YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Law Cafe (2022)EP.5.WEB-DL.1080P.PP(CM).mp4

963.66 MB N/A video/mp4 1367 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The One Hundred
3.3

"The One Hundred " ဆိုတဲ့ဇာတ်ကားလေးကတော့ ၂၀၂၂ မှထွက်ရှိထားတဲ့ ထူးခြားဆန်းကြယ်ထိုင်းကားလေးပဲဖြစ်ပါတယ် မင်းသမီး ဖိန်းက YouTuber တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားခရီးအပြန် ဟိုတယ်တစ်ခုမှာ ကွာရန်တင်း ၁၄ ရက်ဝင်ရတာနဲ့အစပြုထားပါတယ် ဒီကားလေးကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားဆဲ ၂၀၂၀ ခုနှစ် ဝန်းကျင်ပုံစံကို ရိုက်ကူးထားတာပါ တစ်နေ့မှာတော့ သူနာပြုမလေး မေ ဟာ သူ့အမေလှမ်းခေါ်တာနဲ့ ဂျူတီကို သူ့ရဲ့လက်အောက်က သင်တန်းသူလေး ကတ် ကို အစားပေးထားခဲ့ရပါတယ် ဒါပေမဲ့ ကတ်ဟာ သာမန်မဟုတ်ဘဲ အကြီးဆုံးကင်းခြေများ ဝင်ပူးခံထားရပြီးမကောင်းဆိုးဝါးဖြစ်နေခဲ့တာပါ မင်းသားဖြစ်သူ လီအိုကတော့ တိုက်ကွမ်ဒိုကစားသမားတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာရှိနေတဲ့သူပါ မကောင်းဆိုးဝါးဖြစ်နေတဲ့ကတ်ဟာ ဟိုတယ်မှာ တည်းခိုသူတွေ ဝန်ထမ်းတွေကို ဒုက္ခပေးသတ်ဖြတ်လာပါတော့တယ် ဒါပေမဲ့ မြင်လိုက်တဲ့သူက ဖိန်းနဲ့ လာအိုအပြင် မရှိပါဘူး ဘယ်သူကမှ သူတို့ပြောတာကို မယုံခဲ့ကြပေမယ့် အခြေအနေတွေက ပိုပြီးဆိုးလာတဲ့အခါ ... Horror Vibe နဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့်ကားလေးမို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါရစေရှင့် အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin နဲ့ Cali ပဲ ဖြစ်ပါတယ်။ Genre.....Action, Fantasy, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 664MB | 295MB Format… mp4 Duration….1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin & Cali Encoder ..... August

Action • Adventure • Science Fiction
3.3 2022 85 mins
The One Hundred
Waltz with Bashir
7.7

၁၉၈၂ ခုနှစ် ဇွန်လမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကိုကျူးကျော်စစ်စတင်ခဲ့စဉ်က အကြောင်းတွေပြန်လည်ဖော်ထုတ်ထားတဲ့ဖြစ်ရပ်မှန်နောက်ခံဇာတ်ကားဖြစ်ပါတယ်။ Ari Flomanဟာထိုစစ်ပွဲမှာ အစ္စရေးဘက်ကတိုက်ခိုက်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ကာ စစ်ပွဲနဲ့ပတ်သက်တာတွေကို သူမမှတ်မိနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာသူငယ်ချင်းဖြစ်သူ ဘော့ဇ်က သူ့အိပ်မက်အကြောင်းပြောပြတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စစ်ပွဲမှာဖြစ်ပျက်ခဲ့တာတွေကိုရေးရေးမြင်လာပါတယ်။ စစ်ပွဲမှာ သူဘာတွေလုပ်ခဲ့လဲ၊ဘယ်တွေရောက်ခဲ့လဲဆိုတာကို ပြန်လည်ရှာဖွေဖို့ မိတ်ဆွေတွေဆီလိုက်မေးတဲ့ ပုံစံမျိုးနဲ့ဇာတ်အိမ်တည်ထားပါတယ်။ ဘာလို့လိုက်မေးရသလဲ ဒီဇာတ်ကားကိုသူဘာကြောင့်ထုတ်လုပ်ရသလဲဆိုတော့ အဲ့အချိန် အဲ့စစ်ပွဲမှာဖြစ်ပျက်ခဲ့ပြီး ဘာစီရင်ချက်မှမရှိခဲ့တဲ့ လက်ဘနွန်ဒုက္ခသည်စခန်းတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို မီးမှောင်းထိုးပြချင်လို့ပါပဲ။ ဇာတ်လမ်းအဆုံးမှာ ထိုအချိန်ကရိုက်ကူးခဲ့တဲ့ video footageလေးနဲ့အဆုံးသတ်ထားပါတယ်။ File Size : (1.5GB) and (575MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:30:00 Genre : Biography, Animation Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Mystery • Romance • Science Fiction • Thriller
7.7 2008 90 mins
Waltz with Bashir
Happening
7.2

ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။ 1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ... အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး မှားမိခဲ့တာဟာ အန်း ဘဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တယ်။ ဟုတ်ပါတယ် အန်းတစ်ယောက် ကိုယ်ဝန်ရသွားခဲ့တယ်။ အန်းက ဘဝရှေ့ရေး ရှိသေးတာမို့ ကလေးယူဖို့ တာဝန်မယူနိုင်သေးတဲ့အတွက် ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဆရာဝန်မှ မကူညီပေးခဲ့ဘူး။ ဥပဒေကလည်း လက်မခံခဲ့ဘူး။ မိဘတွေကိုလည်း ဖွင့်မပြောရဲ၊ သူငယ်ချင်းတွေကိုလည်း ဖွင့်မပြောရဲတဲ့ အန်းတစ်ယောက် ဒီအခက်အခဲကို တစ်ယောက်တည်း ဘယ်လို ကျော်လွှားနိုင်မလဲ? ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်၊ ရင်နင့်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.2GB, 1.1GB, 463MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr & 40mins Genre : Drama Translated by Kit Encoded by Kinnov

Action • Mystery • Thriller
7.2 2021 100 mins
Happening
On a Wing and a Prayer
5.5

On a Wing and a Prayer (2022) ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။ နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်‌ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ လေဆိပ်တာ၀န်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကြိုးစားရပါတော့တယ်။ တာ၀န်ရှိသူတွေက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားပြီး အခန့်မသင့်ရင် လေယာဉ်ကို သမုဒ္ဒရာထဲ ပျက်ကျနိုင်အောင် ညွှန်ကြားထားကြပါတယ်။ ဒက်ကတော့ သူ့မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမောင်းနှင်ပါတယ်။ ဒက်တို့မိသားစု မြေ‌ပြင်ကို ဘေးကင်းကင်း ဆင်းနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်လို ဒုက္ခတွေကြုံရဦးမလဲ၊ ဘယ်သူတွေက ကူညီပေးမှာလဲ၊ ဘုရားသခင်ကရော နောက်ဆုံးမှာ ကယ်တင်‌ စောင်မပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။ ဇာတ်ကားတစ်ကားလုံးနီးပါးက လေယာဉ်ကိုမြေပေါ် ဆင်းဖို့ တာ၀န်ရှိသူတွေနဲ့ကြိုးစားနေတာကို ရိုက်ထားတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ပတ်သက်တာကို ကြိုက်နှစ်သက်တဲ့လူတွေ ကြည့်ရှုသင့်တဲ့ကားတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai Kay Khaing မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 805MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 42Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai Kay Khaing Encoded by Y

5.5 2022 102 mins
On a Wing and a Prayer
Tumse Na Ho Payega
7.6

Tumse Na Ho Payega 2023 (imdb 9.2/10) ငယ်ငယ်တုန်းက မိဘတွေက နင်ဒီလောက်ညံ့နေတာ အတန်းထဲက အဆင့်တစ်ချီးစားပါလားတို့ဘာတို့ဆိုပြီး အဆူခံရဖူးတဲ့ ပရိသတ်တွေရှိကြလား ဆိုရှယ်မီဒီယာပေါ်မှာ ခရီးသွားလိုက် ဘားကလပ်သွားလိုက် အိုင်ဖုန်းကြီးဝယ်ကိုင်ပြလိုက်နဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျဖူးလား အဲဒီလိုခံစားချက်မျိုးတွေရှိဖူးတယ်ဆိုရင် ဒီဇာတ်ကားလေးက ပရိသတ်တို့အတွက် ကိုယ့်ဘဝကိုယ်ရောင်ပြန်ဟပ်စေမဲ့ ပုံမှန်အလုပ်လေးလုပ် တခါတလေဘားသွား crush ကပြန်မကြိုက် ကိုယ့်ဘဝကြီးကိုစိတ်ကုန် စသဖြင့် ကိုယ့်အကြောင်းရိုက်ပြနေသလိုကို ခံစားစေရမှာပါ အဲဒီလိုမျိုး မိဘကပေးတဲ့ ပရက်ရှာတွေ ပတ်ဝန်းကျင်ကပရက်ရှာတွေ ဆိုရှယ်မီဒီယာဘာညာစသဖြင့် ပရက်ရှာပေါင်းများစွာနဲ့ လူငယ်ခြေကျဘဝကို ပုံဖော်ပြထားတာမို့ စော်မရှိစာမလာ ဘူကောင် မန်ယူဖန်တွေကြည့်သင့်ကြောင်း ညွှန်းဆိုပေးပါရစေ ဇာတ်လမ်းအကျဉ်းလေးကတော့ အဓိကမင်းသားဂေါ်ရာဗ့်ဟာ သူ့ရဲ့နိစ္စဒူဝနေ့စဉ်ဘဝကြီးကိုစိတ်ကုန် သူ့ရဲ့ crush လေး ဒေဗစ်ကာကလည်း သူ့ဘဝရဲ့အမုန်းဆုံးကျောင်းသားဘဝထဲက ပြိုင်ဘက် အာဂျွန်နဲ့တွဲနေတော့ စိတ်ဓာတ်ကျပြီး အလုပ်မှာမပျော်တော့လို့ အလုပ်ထွက်လိုက်တာကနေ သူ့ဘဝကြီးက ပိုပဲအဆင်ပြေသွားမလား မိဘ ချစ်ရတဲ့သူ ပတ်ဝန်းကျင်စတဲ့ ပရက်ရှာတွေအောက်မှာ ဘယ်လိုအဆင်ပြေအောင် ရှေ့ဆက်မလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့တင်ဆက်ထားတာမို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်

