YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Matchmakers(2023)EP8.WEB-DL.720P(CM).mp4

339.81 MB N/A video/mp4 795 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chaahat
6.7

ပရိတ်သတ်အချစ်တော်မင်သားကြီး ဘောလိဝုဒ်King SRKရဲ့ 1996ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 5.5ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်း ရူပ်းဆင်းရာထောရ်နဲ့ သူ့အဖေ ရှန်ဘူးနားသ်ဟာ ရွာမှာသီချင်းဆိုတဲ့သူတွေဖြစ်ကြပြီး တစ်နေ့မှာတော့ အဖေဖြစ်သူ ရှန်ဘူးနာသ်းဟာ နာမကျန်းဖြစ်လာကာ ဆေးကုရမယ့်အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒီလိုနဲ့ပဲ အဖေကို ဆေးကုပေးဖို့အတွက် မြို့ပေါ်တက်လာတဲ့ တောသားလေးရူးပ်နဲ့ သဘောကောင်းပြီးဖော်ရွေတဲ့သူနာပြုမလေး ပူဂျာတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံရာကနေ သူမကို မြင်မြင်ချင်း ချစ်မိသွားတယ်။ အဲဒီအချိန်မှာပဲ ရွှေဇွန်းကိုက်မွေးလာပြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ သူဌေးသမီးလေး ရေးရှ်မာကလည်း ရူးပ်ကိုမြင်မြင်ချင်းစွဲလမ်းမိသွားပြီး ရူးပ်ကိုပိုင်ဆိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပါတော့တယ်။ ရူးနဲ့ ပူဂျာတို့ ပေါင်းဖက်ခွင့်ရနိုင်မှာလား ? ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ ? မင်းသားကြီး ရှာရွတ်ခန်းရဲ့ Action/Romanceအမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းတဲ့အတွက်ကြောင့် ပရိသတ်တွေမမေ့နိုင်တဲ့ ကားလေးလည်းဖြစ်တာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝ လက်မလွှင့်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…3.21GB/ 1.47GB Quality…1080p NF  WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San,Intelligence, Soe Kalayar

Action • Drama • Romance
6.7 1996 155 mins
Chaahat
Jurassic World Dominion
6.8

ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။ ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။ အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။ အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်... ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 9.28GB | 2.6GB | 1.3GB | 900MB Format… mkv | mp4 Duration…. 2h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Ka Naung, SWM

Comedy
6.8 2022 147 mins
Jurassic World Dominion
Burial
5.2

ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာ ဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။ ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။ ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။ သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။ သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့ ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။ တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာ အမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။ အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ် အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ် စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲ ဘရာနာတို့ရဲ့အထူးလျှို့ဝှက်တာဝန်ရောအောင်မြင်သွားမလားဆိုတာကြည့်ရှုလိုက်ပါဦး အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Thriller, War Quality…. 4k HEVC |1080p | 720p | 480p File size… 1.75GB | 1.509GB | 590MB | 343MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Moh Moh Encoder ..... August

Action • Thriller
5.2 2022 95 mins
Burial
Fear
6.4

Fear စိတ္တဇလူသတ်သမားဇာတ်လမ်းအမျိုးအစားတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ထပ်ပြီး ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ၁၉၉၆ခုနှစ်က အမေရိကန်ရုပ်ရှင်။ အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေး နစ်ခိုးလ်ဟာ သူ့အဖေရဲ့ အိမ်ထောင်အသစ်နဲ့အတူ ဝါရှင်တန်မှာ အတူနေကြတယ်။ အလုပ်တွေပဲ အမြဲများနေတတ်တဲ့ အဖေဖြစ် သူ စတီဗင်က ဒုတိယအိမ်ထောင်ဆက်မှာတော့ သာယာတဲ့မိသားစုလေးကို တည်ထောင်ဖို့ကြိုးစားနေချိန်မှာပဲ နစ်ခိုးလ်က အန္တရာယ်အနံ့အသက်တွေအပြည့်နဲ့ကောင်လေးနဲ့ တွဲလာတယ်။ အစပိုင်းမှာ ယောက်ျားပီသပြီး အရာရာကိုကူညီတတ်တယ်လို့ သူထင်ထားတဲ့ သူ့ကောင်လေးက တဖြည်းဖြည်း စိတ္တဇဆန်လာပြီး လူသတ်ကောင်လိုမျိုးသားရဲဆန်လာတာကို နစ်ခိုးလ် တွေ့လာရတယ်။ အဲဒီအချိန်မှာ နစ်ခိုးလ်က ဒီကောင်လေးနဲ့ ပတ်သက်သမျှကို အဆက်ဖြတ်နိုင်ပါ့မလား သူကစတဲ့ မီးပွားဟာ သူ့မိသားစုဆီမှာပါ လာစင်မလားဆိုတာ သည်းထိတ်ရင်ဖိုဖွယ်ဇာတ်ဝင်ခန်းများနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(2.28GB)  / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island

