YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Middleman's.Love.S01E07.720p.CM.mp4

315.17 MB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Om Shanti Om
7.1

ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့ တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ် ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ် အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ် သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sora

Comedy • Drama • Romance
7.1 2007 162 mins
Om Shanti Om
Benediction
6.6

နာမည်ကျော်အင်္ဂလိပ်ကဗျာဆရာ Siegfried Sassoon ရဲ့ဘ၀အကြောင်းရိုက်ထားတဲ့ ကားလေးပါ။Siegfried ဟာပထမကမ္ဘာစစ်တုန်းက မျိုးချစ်စိတ်အပြည့်နဲ့ စစ်ထဲ၀င်ပြီးပြောင်မြောက်စွာ‌တာ၀န်ထမ်းဆောင်ခဲ့လို့ ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ဒါပေမယ့် သူဟာစစ်ရဲ့ အနိဋသာရုံတွေကိုမြင်အပြီးမှာ စစ်ကိုကြာရှည်အောင်လုပ်နေတဲ့ နိုင်ငံရေးသမားတွေကို စိတ်ပျက်ပြီး စစ်ဆန့်ကျင်ရေးကဗျာတွေကိုရေးသားပါတယ်။သူ့ရဲ့စစ်ဆန့်ကျင်ရေးဝါဒတွေကြောင့် သူ့ကိုစစ်ခုံရုံးမတင်ဘဲ စိတ်ကျန်းမာရေး‌မကောင်းဘူးဆိုပြီး ဆေးရုံကိုပို့ပါတယ်။အဲဒီမှာ သူဟာမိတ်ဆွေအသစ်တွေရပြီး သူ့ရဲ့လျှို့ဝှက်ထားတဲ့ လိင်ကိစ္စကိုစတင်တွေ့ရှိပါတယ်။ ဒီရုပ်ရှင်မှာ သူနဲ့တွဲခဲ့တဲ့ချစ်သူတွေနဲ့ ဆက်ဆံရေးအကြောင်းအပြင် သူ့ကဗျာပေါင်းများစွာလည်း ပါ၀င်ပါတယ်။Siegfried ရဲ့ငယ်ဘ၀နဲ့ ကြီးဘ၀ကိုတလှည့်စီပြထားပြီး လူသဘောသဘာ၀ကို ကဗျာတွေနဲ့အတူရိုက်ပြထားပါတယ်။ ဒါရိုက်တာ Terence Davis ရိုက်ကူးထားပြီး Jack Lowden,Calam Lynch,Peter Capaldi,Kate Phillips တို့ပါ၀င်ထားပါတယ်။ ဖြည်းဖြည်းအေးအေးလေးခံစားရမယ့် ကားမျိုးပါ။ Rotten tomatoes-94% Metacritic-75% File size…(1.5 GB)/(827MB)/(391MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Drama, Biography, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Fantasy
6.6 2021 137 mins
Benediction
Freaky
6.6

