YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Luminous.Solution.S01E05.720p.CM.mp4

351.83 MB N/A video/mp4 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Church of Darkness
4.5

ဒီ Church Of Darkness ဆိုတဲ့ကားလေးကတော့ Horror အမျိုးအစား ကားလေးဖြစ်ပြီး လူငယ်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ ဒေးဗစ်ဆိုတဲ့ ခရစ်ယာန်ဘာသာ ယုံကြည်သူ ကောင်လေးတစ်ယောက် မစ်ရှင်ပွိုင့်ဆိုတဲ့ မြို့ကလေးကို စပြောင်းရွှေ့လာစဉ် အင်မတန်ထူးခြားတဲ့ အဆောက်အဦးတစ်ခုကို မြင်တွေ့မိရာကစတင်ထား ပါတယ်။ ဒေးဗစ်ဟာ ဘာသာရေးကို ယုံကြည်သက်ဝင်သူဖြစ်သော်လည်း လူငယ်ဖြစ် သည့်အလျောက် ဘာသာရေးအပေါ် နားလည်မှုလွဲခြင်းများလည်းရှိနေပုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။ ထူးဆန်းတဲ့ နတ်ဆိုးများကို ပူဇော်သည့် Wheelmakerဆိုတဲ့ ဂိုဏ်းတစ်ခုကြီးစိုးနေတဲ့ မစ်ရှင်ပွိုင့်မှာ ဒေးဗစ်တစ် ယောက်ဘာတွေကြုံတွေ့ရမလဲ။ ဘယ်လိုတွေစွန့်စားရမလဲဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်) File Size..........(1.0 GB) / (411 MB) / (232 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family, Horror Translator.......Lwin Bo Encoder..........SWM

Comedy • Drama
4.5 2022 87 mins
Church of Darkness
Kelly's Heroes
7.4

~ IMDb - 7.6/10, Rotten Tomatoes - 78%~ စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.4GB, 791MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 24Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Thriller
7.4 1970 144 mins
Kelly's Heroes
Duplicate
6

လောကမှာ လူသူမရှား နာမည်တူမရှားဆိုပြီး ပြောစမှတ်တွင်ခဲ့ကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မင်းသားကြီး ရှာရွတ်ခန်းက နှစ်ကိုယ်ခွဲနေရာက သရုပ်ဆောင်ထားတယ်... တစ်ယောက်က ငွေရဖို့အတွက်ဆိုရင် ကမ္ဘာမီးလောင်လည်း သားကောင်ချနင်းမယ့် လူစားမျိုးဖြစ်တဲ့ လူမိုက်ကြီးမန်နူးဒါဒါ... နောက်တစ်ယောက်ကတော့ မိခင်ကိုပျော်အောင်ထားပြီး ကမ္ဘာ့အတော်ဆုံး စားဖိုမှူးလေးဖြစ်ချင်နေတဲ့ ဘဗ်လူး... မန်နူးကို လိုက်ဖမ်းရင်းနဲ့ ရဲတွေက ဘဗ်လူးကို မှားဖမ်းမိတဲ့အခါ အရှုပ်တော်ပုံတွေ ပေါ်လာရပါတော့တယ်။ ရိုးသားဖြူစင်တဲ့ဘဗ်လူးကို အကောက်ကြံပြီး သူ့ဘဝကိုပါ လုယူချင်လာတဲ့ မန်နူးနဲ့ ကြောက်တတ်ပေမယ့်လည်း အနိုင်ကျင့်သူကို သင်ခန်းစာပြန်ပေးဖို့ကြိုးစားရမယ့် ဘဗ်လူးတို့ကြား သူတို့ရဲ့ ချစ်သူတွေ မိသားစုတွေပါ ပါလာတဲ့အခါမှာတော့... ဘယ်လိုတွေဇာတ်ရှိန်တက်လာမလဲဆိုတာ.........။ ရှရွတ်ခန်း ၂ ကိုယ်ခွဲနဲ့ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးကို ရုပ်ရှင်ရုံထဲ လိုက်ကြည့်ရသလို အကအလှရသအစုံ ခံစားရမှာပါ။ File size…(4 GB)/(1.6 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:44:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Drama • Horror • Mystery
6 1998 165 mins
Duplicate
The Disaster Artist
7.1

IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။ သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။ သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ..... သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။ အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရုပ်ရှင်တစ်ကားရိုက်ဖို့ပါတဲ့။ ပိုက်ဆံနဲ့လုပ်ချင်စိတ်ကလွဲပြီး ဘာဆို ဘာမှမသိနားမလည်ပေမယ့် Tommy Wiseau နဲ့ Greg တို့ The Room ရုပ်ရှင်ကို အခက်အခဲပေါင်းများစွာကြားထဲကနေ မရရအောင် ဖန်တီးကြပါတော့တယ်။ Shakespeare, Tennessee Williams တို့ခေတ်နောက်ပိုင်း အကောင်းဆုံးဒရမ်မာရုပ်ရှင်လို့တောင် ကြွေးကြော်ခဲ့တဲ့ Tommy Wiseau နဲ့ Greg တို့ ဒီရုပ်ရှင်ကို ဘယ်လိုဖန်တီးရိုက်ကူးခဲ့ကြသလဲ၊ ရုပ်ရှင်ပရိသတ်တွေကရော ဘယ်လိုထင်မြင်ကြသလဲ။ ဒါတွေကိုတော့ The Disaster Artist ရုပ်ရှင်ထဲမှာအဖြေပေးသွားပါလိမ့်မယ်။ ဒီရုပ်ရှင်ကိုတော့ Spiderman 1,2,3 , 127 Hours ဇာတ်ကားတွေနဲ့လူသိများတဲ့ James Franco က ဒါရိုက်တာအဖြစ်၊ Tommy Wiseau အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Now You See Me ကားထဲက မင်းသားချောလဲဖြစ်၊ James Franco ရဲ့ ညီအရင်းလဲဖြစ်တဲ့ Dave Franco က Greg အဖြစ် ပါဝင်ထားပါတယ်။ ပေါလှပါတယ်ဆိုတဲ့ကားက ဘာကြောင့်များ အတ္ထုပတ္တိရုပ်ရှင်တစ်ကားအဖြစ် ပြန်ရိုက်ရလောက်အောင် အောင်မြင်သွားတာပါလဲ၊ The Disaster Artist ရုပ်ရှင်ထွက်လာအပြီးမှာ The Room ရုပ်ရှင်ကို လူတွေက ဘာကြောင့်သဘောကျသွားကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ Tommy Wiseau ဟာ အနုပညာချစ်စိတ်အပြည့်အဝနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ပေါကားတစ်ကားကို ရိုက်မှန်းမသိ ရိုက်ခဲ့တာပါ။ ဒါကို ဘယ်လောက်ပဲ ဆိုးဝါးတဲ့ရုပ်ရှင်လို့ပြောပြော Tommy Wiseau ရဲ့လက်ရာ The Room ရုပ်ရှင်ဟာ အခုခေတ် မင်းသား၊မင်းသမီးဗန်းပြပြီး အောက်လုံးတွေနဲ့ပြက်လုံးထုတ်နေ၊ ပရိသတ်ကို ကလိထိုးရယ်ခိုင်းပြီး ပိုက်ဆံညာယူနေတဲ့ရုပ်ရှင်ကားတွေထက်စာရင် အပုံကြီးသာပါတယ်။ The Disaster Artist ရုပ်ရှင်ဟာ ဒီအချက်ကို ကောင်းကောင်း မီးမောင်းထိုးပြသွားနိုင်ခဲ့ပါတယ်။ ယခုနှစ် အော်စကာ အကောင်းဆုံးရုပ်ရှင်ဆုအတွက်လဲ ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံထားရတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်းများစွာလဲ ဆွတ်ခူးထားပါတယ်။ အနုပညာပါတဲ့ရုပ်ရှင်နဲ့ ပိုက်ဆံရရုံရိုက်တဲ့ရုပ်ရှင်ရဲ့ ကွာခြားချက်ကို သိလာဖို့၊ပေါကားနွံနစ်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ ပေါတာနဲ့အနုပညာရူးသွပ်တာကို ခွဲခြားလာတတ်ဖို့၊ အသိပညာပေးနိုင်ဖို့ ဒီကားဟာ ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ မကြာခင်မှာလဲ CM က Tommy Wiseau ရဲ့ ကမ္ဘာ့အဆိုးဝါးဆုံးရုပ်ရှင် "The Room" ကို ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် (ဇာတ်လမ်းးအညွှန်းနဲ့ဘာသာပြန်သူက ကွီးအာကာဖြိုးပါ) File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 44min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.X264.AC3-EVO[EtHD] Translated by Arkar Phyo Encoded by Thanhtike Zaw

