YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Legends of Monkey King E09 (1080p) CM.mp4

597.33 MB 1080p video/mp4 322 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Addicted
5.8

ဇိုဝီရဲ့ဘဝမှာ အများအမြင်မှာတော့ တကယ့်ကို ပြီးပြည့်စုံနေလွန်းလှပါတယ်။ ကိုယ်တိုင်က အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်ဖြစ်သလို ဗိသုကာပညာရှင် ခင်ပွန်းဖြစ်သူနဲ့ကလည်း သိပ်ကိုချစ်ကြတဲ့ ငယ်လင်ငယ်မယားတွေပါ။ ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမဲ့ ဇိုဝီ့မှာ sex ကို စွဲလန်းလွန်းနေတဲ့စိတ်ရောဂါရှိနေပြီး ခင်ပွန်းဖြစ်သူနဲ့တင် သူ့လိုအင်ဆန္ဒတွေ မပြည့်ဝဘဲ အပြင်မှာ အပျော်ရှာမိရာက သူ့မိသားစုဘဝကိုပါ ထိခိုက်လာတဲ့အခါမှာတော့… သူ့ရဲ့ dark side ကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာ… မိသားစုနဲ့အတူမကြည့်သင့်သောအခန်းများပါဝင်ပါကြောင်း သတိပေးပါရစေ.. File Size :(2GB)(743MB) and (170 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:46:00 Genre : Drama, Romance,Adult, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD

Drama • Mystery • Thriller
5.8 2014 105 mins
(18+) Addicted
Life Is Beautiful
7

ဒီဇာတ်ကားဟာ Drama, Romance, Musical ထဲမှာ အတော် အောင်မြင်တဲ့ ရုပ်ရှင်လေးလို့ပဲ ပြောရမှာပါ။ Genre အရ စစချင်းမှာ သိပ်အလေးပေးမခံခဲ့ရပေမဲ့ ရုံတင်ပြသချိန်မှာတော့ ထင်မထားလောက်အောင်ကို ရုံဝင်ငွေ အမြောက်အများ ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ... "Life Is Beautiful" ဆိုတဲ့ ဇာတ်ကားလေးဟာ ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းသည်အပေါ်ကိုပဲ သစ္စာရှိရှိချစ်ခဲ့ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း အသက်ရှင်ခဲ့တဲ့ အိုဆယ်ယွန်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ကံဆိုးစွာနဲ့ တစ်နေ့မှာတော့ အိုဆယ်ယွန်းတစ်ယောက် သူ လောကကြီးမှာ နေရမဲ့ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီအချိန်မှာတော့ တစ်ဘဝလုံး မိသားစုအတွက်ပဲ စိတ်နှစ်မြှုပ်ခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ပါတဲ့။ ဇနီးသည်ရဲ့ နောက်ဆုံး ဆန္ဒဖြစ်နေလေတော့ သူ့ရဲ့ခင်ပွန်းသည်လည်း ငြင်းရခက် လိုက်လျောခက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ အိုဆယ်ယွန်းရဲ့ အချစ်ဦး ရှာပုံတော် ဖွင့်ကြပါတော့တယ်။ သူတို့နှစ်ဦးရဲ့ ဒီခရီးစဉ်လေးဟာ ချိုတစ်လှည့် ခါးတစ်လှည့်နဲ့ ဘာတွေဘယ်လိုဖြစ်ကြမလဲ? ဇနီးသည်ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ အကြောင်းဖန်လာရင်းကနေမှ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ရေးက ဆုတ်ယုတ်သွားမလား? သူတို့နှစ်ဦးကြား သံယောဇဉ်တွေ ပိုမို ခိုင်မြဲလာမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ Cast တွေအနေနဲ့လည်း ~ Seoul Vibe မှာ ရူပါအလန်း သရုပ်ဆောင်အမိုက်စားနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Wanna One ရဲ့ Ong Seong Wu ... ~ 6/45 မှာ ယွန်းဟီး အဖြစ်ပါဝင်ခဲ့တဲ့ Park Se Wan တို့အပြင် ~ နာမည်ကျော် ဇာတ်ပို့သရုပ်ဆောင်ကြီး Park Yeong Gyu တို့က အားဖြည့်ပါဝင်ထားတာဆိုတော့ သီချင်းကောင်းကောင်းလေးတွေ အခွီလေးတွေနဲ့ ကြည့်ရပျင်းစရာကောင်းတယ်ဆိုတာ ရှိမှာ မဟုတ်ပါဘူး။ File Size          : 2.2GB, 883MB, 450MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 2mins Genre              : Drama, Romance, Musical Translated by Estel, Thynn Miri & Hnin Wai Oo Encoded by Kinnov

