YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Legends of Monkey King E39 (1080p) CM.mp4

617.96 MB N/A video/mp4 194 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Journey Of East

နတ်ဆိုးတွေဟာ လူ့လောကကိုအစဥ်အနှောင့်အယှက် အဖျက်ပြုနေခဲ့ပါတယ်၊ နတ်ဆိုးအရှင်ဟွမ်ယွမ်ဟာ လွန်ခဲ့တဲ့နှစ်‌‌ထောင်ချီများစွာက ရှေးဟောင်းနတ်သီကျွင်းရဲ့ ချိတ်ပိတ်မှုကို ခံခဲ့ရပါတယ်၊ သို့သော် အဖျက်အမှောင့်စိတ်ကတော့ အတောမသတ်ခဲ့ပါဘူး... မိစ္ဆာစိတ်ကိုအသုံးချပြီး ဘယ်လိုသားကောင်တွေကို ပစ်မှတ်ထားဝါးမျိုသွားမလဲ.... တစ်ဖန်-အမတနတ်မင်း ရှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ လွီသုန့်ပင်းဟာ နတ်ဆိုးအရှင်ဟွမ်ယွမ်နဲ့တိုက်ပွဲမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဟယ်ရှန်းနတ်မိမယ်ကို နတ်သက်ကြွေစေခဲ့မိပါတယ် သို့သော် နတ်မိမယ်ရဲ့နာမ်ဝိညာဉ်အပိုင်းအစဟာ လူ့လောကရဲ့ လူသားတစ်ယောက်ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတဲ့ ပြောကြားချက်အရ လွီသုန့်ပင်းတစ်‌ေယာက်လူ့ပြည်ဆင်းပြီး ကပ်ဘေးကျော်ဖြတ်ရင်း ဟယ်ရှန်းနတ်သမီးကို လိုက်လံရှာဖွေခဲ့ပါတယ် -ထုံးစံအတိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲ -ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုမြှုပ်ကွက်ဇာတ်ကောင်တွေ ရှိနေဦးမလဲ... ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK

Horror • Thriller
0 2022 77 mins
Journey Of East
The Milagro Beanfield War
6.5

Rt-61 ~ IMDb-6.8 1988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပ‌ရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။ တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျိုး တို့ရဲ့ မီလန်ဂရိုမြို့လေး ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2.7 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:57:00 Genre...Drama, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Comedy • Drama
6.5 1988 117 mins
The Milagro Beanfield War
Flash Over
6

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။ တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။ အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့က လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

Comedy • Romance
6 2023 114 mins
Flash Over
Infernal Affairs III
6.9

Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း အရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။ တစ်ဖက်မှာကတော့ ပါဝါအာဏာကြီးမားတဲ့ လူမိုက်ခေါင်းဆောင်ဆမ်ရဲ့ သတင်းထောက်လှမ်းစုံစမ်းဖို့ စေခိုင်းမှု့ကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထဲရောက်လာခဲ့တဲ့ triad အဖွဲ့ဝင် ကျင့်မင်း... အရာရှိချန် နဲ့ အရာရှိဝေါင် တို့ triad ဒုစရိုက် လူသတ်မှု့တွေကို စုံစမ်းရင်း တစ်ရက်မှာ အရာရှိဝေါင် ကို ဆမ်ရဲ့လူတွေက ဖမ်းမိသွားပြီး အရာရှိချန်ရဲ့ တည်နေရာကို ရိုက်နှက်ခါ မေးပေမယ့် မပြောတာကြောင့် အဆောက်အဦး ပေါ်ကနေ ပစ်ချပြီးသတ်လိုက်တဲ့နောက်.... အရာရှိချန် ဘာတွေဆက်လုပ်မလဲ... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားတွေထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါ...။ IMDb Rating တွေနဲ့တင် ကောင်းကြောင်းသိလောက်ပြီမို့ အများကြီးညွှန်းဖို့မလိုလောက်ဘူးထင်ပါတယ် ။ ( အညွှန်း ကတော့ ZERO ပါ ) File Size__(1.5GB) / (950MB) Quality__1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__01:58:00 Type__Crime Subtitle__Myanmar Subtitle (Hardsub) Translated by Nyi Yair Naing Encoded by Naing Aung Latt

