YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Last Rites (2021)_720p.mp4

1015.64 MB N/A video/mp4 1413 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Argentina, 1985
8

~ IMDb - 7.7/10, Rotten Tomatoes - 98% ~ တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ရှယ်တန်နေပါပြီ။ ဒီနှစ် အောက်တိုဘာလတုန်းကထွက်ခဲ့တဲ့ ဒီကားဟာ လက်ရှိမှာ ဆု ၇ဆုပိုင်ဆိုင်ထားတဲ့အပြင် လာမယ့်နှစ်အတွက် ရွှေကမ္ဘာလုံးဆု (Golden Globes) မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် အမည်စာရင်းဝင်ထားပြီးပါပြီ။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံတကာရုပ်ရှင် အကယ်ဒမီဆုအတွက်လည်း လျာထားစာရင်းထဲမှာလည်း ပါဝင်ထားပါတယ်။ ဆိုတော့ ကောင်း/မကောင်း သိပ်ညွှန်းနေစရာ လိုမယ်မထင်တော့ပါဘူး။ အခုမကြည့်သေးဘဲ အကယ်ဒမီနဲ့ ရွှေကမ္ဘာလုံးတစ်ခုခုရပြီးမှ ကြည့်ချင်ရင်တောင် ခုပဲ ကြိုတင်ဒေါင်းထားဖို့မမေ့နဲ့ဦးနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 565MB Quality - 1080p, 720p, 480p IMDb Rating - 7.7/10 Format - mp4 Duration - 2H 20Min Genre - Biography, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime
8 2022 141 mins
Argentina, 1985
The Unbearable Lightness of Being
7

အချစ်နဲ့ရာဂ ဒီနှစ်မျိုးကိုခွဲခြားနိုင်တာကတော့ယုံကြည်မှုနဲ့သစ္စာရှိမှုတို့ပဲ။ သစ္စာမရှိတဲ့အချစ်ဟာ ဆားမပါတဲ့ဟင်းတခွက်လိုပဲဖြစ်နေသလို ရာဂသက်သက်ဟာလည်းပူလောင်မှုတွေပဲရကြတယ် တိုမတ်စ်ဟာ ချက်နိုင်ငံ ပါရာဂွေးမှာ အထူးကုဆရာ၀န်လေးတယောက်။ ပညာမှာတဖတ်ကမ်းခတ်တော်သလိုတဖက်မှာလည်းမိန်းမ ကျမ်းကျေအရမ်း‌ပွေတဲ့သူ။ဆာဘီနာဆိုတာကတော့ယောကျာ်းတိုင်း‌ ငေးရတဲ့အလှအပတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပန်းချီဆရာမလေး။ သူ့အတွက်ယောကျာ်းတွေဆိုတာခေါင်းခေါက်ယူလို့ရပေမယ့် တိုမက်စ်ကိုပဲစွဲလမ်းနေမိတဲ့သူ။ တယ်ရီဇာကတော့ အရမ်းချစ်တတ်တဲ့ ဇနပုဒ်က စာကြမ်းပိုးဓာတ်ပုံဆရာမလေး။ အမြဲငိုငိုရီရီနဲ့တိုမတ်စ်လို လူရဲ့ရင်ထဲမှာတောင်အမြဲပူပန်နေရအောင်နုံခြာသူလေးပေါ့။ ဒီ၃ယောက်အတွက် ဒီလိုမျိုးခံစားချက်တွေကြားမှာဘယ်လို ဆက်ဖြစ်သွားကြမလဲ။ နိုင်ငံရေးတွေလူမှုရေးတွေကြားထဲမှာ တိုမတ်စ်အတွက်ဘယ်သူ့ကိုရွေးချယ်ရမလဲ။  တိုမက်စ်တယောက်ကြောင့် ဆာဘီနာ နဲ့တယ်ရီဇာကြားကရောဘာတွေဆက်ဖြစ်ကြမလဲ အဆုံးသတ်မှာရောသူတို့အတွက်ပျော်ရွှင်စရာဘ၀တွေရနိုင်ကြမလား ဆိုတာကို The Unbearable lightness of beingဆိုတဲ့အချစ် ဒရာမာကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ.... File size…2.89GB / 1.25GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….2h 51m Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy
7 1988 171 mins
The Unbearable Lightness of Being
Velle
7

ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ တလောက စီအမ်ကနေ တင်ဆက်ပေးလိုက်တဲ့ Govinda Govindaဆိုတဲ့ကားလေးနဲ့ ဆင်တဲ့ Velle ဆိုတဲ့ဟာသဒရမ်မာလေးပဲဖြစ်ပါတယ် ရာဟွန် ရာဂျူး ရမ်ဘိုတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ကြပါတယ်။ ကျောင်းစာမှာဆိုလည်းညံ့ဖျင်း ပေါက်တတ်ကရတွေလုပ် ပြဿနာတွေရှာ ဆိုးဖော်ဆိုးဖက်သူငယ်ချင်းဖြစ်ကြပြီး R3 ဆိုတဲ့ အဖွဲ့လေးပေါ့ တစ်နေ့မှာ ကျောင်းအုပ်ရဲ့သမီးဖြစ်တဲ့ ရီယာနဲ့ တွေ့ဆုံလာကြတဲ့အချိန်မှာတော့ အရမ်းခင်မင်ကြပြီး R3ကနေ R4 အဖွဲ့ဆိုပြီးပြောင်းလဲသွားပါတော့တယ်။ ရီယာကတော့ အကမှာဝါသနာပါပြီး အကသမားဖြစ်ချင်ပေမယ့် ဖခင်ဖြစ်သူကတော့ ဝါဿနာကို support မပေးပဲ ကျောင်းစာတွေပဲအာရုံစိုက်ခိုင်းတာခံနေရတဲ့ လွတ်လွတ်လပ်လပ်နေချင်တဲ့ကောင်မလေးပဲဖြစ်ပါတယ်။ အဲ့လိုနဲ့ အိမ်ကဆင်းပြီး အကသင်တန်းတက်ဖို့ရာအတွက်ပိုက်ဆံကမရှိပြန်တော့ သူငယ်ချင်း‌သုံးယာက်ကို သူ့ကိုပြန်ပေးဆွဲခိုင်းပြီးအဖေ့ဆီကဟန်ဆောင်ငွေတောင်းခိုင်းပါတော့တယ်။ ကံမကောင်းစွာနဲ့ပဲ ဟန်ဆောင်ပြန်ပေးဆွဲရာကနေ ရီယာတစ်ယောက်တကယ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာတော့ သူငယ်ချင်း‌သုံးယောက်က ဘယ်လိုပြန်ကယ်တင်ကြမလဲ.... ငွေရဖို့ကြံကြရာကနေ ပိုဆိုးလာကုန်မှာလား ပိုကောင်းသွားမလား... ဒီသူငယ်ချင်းအဖွဲ့ ဘယ်လိုကမောက်ကမနိုင်ကြမလဲဆိုတာကိုလည်း တစ်ခွီးခွီး တဟားဟားနဲ့ရီရမယ့်ကားလေးလည်းဖြစ်တာကြောင့် ကြည့်ရှုအားပေးကြပါဦး File size…2.18GB / 1.06GB Quality…1080p TRUE HD AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Shwe Pwint & Honeyey & Eliza

7 2021 125 mins
Velle
The Borrowers
6

ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့် 1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့ အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့ (၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။ သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့ မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါ ပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။ လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။ မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့ ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ.. သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါ ကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ.. ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေက လူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား.. အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကို မိသားစုနဲ့အတူ ချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။ File size…(3.36GB)  / (`1.16GB) / (579MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre...  Adventure / Comedy / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Fantasy
6 1997 86 mins
The Borrowers
Playground