Action • Thriller
7 2022 122 mins
Life Is Beautiful
Unlock Your Heart
4

ယခုတင်ဆက်ပေးမှာကတော့ 2021ကထွက်ရှိခဲ့တဲ့ ကျောင်းသားdrama ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါပဲ အာအီ ဆိုတဲ့ စာတော်ပြီး ချစ်စရာကောင်းတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်... ကျောင်းမှာ ပေါ်ပြူလာ အဖြစ်ဆုံးမိန်းကလေးက မထင်မရှား အတန်းဖော်ကောင်လေး တာတိုအဲကို ကြိတ်ခွက်ရှ်နေပါတယ် ကောင်လေးကလည်း အနေအေးသူဆိုတော့ ချဥ်းကပ်ရခက်နေတယ် တစ်နေ့မှာ တာတိုအဲက စာတစ်စောင်ကို ဖတ်ပြီး သိမ်းလိုက်တာကို မြင်သွားပါတယ် တစ်ကူးတက ညဘက်ကျောင်းထဲထိ ခိုးဝင်ပြီး စာကို ခိုးဖတ်လိုက်တဲ့အခါ သူ့ခွက်ရှ်မှာ လျှို့ဝှက်ရည်းစားရှိနေတာကို သိသွားချိန်မှာတော့ ခွက်ရှ်ရည်းစားဖြစ်တဲ့ မီယူကီကို ချဥ်းကပ်ရင်း ပြတ်စဲသွားအောင် မသိမသာ အကြံတွေထုတ်ရပါတော့တယ် သူဘယ်လိုအကြံတွေထုတ်မလဲ အောင်မြင်နိုင်မလား တာတိုအဲကရော သူ့လိုပဲအနေအေးတဲ့ မီယူကီကို ပစ်ပြီး အာအီနောက် ပါသွားမလားဆိုတာ မိုးအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__(2GB) / (750MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__02:01:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Action • Adventure • Fantasy
4 2021 121 mins
Unlock Your Heart
The Vanished
6

ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာ အားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေး လပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက် အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။ အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီက လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်း ဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။ အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါ သူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာ အထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့ သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက် လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့် သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့် psychological thrillerကားကောင်းတစ်ကားဖြစ်လို့ လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့ The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။

