YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Last.Exorcist.2020.720p.WEBRip[CM].mp4

688.55 MB N/A video/mp4 1343 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hard Rain
5.8

Hard Rain (1998) IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့‌လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေ‌ကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်း‌ခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့ နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်‌ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။ File size…  2.89 GB /  1.35 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre .....  Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
5.8 1998 97 mins
Hard Rain
Sin City
7.4

ဇာတ်လမ်းလေးပုဒ်ပါတယ်။အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို Mind Blowningလုပ်ဖို့ချန်သွားတယ်။ ဒါကလည်း အရသာတစ်မျိူးပါပဲ။ နံပါတ်၂ဇာတ်လမ်းဆို ကျွန်တော်ဖတ်ဖူးတဲ့ဘာသာပြန် ၀တ္တုတစ်ပုဒ်ကိုတောင် သတိရစေတယ်။ မောင်မိုးသူရဲ့သေနေ့။ အဲ့ဒီ၀တ္တုထဲမှာ ရောဂါနဲ့သေတော့မယ့်အမျိုးသမီး တစ်ယောက်က သူ့ကိုယ်သူသတ်ဖို့ တစ်ဆင့် လူသတ် သမားငှားထားတယ်။ ဘယ်သူလဲ သူမသိရဘူး။ ရောဂါရှိတယ်ဆိုတာကမှားနေတော့ လူသတ်သမားလက်က သူပြေးဖို့ဖြစ်လာတယ်။ ဒီထဲက Customer always Rightဆိုတဲ့အပိုင်းဟာ အဲ့ဒီ၀တ္တုကို တခြားအမြင်ကပြထားသလိုပါပဲ။ Customer Always Rightက အတော်အနုပညာ ဆန်သလို ကျန်တဲ့ သုံးပိုင်းကလည်း မနုံနဲ့ဘူး။ Crimeကားတွေကြိုက်တဲ့လူဖြစ်ဖြစ် Actionကားတွေကြိုက်တဲ့လူဖြစ်ဖြစ် ဇာတ်အိမ်ဆန်းတာတွေ ကြိုက်တဲ့လူဖြစ်ဖြစ်မကြည့်ရသေးလို့ ကြည့်ပြီးရင်တော့ . . . လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဆယ့်ငါးနှစ်လုံးမကြည့်ခဲ့မိလို့ နောင်တ ရမယ့်ရုပ်ရှင်မျိုးပါပဲ။ Sin City အဆက်အနေနဲ့ Sin City: A Dame to Kill For (2014) ဆက်လက်ထွက်ရှိခဲ့ပြီး ဒီမှာ https://channelmyanmar.org/sin-city-a-dame-to-kill-for-2014/ ကြည့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(4.8 GB)/(2 GB) Quality….BluRay(Unrated.Recut.Extended Version)1080p HEVC/720p Format…mkv/mp4 Duration….02:21:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Adventure • Comedy • Family • Fantasy
7.4 2005 124 mins
Sin City
If Looks Could Kill
6.2