ဒီကားက စာရေးဆရာ-ဒါရိုက်တာ Laura Wandel ရဲ့ ပွဲဦးထွက်ဇာတ်ကားလေး တစ်ခုဖြစ်ပြီး Best International Film – Academy award အတွက် ရွေးချယ်ခံထားရတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဒီကား‌ထဲမှာ မူလတန်းကျောင်းရဲ့ နေ့စဉ်ကြုံတွေ့ရတာတွေ၊ ကလေးအချင်းချင်း အနိုင်ကျင့်တာ နှိမ်တာတွေကို ကလေးငယ်တစ်ဦးရဲ့ view ကနေ မြင်တွေ့နိုင်ရမှာပါ။ အသက် ၇နှစ်အရွယ် နိုအာ ဆိုတဲ့ကလေးမလေးနဲ့ သူမရဲ့ အစ်ကို ဖြစ်ရပ်ကို ရိုက်ကူးပြထားပါတယ်။ နိုအာက ကျောင်းမှာ အံဝင်အောင် နေဖို့ ကြိုးစားနေရင်း သူမအစ်ကို အနိုင်ကျင့်ခံနေရတာကို တွေ့လိုက်ရတယ်။ သည်းမခံနိုင်တဲ့အဆုံး အစ်ကိုနဲ့ကတိကိုဖျက်ပြီး အဖေနဲ့တိုင်လိုက်တယ်။ ပိုပြီး အနိုင်ကျင့်ခံလာရတယ်။ မောင်နှမနှစ်ဦးကြား အသက်၇နှစ်အရွယ်ကလေးတွေ ပြဿနာကို ဘယ်လိုရင်ဆိုင်ခဲ့ရတယ်၊ လူကြီးတွေရဲ့ ဂရုစိုက်မှုတွေ ဘယ်လို fail ခဲ့တယ်ဆိုတာကို ပြသပေးသွားမှာပါ။ ကလေးတွေမှာလည်း ခံစားချက်တွေ အရှက်အကြောက်တရားတွေ ရှိတာမို့ လူကြီးမိဘတွေအနေနဲ့ အထူးဂရုပြု ကိုင်တွယ်ရမှာဖြစ်ကြောင်း ပြောကြားရင်း ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အဆုံးထိကြည့်လိုက်ကြရအောင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size          :  (744MB) & (370MB) Quality            : 720p WEBRip & 480p Format            : mp4 Duration         : 1hr & 12mins Genre              : Drama Translated by  Kit Encoded by Kinnov

Drama • History
null 2021 72 mins
Playground
Resident Evil: Welcome to Raccoon City
6

ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်း လီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာ ဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့က မိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာ ကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလား အခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့ လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့် သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီး ဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ... File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP / 1080p AAC 5.1CH Format…mkv Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson

Drama • Sci-Fi & Fantasy
6 2021 107 mins
Resident Evil: Welcome to Raccoon City
The Amazing Spider-Man
6.7

ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာ Spiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။ အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။ ၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီး သူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။ မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲ ကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။ အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။ အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။ တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီး သုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။ အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက် OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။ အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီး Spidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson

Thriller
6.7 2012 136 mins
The Amazing Spider-Man
FamĂ­lia

Familia (2023) ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊ အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။ မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ သုံးယောက်အကြား အကြောင်းအရာတွေ ဘယ်လိုချိတ်ဆက်ပြီး ကံကြမ္မာဆိုးကို ကျော်သွားနိုင်မလားဆိုတာကိုတော့ ဒီ Familia ဇာတ်ကားကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ကြပါစို့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 834MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