Drama
7.6 2023 132 mins
Tumse Na Ho Payega
Fukrey 3
7.7

Fukrey 3 (2023) “ဆန်ကုန်မြေ‌လေးများအဖွဲ့” IMDb – 7.7/10 ဒီတစ်ခါမှာတော့ Fukrey ရဲ့ တတိယမြောက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရင် ဇာတ်လမ်းတွေအတိုင်းပဲ သူငယ်ချင်းလေးယောက် ဘယ်လိုတွေ ဗရမ်းဗတာလုပ်ကြဦးမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားမှာတော့ သူငယ်ချင်းလေးယောက်ဟာ စတိုးဆိုင်လေးဖွင့်ထားရင်းနဲ့ပဲ ဘိုလီရဲ့ ရေအရင်းအမြစ်ဝန်ကြီး လုပ်မယ့်ကိစ္စမှာ ပံ့ပိုးဖို့ ဖြစ်လာခဲ့ပါတယ်။ ဘိုလာဟာ အာဏာရှိတဲ့အရသာကို မြည်းစမ်းမိရင်းနဲ့ တကယ့်ကို အာဏာရှိတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ဖို့အတွက်နဲ့ ပြည်သူလူထုအပေါ်မှာလည်း မဖြစ်နိုင်တာတွေ ကတိပေး တစ်ဖက်မှာလည်း ရေနံဂိုဏ်းမာဖီးယားတွေနဲ့ အဆက်အသွယ်လုပ်ရင်းနဲ့ပဲ ဘိုလီရဲ့ ဝန်ကြီးဖြစ်အောင် လုပ်မယ့်လမ်းမှာ သူငယ်ချင်းလေးယောက် ဘယ်လိုတလွဲတွေလုပ်ကြဦးမလဲ ဆိုတာကို ဟာသ‌‌လေးတွေနဲ့ ရယ်ရင်းမောရင်း မှုခင်းပိုင်းလေးတွေနဲ့ တွဲပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2023
Fukrey 3
Upon Entry
7

