YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Late.Game.2024.720p.AMZN.WEBRip.(CM).mp4

917.82 MB 720p video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Legacy Peak
4.8

တောတွင်းစွန့်စားခန်းဖွင့်တဲ့ဇာတ်ကားမျိုးကိုမှ exaggerated ဖြစ်နေတဲ့ scene တွေမပါဘဲ ကိုယ်ကိုယ်တိုင်တောတွင်းရောက်သွားတဲ့အခါ တကယ်တမ်းကြုံတွေ့လာရနိုင်တာတွေကိုပဲ ရိုက်ပြထားတဲ့ သဘာဝအဆန်ဆုံး adventure movie မျိုးကို သဘောကျတယ်ဆိုရင် Legacy Peak ဆိုတဲ့ ဒီဇာတ်ကားလေးကိုကြည့်ဖို့ ကျွန်တော်ညွှန်းချင်ပါတယ်ဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဆန်ဆိုတဲ့ သက်လတ်ပိုင်းဘဲတစ်ပွေက သူလက်ထပ်လုဆဲဆဲအမျိုးသမီးရဲ့ သားနဲ့သမီးဆီမှာ မျက်နှာကောင်းရဖို့အတွက် သူ့အမျိုးသမီးရဲ့မိသားစု ခရစ်စမတ်ကိုအတူတူနွှဲကြမဲ့အပန်းဖြေအိမ်လေးဆီ ကလေးနှစ်ယောက်ကိုခေါ်ပြီး ဘိုးရင်းဂျက်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း စီစဉ်တဲ့အတိုင်းဖြစ်မလာခဲ့ဘဲ လေယာဉ်ပျက်ပြီး လီဂေဆီတောင်ထိပ်နားကတောနက်ကြီးထဲကို သုံးယောက်သားရောက်ရှိသွားပါတော့တယ်။ လူတွေဟာ အခက်အခဲတွေကြုံလာရချိန် ကိုယ်နဲ့အတူရင်ဆိုင်မဲ့ရဲဘော်ရဲဘက်တွေနဲ့ ရင်ဘတ်ချင်းနီးတတ်ကြသလိုပဲ ဒီသုံးယောက်သားဟာလည်း အခက်အခဲတွေကြားမှာမှ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာ၊ တစ်ယောက်စိတ်ရင်းအမှန်ကိုတစ်ယောက် မြင်ခွင့်ရလာပါတော့တယ်။ ဒီဇာတ်လမ်းမှာက အဓိကအနေနဲ့ တောတွင်းစွန့်စားခန်းတွေထက် သူတို့သုံးဦးသားကြားက မေတ္တာတွေ၊ အခက်အခဲတွေကို အတူရင်ဆိုင်ကြပုံတွေကို ရိုက်ပြထားတာမို့ ကြည့်ပြီးတဲ့အချိန်မှာလည်း တစ်ခုခုတော့ကျန်ခဲ့မှာ အသေအချာပါပဲဗျာ။ File size…(1.6 GB)/(966 MB)/(466 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Action • Comedy • Crime
4.8 2022 94 mins
Legacy Peak
Howling Village
5.9

ဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ အိနုနခိလှိုဏ်ခေါင်းက ဂျပန်နိုင်ငံ ဖူကုအိုကာစီရင်စုမှာ အမှန်တကယ်ရှိနေတဲ့နေရာတစ်ခုပါ။ သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးပြီး ကြမ်းတဲ့နေရာတစ်ခုလို့ ဆိုလို့ရပါတယ်။ လှိုဏ်ခေါင်းထဲမှာရော အနီးတဝိုက်မှာပါ လူသတ်မှုတွေဖြစ်ခဲ့ပြီး ဂျပန်ရဲ့ကြောက်စရာအကောင်းဆုံးနေရာလို့ ပြောကြရတဲ့အထိပါပဲ။ သရဲခြောက်တဲ့ဇာတ်လမ်းတွေ ယုံတမ်းစကားတွေ လည်း ဂလူထုကြားထဲမှာ အများကြီးပြန့်နှံ့နေခဲ့တာပါ။အပြင်က အိနုနခိရွာကလည်း ဇာတ်လမ်းထဲကအတိုင်းပဲ ဆည်တည်ဆောက်မှုကြောင့်‌ ရေအောက်ကိုရောက်ရှိသွားပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ စုံတွဲတစ်တွဲက အိနုနခိလှိုဏ်ခေါင်းရှိတဲ့နေရာကို ည၂နာရီမှာရောက်ပြီး ဗီဒီယိုရိုက်နေကြပါတယ်။ လှိုဏ်ခေါင်းနားက ဖုန်းရုံက ည၂နာရီတိတိမှာ ဖုန်းမြည်လာတာကြောင့် ကောင်မလေးဖြစ်တဲ့ အခိနက ဖုန်းကို ကိုင်လိုက်ပါတယ်။ တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့် ကောင်မလေးနဲ့ကောင်လေးလည်း ချက်ချင်းပဲ လှိုဏ်ခေါင်းထဲဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်ခြားစရာတွေ တွေ့ကြုံလိုက်ရပြီး သွေးရူးသွေးတန်းနဲ့ အိမ်ပြန်ပြေးလာကြပါတယ်။ နောက်နေ့မှာတော့ အခိနက ကြောင်တောင်တောင်ဖြစ်နေပါပြီ။ မကြာခင်မှာပဲ အခိနဟာ ရေစင်အမြင့်ကြီးကနေ ခုန်ချပြီးသေဆုံးသွားခဲ့ပါတယ်။ ချစ်သူသေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ကောင်လေးဖြစ်သူ ယုမက မကျေနပ်ချက်ကြောင့် လှိုဏ်ခေါင်းထဲကို နောက်တစ်ခေါက်ထပ်သွားရင်း ပျောက်ဆုံးသွားပါတယ်။ အဲဒီလှိုဏ်ခေါင်းရှေ့ကဖုန်းရုံမှာ ဖုန်းဝင်လာတာကို ကိုင်မိတဲ့သူတိုင်း ရေနစ်တဲ့လက္ခဏာတွေနဲ့ ထူးဆန်းစွာ သေဆုံးကုန်ပါတယ်။ ယုမရဲ့အစ်မဖြစ်သူ စိတ်ရောဂါကုဆရာဝန် ခနအဲက သူ့မောင်လေးကိုပြန်ရှာဖို့ လှိုဏ်ခေါင်းနဲ့ပတ်သက်တာတွေကို လိုက်စုံစမ်းရာက သူတို့မျိုးရိုးရဲ့အတိတ်တွေကိုပါသိလိုက်ရပါတော့တယ်။အစ်မဖြစ်သူလည်း မောင်လေးကိုကယ်ဖို့အတွက် လှိုဏ်ခေါင်းထဲကိုဝင်ပြီး လိုက်ရှာတဲ့အခါမှာတော့.. Ju-On:The Grudge,Suicide Forest villageနဲ့ Ox-Head villageတို့ကိုရိုက်ကူးတဲ့ဒါရိုက်တာရဲ့ 2020ထွက် Horrorကားကောင်းတစ်ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Ingyin San ပါ ) File Size__(1GB) Quality__BluRay_720p IMDb Rating__5/10 Format__mp4 Duration__01:45:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Adventure • Fantasy
5.9 2020 108 mins
Howling Village
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
Late Night
6.4

အမေရိကန်နိုင်ငံရဲ့ ညပိုင်းစကားပြောအစီအစဉ်တွေအကြောင်းရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေးပါ .....ဒီဇာတ်ကားထဲမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်က အလုပ်အရမ်းကြိုးစားသလို အချိန်ပြည့်လည်း ဒီအစီအစဉ်ကိုပဲခေါင်းထဲထည့်ထားလေ့ရှိယတ်... သို့ပေမယ့် သူဟာ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ သူ့အစီအစဉ်တွေဟာ ဒီပုံစံခွက်ထဲက မထွက်သလိုဖြစ်နေတယ်...ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်နေရှာတယ်...အဲ့ဒီအချိန်မှာပဲ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ဒီအစီအစဉ်တွေကို တစ်ဘက်တစ်လမ်းက ကူညီဖို့ကြိုးစားတယ်... ဒီဇာတ်လမ်းက ဟာသဇာတ်မြူးလေးဆိုပေမယ့် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပညာသားသားပါပါ ထောက်ပြထားတယ်... ရယ်လည်းရယ်ရသလို မှတ်သားစရာလေးတွေလည်း ပါတာမို့ ခံစားကြည့်ကြပါဦးလို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်... File Size : (950 MB) and (357 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Phyo Pyae