Thriller
0 2023 121 mins
FamĂ­lia
El Conde
6.6

El Conde (2023) ~ IMDb – 6.6/10, Rotten Tomatoes – 83% ~ ချီလီနိုင်ငံရဲ့ တစ်ချိန်တုန်းက အာဏာရှင်စစ်ဗိုလ်ချုပ်ကြီး ‌အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Parallel Universe က အကြောင်းဖြစ်ပါတယ်။ ပိုစိတ်၀င်စားစရာကောင်းတာက ဒီဗိုလ်ချုပ်ကြီးက အသက် နှစ်ပေါင်း ၂၅၀ အရွယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာပါပဲ။ ပီနိုရှက်ဟာ ပြင်သစ်တော်လှန်ရေးတုန်းက စစ်သားတစ်ယောက်ဖြစ်ပြီး သူ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိသွားတဲ့အခါ ပြင်သစ်ကနေ ချီလီကို ထွက်ပြေးသွားပြီး အော်ဂတ်စတိုပီနိုရှက်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က တစ်ချိန်မှာ အာဏာရှင်ဖြစ်လာပြီး လေးစားကြောက်ရွံ့တာခံရဖို့ပါ။ သူ့ရည်ရွယ်ချက်အတိုင်း ချီလီမှာအာဏာသိမ်းခဲ့ပြီး အာဏာရှင်တို့ ထုံးစံအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ခြစားမှုတွေအကုန် လုပ်ခဲ့ပါတယ်။ သူထာ၀ရရှင်သန်နုပျိုဖို့ လူသားတွေရဲ့ နှလုံးကို အရှင်လတ်လတ် အမဲလိုက်စားသုံးတာလည်း ရှိတာပေါ့။ သားသမီးတွေကတော့ ဗိုလ်ချုပ်ကြီး သေတော့မယ်ထင်ပြီး အမွေခွဲဖို့ရာ ပြန်လာကြပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမှာ နတ်ဆိုး၀င်နေတာကို နှင်ဖို့ ဘုရားကျောင်းက ကာမန်ဆိုတဲ့ သီလရှင်ကို စာရင်းကိုင်အယောင်ဆောင်ပြီး လွှတ်လိုက်ပါတယ်။ ကာမန်က ဗိုလ်ချုပ်ကြီးအိမ်မှာ သူ့ရဲ့နှစ်ကာလကြာရှည် ဝှက်ထားခဲ့တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ စာချုပ်တွေ ဘဏ်အကောင့်တွေကို ဘာသာပြန်ပေးရင်း ဗိုလ်ချုပ်ကြီးသားသမီးတွေဆီကနေ သူတို့ရဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေ အာဏာရှင်လုပ်ရပ်တွေ အားလုံး သိသွားတဲ့အခါ… သားသမီးတွေကလည်း ကာမန်အယောင်ဆောင်လာတာသိပြီးရှင်းဖို့ လုပ်တဲ့အခါ… ဒီအရှုပ်အထွေးတွေထဲ ဘယ်သူတွေစတေးခံရပြီး ဘယ်သူတွေကျန်ရစ်မလဲ… တစ်ချိန်က အင်္ဂလန်၀န်ကြီးချုပ် မာဂရက်သက်ချာကိုပါထည့်ထားတဲ့ Satire အဖြူအမည်းရုပ်ရှင်အဖြစ် ခွီလည်းခွီရ လန့်လည်းလန့်ရ‌စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 875MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 50Min Genre – Comedy, Fantasy, History Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.6 2023 112 mins
El Conde
Ayalaan
6.3

Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb – 6.4 ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်‌ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။ တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ… သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ကြည့်ရှုခံစားရင်း ဘဝအမောတွေဖြေဖျောက်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.3 2024 156 mins
Ayalaan
Romantic Island
6.2

Romantic Island (2008) ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့… မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ် Genre….. Comedy, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.7GB | 1.2GB Format… mp4 Duration….1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6.2 2008
Romantic Island
The Heiress and the Handyman

