YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Last Witness (2018) Blu-ray 1080p (CM).mp4

995.15 MB 1080p video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
Antz
6.1

ဒီAntz animationဟာဆိုရင် Home, How to train you dragon, Kung Fu Panda,Abominable အစရှိတဲ့ animationကောင်းများစွာရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Director Tim Johnsonနဲ့ ကျွန်တော်တို့ကလေးဘဝတုန်းက အရမ်းကြိုက်ခဲ့ကြတဲ့ Madagascar trilogyတို့ရဲ့ ပဲ့ကိုင်ရှင် Director Eric Darnellတို့ ၂ယောက် လက်တွဲရိုက်ကူးထားတဲ့ animation ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီလိုဒါရိုက်တာကောင်းတွေကိုမှ voice actor တွေအနေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ Sylvester Stallone နဲ့ Jennifer Lopezတို့က ပါဝင်သရုပ်ဆောင်ထားတော့ ​စကားဖောင်ဖွဲ့နေစရာတောင်မလိုဘဲ ကြည့်ကိုကြည့်သင့်တဲ့ animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇီ ဆိုတဲ့ပုရွက်ဆိတ်လေးက ကိုလိုနီထဲက တခြားပုရွက်ဆိတ်တွေနဲ့မတူဘဲ ကွာခြားတဲ့အတွေးအမြင်ရှိတဲ့ ပုရွက်ဆိတ်လေးပါ။ သူက အခုနေနေရတဲ့နေရာမှာမပျော်ဘဲ နေရာသစ်ကိုရှိမယ်လို့ယုံကြည်ရင်း သူနဲ့မကိုက်တဲ့နေရာအကြောင်းကို သူငယ်ချင်းတွေနဲ့ စကားပြောရင်း ညီးတွားနေတတ်သူပါ။ တစ်နေ့မှာ ဘယ်လာဆိုတဲ့ ပုရွက်ဆိတ်မင်းသမီးလေးနဲ့တွေ့ဆုံမိတဲ့အချိန်မှာတော့ သူ့ဘဝဟာ ပြောင်းလဲလို့လာပါတယ်။ မင်းသမီးလေးနဲ့ နီးစပ်နိုင်ဖို့ ဇီ တစ်ယောက်ဘယ်လိုတွေများကြိုးစားကြမလဲ ကြုံလာတဲ့ပြဿနာတွေကို သူရင်ဆိုင်နိုင်ပါ့မလား၊ သူချစ်ရတဲ့ မင်းသမီးလေးနဲ့ရော ဇီတစ်ယောက်နီးစပ်နိုင်ပါ့မလားဆိုတာ ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ 90sတုန်းက Animationဆိုပင်မယ့် အခုအချိန်ထိ ကြည့်လို့ကောင်းနေပြီး plotတွေကလည်း ရုပ်ရှင်ကိုကြည့်လို့ကောင်းပါတယ်။ Rotten Tomatoesကလည်း92%ဖြစ်ပြီး ကျွန်တော်လည်းတော်တော်ကြိုက်ပါတယ်။ စိတ်ကို relaxဖြစ်စေပြီး ပျင်းအီမသွားစေတဲ့အတွက် ကြည့်သင့်တဲ့animationလေးတစ်ခုဖြစ်ကြောင်းတိုက်တွန်းအပ်ပါတယ် File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Thriller
6.1 1998 83 mins
Antz
Future Cops
6

ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ အရန်သရုပ်ဆောင်တွေကလည်း ကြမ်းတယ်။ John Woo တို့၊ Johnnie To တို့ရဲ့ လက်စွဲ Simon Yam, ငါးကလေးကားနဲ့ လူသိများတဲ့ ငါးကလေးမင်းသား Dicky Cheung, သိုင်းမူဗီပရိသတ်တွေနဲ့ မစိမ်းတဲ့ Ekin Cheng, နောက်ပြီး ရုပ်လေးလှသလောက် အမြဲ Sexy ကျပြီး အဖော်ကားတွေအရိုက်များတဲ့ Chingmy Yau, ဝေါင်ကာဝေးရဲ့ Fallen Angels ထဲ တစ်ခန်းရပ်နဲ့တင် ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့အပြင် Ashes of Time ထဲလည်းပါခဲ့တဲ့ တစ်ကားဆိုတစ်ကားလှတဲ့ Charlie Yeung စသဖြင့် ဟောင်ကောင်ရဲ့စတားစစ်စစ်တွေချည်းပါထားတယ်။ မင်းသမီးတွေက တော်တော်နုသေးတာမို့ အသေလည်းလှတယ်။ ရိုက်တဲ့ဘဲက ဝမ်ကျင်း။ God of Gamblers တို့၊ Naked Killer တို့လိုကားတွေကိုရိုက်တဲ့ဘဲ။ ချောင်ရဲ့အလယ်‌ခေတ်လောက်ကကား တော်တော်များများကိုလည်း ရိုက်ဖူးတယ်။ ဒီတော့ သူ့ကားက ဘယ်လိုပုံစံဖြစ်နေမလဲ တွေးသာကြည့်ပေါ့။ တကယ့်ပေါက်ကရတွေ ဗရုတ်တွေနဲ့ ငစားကားပါပဲ။ ဒါပေမဲ့လည်း တော်တော်လည်းရယ်ရသလို သရုပ်ဆောင်တွေနဲ့တင် တန်တာမို့ ကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 795MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Animation • Comedy • Family • Fantasy
6 1993 95 mins
Future Cops
Delta
5.6

