YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Man On Credit (2024) 1080p WEB-DL CM.mp4

1.15 GB 1080p video/mp4 220 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Passengers
6.9

Passengers (2016) ‌Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သို့ရောက်ရှိဖို့ နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။ Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို့ သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိုးပီးအကူအညီ ယူဖို့ကလည်း သူတို့တွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို့ Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။ ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။ အထီးကျန်မှုကို မခံစားနိုင်လို့ သူ့ကိုယ်သူ သတ်သေဖို့လည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။ သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို့ လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။ အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိုးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိုးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချို့ယွင်းပီး နိုးလာတာလို့ဘဲ အသိပေးခဲ့တာပါ။တကယ်တော့ သူတို့နှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာ ကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိုးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား....သူတို့တွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ..... Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။ ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။ Jim ဘက်ကကြည့်ရင် Aurora ကို နှိုးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိုးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။ သူတို့ နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လို့ပြောရင် သင်ယုံမလား...အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချို့ယွင်းပီး မနှိုးထခဲ့ရင်......... Imdb Rating- 7/10 #ThuYein (ရုပ်ရှင်အညွှန်းကို Movie Gods FB Page မှကူးယူဖော်ပြပါသည်။) File size…(4.4 GB)/(1.5 GB)/ (900 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:10 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Ye Man Aung & Arr Khun Winchester

Drama • Mystery • Thriller
6.9 2016 116 mins
Passengers
Scream VI
7.2

Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ အဲဒီ လူသတ်သမားတွေကို အရမ်းအားကျတဲ့ သူတွေကလည်း သူ့ကိုသတ်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ သူတို့အနားကလူတွေ တဖြုတ်ဖြုတ် အသတ်ခံလာရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ထုံးစံအတိုင်းလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါပဲ။ ညီအစ်မနှစ်ယောက်နေရာမှာတော့ အရင် Scream မင်းသမီး Melissa Barrera နဲ့ ဝန့်ဇ်ဒေးစီးရီးထဲကမင်းသမီးလေး Jenna Ortega တို့ ပါဝင်ထားရုံတင်မက ပင်တိုင်စံမမကြီး Courtney Cox လည်း ဆက်ပါထားပါသေးတယ်။ Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 6.7GB, 1.85GB, 860MB Quality - 4K HEVC, 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 2Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama • War
7.2 2023 123 mins
Scream VI
Ghosty
4.5

IMDb. 6.8/10 . Cm ပရိသတ်တွေအတွက် ဘိုင်ရာဗာရုပ်ရှင်ထဲကမင်းသမီး ကာဂျယ်အက်ဂါဝယ်ရဲ့ အသစ်ထွက် တမီလ်စကားပြော comedy, horror ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အာရ်သီဆိုတဲ့ ရဲစုံထောက်မလေးဟာ အင်မတန်မှ တလွဲလုပ်တတ်လွန်းတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အဖေရဲမှူး အငြိမ်းစားမယူခင် ခက်ခက်ခဲခဲ ဖမ်းခဲ့ဖူးတဲ့ ဒါ့စ်ဆိုတဲ့ ရာဇဝတ်ကောင်တစ်ယောက်ဟာ ထောင်ဖောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီသတင်း ကြားတဲ့အချိန်ကနေစပြီး အာရ်သီဟာ ဒါးစ်ကို အသည်းအသန် လိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သူဟာ ဒါးစ်နောက်ကိုလိုက်ရင်း တလွဲတချော်တွေဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့အိမ်မှာ အပမှီသလို မသိုးမသန့်ကိစ္စတွေ ကြုံလာရပါတော့တယ်။ ဒီ Ghosty ဆိုတဲ့ သရဲ၊ ဟာသရုပ်ရှင်လေးဟာ ကာဂျယ် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးပြန်ထွက်လာတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် ကာဂျယ်ကလည်း အစွမ်းကုန်လှနေတဲ့အတွက် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin~ BpL~ Yunni~ Cherry~Zwe Yan Naing

Comedy • Romance
4.5 2023 134 mins
Ghosty
Tinnitus
8

နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 45Min Genre - Drama, Horror, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
8 2023 105 mins
Tinnitus
Dante's Peak
6.2

ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ မီးတောင်ပညာရှင် ဟယ်ရီဒေါ်လ်တန်ဟာ ကတ်စ်စတိတ်မြောက်ပိုင်းမှာလှုပ်နေတဲ့ ငလျင်တွေအကြောင်းစမ်းသပ်တိုင်းတာဖို့ Dante’s Peak ဆိုတဲ့မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မီးတောင်ပေါက်ကွဲတော့မှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ မြို့တော်ဝန်ရေချယ်ဝန်ဒိုနဲ့ ဟယ်ရီဟာ မြို့ကောင်စီဝင်တွေကို မြို့သူမြို့သားတွေအားလုံးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းသင့်ကြောင်းရှင်းပြခဲ့ပေမယ့် မသေချာဘူးဆိုပြီးလက်မခံခဲ့ကြပါဘူး။ ဒီလိုနဲ့ ရက်သတ္တပတ်အကြာမီးတောင်ပေါက်လုဆဲဆဲမှာ ဟယ်ရီသဘောကျနေတဲ့ မြို့တော်ဝန် ရေချယ်ရဲ့ ကလေးနှစ်ယောက်ဟာ မပြောမဆိုနဲ့တောင်ပေါ်တက်သွားပါတော့တယ်။ ရေချယ်နဲ့ ဟယ်ရီနှစ်ယောက် ကလေးတွေကိုပြန်ခေါ်ရင်း မီးတောင်ပေါက်ကွဲနေတဲ့ကြားကနေ ချော်ရည်တွေဆီကလွတ်အောင်ပြေးနိုင်ကြမလားဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao

Comedy • Drama • Family
6.2 1997 108 mins
Dante's Peak
Oh My Dog
5.7

ခွေးချစ်သူပရိတ်သတ်ကြီးအတွက် IMDb 8.8အထိတောင်ရရှိထားပြီး Amazon Prime က ထုတ်လွှင့်ထားတဲ့ ခွေးလိမ္မာကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နှစ်စဉ်အတော်ဆုံးခွေးတွေမွေးထုတ်ပေးတဲ့ခွေးသင်တန်းကျောင်းတစ်ခုရှိပါတယ် ပြိုင်ပွဲတိုင်းမှာလည်းပထမဆုချည်းဆွတ်ခူးခဲ့တာမို့ ခွေးကောင်း‌မျိုးသန့်တွေပဲမွေးထားတာပေါ့ တစ်နေ့ Husky ခွေးမလေးတစ်ကောင်ကသားပေါက်ခဲ့ရာမှာ မျက်စိမမြင်တဲ့ခွေးလေးတစ်ကောင်ပါလာခဲ့ပါတယ် အတော်ဆုံးသင်တန်းကျောင်းပီပီ အသုံးမဝင်တဲ့ခွေးတွေကိုသတ်ပစ်ဆိုပြီး အထက်ကအမိန့်ပေးလေတော့ မတတ်သာတဲ့အဆုံးတောထဲခေါ်သွားပြီးသတ်ဖို့လုပ်ခဲ့ရာမှာ သေကံမရောက်သက်မပျောက်ဘဲ ခွေးလေးကလွတ်မြောက်ခဲ့ပါတယ် ရေစက်သာပါလာခဲ့ရင်နတ်ပြည်ကအပ်တစ်စင်းနဲ့လူ့ပြည်ကအပ်တစ်စင်းထိပ်တိုက်တွေ့သကဲ့သို့ ဒီခွေးလေးဟာလည်း အာဂျွန်ဆိုတဲ့ကလေးလေး‌နဲ့တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့ပါတယ် မျက်စိမမြင်ရပေမယ့်အနံ့ခံအာရုံအားကောင်းတဲ့‌ခွေးလေးဆင်းမ်ဘာက အာဂျွန်လေးအနံ့ကိုခံ အိမ်ထိလိုက်သွားခဲ့ပြီး အာဂျွန်လေးရဲ့ ပြုစုမှုအောက်မှာကြီးပြင်းလာခဲ့ပါတယ် ဒီမှာတင်ပြီးမသွားပါဘူး ဆင်းမ်ဘာလေးကိုလွတ်လာတုန်းက သူ့ကိုအသည်းအသန်လိုက်ရှာသတ်နေတဲ့လူနှစ်ယောက်လည်းရှိပါတယ် သူတို့နှစ်ယောက်ကဆင်းမ်ဘာလေးအကြောင်းသတင်းရရှိခဲ့ပြီး‌နောက်မှာတော့ဘာတွေဆက်ဖြစ်သွားမလဲ နှစ်စဉ်ကျင်းပလ့ရှိတဲ့ခွေးပြိုင်ပွဲမှာလည်း ဆင်းမ်ဘာလေးကိုဝင်ပြိုင်စေချင်တော့ ဘယ်လိုသင်ကြားမှုတွေနဲ့ဝင်ပြိုင်ကြမလဲ Rating မြင့်ပြီးတကယ်ကောင်းတဲ့ဇာတ်ကားဖြစ်တာမို့ ခွေးချစ်သူပရိတ်သတ်ကြီးအတွက် မကြည့်ဖြစ်လိုက်ရင်နောင်တရစေမယ့်ဇာတ်ကားတစ်ကားပါလို့ပဲညွှန်းလိုက်ပါရစေ (အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်) File size…2.28GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni & OeliuJ & Haruko

Drama • War
5.7 2022 121 mins
Oh My Dog
Cyber Hell: Exposing an Internet Horror
7.2

IMDb - 6.5/10 ဒီDocumentaryဟာ ၂၀၁၉ ​တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးကျယ်ဆုံး ဆိုက်ဘာပြစ်မှု​တွေထဲက၂ခုအ​ကြောင်း ဖြစ်ရပ်မှန်​တွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်၊ IT​ခေတ် ဖြစ်တာနဲ့အညီ နည်းပညာနဲ့ ကျွမ်းဝင်သူ​တွေ များသလို ဒီနည်းပညာကိုသုံးပြီး မသိနားမလည်သူ​တွေအ​ပေါ် ကျူးလွန်လာတဲ့ဆိုက်ဘာပြစ်မှု​တွေက တစ်​နေ့တခြား များလာသလို နည်းလမ်း​တွေလည်း ပိုစုံလာပါတယ်၊ ဒီ Documentary မှာဆိုရင်​ နည်းပညာကိုအသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စီးပွားရှာသွားသူ​တွေအ​ကြောင်း မြင်​တွေ့ရမှာပါ။ ဘယ်လိုပုံစံမျိုး​ ကျူးလွန်သွားမလဲဆိုတာ အညွှန်းထဲရေးတာထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုပြီးအ​ဆင်​ပြေပါတယ်၊ ​ ဒီ​​နေ့​ခေတ်မှာ လူတိုင်းကြုံ​တွေ့​နေရတဲ့ အခက်အခဲတစ်ခုကိုပဲချနင်းပြီး ငွေသန်းချီ ရှာသွားခဲ့ကြတာတွေ၊ သူတို့ရဲ့​ကျော့ကွင်းထဲ သက်​ဆင်းသွားတဲ့ မိန်းမပျို​တွေ ဘယ်​လောက်ထိ ထိခိုက်နစ်နာခဲ့ရလဲ ဆိုတာ​တွေကို မြင်​တွေ့ရမှာပါ၊ နစ်နာသူ မိန်းက​လေး​တွေထဲမှာ အသက်မပြည့်​သေးသူ​တွေပါ ပါဝင်​နေတာက အ​တော်ကို ဆိုးပါတယ်၊ မြန်မာနိုင်ငံမှာလည်း လိင်ထိပါး​စော်ကားမှုအဖြစ်အပျက်​တွေ မကြာခဏဆိုသလို မြင်​တွေ့​နေရချိန် ဒီ Docuကို ကြည့်ပြီး ​ရှောင်သင့်၊ ဆောင်သင့်တာ​တွေ သိသွားနိုင်ဖို့ ​မျှော်လင့်ပါတယ်၊ ဘယ်သူ​တွေ ကြည့်သင့်လဲဆိုရင်​တော့ ကျား၊ မ မဟူ ဘယ်သူမဆို ကြည့်သင့်ပါတယ်၊ လိင်မုဆိုး​တွေ ဘနဖူးသိုက်တူးသူ​တွေက ကျား၊ မ ​ရွေးနေမှာ မဟုတ်လို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Documentary Quality….1080p | 720p| 480p File size…1.4GB | 546MB | 275MB Format…mp4 Duration…. 1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

