YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Legend of ShenLi 2024 - Episode 28 - 720p [RMC].mp4

352.17 MB N/A video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Secret in Their Eyes
8

Original Title: El secreto de sus ojos Genre – Drama, Mystery, Romance IMDB – 8.2/10 ၂၀၁၀ ခုနှစ် အော်စကာပေးပွဲမှာ နိုင်ငံခြားဘာသာစကားပြော အကောင်းဆုံးရုပ်ရှင်ဆု ရခဲ့တယ် (စပိန်စကားပြော အာဂျင်တီးနားရုပ်ရှင်)။ IMDB မှာ 8.2 ကို လူနှစ်သိန်းကျော် ပျမ်းမျှအမှတ် ရထားတယ် IMDB အကောင်းဆုံးရုပ်ရှင် ၂၅၀ ထဲမှာ ၁၆၅ ကားမြောက်ဖြစ်တယ်။ ဘာများပြောစရာ လိုဦးမလဲ၊ ဟင်းလေးကြီးတစ်ခွက်ကို မြည်းစမ်းနေရသလိုပဲ ကြည့်ရတာတော့။ အငြိမ်းစား ဥပဒေအတိုင်ပင်ခံကြီး တစ်ယောက် အနားယူချိန်မှာ ဝတ္ထုရေးဖို့ ကြိုးစားကြည့်တယ် ကြိုးစားကြည့်တိုင်းလည်း လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ထူးထူး ခြားခြား ဖြစ်ခဲ့တဲ့ အမှုကိုပဲ ပြန်ပြီး အောက်မေ့နေတယ်။ ဒီတော့ ဒီအကြောင်းကို ဝတ္ထုလုပ်ရေးဖို့အတွက် သံယောဇဉ် ရှိခဲ့ပေမဲ့ အခြေအနေ ကွာခြားတာကြောင့် ရှေ့ဆက်မတိုးခဲ့ရတဲ့ အထက်အရာရှိဟောင်း (ခုလက်ရှိ တရားသူကြီး) ဆီ သွားအကြံ တောင်းရတော့တယ်။ အဲဒီမှာပဲ မေ့ပစ်လို့မရတဲ့ အမှတ်တရ ဟောင်းတွေ တစ်ပုံကြီး ပြန်ပေါ်လာတယ်။ အင်မတန်ချစ်ကြတဲ့ ဘဏ်စာရေးနဲ့ ကျောင်းဆရာမလင်မယားလေးကိုမှ ကံဆိုးစွာနဲ့ လူတစ်ယောက်က ဆရာမလေးကို မုဒိမ်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်။ အမှုယူရမှာ ကိုယ့်အလှည့် မဟုတ်ပဲ ယူလိုက်ရတဲ့ အတိုင်ပင်ခံကြီးတစ်ယောက် သူငယ်ချင်းအရက်သမားတစ်ယောက်နဲ့ အမှုလိုက်စုံစမ်းဖို့ အကြောင်းပါလာတော့တယ်။ တရားခံကို သိနေပေမယ့် ကောက်ရိုးပုံထဲက အပ်ရှာသလို ရှာရခက်ခက်နဲ့ ဘယ်လို တွေကြိုးစားပြီး ရှာဖွေကြမလဲ၊ ရှာတွေ့တဲ့အခါမှာလည်း ဘာတွေဆက်ဖြစ်မလဲ၊ အတိုင်ပင်ခံလေးနဲ့ ရှေ့နေမလေးတို့ ဇာတ်လမ်းက ဘယ်လိုလဲ၊ ဘဏ်စာရေးကရော မိန်းမကို လွမ်းစိတ်နဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ သူတို့မျက်ဝန်းတွေက လျှို့ဝှက်ချက်တွေနဲ့အတူ စီးမြောရမှာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးပြောရမယ်ဆို နောက်ဆုံးမှ ဟင်ခနဲ ဟာခနဲ သိရမယ့် ဇာတ်သိမ်းလှည့်ကွက်တွေလည်းပါပါတယ်။ ဆက်ညွန်းနေရင် ကြာပါတယ် အော်စကာဆိုတာ အလကား ရထားတာမှ မဟုတ်တာ အေးဆေးလေး အချိန်ယူကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ် နောက်ပြီး မုဒိမ်းခန်းတွေမှာ ပွင့်ပွင့် လင်းလင်း ပြသထားတာတွေ ကိုယ်အင်္ဂါတွေ ပြသတာတွေ ပါတဲ့အတွက် သတိထား ကြည့်စေလိုပါတယ်ဗျ။ File size…1.81GB / 720MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ..... Drama , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Mystery
8 2009 130 mins
The Secret in Their Eyes
Shadows in the Palace
7

