YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Legend of Detective Sleek Rat 6 Real Bai Yutang VS Pretended Bai Yutang (2019) 1080p WEB-DL CM.mp4

988.47 MB N/A video/mp4 171 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hit Man
4

2022 ခုနှစ်ထဲမှာပဲ ထွက်ရှိခဲ့တဲ့ Hitman ဆိုတဲ့ လူသတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ မီးလောင်သေဆုံးမှုကို စုံစမ်းပြီး ကျူးလွန်သူတွေကို လက်စားချေချင်တဲ့ ပတ်ဂျောင်းဂျာဟာ ... ဘာလို့ စုံစမ်းချင်တာလဲဆိုတော့ သေဆုံးသူတွေ သူ့သားရဲ့ မိသားစုဝင်တွေ ဖြစ်နေတာကြောင့်ပါ။ သားဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ ဒီလိုကိစ္စတွေမှာ ကြေးစားအဖြစ် လုပ်ကိုင်နေတဲ့ ကွပ်ကဲရေးမှုးရှင်းဆီ အမှုလာအပ်ပါတော့တယ်။ ကွပ်ကဲရေးမှူးရှင်းက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပညာရှင်ဆိုတဲ့ ကြေးစားလူသတ်သမားကို တာဝန်ပေးလိုက်တဲ့အခါ ... ပစ်မှတ်ကို သတ်မှတ်လိုက်ရင် နည်းလမ်းတွေရွေးမနေဘဲ သွေးအေးအေးနဲ့ လူသတ်ပေးတဲ့ ပညာရှင်တစ်ယောက် ... ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ဘယ်လိုရှာဖွေပြီး လက်စားချေပေးမလဲဆိုတာ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Estel ပါ။) File Size          : 1.3GB, 467MB, 235MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 31mins Genre              : Crime, Thriller Translated by Estel Encoded by Kinnov

