YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Midnight Studio(2024) EP13 WEB-DL 720P[CM].mp4

354.91 MB N/A video/mp4 839 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Burn Notice: The Fall of Sam Axe
6.5

2011 ခုနစ်ကထွက်ရှိခဲ့တဲ့ စစ်ဟာသကား တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ The Last of Us မှဘဲကြီး Pedro Pascal ကလူဆိုးနေရာက ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်အက်ဇ်လို့ခေါ်တဲ့ SEAL ရေတပ်မှူးက မိန်းမပွေတဲ့နေရာမှာ သူမတူဘဲ အထက်အရာရှိ ရဲ့မိန်းမတစ်ယောက်နဲ့ သွားမှားမိရာကစပါတယ်။အဲ့တာနဲ့ သူ့အထက်ဗိုလ်မှူးယောကျ်ားလည်း မိရော သူ့ကို ကိုလံဘီယာဆီ စစ်ဆင်ရေးအနေနဲ့အပို့ခံလိုက်ရပါတယ်။ ကံဆိုးလို့ပွေရှုပ်ရာကနေ ချောင်အပို့ခံလိုက်ရပေမဲ့လည်း ဆမ်ရဲ့ကံအကြောင်းမတိုက် ဆိုင်မှုက ဒီမှာတင်မရပ်သေးပါဘူး။ ဖြစ်ချင်တော့ သူရောက်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ထင်သလို လူကောင်းတွေ မဟုတ်နေပြန်ဘဲ သူတို့ကယ်ထုတ်ရမဲ့ လူတွေကို ကိုယ်တိုင်ပြန်တိုက်ခိုက်ဖို့အစီ အစဉ်ဆွဲနေမှန်း သိလိုက်ရပါတယ်။ဒါတင်မကဘဲ သူ့ကိုပါလုပ်ကြံ နှုတ်ပိတ်မဲ့အကြောင်းကိုလည်းကြားရော ဆမ်ဟာ ထိုကနေထွက်ပြေးပြီး ဆေးခန်းကသူတွေရှိရာကို သတိပေးဖို့ဉီးတည်လာခဲ့ပါတယ်။ အဲ့မှာ ဆန့်ကျင်သူပုန်အဖွဲ့ဖြစ်တဲ့ အယ်စပါဒါ အယ်ဒီယန်တဲ ကလည်း သူတို့နဲ့ဝိုင်းဝန်းပြီး ကူညီခဲ့ပြန်ပါတယ်။ အပြစ်မရှိသူတွေကို ကိုယ့်ကိုယ် ကျိုးအတွက် ယုတ်မာပြီး တပ်ကူနဲ့ ဒေသဆိုင်ရာ ချုပ်ပိုင်နိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဗယ်ရာခရူစ်တို့အဖွဲ့ကလည်း အခြေအနေတွေ မလွယ်ကူတော့ဘဲ အရင်ကထက် အများကြီးရှုပ်ထွေးလာရော သူတို့အကြံအစည်အောင်မြင်ရေးအတွက် ဆမ်တို့ကို ရှင်းလင်းနှုတ်ပိတ် ဖို့ မြေလှန်ရှာပါတော့တယ်။အဲ့မှာ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ ဆမ်တို့ရဲ့တပ်ဖွဲ့က လက်နက်ကိုင်တပ်မကြီးကို ဘယ်လိုခုခံ တွန်းလှန်သွားမလဲ။ ခုမှတွေ့ရတဲ့သူတွေ အတွက်ဆမ်ရဲ့ အနစ်နာခံမှုက ဘယ်လိုရှိမှာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရူလိုက်ပါ။ နယ်စပ်ဒေသတွေ မှာဖြစ်လေ့ဖြစ်ထ ရှိတဲ့ဖြစ်ရပ်တွေကို ထင်ဟပ်ရိုက် ပြထားတာဖြစ်တဲ့အတွက် ဗဟုသုတလည်း အတော်ရမဲ့ဇာတ်လမ်းပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ ဆမ်အဖြစ် Bruce Campbell နဲ့ RonReaco Lee၊Kiele Sanchez၊ Ilza Ponkoတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…2.47GB / 1.09GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Thriller
6.5 2011 120 mins
Burn Notice: The Fall of Sam Axe
Dragon Sword
10

