YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Man.in.the.High.Castle.2016.Se2 Ep9.WEB-DL1080P.5.1h(CM).mp4

673.18 MB N/A video/mp4 289 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Romance • TV Movie
7.3 1991 154 mins
Center Stage
Hustle
7.8

IMDb Rating - 7.3/10 Comedy, Drama, Sport Basketball ကိုအခြေခံထားတဲ့ Netflix ရဲ့ Sport ဇာတ်ကားကောင်းလေး အသစ်ထွက်လာပါတယ်။ နာမည်ကြီး ဟာသ သရုပ်ဆောင် Adam Sandler က ဦးဆောင်ပါ၀င်ထားပြီး IMDB မှာလည်း 7.3 အထိရထားပါတယ်။ ဇာတ်လမ်းအညွှန်းက စတန်လီဟာ NBA လိဂ် ( အမေရိကန် ဘတ်စ်ကတ်ဘော ပရိုလိဂ်) စစ်ဆာ ဘတ်စ်ကတ်ဘော အသင်းရဲ့ ကစားသမားရှာ ကင်းထောက် အဖြစ်လုပ်ခဲ့တာ သူ့တစ်သက်နည်းပါးပါပဲ ။ နောက်ဆုံး အသင်းပိုင်ရှင်အပြောင်းအလဲမှာ သူ့ကို လက်ထောက်နည်းပြအဖြစ် ခန့်ဖို့ အကြောင်းဖန်လာပါတယ် ။ ဒါပေမယ့် ပရိုလိဂ်နဲ့ ကိုက္မယ့် ကစားသမား တစ်ယောက်ရှာခဲ့ဆိုပြီး တာ၀န်ပေးလိုက်ပါတယ်။ သူ့ဘ၀ရဲ့‌ နောက်ဆုံးနဲ့အကောင်းဆုံး ကစားသမားကိုရှာဖို့ စပိန်ကိုထွက်လာခဲ့ပေမယ့်၊ မထင်မှတ်ဘဲ လမ်းဘေး basketball ပွဲကနေ ရွက်ပုန်းသီး ကစားသမားတစ်ယောက်ကိုတွေ့သွားပြီး NBA စင်မြင့်ပေါ် တင်ကာ အောင်မြင်မှုတွေ ဆွတ်ခူးသွားမယ့်ပုံကို ကြည့်ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Chuck Chuck, Chit Tee တို့ဖြစ်ပါတယ်။) File Size..........(1.97 GB) / (950 MB) / (550 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 57mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Thiha Yan Naing, Chuck Chuck, Chit Tee Encoder..........SWM