ရာသီဥတုပူပူမှာ အခွီဓာတ်လေးရစေမဲ့ ဟာသအက်ရှင်ဇာတ်မြူးလေးဖြစ်တဲ့ 90sရဲ့ Old but gold movieလေးတစ်ကားဖြစ်တဲ့ If Looks Could Killဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ ကြက်ကန်းဆန်အိုးသွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးအလေလိုက် ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ ဆရာမတိုင်းမျက်မုန်းကျိုးမဲ့ နောက်ဆုံးတန်းကကောင်လေးပေါ့။ သူ့ဟာ အရာရာကိုခပ်ပေါ့ပေါ့ပဲတွေးရင်းနဲ့ ပြီးအောင်မလုပ်တတ်တဲ့အကျင့်လေးကလည်းရှိတော့ အတန်းပြေးတာလက်လွန်ပြီး ပြင်သစ်ဆရာမရဲ့အကွက်ထဲဝင်သွားတာပေါ့။ အထက်တန်းပြီးဖို့ ပြင်သစ်ဆရာမဂရော်ဘာဆီက အမှတ်ကလည်းလိုနေ ဆရာမကလည်း နွေရာသီသင်တန်းချိန်မှာ ပြင်သစ်ကလပ်နဲ့တူတူ ပြင်သစ်ကိုလေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေချိန်ဆိုတော့ လူရွှတ်လူနောက် ကော်ဘန်တစ်ယောက် ပြင်သစ်သွားဖို့ အကြောင်းပါသွားတော့တာပေါ့။ ကော်ဘန်တစ်ယောက် အဖေကြည်ဖြူအောင်သာ အထက်တန်းအောင်ဖို့ကို အကြောင်းပြနေပေမဲ့ စိတ်ထဲမှာတော့ ပါရီကစကီတစ်သိုက်နဲ့ နိုက်အောက်ဖို့အစီအစဉ်ဆွဲနေတာပါ။ မျက်မုန်းကျိုးနေတဲ့ဆရာမကလည်း သူ့ကိုပြင်သစ်ခေါ်လာတာ ပညာပြဖို့ပါပဲ။ ဒါပေမဲ့ မျက်နှာပြောင်တပည့်နဲ့ စည်းကမ်းကြီးတဲ့ဆရာမကြားကတိုက်ပွဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်။ အဲဒါကတော့ ပြင်သစ်ကိုသွားမဲ့လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန် ၂ ယောက်ပါလာတာပါပဲ။ တစ်ဖက်က အမေရိကန်အသွင်ယူအေးဂျင့် မိုက်ကယ်ကော်ဘန်ကတော့ လတ်တလောဖြစ်နေတဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ ထူးဆန်းစွာအသတ်ခံရမှုနဲ့အတူ အော်ရန့်ဘာ့ဂ်ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ် ဥရောပဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဩဂက်စ်တက်စတာရန်ကိုကို ကာကွယ်ပေးဖို့ရောက်လာတာပါ။ ဒါပေမဲ့ အေးဂျင့်အစစ်က လုပ်ကြံခံလိုက်ရပြီးတော့ ကျောင်းသားလေးမိုက်ကယ်ကော်ဘန်ကို အသွင်ယူအေးဂျင့်လို့ ထင်သွားကြတဲ့အခါ... စိုင်ကော်လို့ခြုံပေါ်ရောက်တာမဟုတ်တဲ့ နာမည်ကော်လို့ အေးဂျင့်ဖြစ်သွားတဲ့ မိုက်ကယ်ကော်ဘန်တစ်ယောက် နိုင်ငံရေးပြဿနာထဲကို ဘုမသိဘမသိဝင်ပါမိရင်းနဲ့ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာ အားလုံးကြည့်ရှုခံစားရင်း ရယ်မောခြင်းနဲ့ ဘဝအပန်းဖြေလိုက်ရအောင်ပါ။ File size…(1.1 GB)/ (580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Fantasy
6.2 1991 88 mins
If Looks Could Kill
Brazen
4.9

အမေရိကန် New York Times Best Seller စာရင်းဝင် စာရေးဆရာမဖြစ်သူ Nora Roberts ရဲ့ “Brazen Virtue” ဟု အမည်ရသော Crime/Mystery Novel အား အခြေခံ ရိုက်ကူးထားတဲ့ Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ January 13 ရက်နေ့ကမှ ပူပူလောလော ထွက်ရှိလာတာဖြစ်ပြီး ရှုပ်ထွေးဆန်းပြားတဲ့ မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားသူများအဖို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မှုခင်းဝတ္ထုရေးသားသော နာမည်ကြီးစာရေး ဆရာမအဖြစ် မင်းသမီးချော Alyssa Milano က သရုပ်ဆောင်ထားပြီး မင်းသား Sam Page ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ နာမည်ကြီး မှုခင်းဝတ္ထုစာအုပ်များ ရေးသားသော Grace Miller ဆိုတဲ့ စာရေးဆရာမဟာ အရေးအသားပြောင်မြောက်ပြီး လူသတ်မှုတွေကို ခရေစေ့တွင်းကျ ရေးပြနိုင်တဲ့အတွက် အများက သဘောကျနှစ်သက်ကြပါတယ်။ သူ့မှာ Kathleen ဆိုတဲ့ ညီမ တစ်ယောက်ရှိပြီး အိမ်ထောင်ရေး ပြသာနာများဖြင့် လုံးထွေးကာ ဆေးစွဲသည်အထိ ဖြစ်ပျက်နေရှာပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူက ဖုန်းဆက်ခေါ်တဲ့အတွက် Miller တစ်ယောက် အပြေးအလွှား သွားတွေ့ပြီး  နောက်ရက်မှာပဲ ညီမဖြစ်သူရဲ့ အိမ်နီးချင်း ကောင်လေးတစ်ယောက်နဲ့ ညှိကာ ညစားထွက်စားကြပါတယ်။ အဆင်ပြေပြေ ပြီးဆုံးခဲ့တဲ့ ဒိတ်လေးက အပြန် အိမ်ပြန်ရောက်တဲ့အခါ Miller ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ အရာက…… ကျန်တာကိုတော့ CM ပရိသတ်ကြီးတို့ကိုယ်တိုင် ခံစားကြည့်ရှုရင် ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အမှုလိုက်ရတဲ့ အရသာကို ခံစားရမှာဖြစ်ပြီး ဘယ်လို plot twist ကြီး ပေါ်ပေါက်လာမလဲဆိုတာကို အတူခေါင်းစားကြစို့လားဗျာ။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပြီး ဘာသာပြန်များကတော့ Chit Tee, Khaing Khin, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်) File Size -(1.5 GB) / (920 MB) Quality – WebDL -(1080p) /  (720p) Duration - 1hr 36min Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Mystery Translator – Chit Tee, Khaing Khin, Thet Hnin Hsu Encoder – San Win Maung