7.2 2022 105 mins
Cyber Hell: Exposing an Internet Horror
Montana Story
6.4

Montana Story (2022) ~ IMDb – 6.4/10, RT – 87%, Meta – 73% ~ ၂၀၂၁ ထွက် Drama ဇာတ်ကားကောင်းလေးပါ။ ရိုးရှင်းသလောက် တိကျသေသပ်တဲ့ ဇာတ်လမ်းဇာတ်ကွက် ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ခံစားပျော်ဝင် သွားနိုင်စေမယ့် ဒရာမာကားကောင်းတစ်ကားပေါ့။ Cinematography ကလည်း Western Theme ဆန်ဆန် ရိုက်ထားတာဆိုတော့ ရှုခင်းတွေက အသက်ရှုမှားချင်စရာတွေပါပဲ။ Dialogue ပါးပါးလေးတွေနဲ့ ထောက်ပံ့ထားတဲ့ အချိန်အကြာကြီးကွဲကွာနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြသွားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း အံ့မခန်းပါပဲ။ ဇာတ်လမ်းကို အေးအေးလှလှလေးနဲ့ ဖြည်းဖြည်းချင်း တည်ဆောက်သွားပြီး ပြောင်မြောက်တဲ့ ဇာတ်သိမ်းနဲ့ ခံစားချက်တွေ တလှေကြီး ခံစားလိုက်ရပါလိမ့်မယ်။ ဇာတ်သိမ်းက မျှော်လင့်ထားသလိုမဟုတ်နိုင်ပေမဲ့လည်း သာမန်ရိုးစင်းတဲ့ ပုံမှန် ဒရာမာကားတစ်ကားရဲ့ ဇာတ်သိမ်းမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ ကောင်းကင်ကျယ်ကြီးအောက်က မထူးပေမဲ့ ဆန်းတဲ့ နောက်ထပ် မိသားစု ဇာတ်လမ်းလေးတစ်ပုဒ်ထဲကို ဝင်ပြီး ခံစားကြည့်လိုက်ကြပါဦး… ဇာတ်လမ်းအကျဉ်းကတော့ ဝေးကွာနေကြတဲ့ မောင်နှမနှစ်ယောက် အဖေဆုံးခါနီးမှာ နယ်မြို့လေးက မိသားစုအိမ်ကို ပြန်လာပြီး ပြန်တွေ့ဖြစ်ကြပါတယ်။ သူတို့တွေ ၇ နှစ်တိုင်တိုင် မတွေ့ဖြစ်ကြတဲ့အကြောင်းကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 740MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action • Adventure • Science Fiction
6.4 2021
Montana Story
Betty Blue (1986) 18+
7.3

တံကောက်ကြောဖြတ်ထားခံထားရတဲ့မြင်းရိုင်းတစ်ကောင်လို မိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားတစ်ယောက်ရဲ့ သုခ ၊ ဒုက္ခ ၊ ချစ်ဒုက္ခ။ ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် ကမ္ဘာကြီးရဲ့လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပန်းကလေးလို ၊ မြင်းရိုင်းလို ၊ စိတ်ရူးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်လို.. မတရားမှုကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့အရိုင်းလေး ဘက်တီရဲ့ဘဝအတုံ့အလှည့်တွေအကြောင်း။ အဖြစ်အပျက်တွေအကြောင်း။ ဒီလိုမိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားအတွက်တော့ ဒါဟာ ဝဋ်ကြွေးလို့လည်းခေါင်းစဥ်မတပ်ရက်တဲ့ လှလှပပ စိတ္တဇနာမ်လေးတစ်ခုလို့ပဲ ဆိုရမလား။ အရူးမကိုမှ ရွေးချစ်မိတယ်လို့ပဲ ဆိုရမလား။ ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှတော့ သူ့အတွက် အရာအားလုံး လုပ်ပေးချင်ခဲ့တာပါပဲ။ ကြယ်တွေ ခူးပေးတာပဲဖြစ်ဖြစ်။ ဓားပြတိုက်ပေးတာပဲဖြစ်ဖြစ်။ သူ့အတွက်နဲ့ တပါးသူကို အမှိုက်ပီဇာ ဖုတ်ကျွေးမိတာပဲဖြစ်ဖြစ်။ အချစ်ဆိုတာ ဒီလိုပဲလားလို့တွေးမိရင် ဒါက အချစ်ပါပဲလို့ညွှန်းရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဘက်တီဆိုတဲ့အမျိုးသမီးလေးက Zorg ဆိုတဲ့ယောကျာ်းတစ်ယောက်ဆီကို နေသာတဲ့နေ့တစ်နေ့မှာ ရောက်လာခဲ့ပါတယ်။ သူတို့အတူ ချစ်ရည်လူး တစ်တီတူးနေတာကို မြင်ပြင်းကတ်လှတဲ့လူတွေ သို့မဟုတ် တစ်ဆင့်စကားတွေကြောင့် ဇုရဲ့ အလုပ်ရှင်နားကို ပြန်လည်ပေါက်ကြားသွားတဲ့အခါ… Zorg နေတဲ့တဲကို အလုပ်ရှင်ရောက်လာပြီး ဘက်တီ့ကို နှင်မထုတ်စေချင်ရင် တဲတွေကို ဆေးလိုက်သုတ်ပေးဖို့ ပြောသွားခဲ့ပါတယ်။ ဘန်ဂလို ၅၀၀ ကို အလကား ဆေးသုတ်ခိုင်းတဲ့အလုပ်ရှင် ၊ ငြိမ်ခံနေတဲ့ Zorg နဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲ ဘက်တီတို့​ ထိပ်တိုက်တွေ့ကြရာကနေ ရန်ဖြစ်ကြပြီး ပစ္စည်းတွေပစ်ပေါက်ရင်း ဘက်တီဟာ Zorg ရဲ့လက်ရေးမူဝတ္ထုတစ်ပုဒ်ကို မတော်တဆတွေ့သွားခဲ့ပါတယ်။ ဒီကစလို့ Zorg ကို စာရေးဆရာဖြစ်စေချင်လွန်းလှတဲ့ ဘက်တီရဲ့စိတ်အားထက်သန်မှု ၊ ကြိုးစားအားထုတ်မှု ၊ ကံကြမ္မာအလှည့်အပြောင်းတွေကို ရသမျိုးစုံ ခံစားရနိုင်မယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဘက်တီဟာ မြင်းရိုင်းတစ်ကောင်ဆိုရင် Zorg ကိုရော ဘယ်လိုမျိုးသတ်မှတ်နိုင်မလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ရှုစေချင်ပါတယ်။ တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေမဲ့လည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ရင်ရော ဘယ်လို​ဖြေရှင်းမလဲ..။ ချစ်ခြင်းတရားကတော့ သိပ်လှပါတယ်။ ဒါပေမဲ့ ဘက်တီရယ်.. လောကကြီးမှာ မကောင်းတဲ့ကောင်တွေ မျိုးသုဉ်းသွားမှာလည်း မဟုတ်သလို ၊ မျှော်မှန်းသလို မဖြစ်တဲ့အဖြစ်အပျက်တွေ၊ အချိန်ကိုက် ချော်လွဲရတဲ့ဖြစ်ရပ်တွေ ရှိနေဦးမှာပါပဲ..။ (လိင်အင်္ဂါများကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်ပါ) File size…(4.29GB) / (`1.94GB) / (1.01GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:59:00 Genre… Drama /Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shinn Man Htet Myat

