YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Lake.S01E08.END.720p.CM.mp4

284.65 MB N/A video/mp4 61 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fault in Our Stars
7.6

IMDb Rating (7.6) / Rotten Tomatoes (81%) ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။ "ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ " ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။ တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ....... တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။ သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။ Trolley Problem ဆိုတဲ့ စကားစုလေးကလဲ  Philippa Foot က ၁၉၆၇ မှာ စတင်မိတ်ဆက်ခဲ့တဲ့ လူကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်မေးခွန်းတစ်ခုပါ။ မူရင်းကတော့ ရထားလမ်းအတိုင်း လိမ့်ဆင်းလာတဲ့လှည်းတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ လူ ၅ ယောက်ကို မလှုပ်နိုင်အောင် ကြိုးချီထားခဲ့ပါတယ်။ အဲဒီရထားလှည်းကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာ အနီးမှာ လူတစ်ယောက်ရှိနေပါတယ်။ တကယ်လို့ သူဟာလီဗာကို ဆွဲလိုက်ရင် လမ်းကြောင်းပြောင်းသွားမှာပါ။ ဒါပေမယ့် ခင်ဗျားပြောင်းမဲ့လမ်းကြောင်းပေါ်မှာလဲ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ။ (၁) လီဗာမဆွဲဘဲ လူ ၅ယောက်ကို အသေခံမယ် (၂) လီဗာဆွဲပြီး ဘေးလမ်းက လူကို အသေခံမယ် ဆိုရင် ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ ဆိုတာပါပဲ။ File size…(2.8 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:12:53 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo

Drama • Romance
7.6 2014 126 mins
The Fault in Our Stars
Mission Majnu
7

အခုတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်ကားလေးမှာတော့ မင်းသားချောလေး ဆဒ်ဒါသ်မလိုသရားနဲ့ အားလုံးရဲ့အသည်းစွဲမင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားက အဓိကပါဝင်သရုပ်ဆောင်ပေးထားပြီး Netflix မှ Streaming လုပ်လာတဲ့ ကားလေးပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း အမေရိကန်ဟာ ဂျပန်ကို အဏုမြူဗုံးကြဲချလိုက်ပြီးနောက် စစ်ပွဲကာလကြီး ပြီးဆုံးသွားခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကမ္ဘာပေါ်မှာ သူ့ထက်ငါအပြိုင် နျူးကလီးယားဗုံးတီထွင်ဖို့ လုပ်လာကြပါတယ်။ ဒီထဲမှာမှ အရှေ့တောင်အာရှတိုက်အတွင်း အိန္ဒိယနိုင်ငံဟာ ၁၉၇၄ခုနှစ် မေလ ၁၈ရက်နေ့ မနက်ပိုင်းမှာ နျူးကလီးယားဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဒါကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံဟာလည်း အလားတူ နျူးကလီးယားဗုံးမျိုးကို တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ တစ်ဖက်မှာ အိန္ဒိယနိုင်ငံဟာ တရားမဝင် စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝိုင်းဝန်းရှုတ်ချခိုင်းနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ တစ်ဖက်မှာလည်း ကမ္ဘာကြီးမသိအောင် နျူးကလီးယားအစိတ်အပိုင်းတွေကိုမှောင်ခိုတင်သွင်းနေပါတော့တယ်။ ဒါကို ရိပ်မိလာတဲ့ အိန္ဒိယဟာလည်း ပါကစ္စတန်နိုင်ငံထဲ သူလျှိုတွေလွှတ်ပြီး ဒီအစိတ်အပိုင်းတွေကို ဖျက်ဆီးရပါတော့မယ်။ ကဲ ဆက်လက်ပြီး ဒီစစ်ဆင်ရေးကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြတော့နော်...။ File size…1.69GB / 847MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye & Sai ThuRein & Thaik San