Drama
4.9 2022 94 mins
Brazen
Godzilla: King of the Monsters
6.7

ဂေါ်ဇီလာရုပ်ရှင်တော်တော်များများကို ကျွန်တော်တို့ကြည့်ဖူးကြပါတယ်.. ကြည့်လိုက်တိုင်းလည်း လူသားတွေရဲဲ့ပြသနာရှာမှု့တွေကို ဂေါ်ဇီလာကပဲ လိုက်ဖြေရှင်းတိုက်ခိုက်ပေးနေရတာပါ... ပြောရမယ်ဆိုရင် လူသားတွေကတိုက်တန်ကြီးတွေကိုမုန်းတယ် ဒါပေမယ့် တကယ်တမ်းပြသနာတက်လာခဲ့ရင်လည်း အဲဒီတိုက်တန်တွေရဲ့ဘုရင်ကြီးကပဲ ထွက်လာရတာပါပဲ.... အဲချိန်ကျမှ ဟေးခနဲ ၀ါးခနဲ အသံတွေနဲ့ပျော်နေကြတာလည်း လူသားတွေပါပဲ.. ဒီကားမှာလည်း နဂိုထဲကပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ Ghidorah (ခေါင်းသုံးလုံးနဂါး) ကိုထွက်လာအောင်သွားလုပ်လို့ ဘုရင်ကြီးကပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီးထွက်ကယ်ရပြန်ပါတယ်.... အသေချကြပါတယ်.....  အကောင်ကြီးတွေချတာကြည့်ပြီး ကြက်သီးလည်းထတယ်.. အကောင်းဆုံးကတော့ ဂေါ်ဇီလာရဲ့ theme song ပြန်ပါလာပါတယ်.... အဲအသံကိုကြားတဲ့ချိန်ပျော်တယ်ဆိုတာထက်  မိုက်တယ်ကွာလို့တောင် ပြောမိတယ်.... ကျွန်တော်တို့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေတဲ့  Epic Battle တစ်ခုကိုခံစားပြီးပါပြီ... End Game က Final Scene ပါ.... နောက် Epic Battle တစ်ခုကိုပြောပါဆိုရင်တော့ ဒီကားထဲက Godzilla နဲ့  Ghidorah (ခေါင်းသုံးလုံးနဂါး) တို့ရဲ့ တိုက်ပွဲပါပဲ... တကယ်လည်းမိုက်တယ် .... အသေချတယ်.... ကြည့်ရတဲ့လူအဖို့ ဂေါ်ကြီးနိုင်ပါစေ .... ဂေါ်ကြီးထိသွားရင်လည်း ဟာခနဲဖြစ်ပြီး ရင်ခုန်ပြီးကြည့်နေရတာပါ.... ဒီကားက တိုက်တန်ကြီးတွေချတာကိုကြည့်တာနဲ့တင် လုံးဝတန်နေပြီဖြစ်တဲ့ ကားလို့တောင်ပြောလို့ရပါတယ်... ဒါကြောင့် ဒီကားရဲ့ ဇာတ်လမ်းအကြောင်းကို အားလုံးလည်းနားလည်အောင် အနည်းငယ်တင်ဆက်ပေးပါရစေ... ဒီရုပ်ရှင်ကတော့ ၂၀၁၄ ဂေါ်ဇီလာကားရဲ့ အဆက်ဖြစ်ပြီးတော့ Rating 6.6 ရရှိထားပါတယ်.. Rating နည်းတာကိုမကြည့်ပါနဲ့...တိုက်တန်ကြီးတွေရဲ့ Battle တွေကိုကြည့်ကြည့်ပါ... လုံးဝအလန်းကြီးတွေပါ......... ဇာတ်လမ်းသဘောအရတော့  ဂေါ်ဇီလာနဲ့ တိုက်တန်အချို့တိုက်ပွဲအပြီးမှာ မိုနာ့ခ် အဖွဲ့ကြီးဟာ အခြားသော တိုက်တန်တွေကို ရှာဖွေထိန်းသိမ်းနေကြပါတယ်။ ဒေါက်တာ အမ်မာကတော့ တိုက်တန်တွေကို အမိန့်ပေးနိုင်မယ့် အော်ကာလို့ ခေါ်တဲ့ စက်တစ်မျိုးကို တီထွင်နိုင်ခဲ့တယ်။ အဲဒီစက်ကနေ ဂီဒီုရာနိုးထလာပြီး အခြားတိုက်တန်တွေရဲ့ ဘုရင်နေရာအတွက် ဂေါ်ဇီလာနဲ့ အားပြိုင်မှုတွေ ဖြစ်လာပါတော့တယ်......