နန်းတွင်းသူတွေဟာ နန်းတွင်းထဲ ဝင်လိုက်ကြတာနဲ့ ကိုယ့်ကိုယ်ကို ဘုရင့်အတွက် ပုံအပ်ပြီး အပျိုစင်ဘဝကိုပါ ထိန်းသိမ်းကြရတယ်... နန်းတွင်းသူတွေဟာ နန်း‌တွင်းထဲ ဝင်လိုက်ပြီးတာနဲ့ နန်းပြင်ကို အသက်ရှင်လျက် ပြန်မထွက်နိုင်ကြဘဲ ဘုရင့်ပိုင်ပစ္စည်းတစ်ခုလိုပဲ ဖြစ်သွားရတယ်... ဝေါ်လျောင်ဆိုတဲ့ နန်းတွင်းသူလေးတစ်ယောက်က တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ် ... အဲဒါကို အလောင်းစစ်ဆေးတဲ့ ဆေးအကူလေးက စစ်ဆေးကြည့်ရာ သတ်သေတာမဟုတ်ဘဲ အကွက်ကျကျစီစဉ်ထားတဲ့ လူသတ်မှု ဖြစ်မှန်းကို သိသွားခဲ့တဲ့အပြင် ဝေါ်လျောင်မှာ ကလေးမွေးထားတဲ့ လက္ခဏာတွေကိုပါ တွေ့ခဲ့ရတယ် အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာ အမျိုးမျိုး နှောင့်ယှက်တားဆီးခံခဲ့ရတယ်.. ဝေါ်လျောင်က ဘာလို့ အသတ်ခံခဲ့ရတာလဲ.. ဘယ်သူက သတ်တာလဲ ဘာလို့များ အဲဒီကိစ္စကို မဖော်ထုတ်စေချင်တာလဲ နန်းတွင်းထဲက အရှုပ်တော်ပုံတွေနဲ့ ကြီးနိုင်ငယ်ညှင်းကိစ္စတွေ မိဖုရားချင်း အားပြိုင်မှုတွေနဲ့ အာဏာရဖို့အတွက် လူ့အသတ်ကိုပါ သတ်ဖို့ ဝန်မလေးကြတဲ့ သူတွေအကြောင်းကို ‌သေသေချာချာ ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရတန်မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်နော်.... File Size :(2.1GB) and (867MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:52:00 Genre : Crime , Mystery ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Encoded by Phyo Pyae

Drama • Romance
7 2007 112 mins
Shadows in the Palace
The Best Offer
7.8

The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစား ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီး တန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင် တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်း သူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။ Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင် လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာ ကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင် မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူ အမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်း များကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲ အချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို ပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို သူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။ အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင် တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ..... ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိ ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှ အတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါကြောင်း။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Suu ပဲ ဖြစ်ပါတယ်) File size…1.59GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu

Drama • Horror
7.8 2013 131 mins
The Best Offer
Sleepless in Seattle
6.7

မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်.. ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုများစွာလည်းရရှိခဲ့ပါတယ်.. အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။ တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေ ပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင် ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့် အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့.. ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Romance
6.7 1993 105 mins
Sleepless in Seattle
Scare Package II: Rad Chad’s Revenge
6