Action & Adventure • Sci-Fi & Fantasy
6.4 2019 102 mins
Late Night
To Leslie
7

ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။ သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။ လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ကလိထိုးကျီစားမှု ကြောင့် သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းနဲ့ ဝဋ်တစ်ဖန်ပြန်လည်၊ ပလက်ဖောင်းမင်းသမီး အရင့်စားကြီးပေါ့။ မွေးရပ်မြေကို ပြန်ရောက်၊ တစ်အူထုံဆင်း အစ်မရင်းကပါ အိမ်ကနေနှင်ထုတ်ရလောက်အောင် ဘဝဆိုးရသူ။ လက်စလီ ဘယ်လဲ၊ ဘာလဲ။ ဘာတွေဆက်ဖြစ်မလဲ။ ဘာတေ‌ွကြုံရဦးမလဲ။ ဒီ ၂၀၂၂ နှစ်ထွက် မိသားစုဇာတ်ကားလေးက သင့်ကို တွေးစရာတွေတပုံတပင်နဲ့ အရောင်စုံခံစားချက်တွေ ပေးစွမ်းနိုင်တာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Arr Khun Winchester ပါ ) File Size__(2.7GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • History • Music
7 2022 119 mins
To Leslie
Frank and Cindy
6.1

Genre – Comedy, Drama IMDB – 6.1/10 ဒါရိုက်တာ GJ Echternkamp က သူ့ ငယ်ဘဝအကြောင်းကို ရုပ်ရှင်အနေနဲ့ ပြန်ပြီး ရိုက်ကူးထားတဲ့ ဒရမ်မာဟာသ ဖြစ်ရပ်မှန်ကားလေး ဖြစ်ပါတယ်။ GJ ဆိုတဲ့ကောင်လေးဟာ ကောလိပ်ပြီးတော့ သူ့အမေအိမ်ကို ပြန်ရောက်လာပါတယ်။ သူ့အမေ စင်ဒီက သူ ငယ်စဉ်ကတည်းက နောက်အိမ်ထောင်နဲ့ ဖြစ်ပြီး ပထွေးဖြစ်သူ ဖရန့်ကလည်း အရင်တုန်းက နာမည်ကျော် တီးဝိုင်းထဲက ဖြစ်ပါတယ်။ သူ့အမေ စင်ဒီက အရက်သမားတစ်ယောက်ဆိုပေမဲ့ အခုတော့ ဖြတ်ထားတာ ၁၅ လလောက်ရှိပြီ ပြောပါတယ်။ ပထွေးဖြစ်သူ ဖရန့်ကတော့ ဘာအလုပ်မှ မလုပ်ပဲ တစ်နေကုန် အရက်သောက် ပြီးရင် မိန်းမဆူတာ ထိုင်ခံနေတဲ့ ဝတုတ် လူပေလူတေကြီးပေါ့လေ။ အဲဒီလိုဆူတယ်ဆိုတာလည်း သူ့အမေ ဖရန့်ကို လက်ထပ်တုန်းက နာမည်ကြီး တီးဝိုင်းထဲကဆိုတော့ မျက်နှာရမယ် ဂုဏ်ရှိတယ် ဆုပေးပွဲတွေ ဘာတွေတက်ရမယ် ထင်ပြီး ယူခဲ့ပြီးမှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တာကိုး။ အဲဒီမှာတင် GJ တစ်ယောက် သူ ဝါသနာပါတဲ့ ကင်မရာနဲ့ သူတို့အိမ်ရဲ့ တစ်နေ့တာမှတ်တမ်းလေးတွေကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း GJ က ကောင်မလေးပွေပေမဲ့ ကိတ်ဆိုတဲ့ကောင်မလေးနဲ့ တွေ့ခဲ့ချိန်မှာတော့…။ ဒီလိုနဲ့ GJ တစ်ယောက်ရဲ့ မိသားစု၊အချစ်ရေးက ပျော်စရာ ကြည်နူးစရာ စိတ်ညစ်စရာ ဒုက္ခ စသဖြင့် ဖော်ကြူးထားတဲ့ ဒရမ်မာ ဟာသကားလေးပဲ ဖြစ်ပါတယ်။ မင်းသားကြီး Oliver Platt နဲ့ မင်းသမီးကြီး Rene Russo တို့ကတော့ ဝါရင့် သရုပ်ဆောင်တွေပီပီ ဇာတ်လမ်းကို အကောင်းဆုံး သရုပ်ဆောင်ပြသွားခဲ့တာပါ။ အကြိုက်ဆုံး ဒိုင်ယာလော့ခ်လေးတစ်ကြောင်းကတော့ “ဘဝမှာ နောင်တရမယ့်အရာမျိုး ဘယ်တော့မှ မလုပ်မိ/မဖြစ်ပါစေနဲ့” တဲ့။ File size…1.84GB / 697MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.1 2015 102 mins
Frank and Cindy
Listen out for Love
5.5