Drama
7.1 2017 104 mins
The Disaster Artist
What Dreams May Come
6.9

ကားအက်ဆီးဒန့်နဲ့ သေဆုံးသွားတဲ့ ခရစ်စီဟာ မထင်မှတ်ပဲ ကောင်းကင်ဘုံကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ခရစ်စီဟာ လိုချင်တာအားလုံးကို မျက်လုံးမှိတ်ပြီးစိတ်ကူးယဉ်လိုက်ရုံနဲ့ ဘယ်အရာမဆိုရနေတဲ့ကောင်းကင်ဘုံကနေ အသက်ရှင်လျက်ကျန်ခဲ့တဲ့ သူ့မိန်းမအန်နီ့ကိုပဲ လွမ်းဆွတ်တမ်းတနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့မိန်းမကွယ်လွန်ပြီဆိုတဲ့သတင်းကို သိလိုက်ရတော့တယ်။ ဒါပေမယ့် ခရစ်စီလိုတော့ ကောင်းကင်ဘုံကို ရောက်မလာခဲ့ပါဘူး။ အထီးကျန်ပြီး စိတ်ဓာတ်ကျရောဂါခံစားနေခဲ့ရတဲ့ အန်နီတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့လို့ ငရဲမှာ ထာဝရနေထိုင်သွားရမှာဖြစ်တယ်။ ချစ်လှစွာသောမိန်းမကို လက်မလျော့တဲ့ခရစ်စီတစ်ယောက် ကောင်းကင်ဘုံကနေ ငရဲအထိ အန်နီ့ကိုလိုက်ရှာပါတော့တယ်။ မြင်မြင်ချင်းချစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ တစ်ဘဝစာအမှတ်တရတွေ၊ချစ်ခြင်းမေတ္တာတွေက လမ်းခရီးတစ်လျောက် ခရစ်စီကို အန်နီရှိရာ ငရဲဆီကိုခေါ်ဆောင်သွားနိုင်မလား၊ ခရစ်စီတစ်ယောက် အန်နီ့ကို ကောင်းကင်ဘုံကိုခေါ်လာဖို့အစီစဉ်အောင်မြင်ပါ့မလားဆိုတာကို အကယ်ဒမီဆုရှင် ရော်ဘင် ဝိလီယျံရဲ့ ရင်ထဲရောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ ခရစ်စီနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးရော်ဘင် ဝီလီယျံဟာ 2014ခုနှစ် အသက်63နှစ်မှာ စိတ်ကျရောဂါကြောင့် နေအိမ်မှာပဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ What Dreams May Come ထဲမှာတော့ ခရစ်စီကို ချစ်ခြင်းမေတ္တာအပေါ် အကြွင်းမဲ့ယုံကြည်ပြီး မိသားစုနဲ့မိန်းမကို ဘယ်တော့မှလက်မလျော့တဲ့ ခေါင်းမာတဲ့ခင်ပွန်းကောင်းတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.95GB) / (1GBB) / (497MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Drama / Romance / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao

Thriller
6.9 1998
What Dreams May Come
[18+] Petty Romance
6.5

Petty Romance(2010) ******************** ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Petty Romance ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားမင်းသမီးများဖြစ်သည့် လီဆွန်းဂယွန်း(Lee Sun-kyun), ချွဲဂန်ဟီး(Choi Kang-hee), ရူယောင်းဂယွန်း (Ryu Hyun-kyung), နာမည်ကြီးဇာတ်ပို့မင်းသားများဖြစ်သည့် အိုဂျန်ဆယ် (Oh Jung-Se), ဘတ်ဒိုဘင် ( Baek Do-Bin )တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ဂျောင်ဘယ်သည် ကာတွန်းဆရာတစ်ဦးဖြစ်ပြီး ဒါရင်းသည် ဝတ္တုစာရေးဆရာမတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင် ဂျောင်ဘယ်ရဲ့သူငယ်ချင်းတစ်ဦးသည် 18+ ကာတွန်းပြိုင်ပွဲတွင် ဝင်ပြိုင်ပါက ဆုရလျှင် ဆုကြေးငွေ ဒေါ်လာ တစ်သိန်း(ဝမ်သိန်းထောင့်သုံးရာ) ရရှိမည်ဟု ဂျောင်ဘယ်အား ပြောပြသောအခါ ဂျောင်ဘယ်သည် ဝတ္တုစာရေးဆရာမတစ်ဦးကို ခန့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ဒီဆုံးဖြတ်ချက်ကြောင့် အလွဲပေါင်းများစွာ ဖြစ်ပေါ်လာပါတော့တယ် File Size :2.2GB& 907MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy ,Adult, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

