YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Legend Of Anle E10 720p WEB-DL CM.mp4

285.84 MB 720p video/mp4 315 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hridayam
6.6

ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။ အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့ နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့် အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်း လူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ဒါရိုက်တာ Vineeth နဲ့ သူ့ဇနီး Divya တို့ရဲ့ ကောလိပ်ကအကြောင်းတွေကို ဒါရိုက်တာကိုယ်တိုင်ရေးသားပြီး ပုံဖော်ရိုက်ကူးထားတာပေါ့။ ဆိုတော့ကာ ဒီပိတ်ရက်မှာလည်း Channel Myanamr ရဲ့ ဘောလိဝုဒ်ရုပ်ရှင်ချစ်ပရိတ်သတ်တို့ အပန်းဖြေရင်း ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ File size…2.56GB /  1.1GB /  6.8GB Quality…True Web Dl 1080p AAC 5.1CH / 720p / 4k SDR HEVC DD+5.1CH Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle(Hard Sub) Encoder…. Nyein Saeya Aung & YK Translated by Poe & Yunni & Honeyey & HM

Crime • Thriller
6.6 2022 172 mins
Hridayam
Abominable
7.5

ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိထားတဲ့ ကာတွန်းကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကျော် DreamWorks Studio ကနေ ဖန်တီးတင်ဆက်ထားတဲ့ ဒီကားလေးနာမည်ကတော့ Abominable (2019)ပါ။ Imdb Rating 7.1/10 Rotten Tomatoes 81%တောင်ရရှိထားတာမလို့ Animation Movie ကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CM ပရိသတ်ကြီးအတွက် သတင်းကောင်းပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ဆက်လိုပါသေးတယ်။ ရှန်ဟိုင်းမြို့တစ်နေရာမှာ လူချမ်းသာ စီးပွားရေးသမား မစ္စတာဘားနက်က ဟိုး ဟိမဝန္တာက နှင်းလူတစ်ကောင်ကို ဖမ်းဆီးရရှိထားပါတယ်။ တစ်နေ့မှာတော့ လုံခြုံရေးကျိုးပေါက်ပြီး အဲဒီနှင်းလူကထွက်ပြေးကာ ယီဆိုတဲ့တရုတ်မလေးရဲ့အိမ်ခေါင်မိုးမှာ ပုန်းနေပါသတဲ့။ ပုန်းနေတဲ့ နှင်းလူလေးကိုဝေးလံလှတဲ့ ဟိမဝန္တာဆီကိုပြန်လိုက်ပို့ဖို့ ယီရယ် ပန်ဆိုတဲ့ကလေးလေးရယ် ဂျင်မ်ဆိုတဲ့ ကောင်လေးရယ် အတူတူကြိုးစားအားထုတ်ပုံတွေကိုမြင်တွေ့ရမှာပါ။ တစ်ဖက်မှာလဲသူတို့နောက်ကိုလိုက်နေတဲ့ သူတွေကလဲရှိနေပြန်တော့ သူတို့ဘာတွေရင်ဆိုင်ရမလဲ? ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲ?ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။ File Size : ( 911 MB , 308 MB ) Quality :  BluRay 1080p 5.1 CH , BluRay 720p Running Time : 1 hr 37 min Format : Mp4 Genre :  Animation , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin

Drama
7.5 2019 97 mins
Abominable
The Twelve Stories of Glen Anggara
7.1

The Twelve Stories of Glen Anggara (2023) ဒါလေးကတော့ မနှစ်ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ နာမည်လေးက The Twelve Stories of Glen Anggaraတဲ့။ ဒီကားလေးက Romance/Drama အမျိုးအစားလေးဖြစ်ပြီး ရုပ်ရှင်ရဲ့ Dialogue တွေက တကယ့်ကိုရင်ထဲထိပါတယ်။ IMDbမှာဆိုရင်လည်း 7.1/10 တောင်ရရှိထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ အသက်ရှင်ဖို့အချိန်သိပ်မကျန်တော့တဲ့ ရှန်နာ့ရဲ့ ​မသေခင်လုပ်သွားချင်တဲ့ ဆန္ဒဆယ့်နှစ်ခုကို သူ့ရဲ့ ချစ်သူကောင်လေး ဂလန်က ရအောင်လိုက်ပြီး ဖြည့်ဆည်းပေးတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ ဆန္ဒဆယ့်နှစ်ခုက ဘာတွေဖြစ်မလဲ။ နောက်ပြီး ဂလန်ကရော ရှန်နာ့ရဲ့ ဆန္ဒတွေအကုန် ပြည့်ဝအောင်လုပ်ပေးနိုင်မလားဆိုတာကို ပျော်ရွှင်ဖွယ်ကောင်းစွာကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ အညွန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 768MB | 384MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