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်.... ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ... သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ ... ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်.... ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်.... ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ... ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး... ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး... နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့... မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ.... သူစာမေးပွဲတွေကို အောင်ပါ့မလား... ဘာစာမေးပွဲတွေလဲ... နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်... [ Reviewed by Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Romance
10 2018 86 mins
Dragon Sword
Chip ‘n Dale: Rescue Rangers
7.3

Chip ‘n Dale: Rescue Rangers (2022) ~ IMDb – 7.3/10, Rotten Tomatoes – 79% ~ Chip ‘n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating – 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip ‘n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။ ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။ ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။ ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။ ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။ Size – 1.51GB, 853MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 37Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung, 666 Encoded by Y

Family • Fantasy • Music
7.3 2022
Chip ‘n Dale: Rescue Rangers
[21+] SexWorld
6.2

ဆုတွေ တသီကြီးရထားတဲ့ ဆင်ဆာမဖြတ် အမေရိကန် ဘွင်းဘွင်းရှင်းရှင်း ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ လူကြီးကြိုက်ဇာတ်ကားလေးလာပါပြီ ချစ်ချင်းတရားတွေက ရိုးအီတက်လား အဲလိုပြောရင် တစ်ချို့က လက်မခံကြဘူး တစ်ချို့က လက်ခံတယ် ပြောရရင် ခုတင်ပေါ်ကကိစ္စက အဆိုးဆုံးဖြစ်နေတယ် လင်မယားတွေ အဆင်မပြေတဲ့ ဆက်ဆံရေးကို အကောင်းဆုံးဖြေရှင်းဖို့ Sex World လို့သမုတ်ထားတဲ့ နေရာလေးတစ်ခုက ရှိနေပါတယ် လေယာဉ်တစ်တန်ကားတစ်တန် လာရပြီး အရမ်းကို ကုန်ရကျိုးနပ်ပြီး ရောက်ဖူးသူတိုင်း မပြန်ချင်ဖြစ်လို့ နာမည်ကြီးနေတဲ့နေရာလေးတစ်ခု အဲဒီထဲမှာ Sex နဲ့ပက်သက်လို့အကုန်ရတယ် ဖြစ်ချင်တာသာပြောလိုက် အကုန်ရတယ်… ဘယ်လောက်တောင် လူ့အကြိုက် သရမ်းနိုင်မလဲ ဘယ်လောက်ထိ ကဲလို့ရလဲဆိုတာ DS Fans တွေအတွက် အထူးတစ်လည် တင်ဆက်လိုက်ပါတယ်

6.2 1978
[21+] SexWorld
I Heard the Bells
7.1

I Heard the Bells (2022) ================= ဒီကားလေးကတော့ သာမာန်ခရစ်စမတ်ကားလေးတွေနဲ့မတူပဲ ဖြစ်ရပ်မှန်ကားလေးကို Documentary ဆန်ဆန်ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းအနေနဲ့ ခရစ်စမတ်နဲ့ပတ်သတ်ပြီး ခရစ်ယာန်ဘာသာကလွဲပြီး လူသိနည်းတဲ့ တစ်ချက်ကတော့ ကျွန်တော်တို့ newyear တို့လို ည၁၂ ကျော်တာနဲ့ ခရစ်စမတ်နေ့ကိုရောက်တာမျိုးမဟုတ်ပဲ church ကျောင်းက ခေါင်း လောင်းထိုးမှသာ ခရစ်စမတ်နေ့ကိုရောက်တာဖြစ်ပါတယ်။ ဇာတ်ကား နာမည် I Heard The Bells ဆိုတာက ဒါကိုဆိုလိုထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ ခရစ်စမတ်နေ့မှာ သီဆိုရတဲ့ ခရစ်စမတ်သီချင်းတွေထဲက တစ်ပုဒ်ကို ရေးသားခဲ့တဲ့သူကတော့1800 ပြည့်နှစ်တွေရဲ့ ကမ္ဘာကျော် ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ဆရာကြီး Longfellow ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဒီခရစ်စမတ်သီချင်းကို ဆရာကြီး Longfellow ဘယ်ဘယ်လိုခံစားချက်တွေကြောင့် ဖန်တီးဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်း အရာကို ဖြစ်ရပ်မှန်အနေနဲ့ရိုက်ကူးပြသထားပေးတာပဲဖြစ်ပါတယ်။ သာမာန် ခရစ်စမတ်ကားတွေနဲ့ကွဲထွက်နေတဲ့အပြင် အနှစ်သာရရှိလှတဲ့ ဆရာကြီး Longfellow ရဲ့လက်ရာကဗျာလေးတွေကိုပါ တစိတ်တပိုင်း ထိတွေ့ခွင့်ရ မယ့်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.49 GB) / (618 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thetti Tun Encoder……….SWM