Drama
7.8 2022 118 mins
Hustle
Bridesmaids
6.5

ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့ Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက 2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ ဒီလို R- rated comedy တွေ‌အတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင် အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေး သရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊ မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းက ပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ၊ တချို့အခန်းတွေဆို တိုက်ဆိုင်ရင် မျက်ရည်တောင် ဝဲမိစေမယ့်အထိ ဇာတ်ညွှန်း သေသပ်ပါတယ်။ ဒီဇာတ်ညွှန်းကို မင်းသမီး Kristen Wig နဲ့ co-writerဖြစ်တဲ့ Annie Mumoloတို့က နှစ်နဲ့ချီ ရေးခဲ့ကြတာပါ။ တစ်ကားလုံးမှာ မင်္ဂလာဆောင်မယ့် သတို့သမီးတစ်ယောက်နဲ့၊ သူ့ရဲ့ အပျိုရံ (Bridesmaids) တွေရဲ့ မင်္ဂလာဆောင်ခါနီး အလွဲလွဲအချော်ချော် ဖြစ်တာတွေကို မြင်ကြရမှာပါ။ ဒါပေမယ့် အဓိကမြင်ရမှာတော့ မင်းသမီး Kristen Wigသရုပ်ဆောင်ထားတဲ့ အန်နီ ဆိုတဲ့ ဇာတ်ကောင် အကြောင်းပါ။ ဖွင့်ထားတဲ့ ကိတ်မုန့်ဆိုင်လေးကလဲ အရှုံးပေါ်၊ ရီးစားက ပစ်သွားတာလဲခံထားရတဲ့ အန်နီတစ်ယောက်၊ သူ့အပေါ်တန်ဖိုး မထားတဲ့ ယောကျာ်းတစ်ယောက်နဲ့ အပျော်တွဲရင်း ဘဝကြီးကို စိတ်ပျက်လက်ပျက် ဖြတ်သန်း‌နေချိန် အချစ်ဆုံး ငယ်သူငယ်ချင်းကြီးရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံ လုပ်ပေးဖို့ အကြောင်းဖန် လာပါတော့တယ်။ အစကတည်းက အလဲလဲအပြိုပြို ဖြစ်နေတဲ့ အခြေနေ‌တွေရော၊ အချစ်ဆုံး သူငယ်ချင်း အိမ်ထောင်ပြုတော့မှာမို့ ဝမ်းနည်းတာတွေရော ပေါင်းပြီး အန်နီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်း မင်္ဂလာပွဲမှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်ကြည့်လိုက်ကြပါ။ အမျိုးသမီးတွေချည်း ဦးဆောင်ပါဝင် ထားပြီး IMDB 6.8 ၊ Rotten Tomatoes 90%အထိ ရရှိထားတဲ့ ဝင်ငွေအရရော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားပါ။ သုံးထားတဲ့ ဇာတ်ဝင်သီချင်းတွေကလဲ တကယ်ကောင်းပါတယ်။ R-rated comedyဖြစ်တာမို့ မိသားစုနဲ့တော့ ကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်လမ်းဘာသာပြန် နဲ့ အညွှန်းကို ရေးသားပေးထားတာကတော့ Kaung Khant Winnဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p BluRayx264 AAC 5.1CH / 720p Format…mp4 Duration….2h 4mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Action • Drama
6.5 2011 125 mins
Bridesmaids
Johnny & Clyde
4.1

Johnny & Clyde (2023) ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလို Megan Fox လည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။ အဲဒီကာစီနိုကို ဦးစီးတဲ့လူက မီဂန်ဖောက်ရဲ့ ဇာတ်ကောင်။ သူလည်း အရူးပဲ။ သတ်ချင်တဲ့လူကို သတ်ချင်သလိုသတ်နေတဲ့အပြင် ကာစီနိုကို ကာကွယ်ဖို့ ဟိုးရှေးကတည်းက ရှိနေတဲ့ နတ်ဆိုးလိုလို သေမင်းလိုလိုတစ်ကောင်ကို အောက်လမ်းနဲ့ ထိန်းချုပ်ပြီး ခိုင်းထားတယ်။ ဒီမှာ ဓားပြလာတိုက်ချင်နေတဲ့ အရူးတစ်အုပ်နဲ့ ကာစီနိုကိုဦးစီးနေတဲ့ အရူးတစ်အုပ် အရူးချင်းဆော်ကြတာကိုမှ နတ်ဆိုးက ဝင်မွှေးထားသေးတဲ့ အရူးဇာတ်ပါပဲ။ ဒါကြီးကို ကြည့်ရင်း အားလုံးရူးကြောင်မူးကြောင်ဖြစ်သွားကြမှာမို့ ရူးစေချင်တဲ့ စေတနာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုဆိုဆို မီဂန်ဖောက်အလှအပတွေကို ခံစားရမှာမို့ ကြည့်ရင်း ရူးသွားလည်း ရူးပျော်တဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 850MB Quality - 1080p, 720p Format - mp4 Duration - 1H 31Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Action • Adventure • Fantasy
4.1 2023 100 mins
Johnny & Clyde
Harry Brown
7.2

Harry Brown (2009) ================ တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin

7.2 2009 103 mins
Harry Brown
Foolproof
6.4

သူခိုးကားတွေ အရမ်းခေတ်မစားခင်ကထဲက ထွက်ထားတဲ့ Deadpool မင်းသား Ryan Reynolds ရဲ့ ငယ်ရွယ်ချောမောစဉ်အချိန်က ဇာတ်လမ်းကောင်းလေးပါ။ ကယ်ဗင်၊ ဆမ် နဲ့ ရော့ဘ်တို့သူငယ်ချင်း ၃ယောက်ဟာ ဖောက်ထွင်းရေး အစီအစဉ်တွေကို တကယ်ခိုးနေသယောင် အသေးစိတ် စီစဉ်ရေးဆွဲတမ်း ကစားရတာကြိုက်ကြသူတွေပါ။ ‌တနေ့တော့ စိန်လက်ကားဆိုင်တခုကို ဖောက်ထွင်းဖို့လုပ်ထားတဲ့ စာရွက်စာတမ်းတွေ အခိုးခံလိုက်ရပြီး ခိုးသွားတဲ့သူကလဲ နာမည်ကြီးသူခိုးဖြစ်နေပြီး သူတို့၃ယောက်ကို အကြပ်ကိုင်ကာ နောက်ထပ်အစီအစဉ်ဆွဲခိုင်းပါတယ်။ လူဆိုးခိုင်းတာ လိုက်လုပ်ပေးရင်း တကယ်ခိုးဖြစ်သွားမလား သူတို့အချင်းချင်းရော အရင်လိုစည်းလုံးကြမလား ရဲလက်ကရော လွတ်အောင်ဘယ်လိုကြိုးပမ်းကြမလဲ ဆိုတာကို ရှူစားရမှာဖြစ်ပါတယ် File size…1.49 GB / 643.5 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu

6.4 2003 97 mins
Foolproof
The Redeemers
5.7

The Redeemers (2022) Cult ဆိုတဲ့ အသုံးအနှုန်းကိုတော့ ဘာသာရေးကားတော်တော်များများမှာ မြင်ဖူးနေကျဖြစ်မှာပါ။ တစ်သီးပုဂ္ဂလကွဲထွက်နေတဲ့ ဘာသာရေးလိုက်စားသူ အသင်းအဖွဲ့တွေကိုဆိုလိုတာပါ။ ဒီဇာတ်ကားက Dark Comedy ဆန်တယ်လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်… ဇက်ဝါကာ ဆိုတဲ့ အမည်သာရှိတဲ့လူသားတစ်ဦးကို အနန္တဘုရားအဖြစ်သဘောထားပြီး ကိုးကွယ်နေကြတဲ့အဖွဲ့တစ်ခုနဲ့ စတင်ပါတယ်။ အသင်းဖွဲ့ရဲ့အဓိကလုပ်ငန်းစဥ်က ဘာသာရေးဆွယ်ရတာပါ။ ကိုယ်တော်ငယ်ရယ် ကြီးကြပ်သူရယ်က တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး ဇက်ဝါကာကို သက်ဝင်ယုံကြည်ဖို့ လိုက်ဆွယ်ကြဖို့ စေခိုင်းခြင်းခံရပါတယ်။ ကိုယ်တော်ငယ်လေးကတော့ ဝါနုသေးတော့ လူငယ်ဆန်ပြီး ကြီးကြပ်သူက မောက်မာကြမ်းတမ်းတဲ့ပုံစံပါ။ တစ်နေ့မှာ ထုံးစံအတိုင်း လူဆွယ်ဖို့ အိမ်တစ်အိမ်ကိုဝင်လိုက်တဲ့အခါ လင်မယားနှစ်ယောက်ရဲ့ သရော်မှုကြောင့် မလုပ်သင့်မလုပ်အပ်တာကိုကြူးလွန်မိတဲ့အခါ… ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 630MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 32Min Genre – Comedy, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