6.9 2003 118 mins
Infernal Affairs III
Predestination
7.4

ကျွန်တော်တို့ အတိတ်ကို ပြန်သွားကြမယ်ဗျာ။ ပြီးရင် ကျွန်တော်တို့ ပြန်ပြင်ချင်တာလေးတွေပြင်ကြမယ်။ စာမေးပွဲမှာ မကျက်လိုက်ရလို့ မဖြေလိုက်ရတဲ့ စာပုဒ်လေးတွေ ကျက်ပြီး ပြန်ဖြေမယ်။ ပျောက်သွားတဲ့ဆိုင်ကယ်လေးကို မပျောက်ခင်ညမှာ အိပ်ခန်းထဲအထိထည့်ပြီး ဖက်အိပ်မယ်။ မဟုတ်တာလုပ်မိလို့ ပြတ်သွားရတဲ့ ex လေးကို မလွှတ်တမ်းဖက်ပြီး သူ မကြိုက်တဲ့အလုပ်ကို ရှောင်ခဲ့မယ်။ ဒါမှမဟုတ် မဟုတ်တာတွေပဲ လျှောက်လုပ်ပြီး ဖြစ်ထွန်းသင့်သလောက် ဖြစ်မလာတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးသွားရိုက်ကြမယ်။ အတိတ်ဟာ ပြုပြင်လို့ ရကောင်းတဲ့အရာ ဟုတ်ပါသလား။ ပြုပြင်ချင်တိုင်း ပြုပြင်လို့ရရင်ရော အနာဂတ်တွေက ပိုကောင်းလာပါ့မလား။ သဘာဝလောကကြီးက စီမံပေးပြီးသား ဇာတ်ခုံပေါ်မှာ အလိုက်သင့်ကနေရတာကပဲ လူပီသလေမလား။ ကျွန်တော်တို့မှာ မလိုချင်တဲ့ အတိတ်ရယ် ပြန်တမ်းတ လွမ်းမောရတဲ့အတိတ်တွေရယ် ရှိကြမှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အတိတ်ပဲဖြစ်တာကြောင့်မလို့ နောက်မှာပဲ ချန်ထားခဲ့တာ အကောင်းဆုံးဖြစ်လေမလား။ အချိန်ခရီးသွားတာကို ဇာတ်လမ်းဆင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အများကြီးထဲကမှ ဩစတေးလျဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ 7.5 IMDb နဲ့ Rotten Tomato 84% ရထားတဲ့ ဇာတ်ကားလေးဆိုပေမဲ့ Box Office မှာတော့ သိပ်အောင်မြင်တယ်လို့ မ‌ဆိုနိုင်ခဲ့ပါဘူး။ အမြတ်ငွေ ဒဿမ စွန်းစွန်းပဲ ရခဲ့ပေမယ့် အခြားဘက်ကကြည့်ရင် သူထွက်ရှိခဲ့တဲ့ 2014 ခုနှစ်က ဇာတ်ကားကောင်းတွေ များခဲ့တော့ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကြား ဗျာများခဲ့ရပုံပေါ်ပါတယ်။ ပထမဆုံး ဒီဇာတ်ကားကို စိတ်ဝင်စားတာကတော့ မင်းသားကြီး Ethan Hawke ကြောင့်ပါပဲ။ သူ့ကို The Magnificent Seven (Remake) ထဲမှာ‌တင် တော်တော်သဘောကျခဲ့တာမလို့ပါ။ ပြီးတော့ တမူထူးခြားတဲ့ ဇာတ်လမ်းသွားကလည်း