YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Lake.S02E05.1080p.CM.mp4

308.85 MB 1080p video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
To Every You I've Loved Before
6.3

IMDb 7.2/10 MyAnimeList 7.4/10 To all of you that I've loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာYomoji Otonoရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ ​(နောက်တစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း ထပ်ပြီးတင်ဆက်​ပေးဦးမှာပါ)။ ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. "Because I'm Calling Your Name")လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ် ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။ အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​မျောပါသွားနိုင်တဲ့အထိပါပဲ။ ဇာတ်လမ်းအကျဥ်းက​တော့ Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။ အထက်တန်း​ကျောင်းသားဘဝ​ရောက်ချိန်မှာ​တော့ Kazuneဆိုတဲ့​ကောင်မ​လေးတစ်​ယောက်ရဲ့လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။ အချစ်ဇာတ်လမ်း​လေးဟာ ​သာယာ​ဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားက​တော့ ကြည့်ရှုသူအ​ပေါ်မှာပဲ မူတည်ပါလိမ့်မယ် Spoilerပါးပါး​လေး​ပြောပါမယ်။ နည်းနည်း​လေး​တောင်spoilမမိချင်ရင် ဆက်မဖတ်ပါနှင့်​တော့။ ဒီဇာတ်လမ်းထဲမှာဇာတ်လမ်း၂ခုပါပါတယ်။ အစကတည်းက ဇာတ်လမ်း၂ခုရှိတာကိုချပြထား​ပေမဲ့ ဇာတ်လမ်းဆွဲ​ခေါ်သွားပုံက ငြင်သာလွန်းလို့ ပြီးခါနီးမှပဲ သတိထားမိမှာပါ File size…913MB / 400MB Quality…1080p HEVC / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Dr Nyan

Action • Crime • Thriller
6.3 2022 102 mins
To Every You I've Loved Before
Circle Line
4.8

စင်္ကာပူရုပ်ရှင်လောကရဲ့ ပထမဆုံးခေတ်သစ်ထူးဆန်းသတ္တဝါကားလို့ဆိုတဲ့ Circle Line ကို တင်ဆက်ပေးလိုက်ပါတယ်။ စင်္ကာပူဒါရိုက်တာJD Chuaရိုက်ကူးထားပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ တွဲဖက်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ -ကားအက်စီးဒင့်အပြင်းအထန်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာတွေကို ကုသကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက် -အဖေဟာအလုပ်ထဲမှာပဲနှစ်မြှုပ်ထားပြီး သမီးကိုအချိန်မပေးနဲ့တဲ့ အဖေနဲ့သမီး မြေအောက်အမြန်ရထားတွေဟာအလိုအလျောက်Programနဲ့ပဲထိန်းချုပ်ပြီးသွားကြတာပါ System ဟောင်းမှာချို့ယွင်းချက်တွေဖြစ်လာတဲ့အခါ ရထားကဘူတာ မရောက်ခင်ရပ်သွားတာတွေစတဲ့ချို့ယွင်းချက်တွေဖြစ်လာပါတယ်။ Systemကိုပြန်ပြင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ညပိုင်းနောက်ဆုံးရထားတစ်စီးဟာ ချို့ယွင်းချက်ကြောင့် ပုံမှန်ရထားလမ်းကြောင်းကနေသွေဖီပြီး အသုံးမပြုတဲ့ရထားလမ်းထဲကိုရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာမြေအောက်ရထားလှိုဏ်ခေါင်းထဲမှာဘယ်လိုအရာကစောင့်ကြိုနေမလဲ...... မြေပြင်ဗဟိုဌာနကရော မြေအောက်ရထားထဲကလူတွေကိုဘယ်လိုကယ်တင်မလဲ...... အန္တရာယ်တွေကြုံလာတဲ့အခါ မိခင်တို့ရဲ့သဘာဝအတိုင်း အမေတစ်ယောက်ဟာ သားတစ်ယောက်ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပြီး စင်္ကာပူရဲ့ပထမဆုံးသောခေတ်သစ်ထူးဆန်းသတ္တဝါကားဟာ ဘယ်လိုအနေအထားရှိမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK

Crime • Horror • Thriller
4.8 2023 80 mins
Circle Line
Drishyam 2
8.1

IMDb-8.6/10 ကဲ တောင်းဆိုနေတဲ့ Drishyam 2 CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး File size…1.92GB / 847MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by OeliuJ ~ BpL ~ Yunni ~ Cherry

Comedy • Horror
8.1 2022 142 mins
Drishyam 2
Siping Youth: The Past

၁၉၉၀ ခုနှစ်နှောင်းပိုင်းကာလအချိန်...., လီလောင်ပါးဆိုသူဟာ မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး တစ်ဦးတည်းသော ညီမလေးဖြစ်သူ လီရှောင်လိနဲ့အတူ နေထိုင်လာခဲ့ပါတယ် မောင်နှမ နှစ်ဦးသားဟာ အခက်အခဲပေါင်းများစွာကို မရပ်တန်း ရင်ဆိုင်ရင်း လောကဓံကို အံတုလာခဲ့ကြပါတယ် သူတို့မောင်နှမနှစ်ယောက်ဟာ ဆိပ်ကမ်းမှာနေတာဖြစ်တာကြောင့် ရေလုပ်ငန်းကိုပဲ မှီတင်းပြီးတော့ အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ် တစ်နေ့မှာတော့ တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို အညှိုးကိစ္စ တစ်စုံတစ်ရာကြောင့် ညီမဖြစ်သူ လိရှောင်လိရဲ့ အထက်တန်းစာမေးပွဲဝင်ခွင့်ကဒ်ပြားဟာ ဆိပ်ကမ်းခေါင်းဆောင်ဖြစ်သူ လျိုချန် လုယူသွားခြင်းကိုခံခဲ့ပါတယ် အဲဒီနောက်မှာတော့ လီလောင်ပါးဟာ ရေလုပ်ငန်းကနေပြီး နှုတ်ထွက်ဖို့အထိပါ ချိန်းခြောက်ခံခဲ့ပါတယ် ညီမငယ်လေးကို အထက်တန်းစာမေးပွဲ ဖြေကြားပြီး တက္ကသိုလ်တတ်ရောက်သွားတာကို မြင်ချင်တဲ့ အစ်ကိုဖြစ်သူ လီလောင်ပါးရဲ့ ဆန္ဒကြောင့် လျိုချန်ကို ပြန်လည်ချေပဖို့ ကြိူးစားလာခဲ့တဲ့ အချိန်မှာတော့ ....? ❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရမလဲ? ❏ ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ မိဘနှစ်ပါးရဲ့ ဆန္ဒကိုရော လီလောင်ပါးတစ်ယောက် အေးချမ်းအောင်ဆောင်ရွက်နိုင်ပါ့မလား? ❏ ညီမဖြစ်သူကို တက္ကသိုလ်ကျောင်းသူကြီးအဖြစ် မြင်တွေ့ချင်တဲ့ သူ့ရဲ့ ဆန္ဒကရော ပြည့်ဝပါ့မလား? ❏ သူ့ရဲ့ပေးဆပ်မှုတွေ ကရော အရာထင်ပါ့မလား? ဆိုတာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဒီကားထဲမှာ အစ်ကိုတစ်ယောက် ညီမအပေါ်ထားတဲ့ မေတ္တာအပြင် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေ အချင်းချင်းစည်းလုံးမှုတွေ သစ္စာရှိမှုတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ တကယ်ကို နွေးထွေးလှတဲ့ ဇာတ်ကားလေးတစ်ခုဖြစ်နေမှာ အမှန်ပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
0 2022 66 mins
Siping Youth: The Past
Paheli
6.2