ဒီတစ်ခေါက်တော့ဆယ်ကျော်သက် Horror ကားလေးတွေကိုကြိုက်တဲ့ CMပရိတ်သတ်ကြီးအတွက် Horror/Comedy ကားလေးဖြစ်တဲ့ Freaky(2020)ဆိုတဲ့ ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြပေးလိုပါတယ်။ တစ်နေ့တော့ ဘလစ်ဖီးမြို့လေးမှာ သားသတ်သမားလို့ခေါ်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်လွတ်လာပါတယ်။ ဆယ်‌ကျော်သက်တွေကိုရွေးချယ်သတ်တတ်တယ်ဆိုတဲ့ သူ့အကြောင်းက ပုံပြင်လိုလိုဖြစ်နေကြပေမယ့် ဆယ်ကျော်သက်လေးယောက်ကို တစ်နေ့မှာတော့ တကယ်ကိုရက်ရက်စက်စက်သတ်ပစ်လိုက်ပါတော့တယ်။ အဲဒီအိမ်ကပဲ လာဒီုလာဆိုတဲ့ ရှေးဟောင်းဓားတစ်ချောင်းကိုပါခိုးသွားတာက ပြဿနာကစတာပါပဲ။နောက်နေ့မှာတော့ မီလီဆိုတဲ့‌ကောင်မလေးဆီကို သားသတ်သမားရောက်လာပြီး အဲဒီရှေးဟောင်းဓားနဲ့ထိုးလိုက်ပါတော့တယ်။ အဲဒီရှေးဟောင်းဓားရဲ့အစွမ်းက စိတ်၀ိဥာဥ်ချင်းလဲသွားစေတာပါပဲ။ စိတ္တဇလူသတ်သမားခန္ဓာကိုယ်ထဲက မီလီနဲ့ မီလီ ခန္ဓာကိုယ်ထဲက စိတ္တဇလူသတ်သမား... ဘယ်လိုတွေ့ရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ Teenage ကားလေးတွေကိုကြိုက်သူတွေအဖို့ကတော့ အကြိုက်တွေ့ဦးမှာပါ။ ဒီကားလေးရဲ့နာမည်ကတော့ Freaky(2020)ပါ။ File size…600 Mb Quality…. 1080p , 720p Webrip Format…Mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Aye Mon Kyaw

Action & Adventure • Drama • Sci-Fi & Fantasy
6.6 2020 102 mins
Freaky
Dungeons & Dragons

Dungeons & Dragons (2000) Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။ Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။ ~ ဇာတ်လမ်းအကျဉ်း ~ Dungeons & Dragons Trilogy ရဲ့ အကောင်းဆုံးကားလို့ပြောရပါမယ်။ Jeremy Ironsတို့ Marlon Wayansတို့ပါဝင်ထားပါတယ်။ အသစ်ပြမယ့် Reboot ကလည်း ဒီကားကိုပဲ အခြေခံထားတယ် ထင်ပါတယ်။ ဒီကားမှာတော့ အစ်ဇမာရဲ့ဧကရီမလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးနန်းစိုးစံဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ကောင်စီက ဧကရီမလေးရဲ့ မှော်ဆရာတွေနဲ့ သာမန်လူတွေကို တစ်သားတည်းထား တန်းတူညီမျှအခွင့်အရေးပဲ ပေးချင်တဲ့ ပုန်ကန်တတ်တဲ့ဗီဇကို ကြောက်ရွံ့ပြီး ဧကရီမလေးဆီက အာဏာသိမ်းတဲ့ သဘောဆန်ဆန်လုပ်ဖို့ကြံလာပါတယ်။ ဒီခေတ်မှာတော့ ဘုရင်မဟာ နဂါးတွေကိုထိန်းချုပ်နိုင်စွမ်းရှိပြီး နဂါးတွေနဲ့ တိုက်ခိုက်တာတွေ ဘာတွေမြင်ရပါမယ်။ ဒါပေမဲ့ ကောင်စီက ဧကရီမလေးရဲ့ ရာဇတောင်ဝှေးကို အကြောင်းပြချက်ပေးသိမ်းယူဖို့ကြံတာကြောင့် ဧကရီမလေးနဲ့ လူယုံတွေဟာ နဂါးနီတွေကို ထိန်းချုပ်နိုင်တဲ့ ကျိုင်းကိုရှာပြီး သူ့လက်နက်အစားကိုင်စွဲပြီး ကောင်စီကို ဆန့်ကျင်ဖို့ လုပ်ပါတယ်။ ပုံပြင်ထဲမှာသာရှိပြီး မတွေ့တာကြာပြီဖြစ်တဲ့ ဒီကျိုင်းကိုရှာဖို့ မှော်ကျောင်းကမှော်ဆရာမလေးရယ် ဧကရီမလေးရဲ့အမှုထမ်းရယ် သူခိုး၂ကောင်ရယ် လူပုလေးတစ်ကောင်ရယ် စွန့်စားခန်းဖွင့်ကြတာကို ကြည့်ရမှာပါ။ နတ်သူငယ်တွေလည်း ပါပါသေးတယ်။ ဒီတော့ သူ့ပုံစံကြီးက GoT နဲ့ LoTR ကိုပေါင်းထားသလိုလိုပါပဲ။ ဘာနေနေကြည့်ကောင်းတဲ့ စွန့်စားခန်းမှော်ကားတစ်ကားလို့ပြောလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.05MB Quality – 1080p, 720p Format – mp4 Duration – 1H 45Min Genre – Action, Adventure, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • History
0 2000 107 mins
Dungeons & Dragons
Elite Squad
8

Elite Squad(2007) **************** IMDb…8.0 ရီယို ဒီဂျနေယိုဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပြီး၊ ဆင်းရဲသားရပ်ကွက်တွေမှာဆိုရင် မူးယစ်ရာဇာတွေ၊ မူးယစ်ဂိုဏ်းသားတွေက မူးယစ်ရောင်းဝယ်ပြီး လက်နက်ကိုယ်စီကိုင်ကာအုပ်ချုပ်ပါတယ်။ ဒီကရဲတွေဆိုတာကလည်း အကျင့်ပျက်ခြစားကာ မူးယစ်ဂိုဏ်းတွေနဲ့ပေါင်းစားငွေညစ်ဖို့သာ ခြေဆန့်ပြီး မှုခင်းတိုက်ဖျက်ဖို့ဆိုရင်တော့ကိုယ့်နယ်မြေမှာဖြစ်တဲ့လူသေအလောင်းကို အခြားနယ်မြေကိုရွှေ့ပြီး မှုခင်းကျဆင်းရေးကို ဒီလိုစွမ်းဆောင်ကြသူတွေပါ။ ဒီလိုနေရာမျိုးမှာ ပစ်ကြခတ်ကြရဲတွေလည်းမထိန်းသိမ်းနိုင်ဖြစ်လာပြီဆိုရင် ဝင်ပါရသူတွေကတော့ တိုက်ပွဲဝင်အထူးတပ်ဖွဲ့ BOPEတပ်ဖွဲ့ပါပဲ။ ဒီတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ နက်စီမန်တိုဟာဆိုရင် ဖခင်ဖြစ်တော့မှာမလို့ တပ်ဖွဲ့ကနေလူစားထိုးရှာပြီး အနားယူဖို့ပြင်ဆင်နေချိန်၊ ဆင်းရဲသားရပ်ကွက်တွေကို ပုပ်ရဟန်းမင်းကြီးလာလည်မယ်ဆိုတော့ လုံခြုံရေးကို ဦးစားပေးကာစစ်ဆင်ရေးဆင်းလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်…အဲ့ဒီနောက်မှာတော့.. ဒီဇာတ်ကားဟာ ဆုတံဆိပ်တွေများစွာရရှိထားတဲ့ ဘရာဇီး၊ ရီယီုရဲ့အခြေအနေတွေကိုမြင်တွေ့ရမယ့် အက်ရှင်ဇာတ်ကားကောင်းမို့လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဗျ။ File Size :(5.3GB)(1.7GB) and (629MB MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre :Action, Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Horror • Mystery • Comedy • Romance
8 2007
Elite Squad
The Farm
5.5

ကျေးလက်ဒေသတစ်ခုဘက်ကို ခရီးထွက်ကြမယ်ရင် စိုက်ပျိုးရေးခြံ၊ မွေးမြူရေးခြံတစ်ခုတော့ တွေ့ဖြစ်မှာပါ…။ ဒါက မထူးဆန်းပါဘူး …။ တွေ့တဲ့မွေးမြူရေးခြံဟာ လူသားမွေးမြူရေးခြံဆိုရင်တော့ ထူးဆန်းသွားပါပြီ….။ ဒီဇာတ်လမ်းလေးက အဲ့လိုဇာတ်လမ်းပါ…. သမီးရည်းစားတွေဖြစ်ကြတဲ့ နိုရာနဲ့ အဲလက်ဟာ ကျေးလက်ဒေသတစ်ခုဆီ အပျော်ခရီးထွက်ခဲ့ကြတယ်…. ကားမောင်းရတာလည်းပင်ပန်း ခရီးကလည်းဝေးဆိုတော့ လမ်းဘေးက မိုတယ်လေးတစ်ခုမှာ ဝင်နားခဲ့ကြပါတယ်….။ လူကလည်းခပ်ရှင်းရှင်း အေးအေးဆေးဆေးဆိုတော့ ချက်ချင်းပဲအိပ်‌ပျော်သွားကြတယ်…. နိုးလာတဲ့အခါမှာတော့ ခုနကပြောတဲ့ လူသားမွေးမြူရေးခြံကိုရောက်နေခဲ့ပြီးပဲဖြစ်ပါတယ်…. ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ကြည့်လိုက်ပါဗျာ….။ File size…1.16GB / 510MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 20m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2018 80 mins
The Farm
Chinese Paladin Prequel: The Wine Sword Fairy
5.7