TV Movie • Comedy • Drama • Romance
5.7 2022 92 mins
The Redeemers
Six Weeks
7.3

Six Weeks (2022) ~ IMDb rating – 7.3/10 ~ ဒီကား​​လေးက​တော့ စထွက်လာတည်းက ရုပ်ရှင်ဆု​ပေးပွဲ​တွေမှာ Nomination ​တွေဝင်၊ ဆု​တွေရခဲ့တဲ့ ဟန်​ဂေရီ ဒရာမာကားကောင်း​လေး တစ်ကားပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ စိတ်ကျန်းမာ​ရေးမ​ကောင်းတဲ့အ​မေရယ် ညီမတစ်​ယောက်ရယ်နဲ့ ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်း​နေရင်း တဖက်မှာလည်း ဥ​ရောပဖလားမှာ အနိုင်ရ အိုလံပစ်ကို ဝင်ပြိုင်မယ်ဆိုတဲ့ အ​တွေးနဲ့ကြိုးစားရင်း ရည်းစားဖြစ်သူ ခရစ်စီယန်နဲ့ မ​တော်တဆ ကိုယ်ဝန်ရသွားတဲ့ ဆိုဖီယာတစ်​ယောက် ရည်းစားကလည်း တာဝန်မယူ​ခေါင်း​​ရှောင်​နေတာ​ကြောင့် က​လေးလိုချင်​နေတဲ့ အမ်မာနဲ့ဂါဘာတို့ဆီ က​လေးကို ​​ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟန်​ဂေရီနိုင်ငံရဲ့ ဥပ​​ဒေအရ ​မွေးစားခွင့်ဟာလည်း က​လေး​မွေးပြီး ​ခြောက်ပတ်အကြာမှသာ တရားဝင်ဖြစ်တာ​ကြောင့် အဲဒီ​ခြောက်ပတ်အတွင်း အ​မေရင်းဖြစ်သူ ဆိုဖီယာတစ်​ယောက် ဘယ်လို ခံစားချက်​တွေ ရင်ဆိုင်မှု​တွေ ​တွေ့ကြုံရလဲဆိုတာ ရိုက်ကူးပြသထားတဲ့ ဒရာမာကား​ကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 725MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 35Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 2022
Six Weeks
Verdict
7.4

ဒီကားလေးကတော့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တာလေးကို လက်တွေ့ဆန်ဆန်လေးရိုက်ပြထားတဲ့ကားလေးတစ်ကားပါ…… ဂျွိုင်းဆန်းတို့စ် နဲ့ ဒန်တီဆန်းတို့စ်တို့က လင်မယားတွေပါ သူတို့မှာ အိန်ဂျယ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်……တနေ့ ဂျွိုင်းရဲ့ အဖေမွေးနေ့ပွဲအတွက် ဂျွိုင်းတို့မိဘတွေက အိမ်လာပြီးညစာစားဖို့ဖိတ်တော့ ဒန်တီကလည်း လိုက်မယ်ဆိုတာနဲ့ သူတို့သားအမိနှစ်ယောက် မိုးချုပ်တဲ့အထိစောင့်ခဲ့ကြတာပေါ့…… ဒီလိုနဲ့ အချိန်ကလည်းနောက်ကျလာ ဒန်တီကလည်း ပြန်ရောက်မလာတာကြောင့် သားအမိနှစ်ယောက်ပဲ ဂျွိုင်းမိဘတွေဆီသွားလိုက်ရတယ်……ပြန်လာတော့ ဒန်တီက သူ့ကို စာမပို့ရကောင်းလား မစောင့်ရကောင်းလားဆိုပြီး မူးမူးနဲ့ ရိုက်နှက်ပါလေရော အဲဒီမှာ ဂျွိုင်းရော သမီးလေး အိန်ဂျယ်ပါ ဒဏ်ရာတွေရသွားတော့ ရဲတိုင် ဆေးရုံရောက်တွေဖြစ်သွားတော့တာပေါ့….. အဲဒီမှာပဲ သူတို့နှစ်ယောက်ကြား တရားရင်ဆိုင်ရတာတွေ ပိုက်ဆံရဲ့ ပြောစကားတွေ လူတွေက ကိုယ့်ကိုယ်မှမထိရင် မနာတတ်တဲ့အကြောင်းတွေ အစုံစုံကို ကြည့်ရှုရင်း ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာလေးကို စောင့်စားကြည့်ရှုလိုက်ကြပါဦးလို့…… File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr.Anderson & Gerfield

