YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Legend of Heroes E29 720p WEB-DL CM.mp4

248.18 MB 720p video/mp4 346 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blind
7

Blind 2023 Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။ တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL

Comedy • Drama
7 2023
Blind
Hidden Gems
6.2

~ IMDb rating - 6.5/10 ~ အချစ်ဆိုတာ မှော်ဆန်တယ်တဲ့... လူတစ်ယောက်ကို မျက်လုံးထဲ စိုက်ကြည့်လိုက်ရုံနဲ့ တစ်ဘဝလုံးကို သူ့ခြေရင်းမှာ ပစ်ချပြီး အညံ့ခံချင်ရလောက်အောင် ညှို့ငင်ဖမ်းစားနိုင်တဲ့ စွမ်းအားအကြီးဆုံး မှော်အတတ်က အချစ်မဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ။ တစ်ဘဝလုံး ယုံကြည်လာသမျှကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ တစ်သက်လုံးမှာ အမြဲတမ်းနောက်ဆုတ်နေတတ်တဲ့သူကိုတောင် ရဲရင့်စေနိုင်တယ်။ အချစ်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်စေတယ်။ ချစ်ခွင့်ရတာဟာ ကံကောင်းမှုလို့ ပြောချင်ပါတယ်။ ချစ်ခြင်းကို ခံရရင်တော့ အကောင်းဆုံး ကံတရားကို ပိုင်ဆိုင်ခွင့်ရတာပေါ့... Hidden Gems က ၂၀၂၂ ထွက် Romance ဇာတ်ကားလေးပါ။ မိသားစုအတွက် ဘဝကို ပေးအပ်ထားတဲ့ အက်ဒီ အစ်မရဲ့ မင်္ဂလာဆောင်အတွက် အလုပ်ရှုပ်နေပါတယ်။ ဒါတင်မဟုတ်ပါဘူး သူ့အစ်မ ကိတ် ရဲ့ အောင်မြင်စပြုနေတဲ့ ကုမ္ပဏီကိုလည်း ဦးစီးနေရပါသေးတယ်။ ကိတ်ရဲ့ ဟာဝါအီမှာ ကျင်းပတဲ့ မင်္ဂလာဆောင်မှာ သူ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ အဖြစ်မျိုးနဲ့ကြုံရပြီး သူ့ရဲ့ပျောက်ကွယ်နေတဲ့ ရတနာလေးတွေကို ရှာတွေ့တာကို ကြည်ကြည်နူးနူးကြည့်ရမယ့် အချစ်ကားလေးတစ်ကားပါပဲ... (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.74GB, 1.12GB Quality - Blu-ray 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 25Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Adventure • Drama • Family • Fantasy
6.2 2022 84 mins
Hidden Gems
The Action Pack
6.3