Action
6.7 2019 132 mins
Godzilla: King of the Monsters
The Bourne Legacy
6.2

IMDb - 6.7/10 ဒီဇာတ်ကားဖြန့်ချိရေးကို ကမ္ဘာကျော်ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Universal Pictures က တာဝန်ယူထားသည်။ ကျော်ကြားသော အမေရိကန်စပိုင်ရုပ်ရှင် The Bourne ဇာတ်ကားများ၏ အဆက်ဖြစ်ပြီး ယခုဇာတ်ကားသည် ၄ ကားမြောက်အဖြစ် အသစ်ထွက်ရှိသည်။ ဇာတ်ညွှန်းကို တိုနီဂေးရွိုင်းနှင့် ညီဖြစ်သူ ဒန်ဂေးရွိုင်းနှင့် ပူးတွဲရေးသားပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခြယ်မှုန်းပေးထားသည်။ ဇာတ်ကားထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာသန်း ၉၀ ရှိပြီး ယခင်ဇာတ်ကားများနည်းတူ အက်ရှင်ဇာတ်ဝင်ခန်းများနှင့် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်သည်။ ထူးခြားမှုတစ်ခုမှာ ယခင်ဇာတ်ကားများတုန်းက သရုပ်ဆောင်ခဲ့သည့် မင်းသားမက်ဒေါမွန်ကို ပြန်လည်သုံးစွဲခြင်း မပြုတော့ဘဲ မင်းသားသစ် ဂျယ်ရီရမီးရန်နာကို အဓိက ခေါင်းဆောင်မင်းသားအဖြစ် ယခုဇာတ်ကားမှ ပွဲထုတ်ထားခြင်း ဖြစ်သည်။ စာရေးဆရာ အဲရစ်ဗန်လက်စဗန်ဒါ၏ The Bourne Legacy ဝတ္ထုအား ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ဇာတ်လမ်းအကျဉ်း The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က Operation Outcome ၏ အေးဂျင့်တစ်ဦး ဖြစ်သောကြောင့် လုပ်ကြံသူများလက်ကနေ လွတ်မြောက်အောင် ကိုယ်လွတ်ရုန်းပြေးရတော့သည်။ ပြေးရင်းလွှားရင်း သူနှင့်ဘဝတူအဖြစ် ဆုံစည်းလာသူက ဒေါက်တာစတီဗင်စနိုက်ဒါ (မင်းသမီးချော ရေချယ်ဝိုက်စ်) ဖြစ်သည်။ ဒေါက်တာစတီဗင်သည် Outcome အေးဂျင့်များကို ဖန်တီးပုံဖော်ရာတွင် အဓိက အကူအညီပေးခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်တာကြောင့် သူလည်းလုပ်ကြံသူများ လက်ကနေ လွတ်မြောက်အောင် မနည်းကြိုးစားရရှာသည်။ သူတို့ကို နောက်ကနေ အသေအလဲ လိုက်လံလုပ်ကြံနေသူက ဇာတ်ကားအစမှာကတည်းက ရန်သူတော်တစ်ဦး ဖြစ်သည့် စီအိုင်အေအေးဂျင့်ဗျာ (အင်ဒ်ဝပ်နော်တန်) ဖြစ်သည်။ သူက အေးရွန်ခရော့စ်နှင့် ဒေါက်တာစတီဗင်တို့အား အငြိုးကြီးကြီးဖြင့် သတ်ဖြတ်ဖို့ ကြိုးစားသည်။ အေရွန်ခရော့စ်တို့ စုံတွဲကလည်း ပြေးရင်းလွှားရင်းနှင့်ပင် အမှန်တရားကို ဖော်ထုတ်ကာ သူတို့၏ လွတ်မြောက်ရာလမ်းကို ရှာဖွေကြမည်။ ဇာတ်ကားတစ်ကားလုံး ပြေးလွှားပစ်ခတ်ကြသည်များကို အသည်းတယားယား၊ ရင်တဖိုဖို ကြည့်ကြရမည်။ CIA က Operation Outcome အဖွဲ့ကို မြေမြှပ်ဖို့ ဆုံးဖြတ်ချက်ချပြီး အမိန့်ထုတ်ပြန်လိုက်ကတည်းက The was never justone တစ်ယောက်မှ မကျန်စေနဲ့ဆိုတဲ့ ကြောက်စရာစကားလုံးကြီး အောက်ကနေ အေရွခရော့စ်တို့ ဘယ်လိုရုန်းထွက်ပြီး လွတ်မြောက်အောင် ပြေးကြမလဲဆိုတာကတော့ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ်