ရှူရှန်းဂိုဏ်းဟာ လူ့ပြည်မှာ ပုန်းအောင်းနေတဲ့ မိစ္ဆာတွေကို လိုက်လံနှိမ်နင်းတဲ့ ဂိုဏ်းဖြစ်ပါတယ်။ ရှူရှန်းဂိုဏ်းက နင်အဆင့်တပည့် စီးထူကျုံးဟာ ထူးခြားတဲ့သွေးစီးဆင်းနေတဲ့အတွက် အရက်မသောက်ရရင်မူးနေတက်ပြီး အရက်သောက်ရမှ နိုးကြားနေတတ်သူ ဖြစ်ပါတယ်။ စီးထူကျုံးဟာ သိုင်းပညာမှာ ကျွမ်းကျင်ပေမဲ့ လွတ်လပ်ခြင်းကို နှစ်သက်သူ ဖြစ်တဲ့အတွက် ဂိုဏ်းစည်းကမ်းတွေကို မလိုက်နာပဲ အကြီးအကဲတွေအတွက် ခေါင်းကိုက်စရာတပည့်တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ယုန်မိစ္ဆာမလေး ဖုန်းရှောင်ရွှိနဲ့ တွေ့ဆုံခဲ့ပြီး သူ့စိတ်ထဲမှာ ဖုန်းရှောင်ရွှိကို ရင်းနှီးနေသလို ခံစားနေရပါတယ်။ ဖုန်းရှောင်ရွှိကလည်း သူ့ကိုယ်သူ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စီးထူကျုံးရဲ့ချစ်သူဖုန်းရှောင်ရှန်းရဲ့ ညီမလေးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်နေ့မှာ ဖုန်းရှောင်ရွှိကို ဆရာဦးလေးက ရှူရှန်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဖုန်းရှောင်ရွှိကနေပြီးတော့ သူ့ဂိုဏ်းတူညီလေး နန်ကုန်းဟွမ်ဟာ ဝံပုလွေမိစ္ဆာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ နန်ကုန်းဟွမ်ကို ကာကွယ်ပေးဖို့အတွက် စီးထူကျုံးတို့တစ်တွေ ရှူရှန်းမှ ထွက်ပြေးခဲ့ပြီး ယွိကျိုးမြို့ကို ရောက်ရှိလာပါတယ်။ သူတို့တစ်တွေ ရှူရှန်းဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးခြင်းက လွတ်မြောက်နိုင်ပါ့မလား…… ဖုန်းရှောင်ရွှိကရော ဘာအတွက် စီးထူကျုံးကို လာရောက်ချဉ်းကပ်နေတာလဲ…… စီးထူကျုံးရဲ့ ထူးခြားတဲ့ သွေးမျိုးရိုးကရော ဘယ်က ဖြစ်လာတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
Chinese Paladin Prequel: The Wine Sword Fairy
Hello!
7.3