Adventure • Family • Fantasy
6.4 1996 97 mins
Fear
Open The Coffin
4.5

ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ "Open The Coffin" ဆိုတဲ့နာမည်အတိုင်း အခေါင်းဖွင့်ရာကနေ စဖြစ်တည်လာတဲ့ ဇာတ်လမ်းလေးပါ ဇာတ်ကြောင်းလေးကတော့... သင်္ချိုင်းဂူဖောက်တဲ့ လူတစ်စု ထန်မင်းဆက်က သင်္ချိုင်းကို ဖောက်ထွင်းရာမှာ မဖွင့်သင့်တဲ့ အခေါင်းတစ်ခုကို ဖွင့်မိပြီး သင်္ချိုင်းက အလောင်းအားလုံး အသက်ဝင်လာခဲ့တယ် သူတို့တွေ ​ကံကောင်းထောက်မလို့ သင်္ချိုင်းကနေ ပြန်ထွက်လာနိုင်ခဲ့ပေမဲ့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းတဲ့ပုံစံအမျိုးမျိုးနဲ့ သေကုန်ကြပါတယ် ရှန်ချွင်ဟယ်ဆိုတဲ့ ရဲအုပ်ရှန်ဟာ သူ့ဆရာ သေဆုံးမှုအတွက် တစ္ဆေလက်ဆိုတဲ့သင်္ချိုင်းဖောက်ထွင်းသူကို ၃နှစ်ကြာစုံစမ်းနေတာပါ တစ်နေ့မှာတော့ ဆန်းကြယ်မှုအမျိုးမျိုးနဲ့ သင်္ချိုင်းဖောက်ထွင်းသူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေတဲ့အမှုကို စုံစမ်းရဖို့ ဖြစ်လာပါတယ် ဒီအမှုဟာ တစ္ဆေလက်နဲ့ ဆက်နွယ်နေတာကို သိလိုက်ရချိန်မှာတော့ ရှန်ချွင်ဟယ်တစ်ယောက် အမှုကို တစ်စ,တစ်စ ဘယ်လိုမျိုးဖော်ထုတ်ဖြေရှင်းသွားမလဲဆိုတာ စိတ်လှုပ်ရှားကြောက်မက်ဖွယ် ဆက်ကြည့်ကြရမှာပါ ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:32:00 Type__Thriller, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt

Drama
4.5 2022 92 mins
Open The Coffin
Air Bud
5.5

"ခွေးလေးတွေဆိုတာ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေ" ဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ကောင်လေးတစ် ယောက်နဲ့ ခွေးလေး တစ်ကောင်ရဲ့သူငယ်ချင်းသံယောဇဉ်ကို ချစ်စရာ၊ သနားစရာ တွေ့မြင်ကြရမှာပါ။ ဂျော့ရှ်ဆိုတဲ့ ကောင်လေးဟာ ဖခင်ဆုံးပြီးတဲ့နောက် မပျော်မရွှင်နဲ့ စိတ်ဓာတ် တွေကျနေသူပေါ့။ ကျောင်းမှာလည်း အဆင်မပြေသလို သူကြိုက်တဲ့ ဘတ် စကတ်ဘောကိုတောင် မကစားတော့ပါဘူး။ တစ်နေ့တော့ ဂျော့ရှ်ကိုစိတ်ဓာတ် တွေတက်ကြွ ပျော်ရွှင်လာစေတဲ့ သူတစ်ဦးပေါ်လာပါတယ်။အဲဒါကတော့ Golden Retriever ခွေးလေးတစ်ကောင်ပါ။ ဘာဒီလို့နာမည်တွင်သွားတဲ့ အာဝုလေးနဲ့ ဂျော့ရှ်တို့ကြားက သံယောဇဉ်ကတော့ ဘတ်စကတ်ဘော သံယောဇဉ်လို့ ပြောရမလိုပါပဲ။ ဘာဒီဟာ ဘတ်စကတ်ဘောကစားရာမှာ ဂိုးသွင်းနိုင်တဲ့အထိ ကျွမ်းကျင်လိမ္မာတဲ့ ခွေးလိမ္မာလေးပါ။ ဒီလိုနဲ့ ဘာဒီဟာ ဂျော့ရှ်တို့ရဲ့ကျောင်းဘတ်စကတ်ဘောအသင်းနဲ့ ဘယ်လိုပါ၀င်ပတ်သက်လာမလဲ၊ သူတို့နှစ်ဦး ဘယ်လိုတွေ သံယောဇဉ်နှောင်တွယ် ကြမလဲ၊ ဘာဒီရဲ့ပိုင်ရှင်ဖြစ်သူဆိုတာ ပေါ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ချစ်စရာ၊ ရယ်စရာမောစရာ၊ သနားစရာ၊ ရသစုံစုံလင်လင် ကြည့်ရှု ခံစားရမှာပါ။ အဲဒါကြောင့် အာဝုချစ်သူတွေသာမက ချစ်စရာကောင်းတဲ့ ဒရမ်မာ ဇာတ်ကားမျိုး ကြိုက်တတ်တဲ့သူတွေပါ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးအဖြစ် ညွှန်းပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.11 GB) / (970 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Family Translator.......C'mon Encoder..........Zin Phyo Aung

Family • Romance
5.5 1997 98 mins
Air Bud
The Rental
5.5

ဒီတစ်​​ခေါက်မိတ်ဆက်​ပေးချင်တာက​တော့ ညဘက်မှာ ​ကျောခြမ်းစရာ Thriller ​လေး​တွေမှ ကြည့်ချင်တယ်ဆိုတဲ့ ​လူ​တွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီး​တွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်​လေး​တွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်​လေးအ​ပေါ် အ​ခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ​ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူ​တွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်း​ခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ​ရောက်လာတဲ့အခါမှာ​တော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး ​လူမျိုး​ရေးခွဲခြားတတ်တဲ့ သူတစ်​ယောက်လည်း ဖြစ်​နေပြန်တာမလို့ မီနာက သ​ဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်​​ရောက်တဲ့အခါမှ ​သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်​နေ့မှာ​တော့ သူတို့ရဲ့ ​ရေချိုးခန်း​တွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါ​တော့တယ် ။ ဒါတင်မက တခြားရှုပ်​ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်​ပေါ်လာတဲ့အချိန်မှာ​တော့ သူတို့​လေး​ယောက်က ဒါ​တွေက ဘယ်လိုမျိုး ​ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အ​ပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူ​တွေကြားက က​တောက်ကဆကိုပါ မြင်သာ​အောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကား​ကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။ File Size - 954 mb Quality - web-dl 1080p Subtitle -  burmese Translator - Floria Encoder - Thit San Khant