Crime • Drama
4 2022
Hit Man
21 Grams
7.3

Directed by Alejandro G. Iñárritu IMDb Rating - 7.7/10 21 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ၃ကားကိုရိုက်ကူးခဲ့ပြီး ၃ကားလုံး ရုပ်ရှင်ကောင်းတွေဖြစ်ပြီး Birdmanနဲ့ The Revenantကတော့ အော်စကာ ၄ဆုနဲ့ ၃ဆုစီ ရခဲ့ပြီး birdman ကတော့ best pictureပါ ရခဲ့ပါတယ်။ ၆ကားပဲ ရိုက်ပြီး ၆ကားလုံး မာစတာပိစ်ဖြစ်နေတဲ့ သူလို ပြောလည်း မမှားပါဘူး။ သရုပ်ဆောင်တွေကလည်း Sean Penn ,ချေဂွေဗားရားမင်းသား Benicio Del Toro , Mulholland Drive နဲ့ ကင်းကောင်မင်းသမီး Naomi Watts တိုလို နာမည်ကြီး သရုပ်ဆောင်တွေပါ။ Del Toroနဲ့ Naomiဟာ ဒီရုပ်ရှင်နဲ့ပဲ အော်စကာsupporting ဆန်ခါတင်တွေ ဝင်ခဲ့ကြပါတယ်။ Del Toroကြီးရဲ့ ပီပြင်ပုံကလည်း ရူးလောက်ပါတယ်။ ၁၉၀၇မှာ Duncan MacDougallဟာ The 21 grams experiment ဆိုတဲ့ စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ သူ့သီဝရီကတော့ လူ့ဝိညာဉ်မှာ ဒြပ်ထုအလေးချိန်ရှိပြီး အဲဒီဒြပ်ထုအလေးချိန်က ၂၁ဂရမ်ပါတဲ့။ ဒါကြောင့် လူတွေသေသွားရင် သေသေပြီးချင်းမှာ အလေးချိန်၂၁ဂရမ် ဆုံးရှုးသွားတယ်တဲ့။ ဒီရုပ်ရှင်ကတော့ အဲဒီ၂၁ဂရမ်ဆိုတဲ့ ဆုံးရှုးမှုမှာ အဆုံးအရှုးတွေ ဘယ်လောက်ပါဝင်နေလဲ။ အဲဒီ၂၁ဂရမ်ကို ဘယ်အချိန်မှာ တကယ်တမ်း ဆုံးရှုးသွားလဲ။ သေသူဆီက ဆုံးရှုးသွားတဲ့ အဲဒီ၂၁ဂရမ်ဟာ ကျန်ရစ်သူတွေဆီ ဘယ်နှဂရမ် ဘယ်နှအသည်းကွဲစာ ရောက်သွားလဲ။ အဲဒီဆုံးရှုးသွားတဲ့ ၂၁ဂရမ်မှာ စိတ်ဝိညာဉ်ပါဝင်မှု ဘယ်လောက်များလဲဆိုတဲ့ အမေးကို မေးပြီး ရိုက်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီထဲမှာ ဇာတ်ကောင်မိသားစု၃ခုပါဝင်ပါတယ်။ မတော်တဆဖြစ်သွားတဲ့မိသားစုရယ် ၊ မတော်တဆမှုတရားခံရယ် ၊ အဲဒီမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားတဲ့လူဆီက နှလုံးကိုရလိုက်တဲ့သူရယ်ပါ။ သေတော့မယ့်လူရယ် ၊ အပြစ်ရှိတဲ့သူရယ် ၊ ကျန်ရစ်သူရယ်ဆီကို သေပြီးတဲ့လူတစ်ယောက်ရဲ့ ၂၁ဂရမ်ရဲ့ လေးလံခြင်း သိပ်သည်းခြင်းတွေအကြောင်း အပြစ်ရှိစိတ်‌တွေအကြောင်း ရိုက်ထားတယ်လို ပြောလိုရပါတယ်။ ဇာတ်လမ်းရဲ့ conceptကိုက ထူးခြားနေတာကို Alejandroက Nonlinearနဲ့ပြထားပါတယ်။ စစချင်းမှာ ကြည့်တဲ့သူကို ဘယ်မိသားစုက ဘယ်သူ့မိသားစုလဲတောင် ရောအောင် ပြထားပြီး ကြာရင်တော့ ရှုပ်မနေဘဲ ဇာတ်ရည်လည်သွားပါတယ်။ ကြည့်တဲ့သူရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ တော်တော်သေသပ်တဲ့ပြသမှုပါပဲ။ သရုပ်ဆောင်တွေ တော်တော်လေး သရုပ်ဆောင်ကောင်းနေတာကလည်း ဒီဇာတ်လမ်းရဲ့ ကြည့်သူကို ဖမ်းစားနိုင်တဲ့ အဓိကအချက်တစ်ချက်ပါပဲ။ ၅ဆင့်တန်အကြွေစေ့ငါးပြားရဲ့ အလေးချိန် ငှက်ပိတုန်းတစ်ကောင်ရဲ့အလေးချိန် ချောကလက်တစ်ချောင်းရဲ့ အလေးချိန် ၂၁ဂရမ်ဟာ ဘယ်လောက်များလေးလံလဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1GB) Quality__Bluray_1080p, 720p IMDb Rating__7.7/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Drama • Romance
7.3 2003 124 mins
21 Grams
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Typhoon
5

ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကိုသိုင်းလောကကနေခဏနားပြီး မတူညီတဲ့ရသတစ်မျိုးခံစားကြည့်နိုင်အောင် သဘာဝဘေးအန္တရာယ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ Zhang Yi Fan ဆိုတဲ့ ကယ်ဆယ်ရေးသမားကြီးဟာ ၂၀၁၁ခုနှစ်လောက်တုန်းမှာ ပြင်းထန်တဲ့မုန်တိုင်းကြားမှာ သူတစ်ပါးကိုကယ်ဖို့ကြိုးစားရင်း သူ့သားအရင်းကိုဆုံးရှုံးလိုက်ရပါတယ်။ သားကိုဆုံးရှုံးရပြီးနောက်ပိုင်းမှာ ၁၀နှစ်ကြာတဲ့အထိ သူ့ဘဝဟာအဲဒီအရိပ်မဲထဲကနေမထွက်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သူ့ဇနီးနဲ့သမီးဟာ သူနဲ့ကင်းကင်းရှင်းရှင်းနေဖို့တောင်းဆိုလာကြပါတယ်။ သူ့သမီးလေးYao Yao ရဲ့မွေးနေ့မှာ မုန်တိုင်းကြီးထပ်ကျရောက်လာပါတော့တယ်။ ဒီမုန်တိုင်းဟာသာမန်မုန်တိုင်းဖြစ်ပေမယ့် ကမ္ဘာကြီးရဲ့ဝင်ရိုးစွန်းလည်ပတ်နှုန်းဟာမြင့်တက်လာတဲ့အတွက် အီကွေတာအနီးတစ်ဝိုက်ကလှိုင်းတွေဟာမြင့်တက်လာပြီး ကမ်းရိုးတန်းတွေဆီရောက်တဲ့အခါဆူနာမီလိုလှိုင်းကြီးတွေဖြစ်သွားပြီး အလွန်အားပြင်းတဲ့မုန်တိုင်းအသွင်ပြောင်းသွားပါတော့တယ်။ အဲဒီအချိန်မှာမွေးနေ့ပွဲကျင်းပနေတဲ့ Yao Yao ဟာ သူ့ရဲ့သူငယ်ချင်းနဲ့ မြေအောက်ခန်းထဲမှာပိတ်မိသွားပါတယ်။ အလွန်အားပြင်းတဲ့မုန်တိုင်းကြားမှာ ကယ်ဆယ်ရေးသမားကြီးတစ်ယောက်ဇနီးနဲ့သမီးကိုဘယ်လိုကယ်တင်ရပါ့မလဲ။ သားကိုဆုံးရှုံးလိုက်ရသလိုမျိုးထပ်မဖြစ်ရလေအောင် ကယ်ဆယ်ရေးသမားကြီး အစွမ်းကုန်ကြိုးစားပုံကို သဲထိတ်ရင်ဖိုအားပေးလိုက်ကြပါဦးရှင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

5 2022 73 mins
Typhoon
(18+)Parasite Choon
5

(18+)Parasite Choon (2021) ဇာတ်လမ်းဇာတ်ကွက်လေးကောင်းမှ မှောင်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ဖို့အကြံပေးပါရစေ Parasite ဇာတ်ကား ကျောရိုးနဲ့ဆင်တူလေး ရိုက်ထားပြီး ဇာတ်လမ်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် အဓိကဇာတ်ကကောင်ကတော့ ကိုယ်တွေမြင်နေကြပွဲတိုင်းကျော် ကိုရီးယား18+ဇာတ်ပေါ့ ဒါပေမယ့် ဒီတစ်ခါဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းတယ် မြင်နေကြ မင်းသားထဲက ပွဲတိုင်းကျော်မင်းသားက ကုမ္ပဏီပိုင်ရှင် သူဌေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး အလှတရားတွေနဲ့ပြည့်စုံနေတဲ့ ကောင်မလေးတစ်ယောက်ကသူ့အိမ်မှာကပ်နေချင်လို့ စပွန်ဆာရှာရင်း တမျိုးလုံးတဆွေလုံး အလုပ်ခေါ်ခန့်လိုက်ရတဲ့ဇာတ်ကြောင်းလေးပါ အကြင်နာတွေလဲပေး အလုပ်လည်းပေး နောက်ဆုံး ဘယ်လိုသင်ခန်းစာရမယ်ဆိုတာတော့ ဒီပညာပေးကားလေးကြည့်ရင် ပညာယူလိုက်ကြပါဦး File size…1.4GB / 652MB Quality…1080p  /720p Format…mp4 Duration….1h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by FOX