တစ်ခါတလေ မိန်းကလေးများ အိပ်မက်ဆန်ဆန် တွေးဖူးကြပါသလား။ နတ်သားလေး နတ်သက်ကြွေပြီး ကိုယ့်ဆီ လှမ်းလာခဲ့တယ် လို့ပေါ့။ ဒါမှမဟုတ် တစ္ဆေတစ်ကောင် က ကိုယ့်ကို ချစ်တယ်လို့ ကော တွေးခဲ့ဖူးပါသလား။ ဒါပေမဲ့ ဒီမေးခွန်းဟာ အူကြောင်ကြောင် နိုင်လွန်းပါတယ်။ ဒီကားလေး ကို မညွှန်းခင်မှာတော့ ယုတ္တိ တန်သည် မတန်သည် ဝိ၀ါဒတွေ ချန်ထားခဲ့ဖို့လိုပါတယ်။ တကယ်တော့ ဒီကားလေးမှာ တစ္ဆေတစ်ကောင် ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာမို့ပါ။ ဇာတ်လမ်းအစမှာဖြင့် ကုန်သည်လေး ကီရှန်နဲ့ အလွန်လှတဲ့ လက်ရ်ှချီ တို့ လက်ထပ်ပုံနဲ့ စတင်တင်ဆက်ခဲ့ပါတယ်။ ကီရှန်က ဖခင်ရဲ့အမိန့်အောက်ရိုကျိုးရတဲ့သားငယ် တစ်ယောက်။ လက်ရ်ှချီ ကလည်း မိသားစုရဲ့သဘောအတိုင်း အမြဲခေါင်းငြိမ့်ခဲ့တဲ့ သမီးတစ်ယောက်။ ဒီလိုနဲ့ ကီရှန်ဟာ သတို့သမီးလောင်းကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ နေကလည်း ပြင်းသထက်ပြင်းတာမို့ အချို့နေရာတွေမှာ ခရီးတစ်ခေါက် နားကြရပါတယ်။ ဒီအချိန်မှာတော့ ဖြတ်သန်းရာ လမ်းမှာရှိတဲ့ ညောင်ပင်တစ္ဆေဟာ Luchchi ကိုမြင်ပြီး ကြွေသွားပါတော့တယ်။ ( စနှိုက်က စကျော်တော့မယ် ?) အဲ့ ဒီလို ခရီးဆက်ကြပြီးနောက် Kishan တို့ အိမ်ပြန်ရောက်ခဲ့တယ်။ ညရောက်တော့ Kishan ဟာ ကုန်စာရင်းစာအုပ်ကို တွက်ချက်နေခဲ့ပါတယ်။ ဖခင်ရဲ့ စကားအတိုင်း အလုပ်တွေကို သာ အာရုံစိုက်နေပြီး သတို့သမီးလောင်းကို မေ့နေခဲ့ပါတယ်။ ( တော်တော်ဆိုးတဲ့လူ ? ) ။ နောက်ပြီး Kishan ဟာ မနက်ဖြန် ကုန်သွယ်မှုတစ်ခုနှင့်ပတ်သက်ပြီး လေးနှစ်ကြာ ခရီးထွက်ရတော့မှာပါ။ ဒီအကြောင်း Luchchi သိတော့ သူမစိတ်ထဲ အထီးကျန်ဆန်မှုတွေ တစ်စတစ်စ ချဉ်းနင်းလာခဲ့ပါတယ်။ ဒါ့ပြင် မင်္ဂလာဦးညမှာတောင် အလုပ်ကိုပဲ အာရုံစိုက်လွန်းသူ ယောက်ျားဟာ သူမအတွက် ကြည်နူးစရာ စကားလုံးတွေ မရှိတတ်ကြောင်း သူမ ပိုမို သိမ်ငယ် တွေးလာခဲ့ပါတယ်။ နောက်နေ့မှာဖြင့် ကီရှန် ဟာ ခရီးထွက်သွားပါတော့တယ်။ ဒါ့ကြောင့် "အချစ် နဲ့ စစ် မှာ မတရားတာမရှိ" လို့ ယူဆထားတဲ့ ညောင်ပင်တစ္ဆေ ဟာ kishan ပုံဖန်ဆင်းပြီး အိမ်ကို ပြန်လာချင်ယောင် ဆောင်နေခဲ့ပါတယ်။ ထို့နောက် Luchchi ကို တစ္ဆေ အဖြစ်နဲ့ချစ်ရေးဆိုရန် ကြိုးစားချိန်မှာတော့ ………??? ဘာတွေ ဖြစ်လာခဲ့မလဲ။ Kishan / Luchchi နဲ့ ညောင်ပင်တစ္ဆေ တို့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဘယ်လို အဆုံးသတ်ကြမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီးမှ ရင်ခုန်လိုက်ပါဦးခင်ဗျ။ ဒီကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ကားပေမယ့် စကားလုံးရွေးချယ်တတ်မှု ; လှပမှု သေသပ်မှုနဲ့ ကြည်နူးတတ်မှုတွေက ရသမြောက်ခဲ့ပါတယ်။ တစ္ဆေတစ်ကောင်ရဲ့စွမ်းအင်နဲ့ ဖန်တီးချက်တွေက CGI effect သုံးထားခဲ့ပြီး ဒီဇာတ်၀င်ခန်းတွေက ဟာသဆန်ဆန်လေး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိန်းမသား တနည်းအားဖြင့် အိမ်မှာကျန်ရစ်ခဲ့သူ မိန်းမသားတွေအနေနဲ့ အထီးကျန်ဆန်မှု / အချစ်စစ်ကိုတောင့်တမှုနဲ့ မေတ္တာတရား လွှမ်းထားတဲ့ အိမ်ထောင်ရေးကို မျှော်လင့်တတ်မှု ကိုလည်း အဓိက ပုံဖော်သွားခဲ့ပါတယ်။ ငွေကြေးရေတွက်သံတွေထက် နှစ်လိုဖွယ်ကောင်းတဲ့ လင်ယောက်ျားရယ်သံကိုသာ တမြတ်တနိုး တောင့်တတတ်တဲ့ မိန်းမသား တွေကိုလည်း ပိုမို နားလည်လာစေပါတယ်။ ယောက်ျားသားတွေအနေနဲ့လည်း အလုပ်ထက် မိသားစုချစ်ခြင်းမေတ္တာကို ပိုအလေးပေးသင့်ကြောင်း အလင်းပြခဲ့ပါသေးတယ်။ ဒီကားဟာ ဆုပေါင်း သုံးဆုရရှိခဲ့ပြီး ဆုပေါင်း ၁၇ ဆု အတွက်လည်း ဇကာတင်စာရင်း၀င်ခဲ့ပါသေးတယ်။ IMDB - 6.7 အထိ ရရှိခဲ့ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ကားကောင်းလေးပါ။ ဒီကားလေးရဲ့ စကားဝေါဟာရကြွယ်ပုံကလည်း ဂေါ်မစွံလူတွေအတွက် သင်ခန်းစာဖြစ်စေပါတယ်။ ? ဒါ့ပြင် ဒီ၀ယ် ဒီလောကမှာ ငွေကြေးတစ်ခုထက် ပိုမိုလေးနက်တဲ့ အရာတွေရှိနေသေးကြောင်းလည်း သတိပေးခဲ့ပါတယ်။ ဒါတင်မက ဖန်တီးထားတဲ့ ကန္တာရတွေ / CGI effect တွေနဲ့ စနစ်တကျရိုက်ကူးထားတဲ့ ဇာတ်အိမ်အဆန်းလေးမို့ ကြည့်သင့်တဲ့ကားအဖြစ် မှတ်ထားကြပါဦး လို့ သတိပေးပါရစေလား ခင်ဗျာ။ (ရုပ်ရှင်အညွှန်းကို ကိုလင်းခယံ FB မှ ကူးယူဖော်ပြပါသည်။) File size…(4.5 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:20:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaik San & Intelligence