Hello (2017) IMDb: 7.3/10 Genre: Action/Romance ဒီရုပ်ရှင်ကို “ငယ်ကချစ်နှစ်တစ်ရာ” လို့ပဲဆိုမလား၊ “နဖူးစာရွာလည်တယ်” လို့ပဲဆိုမလားမသိတော့ပါဘူး။ တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့် ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့် ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ ဇာတ်ညွှန်း ဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးက ဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကို ခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။ အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။ လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့ “ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်” တဲ့။ ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့် တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်း ကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။ File size… 2.7 GB / 1.3 GB Quality… WEBRip 1080p / 720p Format… mp4 Duration…. 2h 11m Genre ….. Action/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

7.3 2017 131 mins
Hello!
Seven Days 7 Days (Aka) Les 7 jours du talion
6.5

7 Days (2010) Les 7 jours du talion IMDb Rating (6.5) / Rotten Tomatoes (86%) ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ…ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့…… ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ……တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး…… အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်…….အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း သိသွားတော့ ပညာတွေအထပ်ထပ်သင်ယူခဲ့ရတဲ့ သူတစ်ယောက် တခုခုဆို စဉ်းစားခြင်ဆင်ပြီး ဆုံးဖြတ်တတ်တဲ့သူတစ်ယောက်က အထိမခံတဲ့ သူ့သမီးလေးကိုမှ ထိခဲ့မိတဲ့သူကို ဘာပြန်လုပ်မလဲ ဘယ်လိုလက်စားချေမလဲ ပညာတတ်တဲ့သူရဲ့လက်စားချေမှုက ပိုကြောက်စရာကောင်းတယ်ဆိုတာ အပြောပဲမဟုတ် လက်တွေ့ပါပြသွားတဲ့ကားလေးမို့ ကျောတစိမ့်စိမ့်ကြည့်ချင်သူများ ကြည့်လို့ရပါပြီ။ (အသည်းငယ်တဲ့သူတွေ ရွံရှာတတ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေ မကြည့်သင့်တဲ့ဇာတ်ကားမလို့ Don’t Watch လို့တော့ Label တပ်ထားပေးပါတယ်။ )

6.5 2010 105 mins
Seven Days 7 Days (Aka) Les 7 jours du talion
We Were Soldiers
7.2

We Were Soldiers (2002) IMDb Rating (7.2)/ Ritten Tomatoes (63%) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JimX မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Thriller
7.2 2002 138 mins
We Were Soldiers
Sakura
6.9

Sakura (2024) *************** တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက် နောက်ယောင်ခံလိုက်ပြီး သတ်တာခံလိုက်ရပါတယ်။ ခရီးစဉ်တစ်ခုစီစဉ်နေရတာကြောင့် သူမရဲ့ အမှုကို ရဲတွေက အချိန်ဆွဲခဲ့လို့ နှောင့်နှေးခဲ့ရတာဆိုပြီး သတင်းတိုက်တစ်ခုကနေပြီး ဖွင့်ချလာတဲ့အခါမှာ အဲဒီသတင်း ပေါက်ကြားတဲ့ကိစ္စကို ရှာဖွေရင်း စခန်းမှာရှုပ်သွားခဲ့ရပါတယ်။ အီဇုမိဆိုတဲ့ ရဲဌာနတစ်ခုရဲ့ လူမှုဆက်ဆံရေးဌာနမှာအလုပ်လုပ်နေတဲ့ ကောင်မလေးက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ချီကာက အဲဒီသတင်းကို ပေါက်ကြားအောင်လုပ်တာလို့ ထင်နေခဲ့တာဖြစ်ပြီး ချီကာက သူလုပ်တာမဟုတ်ကြောင်း ငြင်းခဲ့ပါတယ်။ တစ်ပတ်အကြာလောက်မှာတော့ ချီကာ့ကို သေဆုံးလျက်သားတွေ့ခဲ့ရပြီး အီဇုမိက သူ့ကြောင့်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ ချီကာ့သေဆုံးမှုကို အားစိုက်ပြီး စုံစမ်းရင်းနဲ့ သူသိခဲ့ရတဲ့ ခါးသက်တဲ့အမှန်တရားတွေကို လက်ခံနိုင်ပါ့မလားဆိုတာ…. (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.73GB / 760MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Kim Encoded by AHtet

6.9 2024 119 mins
Sakura