~ Rotten Tomatoes - 88%, Shudder - 3.3/5 ~ ယနေ့ခေတ် Horror Movie တွေရဲ့ ရှင်းလင်းသပ်ရပ်တဲ့ ရိုက်ကွက်တွေနဲ့တင်ဆက်ထားတဲ့ Scare Package (2019) ရဲ့အဆက်ဖြစ်တဲ့ Scare Package II: Rad Chad's Revenge ဟာ အရင်လ ဒီဇင်ဘာ 22 ရက်နေ့ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် Horror ကားပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Rad Chad တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ဆုံးပါးသွားပါတယ်။ သူ့အသုဘကို လာပို့တဲ့သူတွေကို ဆေးခတ်ပြီး ရယ်ရခက် ငိုရခက် ထောင်ချောက်တွေနဲ့ တမလွန်ကနေဘယ်လိုတွေ ဒုက္ခပေးဦးမလဲဆိုတာကိုတော့ ပါးစပ်မပိတ်ပဲ တခွိခွိနဲ့ရယ်ရင်း ရှုစားကြရမှာပါ။ သဘောကျစရာအကောင်းဆုံးတစ်ချက်က ရုပ်ရှင်တစ်ခုတည်းကိုကြည့်ရသလိုမဟုတ်ပဲ တစ်ကားတည်းမှာတင် တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေကိုပါ တစ်ဆက်တည်းကြည့်ရမှာကိုပါပဲ။ အဲ့ဒီအပိုင်းတိုလေးတွေကိုလည်း တခြားဒါရိုက်တာတွေက ဝင်ပြီးရိုက်ထားတာဆိုတော့ ကြည့်ရတာမအီဘူးပေါ့။ Old School Horror တွေသဘောကျတဲ့သူတွေအတွက်လဲ ဒီထဲမှာ အရင်ကားဟောင်းတွေကို Reference အများကြီးယူထားတာဆိုတော့ အပျင်းပြေပဲ ကြည့်ရင်တောင်မှပဲ တော်တော်ကိုတန်တဲ့ ရုပ်ရှင်တစ်ခုပါပဲဗျာ။ Rad Chad ကြီးက ဘယ်လိုတွေမွှေထားခဲ့လဲ၊ မွှေနေတာကရော သူတစ်ယောက်တည်းဟုတ်ရဲ့လား၊ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်တွေကရော ဘယ်လိုတွေလွဲကြပြီး ထောင်ချောက်တွေကလွတ်အောင် ဘယ်လို ဉာဏ်နီဉာဏ်နက်တွေများကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှု ခံစား လန့်ပြီး ခွီကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 960MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Horror • Thriller
6 2022 99 mins
Scare Package II: Rad Chad’s Revenge
Raya and the Last Dragon
7.9

IMDb Rating - 7.8 ဟိုးရှေးရှေးတုန်းကပေါ့ဗျာ ..... ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။ ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။ တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင် ကျင့်ကြတဲ့အခါမှတော့ ...... နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။ နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း ၅ ပိုင်း ကွဲသွားခဲ့ပါတယ်။ နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့ သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ရှာဖွေပြီး ဒရွန်းတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့အခါမှာတော့ ..... IMDb - 7.8/10 ရထားတဲ့ Animation ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။ ဝေါ့ဒစ္စနေး ရဲ့ အခင်းအကျင်းတွေအတိုင်း နောက်ခံတေးဂီတကောင်းကောင်း၊ အထူးပြုလုပ်ချက်ကောင်းတွေနဲ့ ဆိုတော့ ကြည့်ရတာ အတော်ကောင်းတဲ့ ကာတွန်းကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို August မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) File size…(3.4 GB) / (1.9 GB) / (1.8 GB) / (900 MB) Quality….BluRay 4K HEVC / HEVC 1080p / WEBRip 1080p / 720p Format…mkv/mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littelneo

7.9 2021 107 mins
Raya and the Last Dragon
Fighting with My Family
6.9

ပေ့ဂျ် ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ  တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့  သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမဝင်ချင်ဘဲ ဝင်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား  ပေ့ဂျ် အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်.. ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်.. မင်းသမီးချောလေး Florence Pugh   အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Little Neo ပဲဖြစ်ပါတယ်.....