အခြားအချိန်ခရီးသွားဇာတ်ကားတွေကနေ သိသိသာသာ ကွဲပြားပါတယ်။ ဇာတ်ကားနာမည်ကတင် ဆွဲဆောင်နိုင်မှုရှိတာမလို့ပါ။ အချိန်ခရီးသွားတာကို ဗြန်း‌ဗြန်းကွဲ ကြိုက်သလိုလုပ်ခွင့်ရှိပြီး ဟိုဝင်ဒီထွက် ဘုရားသခင်နီးပါး အစွမ်းအစရှိပေမဲ့ "ဇာတ်ဆရာစေစား ခိုင်းနွားလားသို့" ပြားပြားဝပ်ခဲ့ရတဲ့လူသားတစ်ယောက်အကြောင်းဖြစ်လို့ "ကြိုတင်စီမံ ကြမ္မာဖန်" လို့ အနီးစပ်ဆုံး ပြောနိုင်ပါလိမ့်မယ်။ Plot Twist ကို အသားပေးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းအညွှန်းကတော့ နှစ်ကြောင်းလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ အင်မတန်ကျွမ်းကျင် သပ်ရပ် ခြေရာစေ့တဲ့ ဗုံးသမားတစ်ယောက်နောက်ကို အသည်းအသည်လိုက်နေရတဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိပါတယ်။ အေးဂျင့် (၁၁) ယောက်ထဲက အတော်ဆုံး အေးဂျင့် "ဂျွန်ဒိုး" က ရင်ဘက်ကိုရော အသည်းကိုရော အချိန်တွေရောရင်းပြီး ဗုံးသမားကို လိုက်လံသုတ်သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူကဘယ်သူလဲ၊ သူသုတ်သင်ရမယ့် ဗုံးသမားက ဘယ်သူလဲ၊ ဗုံးသမားကရော ဘာ့ကြောင့် လူ‌အများကြီးကို လိုက်သတ်နေရတာလဲ ဆိုတာတွေကို တွေ့မြင်ရမှာပါ။ အထူးအကြံပေးချင်တာကတော့ ဒီဇာတ်ကား နာမည်ကျော်ရတဲ့အကြောင်းအရင်းက စကားပြောတွေဖြစ်လို့ စကားပြောတွေကို ‌‌ကျော်ကြည့်ချင်တဲ့သူတွေ၊ မုန့်နှိုက်စားရင်း စကားလုံးတွေ မဖတ်လိုက်ရသူတွေကတော့ ဇာတ်လမ်းကို ထဲထဲဝင်ဝင်နားလည်ဖို့ အားစိုက်ရမယ်ထင်ပါတယ်။ ဇာတ်လမ်းကို နားမလည်ဘူးဖြစ်စေ၊ ဇာတ်လမ်းကိုမကြိုက်ဘူးဖြစ်စေ ကျွန်တော့်ရဲ့ ဘာသာပြန် ညံ့ဖျင်းမှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားက အရမ်းကောင်းလို့ပါပဲခင်ဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 1.12GB, 505MB Quality - Bluray 1080p, 720p IMDb Rating - 7.5/10 Duration - 1hr 37mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Drama, SciFi Translated by Arr Khun Winchester Encoded by Y