Horror
7.1 2022 106 mins
I Heard the Bells
Next Goal Wins
6.6

Next Goal Wins (2023) ~ IMDb – 6.6/10, RT – 44%, Meta – 44% ~ ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က “American Samoa” တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ဖြုတ်လိုက်တယ်။ ကျွန်းပေါ်ကနေ နည်းပြအသစ်ရှာဖို့လုပ်တယ်။ သူ့ထက်နည်းနည်းတော်တဲ့ သူ့မိန်းမကတော့ ကျွန်းပေါ်ကလူခန့်လို့ကတော့ ဒီပုတ်ထဲကဒီပဲလာမှာ ကောင်းကောင်းသိတော့ လူဖြူနည်းပြငှားခိုင်းတယ်။ နိုင်ငံတော်သစ္စာဖောက်ရာကျမယ်ဆိုပြီး သူ့လင်က မငှားချင်ပေမဲ့ မိန်းမရဲ့တစ်ချက်လွှတ်အမိန့်အတိုင်း ငှားလိုက်ရတယ်။ စားတာက သူ့သားက အဲဒီအသင်းက ဘောသမားဖြစ်သလို သူအလုပ်ထုတ်လိုက်တဲ့နည်းပြကလည်း သူ့အိမ်မှာတင်နေတာ။ ဒါကို Taika Waititi ကြီး စမိတ်ဆက်သွားတဲ့ပုံကလည်း မိုက်တော့မိုက်တယ်။ မထင်ထားကာမှ ကောက်ကောက်လုပ်ပြသွားတာ။ ဒီကားထဲ အဲဒီလိုအကွက်တွေ သူသုံးသွားတာမနည်းဘူး။ အဲဒီလိုအကွက်တွေက ရယ်ရတဲ့အခန်းမှာ ပိုရယ်ရသွားစေသလို ငိုရမယ့်အခန်းမှာလည်း ပိုငိုရအောင်အသက်သွင်းနိုင်ခဲ့တယ်။ Taika ရဲ့စကေးတစ်ပေါက် သျှမ်းသျှမ်းတောက်အောင် ပြသွားတယ်ပြောရမှာပဲ။ ဒီလိုနဲ့ သူတို့ဆီ Michael Fassbender ရဲ့ ဇာတ်ကောင် ဘောလုံးနည်းပြရောက်လာတယ်။ သူကလည်း အကောင်းတော့ရောက်လာတာမဟုတ်ဘူး။ ပြဿနာရှာလွန်းလို့ ဘယ်သူမှ မသွားချင်တဲ့နေရာကို ထိုးပို့ခံလိုက်ရတာ။ ဒီလိုနဲ့ အမေရိကန်ဆာမိုအာဆိုတဲ့အသင်းတစ်သင်းရဲ့ ဂိုးတစ်ဂိုးသွင်းဖူးချင်တဲ့ဆန္ဒလေးကို ဒီနည်းပြနဲ့ ဒီအသင်းသားတွေ အသက်သွင်းကြတာကို ကြည့်ရမှာပေါ့။ Next Goal Wins (2023) ဟာ သူရထားတဲ့ Rating တွေနဲ့ယှဉ်ရင် အများကြီးပိုကောင်းနေတာ ထူးထူးခြားခြားဖြစ်နေတယ်။ ရှေ့ကထွက်ထားတဲ့ ဒီဖြစ်ရပ်မှန်ရဲ့ ဒိုကူမန်ထရီကြောင့်လားတော့မသိဘူး။ ဒါပေမဲ့ အာမခံလို့ရတာက ဖျော်ဖြေရေးအရရော၊ ရတဲ့ဖီလင်အရရော၊ ဟာသကားတစ်ကားအနေနဲ့ရော ဒီနှစ်ထွက်ထားတဲ့ မိန်းစထွင်းမ်က ကားကောင်းတွေထက်မနိမ့်ဘူး။ ဘောလုံးကားတွေကြိုက်တဲ့လူတွေဆို ရွှေပဲ။ တချို့အခန်းတွေဆို စတီဖင်ချောင်ရဲ့ ရှောင်လင်ဘောလုံးလို ပုံစံမျိုးတွေ့ရသလို Ted Lasso စီးရီးရဲ့ ပုံစံမျိုးလည်းတွေ့နေရတယ်။ ဆိုတော့ Taika က ဘောလုံးဟာသကားကောင်းတွေက အကွက်တွေကို ရောသမမွှေချလိုက်တာလည်းဖြစ်နိုင်တယ်။ သူကိုယ်တိုင် ဝင်သရုပ်ဆောင်ထားတဲ့ Narrator ဇာတ်ကောင်ကလည်း ထထဖောက်သေးတယ်။ ရယ်ချင်တယ်ဆိုရင်တော့ ပါးစပ်မစေ့အောင်ရယ်နေရမယ့် ကားမျိုးဖြစ်သလို ငိုချင်တယ်ဆိုရင်လည်း ကြည်နူးမျက်ရည်တွေ လှိမ့်ဆင်းလာမယ့်ကားမျိုးပါပဲ။ MCU ရဲ့ ပြင်ပမှာတော့ Taika ဟာ ကျွန်တော်တို့ကို စိတ်မပျက်စေခဲ့ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 6.8GB, 2.35GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 44Min Genre – Comedy, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2023 104 mins
Next Goal Wins
Monolith