Drama
5.5 2020 88 mins
The Rental
Before I Fall
7

သင်သာနေ့ရက်တရက်တည်းမှာပဲပိတ်မိနေမယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ ဘာတွေလုပ်မလဲ။ အဲဒီနေ့ရက်တွေမှာဘာတွေပြင်မလဲ။ ကိုယ့်ဘဝမှာထင်ခဲ့တာတွေလုပ်ခဲ့တာတွေကိုဘယ်လိုဆန်းစစ်မလဲ။ ကိုယ့်ရဲ့တနေ့တာကိုဘယ်လိုအသုံးချမလဲ။ ဆမ်မန်သာကင်းစတန်ဆိုတဲ့ကောင်မလေးဟာအထက်တန်းကျောင်းသူတယောက်ဖြစ်ပြီး ကျောင်းကနာမည်ကြီးကောင်လေးတယောက်နဲ့လည်းချစ်သူတွေပါ။ အနာဂတ်ဟာသူ့အတွက်ဖြောင့်ဖြူးနေသယောင်ရှိနေပေမယ့် ရုတ်တရတ်ပါတီတခုကပြဿနာဖြစ်ပြီးအပြန်ကားမှောက်ကသူသေဆုံးသွားပါတယ်။ ဒါပေမယ့်ထူးဆန်းစွာပဲသူအဲဒီနေ့ကိုပဲပြန်လည်နိုးထလာတယ်။ အဲဒီနေ့မှာပဲအဲဒီဖြစ်စဉ်တွေကိုပြန်လည်ဖြတ်သန်းခဲ့ရပါတယ်။ တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်အဲဒီနေ့တနေ့တည်းမှာပဲထပ်ခါထပ်ခါပိတ်မိနေပါတယ်။ အဲဒီလိုနဲ့သူ့ရဲ့အနီးနားကလူတွေအကြောင်းကိုသတိထားမိလာပါတယ်။ သူတို့ရဲ့လျို့ဝှက်ချက်တွေသိလာတယ်။ တကယ့်သရုပ်မှန်တွေသိလာတယ်။ လူ့သဘောသဘာဝကိုနားလည်လာတယ်။ ဘာကလုပ်သင့်ပြီးဘာကမလုပ်သင့်တာကိုသိလာခဲ့တယ်။ ဒါ့အပြင်နေ့တနေ့တည်းရဲ့အစွမ်းကဘယ်လိုခြားနားမှုတွေကိုလုပ်နိုင်တယ်ဆိုတာသိလာပါတယ်။ ဇာတ်လမ်းအဆုံးသတ်လေးဟာပရိတ်သတ်ရင်ကိုဆွဲယူနိုင်မှာပါ။ ဒီဇာတ်ကားလေးကနေတွေးစရာတွေအများကြီးရလာမယ်လို့ထင်ပါတယ်။ ကြည့်ရတာတန်စေမယ့်ကားလေးပါ။ ဆိုတော့ဆမ်မန်သာဆိုတဲ့ကျောင်းသူလေးဘယ်လိုတွေကျော်ဖြတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 700 MB/250MB Quality : Bluray 720p Running Time : 1hr 38minutes Format : Mp4 Genre : Drama, Mystery Translator : Fridays Encoder :Thanhtike Zaw