Drama
7.4 2014 97 mins
Predestination
Rev
6

ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းက ရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။ အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။ ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီး အသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။ ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်း အလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ် ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။ ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲ ကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ် “မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့ ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊ ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့ ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။ သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူး ကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။ သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ် ကျွန်တော့်ကို စတွေ့တဲ့နေ့ကလည်းက သိပ်ကြည်ဟန်မရှိဘူး။ အဲဒီမှာ မမတစ်ယောက်လည်း ရှိနေပြန်တယ် သူကတော့ ချာလီရဲ့ကောင်မလေး အေဗာတဲ့၊ မစားသင့်တဲ့ အသီးမှန်း သိပေမဲ့လည်း မမရဲ့ ငြို့အားတွေအောက် ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော့်ဘဝဟာ Hot Dog ထဲက ဝက်အူချောင်းလိုပဲ တစ်ဖက်က ရဲတွေတသိုက်က စောင့်ကြည့်နေပြီး တစ်ဖက်ကလည်း ကားသူခိုးဂိုဏ်းလူမိုက်တွေကြား (ပိုဆိုးတာ ခေါင်းဆောင်ကောင်မလေးကို ခိုးစားနေသေးတယ်) ညှပ်နေခဲ့ပြီး ကျွန်တော် ဘာတွေဆက်ဖြစ်မယ် ဘာတွေလုပ်ပြမယ်ဆိုတာတော့ ခင်ဗျားတို့ပဲ ဆက်ကြည့်ပြီး ခံစားလိုက်ကြပါတော့……။

Crime • Drama • Mystery
6 2020 91 mins
Rev
Survival Island
4.9

Survival Island (2005) ပိုစတာကိုကြည့်ပြီးရင် ဘာမှရှည်ရှည်ဝေးဝေး‌ တွေးနေစရာ‌တောင်မလိုဘဲ ဒေါင်းချင်စိတ်ပေါက်သွားမယ့် ကားမျိုးပဲမလား။ ပိုစတာကလည်း မဂျင်းပါဘူး။ တကယ် အဲဒီလို ဝတ်လစ်စလစ်အခန်းတွေအပြည့်ပါပါတယ်။ ပိုတောင်ကြမ်းပါသေးတယ်။ မင်းသမီးကလည်း ခြောက်ပြစ်ကင်းသဲလဲစင် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဆွဲဆောင်နေတဲ့မင်းသမီး။ နာမည်အတိုင်း survival ကားပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဆန်ဆန်တွေလည်းပါတာမို့ ဇာတ်အိမ်ကလည်း ကြည့်ရကောင်းတယ်။ အကြမ်းဖျဉ်းပြောရရင်တော့ လူတစ်စု အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ကြတယ်။ သင်္ဘောက မီးထလောင်တယ်။ သင်္ဘောဝန်ထမ်းတွေရော ကျန်တဲ့လူ အများစုရော ဘာဖြစ်သွားမှန်းမသိဘူး။ သင်္ဘောဝန်ထမ်းတစ်ယောက်ရယ် ကောင်မလေးရယ် ကျွန်းပေါ်အတူတူသောင်တင်နေကြတယ်။ နောက်ကျ ကောင်မလေးလင်ကြီးရောက်လာတယ်။ ကျွန်းပေါ်မှာ သုံးယောက်အတူတူ ရှင်ကြသန်ကြရင်း ကောင်မလေးဟာ ဟိုဘက် ဒီဘက် လွန်ဆွဲပွဲကြားမှာ စားလိုက် အစားခံရလိုက် သံသရာလည်တာကို စိတ်ဝင်စားစရာပြထားတဲ့ ရုပ်ရှင်လေးပါပဲ။ လူသုံးယောက်ရဲ့ သံသရာပေါ့။ ကမ်းစပ်လေးမှာ တဲလေးထိုးပြီး တစ်တဲနဲ့တစ်တဲ ရန်ဖြစ်နေပုံတွေကလည်း တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဗမာရုပ်ရှင် ကြိုးတန်းလိုလို ဘာလိုလိုပါပဲ။ ကားဟာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ လှလည်းလှသလို ပမာယူစရာ မက်ဆေ့တွေလည်း အပြည့်ပေးထားတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.33GB, 1.2GB, 650MB Quality – 1080p, 720p, 480p IMDb Rating – 4.9/10 Format – mp4 Duration – 1H 35Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Horror • Thriller
4.9 2005 95 mins
Survival Island
Fuoshen: The Burning Man
5.8