Haita De Acțiune (2023) Romania က ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တာ၀န်မကျေပွန်မှုတွေ၊ မတရားမှုကို လျစ်လျူရှုထားတာတွေကို အခြေတည်ရိုက်ကူးထားတဲ့ Romanian ဟာသဆန်ဆန် အက်ရှင်ကား လာပါပြီ။ ဒီမှာ အဓိကဇာတ်ကောင်က ဒန်ဇယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲပါ။ သူ့ရဲ့ငယ်ဘ၀သူရဲကောင်းတွေက မတရားမှုကို တိုက်ခိုက်သူတွေဖြစ်ပြီး ဒန်ဇယ်ကလည်း သူတို့လို ဖြစ်ချင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ စာမေးပွဲကျတဲ့အတွက် ရဲအရာရှိဖြစ်မလာဘဲ ယာဉ်ထိန်းရဲလုပ်နေရသူပေါ့။ ဒန်ဇယ်အဖေကလည်း တစ်ချိန်က ယာဉ်ထိန်းရဲလုပ်ခဲ့ပြီး တရားမျှတမှုအတွက်ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ ဌာနမှာ ခုထိလှောင်စရာဖြစ်နေပါတယ်။ သားအဖ၂ယောက်လုံး ဌာနမှာ သိုးမည်းဖြစ်နေတာပေါ့။ ဒန်ဇယ်တို့ မြို့မှာ ရဲတွေက သူတို့လုပ်ရမယ့်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်ပါတယ်။ ကိုကိန်းသုံးတာ အရက်သောက်တာ အလှပြင်တာ မိန်းမရှုပ်တာ အကုန်ပါပဲ။ ရဲတွေနဲ့ လူကြီးပိုင်းတွေ ပေါင်းပြီးတော့ အကျင့်ပျက်နေကြတာပါ။ သူတို့အတွက် တရားမျှတမှုဆိုတာ ဟာသလိုကို ဖြစ်နေတာပါ။ ဒန်ဇယ်ကတော့ ဒါတွေကို ပြောင်းလဲချင်ပါတယ်။ သူတို့မြို့က လောင်းကစားအိမ်ကို ဓားပြတိုက်တဲ့သူတွေကို ရအောင်ဖော်မယ်ဆိုပြီး မစ်ရှင်စပါတယ်။ သေချာပေါက် ရဲမှူးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သဘောမတူပါဘူး။ ဒန်ဇယ် တရားခံလို့ ထင်တဲ့သူက အထက်လွှတ်တော်အမတ်ရဲ့ သား ဖြစ်နေတဲ့အခါ... ဓားပြမှုကို ဆက်ပဲဖော်မလား... တခြားရဲတွေလိုပဲ မသိသလိုနေမလားဆိုတာကတော့.... ဒန်ဇယ်ရဲ့ Character ကို အလေးအနက်ကြီးမဟုတ်ဘဲ အူကြောင်ကြောင် ငတုံးလို လုပ်ထားတာမို့လို့ ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 740MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 39Min Genre - Action, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama
6.3 2023 99 mins
The Action Pack
The Fix-It Man
5.5

The Fix-It Man (2022) ================= လူတစ်ယောက်ရှိတယ်။ မတော်မတည့်ကံကြမ္မာက ကျီစယ်လို့ နေရင်း ထိုင်ရင်း အလောင်းတစ်လောင်းကို အိမ်သယ်လာရတယ်။ ဘယ်လိုကံ ကြမ္မာအကျိုးပေးရယ်မသိ အလောင်းကိုအသုံးချပြီးလုပ်လို့ရတဲ့ စီးပွား ရေးဂွင်ကောင်းကိုပါ ထပ်တွေ့တယ်။ ဒါပေမဲ့ သူ့ကိုယ်ကျင့်တရားကြောင့် မြှောက်ပေးတဲ့သူကိုပါမာန်မဲပြီး မလုပ်ဘူးငြင်းလွှတ်လိုက်တယ်။ တစ်နေ့တော့ အဲဒီလူ အချစ်နဲ့တွေ့တယ်။ အဲ့အချစ်ဒုက္ခရောက်တော့ သူ့ကိုယ်ကျင့်တရားအရ ငြင်းပယ်ထားတဲ့အလုပ်ကို လုပ်ဖို့ဆုံးဖြတ်လိုက် တယ်။ သူ့ဘေးမှာ‌အပေါင်းအသင်းတွေရှိတယ်။ မိတ်ဆွေစစ်ကတစ်ယောက် တည်း။ မိသားစုကတစ်ယောက်တည်း။ ကံကြမ္မာက ထပ်လှည့်စားပြန်တယ်။ နောက်ဆုံးမှာ သူဖွတ်ဖွတ်ကြေအောင် လောကဓံထောင်းတာခံလိုက်ရတယ်။ ဒါပေမဲ့ ကံကြမ္မာကြီးက သနားသွားဟန်တူရဲ့။ သူ့ကိုထပ်ပြီးမြှောက်စားပြန်တယ်။ ဒီလိုနဲ့ ဒီဇာတ်လမ်းဖြစ်လာတယ်ပေါ့လေ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.1 GB) / (750 MB) / (500 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Translator…….Ngwe Zin Encoder……….SWM