ဒီရုပ်ရှင်ဟာ ဒယ်လ်တာလို့အမည်ရတဲ့ မြစ်ဝှမ်းမှာရှိတဲ့ တံငါသည်တွေနဲ့ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသမားတွေအကြားက ပဋိပက္ခကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်‌ဖို့ကြိုးစားနေသူတစ်‌ယောက်ပါ။ တစ်ဖက်က ငါးခိုးဖမ်းတဲ့ ဖလော်ရီယန်တွေဘက်မှာတော့ ဒယ်လ်တာဒေသမှာကြီးပြင်းလာခဲ့တဲ့ အီလီယာဆိုတဲ့သူရှိပါတယ်။ အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်‌ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

5.6 2022
Delta
The Legend of the Mermaid
5.7

ရေသူမလေးတစ်ယောက်ရဲ့လွမ်းမောဖွယ်ရာ အချစ်ဒဏ္ဍာရီလေးတစ်ပုဒ်ပါ။ ရေသူမတွေရဲ့မျက်ရည်ဟာ ပုလဲဖြစ်ပြီး အကြေးခွံနဲ့ရောဂါအားလုံးကို ပျောက်စေနိုင်တဲ့ဆေးကိုဖော်လို့ရတယ်ဆိုတာကြောင့် လူသားတွေဟာ ရေသူမတွေကိုအမဲလိုက်သတ်ဖြတ်ခဲ့ကြတယ်။ အဲဒါကြောင့် လူသားတွေကိုမုန်းတီးတဲ့ရေသူဖွားဖွားကြီးဟာ လူယောင်ဆောင်ပြီး လက်စားချေဖို့ကြံစည်နေပါတယ်။ စိတ်ထားဖြူစင်ပြီး သူတစ်ပါးကိုကူညီလိုစိတ်ပြည့်ဝတဲ့ ဆေးဆရာလေးတစ်ယောက်က မထင်မှတ်ပဲ ရေသူမလေးတစ်ယောက်နဲ့ဆုံပြီးတော့ မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဆေးဆရာလေးက ရေသူမလေးကိုရေသူမမှန်းမသိပေမယ့် ရေသူမလေးကတော့ သူ့ကိုလူသားမှန်းသိသိရက်နဲ့ ချစ်မိသွားတဲ့အခါ အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးခဲ့တယ်။ ဆေးဆရာလေးကလဲ ရေသူမလေးကို အချစ်စစ်နဲ့ချစ်ပြီး အစွမ်းကုန်ကြိုးစားခဲ့တယ်။ အငြိုးအတေးတွေကြားက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုအဆုံးသတ်မလဲ……