လူငယ်လေးလျိုဟန်စွင့်ဟာ ကျိုဟယ်မြို့ ခရိုင်လုံခြုံရေးစခန်း စခန်းမှူးသွမ့်လင်ရဲ့ မွေးစားသားဖြစ်ပါတယ်။ မကောင်းသူပယ် ကောင်းသူကယ်တဲ့ သူရဲကောင်းလေးဖြစ်ချင်တဲ့ လျိုဟန်စွင့်ဟာ ရောဂါတစ်မျိုးကြောင့် သွမ့်လင်ရဲ့ ချုပ်နှောင်ခြင်းကို ခံထားရပါတယ်။ လမုန့်စားပွဲညမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားကြတဲ့ ပိုင်ထင်တောင်အမှုက စတေးသူများအဖွဲ့မှ ကလေး ၁၀ ယောက်ဟာ စက္ကူရုပ်လေးတွေ အဖြစ်နဲ့ မိဘတွေဆီကို ပြန်လာကြပြီး ဖျော်ဖြေပွဲလာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ လျိုဟန်စွင့်၊ တုစွိုက်နဲ့ စွန်းရှောင်ချို့တို့ ၃ ယောက်ဟာလည်း ပိုင်ထင်တောင်ကို သွားရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပိုင်ထင်တောင်မှာပုန်းခိုနေတဲ့ မှော်ဂူသောက်မှ နတ်မယ်တော်လေး ရှောင်ပိုင်နဲ့ တွေ့ခဲ့ပြီး အချင်းချင်းတိုက်ခိုက်ခဲ့ပြီးနောက် သူတို့နှစ်ယောက်ရဲ့ အစွမ်းကို ပေါင်းစည်းပြီး စက္ကူရုပ်လေးတွေကို အသက်ဆက်ပေးလို့ရကြောင်း သိရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အစွမ်းကို တည်ငြိမ်အောင် လေ့ကျင့်ကြပါတော့တယ်။ သူတို့ အစွမ်းတွေပေါင်းစည်းလိုက်ခြင်းက ကောင်းကျိုးလား ဆိုးကျိုးဖြစ်မလား…… လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုကို ကြိုးကိုင်သူက ဘယ်သူဖြစ်မလဲ…… နောက်ကွယ်က အကြံအစည်ကြီးကိုရော တားဆီးနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Fuoshen: The Burning Man
Argylle

Kingsmen ဒါရိုက်တာ Matthew Vaughn ရဲ့ လက်ရာအသစ် အက်ရှင် သရေလာ ကားပါ။ ကင်းမန်းစတိုင် ဖိုက်တင်ခန်း ကောင်းကောင်းတွေနဲ့ စပိုင်ဇာတ်လမ်းရိုက်ကူးထားတာပါပဲ။ စူပါမန်းမင်းသား Henry Cavill၊ John Cena နဲ့ Dua Lipa တို့ကတော့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ အဓိက မင်းသမီးကတော့ Bryce Dallas Howard ပါပဲ။ ဇာတ်လမ်းအကျဉ်း အယ်လီကွန်ဝေးဆိုတဲ့ စာရေးဆရာမ တစ်ယောက်ဟာ ၅ နှစ်အတွင်း ရောင်းအကောင်းဆုံး ကမ္ဘာကျော် စပိုင် ဝတ္ထု ၄ အုပ်ကို ထုတ်ဝေခဲ့တဲ့သူပါ။ ၅ အုပ်မြောက်စာအုပ်ကို အဆုံးသတ်ပြီး စာမူကြမ်းထွက်တဲ့အချိန်မှာပဲ သူ့ကို လုပ်ကြံမဲ့ အေးဂျင့်တွေ စပိုင်တွေ၊ သူ့ကိုကယ်မဲ့ စပိုင်တွေ တကယ်တွေ့လာရပြီး သူ့စာအုပ်တွေထဲက အဖြစ်တွေက အပြင်မှာပါ တကယ်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ကြောက်စရာကောင်းတဲ့ လျို့ဝှက်အဖွဲ့ကြီးနဲ့ အေးဂျင့်တွေက သူ့ကို ဘာလို့ အသည်းအသန်လိုချင်နေတာလဲဆိုတာကို တဖြည်းဖြည်းနဲ့ သူကိုယ်တိုင်သိလာရပြီး အသက်ရှင်ဖို့အတွက် ရုန်းကန်ရပါတော့တယ်။ www.cmapp.tv မှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…(2.45GB)/(1.3GB) Quality….Webrip 1080p\720p Format…mp4 Duration….02:19:00 Genre…Action, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