7.1 2023 117 mins
The Twelve Stories of Glen Anggara
Girlfriend Na Pwede Na
6.5

Girlfriend na pwede na (2023) imdb6.5/10 ဒီဇာတ်လမ်းလေးကတော့ အချစ် ကြည်နူးမူ နဲ့ ဟာသလေးတွေကို ပေါင်းစုပြီး ကြည့်ရမည့်ကားလေးတစ်ကားပါ အချစ်ကြောင့် ငိုရ ရီရ အခြေအနေအမျိူးမျိူးအကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး ဟာသလေးခပ်စိပ်စိပ်နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ရုပ်ရှင်လေးတပုဒ်ဆိုလဲမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့ အချိန်အကြာကြီးအတူရှိလာခဲ့တဲ့ တက်သစ်စဒါရိုက်တာလေးနဲ့ သူ့ရဲ့ချစ်သူ အူကြောင်ကြောင်ကောင်မလေးတိုရဲ့ အဆင်မပြေမှုတွေကနေ စထားပါတယ် ပန်ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့စီးပွားရေးနယ်ပယ်မှာတော့ အောင်မြင်နေတဲ့အမျိုးသမီးလေး တဦးဖြစ်ပေမယ့် ချစ်သူဒါရိုက်တာလေး သိပ်ကိုရူးသွပ်တဲ့ ရုပ်ရှင်တွေနဲ့ပက်သက်လာရင်တော့ ဘာမှမသိသူလေးပါ…. ကိုယ့်နယ်ပယ်နဲ့ကိုယ် အောင်မြင်နေကြပေမယ့် သူ့ချစ်သူဒါရိုက်တာလေးက မတူညီတဲ့ သူတိုရဲ့နယ်ပယ်တွေကို နှိင်းယှဉ်ပြီး ပန်ကို ဝေဖန်အပြစ်တင်လာတဲ့အခါ… သူတိုရဲ့အချစ်ရေးဟာ အဆင်ပြေပါတော့မလား ဘယ်လိုပြန်ညှိနှိင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ ဒီဇာတ်ကားလေးက ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပြီ ဆုံးရူံးပြီးမှနောင်တရနေရမဲ့အဖြစ်မျိူးတွေကို ရှောင်လိုရအောင် ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ရောနှောဖန်တီးထားတာကြောင့် ရယ်ရယ်မောမောနဲ့ ကြည့်ရှုသွားရမယ့်ဇာတ်လမ်းလေးတပုဒ်ပဲဖြစ်ပါတယ်

Drama • Romance
6.5 2023 99 mins
Girlfriend Na Pwede Na
Scooby-Doo! and the Cyber Chase
7