Drama
5 2021 60 mins
(18+)Parasite Choon
Spectral
6.4

စစ်ကားရုပ်ရှင်တွေ ကြိုက်နှစ်သူတွေရော Horror Movie ကြိုက်သူများအတွက်ပါ အဆင်ပြေစေမယ့် ရုပ်ရှင်ကားကောင်း တစ်ခုပါ.... ကြည့်ရှုရင်း နဲ့ လိုက်ပါရင်ခုန်စေမိမယ့် ရုပ်ရှင်ကားကောင်း တစ်ကား ဆိုလဲ မမှားပါဘူး... ဇတ်လမ်းပုံစံကတော့ ဒေါက်တာ Clyne ဟာ စစ်ဖက်သုံး ကင်မရာတွေကို တီထွင်ပေးရတဲ့သူပါ... တစ်နေ့မှာတော့ စစ်ပွဲထဲတွင် စစ်သားတွေ အကြောင်းအရာမသိသော အရာဝတ္တု တစ်ခုရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး သေဆုံးခဲ့ကြပြီး ထိုအရာကိုလဲ ဒေါက်တာ Clyne တီထွင်ပေးသော ကင်မရာဖြင့်သာ မြင်နိုင်ခဲ့တာကြောင့် ဒေါက်တာ Clyne ကို စစ်ဘက် အဖွဲ့အစည်းက ပြန်လည် ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်... သူတို့ မြင်ခဲ့တာအရာသည် ဘယ်လိုအရာမျိုး ဖြစ်တယ်ဆိုတာ သေချာသိရဖို့ အတွက် ဒေါက်တာ Clyne နှင့် စစ်တပ် တပ်ဖွဲ့ တစ်ခု ဖွဲ့ကာ စစ်မြေပြင်ကို သွားရောက်လေ့လာခဲ့ပါတယ် ထိုလေ့လာတဲ့ ခရီးတွင်ပဲ ကံဆိုးစွာ ထပ်မံ သတ်ဖြတ်ခံရပြီး ထိုအရာများသည် လူသား ပုံစံ ရှိပြီး ဝိဉာဉ်များသဖွယ် နံရံများကို ဖြတ်သွားနိုင်ကာ ထိတွေ့မိသူတိုင်း အေးခဲအသက်ပျောက်သွားပါတယ် မည်သည့် လက်နက်ဖြင့်မှ တိုးမပေါက် သက်၍ မရနိုင်ပါ ထိုအရာများ မှာ မကောင်းဆိုးဝါး များလော စစ်ဘက်ဆိုင်ရာ လျို့ဝှတ်ချက်များလားဆိုတာ ဘာသာပြန် Bro Chan နှင့် Bro Kaung တို့၏ ဘာသာပြန် လက်ရာကောင်းများဖြင့် ပြန်ပေးထားသော Spectral ရုပ်ရှင်ကားကို Download ဆွဲပြီး ကြည့်ရှုခံစားလိုက်ကြပါ ခင်ဗျာ.... (သစ်ဆန်းခန့်)

Action • Adventure • Animation • Family • Fantasy
6.4 2016 109 mins
Spectral
Sly
7.1