Listen out for Love (2022) ဒီတစ်ခါ​က​တော့ ​ပေါ့​ပေါ့ပါးပါး အချစ်ကား​လေး​တွေကိုကြိုက်တဲ့ကြည့်ရှုသူ​တွေအတွက် အကြိုက်​တွေ့​စေမယ့် Listen Out For Love ဆိုတဲ့ အချစ်ဒရာမာကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ Podcast ပရိုဂျူဆာတစ်​ယောက်ဖြစ်တဲ့ ​ပေ့ပ် တစ်​ယောက် အလုပ်မှာ ရာထူးတိုးဖို့အတွက် လူ​ပြောများလာတဲ့ အဲလက်ကို ကိုယ့် ကုမ္ပဏီဘက်အပါ​ခေါ်ပြီး ​အောင်မြင်တဲ့ ပရိုဂရမ်တစ်ခု ဖန်တီးဖို့ အ​ကြောင်းပါလာတဲ့အခါ… တစ်​ဖက်မှာလည်း ပွဲတစ်ခုမှာ က​တောက်ကဆတစ်ခုဖြစ်ခဲ့လို့ အလုပ်ထွက်လာလိုက်ရတဲ့ အဲလက်တစ်​ယောက် အလုပ်ရလာတဲ့အခါ… ​ပေ့ပ် နဲ့ အဲလက်တို့ အလုပ်မပြုတ်ဖို့​ရေး ကြိုးစားရင်း ​အဲလက်နဲ့သူငယ်ချင်းလည်းဖြစ် နာမည်ကြီးတဖြစ်လဲ ဂျက်ကီအတွက် ရည်းစားရှာ​ဖွေ​ပေးမယ့် အစီအစဥ်ကိုရိုက်ကူးရင်း ဘယ်လို အလွဲ​လေး​တွေဖြစ်မလဲ… ဘယ်လိုဟာသ​တွေဖြစ်မလဲဆိုတာ ရိုက်ပြထားတဲ့ အချစ်ကား​​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 705MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 31Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.5 2022 85 mins
Listen out for Love
The Constant Gardener
7.4

အခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို The Constant Gardener ဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးမှာတော့ Harry Potter ထဲက ဗိုဒါမော့ကြီးနဲ့အတူ The Mummy ထဲက မင်းသမီးလေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက Drama Mystery လေးပါ IMDB rating လည်း 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ကန်ယာမြောက်ပိုင်းကဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့အသတ်ခံခဲ့ရပါတယ် အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျင်စတင်ဟာသူ့ဇနီးသည်သေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကိုစမ်းသပ်နေတဲ့အတွက် ​ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ် သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပက်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ် ဂျက်စတင်တစ်ယောက်အမှုမှန်ကိုရှာဖွေနိုင်မလား ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကိုဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်မှာပါ ဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ဘာကိုမှမငဲ့ကြည့်တာတွေ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre…Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2005 129 mins
The Constant Gardener
14 Blades
6.3

CM ပရိသတ်ကြီးတို့ကို wuxia ကား ကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။ တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေ ပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်း ကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်း သိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက် နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေ စာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့ မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့ အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) က တာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။ တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီး ပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲ ထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုဆိုရင် ချင်းလုံအနေနဲ့ ပုန်ကန်မှုကို ဖြစ်စေမယ့် ဧကရာဇ်တံဆိပ်တော်ကို ရန်သူတွေလက်ထဲ မရောက်အောင် ဘယ်လိုလိုက်တားဆီးမလဲ၊ သူ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရမလဲ၊ ကျားကုန်းကုန်းနဲ့ ချင်းမင်းသားတို့ရဲ့ ပုန်ကန်မှုကိုရော တားဆီးလိုက်နိုင်ပါ့မလားဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ပါ။ File size… 1.6 GB / 722 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Action/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Nyein Khant

Comedy • Crime • Mystery • TV Movie
6.3 2010 114 mins
14 Blades
Sleeping Dogs

ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း….. မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့….. ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ….. အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ….. ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ….. သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား…. သူကိုယ်တိုင်ကရော ရဲကောင်းတစ်ယောက်ဟုတ်ရဲ့လား…. စတဲ့ မေးခွန်းပေါင်းများစွာနဲ့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ကြားထဲက သဲလွန်စ တစ်ခုချင်းစီကိုလိုက်ကောက်ပြီး ဘယ်လိုပြန်လည်ဖော်ထုတ်သွားဦးမလဲဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