Comedy • Drama
7 2017 98 mins
Before I Fall
Invictus
7.3

IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည် Invictus ဆိုတာက အင်္ဂလိပ်ကဗျာဆရာ William Ernest Henley ရဲ့ ကဗျာနာမည်ဖြစ်ပြီး လက်တင်လို “အနိုင်မခံ အရှုံးမပေး”လို့ အဓိပ္ပါယ်ရပါတယ်။ ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေ ဘယ်လောက်များများ ခါးသီးမှုတွေကို သည်းခံ တွန်းလှန်ပြီး နောက်ဆုံးအချိန်ထိ မလျှော့တဲ့ဇွဲ၊ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့သာ ကြိုးစားမယ်ဆိုရင်… အောင်မြင်မှုဆိုတာ ရယူဖို့ လွယ်ကောင်းလွယ်နိုင်သော်ငြား ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ ခက်တယ်လို့ပြောကြပေမဲ့ နိုင်ငံရေးသမား နယ်လ်ဆင်မန်ဒယ်လာအတွက်တော့ သမ္မတဖြစ်ဖို့ဆိုတဲ့ ခရီးလမ်းက မလွယ်ကူခဲ့ပါဘူး။ သူဟာ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် ၂၇ နှစ်ကျခံခဲ့ရပြီး ဒုက္ခမျိုးစုံကို ခံစားခဲ့ရပါတယ်။ ၁၉၉၀ခုနှစ် ထောင်က ပြန်လွတ်လာချိန်မှာလည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ၁၉၉၄မှာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တာပါ။ သမ္မတ မဖြစ်ခင် ခရီးလမ်းကမလွယ်ကူခဲ့သလို သမ္မတဖြစ်ပြီးချိန်က ပိုလို့တောင် ခက်ခဲနေခဲ့ပါသေးတယ်။ လူမည်းတစ်ဦးကသမ္မတ ဖြစ်သွားတာမို့ အရင်ကဖိနှိပ်ခံခဲ့ရတဲ့ လူမည်းတွေက သူတို့ကိုဖိနှိပ်ခဲ့တဲ့ လူဖြူတွေကို တဖန် ပညာပြဖို့ကြိုးစားရင်း လူဖြူ၊ လူမည်း အားပြိုင်မှုတွေ ဖြစ်လာတဲ့အခါ လူမျိုးရေးခွဲခြားမှုရဲ့သင်္ကေတလို့ ပြောလို့ရနိုင်တဲ့ လူဖြူတွေအားပေးကြတဲ့ ရက်ဘ်ဘီဘောလုံးကစားနည်းရဲ့ (ဘဲဥပုံဘောလုံးကို ဘေးတိုက်၊ နောက်ပြန် ပစ်၊ ကန်ရတဲ့ကစားနည်း) စပရင်ဘုတ်ခ်စ်အသင်းက လူမည်းတစ်ဦး သမ္မတဖြစ်လာမှုရဲ့အကျိုးဆက်ကို စတင်ခံစားရပါတော့တယ်။ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ သူတို့အသင်းဖျက်သိမ်းရေးကို လူမည်းတွေက ဝိုင်းဝန်းတောင်းဆိုခဲ့ကြပေမဲ့ တောင်အာဖရိကရဲ့ လူမျိုးရေးခွဲခြားတဲ့ဝါဒကို ဆန့်ကျင်သူ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူတစ်ယောက်ရဲ့ ပြယုဂ်ဖြစ်တဲ့ သမ္မတမန်ဒယ်လာက ဒီပဋိပက္ခကို ဖြေရှင်းဖို့ တစ်နိုင်ငံလုံးမှာ နိုင်ငံကိုယ်စားပြုအသင်း တစ်သင်းပဲရှိရမယ်ဆိုပြီး တစ်သင်းတည်းသော စပရင်ဘုတ်စ်ခ်အသင်းရဲ့ခေါင်းဆောင် ပီနာဖရန်ဆွာကို ကမ္ဘာ့ဖလားမှာ အနိုင်ရအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတော့တယ်။ ကျွမ်းကျင်သူတွေက ကွာတားဖိုင်နယ်ရောက်ရင်တောင် ကံကောင်းလို့ မှတ်ချက်ပြုခဲ့ချိန်မှာ ဖရန်ဆွာတစ်ယောက် သာမန်အရည်အချင်းပဲရှိတဲ့ သူ့အသင်းကို ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ထိ ရောက်အောင်ဆွဲခေါ်သွားနိုင်ပါ့မလား.. ပြိုင်ပွဲကို ကွင်းထဲအထိ သွားအားပေးမဲ့သမ္မတကရော သောင်းချီတဲ့ပရိသတ်တွေကြား ဘေးကင်းနိုင်ပါ့မလား.. သမ္မတဖြစ်စေချင်သလိုရော လူဖြူ လူမည်း စည်းလုံးမှု ရယူနိုင်ပါ့မလား.. ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး အားလုံးရဲ့စံပြဖြစ်ရမဲ့ သမ္မတဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်မှာ ဘယ်လိုစိတ်ထား ခံယူချက်တွေ ထားရှိရမလဲ.. ထားရှိသင့်သလဲ.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ စီးမျောခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားနဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

7.3 2009
Invictus
Dangerous Waters
5.1

Dangerous water (2023) ================= စွန့်စားခန်း thriller ကားကောင်းကောင်းမျှော်နေသူတွေအတွက် အရမ်းမိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပင်လယ်ပြင်ကို မွေးနေ့အပျော်ခရီး ရွက်လွှင့်ထွက်လာခဲ့တဲ့ ရို့စ် ၊ အယ်မာနဲ့ ဒဲရက် စတိုက်တို့ ၃ ယောက်ဟာ… တဖြည်းဖြည်းနဲ့ရေစီးကြောင်းပြောင်း လဲမှုကြောင့် ဘာမြူဒါတြိဂံနားအထိရောက်သွားပါတယ်။ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ ခရီးဆက်ရင်း လူသူမနေနဲ့ စွန့်ပစ်ကျွန်းကြီးကိုရောက်သွားတဲ့အခါမှာတော့ ဆန်းကြယ်မှုတွေနဲ့ အပြည့်ဖြစ်နေခဲ့ပြီး သူတို့ ၃ ယောက်ကြားမှာလည်း မပြီးပြတ်သေး တဲ့ ပြဿနာလေးတွေကိုဖြေရှင်းရင်း သမုဒ္ရရာကြီး‌ကနေ ဘယ်လို လွတ်မြောက်သွားမလဲဆိုတာကို စိတ်၀င်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.5 GB) / (560 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thiha Yan Naing Encoder……….SWM

