9 2024 111 mins
And Mrs