Comedy • Drama
6.9 2019 108 mins
Fighting with My Family
Mountain Porter
6.1

လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်လောက်က သင်္ချိုင်းတူးဖော်ရင်း သေဆုံးသွားခဲ့တဲ့ဖခင်ဖြစ်ဖြစ်သူရဲ့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားနေသူ မျိုးနွယ်စုခေါင်းဆောင်လဲဖြစ်တဲ့ အမျိုးသားတစ်ဦး? မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ နှစ်ထောင်ချီကြာမြင့်နေပြီဖြစ်တဲ့ ကျိန်စာကို ချိုးဖြတ်ပြီး သေသောသူကို ပြန်ရှင်စေနိုင်ပြီး မသေမျိုးအဖြစ်ပြောင်းလဲစေနိုင်သော မုချန်ပုလဲ ကိုရှာဖွေဖို့ စွန့်စားရေးခရီးစဥ်ကို ထွက်ခဲ့ပါတော့တယ် လမ်းတစ်လျှောက်လုံး သင်္ချိုင်းမြေကိုဖြတ်ကျော်ခဲ့ပြီး မြူအလွှာလွှာကို ဖြတ်ကျော်ခဲ့ကာ အရိုးမျိုးနွယ်စုရဲ့ မြေအောက်မှာ ​မြှုပ်နှံထားတဲ့ မြေအောက်နန်းတော်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို တစ်ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိလာတဲ့ အခါမှာတော့ ….? ❏ ခန်းနားကြီးကျယ်လှတဲ့ အရိုးမျိုးနွယ်စုရဲ့ လျှိူ့ဝှက်ချက်တွေက ဘာတွေများဖြစ်မလဲ? ❏ နှစ်ထောင်ပေါင်းများစွာ ရှာဖွေခဲ့ကြတဲ့ မုချန်ပုလဲကိုရော သူတို့တွေ ရှာဖွေနိုင်ပါ့မလား? ❏ ဒီလိုမျိုး အန္တရာယ်တွေများလှတဲ့ စွန့်စားမှုတစ်ခုကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဆန်းကြယ်မှုပေါင်းများစွာပြည့်နှက်နေတဲ့ကားလေးမို့ လက်မလွှတ်သင့်ပါဘူးနော်