Documentary
7 2023 129 mins
Mission Majnu
Passenger 57
5.9

Blades မင်းသားကြီး Wesley Snipesရဲ့ ၁၉၉၂တုန်းက ထွက်ခဲ့တဲ့ Old but gold အက်ရှင်ကားတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် ။ မင်းသားကြီးဟာ ရဲဝန်ထမ်း​ဟောင်း၊ လက်ရှိ လေ​ကြောင်းလုံခြုံ​ရေး ​သရုပ်ပြ နည်းပြလုပ်​နေသူ ဂျွန်ကတ်တာအဖြစ် ပါဝင်ထားပါတယ်။ အတိတ်က သူ့ရဲ့အမှားတစ်ခု​ကြောင့် ရဲအဖြစ်က​နေအနားယူထားတဲ့ ဂျွန်ဟာ တစ်​နေ့မှာ​တော့ ​နိုင်ငံတကာ​ လေ​ကြောင်းလိုင်းကြီးတစ်ခုရဲ့ လုံခြုံ​ရေးအရာရှိအဖြစ် ခန့်အပ်ခံရကာ ​လော့စ်အန်ဂျလိစ်ကိုသွားဖို့ အ​​ကြောင်းဖန်လာပါတယ်။ တိုက်ဆိုင်စွာပဲ သူစီးလာတဲ့ ​လေယာဉ်​ပေါ်မှာ ဗုံး​​ဖောက်ခွဲမှုများစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်သမား ချားစ်ရိန်းက FBI​ဖမ်းဆီးမှုကို ခံထားရပြီး ​အေးဂျင့်၂​ယောက်နဲ့အတူ ​လော့စ်အန်ဂျလိစ်ကို လိုက်ပါ လာကြပါတယ်။ နာမည်ကြီးအကြမ်းဖက်သမားဖြစ်​တဲ့ ချားစ်ရိန်းက အချိန်းအချက်​တွေနဲ့အတူ အတူပါ​ အေးဂျင့်၂​ ယောက်ကို သတ်ပြီး ​လေယာဉ်ကို ပြန်​ပေးဆွဲလိုက်တဲ့အခါ ဂျွန်ကတ်တာလည်း လုံခြုံ​ရေး အရာရှိ ဖြစ်ဖြစ်ချင်း မဟာစွန့်စားခန်းကြီးကို စဖွင့်ရင်း ချားစ်ရိန်းနဲ့ ရင်ဆိုင်ရပါ​တော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.5GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:25:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Crime • Mystery • Thriller
5.9 1992 84 mins
Passenger 57
Head Bush: Vol 1
7

IMDB 6.8/10 (1.1K) အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ KGF မင်းသားတို့ရပ်ဝန်းက ကန်နန်ဒါးဘာသာစကားနဲ့ထွက်ရှိလာပြီး မင်းသားဒန်နန်ဂျေယားနဲ့ မင်းသမီး ပါယလ်ရာဂျ်ပွသ်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်ကားလေးဟာ Agni Sridhar ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ 'My Days in the Underworld' ဆိုတဲ့ စာအုပ်အပေါ်အခြေခံထားပြီး ဘန်ဂလောမြို့ ​မြေအောက်လောကအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးမှာ ထာဝရ ရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ထာဝရအကျိုးစီးပွားဆိုတာပဲ ရှိပါတယ် နိုင်ငံရေးသမားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက် မြေပေါ်မြေအောက်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ် The Guys of Rangoon ထဲက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းထဲမှာလဲ ဆန္ဒပြပွဲဖြစ်ပြီး အစိုးရတွေပြုတ်ကျဖို့ လူမိုက်တွေကို ငှားလုပ်ခိုင်းတာကို တွေ့ရမှာပါ ခုဇာတ်ကားက လမ်းမတော်ဖိုးတုတ် live action လိုပါပဲ မိုက်ပေမဲ့ နှလုံးသားလှတဲ့ လူမိုက်ကြီး ဂျယ်ရက်ဂ်ျရဲ့ ဒီမြို့ကို ငါတို့ပိုင်တယ်ဆိုတဲ့ အထာအလန်းကြီးတွေနဲ့ ဂိုဏ်းစတားတွေကို တစ်ဝကြီးရှုစားရမှာပါ File size…2.39GB / 1.13GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Taylor ~ OeliuJ ~ Sai ThuRein

Comedy • Family • Fantasy
7 2022 138 mins
Head Bush: Vol 1
Closer
6.8

ဒီကားက 2004 က ထွက်ခဲ့တဲ့ Romance/Dramaကားပါ IMDb မှာ 7.2 ရထားတယ် Cast ကလဲအပြည့်ပဲ 90s movie တွေရဲ့ queen ဖြစ်တဲ့ Julia Roberts ရယ် Dumbledore အငယ် နဲ့နာမည်ကြီးတဲ့ Jude Law ရယ် Marvel က Thor ရည်းစား Jane, star wars, Black swan ကားတွေနဲ့နာမည်ကြီးတဲ့ Natalia Portman ပါတယ် ဇာတ်လမ်းကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲနီးပါးလိမ်နေကြတဲ့ လူ၄ယောက်ရဲ့ အချစ်ရေးကို အဓိက ရိုက်ထားတာပါ လူ၄ယောက် အတွဲ၂တွဲက အဆင်ပြေနေရာကနေ တစ်တွဲစီက တစ်ယောက်စီက တွေ့ပြီး ကြိုက်ကြ ခိုးတွေ့ကြ ဖောက်ပြန်ကြတဲ့အခါ ပြဿနာတွေဖြစ်လာတဲ့ relationship ကိုပြထားတာပါ Julia Roberts က လန်ဒန်မှာ နေတဲ့ အမေရိကန်ဓာတ်ပုံဆရာမတစ်ယောက်၊ Jude Law က သတင်းစာတိုက်က ဂျာနယ်လစ်တစ်ယောက်၊ Natalia Portman က အမေရိကန်က ပြောင်းလာတဲ့သူတစ်ယောက်၊ နောက်တစ်ယောက်က အရေပြားဆရာဝန်ပါ ဇာတ်လမ်းကို spoil မဖြစ်အောင် ကိုယ်တိုင်ပဲကြည့်လိုက်ကြတော့နော် File size…(2.6GB)/(1.01 Gb)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama /  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Marie