Drama
6.5 2010
[18+] Petty Romance
Yudo: The Way of the Bath
6.6

Yudo: The Way of the Bath ( 2023 )========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ရေချိုးခဲ့တာကို မြင်နိုင်တယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်က တိုကျိုမှာ ဗိသုကာသမားအဖြစ်လုပ်နေတဲ့သူ။ မြို့ကြီးပြကြီးမှာနေနေတဲ့ အောင်မြင်နေတဲ့လူလို့ ဆိုရမယ်။ သူ့အဖေ အသုဘကိုတောင် မလာနိုင်တဲ့အထိ အလုပ်တွေရှုပ်နေတဲ့သူပေါ့။ အတက်ပြီးရင် အကျလာတော့ သူ့အကျအချိန်မှာ သူက သူနယ်မြို့ကလေးကို ပြန်ရောက်လာတယ်။ သူ့ညီဦးစီးနေတဲ့ သူ့အဖေရဲ့ ရေချိုးအိမ်ကို ပြန်ရောက်လာတယ်။ သူ့အကြံက အဲဒီနေရာကိုရောင်းပြီး အမြတ်ထွက်အောင်လုပ်ဖို့ပေါ့။ ဒီလိုဇာတ်ကနည်းနည်းရိုးသလိုတော့ ခံစားရလိမ့်မယ်။ ဒါပေမဲ့ အခရာတော့မကျဘူး။ ဒီလိုနဲ့ သူတို့မိသားစုရဲ့ ရေချိုးအိမ်မှာ သူဝင်ကူရင်း အကြွင်းအကျန်နေရာကြီးလို့ သူထင်နေခဲ့တဲ့နေရာအကြောင်း သူပိုသိလာရတယ်။ ဒီရေချိုးအိမ်ဟာ ဒီကလူတွေရဲ့ နှလုံးသားတွေကို ချိတ်ဆက်ပေးထားတာသိလာရတယ်။ ဒါပေမဲ့လည်း ဒီရေချိုးအိမ်ကို မရောင်းမဖြစ်ရောင်းဖို့ အကြောင်းတော့ ဖန်လာခဲ့တယ်။ ဒီကနေ ဘာဆက်ဖြစ်မလဲဆိုတာကို‌ ရေချိုးခြင်းနဲ့ပဲ ချိတ်ဆက်ပြသွားတယ်။ရေချိုးခြင်းရဲ့ အဓိကလုပ်ဆောင်ချက်ဟာ ခန္ဓာကိုယ်ကို သန့်စင်ပေးဖို့ထက် စိတ်ကို သန့်စင်ပေးဖို့လို ဒီရုပ်ရှင်ထဲက ရေချိုးရသေ့ကြီးက ဆိုခဲ့တယ်။ ရေချိုးခြင်းဟာ နေလိုပဲတဲ့။ တိမ်အထူဆုံးကောင်းကင်မှာတောင် နေမင်းဟာ ထွန်းလင်းနိုင်သလို အညစ်ထေးဆုံးစိတ်တွေကိုတောင် ရေချိုးခြင်းက သန့်စင်ပေးနိုင်တယ်တဲ့။ ဒီရုပ်ရှင်မှာ ရေချိုးခြင်းနဲ့ပတ်သက်ပြီး အဆင့်မြင့်နည်းစနစ်တွေကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရသေ့ကြီးရဲ့စကားအတိုင်းပဲ ဘယ်လိုရေကိုပဲချိုးချိုး အရေးတော့မကြီးပါဘူး။ ရေချိုးခြင်းရဲ့ အနှစ်သာရဟာ ရေမှာရှိနေတာမှမဟုတ်ခဲ့ဘဲ။ တကယ်တမ်း ရေချိုးခြင်းရဲ့ အနှစ်သာရဟာ သူတို့နှလုံးသားထဲ တည်နေခဲ့တယ်။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ )File size_( 1.8GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:06:00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Comedy • Drama
6.6 2023
Yudo: The Way of the Bath
My Oni Girl
6