Sly (2023) ~ IMDb – 7.1/10, Rotten Tomatoes – 77% ~ စတားလုံး ကို ဘယ်သူလဲလို့ အထူးတလှယ် မိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး။ Rocky Franchise, Rambo Franchise တွေနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အသက်ကြီးမှ The Expendables နဲ့ပါ အက်ရှင်ကားတွေဆက်ရိုက်ခဲ့တယ်။ ဒီ Documentary ဟာ စတားလုံးရဲ့ ခက်ထန်တဲ့ ငယ်ဘဝကနေ ဟောလိဝုဒ်ရဲ့တောင်ထိပ်တွေအထိ ဘယ်လို ခြေအားပြင်းပြင်း ဆောင့်တက်ခဲ့သလဲဆိုတာကို ခြေရာကောက်ရင်း သူထမ်းပိုးထားရတဲ့ နောင်တတွေကို ဖြုတ်ချခဲ့ဖို့ ကြိုးပမ်းပုံတွေအကြောင်းပါ။ Arnold Schwarzenegger နဲ့ Quentin Tarantino တို့လည်း ပါဝင်ထားပါတယ်။ ” ငါ့မှာ နောင်တတွေရှိလား… အေးပေါ့ နောင်တတွေအများကြီးရှိတာပေါ့ “ ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ‌ထိတ်ထိတ်ကြဲစတားတစ်ယောက်အ‌တွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်က အသက်ကြီးတဲ့အချိန်မှာ သူ့နောင်တတွေကို ပြောပြတာမြင်ရတော့ စိတ်ထဲတစ်မျိုးလေး ခံစားရမှာပါ။ ဂရုဏာလား… မေတ္တာလား… စရိုက်ကြမ်းတဲ့နယ်မှာမွေးတယ်၊ စရိုက်ကြမ်းတဲ့အဖေ့ဆီမှာ ကြီးပြင်းခဲ့ရတယ်။ ငယ်ငယ်ကတည်းက မျက်စိမှေးမှေး၊ ပါးတခြမ်းစောင်းနေတဲ့သူ့အတွက် သရုပ်ဆောင်အလုပ်ဆိုတာ အိပ်မက်ထဲမှာတောင် ‌ယောင်ပြီးမက်မယ့်ကိစ္စမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ စတားလုံးက စိတ်ကူးယဉ်သမား… စိတ်ကူးယဉ်သမားဆိုတာထက် ရည်မှန်းချက်ကြီးတဲ့လူဆိုရင် ပိုမှန်လိမ့်မယ်။ သူ ဒီလိုရည်မှန်းချက် တပွေ့တပိုက်နဲ့ ဟောလိဝုဒ်တောနက်ကြီးထဲကိုခြေချခဲ့တယ်။ ခြင်္သေ့ပေါက်ကလေးအနေနဲ့ပေါ့။ စတားလုံးအတွက် ဇာတ်ကောင်နေရာဆိုတာမရှိဘူး။ ဘယ်ဇာတ်ကောင်နဲ့မှအံဝင်မယ်ဆိုတာမျိုး မရှိဘူး။ ဒါရိုက်တာတိုင်း ထုတ်လုပ်သူတိုင်း ဒီလိုပြောခဲ့ကြတယ်။ ဒီတော့ သူဘာလုပ်ခဲ့လဲ။ သူ့အတွက်ဇာတ်ကောင်မရှိရင် သူ့‌ဇာတ်ကောင်သူ ဖန်တီးမယ်။ ဒီလိုနဲ့ Rocky မွေးဖွားခဲ့တယ်။ Rambo မွေးဖွားခဲ့တယ်။ Rocky ရုပ်ရှင်တစ်ကားချင်းစီက သူ့ဘဝဖြတ်သန်းမှုကို ဘယ်လိုဘယ်ပုံ ထင်ဟပ်နေကြောင်း ဒီရုပ်ရှင်ထဲမှာတွေ့ရမယ်။ Rocky ရဲ့ မဆုတ်မနစ်ကြိုးစားပုံတွေ၊ မိသားစုကို ဂုဏ်ယူစေချင်ပုံတွေ၊ အချစ်ကိုတန်ဖိုးထားပုံတွေ၊ ဘဝသစ်ပြန်စပုံတွေ ဒီလိုတွေ။ Rambo ကတော့ သူ့ရဲ့ အရိုင်းဆန်တဲ့ဘက်ခြမ်းပေါ့။ သူ့ဘဝမှာ အဲဒီဇာတ်ကောင် ၂ နေရာကို သရုပ်ဆောင်ခဲ့ရတာနဲ့တင် အသက်ရှင်ရကျိုးနပ်ပြီတဲ့လေ။ ဒါပေမဲ့ စတားလုံးဘဝမှာ မပေါက်တဲ့ရုပ်ရှင်တွေ၊ မအောင်မြင်တဲ့ဆက်ဆံရေးတွေ တပုံတပင်ရှိခဲ့တယ်။ ဒါတွေကို သူ့ရဲ့ ရုပ်ရှင်တွေထဲမှာ ထည့်ရေးခဲ့တယ်။ ထည့်ပြောခဲ့တယ်။ ထည့်သရုပ်ဆောင်ခဲ့တယ်။ သူ့အတွက် ရုပ်ရှင်ရိုက်တယ်ဆိုတာ လက်တွေ့ဘဝမှာ မဖြစ်လာနိုင်တဲ့ကိစ္စတွေကို ရုပ်ရှင်ထဲဖြစ်ခွင့်ပေးလိုက်တာပဲ။ ဒီ ဒိုကူကိုကြည့်ရင်း စတားလုံးရဲ့ အရင်ကားဟောင်းတွေကိုပါ နောက်တကြိမ်ထပ်ကြည့်ချင်စိတ်ဖြစ်လာခဲ့ရင်၊ ဖြစ်လည်းဖြစ်လာနိုင်တာကြောင့် Channel Myanmar မှာ Rocky Franchise၊ Rambo Franchise အပြင် တခြား စတားလုံးရုပ်ရှင် အများစုရှိပါတယ်။ အဲဒီရုပ်ရှင်တွေထဲက စကားတစ်ကြောင်းချင်းစီကို စတားလုံးဘဝနဲ့ ယှဉ်ပြီး ပြန်ခံစားကြည့်နိုင်ပါတယ်။ သူရိုက်ခဲ့တဲ့ရုပ်ရှင်တွေက ကျွန်တော်တို့ယူဆထားတဲ့ သာမန်အက်ရှင်ရုပ်ရှင်တွေဆိုတာထက်အများကြီးပိုကြောင်း ဒီ Documentary မှာမှ သိခွင့်ရတယ်။ ရုပ်ရှင်တွေကိုလုပ်ရင်း သူ့ရင်ထဲက ဘာနဲ့ဖြည့်ဖြည့် ပြည့်မှာမဟုတ်တဲ့ ဟာကွက်တစ်ခုကိုဖြည့်ဖို့ကြိုးစားခဲ့တယ်။ ဒီလိုမင်းသားကြီးဟာ ဝမ်းနည်းစရာဇာတ်သိမ်းတွေကိုမကြိုက်ပါဘူးတဲ့။ ဘာကြောင့်မကြိုက်သလဲ ဆိုတဲ့အကြောင်းပြချက်က သူ့မှာ အခိုင်အမာရှိနေနှင့်ပြီးသားပါ။ ဒီအကြောင်းတွေနဲ့ စတားလုံးဆိုတဲ့ပြယုဂ်တစ်ခု ဘယ်လိုထုဆစ်ခဲ့သလဲဆိုတာကို ဒီ Documentary နဲ့ ခံစားလိုက်ကြတာပေါ့။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 945MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 35Min Genre – Biography, Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 2023
Sly
Samara
7.9