Animation • Comedy • Family • Fantasy
6.1 2022
Mountain Porter
Sly
7.1

Sly (2023) ~ IMDb – 7.1/10, Rotten Tomatoes – 77% ~ စတားလုံး ကို ဘယ်သူလဲလို့ အထူးတလှယ် မိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး။ Rocky Franchise, Rambo Franchise တွေနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အသက်ကြီးမှ The Expendables နဲ့ပါ အက်ရှင်ကားတွေဆက်ရိုက်ခဲ့တယ်။ ဒီ Documentary ဟာ စတားလုံးရဲ့ ခက်ထန်တဲ့ ငယ်ဘဝကနေ ဟောလိဝုဒ်ရဲ့တောင်ထိပ်တွေအထိ ဘယ်လို ခြေအားပြင်းပြင်း ဆောင့်တက်ခဲ့သလဲဆိုတာကို ခြေရာကောက်ရင်း သူထမ်းပိုးထားရတဲ့ နောင်တတွေကို ဖြုတ်ချခဲ့ဖို့ ကြိုးပမ်းပုံတွေအကြောင်းပါ။ Arnold Schwarzenegger နဲ့ Quentin Tarantino တို့လည်း ပါဝင်ထားပါတယ်။ ” ငါ့မှာ နောင်တတွေရှိလား… အေးပေါ့ နောင်တတွေအများကြီးရှိတာပေါ့ “ ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ‌ထိတ်ထိတ်ကြဲစတားတစ်ယောက်အ‌တွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်က အသက်ကြီးတဲ့အချိန်မှာ သူ့နောင်တတွေကို ပြောပြတာမြင်ရတော့ စိတ်ထဲတစ်မျိုးလေး ခံစားရမှာပါ။ ဂရုဏာလား… မေတ္တာလား… စရိုက်ကြမ်းတဲ့နယ်မှာမွေးတယ်၊ စရိုက်ကြမ်းတဲ့အဖေ့ဆီမှာ ကြီးပြင်းခဲ့ရတယ်။ ငယ်ငယ်ကတည်းက မျက်စိမှေးမှေး၊ ပါးတခြမ်းစောင်းနေတဲ့သူ့အတွက် သရုပ်ဆောင်အလုပ်ဆိုတာ အိပ်မက်ထဲမှာတောင် ‌ယောင်ပြီးမက်မယ့်ကိစ္စမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ စတားလုံးက စိတ်ကူးယဉ်သမား… စိတ်ကူးယဉ်သမားဆိုတာထက် ရည်မှန်းချက်ကြီးတဲ့လူဆိုရင် ပိုမှန်လိမ့်မယ်။ သူ ဒီလိုရည်မှန်းချက် တပွေ့တပိုက်နဲ့ ဟောလိဝုဒ်တောနက်ကြီးထဲကိုခြေချခဲ့တယ်။ ခြင်္သေ့ပေါက်ကလေးအနေနဲ့ပေါ့။ စတားလုံးအတွက် ဇာတ်ကောင်နေရာဆိုတာမရှိဘူး။ ဘယ်ဇာတ်ကောင်နဲ့မှအံဝင်မယ်ဆိုတာမျိုး မရှိဘူး။ ဒါရိုက်တာတိုင်း ထုတ်လုပ်သူတိုင်း ဒီလိုပြောခဲ့ကြတယ်။ ဒီတော့ သူဘာလုပ်ခဲ့လဲ။ သူ့အတွက်ဇာတ်ကောင်မရှိရင် သူ့‌ဇာတ်ကောင်သူ ဖန်တီးမယ်။ ဒီလိုနဲ့ Rocky မွေးဖွားခဲ့တယ်။ Rambo မွေးဖွားခဲ့တယ်။ Rocky ရုပ်ရှင်တစ်ကားချင်းစီက သူ့ဘဝဖြတ်သန်းမှုကို ဘယ်လိုဘယ်ပုံ ထင်ဟပ်နေကြောင်း ဒီရုပ်ရှင်ထဲမှာတွေ့ရမယ်။ Rocky ရဲ့ မဆုတ်မနစ်ကြိုးစားပုံတွေ၊ မိသားစုကို ဂုဏ်ယူစေချင်ပုံတွေ၊ အချစ်ကိုတန်ဖိုးထားပုံတွေ၊ ဘဝသစ်ပြန်စပုံတွေ ဒီလိုတွေ။ Rambo ကတော့ သူ့ရဲ့ အရိုင်းဆန်တဲ့ဘက်ခြမ်းပေါ့။ သူ့ဘဝမှာ အဲဒီဇာတ်ကောင် ၂ နေရာကို သရုပ်ဆောင်ခဲ့ရတာနဲ့တင် အသက်ရှင်ရကျိုးနပ်ပြီတဲ့လေ။ ဒါပေမဲ့ စတားလုံးဘဝမှာ မပေါက်တဲ့ရုပ်ရှင်တွေ၊ မအောင်မြင်တဲ့ဆက်ဆံရေးတွေ တပုံတပင်ရှိခဲ့တယ်။ ဒါတွေကို သူ့ရဲ့ ရုပ်ရှင်တွေထဲမှာ ထည့်ရေးခဲ့တယ်။ ထည့်ပြောခဲ့တယ်။ ထည့်သရုပ်ဆောင်ခဲ့တယ်။ သူ့အတွက် ရုပ်ရှင်ရိုက်တယ်ဆိုတာ လက်တွေ့ဘဝမှာ မဖြစ်လာနိုင်တဲ့ကိစ္စတွေကို ရုပ်ရှင်ထဲဖြစ်ခွင့်ပေးလိုက်တာပဲ။ ဒီ ဒိုကူကိုကြည့်ရင်း စတားလုံးရဲ့ အရင်ကားဟောင်းတွေကိုပါ နောက်တကြိမ်ထပ်ကြည့်ချင်စိတ်ဖြစ်လာခဲ့ရင်၊ ဖြစ်လည်းဖြစ်လာနိုင်တာကြောင့် Channel Myanmar မှာ Rocky Franchise၊ Rambo Franchise အပြင် တခြား စတားလုံးရုပ်ရှင် အများစုရှိပါတယ်။ အဲဒီရုပ်ရှင်တွေထဲက စကားတစ်ကြောင်းချင်းစီကို စတားလုံးဘဝနဲ့ ယှဉ်ပြီး ပြန်ခံစားကြည့်နိုင်ပါတယ်။ သူရိုက်ခဲ့တဲ့ရုပ်ရှင်တွေက ကျွန်တော်တို့ယူဆထားတဲ့ သာမန်အက်ရှင်ရုပ်ရှင်တွေဆိုတာထက်အများကြီးပိုကြောင်း ဒီ Documentary မှာမှ သိခွင့်ရတယ်။ ရုပ်ရှင်တွေကိုလုပ်ရင်း သူ့ရင်ထဲက ဘာနဲ့ဖြည့်ဖြည့် ပြည့်မှာမဟုတ်တဲ့ ဟာကွက်တစ်ခုကိုဖြည့်ဖို့ကြိုးစားခဲ့တယ်။ ဒီလိုမင်းသားကြီးဟာ ဝမ်းနည်းစရာဇာတ်သိမ်းတွေကိုမကြိုက်ပါဘူးတဲ့။ ဘာကြောင့်မကြိုက်သလဲ ဆိုတဲ့အကြောင်းပြချက်က သူ့မှာ အခိုင်အမာရှိနေနှင့်ပြီးသားပါ။ ဒီအကြောင်းတွေနဲ့ စတားလုံးဆိုတဲ့ပြယုဂ်တစ်ခု ဘယ်လိုထုဆစ်ခဲ့သလဲဆိုတာကို ဒီ Documentary နဲ့ ခံစားလိုက်ကြတာပေါ့။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 945MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 35Min Genre – Biography, Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 2023
Sly
Heroic
7