ရုပ်ရှင်ကို စကြည့်လိုက်မိတာနဲ့ ထိုင်ရာကနေ မထနိုင်လောက်အောင် ကြည့်ရှုနေသူကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုင်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ လူဝင်မှုကြီးကြပ်ရေး၊ ယုံကြည်မှုနဲ့ ကိုယ်ရေးကိုယ်တာထုတ်ဖော်မှုတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အသွင်အပြင်များစွာကို ကြည့်ရှု့ရမယ့် ဒရာမာ တစ်ခု ဖြစ်ပါတယ်။ Alberto Ammann, Bruna Cusí, Laura Gómezနှင့် Ben Templeတို့လို့ castတွေ အသုံးပြုထားတာကြောင့်လည်း ကြည့်ရှု့သူကို ပြုစားနိုင်တဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ ထင်မိပါတယ်။ ဇာတ်လမ်းလေးကတော့ …. စာဖတ်သူ ပြည်ပနိုင်ငံတစ်ခုဆီ ခရီးသွားပြီး ပြောင်းရွှေ့အခြေချဖို့ သွားပါတယ် ထားပါစို့။ နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ တခြားသောစာရွက်စာတမ်းတွေအပြည့်ပါလျက်နဲ့ လဝက,နေ ကိုယ့်ကိုဆွဲခေါ်ထားလိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမေးမြန်းပါတော့တယ်။ မေးခွန်းပေါင်းများစွာ စစ်မေးနေပေမယ့် ဘာကြောင့်မေးနေမှန်းလည်း မပြောပြဘဲ၊ ဘာဖြစ်လို့လဲဆိုတာကို မပြောဘဲ၊ အကြောင်းပြချက် မပေးဘဲ ဆက်တိုက်ကို အဘက်ဘက်ကနေ မေးမြန်းနေကြပါတော့တယ်။ ဒီလိုအခြေနေမျိုးမှာဆိုရင် စာဖတ်သူအနေနဲ့ ဘယ်လိုရင်ဆိုင်တွေ့ကြုံလာရမယ်လို့ ထင်ပါသလဲ။ ဘယ်လိုမေးခွန်းတွေနဲ့ စိတ်ကျဉ်းကျပ်အောင် ဘယ်လိုစေ့စပ်သေချာတဲ့ မေးခွန်းတွေနဲ့ အမေးခံရမှာလဲ။ အထူးသဖြင့် ဒီလိုတွေလိုက်မေးနေတာက ဘာကြောင့်များ မေးနေတာလဲ။ စာရွက်စာတမ်းတွေ စုံလျက်သားနဲ့ ဘာလို့ဆက်တိုက် နာရီနဲ့ချီအောင် မေးမြန်းခံနေရတာလဲ။ ဘယ်တော့များမှ ကိုယ်နေထိုင်မယ့် နိုင်ငံထဲကို ဝင်ခွင့်ရမှာလဲ …. ရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ ဒီလိုမျိုးပဲ ဖြစ်ပါတယ်။ “ဟာနက်ဒက်ဇ်”ဆိုသူဟာ ဗင်နီဇွဲလားနိုင်ငံသား မြို့ပြစီမံကိန်းရေးဆွဲသူတစ်ယောက် ဖြစ်ပါတယ်။ ဟာနက်ဒက်ဇ်ဟာ ပမ်မီးစ်လို့ခေါ်တဲ့ ခေတ်ပြိုင်အကသမား စပိန်သူလေးနဲ့ တွဲနေပါတယ်။ စပိန်သူလေး ပမ်မီးစ်က DV ထီ ပေါက်လို့ အမေရိကန်နိုင်ငံသား green card ရရှိထားလို့ အမေရိကန်နိုင်ငံဆီကို ရည်းစားလေး ဟာနက်ဒက်ဇ်ရဲ့လက်ကိုတွဲကာ ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာ အမေရိကန်နိုင်ငံဆီကို ၂ယောက်သား ထွက်ခွာသွားတာနဲ့ အစပြုထားပြီး အဘက်ဘက်ကနေ စာရွက်စာတမ်းအပြည့်အစုံနဲ့ အမေရိကန် လေဆိပ်ဆီ ချောချောမွေ့မွေ့ရောက်ရှိလာပါတော့တယ်။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးဆီ ရောက်တဲ့အခါမှာတော့ စစ်ဆေးမေးမြန်းမယ်ဆိုပြီး ခေါ်ဆောင်ခြင်းခံလာရပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဘာလို့ခေါ်တာလဲလည်း မသိ၊ ဘာကြောင့်အမေးခံနေရတာလည်း မသိနဲ့ တစ်ကားလုံးကို မေးခွန်းတွေကြားထဲမှာ လိုက်ပါစီးမြောခံစားခွင့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရှု့နေသူကို ဆောင်ခေါ်သွားနိုင်တာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ တစ်ပါတည်း တွေးတောချင်သူတွေအတွက် သိပ်ကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ အချစ်၊ ယုံကြည်မှု၊ ရိုးသားခြင်းရဲ့ ရှုပ်ထွေးမှုတွေကို လှလှပပရိုးရိုးရှင်းရှင်းနဲ့ တည်ဆောက်ပြသွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်လို့ဆိုရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(996 Mb)/(431 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

Thriller • TV Movie
7 2022 77 mins
Upon Entry
Hungry Hearts
6

Hungry Hearts (2014) ==================== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။ သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။ အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။ သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ ) File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June

Adventure • Action • Science Fiction • Thriller
6 2014 109 mins
Hungry Hearts
What’s Eating Gilbert Grape
7.8