Samara (2023) “ဇာတ်ရှုပ်” ===================== IMDb 8.6 အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Documentary • Horror • Thriller
7.9 2023 118 mins
Samara
Adalynn

” Adalynn ” ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိထားပြီး Horror mystery အမျိုးအစားဖြစ်ပါတယ်။ ကိုယ်ဝန်တစ်ခေါက်ပျက်ကျခဲ့ဖူးတဲ့စိတ်ဒဏ်ရာရှိတဲ့မိခင်တစ်ယောက်ဟာ သူမရဲ့ဒုတိယကလေးနဲ့သူမကိုယ်တိုင်အသက်ရှင်နိုင်ဖို့အတွက် စိတ်ကျရောဂါတွေ ပူဆွေးသောကတွေနဲ့ အတွင်းစိတ်တစ္ဆေ ဘယ်လိုပြန်လည်တိုက်ခိုက်မလဲ။ သူမယောကျာ်းအလုပ်ခရီးသွားပြီး သူမနဲ့မွေးကင်းစကလေးငယ်လေးနှစ်‌ယောက်ထဲ အိမ်ထဲမှာကျန်ခဲ့တုန်း သူမကိုစိတ္တဇဖြစ်အောင်လုပ်နေတဲ့အရာဆီကနေ အနိုင်ရနိုင်ဖို့မိခင်တစ်ယောက်ဟာသူမရဲ့ကလေးဖြစ်သူနဲ့ဘယ်လို ရုန်းကန်မလဲဆိုတာကြည့်ရမယ့် Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(514 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror Mystery, Drama. Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2023
Adalynn
Police Story : Lock Down
5.9