Drama
6 2020 115 mins
The Vanished
Soorarai Pottru
7.9

IMDb...9.3 (နင်းကန်ကောင်းတဲ့ကားမို့ WEB-DL 1080p 5.1CH,  ပါထပ်မံပြုလုပ်ပေးထားပါတယ်...) အိန္ဒိယနိုင်ငံမှာ ပထမဆုံး တန်ဖိုးနည်းလေကြောင်းခရီးစဉ်တွေအတွက် Air Deccan ဆိုတဲ့ လေကြောင်းလိုင်းကို ပြေးဆွဲပေးခဲ့တဲ့ စွန့်ဦးတီထွင်သူ G. R. Gopinath ရဲ့ဘ၀ထဲက အဖြစ်အပျက်တစ်ချို့ကို ရုပ်ရှင်တစ်ခုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာ ဒီနှစ်ပိုင်းမှာ ထွက်တဲ့ တမီးလ်ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးဇာတ်ကားလို့ပဲ ပြောချင်ပါတယ်။ အဓိကဇာတ်ကောင်နေရာကို Singam မင်းသား ဆူရိယက သရုပ်ဆောင်ထားပြီး ဗီလိန်အဖြစ်နဲ့ Oh My God ဇာတ်ကားတွေထဲက Paresh Rawal တို့က သရုပ်ဆောင်ပေးထားပါတယ်။ ၂၀၂၀မှာ ခုလိုကားကောင်းမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ ဘာသာပြန်သူတွေအနေနဲ့တော့ ဒီကားဟာ ရွှေပဲ။ အက်ရှင်ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတဲ့ သာမန်လူတန်းစားတစ်ယောက်ရဲ့ အများအကျိုးပြု အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပြသွားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။ သူ့အိပ်မက်က ထူးဆန်းတယ်။ ကျယ်ပြန့်တယ်၊ လက်တွေ့မှာ မလွယ်လှတဲ့ လေကြောင်းလိုင်းတစ်ခုကို ထူထောင်ဖို့ပါ။ လေယာဉ်နဲ့ ခရီးသွားဖို့ လူတိုင်းတတ်နိုင်ရမယ်။ သူ့တုန်းကလို အဖြစ်အပျက်မျိုး၊ ရထားစီးပြီး အချိန်ဖြုန်းခရီးသွားတာမျိုး နောက်မျိုးဆက်အဆက်ဆက် မဖြစ်စေရဖို့ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ ဒါပေမဲ့ သူ့အဖို့ ထင်သလောက် မလွယ်ခဲ့။ ကောက်ကျစ်မှုတွေကို ခံရတယ်။ ပြိုင်ဆိုင်မှုတွေ ရှိတယ်။ သူလို သာမန်လူတန်းစားတစ်ယောက် ဘဝပျက်ဖို့ သူဌေးတစ်ယောက်က ၁၀မိနစ်ပဲ အချိန်ယူတယ်။ ဒါပေမဲ့ မဆုတ်မနစ်တဲ့ ယောကျ်ားကောင်းတို့ရဲ့ စိတ်ဓာတ်ကို အသုံးချလာတဲ့အခါမှာ.... ။ အောင်မြင်တော့မလိုလိုနဲ့ ကျရှုံးမှုတွေ၊ လက်ကမ်းသလိုလိုနဲ့ တွန်းထုတ်မှုတွေကို လူ့သဘာဝဆန်ဆန် မြင်ရပါတယ်။ သူဌေးကြီးက ပြောတယ်။ "မင်းက လေယာဉ်လက်မှတ်ပဲ ပိုင်တာပါ၊ ကျုပ်က ဒီလေယာဉ်ကို ပိုင်တာ" တဲ့။ အဲ့ဒီစကားနဲ့အတူ လေယာဉ်ပေါ်က နှင်ထုတ်ခံလိုက်ရတဲ့ လူငယ်တစ်ယောက်... နောင်တစ်ချိန်မှာ အဲ့ဒီသူဌေးကြီးကို ဘာပြန်ပြောမယ် ထင်လဲ ကိုယ်တိုင်ခံစားကြည့်ပါဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူများကတော့ Myit Thu နဲ့ Nyi Koeတို့ပဲဖြစ်ပါတယ်... File Size :(2.6GB)(1.25GB) and (471 MB) Quality : WEB-DL 1080p 5.1CH, WEB-DL  720p Format…mp4 Duration…02:33:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae

Horror • Mystery
7.9 2020 149 mins
Soorarai Pottru
Neon Spring
6

Latvia ဆိုတဲ့ဥရောပနိုင်ငံတစ်ခုက ဒရာမာအမျိုးအစားရုပ်ရှင်ကားလေးပါဗျ။အဖေနဲ့အမေကအိမ်ထောင်ရေးအဆင်မပြေတဲ့ကောင်မလေးတစ်ယောက်ရဲ့လူငယ်ဘဝလေးအကြောင်းကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရင်တော့ “လိုင်း” ဆိုတဲ့အသက် ၂၀အရွယ်ကောင်မလေးရှိပါတယ်။ သူမရဲ့မိဘတွေဟာအိမ်ထောင်ရေးအဆင်မပြေကျတော့ သူမကစိတ်‌ထွက်ပေါက်ရှာတဲ့အနေနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ DJ ပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်။ အမေကနိုင်ငံခြားရောက်နေပြီးအဖေကလည်းအိမ်နဲ့အလုပ်ပဲဖြစ်နေတော့ သူမဟာ DJ ပွဲတွေကိုအမြဲတမ်းလိုလိုသွားဖြစ်ခဲ့ပါတယ်။ DJ ပွဲကနေသူငယ်ချင်းတွေရပြီးအချစ်ကိုလည်းတွေ့ရှိသွားပါတယ်။ဒီလိုနဲ့ဆေးတွေပါသုံးလာပါတယ်။ ပြီးတော့ “လိုင်း” မှာမောင်လေးတစ်ယောက်ရှိပါတယ်။မောင်လေးကလည်းမိသားစုကအဆင်မပြေတော့အပြုအမူတွေကပုံမှန်မဟုတ်ပဲဆေးခန်းပြနေရတာပါ။ အမေကနိုင်ငံခြားမှာ၊အဖေကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့မောင်လေးအတွက်မိဘဆရာဆွေးနွေးပွဲသွားတာမျိုး စတဲ့မောင်လေးရဲ့တာဝန်ကိုလည်းယူပေးရပါတယ်။ ဒီရုပ်ရှင်ကားလေးက မိသားစုအဆင်မပြေမှု၊ချစ်ခြင်းမေတ္တာ၊ဆေးသုံးတာ စတဲ့အရာတွေကြားဗျာများနေတဲ့ကောင်မလေးအကြောင်းကိုရိုက်ထားတာပါ။ခံစားကြည့်ကြပါခင်ဗျာ။ File size…(1.7 GB)/(940 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