Scooby-Doo! and the Cyber Chase (2001) ============================= IMDb Rating – 7.0/10 ဒီတစ်ခါရုပ်ရှင်လေးမှာတော့ Scooby တို့အုပ်စုဟာ သူငယ်ချင်း သိပ္ပံကျောင်းသား Eric ရဲ့ တက္ကသိုလ်ကို သွားစရာအကြောင်းဖန် လာပါတော့တယ်။ အကြောင်းအရင်းကတော့ Game developer တစ်ယောက်ဖြစ်တဲ့ Eric က Scooby တို့အုပ်စုရဲ့ စွန့်စားခန်းတွေ အပေါ်မူတည်ပြီး ဂိမ်းတစ်ခုထွင်ထားလို့ပါပဲ။ ရှက်ဂီနဲ့စကူဘီကတော့ ဂိမ်းအဓိကဇာတ်ကောင်ဖြစ်ရတဲ့အရှိန်နဲ့ ဂိမ်းကိုစမ်းဆော့ကြည့်ချင်စိတ် ငယ်ထိပ်ရောက်နေခဲ့ပါတယ်။ ဒါပေမယ့် Eric ဆီ တကယ်ရောက်သွားတဲ့အချိန်မှာတော့ ထင်ထား တာနဲ့ တက်တက်စင်အောင်လွဲတော့တာပါပဲ။ ဂိမ်းကို အစမ်းဆော့ ကြည့်ကြဖို့နေနေသာသာ ဂိမ်းဖွင့်ခွင့်တောင် မရကြပါဘူး။ ပြဿနာက အဲဒီမှာစတာပါပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Eric ရဲ့ ဂိမ်းတည်ဆောက်မှုမှာ အဓိကဖြစ်တဲ့ လေဆာပစ်လွှတ်မှုကနေ ဗိုင်းရပ်စ်တစ်ကောင်ခုန်ထွက် လာခဲ့ပြီး ပြဿနာရှာသွားတာမို့လို့ပါ။ ဂိမ်းထဲကနေ အပြင်လောကအထိ သက်ရှိထင်ရှား အကောင်လိုက်ထွက်ချလာတဲ့ ဗိုင်းရပ်စ်ကြီးကို ထုံးစံ အတိုင်း စကူဘီတို့ကပဲ လိုက်ရှာဖမ်းပေးရတော့တာပေါ့။ ဒါပေမယ့် စကူဘီ တို့သူငယ်ချင်း ၅ယောက်လုံးပါ ဗိုင်းရပ်စ်နဲ့အတူ ဂိမ်းထဲကို အပို့ခံလိုက်ရ တဲ့အခါမှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.5 GB) / (746 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator……Hnin Wut Yi Encoder……….Zin Phyo Aung

Action • Comedy • Crime
7 2001 73 mins
Scooby-Doo! and the Cyber Chase
Aberrance
7.2

Aberrance (2022) 2022 တုန်းကထွက်ရှိထားတဲ့ မွန်ဂိုလီးယားက Thriller ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB မှာလဲ 7.3 အထိရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ လတ်လတ်ဆတ်ဆတ် 83% တောင်ရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံကလည်း မြင်နေကျပုံစံမဟုတ်ဘဲ Thriller ဆိုတိုင်း အမှောင်ကားတွေလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ လင်းလင်းချင်းချင်းကြီးမှာတင် ရိုက်ကူးထားပြီး ဇာတ်လမ်းဇာတ်သွားကလဲ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ပုံစံပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မြို့ပေါ်ကနေ ကျန်းမာရေးအတွက် တောရွာလေးတစ်ခုကို ခဏပြောင်းလာတဲ့ လင်မယားနှစ်ယောက် ဆရာဝန်အကြံပေးတဲ့အတိုင်းပြောင်းရွေ့လာခဲ့ကြပါတယ်။ အိမ်နီးချင်းဘေးအိမ်ဆိုလို့လဲ တစ်အိမ်ထဲရှိပါတယ်။ ဒါပေမဲ့ ပြောင်းလာတဲ့ လင်မယားနှစ်ယောက်က သိပ်မမူမမှန်ဘဲ ယောက်ျားဖြစ်သူက မိန်းမကိုအမြဲတစေ နှိပ်စက်နေတတ်ပါတယ်။ ဒါကို ဘေးအိမ်ကလူက မသင်္ကာတာကြာနေပါပြီ။ နောက်ဆုံး ဘေးအိမ်က အိမ်နီးချင်းက မနေနိုင်တဲ့အဆုံး လင်မယားနှစ်ယောက်အကြောင်းကို စောင့်ကြည့်နေရာမှ လင်မယားနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ ဘာဖြစ်မလဲ အိမ်နီးချင်လူကကော ဒီဇာတ်လမ်းထဲမှာ ဘယ်လိုနေရာကနေဝင်ပြီး ပါဝင်ပတ်သက်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Horror Quality…. 1080p | 720p File size… 1.6GB | 679MB Format… mp4 Duration…. 1h 16min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.2 2022
Aberrance
Apocalypse Now
8.4

Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%) ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။ Apocalypse Now (1979) ရုပ်ရှင်ကားကြီးက Theatrical Version, Final Cut Version, Redux Version ဆိုတဲ့ Version ၃ မျိုးလောက်ရှိပြီး ခုကတော့ 4K Final Cut Version နဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော် Greatကြီး‌တွေမဟုတ်ဘူး။ တကယ့်စစ်ပွဲထဲက စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့ဗီယက်နမ်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။ စစ်ပွဲတစ်ပွဲစပြီဆိုတာနဲ့ လူတွေဟာ လူတွေလို လူသားဆန်မှုတွေပျောက်ဆုံးကုန်တယ်… လူသားစံနှုန်းတွေပျောက်ဆုံးကုန်ပြီး တစ်ဖက်နဲ့တစ်ဖက်တိရိစ္ဆာန်တွေလို သတ်ကုန်ကြတော့တယ်…. အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့ ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင် ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာ တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေ ပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့ အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။ ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီလို အမိန့်ဖီဆန်ပြီး တောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့ အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ် နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်က ဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာ စီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်း ပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာ အရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။ ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြား ဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲ ယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။ တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားက မျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာက ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်က ဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီး သူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။ ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့ ကျွန်တော်ကြားနေရတယ်။ အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင် အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။ နေရောင်ခြည်မရှိ‌‌တော့တဲ့နောက်ကို တရွေ့ရွေ့လိုက်ကြည့်မိတယ်။ အလင်းမရှိတဲ့အခါ အခန်းဟောင်းရဲ့ ဟင်းလင်းပြင်နံရံမှာ “Apocalypse Now” လို့ တိုးတိုးလေးရေးထားတာကိုလည်း ငါမြင်နေရတယ်။ မရေရာခြင်းနဲ့ ဝေဝါးမှုနဲ့ မသေချာတဲ့အကြောင်းတရားနဲ့ ‌ကောက်ကွေ့တဲ့မြစ်ကြီးဆီ ဦးတည်နေတဲ့ လူတစ်ယောက်ကလည်း တရွေ့ရွေ့ချင်းမျောနေပြီ။ မြစ်ကမ်းတစ်လျှောက်မှာ… မြစ်ရေထဲမှာ… ခက်ထန်သော ကြမ်းကြုတ်သော အနိဋ္ဌာရုံများ။ အဲဒီမြစ်ရဲ့ အဆုံးသတ်မှာ အဖြေဟာ တကယ်ရှိပါ့မလား။ ရှိခဲ့ရင်ရော အဲဒီအဖြေဟာ အဖြေအစစ်ဖြစ်ပါ့မလား။ လွတ်လပ်မှုအစစ်ဆိုတာ ဘာလဲ။ သူများရဲ့ အထင်အမြင်ကနေ လွတ်မြောက်တာလား။ ကိုယ်တိုင်ရဲ့အထင်အမြင်ကနေ လွတ်မြောက်တာလား။ ဒီလိုနဲ့ ဒုတိယအဖြေဟာ မေးခွန်းအသစ်တွေကိုပဲ ထပ်လောင်းပေးခဲ့တာပါပဲ။ အနိဠာရုံအပြည့်နဲ့ ဗီယက်နမ်ကို အိမ်အဖြစ်သတ်မှတ်ပြီး မစွန့်ခွာနိုင်ခဲ့တဲ့ ပြင်သစ်တွေလိုပဲ ဘဝမှာ ငါမစွန့်ခွာနိုင်တဲ့ အရာတွေသိပ်များခဲ့တယ်။ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြည့်ဖြစ်တဲ့ Apocalypse Nowရဲ့အဆုံးသတ်မှာ “အဖြစ်အပျက်တစ်စုံတရာကို ပုံစံသဏ္ဍာန်တူဖြစ်ရပ်တစ်ခုကို ဖြတ်မသန်းဖူးဘဲ သိခြင်းဟာ အဲဒီအဖြစ်အပျက်ရဲ့ သရုပ်မှန်ကိုသိခြင်းနဲ့ ကွဲလွဲတယ်”ဆိုတာ သိလိုက်ရတယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဒီရုပ်ရုင်ကို ကျွန်တော်ကြည့်တုန်းက ခံစားမိရုံဆိုပေမဲ့ အခုတော့ ကွက်ကွက်ကွင်းကွင်းကို နားလည်လာရတယ်။ အားလုံးလည်း ဒီလိုပဲဖြစ်လိမ့်မယ်။ ကျွန်တော်တို့အဖြစ်အပျက်တွေကလည်း ပျက်ကပ်ထဲကို ရှားလော့ဟုမ်းနဲ့ မိုရီရာတီ ရိုင်ချန်ဘတ်ရေတံခွန်အောက် ပြုတ်ကျသလို ထိုးဆင်းနေခဲ့တာ ကြာပြီ။ အနိဋ္ဌာရုံဆိုတဲ့ စကားလုံးကို ဒိုင်ယာလော့တွင်တွင်သုံးထားတဲ့ Apocalypse Nowကိုရော အနိဋ္ဌာရုံ(Ran)ဆိုတဲ့ စကားလုံးကို နာမည်တပ်ထားတဲ့ ဂျပန်ရုပ်ရှင်တစ်ကားကိုရော ကြည့်ခဲ့ဖူးတယ်။ အနိဠာရုံဆိုတဲ့ တူညီချက်တစ်ခုကလွဲ ဘာတစ်ခုမှမတူညီတဲ့ ရုပ်ရှင်နှစ်ကားဟာ ဒီပြင်တူညီတဲ့တစ်စုံတရာတော့ ရှိနေခဲ့တယ်။ ရခဲ့ပါတယ်။ ဒါပေမဲ့ ပြန်မပေးတတ်ဘူး။ ဇာတ်သိမ်းမှာ Willardက ကာနယ်Kurtzကို ကျွဲတစ်ကောင်ကို ဓားနဲ့ခုတ်ပြီးပေါ်သလို အားရပါးရခုတ်သတ်ပြီးတဲ့နောက် ကာနယ်Kurtzရဲ့ စာအုပ်ကိုလှန်ကြည့်တဲ့အချိန် ” ဗုံးကြဲပြီး အားလုံးကို မျိုးဖြုတ်ပစ်လိုက် “လို့ ရေးထားတာကို တွေ့ခဲ့တယ်။ အားလုံးကိုဆိုတာ အဲဒီမှာရှိနေတဲ့ သူ့ကိုနတ်ဘုရားလိုကိုးကွယ်နေတဲ့ သူ့နောက်လိုက်တွေတစ်ဖြစ်လဲ သူ့စစ်တပ်ကို ရည်ညွှန်းထားတာပေါ့။ သူသေမှာကို သူကြိုသိခဲ့သလို သူမရှိတော့ရင် ဒီစစ်တပ်လည်း လမ်းပျောက်သွားမှာကို မြင်ခဲ့လို့ အကုန်လုံးရှင်းပစ်ခိုင်းခဲ့တယ်လို့ပဲ ပြောရမယ်။ ကိုယ့်ကိုယ်ကိုယ်ပျောက်ရှခြင်းနဲ့ သေခြင်းမှာ ဘယ်အရာက အထိအခိုက်ပိုများလဲတော့ မသေချာဘူး။ ဒီရုပ်ရှင်မှာ တစ်ကားလုံးကအရာတွေနဲ့ ကွဲထွက်နေတဲ့တစ်စုံတရာပါခဲ့တယ်။ မြစ်ရဲ့တစ်နေရာက လှေကလေးတစ်စင်းပေါ်မှာ ခွေးပေါက်ကလေးအတွက် အသက်ပေးခဲ့တဲ့ ဗီယက်နမ်သူတစ်ယောက်ပေါ့။ တော်တော်မထင်မရှား ဇာတ်ဝင်ခန်းပါပဲ။ ဒါပေမဲ့ ဒီမှောင်အတိကျနေတဲ့ အနိဋ္ဌာရုံတွေကြားမှာတော့ တစ်စင်းပဲရှိတဲ့ကြယ်ဟာ ပြက်ပြက်ထင်ထင် လင်းခဲ့တယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

