YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Lonely Man with the Ghost Machine (2024) WEB-DL,720p (CM).mp4

432.48 MB N/A video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Internship
6.3

Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့ အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Google က ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nick လည်း စိတ်ပါသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို အွန်လိုင်းကနေ အင်တာဗျူးတဲ့အခါ သက်ဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံလည်း မရှိ၊ အသက်အားဖြင့်လည်း အတော်ကြီးနေပေမယ့် ရှေးရိုးမဆန်ပဲ သွက်လက်တဲ့ အဖြေကြောင့် အလုပ်သင်အဖြစ် ရွေးချယ်ခံရပါတယ်။ သူတို့ Google ကို ရောက်တဲ့အခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေထဲမှာသာ မြင်ဖူးတဲ့ နည်းပညာတွေကို စတင်တွေ့ရှိရပါတော့တယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေလို မဟုတ်ပဲ အစစအရာရာ အလကား အသုံးပြုနိုင်တဲ့အပြင် လုပ်ငန်းခွင်အတွင်း အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝနဲ့ သက်တောင့်သက်သာ အနားယူနိုင်တာကြောင့် သူတို့နှစ်ယောက် သဘောကျသွားကြပါတယ်။ ပြဿနာကတော့ အလုပ်သင်တွေကို အဖွဲ့ခွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ အဖွဲ့ကသာ Google မှာ အလုပ်ရဖို့ အာမခံမှာ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ပါဝင်ရမယ့် သူတွေဟာ တက္ကသိုလ် ပြီးကာစ လူငယ်တွေ ဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နဲ့ ဘယ်သူကမှ အဖွဲ့မဖွဲ့ချင်ကြပါဘူး။ နောက်ဆုံး သူတို့အဖွဲ့မှာ ဘယ်သူကမှ မခေါ်ချင်တဲ့လူတွေချည်း ကျန်နေခဲ့ကြပါတယ်။ Nooglers လို့ခေါ်တဲ့ ဒီအလုပ်သင်တွေဟာ အုပ်စုဖွဲ့ပြီး သူတို့ကို ပေးအပ်လာမယ့် တာဝန်ကို စောင့်နေကြရပါတယ်။ သူတို့အဖွဲ့ထဲမှာ Stuart လို့ခေါ်တဲ့ သူ့ဖုန်းကိုပဲ စိတ်ဝင်စားသူ၊ Yo-Yo လို့ခေါ်တဲ့ အိမ်မှာပဲ စာသင်ဖူးပြီး ပြင်ပလောကကို ခုမှ စတင်ထိတွေ့သူ၊ Neha လို့ခေါ်တဲ့ ပေါက်ကရတွေးတတ်တဲ့ ကောင်မလေးတို့ ပါဝင်လာပြီး အဖွဲ့ခေါင်းဆောင်ကတော့ သူ့ရဲ့ စိတ်မလုံခြုံမှုကြောင့် အမြဲတမ်းလိုလို တက်ကြွချင်ယောင်ဆောင်နေတဲ့ Lyle ဆိုတဲ့ Google က ဝန်ထမ်းငယ်လေးပါ။ Mr. Chetty ဟာ ဒီအလုပ်သင်တွေကို အကဲဖြတ်ပေးမယ့်သူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ အားကစားနဲ့ နည်းပညာပိုင်းမှာ ဘယ်လို အကျွမ်းတဝင်ရှိသလဲဆိုတာတွေကို လေ့လာစောင့်ကြည့်နေပါတယ်။ Billy နဲ့ Nick ရဲ့ ရှေ့ခရီးဟာ ဘာတွေ ဖြစ်လာမလဲ။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး လူတွေနဲ့ အဆင်မပြေတဲ့ သူတို့အဖို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။ သူတို့ထက် အင်အားကြီးမားသူတွေ၊ ငယ်ရွယ်ထက်မြက်သူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ ဒါရိုက်တာ Shawn Levy ရိုက်ကူးပြီး Vince Vaughn နဲ့ Owen Wilson တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ The Internship ဇာတ်ကားဟာ Google ကို ကြော်ငြာပေးတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူမှုဘဝဟာသတွေနဲ့ Google ရဲ့ လူသစ်စုဆောင်းမှုကို ပေါင်းစပ်ထားပြီး အရောင်းမြှင့်တင်ရေး သဘောမျိုး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Vince Vaughn နဲ့ Owen Wilson တို့ အတူပူးတွဲပါဝင်တဲ့ တတိယမြောက် ဟာသဖာတ်ကားလည်း ဖြစ်ပါတယ်။ IMDb မှာ Rating 6.3 ပေးထားပေမယ့် Rotten Tomatoes မှာတော့ Tomatometer 34% ပဲ ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဇာတ်ကား ကြည့်ချင်သူတွေ၊ ခေတ်သစ် ဟာသအရသာ ခံစားချင်တဲ့သူတွေ၊ ဘဝအတွက် ရည်မှန်းချက် ပျောက်ပြီး စိတ်ညစ်နေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဝေဖန်သူအများစုကတော့ Google ကို အလွန်အမင်း ပုံရိပ်မြှင့်တင်ပေးထားခြင်းနဲ့ ကြော်ငြာဆန်နေခြင်းကို အပြင်းအထန် ဝေဖန်ထားကြပါတယ်။ အလုပ်ခွင်မှာ စိတ်ညစ်နေသူတွေအတွက်တော့ အပန်းဖြေကြည့်ရှုစရာ ဇာတ်ကားတစ်ကား ဖြစ်ပါလိမ့်မယ်။ File size…2.18GB / 970MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • Mystery • Thriller
6.3 2013 119 mins
The Internship
The Edge of Her Mind Anthology
7.5