6 2022
Neon Spring
Hidayah
5.7

Hidayah (2023) ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါ ခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလွယ်လမ်းလိုက်သူတွေလည်းရှိပါတယ်။ အခုတစ်ခါမှာလည်း အလွယ်လမ်းလိုက်ရာက အဖြစ်ဆိုးနဲ့ကြုံသွားရတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘာရီဆိုတဲ့ကောင်‌လေးဟာ တစ်ချိန်ကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အပနှင်ဆရာလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ဘာရီဟာ ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ အတိတ်ရဲ့‌ လောင်းရိပ်အောက်က အလွတ်ရုန်းထွက်နေတဲ့ ထောင်ထွက်လေးဘာရီဖြစ်နေပါပြီ။ ဒီလိုနဲ့ စက်ပြင်ဆရာလုပ်နေတဲ့ဘာရီဆီကို သူ့ရဲ့ဇာတိဖြစ်တဲ့ မာကာဆာဂီရွာကငယ်သူငယ်ချင်း ဟာဆန်ရောက်လာပါတော့တယ်။ မာကာဆာဂီရွာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပြီး တစ်ရွာလုံးကျီးလန့်စာစားနေရတဲ့အတွက် အပနှင်ပေးဖို့ ဘာရီကိုဟာဆန်က လာခေါ်တာပါ။ တည်ငြိမ်နေတဲ့ရေပြင်ကို ဂယက်ထစေမယ့် ဒီကိစ္စကို ဘာရီတစ်ယောက် သဘောမကျလှပေမဲ့ ဒုက္ခရောက်နေသူက တစ်ချိန်ကသူငယ်ချင်းရတ်နာဖြစ်နေတော့ မငြင်းဆန်နိုင်ဘဲ ရွာကိုသွားဖို့ဖြစ်လာတဲ့အခါ ရတ်နာတစ်ယောက် ညနေ ၆ နာရီတိုင်းမှာ အသံနက်ကြီးနဲ့အော်နေတာ ဘာကြောင့်များလဲ။ ရွာကိုရောက်လာတဲ့ အပနှင်ဆရာလေး ဘာရီကရော သူ့ကိုမကြည်ဖြူချင်ကြတဲ့ရွာသားတွေကို ကူညီသွားမှာလား။ ယုံကြည်မှုတွေပျောက်ဆုံးနေလို့ လမ်းညွှန်မှုကိုရှာနေတဲ့ဘာရီတစ်ယောက် သူ့ရဲ့ဇာတိကနေ လမ်းစပြန်ရလာမလားဆိုတာကိုတော့ ဒီ Hidayahဆိုတဲ့ရုပ်ရှင်လေးမှာ အတူကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 720p File size… 513MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.7 2023 92 mins
Hidayah
Constantine
7

ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါ

7 2005 121 mins
Constantine
Bubblegum
6.9

Bubble Gum 2023 (ပီကေလိုအချစ်) IMDb-6.9/10 Best Screenplay writer ဆုရဖူးတဲ့ ဒါရိုက်တာကြီး Ravikanth Perepu ရဲ့ လက်ရာကို အချောအလှလေးတွေရှုစားရင်း နှလုံးအေးစေမဲ့ ရိုမန့်ဒရာမာလေးတင်ဆက်ပေးလိုက်ပါတယ် ငြီးငွေ့ဖို့ကောင်း‌တဲ့အချိန်တွေမှာ ပီကေပူရှိန်းလေးတစ်ခုကောက်ဝါးလိုက်ရင် လန်းဆန်းပြီးအိုင်ဒီယာအသစ်တွေရလာတတ်ကြတဲ့သူတွေရှိတယ် အဝါးကြာအချိုကုန်လာတဲ့အချိန်ရောက်လာရင်တော့ အာညောင်းလာပြီး ထွေးထုတ်ပစ်ကြတာပေါ့ ဒါပေမဲ့ကြိုက်တဲ့သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထပ်ထပ်ဝယ်ပြီးထပ်ဝါးတတ်ကြတာပါပဲ ဒီဇာတ်ကားမှာ…….. ဒီဂျေတစ်ယောက်အရမ်းဖြစ်ချင်တဲ့ အာဒီ မပြည့်စုံတဲ့ဘဝမှာ ဒီဂျေအိပ်မက်ကအရမ်းမြင့်မားလွန်းနေတယ် မပြည့်စုံ‌နိုင်တဲ့ အိပ်မက်တွေနောက်လိုက်ရင်း အရမ်းငြီးငွေ့စရာကောင်းတဲ့သူ့ဘဝထဲ သူဌေးသမီးအလှပဂေးလေးရောက်လာခဲ့တယ် ငြီးငွေ့စရာသူ့ဘဝအတွက် ခဏတာလန်းဆန်းစေတဲ့ ပီကေလိုအချစ်ဇာတ်လမ်းလေးပေါ့ သူတို့အချစ်ခရီးလမ်းဟာလည်း အချိန်ကြာအကြောင်းသိလာလေ ခက်ခဲလာလေပါပဲ အချိုကုန် အချစ်တွေလျော့လာတဲ့တစ်နေ့ အထင်လွဲမှားမှုတွေနဲ့ သူတို့အချစ်ဇာတ်လမ်းတစ်ခန်းရပ်မလိုဖြစ်ခဲ့ရတယ် တစ်သက်လုံးရူးသွပ်လာတဲ့ ဒီဂျေအိပ်မက် နဲ့ တစ်သက်မှာတစ်ခါ ရူးရူးမူးမူးချစ်မိတဲ့အချစ် ဒီနှစ်ခုတည်းက တစ်ခုကိုပဲရွေးချယ်သွားမလား သူတို့ အချစ်ဇာတ်လမ်းရော ပီကေအသစ်တစ်ခုထပ်ထုတ်ဝါးသလို ပြန်စနိုင်ဦးမလား… အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.9 2023 146 mins
Bubblegum
Hindi Medium
8

Hindi Medium (2017) IMDb Rating (7.8 )/ Rotten Tomatoes (83%) “မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။” “အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။” ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။ Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟမှုကို အံဝင်ခွင်ကျအောင် ကလေးပညာရေးအတွက် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ကိုယ်တိုင်ပညာအရည်အချင်းနည်းပါးတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။ လူကုံတန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ လူ့ဆင်းရဲ ရပ်ကွက်မှာ ဆင်းရဲသားပုံစံ ဟန်ဆောင်ပြီးနေခဲ့ပါတယ်။ အခြေခံ လူတန်းစား နှင့် လူလတ်တန်းစား လူလတ်တန်းစား နှင့် အထက်တန်းစားကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာက သေသေချာချာ ရိုက်ပြထားပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး တင်ဆက်ထားပါတယ်။ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

Adventure • Thriller • Horror
8 2017
Hindi Medium
If Only
7

If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasy တစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။ Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrews က ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသား ပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကို တွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ…. Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size… 3.3 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Drama/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Citrus