Action • Thriller • Crime
8.4 1979 147 mins
Apocalypse Now
Roohi
4.3

Roohi ( 2021 ) ပြန်ပေးဆွဲလက်ထပ်ပွဲ ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Roohi အမည်ရ ဟင်ဒီစကားပြော Comedy-Horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – စက်မှုမြို့တော်မူဂျီရာဘတ်ရဲ့ အစွန်အဖျားမှာရှိတဲ့ ဘာဂတ်ပါဆိုတဲ့ မြို့ငယ်လေးတစ်မြို့မှာ ထူးဆန်းတဲ့ ဓလေ့ထုံးစံတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြန်ပေးဆွဲလက်ထပ်ပွဲပါ။ မိန်းကလေးတစ်ယောက်ကို ကြိုက်မိတာနဲ့ ကောင်လေးဘက်က လက်ထပ်ပွဲကို အတီးအမှုတ် အကအခုန်တွေနဲ့ ကြိုတင်ပြင်ဆင်ထားပြီးမှ မိန်းကလေးကို သွ ားပြီးဖမ်းခေါ်ရတဲ့ဓလေ့ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဖမ်းခေါ်ဖို့မလွယ်တဲ့အတွက် ဒါကို အခကြေးငွေယူပြီး လုပ်ပေးတဲ့ကြေးစားအဖွဲ့တွေလည်း ရှိပါသေးတယ်။ တစ်ရက်မှာတော့ အဲဒီကြေးစားအဖွဲ့အတွက်အလုပ်လုပ်တဲ့ ဘာဝရာပန်ဒေးနဲ့ ကတ်တန်နီဆိုတဲ့ သတင်းထောက်ယောင်ယောင် ၊ ဗေဒင်ဆရာယောင်ယောင် သူငယ်ချင်းနှစ်ယောက်ဟာ ပြန်ပေးဆွဲလက်ထပ်ပွဲအတွက် မိန်းကလေးတစ်ယောက်ကို သွားရောက်ဖမ်းခေါ်ဖို့ အမိန့်ကျလာပါတော့တယ်။ အတွေ့အကြုံမရှိတဲ့ နှစ်ယောက်ဟာ မိန်းကလေးကို မနည်းဖမ်းဆီးခေါ်ဆောင်လာပြီးခါမှပဲ လက်ထပ်ပွဲဟာ တစ်ပတ်လောက် ရွှေ့ဆိုင်းဖို့အကြောင်းဖန်လာပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်နဲ့ ကောင်မလေးဘယ်လိုစခန်းသွားမလဲ ၊ ဘာကြောင့် ဇာတ်ကားရဲ့ Genre က Horror ဖြစ်နေသလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုအဖြေရှာလိုက်ကြပါခင်ဗျ ( ဘာသာပြန်နဲ့အညွှန်းကတော့ Bpl , Alex , V . Thura , Linn တို့ဖြစ်ပါတယ် )

4.3 2021
Roohi
River of Ghosts
5

Horror, Thriller အမျိုးအစားတွေ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ River of ghosts ဆိုတဲ့ movie လေးကို တင်ဆက်လိုက်ပါ တယ်… ဇာတ်လမ်းအညွှန်း +++++++++ Stanford တက္ကသိုလ်ရဲ့ စိတ်ရောဂါအထူးပြု ကျောင်းသားတစ်ယောက် ဖြစ်တဲ့ ရှောန် ဟောလ်တန်က သူ့ရဲ့မွေးရပ်မြေမြိုလေးကို ပြန်ပြီး အိပ်မွေ့ချကုထုံး ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေရဲ့နာကျင်မှု တွေကို ကုစားဖို ကူညီပေးနေခဲ့တယ် ကတ်သီကတော့ နှစ်ရှည် လပေါင်းများစွာ ကုသလိုမရနိုင်တဲ့ ခါးနာကျင်တဲ့ဒဏ်ကို ခံစားနေရပြီး သူမရဲ့သူငယ်ချင်းရဲ့ ညွှန်ပေးမှုကြောင့် ဒေါက်တာရှောန် ဟောလ်တန်ဆီ ရောက်လာခဲ့တယ်… ခါးနာတာလိုမျိုး ကိုယ်ခန္ဓာနာကျင်တဲ့ ရောဂါကိုရော အိပ်မွေ့ချ ဆရာဝန်တစ်ယောက်က ကုသပေးနိုင်မှာလား တစ်ဖက်မှာလည်း ဘရိုင်ယန်ကတော့ သူ့ဇနီးဖြစ်သူ ပျောက်နေပြီး မြိုအနှံမှာ လိုက်ရှာနေခဲ့တယ်… ထူးဆန်းတာတစ်ခုကတော့ ဘရိုင်ယန်ရဲ့ အိမ်မှာညတိုင်း သရဲခြောက်တဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့နေရတယ်… အဲဒါကြောင့် ဘရိုင်ယန်လည်း ဆွေးနွေးမှုလုပ်ဖို ဒေါက်တာရှောန် ဟောလ်တန်ဆီကို သွားခဲ့တယ် ဘရိုင်ယန်ရဲ့ ဇနီးကရော ဘယ်ကို ရောက်နေတာဖြစ်မလဲ… သရဲခြောက်တဲ့ဖြစ်ရပ်ကရော ဘယ်လိုကြောင့် ဖြစ်နေရတာလဲ… မြိုထဲကလူတွေ အိမ်မွေ့ချဆရာဝန်ဆီမှာ လာရောက်စုံကြပြီး ဘယ်လိုဖြစ်ရပ်တွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်လိုက်ကြပါဦးနော်…. ( ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ် ) File size… (1.37GB) / (756MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vanessa