အမျိုးသမီးတွေရိုက်ထားတဲ့ အမျိုးသမီးတို့အကြောင်း... အမျိုးသမီးတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်အတိုလေးတွေ စုစည်းထားတာဖြစ်ပါတယ်။ Xin (Heart), Café Abundance, Fragile Storm, Utopia, Over The Moon, Count Back From Ten, Uncertainship နဲ့ Mermaid လို့ခေါ်တဲ့ သူမစိတ်ရဲ့ အစွန်အဖျားလေး ၈ခုပါ,ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာအခန်းတွေလည်းပါတဲ့အပြင် အခုလိုမျိုး ကားတိုလေးတွေဆိုတော့ တစ်ကားစီ နား,နားပြီး ကြည့်လို့ရပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက ကိုယ်တိုင်ကိုယ်ကျနဲ့ ဆက်စပ်ကြည့်လို့ရပြီး တမူထူးခြားပါတယ်။ အကြိုက်မိဆုံးကတော့ Fragile Storm ပါ။ ဒါဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲဆိုပေမယ့် အမျိုးသားတွေလည်း ကြည့်ရှုနိုင်ပါတယ်။ ဘာလို့ဆို ကျားကျားမမ ကိုယ်ပိုင်အတွေ့အကြုံတွေဟာ ယှဉ်တွဲနေကြတာဖြစ်ပြီး တကယ်တမ်းဆို အဲဒီလောက်ထိ မခြားနားဘူးဆိုတာ တွေ့မြင်နိုင်မှာပါ။ ထုတ်မပြောတဲ့အတွေးတွေအတွက် မျက်စိကိုဖွင့်ပေးမယ့် ဇာတ်ကားတိုလေးတွေပါ။ စိတ်ကျန်းမာရေးကို အခြေခံရိုက်ထားပေမယ့် Dark-Comedy, Horror, Slice of Life, Romance… ပြောရရင် အမျိုးအစား စုံပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 695MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 26Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7.5 2022 86 mins
The Edge of Her Mind Anthology
Ang Pambansang Third Wheel
6.7

Ang Pambansang Third Wheel (2018) ~ IMDb Rating – 6.7/10 ~ ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ထရီနာကရော သူ့ကိုပြန်ချစ်ပါ့မလား ဆိုတဲ့မေးခွန်းတွေကိုတော့ ဒီကားလေးကိုကြည့်ရှုရင်းနဲ့ ဇာတ်ဝင်ခန်းလေးတွေက အဖြေပေးသွားပါလိမ့်မယ်လို့ ညွှန်းခဲ့ပါရစေခင်ဗျား… (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.01GB, 1GB, 600MB Quality – 1080p, 720p, 480p Format – mp4 Duration – 1H 37Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Action • Adventure • Fantasy
6.7 2018
Ang Pambansang Third Wheel
Bloody Border
5.9

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကို နှိမ်နင်းရင်း မိမိအတွက် အသက်ပေးသွားသော ရဲဘော် ချန်တုန်းအတွက် ယူကျုံးမရဖြစ်နေရသူ – အထူးရဲတပ်ဖွဲ့ခေါင်းဆောင် လုံကျန့် အဲဒီ စစ်ဆင်ရေးအတွင်းမှာ မိမိရဲ့အခင်မင်ရဆုံး ရဲဘော်ဆုံးရှုံးသွားရတဲ့အပြင် ကိုယ်တိုင်ကလဲ စည်းကမ်းဖောက်ဖျက်ခဲ့မိတာကြောင့် ရဲတပ်ဖွဲ့ကနေပြီး လုံကျန့်ဟာ အထုတ်ခံလိုက်ရပါတော့တယ် ။ နောက်မှာတော့ ရဲဘော်ချန်တုန်းရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ ရွာမှာကျန်နေခဲ့တဲ့မိခင်ကြီးကို စောင့်ရှောက်ချင်တဲ့ ဆန္ဒလေးကို ဖြည့်စည်းပေးဖို့အတွက် လုံကျန့်ဟာ ချန်တုန်းရဲ့ မိခင်ကြီးရှိတာ ရွာကလေးဆီကို ရောက်ရှိလာခဲ့ပါတော့တယ် ။ ချန်တုန်း တစ်ယောက် ရဲတပ်ဖွဲ့ကနေပြီး ထုတ်ခံရတဲ့ သတင်းကိုကြားတဲ့အခါမှာ မူ းယစ်ဆေးဝါးဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဟာ လုံကျန့်ကို သူနဲ့ အတူတူပူးပေါင်းဖို့ လာရောက်ခေါ်ဆောင်လာခဲ့ပါတော့တယ် ။ အမှန်တရားအတွက်ဆို သေတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျုံးဝါးသစ္စာဆိုထားတဲ့ လုံကျန့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ဖိအားပေးမှုတွေကို ပြန်လည်ကြုံတွေ့လာရတဲ့အခါမှာ – ❏ သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ? ❏ မိမိအတွက် အသက်ပေးသွားတဲ့ ချန်တုန်းအစား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းကို လက်ရဖမ်းဆီးပေးနိုင်ပါ့မလား ? ❏ သွေးနဲ့ရင်းကာ အသက်ပေးသွားကြတဲ့ သူတွေအတွက် လုံကျန့်တစ်ယောက် ဘယ်လိုလက်စားချေပြီး အမှန်တရားကို ပုံဖော်သွားမလဲဆိုတာ ? ဒီရုပ်ရှင်ဇာတ်ကားကောင်းလေးကို အခုပဲကြည့်ရှူလိုက်ရအောင်ပါ။