0 2024
Sleeping Dogs
Project Papa
6.2

Project Papa (2018) IMDb – 6.2/10 သားဖနှစ်ယောက်ကြားက ချိုမြိန်တဲ့ ချစ်ခြင်းတရားနဲ့ ဂရုစိုက်မှုတွေကို တငြိမ့်ငြိမ့်ခံစားစေရမဲ့ ဝေဖန်ရေးဆရာတွေဆီက ချီးကျူးမှုတွေ ဆုတွေအများကြီးရခဲ့တဲ့ မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အနီးမှာရှိတဲ့မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ထဲမှာပဲ စိတ်ကိုနှစ်မြှုပ်ထားနေတဲ့ စိတ်ဖိစီးမှုတွေနဲ့ အမျိုးသမီးတစ်ယောက်။ သူ ရုတ်တရက်တွေးသိလိုက်ရတာ အဖေဖြစ်သူမှာ အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အရိပ်အယောင်တွေ။ ဒီမှာပဲ အလုပ်တွေကို ပစ်ချထားခဲ့ပြီး အဖေဖြစ်သူရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ကြိုးစားပါတော့တယ်။ မေတ္တာတရားဆိုတာမျိုးက အသွားအပြန်ရှိမှဆိုတာမျိုး တစ်လမ်းသွားပဲဆိုတာမျိုးတွေတွေးနေဖို့မလိုပါဘူး။ အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးနေတာ။ ဘယ်လောက်ထိကြာရှည်မလဲဆိုတာ ကျွန်တော်တို့တွေမသိဘူး။ ဒီတော့ အနီးအနားက ချစ်ခင်ရတဲ့ မိသားစုတွေ မိတ်ဆွေတွေရယ်နဲ့ မေတ္တာတရားရယ်၊ ပျော်ရွှင်မှုတွေရယ်နဲ့ကုန်ဆုံးဖို့ ကြိုးစားကြရအောင်လားဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်)

6.2 2018
Project Papa
A Beautiful Mind
8.2

A beautiful mind (2001) IMDb rating – 8.2 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးကတော့ (Nobel Laureate in Economics) နိုဘယ်ဆုရရှိခဲ့တဲ့ သင်္ချာပညာရှင်ကြီး John Nash ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ John Nash ရဲ့သီအိုရီတွေက modern economic အတွက် အရမ်းအထောက်အကူပြုခဲ့ပါတယ်။ သူဟာ Princeton University ကနေ ပါရဂူဘွဲ့ရပြီး အဲဒီကျောင်းမှာ ဆရာပြန်လုပ်ခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို တက္ကသိုလ်နယ်မြေကအစပြုလို့ နိုဘယ်ဆုချီးမြှင့်ခံရချိန်အထိ နိုဘယ်ဆုနဲ့ထိုက်တန်အောင် သူ ဘယ်လိုမဆုတ်မနစ်ကြိုးစားခဲ့ရလဲ၊ ဘယ်လိုရုန်းကန်ရလဲ၊ အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော်ဖြတ်ရလဲဆိုတာတွေကို ရိုက်ကူးထားပါတယ်။ အပိုဆုအနေနဲ့ သူ့ရဲ့မဟေသီ Alicia နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကို ရိုမန့်တစ်ဆန်ဆန် တင်ဆက်ထားပါတယ်။ John Nash အဖြစ် မင်းသားကြီး Russell Crowe နဲ့ Alicia Nash အဖြစ် (မမသာ အလှဆုံး) မင်းသမီးချောလေး Jennifer Connelly တို့က သရုပ်ဆောင်ထားပါတယ်။ Oscer စကာတင်တွေအများကြီးဝင်ထားပြီး Best Director ၊ Best actress in a supporting role စသဖြင့် အော်စကာဆု လေးဆုသိမ်းပိုက်ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ဇာတ်ရှိန်အတက်အကျတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေနဲ့မို့ ကြည့်ပြီးရင် နောင်တမရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ပညာရှင်ကြီးတွေရဲ့ကြိုးစားမှုတွေကိုပါ အတုယူနိုင်မယ့် ဇာတ်လမ်းကောင်းလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File size… 2.7 GB / 1.16 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 15m Genre ….. Biography / Drama / Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Western
8.2 2001 135 mins
A Beautiful Mind
The Red Virgin
6.7

ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင် စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်း ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့ အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလို အိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့ Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။ Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်‌သွေးကနေ စတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကို ပရောဂျက်တစ်ခုလိုမျိုး တိတိကျကျ‌စီစဥ်ပြီးမွေးဖွားခဲ့တာပါ။ (ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကို သာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျ ကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက် ၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေရေးသားလို့နေပါပြီ။ ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှု အောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက် နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့ တင်သေဆုံးခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။ Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး စပိန်နိုင်ငံ သက်ဦးဆံပိုင် ဘုရင်စနစ်ကျဆုံးတဲ့ကာလရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်‌ရေး‌ လှုပ်ရှားမှုတွေကိုပါထင်ဟပ်အောင် မီးမောင်းထိုးပြထားတဲ့အတွက် အချိန်ပေးကြည့်ရတာနဲ့တန်စေမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။ File size… (1.18GB) / (706MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 54m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Comedy
6.7 2024 114 mins
The Red Virgin
The Calendar Killer Sebastian Fitzeks Der Heimweg
5.5

The Calendar Killer (2025) IMDb Rating (5.5) ဂျာမန်စကားပြော သည်းထိပ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး ပြက္ခဒိန်လူသတ်သမားဟာ ကလာရာကို ပြန်ပေးဆွဲသွားပြီး ကလာရာ သတိပြန်ရလာတော့ နံရံပေါ်မှာ “၁၂ လပိုင်း ၆ ရက်နေ့ – သူ(သို့မဟုတ်) မင်း – နှစ်ယောက်ထဲက တစ်ယောက်သေရမယ်” လို့ သွေးနဲ့ရေးထားတာကို တွေ့လိုက်ရတယ်။ ကလာရာဆိုတာ နိုင်ငံရေးသမားတစ်ဦးရဲ့ ဇနီးသည်ဖြစ်ပြီး ရှေ့နေအလုပ်ထွက်ကာ အိမ်ထောင်ရှင်မအဖြစ် ယောကျာ်းစိတ်တိုင်းကျနေရတဲ့အပြင် ဇနီးသည်ကို အရာဝတ္ထုလိုစိတ်တိုင်းကျခိုင်းစေပြီး အနိုင်ကျင့်တတ်တဲ့ သူ့ယောကျာ်းကတော့ စောနက ပြက္ခဒိန်လူသတ်သမား ခြိမ်းခြောက်ထားတဲ့ “သူ” ပါပဲ။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကူကယ်ရာမဲ့ထွက်ပြေးလာတဲ့ ကလာရာကို “ကူညီပါရစေ” ဖုန်းလိုင်းမှ ဂျူးလ်ဆိုတဲ့လူကကယ်တင်ပေးနိုင်မှာလား ဆိုတာကတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(4.4 GB) / (1.2 GB) / (600 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Thriller Duration….01:34:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan

5.5 2025 93 mins
The Calendar Killer Sebastian Fitzeks Der Heimweg
Vampire Hunter D

80’s ကာလ Retro Anime ကောင်းတွေ တစ်ဖန်ပြန်လည် ခံစားချင်သူတွေအတွက် ၁၉၈၅ တုန်းက ထွက်ရှိခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် Hunter D ဆိုတဲ့ဘဲကြီးအကြောင်း တင်ဆက်ပေးပါရစေ။ ပထမဆုံးအနေနဲ့ ဒီကားထွက်ရှိခဲ့ပြီး ဒုတိယကားကို ၂၀၀၀ ခုနှစ်မှာ ထပ်မံထွက်ရှိခဲ့ပါသေးတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Doris ဆိုတဲ့ အပျိုချောလေးကို တော်ဝင်မြို့စားမင်း သွေးစုပ်ဖုတ်ကောင်ကြီးက ကိုက်ရာပေးလိုက်ပြီး တစ်နေ့မှာ သူ့ ဇနီးမယားလုပ်ဖို့အတွက် ကြံစည်နေတဲ့အချိန် Doris မှာလည်း ကြံရာမရ ဖြစ်ပြီးတော့ မုဆိုး Hunter တွေကို လိုက်ရှာရမှာ D ဆိုတဲ့ ထူးခြားဆန်းကြယ် Vampire Hunter ကြီးကို အကူအညီတောင်းလိုက်ပြီး မောင်ဖြစ်သူရော အပါအဝင် ၃ ယောက်သား ဒီ သွေးစုပ်ဖုတ်ကောင်ကြီးရန်ကနေ ဘယ်လိုကျော်လွှားကြမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Action / Animation / Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Drama • Comedy
0 1985
Vampire Hunter D