ဒီတစ်ခါတော့ ပရိသတ်ကြီး ဦးနှောက်ကို အလုပ်ပေးရမယ့် လျှို့ဝှက်ဆန်းကြယ် ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ချမ်းအေးတဲ့ ညနေခင်းလေးနဲ့လည်း လိုက်ဖက်မယ့် Horror အငွေ့အသက်ကိုပါ ခံစားရမှာပါ ဇာတ်လမ်းရဲ့တင်ပြပုံက ဆန်းပါတယ် မင်းသမီးဆိုလို့ Evil Dead ဇာတ်ကားသစ်ထဲက မင်းသမီးတစ်ယောက်ပဲ သရုပ်ဆောင်အနေနဲ့ ပါဝင်ပြီး ကျန်တဲ့ ကာရိုက်တာအားလုံးကို အသံသရုပ်ဆောင်အဖြစ်ပဲ ထည့်သွင်းထားတာဖြစ်ပါတယ် ဒါ့အပြင် ရုပ်ရှင်တစ်ကားလုံးကို တောနက်ထဲက အိမ်တစ်လုံးမှာပဲ ရိုက်ကူးထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ခေါင်းမာတဲ့ ဂျာနယ်လစ်မလေးတစ်ယောက်က သတင်းမှားဖော်ပြမှုကြောင့် လူသိရှင်ကြား တောင်းပန်လိုက်ရပြီး စိတ်ပြေလက်ပျောက် မိဘတွေ ခရီးသွားနေတုန်း သူ့မိဘတွေအိမ်မှာ ခဏ ပြောင်းနေပါတယ် ဒီလိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေအကြောင်း တင်ဆက်တဲ့ ပေါ့ကတ်စ်(podcast) အစီအစဉ်ကို တစ်ယောက်တည်း ထိုင်လုပ်ရင်း တစ်နေ့ အမည်မသိလူတစ်ယောက်က သူမကို “အနက်ရောင် အတုံးတစ်တုံး” အကြောင်းနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တစ်ခုကို ထူးထူးခြားခြားပို့လာပါတယ် ဒီကနေတစ်ဆင့် ဂမ္ဘီရဆန်လွန်းတဲ့ ဒီပစ္စည်းအကြောင်းကို တစ်ယောက်ပြီး တစ်ယောက် မေးမြန်းကြည့်ရာကနေ သူမ ကိုယ်တိုင် ခြောက်ခြားစရာတွေ ကြုံတွေ့လာပြီး သူမရဲ့ အတိတ်က ဇာတ်လမ်းတစ်ခုနဲ့ပါ ဆက်စပ်နေတဲ့အခါမှာတော့ … ဇာတ်လမ်းတည်ဆောက်ပုံကောင်းမွန်ပြီး ဇာတ်သိမ်းကိုလည်း ဒွိဟဖြစ်အောင် ဒါရိုက်တာက ချန်ထားခဲ့ပါသေးတယ် ဇာတ်လမ်းပြီးသွားတဲ့အချိန် စိတ်ကြိုက် တွေးတောရတာ ကြိုက်တဲ့လူတွေအတွက်တော့ လက်ဖက်ရည်ဆိုင်မှာ သူများကို ပြန်ညွှန်းလို့ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ File size…(1 GB)/(490 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Mystery, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
Monolith
Bunraku
6.1

Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန် ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာ နောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့ အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင် အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကို Bunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့် ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့် သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာ လူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်း ခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အား အကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေ အများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကို ယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမား တစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာ မြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့် အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။ သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့် နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာ ပဲဖြစ်ပါတယ်။ File size…2.33GB , 1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Action • Comedy • Crime
6.1 2010 124 mins
Bunraku
[18+] Bikini Valley Car Wash

ဒီတစ်ခါ Dark Side က ညိုကီတွေကိုတင်ဆက်ပေးမယ့်ကားအကြောင်းမပြောခင် တစ်ခုလောက်အရင်မေးချင်ပါတယ် ညိုကီတို့ Friends စီးရီးထဲက ဘော်ဒါနှစ်ကောင် ဂျိုဝီနဲ့ချန်ဒလာတို့တူတူထိုင်ကြည့်ကြတဲ့ တီဗီအစီအစဉ်ကိုသိကြလားမသိဘူး Baywatch လို့ခေါ်တာလေ အဲ့အစီအစဉ်ကို သူတို့ဘာလို့ကြိုက်လဲဆိုတော့ စော်အလန်းလေးတွေကမ်းခြေမှာ ဘီကီနီနဲ့ပတ်ပြေးနေတာကို မကြိုက်တဲ့သူဘယ်သူရှိမှာလဲပေါ့ ညိုကီတို့ထဲမှာလည်း ဂျိုဝီနဲ့ချန်ဒလာနဲ့ရင်ဘတ်ချင်းနီးလို့ ဂျက်ပင်ထိုးချင်တဲ့သူပါရင် အခုတင်ဆက်ပေးတဲ့ကားလေးကို ပြေးကြည့်လို့ရပါတယ် ဇာတ်လမ်းဇာတ်ကွက်လေးကလည်း အဘိုးအိမ်အပေါင်ဆုံးခံနီးမှာ မြေးမလေးက ကြံမိကြံရာကြံပြီး ကားရေဆေးဆိုင်ကို ဘီကီနီနဲ့ဆေးပေးမယ်ဆိုပြီး အကွက်ဆန်းကြီးလုပ်ပြပြီးတော့ အဘိုးရဲ့ချေးငွေကိုပြန်ဆပ်ဖို့ကြိုးစားပေးတဲ့အကြောင်းလေးပါပဲ ကောင်မလေးတွေ တူးပိစ်လေးတွေဝတ်ပြီး ကားကိုတိုက်ချွတ်ဆေးကြောပြနေပုံက ကိုယ့်မှာမရှိတဲ့ကားပါပြေးဆေးချင်စိတ်ပေါက်သွားလောက်အောင် လုပ်ပြမယ့်အကွက်တွေကို ခံစားနိုင်ဖို့ ခုပဲပြေးကြည့်ကြဖို့ ညွှန်းဆိုပေးချင်ပါတယ်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