Drama • History
6.2 2005 141 mins
Paheli
Redeeming Love
7.9

ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲ ကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုး ကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်း မိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့ နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့ မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲ ရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ​ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့် ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲ ကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ​ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်​ထောင်မှုရဲ့အ​ဝေး ကျွန်မအမြဲထွက်​ပြေး​နေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်​နေ ဦးမှာလား..... မိုက်ကယ် အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ​​တော့ ဇာတ်ဆရာအလိုကျ​ပေါ့ ========================================== မင်းကိုဘာလို့ ဒီ​လောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူး ကိုယ်က လယ်သမားတစ်​ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ သက်ဝင်ယုံကြည်သူပါ၊ တစ်​နေ့ကယ်လီဖိုးနီးယား မြို့ထဲအလာ ကိုယ့်ကိုဘုရားသခင်က အလင်းတစ်ပွင့်ဖန်ဆင်းပြ လိုက်သလို မင်းက ကိုယ့်မျက်စိ​ရှေ့ရောက်လာတယ်၊ သိပ်လှတဲ့ မိန်းက​လေးမို့ မြင်မြင်ချင်း ချစ်မိသွားတယ်၊ ​နောက်​ သူများ​တွေ ​ပြော​တာ မင်းက​ ကြေးအမြင့်ဆုံး ပြည့်တန်ဆာတဲ့၊ ကိုယ်​​တောင် ဘုရားသခင်ကို စိတ်ကွက်မိသွားတယ်၊ ဒီလိုလမ်းမျိုးမှ ကိုယ့်ကို လာပြရသလား​ပေါ့ ဒါ​ပေမဲ့ ဘုရားသခင်ကလည်း အင်မတန်​ခေါင်းမာတဲ့ပုံပဲအိန်ဂျယ်​၊ ကိုယ့်မှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ရူးမတတ်ပါပဲ၊ ဒီလိုနဲ့ မင်းနဲ့အတူရှိခွင့်ရမယ့် အချိန် မိနစ်၃၀ကို ​ပေါက်​ဈေး၂ဆ​ပေးဝယ် ခဲ့မိတယ်၊ ​ပျော်ပါးမလို့မဟုတ်ရပါဘူး၊ ဒီမိနစ် ၃၀ကို မင်းနဲ့.အတူ စကား​​တွေပြောချင်လို့၊ ကိုယ့်ခံစားချက်​တွေ ရင်ဖွင့်ချင်လို့၊ မင်းကို လက်ထပ်ခွင့်​​​တောင်းချင်လို့ပါ မင်းကိုယ့်ကိုအခါခါငြင်းလည်း ကိုယ့်ဘက်က က​လေးဆိုးကြီးလို ပူဆာ​ခဲ့မိတယ်၊ ဒီလိုနဲ့တစ်​နေ့ မင်းကို​ ငွေနဲ့ဝယ်ရဖို့ ဖြစ်လာတယ်၊ ​ကိုယ့်ရဲ့ဇနီးမယားဖြစ်လာတယ်၊ မင်းထွက်​ပြေးမယ်​ ပြောခဲ့သလို အခါခါထွက်​ပြေးခဲ့ပေမဲ့ ဘာ​ကြောင့်လဲမသိပါဘူး မင်းကိုယ်တိုင် ငါ့ဆီပြန်​​​ရောက်​ရောက်လာတယ်၊ မင်းကကိုယ့်ရဲ့အိမ်သူသက်ထား ဆို​ပေမယ့် ကိုယ်စိတ်အလိုမလိုက်ခဲ့ပါဘူး၊ မင်းအဆင်သင့်ဖြစ်တဲ့ အထိ ကိုယ်​စောင့်​နေပါ့မယ်၊ အချိန်ဘယ်​​လောက်ပဲကြာပါ​စေ​​ပေါ့၊ တစ်​နေ့​​တော့ကိုယ်ချစ်ခွင့်ရချင်ပါတယ်၊ နှစ်​ယောက်သားကြည်ဖြူ စွာနဲ့​ပေါ့ အိန်ဂျယ်ရယ် အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ​​တော့ ဇာတ်ဆရာအလိုကျ​ပေါ့ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:14:00 Genre...Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by JimX