5.7 2024
The Legend of the Mermaid
Wonderland
7.4

Wonderland(2024) ****************** Tae Wei, Bae Suzy, Park Bo Gum, Jung Yu-Miနဲ့ Choi Woo-sik စတဲ့ ဒိတ်ဒိတ်ကြဲတွေ ပါဝင်ပါတယ်… တကယ်လို့များ နှုတ်မဆက်လိုက်ရဘဲနဲ့ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ကိုယ့်ရဲ့ ချစ်ရသူတွေကို video call ကနေ တစ်ဆင့် ဆက်သွယ်နိုင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ… ဒီဇာတ်ကားထဲမှာ Wonderland ကုမ္ပဏီက မိမိချစ်ရတဲ့ ဆုံးပါးသွားပြီးသားသူတွေကို AI နဲ့ ပုံစံတူပွား video call နဲ့ ဆက်သွယ်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ် … ဘာအီရီဆိုသူကလည်း Wonderland ရဲ့ ဝန်ဆောင်မှုကြောင့်ပဲ သမီးဖြစ်သူနဲ့ အမြဲအတူရှိနေသလို ဆက်သွယ်စကားပြောနိုင်နေတာ ဖြစ်ပါတယ်… လေယာဉ်မယ်လေး ဂျောင်အင်ကလည်း ကိုမာဖြစ်နေတဲ့ သူ့ကောင်လေးကို လွမ်းလွန်းတဲ့အတွက် Wonderland service ကို ယူပြီးတော့ သူ့ကောင်လေး ပုံတူပွားပြီး နေ့စဉ်နေ့တိုင်း ပုံမှန် video call ပြောနေခဲ့ပါတယ်…. နည်းပညာက အရမ်းကို တိုးတက်တဲ့အတွက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာသွားပေမဲ့လည်း video call နဲ့ ဆက်သွယ်နိုင်လို့ အလွမ်းပြေနိုင်ပေမဲ့လည်း တကယ့် အစစ်မဟုတ်တဲ့ ပုံရိပ်ယောင် AI ကို အစစ်လို ထင်ယောင်ထင်မှား ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်စိတ်ကို ပိုနာကျင်စေတတ်ပါတယ်…. ကိုယ့်မျက်စိရှေ့မှာ တွေ့နေပေမဲ့လည်း တကယ် ထိ‌တွေ့လို့မရ သူ ရှိနေတဲ့နေရာကိုလည်း သွားလို့မရနဲ့ နောက်ပိုင်းမှာ ကိုယ့်အတွက် စိတ်ဒဏ်ရာဖြစ်လာစေနိုင်ပါတယ် … အစစ်အမှန်ပါလို့ ယုံကြည်ထင်မှတ်ထားတဲ့ အရာတွေကလည်း တစ်စက္ကန့်အတွင်းမှာ အတုအယောင်အဖြစ်လည်း ပြောင်းလဲသွားနိုင်ပါတယ်… နောက်ပိုင်း သိပ္ပံပညာတွေ တိုးတက်လာလို့ ကိုယ်ချစ်တဲ့ သူတွေနဲ့ တကယ်အတူမရှိလည်း အတူရှိနေသလို ပြောနိုင်လာရင် ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်မလား… ကိုယ် မနှုတ်ဆက်လိုက်ရတဲ့ ချစ်ရသူတွေကို AI နဲ့ ဖန်တီးပြီးတော့ပဲဖြစ်ဖြစ် ဆွဲထားမလားဆိုတာကို ဒီကားလေးကို ကြည့်ပြီးတော့ တစ်ခါလောက်စဉ်းစားကြည့်လိုက်ကြရအောင်…. အညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File size…1.9GB / 749MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1hr 53min Genre ….. Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Stary, Hnin Wai, Treasure Htet & Phyu Sin

7.4 2024 113 mins
Wonderland
Kaaduvetty
6

Kaaduvetty 2024 (ဘောလိဝုဒ် ရိုမီရိုနဲ့ဂျူးလိယက်) IMDb – 6.1/10 နာမည်ကျော် ရှိတ်စပီးယားပြဇာတ် ရိုမီယိုနဲ့ဂျူးလိယက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အားလုံးသိကြ နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောလိဝုဒ်ဗားရှင်း ရိုမီရိုနဲ့ဂျူးလိယက်ကားလေးကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းမှာ ရိုးရာအကသဘင်ပညာရှင်တစ်ဦး၏ သမီးဖြစ်သူ ဒက်ရှာရီနီနဲ့ ဇာတ်နိမ့်မျိုးနွယ်မှာ ပေါက်ဖွားကြီးပြင်းတဲ့ အခီလန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခီလန်ဟာ ဒက်ရှာရီနီကိုချစ်မိသွားပြီး သူမရဲ့အချစ်ကိုမရရအောင် ကြိုးစားယူခဲ့အပြီးမှာ နောက်ပိုင်းသူတို့ ချစ်သူ၂ဦး အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။ ဘောလိဝုဒ် အချစ်ဇာတ်လမ်းတွေ အလွမ်းအဆွေးကားတွေကို အားလပ်ချိန်မှာ ကြည့်ရှူမယ့် ပရိတ်သတ်တို့အတွက် အချိန်ပေးရတာတန်မယ့်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)