* What’s Eating Gilbert Grape * IMDB – 7.8/10 Rotten Toamtoes – 89% Leonardo DiCaprio နဲ့ Jonny Depp တို့ အတူ တွဲရိုက်တဲ့ ရှားရှားပါးပါး ရုပ်ရှင် . . ။ အမေရိကန် မြို့ငယ်လေးတစ်မြို့ရဲ့ လူနေမှုဘဝ တွေကို မြင်ရမယ့် ရုပ်ရှင် . . ။ အတက်အကျ အနိမ့်အမြင့် အချိုးအကွေ့တွေနဲ့ ဝေဝေဆာဆာ ဖန်တီးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ခံစားရမယ့် ရုပ်ရှင် . . ။ ဇာတ်လမ်းအကျဉ်းက အသက် 24 နှစ်အရွယ် Gilbert (Jonny Depp) ဆိုတဲ့ ကောင်လေးနဲ့ သူ့မိသားစုအကြောင်း ပါ။ သူ့မှာ စိတ်မမှန်တဲ့ အူကြောင်ကြောင် ညီတစ်ယောက် (Leonardo) ရှိတယ်။ ဒီရုပ်ရှင်ကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ နေ့စဉ်ဘဝ အပါအဝင် ဝမ်းနည်းစရာ စိတ်ပျော်စရာ စတဲ့ ခံစားချက် အမျိုးမျိုးကို ထိတွေ့ရမှာပါ။ ဒီရုပ်ရှင်က 1993 ခုနှစ်မှာ ထွက်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက Leonardo ရဲ့အသက် 19 နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ သုံးကားမြောက်ရုပ်ရှင်ပါ။ ဒါ့အပြင် Leo ရဲ့ ပထမဆုံး အော်စကာ ဇကာတင် စ ဝင်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Supporting Actor အနေနဲ့ ဝင်တာပါ။ အဲ့ဒီကနေ စ လိုက်တာ နောက်ဆုံး The Revenant ကျမှ အော်စကာ ရပါတော့တယ်။ ဒီရုပ်ရှင်မှာ Leo ကို တစ်ခါမှ မမြင်ဖူးတဲ့ သူငယ်နပ်စား စိတ်ရောဂါရှင် အူတိအူကြောင် ကောင်လေးတစ်ယောက်အနေနဲ့ မြင်ရမှာပါ။ Jonny Depp လည်း ဒီကားကို ရိုက်ကူးနေချိန်မှာ အသက် ၃၁ ပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ ဒီကားမှာ Depp ကို ကြွေတယ်။ အေးတိအေးစက် နဲ့ သရုပ်ကို ဆောင်ထားပြီး မထင်ထားတာတွေ ထ ထ လုပ်တဲ့ Depp . . ။ ရူပါကလည်း အဖြောင့်။ (ဆော်တွေတော့ မသိ။ ကိုယ်တော့ ကြွေတယ်) သူနဲ့ Leo နဲ့ ညီအစ်ကို နှစ်ယောက်ဆိုတဲ့ Character ကို ကြည့်ရတာ Legend ကြီး နှစ်ယောက်ရဲ့ ကနဦးဘဝ နှစ်ခုကို တစ်ပြိုင်တည်း လေ့လာခံစားနေခွင့် ရသလိုကို ဖြစ်နေပါတော့တယ်။ အခြား Character တွေဆိုရင် အဲ့ဒီအချိန်က နာမည်ကြီးမင်းသမီးကြီး Luliette Lewis တို့ Mary Steenburgen တို့လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ အခြားနာမည်ရှိပြီးသား Character တစ်ချို့လည်း ပါသေးတယ်ဆိုတော့ ဒီရုပ်ရှင်က character တော်တော်မြိုင်တယ်ပြောရမယ်။ အခြားသော Music တို့ DOP တို့ Production Design တို့ စတဲ့ ကဏ္ဍ အသီးသီးမှာတော့ ဒီဘက်ခေတ်ရုပ်ရှင်တွေလောက် ခေတ်မမှီပေမယ့်လည်း ရိုးရှင်းသပ်ရပ်ပြီး ဒီနေ့ထိ မျက်စိအရသာကို ရှိနေပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် . . အနှစ်သာရလည်းပြည့်ဝတဲ့ Hollywood ရဲ့ classic drama ကား တစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ What’s Eating Gilbert Grape ကို ရွေးချယ်ဖို့ အကြံပြုအပ်ပါတယ်။ _________ မောက်ခမ်းဝါ (ရုပ်ရှင်အညွှန်းကို မောက်ခမ်းဝါ FB မှကူးယူဖော်ပြပါသည်။)

7.8 1993 118 mins
What’s Eating Gilbert Grape
The Courier

ဒီရုပ်ရှင်ကားဟာ စပိန်နိုင်ငံရဲ့ စီးပွားပျက်ကပ် နဲ့ ငွေကြေးခဝါချမှုတွေ ငွေကြေး လိမ်လည်မှုတွေကို နောက်ခံပြီး ဇာတ်လမ်းတည်ထားတာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ Ivan ဆိုတဲ့ ဂေါဖ့်ကွင်းက အလုပ်သမားလေး ဖြစ်ပြီး တစ်နေ့မှာ မူးနေတဲ့ ကောင်စီဝင် တစ်ယောက်ကို ကားနဲ့ ပြန်ပို့ ရင်းနဲ့ သူ့ဘဝတိုးတက်လမ်းကို ရှာတွေ့သွားတာ ဖြစ်ပါတယ်။ Anne ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ပြီး သူဟာ ငွေကြေးတွေကို လက်ဆွဲသေတ္တာထဲ ထည့်ပြီး တစ်နေရာကနေ တစ်နေရာကို ကူးပြီး ပို့ပေးရတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ သူ့ရဲ့ ပထမဆုံး အလုပ် လုပ်ရင်း Escamez ဆိုတဲ့ လူနဲ့ သိကျွမ်းခဲ့ပါတယ်။ ဒီလူကလည်း ငွေကြေးတွေကို သယ်ပို့ပေးသူ ဖြစ်ပြီး ကော်မရှင်ခအနေနဲ့ ငွေကြေးရဲ့ 3% ကို ယူတာ ဖြစ်ပါတယ်။ Ivan က Yannick ဆိုတဲ့ Partner တစ်ယောက်နဲ့ တွေ့ပြီး သူတို့ ကိုယ်ပိုင် သယ်ပို့ပေးတဲ့ လုပ်ငန်းကို စလုပ်ခဲ့ပါတယ်။ အမြဲ အမြင့်တက်ဖို့ပဲ ချောင်းနေတဲ့ Ivan တစ်ယောက် Anne ဆီကနေ သင်ယူရတဲ့ ပညာတွေနဲ့ ဘယ်လို လူလည်ကျမလဲ၊ အဆုံးသတ်မှာရော ဇာတ်လမ်းက လှပါ့မလား။ ဖြစ်ရပ်မှန်ပေါ် အခြေခံ ရိုက်ထားတာလည်း ဖြစ်လို့ စိတ်ဝင်စားစရာ ပိုကောင်းပါတယ်။ File size…(1.7 GB)/(969 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
The Courier
Goyo
6.5