5.1 2023 101 mins
Dangerous Waters
Moscow Square (Moszkva Ter)
7.8

IMDb 7.8 အထိရရှိထားတဲ့ ဟန်ဂေရီ ရိုမန့်စ် ကော်မဒီ ကျောင်းသား ဒရာမာ ရုပ်ရှင်ကောင်းလေးတစ်ခုပါ။ ၁၉၈၉ နွေရာသီရဲ့ တက္ကသိုလ်၀င်တန်းစာမေးပွဲ နေ့ရက်များဆီသို့… ၁၉၈၉ ဟာ ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံရေး‌အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဖြစ်တယ်။ ပတ်ယာတို့ သူငယ်ချင်းတစ်အုပ်အတွက်တော့ ဒီကိစ္စတွေဟာ တက္ကသိုလ်၀င်တန်းစာမေးပွဲလောက် ခေါင်းထဲမှာမရှိကြ။ သူတို့ဟာအထက်တန်းပြီး‌ကြတော့မယ်။ မကြာခင် တက္ကသိုလ်ဆက်တက်သူကတက်၊ အလုပ်ခွင်၀င်မယ့်သူက၀င်နဲ့ ဘ၀အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချကြရတော့မယ်။ ပတ်ယာတို့ခေတ်မှာက အခုခေတ်လို ကွန်ပြူတာတွေ ဖုန်းတွေသုံးနိုင်ဖို့နေနေသာသာ အပြာဗီဒီယိုကြည့်ရင်တောင် သူငယ်ချင်းတစ်ယောက်အိမ်မှာဝိုင်းစုရင်း ကြည့်ကြရတာ။ ပတ်ယာတို့ လူငယ်လေးတွေအတွက်တော့ လူငယ်ဘ၀မှာ ကျောင်းလစ်၊ ဘီယာဆိုင်ထိုင်၊ ညဖက် ကပွဲပါတီတွေခိုးသွားတာတွေကလွဲရင် တခြားလုပ်စရာ များများစာစားမရှိဘူး။ သူငယ်ချင်းအုပ်စုတွေရဲ့ ထုံးစံအတိုင်း သူတို့အုပ်စုထဲမှာလည်း စော်ကြည်ဘဲပါတယ်၊ ပြိုင်ကား စီးနိုင်တဲ့ သူဌေးသားပါတယ်၊ လေးလုံးနဲ့ စာဂျပိုးပါတယ်၊ အားလုံးထက်ပိုထွားပြီး လူရည်ပိုလည်တဲ့ကောင်ပါတယ်၊ ဇာတ်လိုက်ကျော် ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံ ပါကြတယ်ပေါ့။ စာသင်နှစ်တစ်နှစ်လုံး ပျော်ချင်တိုင်းပျော် ဆိုးချင်တိုင်းဆိုးခဲ့ကြပေမဲ့ အချိန်တန်တော့လည်း အများနည်းတူ စာမေးပွဲကိုအောင်သွားချင်ကြသူချည်းပဲမဟုတ်ပါလား။ ဒီလိုအောင်ချင်တဲ့သူတွေထဲမှာ အချိုအချောင်နဲ့အောင်ဖို့နည်းလမ်းကို ဖင်ကုန်းဆုတောင်းနေကြတဲ့ ပတ်ယာတို့အုပ်စုလည်း အပါအ၀င်ပဲ။ ကံကောင်းချင်တော့ ၁၉၈၉ ဟန်ဂေရီနိုင်ငံရေးပြောင်းလဲမှုတွေကြောင့် ပတ်ယာတို့အုပ်စုဟာ နေရင်းထိုင်ရင်း ထီထပေါက်ပါတော့တယ်။ ၂၀၀၁ မှာရိုက်ခဲ့တယ်ဆိုပေမဲ့ ၁၉၈၉ ကာလနဲ့ တကယ်တူအောင် ရိုက်ကူးနိုင်ခဲ့တယ်။ သရုပ်ဆောင်တွေ၊ ဒိုင်ယာလော့‌တွေဟာ ကိုယ်တစ်ခါမှမကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၈၉ က စာမေးပွဲကြီးဖြေခါနီး နွေရာသီနေ့ရက်တွေကို ပြန်လည်ပတ်လို့ရအောင် ခေါ်ဆောင်ပေးသွားလိမ့်မယ်။ ဟန်ဂေရီရုပ်ရှင်ဖြစ်တာကြောင့်လည်း ဇာတ်ကောင်နာမည်တွေ၊ ဘာသာစကားတွေဟာ ကြည့်ဖူးနေကျ ရုပ်ရှင်တွေထက် ပိုမိုကွဲထွက်နေဦးမှာပါ။ ဟန်‌ဂေရီရုပ်ရှင်သမိုင်းထဲမှာ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ညွှန်းဆိုကြတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီရုပ်ရှင်လေးနဲ့အတူ အထက်တန်းကျောင်းသားဘ၀ကို ပြန်လည်လွမ်းဆွတ်တမ်းတလိုက်ကြပါဦးလို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01281:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama • Romance
7.8 2001 88 mins
Moscow Square (Moszkva Ter)
Bhari Taraganam
7.5