Mystery
6.8 2004 104 mins
Closer
Mack & Rita
5

Mack & Rita ( 2022 ) ” ကျောက်တိုင်း အပြစ်ကလေးတော့ ရှိတယ်။ လူတိုင်း ချို့ယွင်းချက်ရှိမယ်။ သဘာဝရဲ့သဘောတရားတစ်ခုပါပဲ။ ” စိုင်းခမ်းလိတ် သီချင်းစာသားလေးလိုပဲ လူတိုင်းက ခြောက်ပြစ်ကင်းနေမကြဘူး။ ဒီလိုပဲ နေလာရင်းနဲ့ တစ်ဖက်သားအလိုနဲ့ ကိုယ့်ဖြစ်တည်မှုက လွဲချော်နေတဲ့အခါတွေမှာ ကိုယ့်ဖြစ်တည်မှုကိုယ်စိတ်တိုင်းမကျဖြစ် သိမ်ငယ်ရတဲ့အဖြစ်မျိုးတွေ လူတိုင်းနဲံမကင်းတတ်ပါဘူး။ လူတွေဟာ ဒီလိုပဲလို့ သိထားလည်း လက်တွေ့ကျင့်သုံးဖို့ မလွယ်တတ်တဲ့ အခြင်းအရာပေါ့။ ဒီရုပ်ရှင်က ဒီအခြေအနေနဲ့ကြုံနေရတဲ့ အသက်၃၀ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အသက်တော့၃၀ ဒါပေမဲ့ အကြိုုက်တွေ နေပုံထိုင်ပုံတွေက အဘွားကြီးဆန်တယ်။ သူ့ဘဝမှာဘာဖြစ်လဲဆို သူ့အဘွားလိုဖြစ်ချင်တယ်ပဲပြောတတ်တယ်။ သို့ပေမဲ့ သူငယ်ချင်းတွေကြား လူပေါင်းဆံ့အောင် သူ့ကိုယ်သူဖုံးကွယ်ထားခဲ့တာပေါ့။ တစ်နေ့ကျ ထူးခြားစွာနဲ့ပဲ သူအဘွားကြီး တကယ်ဖြစ်သွားခဲ့တယ်။ အဲဒီကနေမှ သူတကယ်ဖြစ်ချင်တာက အသက်ကြီးတာလား သူ့ဖြစ်တည်မှုအတိုင်းသူနေချင်တာလားဆိုတာကို သူပြန်အဖြေရှာရတဲ့ ဇာတ်လမ်းပေါ့။ မင်းသမီးကတော့ ဝူဒီအယ်လန်ရဲ့ Annie Hallတို့ မန်ဟက်တန်တို့ နောက် ဂေါ့ဖားသားလိုကားမျိုးတွေမှာ သရုပ်ဆောင်ဖူးပြီး အော်စကာပွဲကိန်းပွဲလို နတ်အကြီးဆုံးပွဲတွေကနေ best actressဆုတွေရဖူးခဲ့တဲ့ Diane Keaton မို့ သူ့ acting စကေးနဲ့တင် ကြည့်ရတန်ပါတယ်။ ဒါကိုမှ ဇာတ်ကလည်း မဆိုးတော့ ကြည့်မဆိုးတဲ့ ကားကောင်းတစ်ကားပါပဲ။ သူ့အငယ်ဗားရှင်းနေရာကနေ Elizabeth Laiiလို မင်းသမီးလှလှလေးက သရုပ်ဆောင်ပေးထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:34:00 Type__Comedy, Family, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Crime • Drama
5 2022
Mack & Rita
Critical Eleven
7.2