ဒီတစ်ခါမှာတော့ မိုးအေးအေးမှာ ကြည့်ဖို့ အာဂျင်တီးနား ရုပ်ရှင်ကောင်းလေး တစ်ခုကို CM ကနေ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းလေးကတော့ Asperger Syndrome လို့ ခေါ်တဲ့ အော်တစ်ဇင် မျိုးကွဲရောဂါတစ်ခု ခံစားနေရတဲ့ ပြတိုက်လမ်းညွှန် Goyo နဲ့ ကလေးနှစ်ယောက်အမေ ပြတိုက် လုံခြုံရေးဝန်ထမ်း Eva တို့ကြားထဲက အချစ် ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်း ဖော်ကြူးထားတာပါပဲ ။ Asperger Syndrome ခံစားနေရတဲ့ Goyo ဟာ မိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ထီးကျိုးသွားလို့ ဒေါသ ထွက်နေတဲ့ Eva ကို မြင်မြင်ချင်း သဘောကျမိသွားပါသတဲ့ ။ ပုံမှန် ချစ်ကြိုက်ညား ဇာတ်လမ်းတွေနဲ့မတူတာကတော့ နှစ်ဖက်လုံးမှာ ကိုယ်စီ ချို့ယွင်းချက်တွေ အဟန့်အတားတွေ ပိုင်ဆိုင်ထားတာပါပဲ ။ ချစ်မိသွားတဲ့အခါ Asperger Syndrome ဝေဒနာရှင် Goyo တစ်ယောက် ဘယ်လိုပြုမူမလဲ ။ သူတို့လို လူမျိုးတွေရဲ့ အချစ်ကို ချဥ်းကပ်ပုံလေးတွေကို ရသပေါင်းစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း Eva က Goyo ထက် အများကြီး အသက်ကြီးတဲ့အပြင် ပြတ်စဲလုနီးနီးအိမ်ထောင်ရေးနဲ့ ကလေးနှစ်ယောက် အမေ ဖြစ်လို့နေပြန်ပါတယ် ။ အစစအရာရာ ကွာခြားလွန်းနေတဲ့ သူတို့နှစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ ။ အချစ်ကြောင့် ရိုက်ခတ်လာတဲ့ လောကဓံတွေကို Goyo တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား ။ နောက်ဆုံးမှာရော သူတို့ ပေါင်းဖက်သွားရမလားဆိုတာတော့ Goyo လို့ အမည်ရတဲ့ ဇာတ်လမ်းလေးမှာ အတူတူ ကြည့်ရှု ခံစားလိုက်ရအောင် ။ File size…1.31GB / 629MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.5 2024
Goyo
Trouble with the Curve

IMDb – 6.8 ဂန္တဝင်မင်းသားကြီး Clint Eastwood, လူးဝစ် လိန်းသရုပ်ဆောင် Amy Adams နဲ့ Justin Timberlake တို့ ပါဝင်သရုပ်‌ဆောင်ထားတဲ့ အားကစား ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စ် လိုဘယ် (Clint Eastwood) ဟာ ဘေ့စ်ဘောကင်းထောက်တစ်ယောက်ဖြစ်ပြီး ဘရေ့ဗ်အသင်းမှာ အလုပ်လုပ်ပါတယ်။ ငယ်တုန်းကတော့ အသင်းအတွက် ကစားသမားကောင်းတွေ သေချာရှာပေးနိုင်ပေမဲ့ ဇရာရလာပြီဖြစ်လို့ အမြင်အာရုံကလည်း ချို့ယွင်းစပြုလာခဲ့ပြီး ကစားသမားကောင်းရွေးနိုင်စွမ်းလည်းကျလာခဲ့ပါတယ်။ မိတဆိုး သမီးလေးဖြစ်သူ မစ်ကီ (Amy Adams) နဲ့လည်း အခေါ်အပြောဆက်ဆံရေးလောက်ပဲရှိပြီး ရင်းနှီးတဲ့ဆက်ဆံရေးမရှိခဲ့ပါဘူး။ မစ်ကီကတော့ အဖေနဲ့ နီးစပ်ချင်လို့ကြိုးစားခဲ့ပေမဲ့လည်း ဂတ်စ်ကိုယ်တိုင်ကရှောင်နေခဲ့တာပါ။ တနေ့မှာတော့ ဂတ်စ်တယောက် မြောက်ကယ်ရိုလိုင်းနားက နာမည်ကြီးနေတဲ့ ဘို ဂျန်ထရီဆိုတဲ့ ကစားသမားကို ကင်းထောက်သွားဖို့ရင်း မိတ်ဆွေဖြစ်သူ ပိပ်ရဲ့ အကူအညီတောင်းမှုကြောင့် သမီးဖြစ်သူ မစ်ကီလည်းလိုက်လာပြီး ကင်းထောက်တာကို ကူညီပေးရင်းနဲ့ အဖေနဲ့ သမီးနှစ်ယောက်ကြားက အေးစက်တဲ့ဆက်ဆံရေးတစ်ခုပြန်လည်နွေးထွေးလာပုံကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.7 GB)/(885 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2012
Trouble with the Curve
Paternal
6.3