5.9 2023
Bloody Border
Deadly Desire
6

Deadly Desire (2023) =============== IMDb Rating – 6.0/10 ငယ်သူငယ်ချင်းဖြစ်သူ ‌မယ်လိုဒီ့ကိုပြန်အဆက်အသွယ်လုပ်လိုက် ရာမှ ကံဆိုးမှုတွေကြုံလာရတဲ့ ဆိုဖီယာ။ ဆိုဖီယာ အိမ်ထောင်မပြုခင် အပျိုနောက်ဆုံးညပါတီပွဲကျင်းပဖို့အတွက် သူငယ်ချင်းတွေကိုခေါပြီး အပန်းဖြေအိမ်မှာ သွားနေကြတယ်။ ‌အဲ့ထဲမှာ မတွေ့တာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းဟောင်း မယ်လိုဒီလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ အပျော်တွေကနေ ကံဆိုးမှုတွေအဖြစ်ပြောင်းလဲသွားတဲ့အခါ မှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ မယ်လိုဒီက ဘယ်လိုကံဆိုးမှု တွေကို ယူဆောင်လာတဲ့ဆိုတာ‌ကို ကြည့်ရှုရမဲ့ လူသတ်ကားတစ်ကား ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.0 GB) / (368 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Khant Sett Naing Encoder……….SWM

Adventure • Action
6 2023 90 mins
Deadly Desire
Sukhee
7.3

Sukhee 2023(“ဒေလီက နုပျိုခဲ့သောနေ့ရက်များ”) ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။ စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Family • Drama
7.3 2023
Sukhee
Sometimes They Come Back
5.7

Sometimes They Come Back (1991) ========================== အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King’s Cat’s Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ ’90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.7 GB) / (640 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator…….Alias Encoder……….SWM

5.7 1991 98 mins
Sometimes They Come Back
Moscow Mission
6.3

1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့…… အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ် ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။