June လို့ခေါ်တဲ့ သူဌေးမလေးဟာ မိဘတွေထားခဲ့တဲ့အမွေတွေကိုမထိန်းသိမ်းနိုင်တာကြောင့် နေ့ချင်းညချင်းဆင်းရဲသွားပြီး အဒေါ်ဖြစ်သူ Birdie ပေးခဲ့တဲ့ နယ်ဘက်ကအိမ်လေးတစ်အိမ်မှာသွားနေဖို့အကြောင်းဖန်လာပါတယ်။ အဲ့ဒီမှာပဲ Bart နဲ့ Nina လို့ခေါ်တဲ့ အိမ်နီးချင်းမောင်နှမနှစ်ယောက်နဲ့ရင်းနှီးခဲ့ပြီး သူ့ဒေါ်အကြောင်းတွေကိုပိုသိလာရပါတယ်။ သူတို့ရဲ့ကောက်ရိတ်သိမ်းပွဲက ပြိုင်ပွဲတွေမှာ အဒေါ်ဖြစ်သူကဗိုလ်စွဲနေကြဆိုတော့ အဒေါ်ဖြစ်သူဆုံးပြီးတဲ့နောက် June တစ်ယောက်ဘယ်လိုမျိုး အဒေါ် Birdie ရဲ့ဂုဏ်ကိုဆောင်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…TV Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2024
The Heiress and the Handyman
Adventures of the Naked Umbrella
5.2

Adventures of the Naked Umbrella (2023) Original ဆန်ပြီးတော့ ဇာတ်ကွက်ပိုင်း သိပ်မနက်နဲ့ဘဲ ပျော်ပျော်ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မီးစိတ္တဇရောဂါသည်တစ်ဦးအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆမ်ဝတူစကီဆိုတဲ့ သူဟာ မီးမြင်ရင် စိတ်ထဖောက်ပြီး အပြစ်ကျူးလွန်တတ်တာကြောင့် အစိုးရကနေ သုံးကြိမ်တိုင်တိုင် ပစ်ဒဏ်ချတာခံရသူဖြစ်ပါတယ်။ ခံဝန်ကတိနဲ့ လွတ်လာတဲ့ဆမ်ဟာ နောက်ပိုင်းမှာ သူ့အိမ်ထဲမှာပဲနေပြီး အွန်လိုင်ပေါ်က သူ့ရဲ့စကားပြောပွဲကနေတစ်ဆင့် လုပ်ကြံဇာတ်လမ်းတွေ အရေမရမဖတ်မရတွေကို ထိုင်ပြီးပြောလာခဲ့ပါတယ်။ တစ်နေ့မှာ သူလုပ်နေကျ စကားပွဲကိုလုပ်နေတုန်း အိမ်က ရုတ်တရက်မီးပျက်သွားပါတယ်။ သူ့ရဲ့မီးစက်ပျက်လို့ ပြင်ဖို့လုပ်တဲ့အချိန်မှာပဲ သူ့နောက်တွဲအိမ်ထပေါက်သွားပြီး သူ့ရဲ့ကမ္ဘာကြီးပျက်စီးသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ရဲ့စကားပြောပွဲမှာ ဂြိုဟ်သားတွေအကြောင်း တစ်စွန်းတစ်စထည့်ပြောခဲ့တာပါ။ ဒါကို တိုက်ဆိုင်မှုပေါင်းများစွာကြောင့် သံသယဝင်သွားတဲ့ ဆမ်ဟာ သူ့ရဲ့လုပ်ကြံဇာတ်လမ်းနဲ့ သူထောင်ချောက်ပြန်ဆင်ခံရတာလားဆိုတာကို အဖြေရှာဖို့ ရှာပုံတော်ထွက်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.3 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Science-Fiction Duration….01:41:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