5.5 2022 113 mins
The Fix-It Man
Master Gardener
6.3

Master Gardener (2022) ~ IMDb – 6.3/10, Rotten Tomatoes – 70% ~ “God’s Lonely Man” ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ “God’s Lonely Man” ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက “ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ” ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 51Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.3 2022 111 mins
Master Gardener
Gilda
7.6

Gilda (1946) ~ IMDb – 7.6/10, Rotten Tomatoes – 90% ~ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။ အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။ Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ဝဲခနဲခါလိုက်တဲ့အချိန်ကတော့ ကျုပ်အကြိုက်ဆုံး အခန်းပဲဗျို့ တဲ့။ ဒီတော့ အခု အဲဒီ Gilda ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မှော်ဆရာမလေး၊ ရှေးခေတ်ရဲ့ အတောက်ပဆုံးကြယ်တစ်ပွင့် Rita Hayworth ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားပါ။ အမေရိကန်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားရမယ့် အမွေအနှစ်ဇာတ်လမ်းစာရင်းမှာ တင်သွင်းသတ်မှတ်ခံထားရတဲ့ ဇာတ်လမ်းပေါ့။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအသားပေးရိုက်ကွက်တွေနဲ့ပေါ့ဗျာ။ နှမြောစရာကောင်းတာက ဇာတ်ဝင်တေးတွေကို စာတန်းထိုးမထားတာပဲ။ ဒါပေမဲ့ “Put the Blame on Me” နဲ့ “Let Be the Night Forever” ဆိုပြီး ရှာနားထောင်ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကျဉ်းကတော့ လောင်းကစားနဲ့ ဘဝကိုဖျံကျလာတဲ့ ကောင်ကလေး ဂျွန်နီ ဖဲရာ ကို လုပ်ငန်းရှင်ကြီးတစ်ယောက်က သဘောကျလို့ လူယုံတော်အဖြစ် ခန့်လိုက်သတဲ့။ လုပ်ငန်းရှင်ကြီး မတ်ဆွန် က နှယ်နှယ်ရရတော့ မဟုတ်ဘူး။ လောင်းကစားက တရားမဝင်တဲ့ အာဂျင်တီးနားနိုင်ငံမှာ လောင်းကစားရုံဖွင့်နေတဲ့ဘဲကြီး။ လောင်းကစားရုံက ဟန်ပြပဲရှိပါတယ်လေ။ တကယ်က အဖြိုက်နက်သတ္တုတူးဖော်ရေးနဲ့ တီထွင်မှု မူပိုင်ခွင့်တွေနဲ့ စစ်ကြီးပြီးကာစ ကမ္ဘာကို စီးပွားရေးနဲ့ အုပ်စိုးဖို့ ပြင်နေသူကြီးပေါ့။ ဂျွန်နီက သူ့ရဲ့ အာစရိကို မျိုးစုံကာကွယ်ပေး၊ လုပ်ငန်းတွေ ဦးစီးပေးလို့ အာမခံသေတ္တာနံပါတ်တောင် ပြောပြခြင်းခံရသူပါ။ ဒါပေမဲ့ မတ်ဆွန် တစ်ယောက် မိန်းမယူပြီး ပြန်လာချိန်မှာတော့ အရာအားလုံးက ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ချစ်သူဟောင်းကို ဆရာကတော်အဖြစ် ရင်ဆိုင်ရမယ့် ဂျွန်နီ တစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ… အရှုပ်တော်ပုံကြီးထဲမှာ အရူးလင်တော်မိတဲ့ ဂီဒါ လေးကရော ဘာဆက်လုပ်မလဲ… Rating သိပ်ကောင်းတဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ ဇာတ်ကွက်တွေ၊ သရုပ်ဆောင်တွေက ပိရိလွန်းပါတယ်။ သီချင်းတွေ၊ ကတဲ့ဝတ်စုံတွေကလည်း တစ်ခေတ်တစ်ယောက် ပညာရှင်တွေ အစွမ်းကုန်ကြဲထားတာမလို့ ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားဟောင်းလေးဖြစ်ပါကြောင်း…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 887MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 50Min Genre – Drama, Film-Noir, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.6 1946 110 mins
Gilda
Half Baked: Totally High

စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။ အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။ File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Half Baked: Totally High
Single8
6.8

Single 8 (2023) ဒီရုပ်ရှင်က ခမ်းခမ်းနားနားရုပ်ရှင်တော့မဟုတ်ဘူး။ ဒါပေမဲ့ ခမ်းခမ်းနားနားရုပ်ရှင်တစ်ခုကြောင့် ရုပ်ရှင်ရိုက်ဖြစ်သွားတဲ့အကြောင်း ရုပ်ရှင်။ အဲဒီခမ်းခမ်းနားနားရုပ်ရှင်ဆိုတာက ကမ္ဘာ့ရုပ်ရှင်လောကကို ကိုင်လှုပ်တဲ့ Star Wars ။ အမေရိကန်မှာပြပြီးတစ်နှစ်အကြာ ၁၉၇၈ဇွန်လမှာ Star Warsက ဂျပန်ကိုရောက်လာခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ သမားရိုးကျ သိပ္ပံရုပ်ရှင်တွေရဲ့ သမားရိုးကျပုံစံတွေအားလုံးကနေခွဲထွက်ပြီး ဝေဖန်ရေးသမားတွေချီးကျူးတာခံခဲ့ရတယ်၊။ ဒီဇာတ်လမ်းက Star Warsကနေ အနုပညာဓာတ်ခံနိုးကြားပြီး သူတိုကိုယ်ပိုင် ရုပ်ရှင်ကိုရိုက်ဖိုဆုံးဖြတ်လိုက်တဲ့ ဆယ်ကျော်သက်လေးတွေအကြောင်းပဲ။ ဒီရုပ်ရှင်က ပြောရရင် ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်လေးတွေ ကျောင်းနှုတ်ဆက်ပွဲမှာ ပြဖို ရုပ်ရှင်ရိုက်ကြတဲ့အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်အိမ်က ၁၉၈၀မတိုင်ခင်ကာလတွေမှာ တည်ထားတယ်။ ဒီကောင်လေးတွေက စစချင်း စပီးဘာ့ချ်ရဲ့ Jawsကို ဝက်ဝံလိုက်တဲ့ ပုံစံနဲ့ ပြောင်းရိုက်ခဲ့တယ်။ တော်တော်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက် စတာဝါးစ်ထွက်လာတော့လည်း စတားဝါးစ်ကို တော်တော်လေးရူးသွပ်ခဲ့ကြတယ်။ စတားဝါးစ်ထဲကလို အာကာသယာဉ်အရုပ်တွေလိုက်လုပ်ပြီး စတားဝါးစ်လို ရုပ်ရှင်ကိုပါ ရိုက်ချင်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းနှုတ်ဆက်ပွဲအတွက် ရုပ်ရှင်ရိုက်ရဖို အကြောင်းဖန်လာတဲ့အခါ စတားဝါးစ်လို သိပ္ပံရုပ်ရှင်ကားတစ်ကားရိုက်ပြဖို ကြံခဲ့ကြတယ်။ စတားဝါးစ်လိုကားကို ချစ်လို အဲဒီလိုကားမျိုး ရိုက်ချင်ခဲ့တဲ့ ဆယ်ကျော်သက်လေးတွေ သူတိုရုပ်ရှင်ကားကို ဘယ်လိုအသက်သွင်းလဲဆိုတာကိုပဲ ဒီရုပ်ရှင်တစ်လျှောက်လုံးမှာ ပြထားတယ်။ ဒီရုပ်ရှင်က အကောင်းကြီးတော့မဟုတ်ဘူး ဒါပေမဲ့ တော်တော်ချစ်စရာကောင်းတဲ့ရုပ်ရှင်ပဲ။ တစ်ခုရှိတာက ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်တွေကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပဲ။ ဘာပစ္စည်းမှမရှိ ဘာမှမရှိသလောက်ဖြစ်နေတဲ့ အခြေအနေမှာ သူတို ဒီရုပ်ရှင်ကို ရအောင်ဘယ်လိုအသက်သွင်းလဲကြည့်ရင်း ကြည့်နေတဲ့သူပါ ရိုက်ချင်တဲ့စိတ်ရှိခဲ့ရင် ဖြစ်အောင်ရိုက်ပြချင်သွားအောင် လှုဆော်နိုင်တဲ့ ရုပ်ရှင်လိုပြောရမယ်။ ကူးဘရစ် ကူရိုဆာဝါ စပီးဘာ့ချ် ဂျော့လူးကပ်စ်တိုကို homageပေးသွားတဲ့အပြင် တခြားရုပ်ရှင်တွေကိုလည်း ထည့်ချီးကျူးထားတယ်။ ဘာမှတော့ ခမ်းခမ်းနားနားမဟုတ်ပေမဲ့ ရုပ်ရှင်ကိုချစ်ကြတဲ့ လူငယ်တစ်စု ရုပ်ရှင်ရအောင်ရိုက်ဖိုလုပ်ကြတာကို ကြည့်ရတာက တော်တော်လေး အရသာရှိနေတယ်။ သူ့နာမည်က Single 8ကိုက ဖူဂျီကနေထုတ်ထားတဲ့ အပျော်တမ်းသမားတွေသုံးဖိုထုတ်ပေးထားတဲ့ ဖလင်တစ်မျိုးရဲ့နာမည်ပါပဲ။ တစ်ခုရှိတာက ပုံမှန်ဆိုရင် ရုပ်ရှင်ထဲ ရိုက်နေတဲ့ရုပ်ရှင်ကို ရုပ်ရှင်ထဲ သေချာဇာတ်ရည်လည်အောင် မပြကြပေမဲ့ ဒီထဲတော့ သေချာပြသွားတယ်။ ရုပ်ရှင်ထဲက ရုပ်ရှင်ကလည်း ခမ်းကြီးနားကြီးမဟုတ်ပေမဲ့ သိပ္ပံရုပ်ရှင်တွေကို Homageပေးထားတဲ့ အသိအမှတ်ပြုလိုရတဲ့ရုပ်ရှင်လိုပဲ ပြောရပါမယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(2.5GB)/(1.2B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