2013 ခုနှစ်က ထွက်ထားတဲ့ Police Story ဇာတ်ကားပဲဖြစ်ပါတယ် မင်းသားကြီးဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားပြီး Imdb 6.1 ရရှိထားပါတယ် အက်ရှင်ကြိုက်ပရိတ်သတ်တို့အတွက် နှစ်သက်မယ့်ကားကောင်းပါပဲ ဇာတ်လမ်းအညွှန်းလေးကတော့ သမီးဖြစ်သူနဲ့တွေ့ဆုံရန်ဘားကိုရောက်လာတဲ့ ရဲအရာရှိ ကျုံးဝမ်တစ်ယောက် ဘားကိုရောက်တဲ့အချိန်မှာ..မမျှော်လင့်ဘဲပြန်ပေးဆွဲခံလိုက်ရတယ်..တခြားသောပြန်ပေးဆွဲခံရတဲ့သူတွေလည်း ရှိပြီးသားပဲဖြစ်ပါတယ်..ဒီအမှုရဲ့နောက်ကွယ်မှာဘာတွေရှိမှာလဲ ကျုံးဝမ်နဲ့ဘယ်လိုတွေပတ်သတ်နေတာလဲဆိုတာတော့Spoil မဖြစ် အောင် အညွှန်းကိုလျှော့လိုက်ရပါတယ် ဂျက်ကီချမ်းကားဖြစ်တဲ့အညီ ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ အက်ရှင် ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ei Pyae

5.9 2013 110 mins
Police Story : Lock Down
Nausicaä of the Valley of the Wind
8

နောင်လာမယ့် နှစ်ပေါင်းများစွာအကြာမှာ ကမ္ဘာကြီးဟာ စစ်ပွဲတွေနဲ့ လေထု/ရေထု ညစ်ညမ်းမှုတွေကြောင့် လူသားမျိုးနွယ်အားလုံးဟာ မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့တယ်။ ကျန်ရစ်တဲ့လူသားတွေဟာလည်း သယံဇာတအရင်းအမြစ်တွေအတွက် စစ်မက်တွေ ဆက်လက်ဖြစ်ပွားခဲ့တယ်။ အဲ့ဒီအထဲမှာမှ Nausicaa မင်းသမီးလေးအုပ်ချုပ်တဲ့ လေညင်းတောင်ကြားမှာရှိတဲ့ တိုင်းပြည်လေးဟာ အဆိပ်သင့်တောအုပ်ရဲ့ အနီးဆုံးမှာရှိပေမယ့် အေးချမ်းတဲ့ တိုင်းပြည်တစ်ခုပေါ့။ တစ်နေ့မှာတော့ အင်အားကြီးတိုင်းပြည်နှစ်ခုရဲ့ စစ်ပွဲကြား လေညင်းတောင်ကြားတိုင်းပြည်လေး ကြားညပ်လာတဲ့အခါ မင်းသမီး Nausicaa တစ်ယောက် သူ့ရဲ့တိုင်းပြည်ကို ကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza

8 1984
Nausicaä of the Valley of the Wind
Woof Woof Daddy
6

တစ်ယောက်တဲ့သမီးလေးကို ပျိုးထောင်လာတဲ့ ကျန်းစီးဝမ်(Aaron Kwok)ဟာ တစ်နေ့မှာ မထင်မှတ်ပဲ လူ့လောကကနေထွက်သွားခဲ့ရပြီး ခွေးတစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ် အသက်(၇)နှစ် လူမမယ်အရွယ်သမီးလေးကို စိတ်မချနိုင်ပဲ သမီးလေးကိုလိုက်ရှာခဲ့တယ်။ သမီးလေးကိုရှာတွေ့တဲ့အချိန်မှာတော့ သမီးလေးကအရွယ်ရောက်ပြီး အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ အဆင်ပြေနေသလိုထင်ရပေမယ့် အခက်အခဲတွေနဲ့ကြုံနေရပါတယ်။ အဖေတစ်ယောက်အနေနဲ့ ခွေးလေးအဖြစ်နဲ့ သမီးလေးရဲ့အနားမှာနေပြီး အခက်အခဲတွေကိုကျော်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ လူနဲ့ခွေး ဘဝချင်းခြားနေပေမယ့်လဲ အဖေတစ်ယောက်ရဲ့မေတ္တာကိုပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံးပြသသွားတာပဲဖြစ်ပါတယ်။