History • Drama
7.4 2019 126 mins
Verdict
Bad Boys II Bad Boys 2
6.6

Bad Boys 2 (2003) ============== IMDb Rating – 6.6/10 Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာ ဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက် ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန် တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီး တပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကို ခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။ Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)

6.6 2003 146 mins
Bad Boys II Bad Boys 2
Oddball
6.5

IMDb 6.4/10 Rotten Tomatoes 87% ပေါ့ပေါ့ပါးပါးဖြစ်ပြီး ပိတ်ရက်မှာ မိသားစုတစ်စုလုံး အတူကြည့်ရှု ခံစားနိုင်မဲ့ ဇာတ်ကားလေးရှာနေပါသလား? ဒါဆို ဒီရုပ်ရှင်က လူကြီးမင်းတို့အတွက်ဖြစ်မှာပါ။ နာမည်ကိုက အူကြောင်ကြောင်လေးလို့ အဓိပ္ပာယ်ရတဲ့ ခွေးလေး Oddball ရဲ့ တစ်ရက်တာဟာ အလွဲပေါင်းတစ်သိန်းနဲ့ စတင်ပါတယ်။ ခြံမွေးတိရစ္ဆာန်တွေကို စောင့်ကြပ်ရတဲ့ မာရန်မာခွေးမျိုးဖြစ်ပေမဲ့ သူ့သခင်မွေးထားတဲ့ ကြက်တွေကို နည်းနည်းမှ မစောင့်ရှောက် ပေးတတ်တဲ့ ကောင်လေးပါ။ တစ်နေ့ သူတို့နေထိုင်တဲ့ ဝါနမ်ဘိုးမြို့လေးရဲ့ အလယ်ကျွန်းလို့ခေါ်တဲ့ နေရာလေးတစ်ခုမှာ ဒေသခံပင်ဂွင်းလေးတွေ မျိုးတုံးမဲ့ အခြေအနေကို ဆိုက်ရောက်လာပါတော့တယ်။ အဲဒီအခါမှာ ကြက်ခြံလယ်သမားကြီး ဆွမ်ပီဟာ သူ့သမီး အမ်မလီနဲ့ မြေးမလေးဖြစ်သူ လစ်ဗီနဲ့အတူ ပင်ဂွင်း ဘေးမဲ့စခန်းကို ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်မလဲဆိုတာ စောင့်မျှော် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်အခြေပြုဇာတ်လမ်း ဖြစ်တဲ့အလျောက် ပျော်ရွှင်စရာ ဇာတ်ကွက်တွေကိုလည်း ကြည့်ရှုနိုင်ပြီး အသိပညာဗဟုသုတလည်း ရရှိနိုင်မဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ File size…1.58GB / 812MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 35m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