Heroic (2023) ~ IMDb – 7/10, Rotten Tomatoes – 81% ~ ကြီးနိုင်ငယ်ညှဉ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။ ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 915MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 28Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Action
7 2023 88 mins
Heroic
The Djinn’s Curse

The Djinn’s Curse (2023) ယခုတစ်ခါမှာတော့ Horror movie ပရိသတ်တွေအတွက် ဂျင်အောက်လမ်းနဲ့ဆိုင်တဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဝင်းတို့မိသားစုဟာ ဘန်ကောက်ကနေ နာရာသီဝပ်ကို အကြောင်းကိစ္စတစ်ခုကြောင့် ပြောင်းရွှေ့လာခဲ့ရပါတယ်။ သူတို့ နာရာသီဝပ်မှာ နေဖို့အတွက် အိမ်ကိုရောက်တဲ့အချိန်မှာ အဲဒီအိမ်ကြီးကို ပစ္စည်းတွေရှင်းရင်း ဂျင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေအများကြီးရှိနေတာကို တွေ့ရပါတယ်။ ပြီးတော့ အဲဒီဒေသမှာ မကောင်းဆိုးဝါးပူးကပ်မှုတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။ ဒီလိုနဲ့ အဲဒီအိမ်ကြီးမှာ နေလာရင်း မီနာနဲ့လင်းညီအစ်မနှစ်ယောက် ဘယ်လိုကြောက်စရာကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ ….. သူတို့မိသားစုကရော ဘယ်လိုပြဿနာတွေကြောင့် ဒီကိုပြောင်းရွှေ့လာခဲ့ရတာလဲ ….. သူတို့မိသားစုအပေါ်မှာရော ဂျင်အောက်လမ်းတွေက ဘယ်လိုတွေသက်ရောက်လာမလဲ… ဆိုတာတွေကို နောက်ခံအသံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ & Char Ou တို့ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 857MB | 435MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ & Char Ou Encoder ….. Aaron