6 2024
Woof Woof Daddy
Catwoman
3.4

Catwoman (2004) Genre – Action,Crime,Fantasy ဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါ‌တော့တယ်။ အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။ Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့‌‌ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။ File size… 2.1 GB / 971 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Action/Crime/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia

Horror • Thriller
3.4 2004 104 mins
Catwoman
Mr.Rani
7.2

Mr Rani 2025 (မင်းသားရူးလေး ရာနီ) IMDb – 7.2/10 ရာဂျာဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မင်းသားရူး ရူးခဲ့ရသူတစ်ယောက်ပါ။ ကျောင်းမှာလည်း စာမလုပ်ဘဲ သူငယ်ချင်းကောင်မလေးတွေကိုခေါ်ကာ ဇာတ်လမ်းထဲက ဇာတ်ကွက်တွေ လိုက်ပြီး သရုပ်ဆောင်ခိုင်းလွန်းလို့ ခဏတိုင်း အတိုင်ခံ အရိုက်ခံရသူတစ်ယောက်ပါ။ ရာဂျာ့အဖေကတော့ ရာဂျာ့ကို အင်ဂျင်နီယာကြီးဖြစ်ပါစေဆိုပြီး အမြဲ တွန်းပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းသားရူး ရူးနေတဲ့ ရာဂျာကတော့ ကျောင်းပြီးလို့ အသက်လေးရလာတဲ့အချိန်မှာ 0မိဘတွေကို လိမ်ကာ သူငယ်ချင်းဖြစ်သူ မန်ဂျာရဲ့အကူအညီနဲ့ အမေရိကန်နိုင်ငံ ဂူဂဲလ်ကုမ္ပဏီကနေ အလုပ်ရပြီဆိုကာ ပြောပါတော့တယ်။ ဒီလိုနဲ့ အမေရိကန်ကို သွားချင်ယောင်ဆောင်ကာ ရာဂျာတစ်ယောက် သူ့ဝါသနာဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားဖို့ လုပ်ပါတော့တယ်။ ရာဂျာတစ်ယောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်ဖို့ကြိုးစားတဲ့လမ်းမှာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ …… မိဘတွေကို လိမ်ထားတဲ့ကိစ္စကရော ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ …. သရုပ်ဆောင်လောကထဲကိုရော ဝင်ရောက်သွားနိုင်ပါ့မလား …… ဆိုတာတွေကို ဟာသလေးတွေ နှောရင်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Horror
7.2 2025 128 mins
Mr.Rani
8 Vasantalu
6.8

8 Vasantalu (2025) “ဆူးနှင်းဆီ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက်ခပ်ဆွေးဆွေး ခပ်မျောမျောလေး ကြည့်ရှုခံစားရမဲ့ အချစ်-ဒရာမာ ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ရှူဒီဆိုတဲ့ကောင်မလေးဟာ ဖခင်ဖြစ်သူကြောင့် ကိုယ်ခံပညာကို ကောင်းကောင်တတ်မြောက်ထားသလို တစ်ဖက်မှာလည်း ကဗျာတွေရေးတဲ့ ကဗျာဆရာမလေးတစ်ယောက်ပါ။ စစချင်းမှာတော့ သူ့ရဲ့အချစ်ဦးပုံပြင်လေးနဲ့ အစပြုထားအပြီး အချစ်ရေးနဲ့ဘ၀ရေးမှာ ရှူဒီတစ်ယောက် ဘာတွေတွေ့ကြုံခံစားရမလဲဆိုတာကို စိတ်၀င်စားစရာကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ လူငယ်တွေကြားကအချစ်၊ ဖြစ်တတ်တဲ့သဘောသဘာ၀နဲ့အတူ၊ တစ်ဖက်မှာ နူးညံ့သယောင်နဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းမငယ်‌လေးတစ်ယောက်ရဲ့ဘ၀ဖြတ်သန်းပုံ၊ အချစ်နဲ့ဘ၀အပေါ်ရှုမြင်ပုံ‌တွေကို အချစ်၊ အလွမ်း၊ ဘ၀ရသစုံ တင်ဆက်ပေးထားတာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Comedy
6.8 2025 138 mins
8 Vasantalu