5.2 2023 97 mins
Adventures of the Naked Umbrella
Daddy Long Legs
6.3

Daddy Long Legs (2005) ************************ ဒီကားလေးကတော့ Jean Webster ရဲ့ Daddy Long Legs ဆိုတဲ့ novel ကို ဇာတ်ကားအနေနဲ့ရော musical အနေနဲ့ရော များစွာ ပြန်လည်ရိုက်ကူးပုံဖော် ထားကြတဲ့ထဲကမှ 2005 မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး Ha Ji-won နဲ့ Yeon Jung-hoon တို့ ပါဝင်သရုပ်ဆောင်ထားပြီးတော့ စိတ်လှုပ်ရှားစရာကောင်းပြီး နွေးထွေးတဲ့အချစ်ပုံပြင်လေးကြောင့် ဖြတ်သန်းလာခဲ့တဲ့နှစ်တစ်လျှောက် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားခဲ့တဲ့ အနုပညာလက်ရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း —————— Cha Young Mi (Ha Ji-won) ဟာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ တစ်ယောက်တည်း ပင်ပန်းစွာ ရပ်တည်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ အမည်မသိ သူစိမ်းတစ်ယောက်ဆီကနေ တက္ကသိုလ်ကျောင်းစရိတ်တွေ လက်ဆောင်တွေ စသဖြင့် လျှို့ဝှက်ဆန်းကြယ်စွာ အကူအညီပေးတာခံခဲ့ရပါတယ်။ အဲဒီ အမည်မသိအကူညီတွေပေးနေခဲ့တဲ့ လူကို Cha Young Mi က နာမည်ပြောင်လေးပေးခဲ့မိတာပေါ့။ Daddy Long Legs…အရပ်ရှည်တဲ့ဦးလေးကြီး ဆိုပြီးတော့… ဒီလိုမျိုး အရပ်ရှည်တဲ့ဦးလေးကြီးရဲ့ အကူအညီတွေကြောင့် နောက်ဆုံး ဘွဲ့ရပြီး သူမရဲ့ပန်းတိုင်ဖြစ်တဲ့ အသံလွှင့်ဌာနမှာ အစီအစဉ်ရေးဆွဲတဲ့သူအဖြစ် အလုပ်ဝင်လုပ်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူမရဲ့အလုပ်နဲ့ အိမ်နေရာအခက်အခဲကြောင့် အိမ်ငှားခပေးစရာမလိုတဲ့ အိမ်တစ်အိမ်မှာပါ ဝင်နေလို့ရသွားပါတယ်။ တစ်ရက်…သူမ နေထိုင်ရာအိမ်ဆီကို အရင်တစ်နှစ်ကနေ အချိန်ကိုက်ပြီး ပေးပို့ခဲ့တဲ့ အိမ်ပိုင်ရှင်ရဲ့ အီးမေးလ်တစ်စောင်ရောက်လာပါတယ်။ စာထဲမှာ “သူမနဲ့ သူမရဲ့ တစ်ဖက်သတ်ချစ်ရသူနဲ့ပက်သက်ပြီးတော့ ကြေကွဲဝမ်းနည်းဖွယ်ရာ အကြောင်းလေးတွေ”ကို ရေးထားတဲ့အခါ… Cha Young Mi ဟာ အဲဒီအီးမေးလ်ထဲက သူတို့ကို ရှာဖွေသွားနိုင်မလား… တက္ကသိုလ်ကတည်းက အလုပ်ဝင်တဲ့အချိန်ထိ တိတ်တဆိတ် အကူအညီတွေ ပေးလာခဲ့တဲ့ သူမရဲ့ အရပ်ရှည်တဲ့ဦးလေးကြီးနဲ့ရော တကယ်ပဲ တွေ့ဆုံသွားနိုင်မှာလား…ဆိုတာကို ရင်ခုန်ဖွယ် စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီးတော့ အဆုံးထိ ကြည့်ပြီးသွားတဲ့အခါမှာ .. ဒီကားလေးကို ဘာကြောင့် remake တွေ ပြန်ရိုက်လဲ ဘာလို့ နာမည်ကြီးတာလဲဆိုတာတွေ သဘောပေါက်သွားစေမဲ့ ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…3.02GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Action • Crime • Thriller
6.3 2005
Daddy Long Legs
Like a Virgin
6.5