Horror • Thriller
6.2 2012 135 mins
The Bourne Legacy
Waiting for Bojangles
6.5

Waiting for Bojangles (2022) ==================== IMDb Rating – 6.5/10 လူသားနှစ်ယောက်ရဲ့ တွေ့ဆုံမှုကလည်း ထူးဆန်းခဲ့ပါရဲ့ ၊ စတွေ့ကတည်းက နှစ်ယောက်ဆုံဆည်းမှုဟာ ပျော်စရာတွေ ယူဆောင်လာပေးမယ်ဆိုတာကို ကိုယ်စီ သိခဲ့ကြသလိုပါပဲ။ ဘဝရဲ့ လက်တွဲဖော်အစစ်နဲ့ ဆုံလာတဲ့အခါ နှလုံးသားကလည်း အလိုလို သိသည် ထင်ပါရဲ့ ၊ ဘယ်အရာတွေက တားတား အချစ် ခရီးက ခိုင်မာခဲ့တယ်။ မိသားစုဆိုတဲ့ အရာလေးကို ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘဝဆိုတာ သာယာလှပလွန်းနေရင် ပျင်းစရာကောင်း မယ်လို့ ယူဆပုံရတဲ့ ဘုရားသခင်က ကံကြမ္မာနဲ့ ပူးပေါင်းကြံစည်ပြီး ဒီမိသားစုလေးအပေါ် မိုးသက်လေပြင်းတို့ ကျရောက်စေခဲ့တဲ့အခါ၊ ဒီဒုက္ခတွေကို ရုန်းထွက်ရမှာ ဒီမိသားစုလေးရဲ့ တာဝန်ဖြစ်လာပါ တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Yoon Sandi Aungမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Khant Sett Naing တို့ဖြစ်ပါတယ်) File Size……….(2.02 GB) / (842 MB) / (476 MB) Quality…………BluRay 1080p / 720p / 480p Duration………2Hrs 4mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Yoon Sandi Aung, Khant Sett Naing Encoder……….SWM