0 2024
Argylle
Good Morning
7.8

အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ရယ်လို့ ပြောရမယ်။ တတမိဖျာရိုက်ချက်ကတော့ ဇာတ်ကောင်တွေကို ကျွန်တော်တို့က သူ့ရှေ့က တတမိဖျာပေါ်ထိုင်ရင်း မြင်နေရသလိုဖြစ်နေတဲ့ အပြမျိုးပေါ့။ မြုပ်ကွက်ချန်တဲ့ ရိုက်ချက်ကတော့ အိုဇုဟာ သူ့ဇာတ်လမ်းရဲ့ အရေးအပါဆုံး အချိုးအကွေ့ကို လုပ်ပေးနိုင်တဲ့ဇာတ်ဝင်ခန်းကို လုံးဝမပြဘဲ ပရိသတ်ကို သူ့ဘာသာပုံဖော်နိုင်အောင် စကားအရိပ်အမြွက်နဲ့ပဲ ပြတာမျိုးပဲ။ နောက်ပိုင်းဒါရိုက်တာတွေလည်း ဒီအကွက်ကို တော်တော်တော့ သုံးခဲ့ကြတယ်။ အိုဇုနဲ့အဆင်ဆုံးပုံစံကိုတော့ Korredaရိုက်ခဲ့တဲ့ Still Walkingမှာ တွေ့နိုင်တယ်။ အိုဇုဟာ သူ့သက်တမ်းတစ်လျှောက်မှာ နှောင်းလူတွေ ပြောစမှတ်ပြုရမယ့် ကားပေါင်းများစွာ ချန်ခဲ့တယ်။ တိုကျိုစတိုရီဆိုရင် သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်တွေထဲ နံပါတ်သုံးချိတ်ခဲ့သလို အကောင်းဆုံးဂျပန်ရုပ်ရှင်အဖြစ်လည်း မှတ်ကျောက်တင်နိုင်ခဲ့တယ်။ ဒုတိယကတော့ အကီရာကူရိုဆာဝါရဲ့ ဆဲဗင်းဆာမူရိုင်းပါပဲ။ နာမည်ကျော် The Criterion Collectionကလည်း သူ့ကားပေါင်းများစွာကို ပြန်ထုတ်ပေးခဲ့တယ်။ Good Morningကတော့ အဲဒီကားတွေထဲက တစ်ကားပေါ့။ Good Morningဟာ အိုဇု ၁၉၃၂တုန်းက ရိုက်ခဲ့ဖူးတဲ့ အသံတိတ်ရုပ်ရှင် I Was Born, Butကို သူကိုယ်တိုင် ပြန်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ အရောင်နဲ့ရိုက်တဲ့ သူ့ရဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အဓိကအားဖြင်တော့ မီနိုရုနဲ့ အစ်ဆုမိဆိုတဲ့ ကလေးနှစ်ယောက်နဲ့ သူ့မိသားစုကို တည်ထားတယ်။နောက် သူ့ဘေးက အဝိုင်းအဝန်းထဲက သူ့အိမ်နီးချင်းတွေတစ်ဖြစ်လည်း သူတို့သူငယ်ချင်းတွေ သူတို့သူငယ်ချင်းတွေရဲ့မိသားစုတွေကိုလည်း ပေါ်လွင်အောင် ပုံဖော်ပြထားတယ်။ သူတို့ ငယ်ဘဝကို သေချာပုံဖော်ပြဖို့ဆို သူတို့အိမ်နီးချင်းတွေ သူငယ်ချင်းတွေကို မပါမဖြစ်လိုသကိုး။ နောက် အဲဒီကလေးနှစ်ယောက်ရဲ့ ကလေးဆန်ဆန် အတွေးအခေါ်တွေ လုပ်ရပ်တွေ စိတ်ကူးစိတ်သန်းတွေ, အဲဒီအရာတွေကို သူတို့မိဘတွေ ကိုင်တွယ်ဖြေရှင်းရပုံတွေကိုပြထားတယ်။ ဇာတ်ကတော့ ဒီလိုရိုးရိုးလေးပဲ။ ဒါပေမဲ့လည်း ဒီလောက်အချိန်တိုလေးအတွင်းမှာ ၃၀လောက်ရှိမယ့် ခုနလူတွေအားလုံးရဲ့ စရိုက်တွေ ဘဝတွေကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဒီဇာတ်ဟာ ဘာမှတော့ ပေးနိုင်မယ့် ဇာတ်မဟုတ်ပါဘူး။ ဒါပေမဲ့ ရယ်အားထက်ငိုအားသန်အဖြစ်တွေ နွေးထွေးမှုတွေတော့ မြင်ရလိမ့်မယ်။ Korreda ရဲ့ I Wish လို Reply 1988လို အခက်အခဲတွေကြားက နွေးထွေးခြင်းတွေကို မြင်ရမယ့်ဇာတ်ပါပဲ။ ဒီထက်ရှင်းရှင်းလင်းလင်းပြောရရင် အိုဇုဆန်တဲ့ အိုဇုရုပ်ရှင်တစ်ကားပါပဲ။ ဒါတော့မပြောလည်းသိမှာပါ။ အိုဇုမဆန်တဲ့ အိုဇုရုပ်ရှင်ဆိုတာမှ မရှိခဲ့ဘူးကိုး။ File size… 1.7 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7.8 1959
Good Morning
Raju Yadav
5.4

Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး) ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာက မိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့် အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။ သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာ ဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။ သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး ၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာ ခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာ ငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ ……. အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ ….. သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား …… အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ…… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

5.4 2024 119 mins
Raju Yadav
Super Size Me
7.2

ဇာတ်လမ်းရဲ့ခေါင်းစဉ်အတိုင်း အရာရာတိုင်းက အရွယ်အစားအင်မတန်ကြီးလာတာကို ဖော်ညွှန်းပေးတဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အသင့်စားအစားတွေ ၂၀၀၀ ခုနှစ်အစမှာ ဘယ်လိုစပြီးတွင်ကျယ်လာသလဲ၊ တွင်ကျယ်လာတဲ့အလျောက် လူတွေအတွက် ဘယ်လိုဘေးဥပါဒ်ဖြစ်လာလဲ၊ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းမှာ စတင်အခြေစိုက်ပြီး အစားအသောက်လောကရဲ့ တစ်ထောင့်တစ်နေရာကို ကြီးစိုးထားနိုင်တဲ့ အသင့်စားကုမ္ပဏီတွေကြောင့် ၂၀၀၀ အစောပိုင်းကစပြီး ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် အမေရိကလူတွေအပေါ် ဘယ်လိုဆိုးရွားတဲ့လွှမ်းမှုတွေရှိခဲ့လဲဆိုတာကို အရင်းခံထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Documentary Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

Drama
7.2 2004
Super Size Me
Collateral
7.6

Collateral (2004) IMDb Rating (7.5) / Rotten Tomatoes (86 %) နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ်တို့ရဲ့ လိုက်ဖက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime/Thriller ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကတော့… မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max… ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားလာပါတယ် … သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်…. အဲ့လိုချိန်မှာ မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်…. သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ … သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်… မျက်မြင်သက်သေဖြစ်သွားတဲ့ Taxi သမား Max နဲ့ ကြေးစားလူသတ်သမားတို့ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ…..။