Action • Horror • Western
6.8 2023 112 mins
Single8
There’s Still Tomorrow
7.7

၂၀၂၃ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ အီတာလျံစကားပြော ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ဟာ အီတလီပြည်တွင်းမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရောမရုပ်ရှင်ပွဲတော်မှာ ဆုသုံးခု ရရှိခဲ့တဲ့အပြင် အီတလီနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အီတာလျံခေါင်းစဥ်က C’è ancora domani ဖြစ်ပြီး Period Comedy-Drama အမျိုးအစားပါ။ ဇာတ်အိမ်ကို ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတည်ထားပြီး Delia ဆိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အဲဒီခေတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခတွေနဲ့ လူတန်းစားရုန်းကန်မှုတွေကို ပြဆိုထားတာ ဖြစ်ပါတယ်။ Delia ရဲ့ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် နှိပ်စက် ချုပ်ချယ်တတ်တဲ့ လူစားမျိုးဖြစ်ပြီး သမီးဖြစ်သူ Marcella နဲ့ သားနှစ်ဦးရှိပါတယ်။ Delia ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်ရသလို အပြင်ထွက်ပြီး ငွေလည်းရှာရပါသေးတယ်။ ဒီကြားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ မထင်ရင် မထင်သလို ရိုက်နှက်ခြင်းကိုလည်း ခံရပါသေးတယ်။ သမီးဖြစ်သူကို အိမ်ထောင်ချပေးရေး ကိစ္စနဲ့ ဗျာများနေတုန်းတစ်နေ့မှာ မမျှော်လင့်ဘဲ စာတိုက်ကနေ မဲပေးခွင့်လက်မှတ် တစ်စောင် ရလာရာကနေ အစပြုပြီး မိမိရသင့်ရထိုက်တဲ့ အခွင့်အရေးကို အရယူဖို့ စတင်နိုးကြားလာပါတော့တယ်။ ဒါရိုက်တာဖြစ်သူရဲ့ ပထမဆုံးလက်ရာဖြစ်ပြီး ရုပ်ရှင်တစ်ခုလုံးကို Neo-realism ပုံစံနဲ့ အဖြူအမည်းကာလာ ရိုက်ကူးထားပါတယ်။ စစ်ပြီးခေတ် ဖိုဝါဒီကြီးစိုးမှုနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို မီးမောင်းထိုးပြထားပြီး အမျိုးသမီးတွေကို ပထမဆုံးအကြိမ် မဲပေးခွင့်ပြုတဲ့ ၁၉၄၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ရွေးကောက်ပွဲ ပုံရိပ်တွေကိုလည်း တွေ့မြင်ရပါတယ်။ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် ဥရောပရုပ်ရှင်နှစ်သက်သူများ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ File size…(2.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.7 2023
There’s Still Tomorrow
The Devil’s Game
6.6