7 2004
If Only
Yevam
7.2

Yevam (2024) ဆယ်လီမုဆိုး IMDb-8.5/10 ဆယ်လီတစ်ယောက်နာမည်ကြားရုံနဲ့ အရူးအမူးသည်းသည်းလှုပ်ပြီး ဘာမဆိုလုပ်ပေးဖို့အဆင်သင့်ဖြစ်နေပြီး ဆယ်လီတွေကိုမှ‌ အရူးအမူးချစ်တတ်တဲ့ကောင်မလေးတွေကိုပဲ ရွေးပြီးထောင်ချောင်ဆင်တတ်တဲ့ ဆယ်လီမုဆိုးယူဂန်ဒါ။ ဆယ်လီမုဆိုးမှာလည်း အတိတ်ကထရော်မာတစ်ခုရှိနေခဲ့တယ် ။ သိပ်လှတဲ့ဇနီးဖြစ်သူက သူ့အလှအပတွေက သူ့ထက်သာတဲ့ ဆယ်လီမင်းသားနာမည်ကြီးတွေနဲ့မှ ထိုက်တန်တယ်ဆိုပြီး တက်သစ်စမင်းသားတစ်လက်နဲ့ဖောက်ပြန်သွားခဲ့တယ် ။ အတိတ်က မကောင်းတဲ့မိန်းမတစ်ယောက်ကြောင့် လက်ရှိမှာ မိန်းမပေါင်းများစွာ ထောင်ချောက်ဆင်ဒုက္ခပေးနေတဲ့ ယူဂန်ဒါကို ပညာပေးဆုံးမသွား‌မဲ့သူကလည်း စောမြဆိုတဲ့ရဲမေလေးတစ်ယောက်။ စောမြဆိုတာက ရဲမေအလုပ်ကိုဝါသနာကြီးလွန်းလို့သာလုပ်နေပေမဲ့ မိသားစုပတ်ဝန်းကျင်ကလည်း ဝေဖန်ပြစ်တင်ကြသလို စခန်းတွင်းမှာလည်း မကြိုဆိုကြဘဲ ရဲဋ္ဌာနကိုစဝင်တဲ့နေ့မှာပဲ ဖိုင်အပုံလိုက်ကြားမှာ စာရွက်စာတမ်းတွေ ခွဲစီရတဲ့နေရာကိုတန်းရောက်သွားတယ်။ တခြားမိန်းကလေးတွေရဲ့ ပြဿနာထက် သူ့ကိုယ်ပိုင်ပြဿနာတွေက ပထမဆုံးအတားအဆီးဖြစ်နေတဲ့ စောမြတစ်ယောက် အချိန်တိုအတွင်း ဘယ်လိုဖြေရှင်းသွားမလဲ ယူဂန်ဒါဆိုတဲ့ ဆယ်လီမုဆိုးကရော အဲဒီလောက်ရိုးရှင်းပြီး ဖမ်းရလွယ်ကူနေပါ့မလား ထရော်မာတစ်ခုကြောင့် တရားခံဖြစ်လာသူနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်လာတဲ့ရဲမေတို့ ဘယ်လိုဆုံတွေ့ အားပြိုင်ကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်

7.2 2024
Yevam
Deadline
6.5

Deadline (2024) ****************** Disaster ဇာတ်လမ်း အမျိုးအစားတွေကို ကြိုက်နှစ်သက်ပြီး ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားကိုလည်း ရှာနေတယ်ဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက ပရိသတ်ကြီးအတွက်ပါပဲ။ အားအပြင်းဆုံး မုန်တိုင်းအဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်လာခဲ့ပြီး ဖိုဟန်မြို့ကို လွင်တီးခေါင်ဖြစ်အောင် မွှေနှောက်ခဲ့တဲ့ “ဟင်နမ်နို”တိုင်ဖွန်းကြောင့် ဖိုဟန်မြို့ရဲ့ သံမဏိ စက်ရုံ စက်ယန္တရား လည်ပတ်မှုဟာ ရပ်တန့်ဖို့ ဖြစ်လာခဲ့ပါတယ်။ စက်လည်ပတ်မှုကို အချိန်ကာလ တစ်ခုအထိ ရပ်တန့်ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ဘီလီယံ ချီတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အကယ်၍ မရပ်တန့်ဘူး ဆိုရင်လည်း ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေနဲ့ အက်စစ်မိုး‌ရေ ပေါင်းစပ်မိတဲ့အခါ မတွေးဝံ့စရာ ဘေးဒုက္ခကို ရင်ဆိုင်ရမှာပါ။ အားကောင်းလာတဲ့ မုန်တိုင်းကြားမှာ သံမဏိ စက်ရုံက စက်ယန္တရားတွေ အချိန်မီ ပြန်လည်ပတ်နိုင်မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်လို့ တင်ဆက်ပေးလိုက်ပါရစေ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ Handsome Guys၊ The First Responders အစရှိတဲ့ ဇာတ်လမ်းတွေထဲက မင်းသမီး Gong Seung Yeonနဲ့ အတူ တခြား ဝါရင့် သရုပ်ဆောင်‌ အများအပြား ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.54GB/ 630MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:24:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Treasure Htet, Hnin Wai Oo & Stary Encoded by Tiff