6 2024
Kaaduvetty
Striking Rescue
6.7

ong bak မင်းသား တိုနာဂျားပါတဲ့ တရုတ် အက်ရှင် ရုပ်ရှင်အသစ်ပါ။ မွေ့ထိုင်းသမားနဲ့ တရုတ်သိုင်းသမားတွေတွေ့တာပေါ့။ ဒါရိုက်တာကလည်း အက်ရှင်ဒါရိုက်တာ Siyu Cheng မို့ အတိုက်အခိုက်ခန်းတွေ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ပိုင်အန်းဆိုတဲ့လူဟာ ဂိုထောင်ညစောင့်တစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့သမီးနဲ့မိန်းမကို ဘိန်းမှောင်ခိုဂိုဏ်းတစ်ခုက သတ်တာ ခံလိုက်ရယ်။ အဲဒီသတ်တဲ့လူတွေနောက်ကို လိုက်ရင် ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်ကို သတ်နိုင်တဲ့အထိ လိုက်ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာပဲ သူသတ်ရမဲ့သူရဲ့ သမီးကို ကယ်ဖို့အကြောင်းဖန်လာပြီး သူနဲ့ ကလေးမလေးနဲ့ နှစ်ယောက် အခြားရန်သူတွေလက်ကလည်းလွတ်အောင်ပြေးရင်း သူ့အဖေကို ကယ်ဖို့နဲ့ သတ်ဖို့ အတူတူကြိုးစားကြရပါတော့တယ်။ File size… (3.93GB) / (1.61GB ) / (941MB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 46m Genre …..Action , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.7 2024
Striking Rescue
The Crocodile Hunter: Collision Course
5.4

The Crocodile Hunter: Collision Course (2002) IMDb Rating (5.4) / Rotten Tomatoes (53%) သဘာဝတောရိုင်းတိရိစ္ဆာန်များအပေါ် တန်ဖိုးထားချစ်ခင်မှုနှင့် စွန့်စားခန်းတွေကိုရိုက် ပြသထားတဲ့ ရသစုံရစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ တကယ်ကောင်းတဲ့ရိုက်ကူးမှုတွေနှင့် သဘာဝတွေစီကို ခြေတစ်လှမ်းခြင်းစီ သွားနေတဲ့ Steve Irwin နှင့် ဇနီး Terri Irwin တို့ရဲ့ စွန့်စားခန်းက ရယ်ရမယ့် ဇာတ်လမ်လေးတွေနဲ့ ရောယှက်ပြီး ပရိသတ်ကို ရင်ခုန်ပျော်စေမှာပါ။ ရုပ်ရှင်ထဲမှာ CIA ရဲ့ အရေးကြီးဒေတာများပါဝင်သွားတဲ့ ဂြိုဟ်တုတစ်လုံး ကျသွားပြီး ဒေတာတစ်စိတ်တစ်ပိုင်း ကြောင့်ပဲ စတင်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါတော့တယ်။ Magda Szubanski က ကြမ်းတမ်းတဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီးတော့ သရုပ်ဆောင်ပီပြင်လှပါတယ်၊ Steve ရဲ့သဘာဝတောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းရတဲ့ အခက်အခဲများနှင့် သူ၏ “Crikey!” catchphrase များသည် ရုပ်ရှင်ကို ပိုမိုပေါ့ပါးစေစွာကြည့်လို့ကောင်းစေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်များအပေါ်မှာ အလေးထားမှုနည်းသော်လည်း Steve Irwin ၏ မတက်မကျအတိုးမပျက် သဘာဝကို အားကျပြီးသွားချင်တဲ့ စိတ်နှင့် ဇာတ်လမ်းထဲမှာ ရိုးသားမှုတွေအပြည့်နဲ့ပဲရိုက်ထားတော့ ကြည့်ဖို့အတွက် ဆွဲဆောင်နေတော့တာပဲ။ သဘာဝကိုထိန်းသိမ်းကာကွယ်ဖို့အရေးပါကြောင်း ရိုက်ကူးပြသထားပေမယ့်လည်း အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.7 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Comedy, Family Duration….01:26:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