0 2020 95 mins
[18+] Bikini Valley Car Wash
Lobola Man

မင်္ဂလာဆောင်တွေမှာ မိသားစုနှစ်စုပေါင်းဖက်ဖို့အတွက် တင်တောင်းငွေညှိနှိုင်းမှုအတွက် ထုံးတမ်းကို သူတို့အတွက် လိုဘိုလာညှိနှိုင်းမှုလို့ခေါ်ကြပါတယ်။ မင်္ဂလာမဆောင်ခင်မှာ လိုဘိုလာညှိနှိုင်းမှုက မဖြစ်မနေလုပ်ဆောင်ရတဲ့ ထုံးတမ်းတစ်ခုပေါ့။ ဒီလို ညှိနှိုင်းမှုမျိုးမှာ ညှိနှိုင်းတတ်တဲ့သူမရှိရင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လိုဘိုလိုညှိနှိုင်းသူအနေနဲ့ လုပ်ကိုင်နေတဲ့ အေ့စ်ငူဘီနီဆိုသူရှိပါတယ်။ အေ့စ်ငူဘီနီဟာ ငယ်ငယ်လေးကတည်းက အချစ်ကို အယုံအကြည်မရှိခဲ့သူတစ်ဦးပါ။လိုဘိုလိုညှိုနှိုင်းသူအနေနဲ့လုပ်ဆောင်နေရင်း ဘားတစ်ခုမှာ ဇန်ဒီဆိုတဲ့ကောင်မလေးကိုမြင်ပြီးတော့ ကြွေသွားပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ဒုခ်နဲ့ လက်ထပ်မဲ့သူဖြစ်နေတဲ့အခါမှာတော့ …… ပရော်ဖက်ရှင်နယ်ကျတဲ့ လိုဘိုလာညှိနှိုင်းသူတစ်ယောက်အနေနဲ့ ဒုခ်နဲ့ ဇန်ဒီကို ဘယ်လိုတွေ ညှိနှိုင်းမှုပြုလုပ်ပေးမလဲ …. သူတို့ကိစ္စတွေကရော အဆင်ပြေပါ့မလား …… အေ့စ်အနေနဲ့ကရော ဇန်ဒီနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Lobola Man
Way Back Home
7.5

Way Back Home (2013) *********************** ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ် Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့ Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်တဲ့ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပြီး Bae Sung-Woo ,Lee Dong-Hwi စတဲ့ဝါရင့်သရုပ်ဆောင်များစွာအပြင် ကလေးသရုပ်ဆောင် Kang Ji-Woo တို့မှ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်း … ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်က ဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူ ကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။ ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာ ဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့ အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။ သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့် သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ မိသားစု ငွေရေးကြေးရေးအကြပ်အတည်းနဲ့ ကြုံနေရတဲ့အချိန်မှာ ဂင်ဂျုံးဘယ်ရဲ့ ဇနီးဖြစ်သူဟာ ပဲရစ်ကို ကျောက်ရိုင်းတုံး မှောင်ခိုတင်သွင်းရုံနဲ့ ပိုက်ဆံတွေအများကြီးရမဲ့အလုပ်ကို လုပ်ကြည့်ဖို့ဖြစ်လာပါတော့တယ် .. သို့သော် သူမ ထင်သလို ကျောက်ရိုင်းတုံး မဟုတ်ဘဲ ကိုကင်းတွေ ဖြစ်နေတဲ့အခါမှာတော့ …. ဒီကားလေးက IMDb rating 7.5/10 ရရှိထားပြီး ဆုပေးပွဲ ၈ ခုမှာ ၃ ဆုရထားတဲ့အပြင် ဆန်ကာတင်စာရင်းတွေ တစ်သီကြီးဝင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. ငွေသာအရာရာဖြစ်တဲ့လောကကြီးထဲ အိမ်နဲ့ဝေးလံလှတဲ့ နိုင်ငံရပ်ခြားမှာ အခက်အခဲတွေကို ခါးစည်းခံကျော်ဖြတ်ပြီး ခင်ပွန်းဖြစ်သူနဲ့သမီးလေးဖြစ်သူဆီ ပြန်လာဖို့လမ်းကို ရှာဖွေနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ကရုဏာသက်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ကို Channel Myanmar ကနေ ကွာလတီအ‌ကောင်းစားနဲ့ တင်ဆက်ပေးထားတာကြောင့် ပြန်လည်ခံစားကြည့်ရှုလိုက်ရအောင်ပါ…. File size… 2.04 GB / 846 MB Quality… Blu Ray 1080p / 720p Format… mp4 Duration…. 2 hr. 11 min. Genre ….. Prison Setting, Drug Trafficking, Family Relationship, Filmed Abroad, Based On A True Story Subtitle…. Myanmar Subtitle (Hard Sub) Translated by …. Su Sandi Encoded by …. AHtet