Crime
7.3 1900 120 mins
Betty Blue (1986) 18+
Mad Max Beyond Thunderdome
6.3

Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒါကတော့ ၃ ကားမြောက် Mad Max Beyond Thunderdome (1985) ဇာတ်ကားပါ။ IMDb (6.2) နဲ့ Rotten Tomatoes(81%) ရရှိထားပါတယ်။ Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။) +++++++++++++++++++++++ Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေ ကူးယူဖော်ပြလိုက်ပါတယ်။ +++++++++++++++++++++++ Mad Max: Fury Road ဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။ Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး Mad Max (1979) တွင် တွေ့ခဲ့ရသည်။ သူသည် ထိုရုပ်ရှင်ထဲတွင် ရဲဌာနမှ အငြိမ်းစားယူရန် မကြာခဏ တောင်းဆိုခဲ့သည်မှာ ထိုမိသားစုလေးအတွက်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းခဲ့သော သူ့အတွက် သူ့ရဲ့ ထိုမိသားစုကလေးကို ဆုံးရှုံးရသောအခါ ရုပ်ရှင်ရဲ့The Third Act လောက်မှာ သူ့ရဲ့Antihero တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သော စရိုက်ကို တွေ့မြင်ခဲ့ရပြန်သည်။ ထိုရုပ်ရှင်သည် Director George Miller ရဲ့ပထမဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သူသည် အရင်က ဆေးကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ $350,000 ဆိုသော Budget ကလေးနဲ့အောင်မြင်သွားချက်က ထိုခေတ်က $100 Million နီးပါးပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် The Blair Witch Project ဆိုသော သရဲကား မထွက်ခင်ထိ Mad Max ရုပ်ရှင်သည် အမြတ်ပမာဏ အများဆုံးရရှိသော ရုပ်ရှင်တစ်ကားဖြစ်ခဲ့လေသည်။ ဒုတိယ ဇာတ်ကား Mad Max: Road Warrior (1981) ဇာတ်ကားစတော့ ကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီး Max ကိုလည်း လမ်းပေါ်မှာ တစ်ဦးတည်း ဦးတည်ချက်မဲ့ သွားနေသော ခရီးသည်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတော့တယ်။ သူသည် မိမိနှင့်မဆိုင်ရင် ဝင်မပါသောသူ ကြမ်းတမ်းသော လောကကြီးတွင် မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကို ကောင်းမွန်စွာ သိသောသူ စကားနည်းသွားသောသူ အဖြစ် ကျွန်တော်တို့သူ့ရဲ့ တည်ငြိမ်သော စရိုက်ကို မြင်ခဲ့ကြရပြန်တယ်။ အစားစရာ၊ ရေ၊ နေထိုင်စရာနေရာတစ်ခု နှင့် Petrol တို့ကို လိုအပ်ချက်သည် ထိုရုပ်ရှင်ရဲ့အဓိက ဇာတ်လမ်းပင်ဖြစ်ခဲ့သည်။ သူ့ရဲ့ခရီးစဉ်ရဲ့တစ်နေရာတွင် သူသည် ဓာတ်ဆီများကို ပိုင်ဆိုင်ထား၍ အခြေတကျ နေထိုင်နေကြသော လူတစ်စုနှင့် ထိုဓာတ်ဆီများကို လိုချင်နေကြသော အကြမ်းဖက်ဒုစရိုက် အုပ်စု တစ်စုတို့ရဲ့ကြားထဲကို ရောက်ရှိခဲ့လေသည်။ ဒီရုပ်ရှင်သည် Mad Max ဆိုသော ဇာတ်ကောင်ကို Icon တစ်ခုအဖြစ် အသွင်ပြောင်းပေးခဲ့သော ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပေ။ တတိယ ဇာတ်ကား Mad Max: Beyond Thunderdome (1985) စပြန်တော့လည်း သူ့ကို အရင်ကလို တစ်ဦးတည်း သွားလာနေတဲ့ ခရီးသည်ကြီးတစ်ယောက် အဖြစ်စတင်ခဲ့ကာ မိမိရဲ့ပိုင်ဆိုင်သော အရာများကို လုယူခံရခြင်းမှ ထိုအရာများကို ပြန်လည် လဲယူရန် Society တစ်ခုနှင့် အပေးအယူ လုပ်ခဲ့သည်။ အုပ်ချုပ်မှုဆိုသော ခေါင်းဆောင်ပိုင်းကို လုယူနေကြသော လူများကို သူတွေ့ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ကမ္ဘာကြီးရဲ့သရုပ်မှန်လောကကြီးနှင့် ဝေးကွာသောတစ်နေရာတွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး အဖြစ်မှန်ကို မသိခဲ့ကြတဲ့ လူတစ်စုကိုလည်း သူ တွေ့ခဲ့ပြန်သလို ကျွန်တော်တို့လည်း တွေ့ခဲ့ရပါတယ်။ ထိုပြီးခဲ့တဲ့ ဇာတ်ကား 3 ကားကို ပြန်လည်တွေးတောကြည့်မယ်ဆိုရင် အဓိက Theme က “အိမ်” ဆိုတဲ့ အရာလေးတစ်ခု နဲ့အသက်ဆက်လက်ရှင်သန်နေထိုင်နိင်ခြင်း တို့ပဲဖြစ်ပါတယ်။ လူတိုင်းသည် မိမိတို့ရဲ့အိမ် မိသားစု ဆိုတဲ့ အရာများကို မက်မောလေ့ရှိတတ်ကြပါတယ်။ အကယ်၍ ကမ္ဘာကြီး ပျက်ဆီးသွားခဲ့ရင်တောင် နေထိုင်စရာ အသက်ရှင်စရာ ကို လုယူ၍သော်လည်းကောင်း ရှာဖွေ၍သော်လည်းကောင်း တစ်နည်းနည်းနဲ့ရရှိအောင် ပြုမူဆောင်ရွက်ကြမည်မှာ လူသားတိုင်းပင်ဖြစ်ပါတယ်။ ထို့အတူပါပဲ။ ယခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Mad Mac: Fury Road (2015) ဇာတ်ကားတွင်လည်း အဓိက နောက်ခံကျောရိုး ဇာတ်လမ်းနဲ့ဒီရုပ်ရှင်ဇာတ်လမ်းရဲ့အဓိကရည်ရွယ်ချက်က “Home” ဆိုသော “အိမ်” ဆိုသည့် လူသားတွေ အသက်ရှင် နေထိုင်ကြမည့်နေရာတစ်ခုကို ရှာပုံတော်ဖွင့်နေကြတဲ့ အမျိုးသမီးတစ်စုရဲ့အကြောင်းကို တင်ပြထားပါတယ်။ ဒါဆို ထို မိန်းမတစ်စုနဲ့တစ်ကိုယ်တော် ခရီးသည်ကြီး Max တို့နဲ့ဘယ်လိုများ စပ်ဆက် နေတာပါလဲ? ဇာတ်လမ်းအစမှာ Max ကို စတင်တွေ့ရသည်။ သူသည် မည်သည့်နေရာက လာခဲ့သည်ဆိုတာကို ဇာတ်လမ်းက ပြောမသွား။ ဒါပေမဲ့သူသည် War Boys ဆိုသော လူတစ်စုထံမှ ပြေးနေရသည်ဆိုတာကိုတော့ နောက်အခန်းတွေမှ စ၍ သိခဲ့ရသည်။ သူထို War Boys ဆိုသူတွေရဲ့ဖမ်းဆီးခြင်းကို ခံရတော့ ထိုသူတို့ရဲ့ခေါင်းဆောင်ကြီးဖြစ်သူ Inmortan Joe ဆိုသော လူကြီးဆီသို့ခေါ်ဆောင်သွားခံရသည်။ ထို Inmortan Joe သည် သူနေထိုင်ရာ မြို့ဟု ခေါ်ဆိုရမည့် Society တစ်ခုတွင် အာဏာရှိသောသူ အရာအားလုံးကို ထိန်းချုပ်ထားသူ တစ်ဦးဖြစ်သည်။ ထိုအနီးအနားတဝိုက်တွင် နေထိုင်သူ အားလုံးသည် သူ့ရဲ့အစားအစာ နှင့် ရေ ထောက်ပံမှုကို လိုအပ်နေသော လူများပင် ဖြစ်သည်။ ထို့အပြင်သူသည် သူ့ရဲ့မျိုးပွားရန်အတွက် မိန်းမငယ်များကို ဖမ်းဆီးထားကာ War Boys ဟုခေါ်သော သူ့ရဲ့တပည့်တပန်းများ (သို့) မျိုးပွားထားသော သားများသည် စစ်တိုက်ခိုက်ရန်နှင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်အပြင် ထို Inmortan Joe အတွက် အသက်စတေးပေးကာ တာဝန်ထမ်းဆောင်နိုင်လျှင် မြင့်မြတ်သော အောင်မြင်သော ဂုဏ်ရှိသော အလုပ်တစ်ခုဟု အယူဝါဒသစ်တစ်ခု မှိုင်းတိုက်ခံထားရသော လူငယ် ယောင်္ကျားလေးများပင် ဖြစ်သည်။ Max ရဲ့သွေးသည် Universal Blood ဆိုသည်ကို သူတို့သိကြသောအခါ ထို War Boys များထဲမှ နာမကျန်းဖြစ်နေသည့် Nux ဆိုသော လူငယ် War Boy တစ်ဦးအတွက် သွေးထောက်ပံပေးနေရသော လူတစ်ဦးအဖြစ် ဖမ်းဆီးခြင်း ခံထားရသည်။ (Universal Blood Donner ဆိုသည်မှာ သွေးအမျိုးအစား O – များကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပြီး ကျန်သော သွေးအမျိုးအစားအားလုံးကို သွင်းနိုင်သည်။ Universal Blood Recipients များကတော့ AB+ သွေးအမျိုးအစားကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပါသည်။ အတိအကျ အသေးစိပ်ကိုတော့ ဆရာဝန်များ ပိုသိကြပါတယ်။) ဒီနေရာတွင် Furiosa ဆိုသော အမျိုးသမီးကို ကျွန်တော်တို့စတင်ပြီး တွေ့ခဲ့ရသည်။ သူမသည် ဒီရုပ်ရှင်ရဲ့အသက်ဟုခေါ်ဆိုရလောက်တဲ့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်း ဖြစ်ပေါ်လာရပုံနဲ့နောက်ဆက်တွဲ အကျိုးရလာဒ်များအားလုံးသည် သူမကြောင့်ပင်ဖြစ်သည်။ သူမရဲ့ပုံကို ပြောရမယ်ဆိုရင် အရပ်အမောင်း ကောင်းမွန်ကာ ဆံပင်မရှိ ရဲ့ရင့်သော ထက်မြက်သော အမျိုးသမီးတစ်ဦး အသွင်ရှိသည်။ သူမရဲ့လက်ဝဲဘက် လက်မရှိ၍ စက်လက်အတု တစ်ချောင်းကို တပ်ဆင်ထားရသည်။ သူမသည် Inmortan Joe အတွက် Gasoline သွားယူရန် ကြီးမားသော Rig ကြီးကိုမောင်းနှင်ကာ ထွက်သွားကာ သွားရမည့်လမ်းမှ ကွဲထွက်သွားသောအခါ Inmortan Joe သည် သူ့ရဲ့အမြတ်နိုးဆုံး အရေးကြီးဆုံး အလိုအပ်ဆုံး ပစ္စည်း 5 ခုပျောက်ဆုံးသွားကာ ထိုပစ္စည်းများသည် Furiosa နှင့်အတူ ပါသွားကြပြီကို သိလိုက်သောအခါ သူ့ရဲ့စစ်တပ်တစ်ခုလုံးကို ခေါ်ဆောင်ကာ Furiosa နောက်သို့လိုက်လံလေတော့သည်။ ဒါဆို Furiosa နဲ့အတူ ပါသွားကြတဲ့ တန်ဖိုးရှိ အရာ 5 ခုသည် ဘာတွေနည်း? Angharad Splendid, Capable, Cheedo, Toast နှင့် Dag ဟုအမည်ရသော Inmortan Joe မျိုးပွားရန် ဖမ်းဆီးထားသော သူ့ရဲ့မိန်းမများဖြစ်သော အမျိုးသမီးငယ်များပင် ဖြစ်ပေသည်။ တိုက်ပွဲတွင် Inmortan Joe အတွက် သေဆုံးရလျှင် ဂုဏ်ယူစရာဟု ထင်မှတ်မှားနေသော ဖျားနေနေသည့် War Boy – Nux သည် နေမကောင်းသည့် ကြားထဲကပင် Max ကို သူမောင်းနှင်ရမည့် ကားရှေ့တွင် မက်တပ်ရပ်စေလျှက် သွေးသွင်း၍ ကားမောင်းကာ ထွက်ပြေးသွားသော Furiosa တို့ကားနောက်ကို လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ထဲတွင် လိုက်ပါလာလေသည်။ ပြင်းထန်သော တိုက်ပွဲများနှင့် တွေ့ဆုံနေကြပြီး ရှေ့တွင် ကြီးမား၍ အန္တာရယ် အလွန်ကြီးမားသော သဲမုန်တိုင်းကြီးတစ်ခုထဲသို့Furiosa တို့Rig ကြီးမောင်းနှင်သွားချိန်တွင် Max နှင့်အတူ Nux ပါ လိုက်ပါ မောင်းနှင်သွားကြသောအခါ…. ဇာတ်လမ်းတစ်ခုလုံးသည် လိုက်တမ်းပြေးတမ်း တစ်ခုပင်ဖြစ်သည်။ ထိုအမျိုးသမီးလေး 5 ဦးကို Furiosa ခေါ်ဆောင်လာခဲ့သော နေရာသည် သူမကြီးပြင်းခဲ့သည့် နေရာတစ်ခုကိုပင်ဖြစ်သည်။ သူတို့ခေါ်တော့ “Green Place” ဆိုပြီး စိမ်းလန်းစိုပြေတဲ့ နေရာလို့တင်စားခေါ်ဝေါ်ကြတဲ့ အိပ်မက်ဆန်ဆန် နေရာတစ်ခုပင် ဖြစ်တယ်။ Nuclear War ကြောင့် ပျက်ဆီးသွားတဲ့ ကမ္ဘာမြေကြီးသည် နေရာတိုင်းတွင် ခြောက်ကပ်နေသည်။ အပင်များ မပေါက် နေထိုင်ရန်ခက်ခဲ ကြမ်းတမ်းသော လူများ အုပ်စိုးနေတဲ့ လောကကြီးမှာ ငြိမ်းချမ်းအေးဆေးတဲ့ စိမ်းလန်းစိုပြေတဲ့ နေရာတစ်နေရာလေးသည် ထိုကာလရဲ့လူသားတိုင်းအတွက်တော့ အိပ်မက်ဆန်ဆန် နေရာလေးတစ်ခုပင်ဖြစ်သည်။ Furiosa နဲ့ထိုအမျိုးသမီးလေး 5 ယောက်တို့ခရီးကြမ်းကြီးရဲ့ပန်းတိုင်သည် ထိုနေရာပင် ဖြစ်သည်။ သူမတို့ထိုနေရာကို ရောက်ကြပါ့မလား ဆိုတာကိုတော့ စာဖတ်သူတို့ပဲ သည်းထတ်ရင်တဖိုဖိုနဲ့ဆက်လက် ကြည့်လိုက်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ Director George Miller ဒီရုပ်ရှင်ကို ရိုက်ကူးရန် စိတ်ကူးရှိခဲ့သည်မှာ Wikipedia မှာ ဖတ်ရသလောက်ဆိုရင် 1998 ခုနှစ်ကတည်းက Los Angles မြို့ရဲ့လမ်းစုံတစ်နေရာမှာ လမ်းလျှောက်နေခဲ့ရင်းနဲ့စတင်ခဲ့တာလို့ဖတ်ရပါတယ်။ အဲ့ဒီ့နောက် တစ်နှစ်လောက်ကြာတော့ Australia ကိုပြန်တဲ့ လေယာဉ်ပေါ်မှာ သူ ဒီဇာတ်လမ်းတစ်ခုလုံးကို ရခဲ့ပါတယ်။ 2001 ခုနှစ်က 20th Century Fox နဲ့ရိုက်ကူးကြမယ်လို့စတင်ခဲ့ကြပေမဲ့ September 11 အရေးကြောင့် US Dollar ဈေးတွေ Australia Dollar ဈေးတွေထက် အဆမတန်ကျကာ Budget မခိုင်ပဲဖြစ်ခဲ့ရကာ ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ 2003 ခုနှစ်မှာ US Dollar 100 Million Budget နဲ့စတင်ရိုက်ကူးဖို့ခွင့်ပြုချက်ရခဲ့ပေမဲ့ Iraq စစ်ပွဲတွေ စတင်လာပြန်သောကြောင့် နိုင်ငံရေးအရ Nuclear War ဆိုတဲ့အရာနဲ့ဇာတ်လမ်းနဲ့ဆက်နွယ်နေခဲ့ပြန်သောကြောင့် နောက်တစ်ကြိမ် ရိုက်ကူးရေးကို ရပ်နားခဲ့ရပြန်ပါတယ်။ ထိုအခါမှာတော့ Original Max ဖြစ်တဲ့ မင်းသား Mel Gibson က ရိုက်ကူးရေး ရပ်နားလာရသောကြောင့် ထိုဇာတ်ကားကို ရိုက်ကူးရန် စိတ်ဝင်စားမှူ မရှိခဲ့တော့ပါဘူး။ နောက်တစ်ကြိမ် 2007 လောက်မှုာ ထပ်မံရိုက်ကူးဖို့George Miller ကြိုးစားပါတယ်။ ဒီတစ်ခါတော့ အသက်အရွယ်ကြီးလာတဲ့ Mel Gibson နေရာမှာ Heath Ledger နဲ့Max ဇာတ်ကောင်ကို ရိုက်ကူးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့2008 မှာ Heath Ledger သေဆုံးသွားတော့ 2009 ခုနှစ်မှာ Tom Hardy ကို ရွေးချယ်ခဲ့ကြပါတယ်။ 2011 ခုနှစ်မှာ Australia နိုင်ငံမှာ ကြီးမားတဲ့ မိုးရွာသွန်းမှူကြောင့် သူတို့ရိုက်ကူးရန် စီစဉ်ထားကြတဲ့ Broken Hill သည် ပျက်ဆီးသွားခဲ့ပြီး အရင်က ကန္တရသဖွယ် ဖြစ်တည်နေသော ထိုနေရာသည် ပန်းများဖြင့် ဝေဆာကုန်သောကြောင့် ဇာတ်လမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ ရိုက်ကူးရေးကို Namibia နိုင်ငံသို့ရွေ့ပြောင်းခဲ့ရပြန်သည်။ ဒါပေမဲ့ 2012 ခုနှစ် July လ မတိုင်ခင်အထိ အကြောင်းအမျိုးမျိုးကြောင့် ရိုက်ကူးရေး မစတင်နိုင်ခဲ့ကြပြန်ပါဘူး။ 2012 July လောက်မှ စတင်ကာ Namibia နိင်ငံနှင့် Western Sydney တို့တွင် ရိုက်ကူးခဲ့ကာ 17th December 2012 တွင်ပြီးဆုံးခဲ့၍ ရက်ပေါင်း 120 ကြာမြင့်ခဲ့သည်။ ဒါပေမဲ့ 2013 ခုနှစ် အစောပိုင်းလောက်မှာ Namibia ရဲ့Namibian Coast Conservation and Management သည် ထိုရုပ်ရှင်လာရောက်ရိုက်ကူးသွားခဲ့ခြင်းသည် သူတို့ရဲ့Namib ကန္တရကြီးကို ပျက်စီးစေခဲ့ပြီး ထိုအရပ်ရှိ အပင်များ တရိစ္ဆာန်များကို ပျက်ဆီးစေခဲ့သည်ဟု စွပ်စွဲကာ Mad Max Fury Road ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများသည် တိုင်ကြားခြင်းခံခဲ့ရသည်။ ထို့နောက် November 2013 မှာ သူတို့ထိုရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့ကြရပြန်ပါတယ်။ ယခု May 2015 မှာတော့ ကျွန်တော်တို့ထို အခက်အခဲပေါင်း မြောက်မြားစွာက အောင်မြင်စွာ ထွက်ရှိနိုင်လာတဲ့ ထိုရုပ်ရှင်ကို ကြည့်နိုင်ကြပြီလေ။ ဒီရုပ်ရှင်က Mad Max ရဲ့ဇာတ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းသဘောအရ အမျိုးသမီးတွေကို ဦးစားပေးထားသော ဇာတ်ကားဖြစ်သည့် အားလျော်စွာ ကျွန်တော် ထို အမျိုးသမီးဇာတ်ကောင် 6 ယောက်ကို လေ့လာကြည့်ခဲ့ပါတယ်။ Imperator Furiosa ထိုဇာတ်ကောင်ကို မင်းသမီး Charlize Theron က သရုပ်ဆောင်ထားပါတယ်။ သူမသည် ပထမဆုံး Mad Max ရုပ်ရှင်ကားကို အသက် 8 နှစ်တွင် မပြည့်မစုံ ကြည့်ခဲ့ရသည်။ သူမသည် ထိုဇာတ်ကောင်ကို ရိုက်ကူးနေစဉ်က သူမစိတ်ပူနေခဲ့သည်မှာ တတိယဇာတ်ကားဖြစ်တဲ့ Mad Max: Beyond Thunderdome ဇာတ်ကားထဲက Tina Turner ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Aunty Enitity နှင့် ဇာတ်ကောင်စရိုက်ပုံစံခြင်း ဆင်တူနေမှာကို စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတူညီပါ။ ဟိုတစ်ယောက်က အာဏာကို လိုချင်သောသူ။ သူမရဲ့ ဇာတ်ကောင်ကတော့ အမျိုးသမီး 5 ယောက်ကို ကိုယ်ချင်းစာသောသူ၊ ငယ်စဉ်အခါက မိခင်နှင့်အတူ လူဆိုးများရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရ၍ အိမ်နှင့်ဝေးကွာနေခဲ့ရသူ၊ သူမဘဝရဲ့တစ်ချိန်တစ်ခါတုန်းက တိုက်ပွဲတစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် သူမရဲ့လက်ဝဲဘက် လက်ကို ဆုံးရှုံးခဲ့ရသောသူ၊ ဝမ်းနည်းရမည့်အချိန်တွင် မျက်ရည်ဝဲခဲ့ပေမဲ့ စိတ်ဓာတ်ပြတ်သားကာ မိမိဆက်လက်လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ခဲ့သူ၊ ကြမ်းတမ်းသော လောကကြီးတွင် ကြီးပြင်းလာခဲ့၍ လူတိုင်းကိုမယုံကြည်တတ်ကာ အခြေအနေနှင့် အချိန်အခါအလိုက် မှန်ကန်ဆုံးနှင့် ရဲ့ရင့်ဆုံး လုပ်ဆောင်နိုင်ခဲ့သော အမျိုးသမီးဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်။ သေချာပါတယ်။ ရုပ်ရှင်သမိုင်းရဲ့Legendary Woman Warrior စာရင်းထဲတွင် Imperator Furiosa သည် ပါလာခဲ့မည်မှာ သေချာပါတယ်။ Charlize Theron သည် ထိုဇာတ်ကောင်အတွက် သူမရဲ့ဆံပင်တွေကို ရိတ်ခဲ့ပါတယ်။ သူမပြောတာကတော့ ရိုက်ကူးနေစဉ် လက်တစ်ဘက်ပြတ်နေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတာ အခက်ခဲဆုံးပါတဲ့။ Splendid ယောင်္ကျားလေးတော်တော်များများ ဒီရုပ်ရှင်ကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တွေ အများကြီးထဲက တစ်ခုကတော့ ထို ဇာတ်ကောင်ကို သရုပ်ဆောင်ထားတဲ့ Rosie Hutington-Whiteley ကြောင့်ပဲဖြစ်မယ်လို့ထင်ပါတယ်။ အရင်က Victoria Secret ရဲ့Model တစ်ယောက်ဖြစ်ခဲ့တဲ့ သူမအတွက်တော့ ဒီဇာတ်ကားသည် ဒုတိယမြောက် ရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ကတော့ Transformers: Dark of the Moon ပဲဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူမသည် ဒီရုပ်ရှင်တွင် သရုပ်ဆောင်မှုအပိုင်းမှာ အလွန်တိုးတက်လာတယ်လို့ ထင်ပါတယ်။ သူမရဲ့ပြောချက်အရတော့ Charlize Theron နဲ့တွဲပြီး သရုပ်ဆောင်ခဲ့ရတာ သူမအတွက်တော့ Inspiration တစ်ခုဖြစ်တယ်လို့သိခဲ့ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ထိုအမျိုးသမီးလေး 5 ယောက်ရဲ့နာမည်တွေကို ပေးထားတာ ထိုနာမည်တွေက သူတို့ရဲ့ဇာတ်ကောင်စရိုက်တွေနဲ့သက်ဆိုင်နေတယ်လို့ကျွန်တော် မြင်မိတယ်။ Splendid ဇာတ်ကောင်သည် တစ်ကယ်ကိုပင် ရုပ်ရှင်ထဲတွင် Splendid ဖြစ်ခဲ့သည်။ Capable ထိုဇာတ်ကောင်ကိုတော့ Riley Keough က သရုပ်ဆောင်ခဲ့ပါတယ်။ ထိုဇာတ်ကောင်သည် အတွေးသမားတစ်ယောက်ဖြစ်သည်။ သူမရဲ့Nickname ကတော့ “Brainy” ၊ Capable ဆိုသော နာမည်အတိုင်း လမ်းတစ်လျှောက် ပြဿနာတွေပေါ်ပေါက်လာလျှင် ဖြေရှင်းနိုင်သူ တစ်ယောက်ပင်ဖြစ်သည်။ 6 လ လောက် Namibian ကန္တရမှာ အင်္ကျ ီခပ်ပါးပါးကို ဝတ်ဆင်ခဲ့ရတဲ့ မင်းသမီး Riley Keough တစ်ယောက် အအေးဒဏ်ကို မခံနိုင်ခဲ့သောကြောင့် Hypothermia ဆိုတဲ့ ရောဂါကို ခံခဲ့ရပါတယ်။ The Dag ဒီဇာတ်ကောင်ကို Abbey Lee ဆိုသော အရင်က Model တစ်ယောက်ဖြစ်ခဲ့သော အမျိုးသမီး သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထို Dag ဆိုသော နာမည်အတိုင်း ထိုဇာတ်ကောင်သည် အများနှင့် မသက်ဆိုင်သော ပုံစံမျိုးပင်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သိပ်မစပ်အပ်လှပေ။ ဒီဇာတ်ကားသည် ထိုမင်းသမီးအတွက်တော့ ပထမဆုံး ရုပ်ရှင်ပင်ဖြစ်သည်။ သူမသည် ရောဂါတော့မရရှိခဲ့။ သို့သော် ရိုက်ကူးနေစဉ်တော့ ခါးဒဏ်ရာ ရရှိခဲ့သည်။ Fragile ဒီဇာတ်ကောင်ရဲ့နာမည်ကလည်း ထိုဇာတ်ကောင်ရဲ့စရိုက်ကို ဖော်ပြနေသည်။ ထိုဇာတ်ကောင်သည် ထို အမျိုးသမီး 5 ယောက်ထဲတွင် အသက်ငယ်ဆုံး ဇာတ်ကောင်ဖြစ်သည့်အားလျော်စွာ အလွယ်တကူ Fragile ဖြစ်နိင်သည်။ သူမရဲ့ထိုဇာတ်ကောင်သည် တစ်ခြားသူများရဲ့အကူအညီ လိုအပ်သော ဇာတ်ကောင်ပင် ဖြစ်သည်။ ထိုဇာတ်ကောင်ကို Courtney Eaton က သရုပ်ဆောင်ထားပြီး သူမ Audition မလုပ်ခင်က သူမသည် Mad Men tv series