Animation • Family • Adventure • Drama
7.6 2004 120 mins
Collateral
[18+] Hiram na Sandali

Hiram na Sandali (2025) ခရစ်စ်နဲ့အန်နီတို့ဟာ တစ်ချိန်က အချစ်ကြီးချစ်ခဲ့သူတွေဖြစ်ခဲ့ပြီး အခုချိန်မှာတော့ လက်တွဲဖော်အသစ်တွေကိုယ်စီနဲ့တစ်လမ်းစီလျှောက်နေကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးတစ်ချိန်က မွေးထားခဲ့ဖူးတဲ့ ခွေးလေး ပိုချီရဲ့အုတ်ဂူဆီကိုတော့ တစ်နှစ်တစ်ခါအရောက်လာကြပြီး နူတ်ခွန်းဆက်လေ့ရှိကြတဲ့အတွက်ပြန်ဆုံကြလေ့ရှိပါတယ်။ သူတို့ရဲ့လက်တွဲဖော်တွေ၊ အလုပ်ကိစ္စတွေ ကိုယ်စီအဆင်မပြေမှုတွေနဲ့ဆုံမိကြတဲ့တစ်ကြိမ်မှာတော့ အရင်က ခံစားချက်တွေပြန်နိုးကြားလာပြီး အချစ်နယ်ကျွံမိပြန်ကြပြီးတဲ့နောက်မှာတော့ဘယ်လမ်းကိုဆက်သွားမလဲ ရွေးချယ်ကြဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(860 MB) / (370 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:11:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • Thriller
0 2025 70 mins
[18+] Hiram na Sandali
Haunting of Mount Gede aka Petaka Gunung Gede
5.5

Haunting of Mount Gede 2025 (သရဲခြောက်သော ဂစ်ဒီတောင်ကြီး) ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားတဲ့ အင်ဒို သရဲကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ မာယာနဲ့ အီတာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်၊ အရမ်းချစ်လွန်းလို့ စားအတူတူ သွားအတူတူ အမြဲ အတူတူနေကြတဲ့ သူတို့နှစ်ယောက်။ တစ်ရက်မှာတော့ မာယာတစ်ယောက် သူ့အစ်ကိုအင်ဒရာနဲ့ သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်တက်ဖို့ ပြောနေတာကို ကြားသွားရင်းနဲ့ လိုက်ချင်တယ် အတင်းပူဆာရာကနေ လိုက်ခွင့်ရသွားခဲ့ပါတော့တယ်။ မာယာတစ်ယောက် အမြဲအတူ မခွဲမခွာချစ်ရတဲ့ သူငယ်ချင်းလေး အီတာ့ကိုပါ အတူတူ တောင်တက်ဖို့ ဆွယ်ပါတော့တယ်။ မိဘတွေက အရမ်းချစ်လွန်းလို့ အရွယ်ရလာတဲ့အချိန်ထိ ကလေးလေးလိုပဲ ဆက်ဆံခံရတဲ့ အီတာတစ်ယောက် မိဘတွေကို အတင်းအကျပ်ပြောပြီး မာယာနဲ့အတူ တောင်တက်ခရီးစဉ်ကို လိုက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ မာယာ,အီတာတို့ သူငယ်ချင်းနှစ်ယောက်နဲ့ အင်ဒရာတို့ သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်ကို တက်ဖို့အတွက် ခရီးစဉ်ကို စတင်ခဲ့ကြပါတော့တယ်။ ဂစ်ဒီတောင်ကြီးမှာ သူတို့လူငယ်အုပ်စုအတွက် ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေက စောင့်မျှော်နေမလဲဆိုတာကိုတော့ ရင်တထိပ်ထိပ်နဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)

Drama • Romance
5.5 2025 98 mins
Haunting of Mount Gede aka Petaka Gunung Gede