Drama • Thriller • Mystery
7.5 2013
Way Back Home
Daddio
6.7

Fifty Shades of Grey မင်းသမီး Dakota Johnson ပါဝင်ထုတ်လုပ်ထားပြီး ကိုယ်တိုင်လည်းသရုပ်ဆောင်ထားတဲ့ Daddio ရုပ်ရှင်မှာ ခရီးတစ်ခုထွက်ရာကနေအိမ်ပြန်လာတဲ့ အမျိုးသမီးလေးနဲ့ ကားသမားတို့ရဲ့ တက္ကစီပေါ်မှာ အပြန်အလှန် ရင်ဖွင့်ဖြစ်ကြပုံတွေကို တစ်ကားလုံးကြည့်ရှု့ရမှာဖြစ်ပါတယ်။ မင်းသမီး Dakota Johnson နဲ့မင်းသားကြီး Sean Penn တို့ နှစ်ဦးတည်းသာ ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်မှာ လူနှစ်ဦးရဲ့ အပြန်အလှန်စကားပြောတွေကတစ်ဆင့် အဲဒီလူနှစ်ဦးရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဘဝတွေကို တစ်ရစ်ပြီးတစ်ရစ်ဖော်ထုတ်သွား တာကို စိတ်ဝင်စားဖွယ်ရာကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဖေလို့အဓိပ္ပါယ်ရတဲ့ဇာတ်ကားနာမည်အတိုင်း ဖခင်တစ်ယောက်က သမီးတစ်ယောက်ကိုဆုံးမနေတဲ့၊ နှစ်သိမ့်နေတဲ့၊ အားပေးနေတဲ့ နွေးထွေးမှုမျိုးကိုလည်း ခံစားမိစေနိုင်မှာပါ။ File size… 1.41GB / 680MB Quality… WEB-DL 1080p 5.1CH / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by JULY

6.7 2023
Daddio
Because I Hate Korea
6

Because I Hate Korea (2024) ****************************** မိမိ မွေးဖွားလာခဲ့တဲ့ အမိမြေဆိုပေမဲ့ မနေချင်လောက်အောင် မုန်းမိတဲ့ အချိန်ဆိုတာမျိုး ရှိကြမှာပါ။ အကြောင်းပြချက် ကိုယ်စီကြောင့် မွေးရပ်မြေကို စွန့်ခွာပြီး ဘဝတိုးတက်ရာ လမ်းကြောင်းကို ရှာဖွေဖို့ နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိကြတာပေါ့။ အခုတင်ဆက်ပေးမဲ့ ဒီဇာတ်ကားလေးကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ ဂျူဂယ်နာရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းဘဝဟာ အသွားအလာ လုပ်ချိန်နဲ့တင် ၂နာရီ နီးပါး ကြာတဲ့အထိ စိတ်ညစ်ညူးစရာ ဖြစ်လို့နေပါတယ်။ လူအများနဲ့ ကွဲထွက်ပြီး ဇီဇာကြောင် လက်ပေါက်ကပ်တတ်သူလည်း ဖြစ်တာမို့လို့ သူ့ဘဝက သူ့စိတ်တိုင်းကျ ဖြစ်မနေပါဘူး။ တဖြည်းဖြည်းနဲ့ ဘဝတက်လမ်း မရှိဘူးလို့ ခံစားလာရတဲ့ ဂယ်နာဟာ အမိမြေ ကိုရီးယားကို စွန့်ခွာပြီး နယူးဇီလန်မှာ အခြေချ နေထိုင်ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ မိသားစုနဲ့ ချစ်သူကိုပါ စွန့်လွှတ်ပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း နေထိုင်သွားရင်း သူ လိုချင်တဲ့ ပျော်ရွှင်မှုနဲ့ ဘဝရဲ့ အနှစ်သာရတွေကို ခံစားနိုင်မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူခံစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်…) File Size : 1.30GB/ 520MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Drama, Life Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary, Hsu Pyae & Hnin Wai Oo Encoded by Tiff