6.5 2015
Oddball
Do You See What I See
6

Horror ကားကောင်းကြိုက်နှစ်သက်တဲ့ cm ပရိသတ်ကြီးကို သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Do You See What I see (2024) အင်ဒိုစကားပြော ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ မီးအလင်းအမှောင် ကောင်းမွန်မှုတွေ သေသပ်တဲ့ ရိုက်ကူးချက်တွေကြောင့် ကြည့်ရတာ တန်တဲ့ Horror ဇာတ်ကားကောင်း တစ်ခုပါ။ ဇာတ်လမ်းကတော့ မာဝါဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၂၀ ပြည့် မွေးနေ့မှာ ကွယ်လွန်ပြီး ဖြစ်တဲ့ မိဘနှစ်ပါးရဲ့ အုတ်ဂူကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ သင်္ချိုင်းမှာ မွေးနေ့ ဆုတောင်းအနေနဲ့ သူမကို စိတ်ရင်းနဲ့ ချစ်ခင်ပေးမယ့် ချစ်သူတစ်ယောက် လိုချင်တယ်ဆိုပြီး ပြောခဲ့မိပါတယ်။ အဲဒီည နောက်ကျပြီးမှ အဆောင်ပြန်ရောက်လာတဲ့ မာဝါဟာ တမျိုးတဖုံ ပြောင်းလဲလာခဲ့ပါတယ်။ အတူနေ အဆောင်သူငယ်ချင်းတွေက တဖြည်းဖြည်းနဲ့ မာဝါတစ်ယောက် ထူးဆန်းလာတာကို သတိထားမိတဲ့ အချိန်မှာ ဘာကြောင့်ဆိုတာ သိဖို့ စုံစမ်းအကဲခတ်ကြည့်ကြပေမယ့် သေချာမသိကြပါဘူး။ အချစ်ဆုံး အတူနေ အဆောင်သူငယ်ချင်းတွေကိုတောင် ရန်လိုလာတဲ့ မာဝါတစ်ယောက် ဒီလိုပြောင်းလဲလာတာဟာ သူ့ကို ကပ်နေတဲ့ ဝိဉာဉ်တစ်ခုကြောင့်ဆိုတာ သိလိုက်ကြတဲ့ အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ။ ဒီမကောင်းဆိုးဝါး ဝိဉာဉ်က မာဝါ တစ်ဦးတည်း သာမကပဲ သေဆုံးသွားပြီး ဖြစ်တဲ့ မာဝါရဲ့ မိဘနှစ်ပါးနဲ့ပါ ပတ်သတ် ဆက်နွယ်နေတဲ့အခါ….။ File size…2.19GB / 780MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Action • Thriller • Mystery
6 2024
Do You See What I See
Oasis of Now
6.4

Oasis of Now (2023) IMDb Rating (6.4) မလေးရှားနိုင်ငံရဲ့ ကွာလာလမ်ပူမှာ ဆင်းဆင်းရဲရဲ ရုန်းကန်နေထိုင်နေရတဲ့ ဗီယက်နမ်အမျိုးသမီး Hanh က လျှိဝှက်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူကိုယ်တိုင်က ဆင်းရဲလို သူ့ရဲ့သမီးလေးကို လိုအပ်တာတွေဖြည့်ဆည်းပေးနိုင်တဲ့ နယ်ခံမိသားစုဆီမှာ မွေးစားဖိုပေးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးမလေးက Hanh ကို သူ့အမေအရင်းမှန်းမသိဘဲ သူတိုအိမ်မှာ အိမ်သန့်ရှင်းရေးလာလုပ်နေတဲ့ အန်တီတစ်ယောက်လိုပဲ သိထားတာပါ။ Hanh က သူ့သမီးလေးနဲ့ အလုပ်အချိန်အားတိုင်း တိုက်ခန်းလှေကားထစ်နားမှာ အတူတူဆော့ပြီး ရင်းနှီးအောင်ကြိုးစားလေ့ရှိပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အောက်ခြေလူတန်းစားတွေရဲ့ ပေးဆပ်ရတဲ့ ​ဘဝအကြောင်းကို ပေါ်လွင်အောင်ရိုက်ကူးထားပြီး Busan International Film Festival မှာ ပြသခဲ့တဲ့ ဗီယက်နမ် ဒရမ်မာကားတစ်ကောင်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.7 GB) / (530 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy • Drama • TV Movie
6.4 2023
Oasis of Now
Pushpa: The Rise
8.1

Pushpa : The Rise (2021) ===================== IMDB- 8.1/10 ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။ အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။ နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။ သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။ အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။ Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)

8.1 2021 179 mins
Pushpa: The Rise