ပြင်သစ်နိုင်ငံရဲ့ ကက်သလစ်ဘာသာရေးဆိုင်ရာ အယူအဆအကြောင်း၊ ကက်သလစ်ဘုန်းတော်ကြီးတွေလိုက်နာရတဲ့ ဝိနည်းစည်းမျဉ်း‌တွေအကြောင်း၊ လူ‌သားတွေရဲ့ ဖြူစင်တဲ့သံယောဇဉ်အနှောင်အဖွဲ့အကြောင်းကို ခံစားကြည့်ရှုရမယ့် မေတ္တာဘွဲ့ဒရာမာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း Simonဆိုတဲ့အမျိုးသားတစ်ဦးဟာ ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ကက်သလစ်ဘုန်းတော်ကြီးဘဝကို ရွေးချယ်ခဲ့တဲ့သူဖြစ်ပြီးအသင်းတော်ရဲ့ ယုံကြည်သူတွေကလည်း အင်မတန်လေးစားအားကိုးကြတယ် အဲဒီအချိန် ပြင်သစ်မှာ ကလေးတွေအပေါ် ဘုန်းတော်ကြီးတွေက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု‌တွေပေါ်ပေါက်လာခဲ့ပြီး ဘုရားကျောင်းတွေကို လူတွေက ယုံကြည်မှုကျဆင်းလာခဲ့တယ် တစ်နေ့မှာတော့ Simonတို့ဘုရားကျောင်းက ကလေးမလေးတစ်ယောက် ရုတ်တရက်ကိုယ်ဝန်ရှိလာတဲ့အခါ ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲဆိုတာ‌ ဖြေရှင်းဖို့ကြိုးစားနေရင်း Simon လူဝတ်ကြောင်ဘဝက ရည်းစားဟောင်းဖြစ်ခဲ့တဲ့ Louise Fisher ဆိုတဲ့အမျိုးသမီးဟာ Aloe ဆိုတဲ့ကလေးတစ်ယောက်နဲ့အတူ Simon ကိုလာ‌တွေ့ပြီးနောက် ပြဿနာတွေစတင်လာခဲ့တယ် ဘုန်းတော်ကြီးမဖြစ်ခင်က ဇာတ်လမ်းတစ်ခုကြောင့် Simon ရဲ့ ဘုန်းတော်ကြီးဘဝကို သက်ရောက်မှုရှိတွေခဲ့လာတဲ့အခါ Simon တစ်ယောက်ဘယ်လိုတွေဖြေရှင်းမလဲ ဖခင်တစ်ယောက်ရဲ့တာဝန်ကို‌ရောယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ပြင်သစ်ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(1 GB)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vivien