6.5 2024 85 mins
Deadline
Enthiran Robot
7.2

Enthiran (2010) Robot IMDB Rating (7.2) / Rotten Tomatoes (72%) ဒီကားကတော့ အိန္ဒိယသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ထိ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားပါ ရုံတင်ငွေလည်း ကုဋေ ၂၉၀လောက်အထိ ပြန်ရခဲ့ပြီး အဲ့ဒီခေတ်ကာလအနေအထားအရ ခေတ်ရှေ့ပြေးတဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်မှုမျိုးပါပဲ။ ဒီလိုဆိုလို့ ဘောလိဝုဒ်ဇာတ်ကားလို့ထင်စရာရှိပေမယ့် တကယ်တော့ တောင်ပိုင်းက Tamil ဇာတ်ကားဖြစ်ပြီး မယ်ကမ္ဘာဆုရှင် Aishwarya Rai နဲ့ တမီးလ်မင်းသားကြီး Rajinikanth တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆယ်စုနှစ်တစ်ခုကြာ သုတေသနပြုပြီးတော့ ပါရမီရှင်သိပ္ပံပညာရှင် ဒေါက်တာဗာစီက လူသားနဲ့ ခပ်ဆင်ဆင်တူတဲ့ အဆင့်မြင့် humanoid စက်ရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ် သူ့ရဲ့နာမည်ကိုတော့ ချစ်တီးလို့ပေးလိုက်ပါတယ် ချစ်တီးကို လူသားတွေကိုကူညီဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ အစပိုင်းမှာတော့ ချစ်တီးက အမိန့်တွေကို တိတိကျကျ လိုက်နာပြီး လူသားတွေအတွက် အလွန်အသုံးဝင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမဲ့ ဒေါက်တာဗာစီက ချစ်တီးရဲ့ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်ပြီး လူသားဆန်တဲ့ စိတ်ခံစားမှုတွေကို ထည့်သွင်းလိုက်တဲ့အခါ ဇာတ်လမ်းက စတင်ရှုပ်ထွေးလာပါတော့တယ် ချစ်တီးတစ်ယောက် ဒေါက်တာဗာစီရဲ့ ချစ်သူဖြစ်သူဆာနာကို ချစ်မိသွားတဲ့အခါ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် ချစ်ခြင်းမေတ္တာရဲ့ ခံစားချက်တွေကို နားလည်လာတဲ့ ချစ်တီးက ဆာနာ့ကို ရယူလိုစိတ် ပြင်းပြလာပြီး ဒေါက်တာဗာစီနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လာပါတော့တယ် ချစ်တီးက စွမ်းအားကြီးမားတဲ့ လူသားတွေကိုပါ ခြိမ်းခြောက်နိုင်တဲ့ စက်ရုပ်အဖြစ် ပြောင်းလဲလာတဲ့အခါမှာတော့ ဒေါက်တာက သူဖန်တီးခဲ့တဲ့စက်ရုပ်ကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် အပြင်းအထန် တိုက်ပွဲဝင်ရပါတော့တယ် ဒီကားက စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းအိမ်နဲ့အထူးပြုလုပ်ချက်တွေ ရင်ခုန်စရာကောင်းတဲ့ အက်ရှင်ခန်းတွေနဲ့ အချစ်ဇာတ်လမ်းကို ပေါင်းစပ်ထားတာကြောင့် အိန္ဒိယရုပ်ရှင်လောကမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားပါ ရာဂျီနီကန့် ရဲ့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ချက်တွေကလည်း ဇာတ်ကားရဲ့အသက်လို့ ပြောလို့ရလောက်ပါတယ် ဇာတ်ကားကောင်းတစ်ကားမို့ လက်မနှေးဘဲ အပြေးကြည့်ကြဖို့တိုက်တွန်းရင်း။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ဒီကားရဲ့အဆက်အနေနဲ့ 2.0 (2018) ဇာတ်ကားထပ်မံထွက်ရှိခဲ့ပြီး CM မှာတော့ တင်ပြီးသားပါ။

Thriller • TV Movie
7.2 2010 176 mins
Enthiran Robot