5 2024 102 mins
River of Ghosts
Gangs of New York
7.5

Gangs of New York(2002) ************************* ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သည်းခံပြီးကြည့်ရပါတယ်.. ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာတာပါ… ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင် စထားတယ်… ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ… ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတယ်။ ပြဿနာပေါင်းများစွာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က နယူးယောက်မြို့ကို ရိုက်ကူးပြသထားတာဟာ ရုပ်ရှင်ကြည့်ပရိသတ်ကို ထူးခြားတဲ့ ရသ ပေးနိုင်မှာ အသေအချာပါပဲခင်ဗျာ .. File Size : 2.8 GB, 1.3 GB Quality : Blu-Ray 1080p, 720p Format…mp4 Duration…02:47:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by AHtet

Drama • Crime • Romance
7.5 2002 168 mins
Gangs of New York
Oz the Great and Powerful
6.3

သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ အော်စကာ လို့အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် The Land of OZ ခေါ်တဲ့နေရာကို ရောက်ရှိသွားပါတယ်။ သူရောက်ရှိသွားတဲ့ နေရာမှာ သီအိုဒေါဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ပါတယ် အဲ့မိန်းမလှလေးက အော်စကာ ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့စုန်းမကြီးလက်ထဲကနေ ကယ်တင်မဲ့ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အော်စကာဟာ မှော်ပညာတက်တဲ့ သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်။ ဒီလိုနဲ့ အော်စကာဟာဆိုရင် နန်းတော်ကို ရောက်သွားပြီး သီအိုဒေါရဲ့ အစ်မ ဘုရင်မတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထို့နောက် မှာတော့ အော်စကာဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖို ဆိုသလို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီး မဟုတ်တဲ့အပြင် တစ်ကယ့် အမှန်တရားတစ်ခုကိုသိလာရတဲ့ အခါမှာတော့… ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားကျပါခင်ဗျာ။ File size… 6.4 GB / 2.9 GB / 1.3 GB Quality… WEB-DL HEVC 4K / 1080p / 720p Format… mp4 & mkv Audio… AAC & AC-3 Duration…. 2h 10m Genre ….. Adventure, Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Gurelia

Drama • Mystery • Romance
6.3 2013 130 mins
Oz the Great and Powerful
The Case of the Christmas Diamond
5.3

The Case of the Christmas Diamond (2024) IMDb Rating (5.3) ခရစ်စမတ်အချိန်မှာ ချစ်ခြင်းတွေ ၊ စွန့်စားမှု တွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဇာတ်လမ်းမှာ Sarah Lydia Sophia ရဲ့ သရုပ်ဆောင်ကအတော်ကောင်းနေပြီးတော့ သူကြောင့်ဇာတ်လမ်းကပိုပြီးတော့ဆွဲဆောင်မှုရှိလာစေပါတယ်။ ခရစ်စမတ်အချိန်ရဲ့ အဓိပ္ပာယ်နှင့် အနုပညာလက်ရာ ကိုတစ်နေရာထဲမှာပေါင်းထည့်ထားတာပါ ။ ဒီကားက ဒါရိုက်တာရဲ့ လှုပ်ရှားမှု တွေကို လည်းသေချာပြထားပြီးတော့ ၊ ဇာတ်လမ်းရဲ့ ခရစ်စမတ်နှင့် စွန့်စားခန်းတွေ အကြောင်း ကို စိတ်လှုပ်ရှားဖွယ် မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ခရစ်စမတ်အချိန်တွင်းမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ နဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ရိုးရာထုံးတန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Mystery, Romance Duration….01:23:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