5.4 2002 90 mins
The Crocodile Hunter: Collision Course
And Mrs
5.9

IMDb Rating – 5.9/10 ဒီကားကိုတော့ ဒါရိုက်တာ Daniel Reisinger ရိုက်ကူးထားပြီး မင်းသား Colin Hanks နဲ့ မင်းသမီး Aisling Bea နဲ့ Billie Lourd တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားတော့ အချစ်ဒရာမာဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ ရင်ထဲကိုထိသွားစေမယ့် လက်ရာကောင်းလေးပါ။ ဂျမ်မာ နဲ့ နေသန်နဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး‌တော့ လက်ထပ်ဖို့အတွက် အရာအားလုံးကို စီစဉ်ပြီးနေပါပြီ။ နေသန်ကတော့ ရိုးအတဲ့လူဖြစ်ပြီးတော့ ဂျမ်မာကတော့ ချစ်တာကိုထုတ်မပြတတ်တဲ့အပြင် လက်ထပ်တာကိုလည်း မယုံဘူးဆိုပြီး နေလာခဲ့တဲ့သူပါ။ ဒီလိုနဲ့ လက်မထပ်ခင်မှာတင်ပဲ နေသန်က ရုတ်တရက်သေဆုံး သွားခဲ့ပါတယ်။ ချစ်ရသူသေဆုံးသွားတဲ့နောက်မှာ ဂျမ်မာက နေသန့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်ပေးဖို့အတွက် ဆုံးဖြတ်လိုက်တဲ့အခါ‌ နေသန်အမြဲဖြစ်ချင်ခဲ့သလို သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို ဆက်ကျင်းပဖို့ ကြိုးစားပါတော့တယ်။ သတို့သားသေဆုံးသွားတဲ့ မင်္ဂလာပွဲကို ဆက်ကျင်းပဖို့အတွက် နေသန့်ညီမ အော်ဒ‌ရေးရဲ့ အကူအညီနဲ့အတူ မိသားစုဝင်တွေရဲ့ သဘောမတူမှုတွေကြားမှာ ဂျမ်မာ ဘယ်လိုဆက်လုပ်မှာလဲ…. တရားဥပဒေအရ လိုအပ်ချက်‌တွေကို ပြည့်မီအောင် ဂျမ်မာလုပ်နိုင်မှာလား… လူတွေရဲ့ ထောက်ခံမှု၊ ကန့်ကွက်မှုမျိုးစုံရဲ့ ကြားကနေ ဂျမ်မာရဲ့ နေသန့်ဆန္ဒကို ဖြည့်ဆည်ပေးတဲ့ကိစ္စက အောင်မြင်သွားမလား… ချစ်ရသူကို သူဘယ်လောက်ချစ်ကြောင်း မပြောဖြစ်ခဲ့လို့ နောင်တရခဲ့တဲ့ဂျမ်မာရဲ့ လက်ထပ်ပွဲအတွက် စွန့်စားခန်းလေးကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.46GB) / (866MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5.9 2024 111 mins
And Mrs
Costao
6.4

Costao 2025 (ကော်စတောင်ဝ်) ယခုတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၁၉၉၀ခုနှစ်က ဖြစ်ခဲ့တဲ့ တရားမဝင်ရွှေသယ်မှုအကြောင်းကို ဖမ်းဆီးနိုင်ခဲ့တဲ့ အရာရှိတစ်ဦးအကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ပြသထားတာဖြစ်ပါတယ်။ လုံးဝသန့်စင်တဲ့ ရွှေဟာ တန်ဖိုးမဖြတ်နိုင်အောင် ဈေးကြီးပေမဲ့ သူ့ချည်းပဲဆိုရင် အသုံးမဝင်ဘဲ လက်ဝတ်ရတနာတွေပြုလုပ် ဖို့အတွက်ဆိုရင် တခြားပစ္စည်းတွေ ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ အရမ်းကို တန်ဖိုးမဖြတ်နိုင်ပေမဲ့ ကမ္ဘာကြီးအတွက် သိပ်အသုံးမဝင်တဲ့သူတစ်ယောက်ရှိပါတယ်။ သူကတော့ ကော်စတောင်ဝ်ပါပဲ။ သူဟာ ရာဇဝတ်မှုဆိုရင် လုံးဝကို သဘောမကျတဲ့သူတစ်ယောက်ပါ၊ ဒီအတွက်နဲ့ ရာဇဝတ်သားတွေကို လိုက်လံဖမ်းဆီးတတ်ပြီး သူ့လုပ်ရပ်အတွက်လည်း ဆုတွေအများကြီးရခဲ့ပါတယ်။ ကော်စတောင်ဝ်ဖမ်းလိုက်တဲ့ ရာဇဝတ်သားဆိုရင် သတင်းစာခေါင်းကြီးပိုင်းမှာ ပါတဲ့အထိ ကော်စတောင်ဝ်တစ်ယောက် နာမည်ကြီးပါတယ်။ သူဟာ ဆုအတွက်နဲ့ ရာဇဝတ်သားတွေကို လိုက်လံဖမ်းဆီးနေတာမဟုတ်ဘဲ သူ့အတွက်သူ ဖမ်းတာလို့လည်း ပြောတတ်ပါသေးတယ်။ ဒီလိုနဲ့ သူတာဝန်ကျတဲ့နယ်မြေအတွင်းမှာ တရားမဝင်ရွှေသယ်ဖို့ ကြိုးစားကြတဲ့သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ စုံစမ်းဖော်ထုတ်ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • History • Romance • War
6.4 2025 125 mins
Costao