Romance • Drama
6.3 2024 93 mins
Paternal
Cold Road
5

ဒီကားကိုတော့ ဒါရိုက်တာ Kelvin Redvers ရိုက်ကူးထားပြီး မင်းသမီး Roseanne Supernault က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း အဓိကဇာတ်ကောင် ထရေစီရဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစေတဲ့ ဆောင်းတွင်းခရီးလမ်း အကြောင်းကို ကြည့်ရှုရမှာပါ။ ထရေစီကတော့ မြို့လေးမှာမနေချင်တာကြောင့် မွေးရပ်မြေဇာတိနဲ့ ဝေးရာမှာ အကြာကြီးနေထိုင်နေတဲ့သူပါ။ ယောက်ျားဖြစ်သူက အလုပ်တွေပဲလုပ်ပြီး သူ့ကိုဂရုမစိုက်ပါဘူး။ ဒီလိုနဲ့ အမေဖြစ်သူ လေဖြတ်ပြီး သေခါနီးအချိန်မှာတော့ အမေဖြစ်သူရဲ့ အသက်ကိုမီအောင် ထရေစီတစ်ယောက် ဆယ့်နှစ်နာရီကြာ ကားမောင်းပြီး မွေးရပ်မြေကို ပြန်ရဖို့ဖြစ်လာပါတယ်။ ယောက်ျားဖြစ်သူကလဲ အဖော်မလိုက်ပေးပဲ ခွေးလေးကိုပဲအဖော် အဖြစ်ခေါ်ခဲ့ရတဲ့ ထရေစီတစ်ယောက် ကားမောင်းရမယ့်လမ်းမကြီးက ထူးဆန်းတဲ့ မတော်တဆမှုတွေ မကြာခဏဖြစ်နေခဲ့တာကို သိခဲ့ရပါတယ်။ ဒီလိုနဲ့ လမ်းမှာ‌နှောင့်နှေးမှုတွေ ကြုံရတဲ့အပြင် အေးစက်နေတဲ့ ရာသီဥတုကြား ထရပ်ကားတစ်စီးနဲ့ယောက်ျားတစ်ယောက်က လိုက်သတ်တာကို ကြုံတွေ့ရပါတော့တယ်။ ခရီးလမ်းက စီစဉ်ထားတဲ့အတိုင်း မဖြစ်လာပဲ အန္တရာယ်ကြုံနေရတဲ့ ထရေစီတစ်ယောက် လူသတ်သမားလက်ကလွတ်အောင် ပြေးနိုင်မလား… သူ့အမေရဲ့ အသက်ကိုရော မီနိုင်မှာလား…ဘယ်လိုနည်းတွေသုံးပြီး လူသတ်သမားကို ရင်ဆိုင်မှာလဲ…ရင်ခုန်လှိုက်မောဖွယ် ခရီးတစ်ခုကို ထရေစီနဲ့အတူ သွားရောက်ရင်း ကြည့်ရှုခံစားရမှာပါ။ File size… (1.38GB) / (800MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Drama
5 2023 100 mins
Cold Road
Whirlwind Smrst
5.5

ကိုယ့်ရဲ့အကြီးမားဆုံးရန်သူကဘယ်သူလဲလို့မေးလိုက်ရင် ကိုယ်ကိုယ်တိုင်ပါပဲလို့ပြောရမှာပါပဲ။ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ဘ၀ကို ကောင်းမွန်အောင် ပျော်ရွင်စရာကောင်းအောင် လုပ်ပေးနိုင်သလို ဝမ်းနည်းစရာကောင်းအောင် အဆိုးဆုံး အခြေအနေဆိုရင် ကိုယ့်အသက်ကိုယ်နှုတ်ယူတဲ့အထိပါ ကိုယ့်ကိုအန္တရာယ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး ရန်သူမဖြစ်စေဘဲ မိတ်ဆွေအဖြစ်ပေါင်းသင်းနိုင်ဖို့ကအရေးကြီးပါတယ်။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း ဒီလို အကြောင်းအရာမျိုးကို စိတ္တဇဆန်ဆန် သည်းထိပ်ရင်ဖို ဖြစ်အောင်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Smrst ဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိရရှိထားပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ မှုခင်းဆေး စိတ်ပညာရှင် မာတင်ဖြစ်ပြီး သူ့အလုပ်ကတော့ ရာဇဝတ်မှု တရားခံတွေရဲ့စိတ်ကျန်းမာရေးကို အကဲဖြတ်သုံးသပ် ပေးရတာပဲဖြစ်ပါတယ်။သူ့မိန်းမပေါင်လာက ကင်ဆာ ရောဂါသည်ဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်လုံး အတွက်အဆင်ပြေဖို့အတွက် ကင်ဆာရောဂါသည်တွေကို ကုသပေးတဲ့ ဟော်တယ်လိုမျိုး ကျန်းမာရေးစခန်းတစ်ခုကို သွားခဲ့ပါတော့တယ်။အဲ့ဒီမှာသူ့မိန်းမအတွက်ကုသမှုခံ နေရင်းနဲ့ သူကိုင်ရမဲ့အမှုဖြစ်တဲ့ လူသတ်မှုတရားခံကို သုံးသပ်ဖို့လုပ်ခဲ့ပါတော့တယ်။လူသတ်မှုလို့ဆိုပေမဲ့ သူအင်တာဗျူးခဲ့တာတွေကို ပြန်လည်စစ်ဆေးကြည့်တဲ့ အခါမှာ တရားခံက သူလုပ်ခဲ့တာမဟုတ်ကြောင်းနဲ့ လေ အမျိုးသမီးလို့ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ သဘာ၀ လွန်အရာကြီးအကြောင်းကိုထပ်ခါထပ်ခါပြောနေမှန်း သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအကြောင်းဆက်သုံးသပ်ရင်း ဒီလိုအရာကြီးကတကယ်ရှိတာလား တရားခံကပဲဂျင်းထည့် နေတာလားဆိုတာတွေအပြင် သူတို့လင်မယားနှစ်ယောက် ရော အဲ့ဒီစခန်းကြီးမှာ ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာ တွေကိုရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.35GB) / (804MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 2m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Family
5.5 2024 122 mins
Whirlwind Smrst