Bhari Taraganam (2023) “လောကဇာတ်ခုံ” IMDb – 7.5/10 ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။ သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။ မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။ အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ် မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိ ချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Thriller • Drama
7.5 2023
Bhari Taraganam
Dune: Part Two
8.8

Dune: Part Two (2024) ထွက်ရှိလာပါပြီ… အညွှန်းကိုတော့ part 1က ဟာကိုပဲ စပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်… သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံး ဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက် မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့ အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲ အုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုး အတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲ မှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာ ဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်… အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲ…… Dune: Part Two (2024) ********************** ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီး အိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိ ဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရ အေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီး ပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့ မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့ အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမ ရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲ ပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း အစပျိုးသွားပါပြီ။ ကြည့်လိုက်ကြပါဦး….. File size… (7.3 GB)/ (1.77 GB) / (928MB) Quality…WEB-DL 4K HEVC/1080p / 720p Format…mp4 Duration….2h 46m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr. Andreson

Drama
8.8 2024
Dune: Part Two
The Menendez Brothers
7.1

The Menendez Brothers (2024) Monsters series မှာ ပါဝင်ခဲ့တဲ့ မန်နန်းဒက်စ်ညီအကိုတွေရဲ့ မှတ်တမ်းရုပ်ရှင်ကြီး လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်မှာကတော့ series နဲ့မတူပဲ မန်နန်းဒက်စ်ညီအကိုတွေ အတူတူ နှစ်၃၀ကြာပြီးတဲ့နောက် ကိုယ်တိုင်ပြောပြချက်တွေ၊ သူတို့ရဲ့ အဖြစ်အပျက်အမှန်နဲ့ အမြင်တွေ၊ ဘဝဇာတ်လမ်းတွေကိုတင်မက တရားခွင် တစ်လျှောက်လုံးက အဖြစ်အပျက်တွေ၊ မှုခင်းမှာ အရေးပါ အရောက်ခဲ့သူတွေရဲ့အမြင်အတွေးတွေကိုပါ ရှုထောင့်မျိုးစုံကနေ ခံစားကြည့်ရှုနိုင်ကြမှာပဲဖြစ်ပါတယ်။ ဇာတ်ညွန်း ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့မှာ အမေရိကန်တစ်နိုင်ငံလုံးသာမက တကမ္ဘာလုံးအထိပါ ဟိုးလေးတစ်ကျော်ကျော်ဖြစ််သွားခဲ့တဲ့ လူသတ်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ လူသတ်မှုမှာ သားကောင်ဖြစ်ခဲ့ရသူတွေက မန်နန်းဒက်စ်မိသားစုရဲ့ပဲ့ကိုင်ရှင် ဟိုဆေး မန်နန်းဒက်စ်နဲ့ ဇနီးဖြစ်သူ ကစ်တီမန်နန်းဒက်စ်။ သူတို့ကို သတ်ဖြတ်ခဲ့သူတွေက သားဖြစ်တဲ့သူတွေဖြစ်တဲ့ အဲရစ်နဲ့ လိုင်း မန်နန်းဒက်စ်။ ရဲတွေနဲ့ လူတိုင်းလိုလိုက ယုံကြည်ထားတာက သူတို့က ငွေကြောင့်သတ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တရားခွင်မှာ ထွက်ပေါ်လာခဲ့တဲ့ မန်နန်းဒက်စ်မိသားစုအတွင်းက မထင်မှတ်ထားတဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကြားမှာ ဘယ်သူကမှန်နေခဲ့တာလဲ ဘယ်သူကမှားနေခဲ့တာလဲဆိုတာကို အဖြေရှာမရဖြစ်လာခဲ့တဲ့အခါမှာတော့ မန်နန်းဒက်စ်ညီအကိုတွေရဲ့လူသတ်မှုဟာ နောင်တစ်ချိန်မှာ လူတိုင်းပြောစမှတ်ပြုကြရတဲ့ အမှုတစ်ခု ဖြစ်လာပါတော့တယ်။