Horror • Mystery • Thriller
6.5 2022 124 mins
Waiting for Bojangles
Robots
6.4

တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။ VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါက​တော့ စက်ရုပ်မြို့​တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ် ဆိုတဲ့ စက်ရုပ်ကြီးနဲ့ ​တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူ​တွေ ဘာလိုအပ်​နေလဲဆိုတာ အမြဲရှာ​ဖွေပြီး ဖြည့်ဆည်း​ပေး​တတ်တဲ့သူ ဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီး​​ပေါ့။ အဲဒီလိုနဲ့ ​ရော့ဒ်နီတစ်​ယောက် သူ့အိပ်မက်ကိုပုံ​ဖော်ဖို့ မြို့​တော်ကို တက်ပြီး ဘစ်ဝဲဒ် တည်​ထောင်ထားတဲ့ ကုမ္ပဏီကို သွား​တွေ့ရာမှာ သူထင်ထားသလို ဖြစ်မ​နေဘဲ ဘစ်ဝဲဒ်ရဲ့​နေရာကို ရက်ချက်ဆိုတဲ့ စက်ရုပ်က အစားထိုးဝင်​နေတာ ​တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်​​တွေ ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီး upgradeစက် အသစ်​တွေကို ​ဈေးတင်​ရောင်းဖို့ပါပဲ။ သူ့စက်​တွေ ​ရောင်းရဖို့ စက်ရုပ်အ​ဟောင်း​​တွေ ပျက်စီး​နေတဲ့စက်ရုပ်​တွေကိုပါ ဒိတ်​အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီး​နေသူပါ။ ဒါ​ကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်​တွေကို ကိုယ်ထူကိုယ်ထ ကူညီ​ပေးတဲ့ စက်ရုပ်​လေးဖြစ်လာခဲ့ပြီး မြို့​​တော်ကြီးမှာ နာမည်ရ လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ​ရော့ဒ်နီနဲ့ ​လောဘကြီးတဲ့ ရက်ချက်တို့ ထိပ်တိုက်​ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Animation, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

6.4 2005
Robots
The Farm
5.5

ကျေးလက်ဒေသတစ်ခုဘက်ကို ခရီးထွက်ကြမယ်ရင် စိုက်ပျိုးရေးခြံ၊ မွေးမြူရေးခြံတစ်ခုတော့ တွေ့ဖြစ်မှာပါ…။ ဒါက မထူးဆန်းပါဘူး …။ တွေ့တဲ့မွေးမြူရေးခြံဟာ လူသားမွေးမြူရေးခြံဆိုရင်တော့ ထူးဆန်းသွားပါပြီ….။ ဒီဇာတ်လမ်းလေးက အဲ့လိုဇာတ်လမ်းပါ…. သမီးရည်းစားတွေဖြစ်ကြတဲ့ နိုရာနဲ့ အဲလက်ဟာ ကျေးလက်ဒေသတစ်ခုဆီ အပျော်ခရီးထွက်ခဲ့ကြတယ်…. ကားမောင်းရတာလည်းပင်ပန်း ခရီးကလည်းဝေးဆိုတော့ လမ်းဘေးက မိုတယ်လေးတစ်ခုမှာ ဝင်နားခဲ့ကြပါတယ်….။ လူကလည်းခပ်ရှင်းရှင်း အေးအေးဆေးဆေးဆိုတော့ ချက်ချင်းပဲအိပ်‌ပျော်သွားကြတယ်…. နိုးလာတဲ့အခါမှာတော့ ခုနကပြောတဲ့ လူသားမွေးမြူရေးခြံကိုရောက်နေခဲ့ပြီးပဲဖြစ်ပါတယ်…. ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ကြည့်လိုက်ပါဗျာ….။ File size…1.16GB / 510MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 20m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2018 80 mins
The Farm
Midwives (Sages-femmes)
7.1

Sages femmes ဆိုတာကတော့ ပြင်သစ်လို သားဖွားဆရာ/မများလို့ အဓိပ္ပာယ်ရပါတယ်။ ဒီဒရာမာရုပ်ရှင်လေးက သားဖွားဆရာ/မတွေရဲ့ လုပ်ငန်းခွင်အကြောင်းကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။ ဆိုဖီယာနဲ့ လူဝိစ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ငါးနှစ်တာလေ့လာဆည်းပူးပြီးနောက်မှာ သားဖွားမီးယပ်အလုပ်ကို လက်တွေ့လုပ်ကိုင်ဖို့ရာ ပြည့်သူ့ဆေးရုံတစ်ခုကို ရောက်ရှိလာခဲ့ပြီး လူအင်အားမလုံလောက်တဲ့ဆေးရုံလေးမှာ အစာစားချိန် အပေါ့သွားချိန်တောင်မရလောက်အောင် လုပ်ကိုင်ပြီး ပြဿနာ၊ အခက်အခဲ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာပေါင်းစုံနဲ့ ကြုံတွေ့ရပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာ မီးဖွားတဲ့အလုပ်ဟာ ပင်ပန်းခက်ခဲသလောက် မီးဖွားမယ့်သူကိုကူညီပေးတဲ့ သားဖွားမီးယပ် ဆရာ/မတွေရဲ့ အလုပ်အကိုင်ဟာလည်း မလွယ်ကူကြောင်းကို သေချာရိုက်ပြထားပါတယ်။ ဇာတ်အိမ်အချိတ်အဆက်လေးတွေကလည်း နွေးထွေးပြီး ပီတဖြစ်စရာကောင်းတဲ့အပြင် ဆေးပညာနဲ့ပတ်သက်တဲ့ ဗဟုသုတလည်းရစေမယ့် ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။ File size…(1.6 GB)/(867 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.1 2023
Midwives (Sages-femmes)
Hindi Medium
8