အတွက် သရုပ်ဆောင်ရမည်လို့ထင်နေခဲ့တာ သူမရဲ့အဖေက “No, Mad Max! This is huge!” လို့ဝမ်းပန်းတသာနဲ့ပြောဆိုခဲ့လို့သူမသည် အရင်က 3 ကားကို ပြန်ကြည့်ခဲ့သည်။ ဒီရုပ်ရှင်ကို စရိုက်တော့ သူမသည်လည်း 16 နှစ် သာသာပဲရှိသေးသည့်အတိုင်း ထိုအုပ်စုထဲတွင် သူမသည် ကလေးသာသာ ဖြစ်နေခဲ့သည်။ သူမရဲ့ပြောချက်အရတော့ Rosie Hutington-Whiteley သည် ရုပ်ရှင်ထဲမှာရော အပြင်မှာပါ သူမရဲ့အမေ တစ်ယောက်လို့ဖြစ်နေခဲ့သည်တဲ့။ Toast နောက်ဆုံးတစ်ယောက်ကတော့ Toast ဆိုတဲ့ ဇာတ်ကောင်။ ထိုဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာက Zoe Kravitz ။ ထို 5 ယောက်ထဲတွင် သူမရဲ့ဇာတ်ကောင်သည် အရဲရင့်ဆုံး ဇာတ်ကောင်။ Furiosa ရဲ့Splendid ပြီးရင် အားထားရဆုံးတစ်ယောက်။ သူမသည် ဒီဇာတ်ကားအတွက် ဒုတိယမြောက် ရွေးချယ်ခံရတဲ့ မင်းသမီးတစ်ဦး ပင်ဖြစ်သည်။ Zoe Kravitz သည် Max Max Fury Road ဇာတ်ကားကို ပြီးခဲ့သည့် နှစ်က Online မှာ ပထမဆုံး Trailer ကို ကြည့်ခဲ့ရတော့ ဝမ်းသာလွန်းလို့ငိုခါနီးဖြစ်ခဲ့သူတစ်ဦး။ အခက်အခဲတွေ မျိုးစုံထဲက အောင်မြင်စွာ ကျော်ဖြတ်ပြီး ယခုကဲ့သို့ရုပ်ရှင်ဖြစ်လာတော့ သူမသည် “I almost cried when I saw the trailer, just because I actually can’t believe it’s happening.” ဟု ပြောခဲ့လေသည်။ ယခု စတုတ္ထမြောက် Mad Max ရုပ်ရှင်သည် အရင် 3 ကားရဲ့အကောင်းဆုံးသော အရာများကို ပြည့်စုံအောင် ပါဝင်ထားသည်။ ပထမဆုံးကားရဲ့Vengeance Theme နဲ့သည်းထိပ်ရင်ဖိုစွာ ကြည့်ခဲ့ရတာတွေ .. ဒုတိယမြောက်ကားရဲ့အကောင်းဆုံးသော Car Chase Action Scenes တွေ နဲ့တတိယမြောက်ကားရဲ့Apocalyptic ဆန်သော အရာများ အားလုံးကို တစ်စုတစ်ပေါင်းထဲ ပါဝင်ထားသည်။ ရိုက်ကူးခဲ့သော Director George Miller ရဲ့ကျွမ်းကျင်မှုများ ဟုတင်စားရလောက်တဲ့ အချက်တွေသည် ဒီရုပ်ရှင်ကို ကြည့်နေသော ပရိသတ်တွေသည် ဇာတ်လမ်းစပြီဆိုတာနဲ့ရုပ်ရှင်ထဲကို စိတ်ဝင်စားနိုင်မှူကို 100% အပြည့်ပေးစေနိုင်ခဲ့သည်။ ရုပ်ရှင်ကြည့်နေစဉ် ရုံထဲတွင် စကားပြောသံတစ်သံလေးတောင် မကြားခဲ့ရ။ အပေါ့အပါးထသွားသော သူများပင် မရှိခဲ့ကြ။ လူတိုင်းရဲ့စိတ်များသည် Max တို့ရဲ့ခရီးစဉ်နှင့်အတူ မျောပါသွားခဲ့ကြပုံရသည်။ ထို့အပြင် ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ရင်ထိတ်ခဲ့ရဆုံး မျက်လုံးများ ပြူးကျယ်လာသည် အထိ သည်းထိတ်ရင်ဖို အဖြစ်ခဲ့ရဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်။ မှတ်မိသလေက် ပြီးခဲ့သော နှစ်တွေက ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ထိုကဲ့သို့သော ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့သော ရုပ်ရှင်များမှာ Argo နှင့် Gravity တို့ပဲဖြစ်ပါတယ်။ အခုဆို ကျွန်တော် ထိုရုပ်ရှင်ကို ကြည့်ပြီးခဲ့သည်မှာ 5 ရက်ပင် ကျော်လွန်လာခဲ့ပါပြီ။ သို့ပေမဲ့ ထိုရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ… Dialogues တွေ… ဇာတ်ကောင်တွေ… Actions တွေ… Stunts တွေ အားလုံးဟာ ကျွန်တော့်ရဲ့ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်နေသည်။ မေ့ဖျောက်၍ မရ။ ပြောရမယ်ဆိုရင် ဘိန်းသုံးထားသော လူတစ်ယောက်လို ခံစားခဲ့ရသည်။ ကျွန်တော့်ရဲ့စိတ်သည် ရုပ်ရှင်ပြီးသွားသော အခါ ပတ်ဝန်းကျင်ကို မေ့ပျောက်သွားသည်။ Max ရဲ့ကမ္ဘာပျက်ထဲတွင် ကျန်ရစ်နေခဲ့ကာ မျောလွင့်နေခဲ့သည်။ ထိုမျှလောက် ကျွန်တော် နှစ်သက်ခဲ့သော ရုပ်ရှင်တစ်ကားပင် ဖြစ်သည်။ အမှန်အတိုင်းပြောရရင် Mad Max သည် ကျွန်တော်တို့လို ယောင်္ကျားလေးများ အထူးနှစ်သက်သော ရုပ်ရှင် ဖြစ်ပေမဲ့ ဇာတ်လမ်းအရ ပြန်ကြည့်မယ်ဆိုရင် Feminist ဆန်သော Theme ကို ပို၍ အရေးပေးထားသောကြောင့် အမျိုးသမီးပရိသတ်တွေလည်း နှစ်သက်လိ်မ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းသည် စာသားများမဟုတ်။ စာမျက်နှာ 300 ခန့်ရှိသော Storyboard များပင်ဖြစ်သည်။ Storyboard ဆိုသည်မှာ Artists များက ဆွဲပေးသော ဇာတ်လမ်း ရဲ့ပုံများဖြစ်သည်။ Concept Art ကို စတင် ဖန်တီးခဲ့တာကတော့ Brendan McCarthy ဆိုသော ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပြီး ကျန်သော Drawings ပေါင်း 3500 ခန့်လောက်ကို Mark Sexton, Peter Pound နှင့် တစ်ခြား Storyboards Artist 2 ယောက်တို့နဲ့ဆွဲခဲ့ပေသည်။ ထို Storyboards များကြောင့် Directions တွေ Camera Movements တွေကို သာမာန်ဇာတ်ညွှန်းတစ်ပုဒ် ရေးသလို ရေးစရာမလိုတော့ပေ။ သူတို့ရဲ့ပြောဆိုချက်အရ ထို Storyboards များကိုပဲ ပြင်ဆင်ခဲ့ချိန်ဟာ အချိန်ကာလ 3 နှစ်ခန့်ကြာမြင့်ခဲ့ရပါတယ်လို့သိရပါတယ်။ ထို့အပြင် Mad Max Fury Road သည် ယနေ့ခေတ်ရုပ်ရှင်များတွင် အလွန်တရာ ရှားပါးသွားပြီဖြစ်တဲ့ Practical Effects များကို တွင်တွင်ကြီး အသုံးပြုခဲ့သည်။ ယနေ့ခေတ်ရဲ့Action Movies အများစု (သို့မဟုတ်) Superheroes နှင့် တခြား Sci-fi ရုပ်ရှင်များတွင် CGI Effects များကိုသာ အလွယ်တကူ အသုံးပြုခဲ့ကြပေမဲ့ ယခု ဒီရုပ်ရှင်ရဲ့90% သော Actions ခန်းများ Stunts များသည် အမှန်တကယ် လုပ်ဆောင် ပုံဖော် ရိုက်ကူးခဲ့ကြသော Actions များ Stunts များပင်ဖြစ်သည်။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တော့ ပရိသတ်တွေရဲ့စိတ်ထဲမှာ အသက်ပါ နေခဲ့ခြင်းပင်။ ထို Stunts များသည် အလွန်တရာ အန္တရာယ်ရှိသောကြောင့် မရိုက်ကူးခင် သူတို့အစီအစဉ်တကျ ဆွဲကာ စဉ်းစားရသည်။ ထို့နောက် စမ်းသပ်ရသည်။ အောင်မြင်ပြီဆိုတော့မှ ရိုက်ကူးကြသည်။ အရင်က မင်းသားကြီး Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ထို Max ဆိုသော ဇာတ်ကောင်နေရာတွင် Tom Hardy က အစားထိုး ရိုက်ကူးခဲ့သည်။ Tom Hardy ကို ယခုရုပ်ရှင်တွင်တော့ ထူးခြားသော သရုပ်ဆောင်မှုကို မတွေ့ခဲ့ရပေ။ သို့သော် ဇာတ်ကောင်ကိုတော့ လေးစားစွာ သရုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ သူနှင့် ထိုဇာတ်ကောင် လိုက်ဖက်ရဲ့လားလို့မေးရင် လိုက်ဖက်လား မလိုက်ဖက်လားတော့ မသိ။ သို့ပေမဲ့ လိုက်ဖက်အောင် သူသရုပ်ဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောခဲ့သည့်အတိုင်း ဒီရုပ်ရှင်မှာ အထူးခြားဆုံး သရုပ်ဆောင်နိုင်သွားခဲ့သည်မှာ မင်းသမီး Charliez Theron ပင်ဖြစ်သည်။ သူမသည် သူမပါဝင်သော ဇာတ်ကားတိုင်းတွင် ထိုနည်းလည်းကောင်းပင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သည်မှာ သူမရဲ့ထူးခြားတဲ့ ပါရမီတစ်ခုပဲဖြစ်သည်။ ထိုကားထဲတွင် ကျွန်တော် နောက်ထပ်ကြိုက်နှစ်သက်မိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ War Boy Nux ပဲဖြစ်သည်။ ထိုဇာတ်ကောင်ကို မင်းသား Nicholas Hoult က သရုပ်ဆောင်ထားပြီး တစ်ကယ်ကို လိုက်ဖက်ပါတယ်လို့ထင်မိတယ်။ ထိုဇာတ်ကောင်ပြောသွားသော စကားများသည် ယခုထက်ထိ ကျွန်တော့် မေ့လို့မရပေ။ ထိုစကားတွေရဲ့အဓိပ္ပာယ်များထက် ထိုစကားတွေကို သူပြောခဲ့တဲ့ဇာတ်ဝင်ခန်းတွေမှာ သူပြောခဲ့တဲ့ စကားတွေနဲ့အလွန် လိုက်ဖက်ခဲ့သောကြောင့် မေ့မရနိုင်သော စကားများဖြစ်ခဲ့ခြင်းပင်။ Nicholas Hoult သည် သူသရုပ်ဆောင်ရမည့် နေ့ရက်တိုင်းတွင် သူ့ရဲ့အပြင်လောကနဲ့မတူညီသော ဇာတ်ကောင်ကို ပြင်ဆင်ရန်အတွက် Make-up ပြင်ဆင်ချိန် အမြဲတမ်း 2 နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ ရိုက်ကူးရေးကာလတစ်လျှောက် ပိန်လှီနေသော ခန္ဓာကိုယ် ရရှိအောင် နေ့တိုင်း ကြိုးခုန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားထဲက လူဆိုးခေါင်းဆောင် Toecutter အဖြစ် သရုပ်ဆောင်ခဲ့သော Hugh Keays-Byrne ကပဲ လူဆိုးကြီး Inmortan Joe အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းများတွင် Definite Moments ဆိုသော အခန်းများ အနည်းဆုံး တစ်ခန်းလောက် ပါဝင်ကြပါသည်။ သို့ကြောင့် ဒီရုပ်ရှင်သည်လည်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည့် အလျှောက် Definite Moments များ တစ်ခန်းထက်မနည်း ပါဝင်ခဲ့သည်။ ဘယ်အခန်းတွေလဲဆိုတာကိုတော့ Spoiler ကို ရှောင်ကျည်သည့် အတိုင်း ပြောမပြတော့ပါ။ ထို့အပြင် ကျွန်တော် ရုပ်ရှင်တစ်ကားကြည့်ပြီးတိုင်း အမြဲ ပြုလုပ်လေ့ရှိသော ဇာတ်သိမ်းခန်းကို ပြန်လည် စဉ်းစားခြင်းနဲ့တစ်ခြား ဇာတ်သိမ်းပုံတွေကို တွေးတောမိတယ်။ နောက်ဆုံး အဖြေပေါ်လာတာက ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းသည် အလွန်ကို ပြီးပြည့်စုံပြီး ရုပ်ရှင်နှင့်လိုက်ဖက်သည်။ အပြောပြောစရာ တစ်ကွက်မှ မရှိသော ဇာတ်သိမ်းပင် ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကဆိုရင် ဇာတ်လမ်းစပြီး 10 Minutes လောက်ကစပြီး မိမိကိုယ်မိမိ Max ရဲ့ကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရတယ်လို့ပြောပါတယ်။ သူပြောတာ မှန်ပါတယ်။ ဇာတ်လမ်းစတင်ပုံ အလွန်ကောင်းမွန်ပြီး