6.3 2023
Moscow Mission
Always – Sunset on Third Street
7.7

Always: Sunset on Third Street (2005) ~ IMDb – 7.7/10, RT – 90%, MyDramaList – 7.9/10 ~ ~~~~~~~~~~~~~~~~~~~~ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။ ~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ – ၂၀၁၅) ~~~~~~~~~~~~~~~~~~~~ Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ၀ပ်ရှော့လေးကိုထောင်ထားတယ်။ Fictional Founder ပါပဲ။ အပြင်က တကယ့်ဆူဇီးကီးကတော့ ရုပ်ရှင်ထဲက ဆူဇူကီး၀ပ်ရှော့အဆင့်ပဲရှိသေးတဲ့ 1958 လောက်မှာ ကားကုမ္ပဏီကို ထောင်ပြီးနေပြီ။ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတာချင်းတော့တူတယ်။ ဂျပန်ရဲ့ Image ကိုဖော်ပြချင်လို့ ဂျပန်ရဲ့နာမည်ကျော် ဆူဇူကီးကုမ္ပဏီရဲ့ ဇာစ်မြစ်ဆန်ဆန်ဇာတ်ကောင်ကို ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။ ဇာတ်ကောင်ရဲ့ ဒေါသထိန်းမရတဲ့စရိုက်အပါအဝင် မတော်မတည့်စရိုက်အချို့ကြောင့် မူလလူနဲ့ကွဲလွဲအောင် ဖန်တီးပေးထားတာဖြစ်မယ်။ ဆူဇူကီးအိမ် မျက်စောင်းထိုးမှာက ဂျပန်ရဲ့အမြင့်ဆုံးစာပေဆုဖြစ်တဲ့ အခုတဂဝစာပေဆုရဖို့ကြိုးစားရင်း ဖြစ်မလာဘဲ ကလေးစာပေတွေပဲ ရေးနေရတဲ့ စာရေးဆရာ နေတယ်။ ဒီဇာတ်လမ်းမှာ သူက Emotional အဖြစ်ဆုံးဇာတ်ကောင်။ စားဖို့အနိုင်နိုင်ဘဝမှာ သူများကလေးကို အိမ်ခေါ်တင်ထားပြီး ဂေးရှားမယ်ကလေးကို ချစ်မိခဲ့တဲ့ ခပ်ညံ့ညံ့စာရေးဆရာပေါ့။ နောက်ဇာတ်ကောင်က အကြွေးတွေဆပ်ဖို့ ဂေးရှားမယ်လုပ်ခဲ့ပြီး ရပ်ကွက်ထဲ အရက်ဆိုင်လာဖွင့်ထားတဲ့ မိန်းကလေး။ နောက်တစ်ယောက်က ရွာကနေ ဆူဇူကီးကားကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ ကောင်မလေး။ စစ်အတွင်းမှာ သူ့ဇနီးနဲ့ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ ရပ်ကွက်ဆရာ၀န်။ ဇာတ်လမ်းကတော့ သူတို့ အပါအဝင် သူတို့မိသားစုတွေရဲ့ ငိုစရာ ရယ်စရာ ဘဝအကြောင်းလေးတွေပါပဲ။ ဇာတ်ကောင်တွေ ဇာတ်အိမ်တွေရဲ့ ချစ်ဖို့ကောင်းချက်ကတော့ ကြည့်နေရင်း ပြုံးမိခဲ့တာ ခဏခဏကိုပါပဲ။ ဇာတ်ကောင်တိုင်းဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျွန်တော်တို့ဘ၀ထဲက လူတွေ သို့မဟုတ် ကျွန်တော်တို့ကိုယ်တိုင်နဲ့ ဆင်တူနေတယ်။ ဒါကြောင့်ပဲ ဇာတ်ကောင်တွေရဲ့ စိတ်ထဲကို လွယ်လွယ်ကူကူနဲ့ ၀င်ရောက်နိုင်ခဲ့တယ်။ တစ်ဖက်ကကြည့်ရင် ဇာတ်လမ်းဟာပေါ့ပါးပေမဲ့ တစ်ဖက်ကကြည့်တော့လည်း နည်းနည်းလေးနက်တယ်။ သူ့အငွေ့အသက်က ဂျပန်စာပေရဲ့ အငွေ့အသက်တော့ မကင်းဘူး။ ဖတ်ဖူးတဲ့ ဂျပန် ဘာသာပြန်စာအုပ်တစ်ချို့မှာ နှောင်းခေတ်အတော်ကြာအောင် ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကိုခံနေရတုန်းဆိုတာ ပေါ်လွင်အောင် ထည့်သွင်း ရေးသားထားတတ်ကြတယ်။ ဒီရုပ်ရှင်က ဇာတ်ကောင်တစ်ချို့ကလည်း ဒီအခြေအနေကိုပုံဖော်ထားတယ်။ ရပ်ကွက်ဆရာဝန်ဆို စစ်အတွင်းက သူ့ဇနီးနဲ့သမီးကိုဆုံးရှုံးထားပြီး ၁၃နှစ်ကြာတဲ့အထိ စိတ်ဝေဒနာ ဖြစ်နေတုန်းပဲ။ ဆူဇူကီးဆိုလည်း စကားပြောရင် စစ်ပွဲအကြောင်း မပါမဖြစ်ပြောတတ်တယ်။ စစ်အတွင်းမှာကျဆုံးခဲ့တဲ့ သူ့ရဲဘော်တွေအတွက် လိပ်ပြာမလုံတဲ့စိတ်ကို ခံစားနေရတုန်းပဲ။ နောက် ဂျပန်ဆိုတာကို ထင်ဟပ်စေတဲ့ အရာတစ်ချို့လည်း သုံးထားတယ်။ ရုပ်ရှင်တစ်ကားကနေ ဘာမက်ဆေ့ရပါတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ ပြောလိုက်ရင်လည်း သူ့အနုပညာကို စော်ကားလိုက်သလိုပဲ။ Always က ပေးနိုင်တဲ့အရာဟာ နေဝင်ချိန်တစ်ခုပါပဲ။ ဘာလို့နေဝင်ချိန်လဲဆိုရင်… အားလုံးမှာအဆင်မပြေဖြစ်ခဲ့ကြတဲ့ နေ့တို့တွေ ရှိခဲ့ဖူးမှာပဲ။ မအောင်မြင်ခဲ့ကြတဲ့… တစ်စုံတစ်ရာကို ဆုံးရှုံးခဲ့ကြတဲ့… မျှော်လင့်ချက်မဲ့နေ့တို့တွေ ရှိခဲ့ဖူးမှာပဲ။ မီးဖိုထဲက အရည်ပျော်ပြီး ပြန်လာရတဲ့နေ့တွေရဲ့ အဆုံးမှာ နေဝင်ချိန်လေးတစ်ခုကို တစ်ခါတလေတော့လည်း ငေးမောဖူးမှာပေါ့။ မလှပခဲ့တဲ့နေ့ရက်တွေရဲ့ လှပတဲ့နေဝင်ချိန်ကလေးတစ်ခုဟာ မနက်ဖြန်ဟာတော့ လှပဦးမှာပါလို့ မျှော်လင့်ချက်ရှိစေခဲ့တယ်။ စိတ်ပျက်လက်ပျက်နေ့တွေကို ကြုံပြီးတဲ့အခါ ဆည်းဆာလှတတ်တဲ့ ညနေခင်းတွေဆို တိမ်တွေကို မြင်ရတဲ့ လက်ဖက်ရည်ဆိုင်ကလေးရဲ့ တစ်ထောင့်မှာ သောက်ရတဲ့ ချိုစိမ့်တစ်ခွက်ရဲ့အရသာဟာ ဒီကမ္ဘာမှာ ကျွန်တော်အသက်ပြင်းခဲ့ရတဲ့ အကြောင်းတရားတစ်ရံပေါ့။ ဒီထက်ပိုတဲ့အရာတွေလည်း ရှိကောင်းရှိလိမ့်မယ်။ ဒီတစ်ခုကတော့ ပိုသေချာတယ်လို့ ကျွန်တော်ယုံတယ်။ ကံဟာ ဘယ်တော့မှ ထင်တိုင်းမဖြစ်ခဲ့ရင်တောင် အနည်းဆုံးအားဖြင့် ဆွဲယူသွားလို့မရနိုင်တဲ့အရာပေါ့။ အဲဒီနေ၀င်ချိန်တွေဟာ အမြဲတမ်းလှပနေဦးမှာပဲ။ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့နေပါစေ မနက်ဖြန်တွေဟာလည်း အမြဲတမ်းဆက်ရှိနေဦးမယ်။ ဒီရုပ်ရှင်ဟာ ရှေ့ဆက်ရဦးမယ့် မနက်ဖြန်များမှာ အမြဲတမ်းရှိနေဦးမယ့် နေ၀င်ချိန်တွေအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 13Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.7 2005 133 mins
Always – Sunset on Third Street
Blind Date Book Club
6.8