6 2024
Because I Hate Korea
[18+] A Pharisee
6.8

************************ အိုဆွန်းအို့က ဒဿနိက‌ဗေဒကို စိတ်ဝင်စားပြီး အရမ်းအတွေးများတတ်တဲ့ သူတစ်ယောက်ပါ။ သူ ငယ်ငယ်တုန်းက သူ့ အမေ ဆန်မှုန့်ထောင်းနေတာကို မတော်တဆ မြင်သွားခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ အဲဒီအကြောင်း တွေးမိပြီး အာသာဖြေမိတိုင်း ဆုတောင်း အပြစ်ဖြေလိုက် ဘုရားကျောင်းသွား အပြစ်ဝန်ခံလိုက်နဲ့ လုပ်နေတတ်ပါတယ် ။ သူက အမြဲတမ်း ပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့လည်း သူတွေးထားသလို မဖြစ်လာခဲ့ပါဘူး။ အာသာဖြေတာကိုလည်း အပြစ်တစ်ခုလို့ ယူဆပြီးတော့ အမြဲ ရပ်ဖို့ ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ တစ်နေ့မှာတော့ စီနီယာတစ်ယောက်နဲ့ အရက်သောက်ကြရင်း မှားမိသွားတယ် .. အဲဒီအခါမှာတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ်တွေ ခံစားနေရတဲ့ ဆွန်းဂီတစ်ယောက် ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ File Size : 1.43GB, 540MB Quality : 1080p,720p Format…mp4 Duration…1 hr. 20 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama • Romance
6.8 2014 90 mins
[18+] A Pharisee
Permission

Permission (2017) ******************* IMDb…..5.4 (ဒီကားက ၁၈+ ဆန်ဆန်ပညာပေးကားမို့ အရွယ်ရောက်သူများသာကြည့်စေလိုပါသည်။) ဝီလျံနဲ့အန်နာတို့စုံတွဲဟာ ဆယ်စုနှစ်များစွာတွဲလာခဲ့ကြတယ် ချစ်သူစုံတွဲဖြစ်ပါတယ်။ ပျော်ရွှင်စွာအတူတကွနေလာခဲ့ကြပြီး အန်နာရဲ့အသက်၃၀ပြည့်မွေးနေ့မှာမထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မွေးနေ့မှာဝီလျံရဲ့ သူငယ်ချင်းက အရက်မူးမူးနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးဝေဖန်အကြံပြုခဲ့ပါတယ်။ သမရိုးကျ သစ္စာရှိရှိချစ်ကြိုက်ပြီး အချိန်တန်လက်ထပ်ကြတာဟာငြီးငွေ့ဖွယ်ဖြစ်ကြောင်း အတွေ့အကြုံအသစ်အဆန်းရှာဖွေသင့်ကြောင်း အခြားသူများနဲ့အတူတူအိပ်ဖို့အထိပါအကြံပေးခဲ့ပါတယ်။ သူကမူးမူးနဲ့စနောက်ခဲ့တာဖြစ်ပေမဲ့ သူပေးတဲ့အကြံကို ဝီလျံနဲ့အန်နာတို့ကလက်ခံပြီး အချစ် အတွေ့အကြုံသစ်တွေကိုရှာဖွေခဲ့ရာမှ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဆက်လက်ခိုင်မြဲမလား ဘယ်လိုအခြေအနေတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလိင်တူချစ်သူစုံတွဲရဲ့ ဇာတ်ထုပ်ကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စားစရာပါ။ Sex & Nudity တွေ အတော်များများပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း အကြံပြုပါရစေ… File Size : 1.03GB/ 490MB Quality : WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration…01:36:00 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Tiff

Romance • Drama
0 2017 99 mins
Permission