My Oni Girl (2024) “ကျွန်တော့်ရဲ့ဘီလူးမလေး” ================ မိုးအေးအေးနဲ့ ခံစားလို့ကောင်းမယ့် old school ဆန်ဆန် အသစ်ထွက် အန်နီမေးရုပ်ရှင်လေးတစ်ပုဒ် ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကို အန်နီမေးရှင်းပြုထားတာတွေက တော်တော်လေးလှတာကြောင့် ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ။ ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲက ဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။ My Oni Girl ဆိုတော့ ဘာသာပြန်ရရင် ကျွန်တော့်ဘီလူးမလေးပေါ့။ ဇာတ်လမ်းကတော့.. တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ။ ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက် လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။ (ဒီရုပ်ရှင်လေးကိုတော့ ToMo နဲ့ Zwe Yan တို့က ဘာသာပြန်၊ ညွှန်းဆိုပေးထားပါတယ်။)

Drama • Fantasy • Romance
6 2024 112 mins
My Oni Girl
No Escape
6.8

No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့… အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်… သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်… ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်… ဒါပေမယ့် အဲ့ဒီ့သောင်းကျန်းသူတွေက အမေရိကန်နိုင်ငံသားတိုင်းကို သတ်ဖြတ်နေရတာနဲ့နောက်ကွယ်က အကြောင်းအရာကဘာလဲ….. ဂျက်တို့ကိုယ်တိုင်ဒီပြသနာထဲဘယ်လိုရောက်နေလဲ….ကလေးတွေမိန်းမတွေနဲ့သူတို့မိသားစုဘယ်လိုလွတ်အောင်ပြေးကြရမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ်။

6.8 2015 103 mins
No Escape
13th Summer
5.5

ဇာတ်လမ်းအကျဉ်းကတော့ ဘန် နဲ့ ဗီ ဟာနွေရာသီတိုင်းမှာ အပန်းလာဖြေနေကြ ကမ်းခြေတစ်နေရာကိုထွက်လာခဲ့ကြတယ်။ ဒီနှစ်နွေရာသီကတော့ အရင်နှစ်တွေကနဲ့မတူဘူး။ ဘန် တစ်ယောက်ကိုယ့်ကိုယ်ကိုကာကွယ်ရင်း မတော်တဆ သတ်မိသွားပြီး အမှုရင်ဆိုင်တာပြီးမြောက်သွားတဲ့အချိန်လည်းဖြစ်တယ်။ နှစ်တိုင်းလာနေကြဆိုတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး ထွက်လာကြတာလည်းပါတယ်။ အပန်းဖြေတဲ့နေကိုလည်းရောက်တော့ ပိုင်ရှင်တွေဖြစ်တဲ့ ပတ်ထရစ် နဲ့ ကိတ်ကို‌မတွေ့ရဘဲ အဲလတ်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကိုပဲတွေ့တယ်။ ပိုင်ရှင်တွေအကြောင်းကို မေးတော့ ဝေ့လည်ကြောင်ပတ်လျှောက်ဖြေတာကို စုံထောက်ဖြစ်တဲ့ ဘန်ကသဘောမကျဘူး။ နောက်နေ့ရောက်တော့ ဘန်တို့နဲ့အတူပါတဲ့ ခွေးလေးလည်ပင်းကျိုးပြီးသေနေတာတာကိုတွေ့တယ်။ သူ့ခွေးသေလို့စိတ်တိုသွားတဲ့ ဘန်လည်း အဲလတ်စ်ရဲ့ အခန်းထဲကို ဝင်ရှာကြည့်တဲ့အခါမှာတော့…… File size…1.91GB / 1GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2024 97 mins
13th Summer
The Town
7.5