5.3 2024 90 mins
The Case of the Christmas Diamond
A Podcast to Die For
4.4

A Podcast to Die For (2024) မှုခင်း Podcast တစ်ခုကို တင်ဆက်နေသူ လေစီဝေါ်ဆန်က စိတ်ဝင်စားစရာအမှုဟောင်းနှစ်ခုကို တူးဆွကြည့်လိုက်တဲ့အခါမှာ…. လွန်ခဲ့တဲ့ခြောက်နှစ်ခန့်က အသတ်ခံရသူ ဆာရပ်မစ်ချယ်နဲ့ လွန်ခဲ့တဲ့သုံးနှစ်မှာ အသတ်ခံခဲ့ရတဲ့ မရီဆာ …. နှစ်ယောက်စလုံးမှာ တူညီတဲ့အချက်က သူတို့အသတ်ခံရချိန်မှာ ကိုယ်ဝန်ဆောင်နေချိန်ဖြစ်နေခဲ့တယ်… ဒီအမှုကို လိုက်နေတဲ့ လေစီဝေါ်ဆန်ဟာလည်း တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်နေခဲ့တယ်… သုံးနှစ်ခြားပြီးဖြစ်ခဲ့တဲ့ လူသတ်မှုတွေဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ လက်ချက်ဆိုရင် နောက်ထပ်ပစ်မှတ်တစ်ခုဟာ ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူ လေစီဖြစ်နေမလား???? အမှုတွေကို ဆက်စပ်ကြည့်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က အသတ်ခံခဲ့ရတဲ့ ညီမဖြစ်သူ ဂျော်စီလင်းရဲ့ လူသတ်သမားနဲ့ မရီဆာနဲ့ဆာရပ်တို့ရဲ့ လူသတ်သမားဟာ ဆက်စပ်နေတဲ့ အချက်တွေကို တွေ့ရှိလိုက်ရချိန်မှာ……. လေစီတစ်ယောက် လူသတ်သမားကို ဖော်ထုတ်နိုင်မလား ဒါမှမဟုတ် လူသတ်သမားရဲ့ နောက်ထပ်သားကောင်တစ်ယောက်ဖြစ်သွားမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.1 GB) / (580 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:27:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Thriller • Horror • Mystery
4.4 2024 90 mins
A Podcast to Die For
Sister Midnight
6.4

Sister Midnight (2025) အမှောင်ကျနေ့ရက်များ မိဘတွေစီစဉ်ပေးထားတဲ့ အိမ်ထောင်ရေးတိုင်းဟာ ဇာတ်သိမ်းကောင်းနဲ့ကြုံရမှာပဲလို့ တွေးနေပြီဆိုရင်တော့ အခုရုပ်ရှင်လေးက သင့်အတွက်ပါပဲ။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ မိဘစီစဉ်ပေးတဲ့အိမ်ထောင်ရေးကြောင့် ပြောင်းလဲသွားတဲ့ အူမာဆိုတဲ့ မိန်းကလေးအကြောင်းပေါ့။ မိဘ‌တွေ စီစဉ်ပေးထားတဲ့သူနဲ့ လက်ထပ်အပြီးမှာပဲ ပျောက်သွားပြီး နောက်တစ်ရက်မနက်မှ မူးရူးပြန်လာတဲ့ယောက်ျားဖြစ်သူဂိုပယ်ကြောင့် အူမာတစ်ယောက် ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက် ရင်လေးနေပါပြီ။ ယောက်ျားဖြစ်သူဂိုပယ်ကလည်း တစ်နေ့တစ်နေ့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်၊ မူးရူးပြစ်တင်ဖို့လောက်သာသိတော့ တစ်စတစ်စနဲ့ လင်ဆိုးမယားတဖားဖားဖြစ်လာခဲ့ရတဲ့အူမာ ဒီလိုကနေ မုဆိုးတစ်ပိုင်း မိန်းမရိုင်းဖြစ်လာတဲ့အထိ အိမ်ထောင်ရေးမှာ ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့Alex ~ ToMo ~ V ~ Zwe တို့ပဲဖြစ်ပါတယ်)

Drama • Family
6.4 2025 107 mins
Sister Midnight