Blind Date Book Club (2024) ====================== IMDb Rating – 6.8/10 ပူပြင်းလွန်းတဲ့ကာလမှာ လောင်စရာ စိတ်ရှုပ်စရာမလိုဘဲ ပေါ့ပေါ့ ပါးပါးကြည့်ရမဲ့ ရိုးရိုးရှင်းရှင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ် ဆက်ပေးချင်ပါတယ်။ တစ်ခါတလေတော့လည်း အရိုးရှင်းဆုံးက အကောင်းဆုံးဖြစ်နေတတ်တယ် မဟုတ်ပါလား။ ဇာတ်လမ်းအကျဉ်းကတော့- အိမ်ခြံမြေအေးဂျင့်ဘ၀ကနေ မိခင်ရဲ့စာအုပ်ဆိုင်လေးကို ဆက်ခံရင်း နယ်မြိုလေးမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်လာတဲ့ အမျိုးသမီးလေး မက်ဂ်။ ဆယ်ကျော်သက်လူငယ်ကြိုက်၀တ္ထုတွေနဲ့ နာမည်ကြီးလာပေမဲ့ ဂန္ထ၀င် ၀တ္ထုမျိုးကိုရေးကြည့်ဖို စိတ်ကူးယဉ်နေတဲ့ နာမည်ကျော်စာရေးဆရာ ဂရေဟမ်။ Blind Date Book Club ဆိုတဲ့ နာမည်ကြောင့် လူအများ အာရုံစိုက်စရာဖြစ်လာတဲ့ နယ်မြိုလေးက မီမီစာအုပ်ဆိုင်လေးဟာ သူတို့ နှစ်ဦးရဲ့ဆုံမှတ်ဖြစ်လာတဲ့အခါ။ မက်ဂ်နဲ့ဂရေဟမ်တို့ ဘယ်လိုစတင်ဆုံ ဆည်းကြမလဲ၊ သူတို့နှစ်ဦးတွေ့ဆုံရာ မြို့ငယ်လေးမှာ ဘယ်လိုအဖြစ် လေးတွေ ကြုံရမလဲဆိုတာ ရယ်တစ်ခါ ပြုံးတစ်လှည့်နဲ့ ကြည်ကြည်နူးနူး ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုလိုက်ရအောင်နော်…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.47 GB) / (715 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….C’mon Encoder……….SWM

Science Fiction • Thriller
6.8 2024 85 mins
Blind Date Book Club
This Time Each Year
6.3