Like a Virgin (2006) IMDb ~~~ 6.5 ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Old but Gold ဆိုတဲ့အတိုင်း ၂၀၀၀ကျော်ခုနှစ်ကာလရဲ့ အနှစ်သာရပြည့်ဝတဲ့ ဇာတ်ကားကောင်းလေးကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~~~~~ အိုဒုံဂူဟာ ဘဝပေးအခြေအနေမကောင်းလှတဲ့ မိသားစုကနေ ပေါက်ဖွားလာသူဖြစ်ပြီး နှိပ်စက်လွန်းတဲ့ဖခင်ကြောင့် မိခင်ရဲ့စွန့်ပစ်ခဲ့ခြင်းကိုပါ ခံခဲ့ရသူပါ။ ကြမ်းတမ်းလွန်းတဲ့ အဖေ့ရဲ့ဘဝနဲ့တခြားစီ သွေးသားဆန္ဒအရ သိမ်မွေ့နူးညံ့တဲ့မိန်းမငယ်လေးပဲ ဖြစ်ချင်ရှာသူ အိုဒုံဂူကတော့ အလုပ်ကြမ်းတွေလုပ်ကိုင်ပြီး အင်္ဂါပြောင်းခွဲစိတ်နိုင်ဖို့အတွက် သိန်း၅၀တိတိရအောင် ကြိုးစားရှာဖွေနေသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေရဲ့ဝိုင်းဝန်းလှောင်ပြောင်မှုတွေကြားကနေ ဂျပန်ဘာသာဆရာကို ကြိတ်သဘောကျနေမိတာကြောင့် ဆရာ့ရှေ့ကို မိန်းကလေးတစ်ယောက်အသွင်နဲ့ ရဲရဲဝံ့ဝံ့ရပ်နိုင်ဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ နပန်းပြိုင်ပွဲမှာ ပထမရရင် ပညာသင်ဆုအဖြစ် သိန်း၅၀ရမယ်ဆိုတဲ့သတင်းကို သိခဲ့ရပြီးနောက်မှာတော့ ဘဝရဲ့ရည်မှန်းချက်တွေပြည့်လာဖို့အတွက် နပန်းအဖွဲ့ထဲဝင်ကာ လှောင်ပြောင်သရော်မှုတွေကြားကနေ နည်းစနစ်ကျကျနဲ့ အနိုင်ရဖို့ ကြိုးစားပါတော့တယ်။ သန်မာထွားကျိုင်းတဲ့ ယောက်ျားသားတွေပဲ အားရှိတယ်လို့ သတ်မှတ်ထားကြတဲ့အတိုင်း အားအင်ကိုအဓိကထားပြီး ယှဥ်ပြိုင်ရတဲ့နပန်းပွဲမှာ နွဲ့နှောင်းပျော့ပျောင်းတဲ့ အိုဒုံဂူတစ်ယောက် နပန်းသမားစင်စစ်ဖြစ်လာနိုင်ပါ့မလား၊ ပြိုင်ပွဲမှာအနိုင်ရပြီး တကယ်မိန်းကလေးဘဝအဖြစ် ပြောင်းလဲကာ ဆရာ့ရှေ့မှာ ရပ်နိုင်သွားပါ့မလားဆိုတာကို ဇာတ်လမ်းဇာတ်ကွက်မျိုးစုံနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာမို့ မပစ်ပယ်ထားသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးချင်ပါတယ်။ (အညွှန်းကိုတော့ Hsu Pyaeက ရေးသားပေးထားပါတယ်) File Size ~~~ 1 GB/ 3.30 GB Quality ~~~WEB-DL/ 1080p/ 720p Duration~~~1:57:25 Format~~~mp4 Genre~~~ Comedy, Drama Subtitle ~~~Myanmar Subtitle (Hard Sub) Translated by ~~~Hsu Pyae Encoded by~~~ Treasure Htet

Documentary
6.5 2006
Like a Virgin