Hindi Medium (2017) IMDb Rating (7.8 )/ Rotten Tomatoes (83%) “မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။” “အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။” ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။ Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟမှုကို အံဝင်ခွင်ကျအောင် ကလေးပညာရေးအတွက် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ကိုယ်တိုင်ပညာအရည်အချင်းနည်းပါးတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။ လူကုံတန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ လူ့ဆင်းရဲ ရပ်ကွက်မှာ ဆင်းရဲသားပုံစံ ဟန်ဆောင်ပြီးနေခဲ့ပါတယ်။ အခြေခံ လူတန်းစား နှင့် လူလတ်တန်းစား လူလတ်တန်းစား နှင့် အထက်တန်းစားကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာက သေသေချာချာ ရိုက်ပြထားပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး တင်ဆက်ထားပါတယ်။ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

Adventure • Thriller • Horror
8 2017
Hindi Medium
The Isle
5.7

ဒီကားလေးကတော့ စိတ်ဝင်စားစရာ horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၄၆ခုနှစ်က ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပါ။ ကုန်သည်သင်္ဘောတစ်စီးမှောက်ရာက ရှင်သန်လွတ်မြောက်သူကုန်သည်သုံးယောက်ဟာ လှေတစ်စီးနဲ့ ပင်လယ်ထဲမျှောနေရင်းမြူတွေဆိုင်းနေတဲ့ကျွန်းစုလေးပေါ်ရောက်သွားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ကျွန်းပေါ်မှာလူသားလေးယောက်ပဲရှိတယ်။ တံငါသည်ဟောင်းတစ်ယောက်၊ လယ်သမားတစ်ယောက် သူ့ရဲ့တူမနဲ့စိတ်မမှန်သူအမျိုးသမီးတစ်ယောက်ပါ။ ကျိန်စာမိထားသလိုထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့မသိခဲ့တဲ့ဒီကျွန်းရဲ့သမိုင်းကြောင်းက ဘာတွေဖြစ်မလဲသူတို့ဒီကျွန်းပေါ်ကလွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ…. အညွှန်းနဲ့ ဘာသာပြန်ကတော့ Noe ပါ File size… 1.3 GB / 597 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Fantasy/Mystery/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Noe

5.7 2018 96 mins
The Isle
My Friend is a Cute Shark
5.5

စိတ်ကူးယဉ်သိပ္ပံကား ဆန်းဆန်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေကိုအကျိုးပြုနိုင်ဖို့ ပါမောက္ခကြီးတစ်ယောက်က မျိူးရိုးဗီဇပေါင်းစပ်နည်းကိုသုတေသနာလုပ်နေခဲ့ပါတယ်။ ငါးမန်းရဲ့မျိုးရိုးဗီဇနဲ့ ရေဘဝဲရဲ့မျိုးရိုးဗီဇကိုပေါင်းစပ်ကြည့်ပြီး လက်တွေ့စမ်းသပ်ခဲ့ပါတယ်။ လက်တွေ့စမ်းသပ်တာမအောင်မြင်ဘူးလို့ထင်ခဲ့ပေမယ့် အောင်မြင်ပြီးတော့ သုတေသနခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးရိုးဗီဇဆန်း ရေဘဝဲငါးမန်းတစ်ကောင်ကလမ်းပေါ်ရောက်သွားပြီး ငါးရောင်းတဲ့သားအဖ၂ယောက်ဆီကိုရောက်သွားခဲ့ပါတယ်။ မျိုးရိုးဗီဇစမ်းဖြစ်တဲ့အတွက် ကြီးထွားနှုန်းကအရမ်းကိုမြန်ပြီးတော့ လူတွေကိုအန္တရာယ်ပေးနိုင်တဲ့အဆင့်ကိုရောက်လာငါးသည်ရဲ့သမီးလေးကိုဖမ်းခေါ်သွားခဲ့ပါတယ်။ ကလေးရဲ့အဖေနဲ့ ပါမောက္ခတို့လူတွေကလဲ ရေဘဝဲငါးမန်းကိုလိုက်ရှာကြပါတယ်။ သုတေသနအတွက်အရမ်းကြီးတဲ့ဒီထူးဆန်းသတ္တဝါကိုအရှင်လိုချင်ပေမယ့် သူ့ရဲ့အရွယ်အစားနဲ့ထိခိုက်စွမ်းရည်ကြောင့် သတ်ပစ်ရမလားဝေခွဲမရဖြစ်နေကြပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်ဟာ နောက်ဆုံးမှာဘယ်လိုဖြစ်သွားမလဲ……