This Time Each Year (2024) ********************************* ဒီတစ်ခါမှာ‌တော့ This Time Each Year ဆိုတဲ့ ခရစ္စမတ်ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ကယ်ဗင်နဲ့လောရန်တို့ဇနီးမောင်နှံဟာ သူတို့စိတ်ကူးအိပ်မက်ထားတဲ့ အိမ်လေးတစ်လုံးကိုဝယ်လိုက်ပေမယ့် အဲဒီအိမ်ကြောင့်ပဲ ပြဿနာတွေဖြစ်ပြီးလင်မယားခွဲနေကြတဲ့အထိဖြစ်သွားတာပါ။ လင်မယားခွဲနေပေမယ့်သားဖြစ်သူချာလီအတွက် ခရစ္စမတ်ရောက်ရင်တော့ အတူပြန်ဆုံဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့လင်မယားခွဲနေတာကိုမသိသေးတဲ့လောရန်ရဲ့မိခင်ဖြစ်သူဟာ လောရန်ဆီကိုလာနေဖို့အကြောင်းဖန်လာပြီး ကယ်ဗင်နဲ့လောရန်တို့လည်း အတူတူနေသလိုဟန်ဆောင်ဖို့ဖြစ်လာပါတော့တယ်။ မိသားစုကိုပြန်ပေါင်းထုပ်ချင်နေတဲ့ကယ်ဗင်အတွက် ဒီခရစ္စမတ်ဟာ သူ့အတွက်လက်ဆောင်လိုဖြစ်လာပြီး ကယ်ဗင်တို့မိသားစုလေး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပါ။ ခရစ္စမတ်ကာလကိုအခြေခံထားတဲ့ Romance ကားလေးဆိုတော့ ခရစ္စမတ်​vibes အပြည့်ရစေမှာတော့အမှန်ပါပဲ။ (အညွှန်းကို Thura Mg Mg မှ ရေးသားထားပါတယ်) File size…1.66GB / 864MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Life, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Thura Mg Mg Encoded by AHtet

Thriller
6.3 2024 84 mins
This Time Each Year
Tehranto
5.8

Tehranto (2022) IMDb Rating (5.8) ရုပ်ရှင်ဇာတ်လမ်းဟာ တိုရွန်တိုမြို့ရဲ့ ထူးခြားတဲ့ အလှပပုံရိပ်နောက်ခံမှာ၊ အီရန်ယဉ်ကျေးမှုနဲ့ အနောက်တိုင်း ဘဝတွေကြားက ပဋိပက္ခတွေကို ပြသထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘာဒီးက နဲ့ ဟန်နာ တို့က ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ မျိုးဆက်အဆက်ကြား ကွာဟမှုတွေကြားက အချစ်တစ်ခုကို ဖော်ဆောင်သွားကြတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ သဘာဝကျတဲ့ ဟာသတွေနဲ့ အလှအပလှုံ့ဆော်မှုတွေ ပါဝင်ပြီး၊ ခေတ်သစ်နဲ့ ရိုးရာကြား ပေါင်းစည်းမှုတွေကို ရိုမန့်တစ်ဆန်ဆန် ရှုစားရမှာ ဖြစ်ပါတယ်။ Tehranto ဟာ အချစ်နဲ့ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ လမ်းစဉ်တစ်ခုကို ပရိသတ်တွေအတွက် ဖော်ဆောင်လာပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။) File size…(1.2 GB) / (520 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:25:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Aung Kyaw

5.8 2022
Tehranto
Nocturnal
6.5

Nocturnal (2025) ********************* အားလုံး စောင့်မျှော်နေကြတဲ့ Along With the Gods ဇာတ်ကားမှ မင်းသားကြီး Ha Jung-Woo နဲ့ The Fiery Priest မှ မင်းသား Kim Nam-Gil တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် အက်ရှင်မှုခင်းဇာတ်ကားသစ်လေးက နောက်ဆုံးတော့ ထွက်ရှိလို့လာပါပြီ။ – ဇာတ်လမ်းအကျဉ်း – ဘယ်မင်ထယ် (Ha Jung-Woo) က ယခင်က ဂန်းစတားဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ မင်ထယ် ညဘက်အိပ်နေတုန်း ညီဖြစ်သူဆော့ထယ်က ဖုန်းဆက်လာခဲ့ပေမဲ့ မင်ထယ်က မကိုင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဆော့ထယ်နဲ့ အတော်ကြာအဆက်အသွယ်မရဘဲ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ ဆော့ထယ်ကို သွေးရာတွေအပြည့်နဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော့ထယ်နဲ့ အတူနေထိုင်နေသူဖြစ်တဲ့ ချာမွန်းယောင်း (Yoo Da-In) လည်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် မင်ထယ်လည်း ညီဖြစ်သူကို သတ်တဲ့ လူသတ်သမားကို သိရဖို့အတွက် သဲလွန်စတွေ လိုက်စုံစမ်းရင်း စာရေးဆရာ ဂန်ဟိုယောင်း (Kim Nam-Gil) ရဲ့ ရောင်းအားအကောင်းဆုံး “ညခရီး”ဆိုတဲ့ ဝတ္ထုစာအုပ်နဲ့ ဆက်စပ်နေမှန်း သိလိုက်ရပါတယ်။ ဒါ့အပြင် ထူးဆန်းတဲ့နောက်တစ်ချက်က ချာမွန်းယောင်းမပျောက်ခင် နောက်ဆုံး ဖုန်းဆက်ထားတဲ့သူက ဂန်ဟိုယောင်းဖြစ်နေတဲ့အခါမှာတော့… ဆော့ထယ်သေဆုံးမှုရဲ့ နောက်ကွယ်က အဓိကတရားခံက ဘယ်သူဖြစ်မလဲ… ဂန်ဟိုယောင်းရဲ့ ဝတ္ထုနဲ့ရော ဘယ်လိုဆက်စပ်နေတာဖြစ်မလဲ… မွန်းယောင်းကလည်း ဘာလို့ ပျောက်ဆုံးသွားသလဲဆိုတာကို ဘယ်မင်ထယ်နဲ့အတူ အဖြေရှာကြည့်ရင်း ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File Size : 1.38GB/ 550MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:40:00 Genre : Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo & Treasure Htet Encoded by Tiff