The Town (2010) ******************** FBI ရဲတွေ ဒေါသအရမ်းထွက်နေကြတယ်…FBIအဖွဲ့ခေါင်းဆောင်ကလည်း ဆဲဆိုသံနဲ့အတူ ” ဒီသောက်ဘဏ်ဓားပြတွေက သောက်ချဉ်တော့မဟုတ်ဘူးကွ” ဆိုပြီးအော်ဟစ်နေတယ်… ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတော့ ဘဏ်ကိုဓားပြတိုက်ခံရပြီး အချိန်မီ အချက်ပေးသံကြောင့် ဘဏ်ကိုရဲတွေဝိုင်းခဲ့ပေမယ့် တစ်ယောက်မှမမိလိုက်ဘူး.. ..မှုခင်းသဲလွန်စတွေရှာပြန်တော့လည်း cctv မှတ်တမ်းတွေဖျက်ဆီးသွားတဲ့အပြင် လက်ဗွေရာတစ်စွန်းတစ်စတောင် မကျန်အောင် ဆပ်ပြာရည်တွေ ဘဏ်အတွင်းပက်ပြန်းသွားလို့ပါပဲ….တစ်ခုတော့ရှိတယ် … ဘဏ်ဓားပြတွေက ဓားစာခံအဖြစ် ဘဏ်စာရေးမတစ်ယောက်ကို ဖမ်းခေါ်သွားပါတယ်.. ..ဒီကားရဲ့ ဒါရိုက်တာက Ben Affleck ဖြစ်ပါတယ်… Gone Baby Gone ကိုလည်း သူကိုယ်တိုင်ရိုက်ကူးခဲ့ပြီး အဲ့ဒီကားမှာ သူ့ရဲ့အရည်အချင်းကိုကြည့်ဖူးသူတိုင်း မချီးကျူးဘဲမနေနိုင်အောင်ဖြစ်ခဲ့ကြမှာပါ… မှုခင်း ဘဏ်ဓားပြ နဲ့အချစ်ဇာတ်လမ်းလေးတွေ အချိုးကျတင်ဆက်ထားလေတော့ ခံစားကြည့်လိုက်ပါဦးလို့…. File size…2.5GB / 1.03GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 31m Genre ….. Chrime, Drama, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by AHtet

Comedy • Drama • Romance
7.5 2010 125 mins
The Town
Shark Warning
5.1

Shark Warning (2024) ************************ ငါးမန်းကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Shark Warning ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Jaw လောက်တော့မကြမ်းပေမဲ့သူ့အနေအထားနဲ့သူရှိတဲ့အတွက် အပျင်းပြေတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Wanda Vision တို့ Hawkeye တို့လို Marvel Series တွေကိုရိုက်ကူးခဲ့တဲ့ Jimmy Gadd ဖြစ်တဲ့အတွက် ရိုက်ချက်တွေကတော့ လက်ခံလို့ရတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ အယ်လန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူကလွန်ခဲ့တဲ့နှစ် ၂၀ တုန်းက သူ့မွေးရပ်မြေရဲ့ကမ်းခြေမှာ ညီဖြစ်သူ ဒန်နီနဲ့ ရေကစားနေတုန်း ငါးမန်းတစ်ကောင်ရောက်ချလာပြီး ဒန်နီ့ကိုဆွဲသွားပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့် ညီဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး သူ့စိတ်ထဲမှာတော့ ဒါတွေအားလုံးဖြစ်ရတဲ့ အဓိကတရားခံက ကလေးပဲရှိသေးတဲ့သူတို့ကိုမကြည့်ပေးဘဲ ဘီယာသောက်ဖို့ထွက်သွားတဲ့ သူ့ဦးလေးရွန်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ နောက်နှစ် ၂၀ အကြာမှာတော့ အယ်လန်က မွေးရပ်မြေကို အကြောင်းပြချက် မယ်မယ်ရရမရှိပဲနဲ့ ပြန်လာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ အဲ့ဒီအချိန်မှာ ငါးမန်းတစ်ကောင်ရှိနေတယ်ဆိုပြီး သတင်းကြားခဲ့ရလို့ သွားကြည့်တဲ့အခါမှာ ငယ်ငယ်တုန်းက သူ့ညီကိုသတ်ခဲ့တဲ့ငါးမန်းပဲဖြစ်နေတဲ့အတွက် အယ်လန်တစ်ယောက်အဲ့ဒီငါးမန်းကိုပြန်သတ်ဖို့ကြိုးစားရင်း သူ့ဦးလေးနဲ့ သူ့ကြားကအငြိုးတွေရော ပြေနိုင်ပါ့မလားဆိုတာတွေနဲ့ အဲ့ဒီမြို့ရဲ့တခြားသော စိတ်ဝင်စားစရာဇာတ်လမ်းဇာတ်ကွက်တွေကိုကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…2.14GB / 911MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Action, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