Drama
0 2023
The Djinn’s Curse
Below

IMDb- 6.1/10 Below ဟာ 2002 ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်ပြီး စစ်ပွဲနောက်ခံ horrorကားအဖြစ် လူကြိုက်များခဲ့တာပါ။ ဇာတ်လမ်းက 1943 ခုနှစ် ဒုတိယကမ္ဘာစစ် အချိန်ကာလကို အခြေခံထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော USS Tiger Shark ဟာအတ္တလန်တိတ်သမုဒ္ဒရာအတွင်းကင်းလှည့်နေစဉ် အင်္ဂလိပ် သင်္ဘောတစ်စင်းနစ်မြှပ်မှုမှ အသက်ရှင်ကျန်သူသုံးဦးကိုကယ်ဆယ်ခဲ့ပြီးနောက်ဂျာမန် ဖျက်သင်္ဘောထံမှလွတ်မြောက်ခဲ့ပေမဲ့ ရေငုပ်သင်္ဘော အတွင်းမှာ ထူးဆန်းတဲ့ရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုအချိန်မှာအချင်းချင်းသံသယဖြစ်လာကြပြီး မမြင်နိုင်တဲ့တစ်ခုခုက သူတို့ကိုခြိမ်းခြောက်နေတယ်ဆိုတာ သိလာကြပါတယ်။ စစ်ပွဲရဲ့ဖိအားအပြင် မမြင်နိုင်တဲ့ တစ်ခုခုရဲ့ ဆိုခြိမ်းခြောက်မှုကိုခံရတဲ့အခါ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေအပြင် အသက်အန္တရာယ်ကိုယ်စီပါ ကြုံလာရပါတော့တယ်။ အဘယ်ကြောင့် ဒီလိုထူးဆန်းတာတွေဖြစ်ပြီး အသက်အန္တရာယ်တွေကြုံလာလဲဆိုတာတော့ကြည့်ရှုသူပရိတ်သတ်တွေပါ ဇာတ်ကောင်တွေနဲ့လိုက်ပြီး အဖြေရှာရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စစ်ပွဲရဲ့ ဖိအားအပြင် မမြင်နိုင်တဲ့ မကောင်းဆိုးဝါးနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့ စစ်သားတွေရဲ့ အတွေ့အကြုံတွေကို ပြသထားတာပါ။ ကြည့်ရတာတော်တော်လေး thrilling ဖြစ်ပြီး စိတ်ဝင်စားဖို့လဲကောင်းပါတယ်။ File size…(2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Meteor

0 2002
Below
Women from Rote Island
6.7

အမျိုးသမီးများအပေါ်မှာလိင်အကြမ်းဖက်ခြင်းဆိုတာက တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းမှာကြုံတွေ့နေရတဲ့ ဟိုးအရင်ခေတ်ကတည်းကနေ အခုလို တိုးတက်ဖွံ့ဖြိုးတဲ့ခေတ်ကြီးအထိရောက်တဲ့တိုင်အောင် ဖြေရှင်းလို့ မရနိုင်သေးတဲ့ပြဿနာတစ်ခုဖြစ်နေပါသေးတယ်။ အဲ့ဒီလိုအကြမ်းဖက်မှုတွေကိုခံစားရတဲ့အမျိုးသမီးတွေရဲ့ခံစားချက်တွေ သူတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ဒါကြီးကိုတွန်းလှန်ပြီး ရှေ့ဆက်နိုင်ဖို့အတွက်ခွန်အားပေးပြီးရိုက်ကူးထားတဲ့ 2024 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Women From Rote Island ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အောပါဆိုတဲ့အမျိုးသမီးရဲ့ခင်ပွန်းဆုံးပါးသွားတဲ့ အတွက် ဈာပနလုပ်ဖို့အချိန်တန်နေပေမဲ့ တစ်နယ်တစ်ကျေးမှာအလုပ် သွားလုပ်နေတဲ့ သမီးကြီး မာသာ အိမ်ကိုပြန်မလာသေးတာကြောင့် တစ်ပတ်ကြာတဲ့အထိရုပ်အလောင်းကြီးကိုမပုပ်သိုးအောင်ထားထားရတဲ့ အပြင် အသုဘလာရောက်တဲ့ ရပ်ရွာဆွေမျိုးတွေလည်း ရက်တွေကြာ လာတော့အခက်တွေ့လို့နေကြပါတော့တယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ မာသာပြန်ရောက်လာခဲ့ပေမဲ့ အရင်တုန်းက မဖြစ်ခဲ့ဖူးတဲ့စိတ်ဝေဒနာဖြစ်နေခဲ့ပါတော့တယ်။ဒါပေမယ့်လည်း ဈာပနပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အောပါနဲ့ သမီးဖြစ်သူ မာသာ ဘက်သာတို့နဲ့အတူဒီရွာလေးမှာပဲဆက်နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမယ့် အိမ်မှာယောက်ျားသားလည်းမရှိတော့တဲ့ အောပါတို့အိမ်က မသမာသူတွေအတွက်မျက်စိကျစရာဖြစ်ပြီး သမီးနှစ်ယောက်လုံး လိင် အကြမ်းဖက်ခံခဲ့ရတဲ့အခါမှာတော့ အမေတစ်ယောက်အနေနဲ့ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရှုစားရမဲ့ ပညာပေး ဒရာမာဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (2.53GB) / (1.27GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Horror
6.7 2024 143 mins
Women from Rote Island
Baapu – A Father’s Story
6.4