Comedy • Horror • Romance • War
6.5 2025
Nocturnal
Swordsman 2 The Legend of the Swordsman
7.1

Swordsman 2 (1992) The Legend of the Swordsman IMDb Rating (7.1) ဒီဇာတ်ကားကတော့ သိုင်းလောကစိန်ခေါ်သံထဲက လင့်ဟူချုန်းနဲ့ တုန်ဖန်းပုပိုက်တို့ရဲ့ ဇာတ်လမ်းပါပဲ။ ဂျက်လီက လင့်ဟူချုန်းအဖြစ်ပါဝင်ထားပြီး တုန်ဖန်းပုပိုက်အဖြစ်အားလုံးရဲ့ရင်ထဲအစားထိုးမရတဲ့ထိ ကြမ်းချသွားတာကတော့ မင်းသမီး Brigitte Lin ပဲဖြစ်ပါတယ်။ တုန်းဖန်းပုပိုက် သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက မိန်းမလျာသိုင်းသမားကြီး တုန်းဖန်းပုပိုက်ရဲ့ အကြောင်းပါ။ တုန်းဖန်းပုပိုက် (Dongfang Bubai) ဟာ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲက နာမည်ကျော် ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ The Smiling၊ Proud Wanderer ကို တက္ကသိုလ်ဝင်းကြွယ်က ၁၉၈၁ ခုနှစ်မှာ “သိုင်းလောကပြက်လုံး” လို့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီး တက္ကသိုလ်နေလင်းအောင်ကလည်း ၁၉၈၁ ခုနှစ်မှာပဲ “သိုင်းလောက၏ စိန်ခေါ်သံ” လို့ ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါတယ်။ [တုန်းဖုန်းပုပိုက် ဆိုတဲ့ အမည်ကိုတော့ တက္ကသိုလ်ဝင်းကြွယ်က “တုန်းဝှမ်းပုပိုက်” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “တုံးဖန်းပု” လို့ ဘာသာပြန်ပါတယ်] သိုင်းလောကထဲမှာ ကုန်းကုန်းလို့ ခေါ်တဲ့ နန်းတွင်းမိန်းမစိုး (Eunuch) တွေ ပေါများပေမယ့် တုန်းဖန်းပုပိုက်လို LGBT ဇာတ်ကောင်မျိုးကတော့ ရှားပါတယ်။ နာမည်ကျော် နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်အောင်မြင်ထားသူ တုန်းဖန်းပုပိုက်ဟာ နေလဂိုဏ်းရဲ့ (Sun Moon Holy Cult) ဂိုဏ်းချုပ် ဖြစ်ပါတယ်။ [နေလဂိုဏ်းကို တက္ကသိုလ်ဝင်းကြွယ်က “သူရိန်မျက်နှာမူဂိုဏ်း” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “နေမင်းသခင်ဂိုဏ်း” လို့ ဘာသာပြန်ပါတယ်] ကနဦးမှာ လက်ထောက်ဂိုဏ်းချုပ်အဖြစ် နေလဂိုဏ်းချုပ် လိမ့်ဝေါ်ရှင်း (Ren Woxing) ရဲ့ လက်အောက်မှာ အမှုထမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆရာဖြစ်သူကို အကျဥ်းချပြီး ဂိုဏ်းချုပ်နေရာ ရယူခဲ့သူပါ။ [လိမ့်ဝေါ်ရှင်းကို “လင့်ဝေါစိမ်” လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က “လင်းရှင်” လို့ သုံးပါတယ်] ပြီးတော့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းရဲ့ ဘက်တော်သားတွေနဲ့ သူ့ကို သစ္စာမခံကြသူတွေကို ဘိန်းမည်းရောစပ်ထားတဲ့ အဆိပ်ဆေးကျွေးပြီး ထိန်းချုပ်ခဲ့သူ ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်ဖို့အတွက် ယောက်ကျားဘဝကို စွန့်လွှတ်ခဲ့ပြီး အမျိုးသမီးတစ်ယောက်သဖွယ် ပြုမူ နေထိုင်ခဲ့ပါတယ်။ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းကတော့ နေကြာသိုင်းကျမ်းရဲ့ အစွမ်းထက်မှုကို သိရှိထားပေမယ့် ယောက်ကျားဘဝကို မစွန့်လွှတ်နိုင်တာကြောင့် ကြယ်ငင်မိစ္ဆာသိုင်း (Star-Absorbing Skill) ကိုပဲ အထူးပြု လေ့ကျင့်ခဲ့သူပါ။ [နေကြာသိုင်းကျမ်းကို တက္ကသိုလ်ဝင်းကြွယ်က “ပန်းနေကြာစွယ်စုံသိုင်း” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “နေကြာပန်းသိုင်းပေါင်းချုပ်” လို့ ဘာသာပြန်ပါတယ်] နေကြာသိုင်းကျမ်းကို လေ့ကျင့်အောင်မြင်သွားပြီးတဲ့နောက် အနီရောင်အပ်ချည်နဲ့ ပန်းထိုးအပ်ဟာ တုန်းဖန်းပုပိုက်ရဲ့ ထူးခြားတဲ့ လက်နက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ချစ်သူကတော့ နေလဂိုဏ်းသား တစ်ဦးဖြစ်သူ ရန်လျန့်ထင်း (Yang Lianting) ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ ရန်လျန့်ထင်းနဲ့ ချစ်ကြိုက်ခဲ့ပြီးနောက် ဂိုဏ်းကိစ္စအားလုံးကို ရန်လျန့်ထင်းရဲ့ လက်ထဲ ပုံအပ်ခဲ့ပါတယ်။ [“ယန်းလျန်ထိန်” လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က “ရန်လင်း” လို့ သုံးပါတယ်] နောက်ဆုံးမှာတော့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းဟာ လင့်ဟူချုန်း (Linghu Chong) နဲ့တွေ့ပြီး လွတ်မြောက်လာခဲ့တယ်။ အဲဒီနောက် တုန်းဖန်းပုပိုက်နဲ့ ရင်ဆိုင်ခဲ့ကြတယ်။ အဲဒီတိုက်ပွဲဟာ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါဘူး။ လင့်ဟူချုန်း၊ လိမ့်ဝေါ်ရှင်းနဲ့ ရှန်းဝိန့်ထျန်း (Xiang Wentian) တို့ သုံးယောက်ပေါင်းပြီး အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ရတဲ့အပြင် လိမ့်ယဥ်ယဥ်ကပါ ဉာဏ်ကူပြီး ရန်လျန့်ထင်းကို တိုက်ခိုက်တော့မှ အာရုံများသွားရတဲ့ တုန်းဖန်းပုပိုက် တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒါတောင် တုန်းဖန်းပုပိုက်ရဲ့ လက်ချက်ကြောင့် လိမ့်ဝေါ်ရှင်းလည်း မျက်လုံးတစ်ဖက် ကန်းသွားခဲ့ရပါတယ်။ တုန်းဖန်းပုပိုက် ဆိုတာ “အရှေ့ကျွန်း အရှုံးမရှိ” လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီခေတ် အဲဒီအခါက သိုင်းလောကမှာ တုန်းဖန်းပုပိုက်ကို တစ်ယောက်ချင်း ယှဥ်နိုင်သူ မရှိပါဘူး။ ဒါကြောင့် လင့်ဟူချုန်း နဲ့ လိမ့်ဝေါ်ရှင်းတို့ကိုယ်တိုင်က တစ်ယောက်ချင်း မယှဥ်နိုင်တဲ့အကြောင်း၊ သိုင်းလောက ပထမဘွဲ့ကို ရသင့်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ကြရပါတယ်။ တုန်းဖန်းပုပိုက်ဟာ ထက်မြက်သူ၊ ရက်စက်သူ ဆိုပေမယ့် တစ်ဖက်မှာလည်း ချစ်တတ်တဲ့ နှလုံးသားရှိသူပါ။ သူ သေဆုံးခဲ့ရတာဟာ ရန်လျန့်ထင်း အပေါ် ငဲ့ညှာတဲ့ အချစ်စိတ်ကြောင့်လို့ ပြောနိုင်ပါတယ်။ သေဆုံးကာနီး အချိန်မှာတောင် ရန်လျန့်ထင်းကို လွှတ်ပေးဖို့ တဖွဖွ တောင်းဆိုနေခဲ့ပါသေးတယ်။ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲမှာ တုန်းဖန်းပုပိုက်ရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲဖြစ်ပေမယ့် သူ့အကြောင်းကို အသားပေးပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကြောင့် နာမည်ပိုကျော်ပါတယ်။ ၁၉၉၂ ခုနှစ်ထွက် Swordsman 2 ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ လင်ချင်းရှာ (Brigitte Lin Ching-Hsia) ဟာ တုန်းဖန်းပုပိုက် ဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ခဲ့ပါတယ်။ အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။ #တုန်းဖန်းပုပိုက် #DongfangBubai #wikiwuxiathinelawka (တုန်ဖုန်းပုပိုက်အကြောင်းကိုတော့ သိုင်းလောက FB Page ကနေ ကူးယူဖော်ပြထားပါတယ်။)

Comedy • Romance
7.1 1992 107 mins
Swordsman 2 The Legend of the Swordsman