Action • Thriller • Crime • Horror
5.1 2024 94 mins
Shark Warning
Echo 8
3.9

Echo 8 (2024) IMDb Rating (3.9) အထူးအေးဂျင့်တွေ လုပ်ကြံရေးသမားတွေ လျှို့ဝှက်အဖွဲ့တွေ ဘာတွေပါတဲ့ အက်ရှင်ကားတွေ ကြိုက်တဲ့လူတွေ ကြိုက်ချင်ကြိုက်ကြမယ့် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးကတော့ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးပိုင်းကလူတွေကိုပါ လွှမ်းမိုးထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခုရှိပါတယ်။ အဲဒီအဖွဲ့က မိဘမဲ့ကလေးတွေ အိမ်ပြေးတွေကို ငယ်ငယ်လေးကတည်းက သတ်ဖြတ်ရေးအတွက် လေ့ကျင့်ပေးပြီး အေးဂျင့်တွေအဖြစ် တာဝန်ထမ်းဆောင်စေခဲ့တယ်။ အဲဒီထဲ အန်နာခေါ် Echo 8 ဆိုတဲ့ ကောင်မလေးလည်းအပါအဝင်ပေါ့။ သူတို့ဆရာကတော့ သူတို့ကို အတိတ်ကို မတွေးနဲ့။ အနာဂတ်ကိုအိပ်မက်မမက်နဲ့ လက်ရှိက လက်ဆောင်ပဲပြောပြီး သူတို့အတိတ်တွေကို မေ့ခိုင်းပေမဲ့ အတိတ်ကလူကိုသတ်ဖို့အကြောင်းဖန်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ozymandias ဖြစ်ပါတယ်။) File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Thriller Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ozymandias

3.9 2024 96 mins
Echo 8
Nesippaya
7.9

Nesippaya (2025) “ချစ်သူသည်သာ…” ဒီတစ်ခါတော့ အချစ်-အလွမ်း-အကြမ်း-ဒရာမာ ရသစုံကြည့်ရှုခံစားရမဲ့ တမီလ်စကားပြော အချစ်-အက်ရှင် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာဂျွန်ဆိုတဲ့ကောင်လေးဟာ ဒီယာဆိုတဲ့ကောင်မလေးကို မြင်မြင်ချင်းမှာပဲ အရူးအမူးချစ်မိသွားပါတယ်။ ဒီယာကစစချင်းငြင်းပေမဲ့ အာဂျွန်ရဲ့ဇွဲကြောင့် ချစ်သူဘ၀ရောက်ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အကြောင်းကြောင့် နှစ်ဦးသားကွဲကွာသွားခဲ့ပြီး အလုပ်ကိုယ်စီနဲ့ တစ်ယောက်တစ်နိုင်ငံဆီ ကွာဝေးခဲ့ကြပါတယ်။ နှစ်တွေ‌အတော်တော်ကြာတော့မှ ပြဿနာအကြီးကြီးတစ်ခုကြောင့် နှစ်ယောက်သားပြန်ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီပြဿနာကတော့ ဒီယာတစ်ယောက် လူသတ်မှုတစ်ခုနဲ့ ပတ်သက်နေခဲ့တာပါပဲ။ နှစ်တွေဘယ်လောက်ကြာကြာ ကျောင်းတော်ကအချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ အာဂျွန်တစ်ယောက် ဒီယာရဲ့ပြဿနာထဲ ဘယ်လို၀င်ပါလာမလဲ…၊ ဒီယာရော စွပ်စွဲခံနေရတဲ့အမှုက လွတ်မြောက်ပါ့မလား၊ နောက်ဆုံးမှာ သူတို့နှစ်ဦးအတွက် ပျော်စရာဇာတ်သိမ်းခန်းလေးရှိပါ့မလားဆိုတာ… ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Action • Adventure • Fantasy • War
7.9 2025 144 mins
Nesippaya