Comedy
7.9 2022 134 mins
Redeeming Love
Sisters
6

IMDB 6/10 Rotten tomatoes 60% Mean Girls, Baby Mama တို့လိုဇာတ်ကားကြီးတွေတင်မကပဲ Oscars, Emmys, Golden Globesတို့လို ဆုပေးပွဲကြီးတွေမှာပါ စင်ပေါ်တက်‌ပြောင် Hostလုပ်နေကြ Hollywood ရဲ့ အတွဲအညီဆုံး ဟာသမင်းသမီးနှစ်‌ယောက်ဖြစ်တဲ့Tina Fey နဲ့ Amy Poehler တို့ရဲ့ နောက်ထပ်ဟာသဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Tina တဖြစ်လဲ ကိတ်ကတော့ အဲလစ်စ်ညီအစ်မမှာ အမဖြစ်တဲ့သူပေါ့။ သမီးတယောက်ရှိနေတာတောင်မှ ဘာအသိတရားမှမ၀င် အလုပ်ကလည်းမမြဲ ဘ၀ကိုခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့သူ။ Amyတဖြစ်လဲ ‌မော်ရာကကြတော့ ညီမဖြစ်တဲ့သူကိုမှ အရမ်းစိုးရိမ်တတ် သူတပါးအလိုကိုပဲလိုက်တတ်တဲ့သူ။ အမဖြစ်သူ ကိတ်ရဲ့ ပြဿနာပေါင်းစုံကို နောက်ကလိုက်ရှင်းပေးရတာလည်းသူပါပဲ။ ဒီလိုနဲ့ပဲ တနေ့မှာ ကလေးဘ၀တုံးကအိမ်ကြီးကို မိဘတွေကမရောင်းခင် နောက်ဆုံးနှုတ်ဆက်တဲ့ပါတီတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန် ညီအစ်မနှစ်ယောက် ဘယ်လိုမျိုး တလွဲတွေဖြစ်ကြဦးမှာလဲ။ ဘယ်လိုပြဿနာတွေဖြစ်ကြဦးမှာလဲ။အဆုံးမှာ ညီအစ်မနှစ်ယောက်အတွက်မေ့‌မရတဲ့ ပါတီတခုဖြစ်ခဲ့မလားဆိုတာကို ရယ်မောခံစားရင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ Maya Rudolph လိုမျိုးမင်းသမီးကြီးကလည်း ဒီဇာတ်ကားမှာ ၀င်ရောက်အားဖြည့်ပေးထားပြီးတော့ Tina နဲ့Amyတို့ရဲ့နောက်ထပ် တွဲချက်ညီညီ ပြက်လုံးတွေ သရုပ်ဆောင်မှုတွေကို CMပရိတ်သတ်ကြီးကလည်း ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ File size… 2.3 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3 m Genre ….. Comedy (Unrated) Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by brackman

6 2015 118 mins
Sisters
Operation Valentine
5.5

Operation Valentine (2024) ပရောဂျက်ဗာဂ်ျရာ IMDb-5.5/10 Rotten tomatoes/71% ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေ ထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက် တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ် Varun Tej နဲ့ Miss World 2017 Manushi Chhillar တို့က အဓိကပါဝင်ထားပါတယ် အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက် အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီး မစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။ သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့် တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ် သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ် အာဟာနာက‌တော့ လေကြောင်းတိုက်ပွဲတွေမှာ အရာရှိတွေဘေးကင်းဖို့ မြေပြင်ကနေ ခန့်မှန်းချက်တွေ ရေဒါအတိုင်းအတာတွေ သတင်းပို့ညွှန်ကြားရသူ အာဂျွန်ဒေ့ဗ်ရဲ့ဇနီး ။ တစ်နေ့မှာ ရပ်ဆိုင်းထားတဲ့ ပရောဂျက်ဗာဂ်ျရာကို ပြန်စဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ် အန္တာရယ်များလို့ရပ်ဆိုင်းထားတဲ့ ဗာဂ်ျရာပရောဂျက်ကို တစ်ခါရှုံးနိမ့်ဖူးတဲ့ ခေါင်းမာတဲ့အရာရှိအာဂျွန်က ဦးဆောင်တိုက်တဲ့ ဝေဟင်တိုက်ပွဲက ဘယ်လိုတွေဆက်ဖြစ်မလဲ အာဂျွန်နဲ့ ဆာဟာနာတို့ကရော တာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြား ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်း နှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.5 2024 132 mins
Operation Valentine
The Whistleblower
7.1

၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာ အမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာ Larysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး Rachel Weisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်း DynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး စောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ အရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာ အဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာ ဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက် ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာ တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှု အဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီး ဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကို အံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကို နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်း ကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့ အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာ အခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီး မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကို အမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre …..Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
7.1 2010 112 mins
The Whistleblower
Superman/Batman: Apocalypse
7.2

Superman Batman: Apocalypse 2010 ကမို့ ကြာခဲ့ပါပြီ… သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုချိန်ထိ အရမ်းကို Batman ဆန်နေဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်… DC ဟာ Animation မှာ နာမည်ရှိပါတယ်…. အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation လေး အပါအဝင်ပါပဲ… ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။ File size… 1.6 GB / 701 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 18m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Han Minn

7.2 2010 79 mins
Superman/Batman: Apocalypse
Borderless Fog
5.8

“Borderless Fog” ရုပ်ရှင်ဟာ ဒါရိုက်တာ Edwin ရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ် ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာ စီးဝင်နေတာပါ။ စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊ လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ ရှိခဲ့ပါတယ်။ သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကို ခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက် ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်း ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ File size…1.77GB / 966MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by PHOENIX

5.8 2024
Borderless Fog
Twisters
7.1

နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရော ပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ “ဇာတ်လမ်းအကျဉ်း” ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီး လေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။ အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာ သူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲ သာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကို နည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာ စွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလား လူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။ မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့ အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size… 6.80GB / 2.85GB / 1.39GB Quality… WEB-DL 4K HEVC 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by Mr.Anderson

7.1 2024 123 mins
Twisters
The Shakedown
5.5

ဂျက်စတင်ဒိုင်းမွန်းက Cape Town မြို့ရဲ့ နာမည်ကြီး လူချမ်းသာတစ်ယောက်ဖြစ်ပြီး ကျန်းမာရေး ကုမ္ပဏီတစ်ခုကို ဦးစီးနေတယ်။ ဂျက်စတင်က သူ့ရဲ့ ဝန်ထမ်း မာရီကာ နဲ့ ဖောက်ပြန်မိပြီးတော့ မာရီကာ က ဗီဒီယိုခိုးရိုက်ပြီး ခြိမ်းခြောက်လာတဲ့အခါ ပြဿနာတက်ပါတော့တယ်။ မာရီကာ ကို တားဖို့အတွက် အစ်ကိုဖြစ်သူ လူမိုက်ဂိုဏ်း ခေါင်းဆောင် ဒိုဗီဒိုင်းမွန်းနဲ့ ပေါင်းမိသွားတဲ့အခါမှာ မြေအောက်ဂိုဏ်းလောက နဲ့ ပတ်သတ်မိပြီး အရှုပ်ထုပ်တွေ ထဲရောက်သွားပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာတော့ မိသားစုတွင်းဆက်ဆံရေး၊ ညီအစ်ကိုဆက်ဆံရေးတွေနဲ့ ဒီပြဿနာကြီးကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ File size…1.54GB / 807MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama • Romance
5.5 2024 102 mins
The Shakedown
Nightbitch
5.7