7.1 2024 116 mins
The Menendez Brothers
Love of May
5.8

CM ချစ်ပရိသတ်တို့ရေ… ဒီနေ့မှာတော့ အဟောင်းတွေထဲက အသစ်ရှာဖွေတင်ဆက်ခြင်းအဖြစ် ဂူဂူးလို့နာမည်ကြီးတဲ့ လျိုယိဖေးနတ်သမီးလေးရဲ့ ငယ်ပုံရိပ်လေးကို ပြန်လည်ခံစားဖို့ အချစ်ရိုမန့်ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်ကားနာမည်လေးကတော့ Love of May တဲ့… မေလမှာတွေ့တဲ့ အချစ်တစ်ခုကို ဖော်ပြတာဖြစ်သလို ထိုင်ဝမ်အဆိုတော်အဖွဲ့ Wu Yue Tian (May Day) အဖွဲ့က ဖန်တီးပေးတဲ့ အချစ်ဇာတ်လမ်းလေးကို ပြောချင်တာလည်း ဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့… ၂၀၀၀ ခုနှစ်အစောပိုင်း အီးမေးလ်တွေစပြီး နာမည်ကြီးစဉ်ကာလက May Day အဆိုတော်အဖွဲ့ရဲ့ ဖန်ဆိုဒ်ကို main vocalist အားရှင်းရဲ့ ညီဖြစ်သူ ၁၉ နှစ်အရွယ်ကောင်လေး အားလေ့က တာဝန်ယူ ပြန်ကြားပေးနေခဲ့ပါတယ်… ဒီလိုနဲ့ သူဟာ ဖန်တွေပို့တဲ့မေးလ်တွေထဲကနေ ရင်ခုန်သံတစ်ခုကိုရှာတွေ့ခဲ့တာကြောင့် အားရှင်းလို ဟန်ဆောင်ပြီး စာတွေပြန်နေခဲ့ပါတယ်… တစ်ဖက်က စာတွေပို့နေတဲ့ ဟာအာပင်းက ၁၇ နှစ်အရွယ် တရုတ်ပြည် ပီကင်းက အော်ပရာ ကျောင်းသူလေး ရွှမ်ရွှမ်တဲ့… တနေ့တော့ ရွှမ်ရွှမ်အနေနဲ့ အားလေ့ရှိတဲ့ ထိုင်ဝမ်ကို အော်ပရာသရုပ်ပြဖို့ သွားရမယ်ဆိုတော့ အားရှင်းလို့ယုံကြည်လို့ပဲလား… စကားပြောဖော်ကို ယုံကြည်လို့ပဲလားတော့မသိပေမယ့် အားလေ့ (သူသိထားတဲ့ အားရှင်း) နဲ့ တွေ့ဖို့ကြိုးစားပါတော့တယ်… အကြောင်းကတော့ ထိုင်ဝမ်ကို တူတူလည်ချင်လို့ပါတဲ့… ဒီတော့ အားရှင်းအဖြစ်ဟန်ဆောင်ထားတဲ့ အားလေ့အနေနဲ့ ဒီကိစ္စတွေကိုဘယ်လိုရှင်းပြမလဲ ရင်ခုန်တတ်စ ဆယ်ကျော်သက်ရွယ် ၂ ယောက်ကြားမှာ ဘာတွေဆက်ဖြစ်မလဲ… မမြင်ဖူးတဲ့သူစိမ်းယောက်ကျားလေးကိုတောင် ဆက်သွယ်ပြီး ရွှမ်ရွှမ် လျှောက်လည်ချင်ခဲ့တဲ့ ထိုင်ဝမ်မှာ ဘာမြှုပ်ကွက်တွေရှိနေခဲ့တာလဲ… ကံတရားက သူတို့ကို ပိုနီးစပ်စေမှာလား… ပိုပြီးဝေးကွာစေမှာလားဆိုတာ… ဂူဂူးနဲ့ မင်းသား Chen Bolin တို့ရဲ့ အပြစ်ကင်းရိုးသားနုငယ်တဲ့ ပုံစံလေးတွေနဲ့အတူ ရင်ခုန်ကြရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)

5.8 2004 109 mins
Love of May