အစကတည်းကနေ အဆုံးထိ ပရိသတ်ကို Max တို့နှင့် Inmortan Joe တို့ရဲ့ပြေးပွဲ လိုက်ပွဲကြီးထဲကို စိတ်တွေပါသွားခဲ့ကြသည်။ သေချာပါတယ်။ ကြည့်နေခဲ့သူ ပရိသတ်တိုင်းသည် ထိုဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ဟု မသိစိတ်ထဲတွင် မသိမသာ ထင်နေခဲ့မှာဆိုတာပါပဲ။ ယခုရေးမည့်အကြောင်းအရာသည် Review မဟုတ်တော့ပါ။ ထို့ကြောင့် Spoiler ရှောင်ချင်သူများ ကျော်သွားကြပါလို့တိုက်တွန်းပါတယ်။ ကျွန်တော် ဒီကားကို ကြည့်ပြီးခဲ့ချိန်တွင် ဘဝင်မကျခဲ့သော အချက်တစ်ခုကို ဆွေးနွေးချင်ပြီး ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်တစ်ခုကို ပြောပြချင်လို့ပါ။ ဘာအကြောင်းအရာလည်းဆိုတော့ အရင် Mad Max 3 ကားနဲ့ဒီကားနဲ့မတူညီပဲ ကွဲပြားနေတဲ့ အချက်တွေပါ။ အရင် 3 ကားကို ကြည့်ပြီးသူများ နားလည်ကြမှာ ဖြစ်ပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားတွင် Max တွင်ရှိခဲ့သော ကလေးငယ်မှာ သားယောင်္ကျားလေးဖြစ်သည်။ ထိုကလေးငယ်နှင့် သူ့ရဲ့ဇနီးကို Toecutter တို့လူမိုက်တစ်စု ဆိုင်ကယ်များ ကားများနှင့် တိုက်သတ်ခဲ့သောကြောင့် သေခဲ့ပြီး ဖြစ်သည်။ ထို့နောက် နောက်ထပ် 2 ကားတွင်လည်း သူသည် မိန်းမရသွားသည်ကို မပြခဲ့ပေ။ တစ်ကိုယ်တော် သမားတစ်ယောက် အဖြစ်သာ တင်ပြခဲ့သည်။ သို့ပေမဲ့ ယခု Mad Max Fury Road တွင်တော့ Max ရဲ့Flashback အခန်းများတွင် သေဆုံးသွားသော သူ့ရဲ့ကလေးမှာ အတော်အတန် ကြီးနေပြီဖြစ်သော သမီးမိန်းကလေးပင် ဖြစ်သည်။ ထိုကဲ့သို့George Miller ဘာကြောင့် ပြောင်းလဲခဲ့သည်ကို ကျွန်တော် ဘဝင်မကျခဲ့။ ထို့ကြောင့် ဒီကားသည် Remake လား Sequel လား ဆိုတာကို ရှာဖတ်ကြည့်ခဲ့တော့လည်း George Miller က မည်ကဲ့သို့မှ ပြောမသွားခဲ့။ Max သည် Legendary Warrior တစ်ယောက် ဖြစ်သည့်အတိုင်း ယခုဇာတ်လမ်းသည်လည်း သူ့ခရီးစဉ်ကြီးရဲ့တစ်ချိန်တစ်နေရာက ဇာတ်လမ်းတစ်ခုပဲဖြစ်သည်။ ထို့ကြောင့် Sequel လည်း မဟုတ်။ Reboot လည်းမဟုတ်၊ Remake လည်းမဟုတ်၊ Prequel လည်းမဟုတ် ဟု သူကပြောကြားခဲ့သည်။ ဒါဆိုရင် ဘာလို့Max ရဲ့ကလေးဇာတ်ကောင်ကို ပြောင်းလဲခဲ့ရသနည်း? အဖြေကို ကျွန်တော် စဉ်းစားမိတော့ ခေါင်းထဲပေါ်လာတာက ယခု Mad Max Fury Road ထဲက Max သည် Original Mad Max 3 ကားထဲက Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင် မဟုတ်နိုင်ပေ။ တစ်ခြား ဇာတ်ကောင်တစ်ယောက်ပင် ဖြစ်နိုင်သည်။ ဒါဆိုရင် မည်သူနည်း? ကျွန်တော် တွေးမိလိုက်တာ Mad Max 2: The Road Warrior ဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid ဆိုသော ကလေးငယ်တစ်ယောက် အသက်ကြီးသွားသော ဇာတ်ကောင်ပင် ဖြစ်မည်လို့ကျွန်တော် ထင်လိုက်မိပါတယ်။ ဒါနဲ့Internet မှာ ရှာဖတ်ကြည့်လိုက်တော့ ကျွန်တော့်လိုပဲ စဉ်းစားမိတဲ့ လူတစ်ယောက် ရေးထားတာကို ဖတ်မိလိုက်ပြီး သူ့ရဲ့Idea နဲ့ကျွန်တော့်ရဲ့Idea တွေတူညီလို့ကျွန်တော် ရှင်းပြလိုက်ပါရစေ။ ပထမအချက်က Mad Max Fury Road ဇာတ်ကားရဲ့အစောပိုင်းမှာ Max ကို War Boys တွေဖမ်းဆီးစဉ် Max ရဲ့နောက်ကျော်မှာ ထိုးထားတဲ့ Tattoo တွေကို အရင်ဆုံးပြောပါရစေ။ ထို Tattoo အခန်းတွင် သူ့ရဲ့Blood Type နဲ့တစ်ခြား ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်များ ကို ရေးထားသည်။ ပြသခဲ့သော အခန်းသည် အလွန်တိုတောင်းသောကြောင့် အရာအားလုံးကို လိုက်ဖတ်ရန် မလွယ်ကူလှပေ။ ထို Tattoo များထဲတွင် တွေ့လိုက်ရသည်မှာ Day 12045 ဆိုသော အရာလည်း ပါဝင်သည်။ ဒါဆို Max ရဲ့အသက်သည် ယခု Fury Road ထဲတွင် 33 နှစ်ခန့်သာသာပဲရှိပါအုံးမည်။ George Miller တစ်ခါပြောဖူးတာကို မှတ်မိသလောက်ဆိုရင် ယခု Fury Road သည် ကမ္ဘာပျက် Apocalypse ဖြစ်ပြီး နှစ်ပေါင်း 40 ကျော် 50 ခန့်လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါကို ပြန်တွေးကြည့်မယ်ဆိုရင် ပထမဆုံး Mad Max ဇာတ်ကားတွင် ကမ္ဘာမပျက်သေးပေ။ ဒါဆို သူပြောပုံအရဆိုရင် Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင်သည် ယခု Fury Road Timeline တွင် အသက် 70 ကျော်ခန့်ပင် ဖြစ်နေလောက်ပေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ယခု Fury Road တွင် ကျွန်တော်တို့တွေ့ခဲ့ရသော Max သည် အရင်က ကျွန်တော်တို့တွေ့ခဲ့ရသော Mel Gibson ရဲ့ဇာတ်ကောင် Max မဟုတ်တော့ပေ။ ဒါဆိုရင် ယခုဇာတ်ကောင်သည် ကျွန်တော်တို့ဒုတိယဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid လို့ယူဆမိပါသလဲဆိုရင် ထိုဒုတိယဇာတ်ကားတွင် ထိုကလေးလေးသည် Max ကို အလွန်အထင်ကြီးခဲ့သော ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ဇာတ်ကြောင်းပြောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုကလေးဇာတ်ကောင်သည် Timeline အရ ကမ္ဘာကြီးပျက်ဆီးသွားပြီးမှ မွေးဖွားခဲ့သော ဇာတ်ကောင်ဖြစ်သောကြောင့် ယခု Fury Road timeline တွင်ထို ဇာတ်ကောင်ရဲ့အသက်သည်လည်း 30 ကျော်ခန့်ပင် ဖြစ်နိုင်လောက်ပေသည်။ နောက်ထပ် ဖြစ်နိုင်ချေရှိသော Theory တစ်ခုမှာ ထို ဒုတိယဇာတ်ကားတွင် Max က Feral Kid ကလေးကို ပေးခဲ့သော Music Box လေးပင်ဖြစ်သည်။ ထို Music Box ကလေးကို ယခု Fury Road ထဲတွင် ပါဝင်သော အမျိုးသမီးငယ် 5 ယောက်ထဲက တစ်ယောက်ရဲ့လက်ထဲတွင် ကစားနေသည်ကိုပါ ကျွန်တော်တို့တွေ့ခဲ့ရပြန်သည်။ ဒါဆိုရင် ကျိန်းသေပါတယ်။ ယခု ဒီ Fury Road နှင့် ဒုတိယဇာတ်ကား The Road Warrior ဇာတ်ကားတို့တွင် ဆက်နွယ်ချက်တစ်ခုခု ရှိနေသည်ဆိုတာ။ ယခု Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်သည် သူ့ရဲ့နာမည်ကို မေးသောအခါ ပြောဖို့တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့နာမည်သည် အရေးမကြီးဟု ပြောခဲ့သည်။ နောက်ဆုံးအခန်းတွင်မှ သေမလား ရှင်မလားမသိ အသက်လုနေရသော Furiosa ကို သူနာမည်သည် Max ဟုပြောခဲ့သည်။ အကယ်၍ ကျွန်တော်တို့Theory မှန်ကန်ပါက Tom Hardy ရဲ့ဇာတ်ကောင်သည် သူငယ်စဉ်က သိခဲ့ရသော Max ဆိုသောလူတစ်ယောက်ရဲ့နာမည်ကို ယူသုံးလိုက်ခြင်းပင်ဖြစ်ပေသည်။ ဘာကြောင့်လဲဆိုရင် ထို Max သည် သူငယ်စဉ်က အားကျခဲ့သော Role Model တစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ဒါပေမဲ့ ထိုဒုတိယဇာတ်ကား အပြီးတွင် ဇာတ်ကြောင်းပြောသူ Feral Kid ရဲ့ဇာတ်ကြောင်းပြောပြချက်အရ သူတို့ထွက်ပြေးလွတ်မြောက်သွားသော အုပ်စုသည် နောင်တစ်ချိန်တွင် Great Northern Tribe ဟုဖြစ်လာပြီး သူသည်လည်း ထို အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဒါကို ထို Internet က ပြောထားသောသူနှင့် ကျွန်တော့်ရဲ့တွေးတောချက်အရဆိုရင် ထို Feral Kid သည်ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ကာ မိန်းမနှင့် သမီးလေးတစ်ယောက် ရခဲ့ပေမဲ့ သူ့ရဲ့အမှားတစ်ခုကြောင့် သူ့ရဲ့မိသားစုအပါအဝင် ထို အဖွဲ့တစ်ခုလုံးသေဆုံးသွားခဲ့ရပြီး သူသည်လည်း တစ်ကိုယ်ရည် လွတ်မြောက်ပြီး လှည့်လာသွားလာနေသော လူတစ်ယောက်ဖြစ်လာနိင်သည်ဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်ရဲ့စိတ်ကူးတွေထဲတွင် သေဆုံးသွားသော သူ့ရဲ့သမီးကို မြင်တွေ့နေခြင်းပင် ဖြစ်သည်။ အမှန်ဆို Max တွင် သမီးမရှိခဲ့။ သားတစ်ယောက်သာ ရှိခဲ့သည်။ ထိုသားသည်လည်း မွေးကာစအရွယ်ကတည်းကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုကျွန်တော် ပြောပြချက်များသည် ကျွန်တော်အပါအဝင် တစ်ခြား Fans တွေရဲ့Fans’ Theory တစ်ခုသာ ဖြစ်ပေသည်။ အမှန်ဟု တပ်အပ်မပြောဆိုနိုင်ပေ။ အမှန်ကိုတော့ Director George Miller တစ်ယောက်တည်းသာ သိနိင်ပေသည်။ သူသည် ထို Character ကို ပြောင်းခဲ့တာလား? တစ်ခြား Character ကိုပဲ အစားထိုး ပြောင်းလဲ အသုံးပြုခဲ့တာလား? ပြောင်းလဲခဲ့တယ်ဆိုရင်လည်း နောက်ကွယ်မှာ ဇာတ်လမ်းတွေ အများကြီးရှိနိုင်ပါသေးသည်။ Director George Miller ရဲ့ပြောဆိုချက်အရ နောက်ဇာတ်ကားအသစ်ရဲ့နာမည်သည် Mad Max: The Watseland ဖြစ်ပြီး မည့်သည့်အချိန်တွင် ထွက်ရှိမည်ကိုတော့ မပြောပြသွားပေ။ ဘာပဲဖြစ်ဖြစ်ပါ။ ယခု Fury Road ကဲ့သို့အဘက်ဘက်က အပြစ်ကင်း၍ အလွန်တရာ ကောင်းမွန်လှပြီး ကြည့်ပြီးသူတိုင်း အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားမျိုး Sequel ကို လူတိုင်းစောင့်မျှော် ကြည့်ရူချင်ကြမှာ အမှန်ပါပဲ။ ကျွန်တော်တို့မေးခဲ့သော လျှို့ဝှက်ချက်များကိုလည်း နောက်အသစ်ထွက်မဲ့ ရုပ်ရှင်များတွင် ဖြေရှင်းနိူင်ပါစေလို့ပဲ မျှော်လင့်ရင်း ဒီနှစ်ရဲ့အကောင်းဆုံး Action ဇာတ်ကား ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှရုပ်ရှင်တွေရဲ့အကြိုက်ဆုံး 4 ကားတွင် တစ်ကားအပါအဝင်ဖြစ်သော ယခု ဒီ Mad Max: Fury Road review ရှည်ကြီးကို ဒီမှာတင်ပဲ ရပ်နားခွင့် ပြုပါ။ IMDb Rating: 8.1/10 Rotten Tomatoes Rating: 97% ~WH~ +++++++++++++++++++++++++++++++++