Nightbitch (2024) IMDb Rating (5.7) / Rotten Tomatoes (59%) Man of Steel (2013)မှာ လူးဝစ်လိန်းအဖြစ်တမျိုး Enchanted(2007)မှာ ဂျစ်ဆဲလ်အဖြစ်တဖုံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Amy Adamsရဲ့ ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ black comedyလည်းဖြစ် horrorလည်းဟုတ်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသမီး Amy Adamsက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သက်လတ်ပိုင်း ကလေးအမေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ နှစ်နှစ်အရွယ်သားလေးကို အိမ်မှာပဲနေပြီး အချိန်ပြည့်ပြုစုပေးဖို့ ပန်းချီဆရာမအလုပ်ကိုယ်စွန့်လွှတ်လိုက်ဖို့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ခဲ့တဲ့ မိခင်တစ်ယောက်။ ခင်ပွန်းဖြစ်သူနဲ့တိုင်ပင်ကြည့်တဲ့အခါ ပြုံးပြီး မင်းသဘောပြောခဲ့တော့ အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အိမ်မှာပဲနေရင်း သားဖြစ်သူနဲ့လင်ဖြစ်သူကို စောင့်ရှောက်ရင်းနဲ့ ပင်ပန်းဆင်းရဲမှုတွေ နောင်တတွေ မခံချင်စိတ်တွေ ကြုံတွေ့ခံစားလာရတဲ့အခါမှာတော့ ထင်ယောင်မှားမှုတွေလား၊ အစစ်အမှန်လား မသဲကွဲတော့ဘဲ ရှင်သန်ရာပတ်ဝန်းကျင်မှာ ကမောက်ကမတွေဖြစ်လာခဲ့ပါတော့တယ်။ မိခင်ဘ၀ကို ရှုထောင့်တစ်ခုကနေ သေချာလေးတင်ဆက်ထားပြီး သင်ခန်းစာယူနိုင်စရာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(3.9 GB) / (1.3 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:40:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

5.7 2024
Nightbitch
Mister Sleep
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ John Perivolaris ရိုက်ကူးထားပြီး Robert Hollocks, Katie Daley, Anna Borchert စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီကားကတော့ စိတ္တဇကွင်းဆက်လူသတ်သမားဖြစ်တဲ့ Mr. Sleep အကြောင်းကို ထိတ်လန်ဖွယ် ရိုက်ကူးတင်ဆက်ထားတာပါ။ ဖယ်လီရှာက တရားသူကြီးပိန်းရဲ့ သမီးဖြစ်ပြီးတော့ အိပ်မပျော်တဲ့ ရောဂါရှိတဲ့သူပါ။ ဒေါက်တာချားလစ်ရဲ့ ကုထုံးဆေးရည်စမ်းသပ်မှုမှာ ပါဝင်ပြီးတော့ အိပ်‌ပျော်အောင်ကြိုးစားနေတဲ့လူနာဆိုလည်းဟုတ်ပါတယ်။ ဒါပေမယ့် ဒီဆေးရည်က စိတ္တဇလူသတ်သမား အိပ်မပျော်တဲ့ရောဂါရှိတဲ့ Mr. Sleep ကို လေ့လာပြီး ထုတ်ထားတဲ့ဆေးဖြစ်နေခဲ့သလို အဖေဖြစ်တဲ့ တရားသူကြီးနဲ့ ဒေါက်တာချားလစ်တို့က Mr.Sleepကို သေမိန့်ချခဲ့ သူတွေ ဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာ ကုသနေတဲ့အုပ်စုထဲကလူတွေ အရင်နည်းလမ်းနဲ့ အသတ်ခံ ရပြီးနောက် Mr. Sleep က မသေသေးဘဲ ဆေးရည်သောက်တဲ့ လူနာတွေရဲ့ စာရင်းကိုရထားပြီး လက်စားချေနေတာလို့ သိပြီးတဲ့နောက်မှာ…… ဖယ်လီရှာ အဆုံးမှာ လွတ်မြောက်သွားနိုင်မလားဆိုတာကို ရင်တမမနဲ့ အဖြေရှာရမှာပါ။ File size… (1.44 GB) / (792 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Comedy • Drama • Romance • Adventure
5 2024 95 mins
Mister Sleep