5.5 2025
My Friend is a Cute Shark
Schmeichel
7.3

မန်ယူနိုက်တက်ပရိသတ်တွေအတွက် ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကို ပြန်တွေးကြည့်လိုက်ရင် အသင်းရဲ့နောက်ဆုံးခံစစ် စည်းရိုးဖြစ်တဲ့ ပီတာရှမိုက်ကယ် ကိုလည်း ပြန်အမှတ်ရ မိကြမှာပါ။ ဒီ ၂၀၂၅ ခုနှစ်ထွက် documentary လေးကတော့ ပီတာရှမိုက်ကယ် ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒိန်းမတ်က ကလပ်လေးကနေ ဆာအဲလက်စ် ရဲ့ တော်ကောက်ခံရပြီး ယူနိုက်တက်အသင်းရဲ့ ကပ်ပတိန် ဖြစ်လာခဲ့သူရဲ့ ငယ်ဘဝဟာလည်း ချောချောမွေ့မွေ့ ဖြတ်သန်းခဲ့ရတာတော့မဟုတ်ပါဘူး။ ဂိုးသမားအဖြစ် ကစားလို့ရတဲ့လုပ်ခ လစာက နှစ်ပဲနဲ့ တစ်ပြားမို့ ငယ်စဉ်တုန်းက ရရာအလုပ်ဝင်လုပ်ပြီး ဂိုးသမားဘဝကို ဆက်လျှောက်ခဲ့ရသူပါ။ ဒီဇာတ်ကားလေးမှာတော့ ပီတာရှမိုက်ကယ် ရဲ့ ငယ်ဘဝ ကနေစလို့ ဘောလုံးဘဝကနေအနားယူပြီး သားသမီး မြေးတွေနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အထိ ဘဝတစ်လျှောက်လုံးကို ပြန်ပြောပြတဲ့ စကားပြော ပုံစံနဲ့ ရိုက်ကူးထားတာမို့ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ ရပုံကို ပြည့်ပြည့်စုံစုံ သိခွင့်ရမှာပါ။ အဲဒီအပြင် မန်ယူနိုက်တက်မှာ ဖြတ်သန်းခဲ့စဉ်က အကြောင်း အရာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့ သာမန် မသိနိုင်တဲ့ မန်ယူနိုက်တက်ရဲ့ သမိုင်းကြောင်းတွေ အသင်းတွင်းအဖြစ်အပျက်တွေနဲ့ ယူနိုက်တက်ရဲ့ သရဲနီ ဒီအန်အေ စစ်စစ် ဆိုတာ ဘာလဲဆိုတာကို ကြက်သီးထ လောက်စရာ မြင်တွေ့ခွင့်ရမှာပါ။ သရဲနီတပ်မှူးကြီးရဲ့ ဘဝဇာတ်ကြောင်းနဲ့ မန်ယူနိုက်တက်ရဲ့ အတိတ်တလျှောက်သမိုင်းအစဉ်အလာကို ပြန်လည်ခံစား နိုင်ဖို့အတွက် ပရိသတ်ကြီးတို့အတွက် ဒီ မှတ်တမ်းရုပ်ရှင် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော Wil ဖြစ်ပါတယ်) File size… (2.18GB) / (1.23GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Documentary Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama • Romance
7.3 2025 92 mins
Schmeichel