Science Fiction • Drama • Thriller • Horror
6.3 1985 107 mins
Mad Max Beyond Thunderdome
Saandrithazh
8.3

Saandrithazh (2023)”တဝဲလည်လည်” ============================== IMDb 8.3/10 အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက်အချစ်ဟာသရုပ်ရှင်လေးကို စီအမ်အိန္ဒိယပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကာရူဗာရိုင်ဆိုတဲ့ ရွာလေးဟာ ရေလည် ခေတ်ရှေ့ပြေးတဲ့ ရွာလေးပါ။ တစ်ရွာလုံးမှာ တိုက်တွေချည်းပဲရှိပြီး စီစီတီဗွီ အပြည့်တပ်ထားတဲ့ စံပြကျေးရွာဆုကိုတောင်ရတဲ့ ရွာလေးပေါ့။ ရွာက ခေတ်ရှေ့ပြေးပေမဲ့ ရွာသားတွေကတော့ ရှေးရိုးစွဲကြပြီး စည်းကမ်းအင်မတန် တင်းကျပ်ထားတာ အစိုးရက ပေးတဲ့ စံပြကျေးရွာဆုကိုတောင်ငြင်းပြီး ဆုလာပေးတဲ့ ဝန်ကြီးကိုပါ ရွာထဲပေးမဝင်တဲ့အထိ ခေါင်းမာကြပါတယ်။ အဲဒီလို ခေတ်ရှေ့ပြေးပြီး ခေတ်နောက်ကျတဲ့ ရွာလေးကို စိတ်ဝင်စားတာကြောင့် သတင်းယူဖို့အတွက် သတင်းထောက်မလေးတစ်ယောက် ခိုးဝင်လာတဲ့အချိန်မှာတော့…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.3 2023 130 mins
Saandrithazh
Earwig and the Witch