Baapu – A father story (2025) “မိသားစုရဲ့ပဲ့ကိုင်ရှင်” မြို့ပြဘ၀ရဲ့မွန်းကျပ်မှုတွေကနေ ခဏတာပြေပျောက်ချင်သူတွေအတွက် တေလဂူစကားပြော ကျေးလက်ဒရာမာဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လယ်သမားကြီးတစ်ယောက်ရဲ့ဘ၀နဲ့ ကျေးလက်လူနေမှုဘ၀ကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတယ်လို့လည်း ဆိုပါတယ်။ ‌မာလေယာဟာ ဇနီးဖြစ်သူနဲ့အတူ မောင်တစ်ထမ်းမယ်တစ်ရွက် ရွာမှာလယ်လုပ်ရင်း ဘ၀ကိုရုန်းကန်နေတဲ့ လယ်သမားတစ်ယောက်ပါ။ သူ့မှာ သုံးဘီးမောင်းတဲ့ သားဖြစ်သူနဲ့ ကျောင်းတက်နေတဲ့ သမီးဖြစ်သူတို့အပြင် အမြဲရှက်ကီထုနေတဲ့ဖခင်အိုကြီးလည်း ရှိပါတယ်။ လယ်ပိုင်ဖြစ်ပြီး အလုပ်ကြိုးစားပေမဲ့ မာလေယာရဲ့ဘ၀ဟာ အကြွေးပတ်လည်ဝိုင်းနေတာကြောင့် မလူးသာမလွန့်သာအခြေအနေပါပဲ။ အကြွေးရှင်တွေရဲ့ဖိအားတင်မက သားကတစ်မျိုး သမီးကတစ်မျိုး ဒုက္ခလှလှလေးတွေကိုယ်စီပေးတတ်ကြပါသေးတယ်။ ပိုဆိုးတာက သူ့လယ်ကထွက်တဲ့သီးနှံတွေအကြောင်းကြောင်းကြောင့် ဆုံးရှုံးသွားရတဲ့အခါ မာလေယာတစ်ယောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြံစည်မိတဲ့အထိပါပဲ။ အကောင်းနဲ့အဆိုးဒွန်တွဲနေတတ်တဲ့ ဘ၀ဆိုတာကလည်း ကောင်းတစ်ခါ ဆိုးတစ်လှည့်လာတတ်တာမို့ မာလေယာတစ်ယောက် ဘယ်လိုကံအလှည့်အပြောင်းတွေ တွေ့ရဦးမလဲ၊ ဘယ်တော့များမှ ကံတရားကမျက်နှာသာပေးတာကို ခံရမလဲ၊ သူတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒရာမာများများ ဟာသပါးပါးနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

6.4 2025 112 mins
Baapu – A Father’s Story