The Devil’s Game (2008) ************************** ဒီကားလေးမှာတော့ မကြာခင်ကမှပြသသွားတဲ့ The Auditors ကားထဲက မင်းသားကြီး Shin Ha Kyun Byun Hee Bong နဲ့ Lee Hye Yeong တို့လို ဝါရင့်သရုပ်ဆောင်များ အဓိပါဝင်ထားပါတယ် .. Hee Do ဆိုတဲ့လူက အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ ပုံတူဆွဲပန်းချီဆရာတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ သူ့ဆီကို prank call လိုလိုဖုန်းတစ်ခုဝင်လာပါတယ် .. နောက်တစ်နေ့မှာ မိန်းမတစ်ဦးရောက်လာပြီး သူမဟာ prank call ခေါ်တဲ့သူရဲ့ဇနီးဖြစ်တယ်လို့ဆိုကာ HeeDo ကို ခဏလိုက်ခဲ့ဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်… အဲဒီကိုရောက်တဲ့အခါ prank call ခေါ်တာက အဘိုးကြီးတစ်ဦးဖြစ်နေပြီး HeeDo ကို ဂိမ်းတစ်ခုကစားဖို့ ကမ်းလှမ်းပါတော့တယ် .. HeeDo နိုင်ရင်ဝမ် ၃သန်းရမှာဖြစ်ပြီး ရှူံးသွားရင်တော့ သူ့ရဲ့ခန္ဓာကိုယ်ကိုပေးဆပ်ရမှာပါ… အကြွေးနစ်နေတဲ့ HeeDo တစ်ယောက်ဂိမ်းကိုလက်ခံပြီး နိုင်မလား ရှူံးမလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ .. File size…1.88GB / 809MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 51m Genre ….. Thriller, Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Eric Encoded by AHtet

Drama • Action
6.6 2008
The Devil’s Game
Udaan
8.1

Udaan (2010) ************** IMDb….8.1 တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်… ဘာဖြစ်လို့ အဲဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တအားချစ်မှန်းသိရင် ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်….မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့ အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်… အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ….ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလို အရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့ ပြုစုပျိုးထောင်ပုံသွင်းကြတယ်…တချို့သောကလေးတွေအတွက် အဆင်ပြေပေမဲ့ ၀ါသနာနဲ့ နှလုံးသားရဲ့ မြတ်နိုးရာ လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်.. ..နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမဲ့ အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်.. ..ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ….. အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး (၄၆) ကားစာရင်းထဲပါခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်လမ်းဆု၊ အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အခြေားဆုပေါင်းများစွာရရှိထားပါတယ်…. ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး…. ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်း ခင်ဗျားဟာ ဒီကားကြည့်ပြီး သတိထားမိသွားလိမ့်မယ်… အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာ Udaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်…..) File Size… 3.64GB/ 1.11GB Quality…Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Lyric Lynn Khant

Horror • Science Fiction
8.1 2010 138 mins
Udaan
Bila Esok Ibu Tiada
5.7

Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)

Thriller • Crime
5.7 2024 104 mins
Bila Esok Ibu Tiada