ဒီတခေါက်တင်ဆက်ပေးမှာကတော့ ၂၀၂၀ ခုနှစ်ထွက် Studio Ghibli ကထုတ်တဲ့ ပထမဆုံး 3D CG animation ကားလေးပါပဲ Anime လို့ဆိုလိုက်တာနဲ့ ပြယုဂ်တခုအဖြစ် ပြေးမြင်ကြတဲ့ Studio Ghibli ထုတ်ကားတွေရဲ့ ဖန်တီးရှင် ဆရာကြီး Hayao Miyazaki ရဲ့သားဖြစ်သူ Goro Miyazaki ရဲ့လက်ရာပါ Howl’s Moving Castle ရဲ့ မူရင်းရေးသားသူ စာရေးဆရာမ Diana Wynne Jones ရဲ့စာအုပ် Earwig and The Witch ဆိုတာကို ရိုက်ကူးထားတဲ့ Fantasy/Adventure ဇာတ်လမ်းလေးပါ Original Soundtrack တွေနဲ့ Musical အမျိုးအစားလည်းဖြစ်ပါတယ် 2D animation ကိုပဲ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရမှာ တမျိုးဖြစ်နေမှာပေမဲ့ ဇာတ်လမ်းလေးကကောင်းတာမို့ စမ်းကြည့်သင့်ပါတယ် အရင်ကားတွေကိုတော့ nostalgic မဖြစ်စေပေမဲ့ သူ့ပုံစံနဲ့သူ တမျိုးဆွဲဆောင်မှုရှိပါတယ် ဇာတ်လမ်းလေးကတော့ 1990 ကာလတွေက အင်္ဂလန်မှာ စုန်းမတယောက်ဟာ အခြေအနေတခုကြောင့် သူ့ကလေးကို မိဘမဲ့ဂေဟာမှာထားခဲ့ပြီး ထွက်ပြေးသွားရပါတယ် သမီးလေးကို earwig ဆိုတဲ့ နာမည်ပေးထားခဲ့ပြီး စာလေးတစောင်နဲ့ ထားခဲ့တယ် ‌ဒီကလေး ၁၀ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ သူဟာ ဂေဟာတခုလုံးကို သူ့အလိုကျ စီမံနေနိုင်ပြီးတော့ အမွေးစားခံချင်တဲ့ဆန္ဒမရှိဘဲ ဒီတိုင်းပဲ နေရတာ ပျော်ရွှင်နေပါတယ် တရက်မှာတော့ ကလေးမွေးစားဖို့လာတဲ့ စုံတွဲတတွဲက သူ့ကိုမှ မျက်စိကျပြီး မွေးစားဖို့ ရွေးလိုက်ပါတယ် ဖြစ်ချင်တော့ မွေးစားတဲ့သူတွေက စုန်းစုံတွဲဖြစ်နေတာပါပဲ ဒီလိုနဲ့ earwig တယောက် မွေးစားမိဘအိမ်လိုက်သွားရပြီး အဲ့အိမ်မှာ သူဗိုလ်ကျနိုင်အောင် ဘယ်လိုကြံစည်ကြိုးစားမလဲ ဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦးဗျာ File size… 1.2 GB / 574 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 22m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

0 2020 83 mins
Earwig and the Witch
A Dangerous Method
6.4

ဒီဇာတ်ကားကတော့ စိတ်ပညာရပ်နယ်ပယ်မှာ ဖခင်ကြီးတစ်ဖြစ်တဲ့ အော်စတြီးရန်းနိုင်ငံသာ ဂျူးလူမျိုး အာရုံကြောပါရဂူ ဆစ်ဂ်မန်ဖရွိုက်ဒ်နဲ့ ကားလ်ဂျန်ဆိုတဲ့ စိတ်ကုထုံးကညာရှင်တစ်ဦးရဲ့အကြောင်းကို အသားပေးရိုက်ကူးထားတဲ့ Biography Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါက်တာကားလ်ဂျန်ဟာ စိတ်ဖောက်နေတဲ့ ရုရှားသူ ဆဘရီနာရှပီရွိုင်းဆိုသူကို လူနာအဖြစ် လက်ခံကုသပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကိုကုသရမှာ သူတို့ခေတ်အခါက ကုထုံးတွေ နည်းလမ်းတွေကိုသုံးပြီး စိတ်ကိုစိစစ်ကုသပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း သူတစ်ဦးတည်းကုသဖို့ အဆင်မပြေတဲ့အခါ ပရော်ဖက်ဆာဖရွိုက်ဒ်နဲ့ တွေ့ဆုံပြီး နည်းလမ်းအသစ်တွေရှာဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကတော့ ပညာရပ်ပိုင်းဆိုင်ရာဇာတ်ကားဖြစ်တဲ့အတွက် ခက်ခဲနက်နဲပြီး တွေးရတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇတ်ကားက ဒိတ်ဒိတ်ကြဲဆရာကြီးတွေရဲ့ စကားဝိုင်းတွေ အတွေးအခေါ်တွေအပေါ်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ သာမန်လူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် လိုက်မီဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သင်က လက်ရှိခေတ်စိတ်ပညာရပ်ပိုင်းဆိုင်ရာရဲ့ သမိုင်းကြောင်း မြစ်ဖျားခံရာကို လေ့လာလိုသူဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ File Size : 1.9 GB, 728 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Biography, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encode by : Thit San Khant

Drama • Romance
6.4 2011
A Dangerous Method
Street Fighter II: The Animated Movie
7.2

Street Fighter II: The Animated Movie (1994) IMDb Rating (7.2) / Rotten Tomatoes (80%) ၉၀ ခုနှစ်များဆီက ကလေးတိုင်းရဲ့ အသည်းစွဲ ဂိမ်းမြောက်များစွာကို ထုတ်လုပ်ပေးနိုင်ခဲ့တဲ့Capcom ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Street Fighter ဟာလည်း အောင်မြင်ခဲ့တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ဂိမ်းမှာလည်း အောင်မြင်ခဲ့သလို ရုပ်ရှင်တွေ၊ Animation Movie တွေမှာလည်း လူကြိုက်များခဲ့ပါတယ်။ 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Street Fighter II – The World Warrior ဂိမ်းရဲ့ အောင်မြင်မှုကြောင့်ပဲ Street Fighter II The Movie ဆိုပြီး Animation ရုပ်ရှင်တစ်ကား ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ပရိသတ်အချစ်တော် ဇာတ်ကောင်တွေ ဖြစ်တဲ့ Ryu နဲ့ Ken၊ Chun-Li၊ Guile၊ Fei Long၊ Dhalsim၊ Honda တို့အပြင် Zangief ကိုပါ မြင်တွေ့ခဲ့ရပြီး ငွေကြေးအရလည်း အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ – တရားရေးဌာနဝန်ကြီးကို အမ်အိုင်-၆ အေးဂျင့် တစ်ယောက်ဖြစ်တဲ့ ကမ်မီဝှိုက်က လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အင်တာပိုအေးဂျင့်တစ်ယောက်ဖြစ်တဲ့ ချွန်းလီက ဒီလုပ်ကြံမှုကို အမေရိကန်စစ်တပ်အဖွဲ့အစည်းနဲ့ ပူးပေါင်းဖော်ထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ အမေရိကန်လေတပ်က ကပ္ပတိန် ဂိုင်းလ်ကတော့ သူ့သူငယ်ချင်းသေဆုံးရမှုအတွက် ကိုယ်တိုင်သာ လက်စားချေချင်နေသူ ဖြစ်ပါတယ်။ အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမယ့် ချွန်းလီရဲ့ဖြောင့်ဖြနားချမှုကြောင့်ပဲ ဘိုင်ဆန်ဦးဆောင်တဲ့ ရှဲဒိုးလော အဖွဲ့အစည်းကို ဖြုတ်ချဖို့ ပူးပေါင်းခဲ့ပါတယ်။ မကောင်းမှုဒုစရိုက်မှန်သမျှ လက်မလွတ်တမ်း ကျူးလွန်နေတဲ့ ရှဲဒိုးလော အဖွဲ့အစည်းရဲ့ ပဲ့ကိုင်ရှင်ဘိုင်ဆန်ကတော့ သူကြိုးဆွဲရာကမယ့် အကောင်းဆုံးတိုက်ခိုက်ရေးသမား ရုပ်သေးရုပ်ကို ဖန်တီးဖို့ ကြံစည်နေခဲ့ပါတယ်။သူ့တပည့်ဖြစ်သူ ဆာဂတ်ကို အနိုင်ယူသွားနိုင်ခဲ့ပြီးတော့ ကမ္ဘာပတ်ပြီး ထိုက်တန်တဲ့ပြိုင်ဘက်ကို လိုက်ရှာနေတဲ့ ရူကို ဒီပရောဂျက်အတွက် မျက်စိကျလာခဲ့ပါတယ်။ ရူရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့ ကန်ကတော့ ချစ်သူနဲ့အတူ အခြေကျနေပေမယ့် ဒိုဂျိုတစ်ခုတည်းမှာကိုယ်ခံပညာသင်ခဲ့တဲ့ ရူကို မပြတ်သတိရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့စောင့်ကြည့်ရေးဆိုင်ဘော့ဂ်တွေကနေတစ်ဆင့်ကန်ရဲ့ တိုက်ခိုက်ပုံတွေကို တွေ့မြင်သွားတဲ့ ဘိုင်ဆန်က သူ့ရဲ့ဆိုက်ကိုစွမ်းအားနဲ့ ကန်ကိုသူ့ကိုယ်ပိုင် လူသတ်စက်တစ်ခုအဖြစ်ဖန်တီးဖို့ ကြိုးပမ်းလာပါတော့တယ်။ စိတ်စွမ်းအားရှင် ဘိုင်ဆန်နဲ့ အပေါင်းအပါတွေကို ဖြုတ်ချဖို့ ရူ နဲ့ ဟွန်ဒါတို့ကတစ်ဘက်၊ ချွန်းလီနဲ့ ကပ္ပတိန်ဂိုင်းတို့ အင်တာပိုအဖွဲ့အစည်းက တစ်ဘက် ဘယ်လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Sumali ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Animation Duration….01:41:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Sai Sumali

Horror • Comedy
7.2 1994 101 mins
Street Fighter II: The Animated Movie
FernGully 2: The Magical Rescue
4.4

FernGully 2:The Magical Rescue 1998 FernGully 2:The Magical Rescue ဟာ ၁၉၉၂ ထွက် FernGully:The Last Rainforest ရဲ့ အဆက် ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဖန်ဂါလီဆိုတာ နတ်သူ‌‌ငယ်တွေ၊တိရိစ္ဆာန်လေးတွေ ရောနှောနေထိုင်တဲ့ ထူးဆန်းပြီး မှော်ဆန်တဲ့ မိုးသစ်တော ဖြစ်ပါတယ် ။ တစ်ရက်မှာတော့ အေးချမ်းပြီး မှော်ဆန်လှတဲ့ ဖန်ဂါလီကို ဝိမသလောဘသား လူသားမုဆိုးတွေ ကျူးကျော်လာပြီး သစ်တောကိုမီးရှို့ကာ ‌တိရိစ္ဆာန်ပေါက်လေးတွေကို ဖမ်းယူသွားပါတယ် ။ ဒီလိုနဲ့ အဖမ်းခံလိုက်ရတဲ့ အကောင်ပေါက်လေးတွေကို ကယ်ဖို့ နတ်သူငယ်လေးတွေဖြစ်တဲ့ ပစ်နဲ့ ခရစ္စတာတို့ဟာ မြို့ကိုရောက်ဖူးတဲ့ တောအုပ်ထဲက တိရိစ္ဆာန်တွေအကူအညီနဲ့ လူသား‌တွေရှိရာ အရပ်ကို စွန့်စားခန်းထွက်လာပါတော့တယ်။ ဖန်ဂါလီကနေ တစ်ခါမှအပြင်မထွက်ဖူးတဲ့ပစ်နဲ့ခရစ္စတာတို့ရဲ့ စွန့်စားခန်းဟာ ဘယ်လိုဖြစ်လာမလဲ၊ အကောင်‌ပေါက်လေးတွေကို သူတို့ကယ်တင်နိုင်မလား၊ လူသားကမ္ဘာမှာ နတ်သူငယ်လေးတွေ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ ကြည့်ရမယ့် ကာတွန်းကားလေးပဲဖြစ်ပါတယ်။ File size… 1.9 GB/ 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1 h 10 m Genre ….. Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Romance • Comedy
4.4 1998 72 mins
FernGully 2: The Magical Rescue