Critical Eleven (2017) ၂၀၁၇ ခုနှစ်တုနးက ထွက်ရှိထားတဲ့ အင်ဒို အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်ုးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ လေယာဉ်ပေါ်မှာ ဆုံတဲ့ ဖူးစာ လို့ ပြောရမှာပါပဲ။ အယ်လီဆိုတဲ့အမျိုးသားနဲ့နှင့် အာဉာဏ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ Jakarta ကနေ Sydney ကို သွားတဲ့လေယာဉ်ပေါ်မှာပထမဆုံးတွေ့ဆုံကြပါတယ်။ မြင်မြင်ချင်းအချစ်လို့ခေါ်ရမလိုပဲ သူတို့တစ်ယောက်ကိုတစ်ယောက်‌ လေယာဉ်‌ပေါ်မှာတင်ချစ်သွားကြပါတယ်။ အဲဒီနောက်မှာ‌ေတာ့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာပါတယ်။ ဘ၀ဆိုတာ အမြဲတမ်း‌ေဖြာင့်ဖြူး‌ေနတာမဟုတ်ပါဘူး အချိုးအကွေ့အလှည့က်အ‌ေပြာင်းဆိုတာရှိပါတယ်။ တစ်‌နေ့မှာတော့ သူတို့နှစ်ယောက်ရဲဆက်ဆံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်လာပါတာ့တယ်။ အဲဒီ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ ဘာတွေ ဆကဖြစ်မယ် ဆိုတာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.75Gb | 982MB | 547MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kyal Sin Yati Ko Encoder ….. August

Drama • History • Thriller
7.2 2017
Critical Eleven
God’s Country Song
5.7

God’s Country Song (2023) ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။ နိုအာဘရိုင်ယန် ကန်းထရီး အဆိုတော် ဖြစ်ချင်တာကလွဲပြီး တခြား ဘာဆန္ဒမှ မရှိသူရယ်ပါ။ ဒါပေမဲ့ ဒါတွေက သူ့ရဲ့အတိတ်က ဖြစ်ရပ်တွေနဲ့ ပြန်မဆုံမိခင်အထိပါပဲ။ သူ့ရဲ့မန်နေဂျာ လယ်ရီ ဝေါ့ကာ ရဲ့ အကူအညီနဲ့ သူဟာ နာမည်ကြီးတစ်ယောက်အဖြစ်ကို လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာခဲ့ပါတယ်။ ရှိုးပွဲဆိုပြီး တစ်ညမှာ သူ မမှတ်မိတော့တဲ့ ဆုံးပါးသွားပြီ ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဆီမှာ သူ့ရဲ့သားဖြစ်သူ ၄ နှစ်သား ဂျေ‌ဂျေ ဆိုတဲ့ ကလေးလေး ရှိကြောင်း သတင်းစကား ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုအာ တစ်ယောက် ဘာတွေ ဆက်လုပ်တယ်ဆိုတာကို ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။ ဒီဇာတ်ကားက သီချင်းကြိုက်သူတွေအတွက်ဆိုလည်း မမှားသလို မိဘမေတ္တာဖွဲ့ ကြိုက်သူတွေလည်း ကြိုက်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 639MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hetang Encoder ….. Aaron

5.7 2023
God’s Country Song
Heroes Season 1 to 4 Complete
7.7

လွန်ခဲ့သော ၁၇ နှစ်က Moving (သို့မဟုတ်) Heroes 2006 Season 1 2 3 4 complete အခုလက်ရှိ လူကြိုက်များနေတဲ့ Moving စီးရီးက အတော်ကောင်းပါတယ်။ အက်မင်လည်းကြည့်ပါတယ်။ Moving ကိုကြည့်ကြည့်မိချင်းမှာ ပြေးသတိရသွားတာကတော့ ၂၀၀၆ လောက်က အခွေနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ဒီစီးရီးပါပဲ။ Moving လိုစီးရီးမျိုးကိုကြိုက်လို့ ခပ်ဆင်ဆင်ကြည့်ချင်တဲ့သူတွေ၊ စူပါပါဝါစီးရီးမျိုးကိုမှ English taste နဲ့ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းပေးရင်း ပြန်တင်ပေးထားတာပါ။ ဒီစီးရီးက အခွေခေတ်ကဆိုတော့ စီစန် -၁ ကတော့ Dvd 360p ပဲရှိပေမဲ့ ကျန်တဲ့စီစန်တွေကိုတော့ အကြည်တင်ပေးထားပါတယ်။ ဒီစီးရီးဟာ စူပါဟီးရိုးကြိုက်သူတွေအတွက်တော့ ရွှေပါပဲ။ လူတိုင်းတစ်ယောက်ချင်းစီမှာ ထူးဆန်းတဲ့အစွမ်းတွေ ပိုင်ကြပါတယ်။ မိုးပေါ်ပျံနိုင်တာ၊ ဒဏ်ရာပြန်ကောင်းတာ၊ အချိန်ကိုထိန်းချုပ်နိုင်တာ စသဖြင့် အစွမ်းအစုံပါပါတယ်။ ဒီစီးရီးရဲ့ ကောင်းတဲ့အချက်ကတော့ ဇာတ်ကောင်အဆက်အစပ်ပါပဲ။ ဇာတ်ကောင်တွေဟာ တစ်နေရာစီ မဆိုင်သလိုဖြစ်နေပေမဲ့ တစ်ချိန်မှာ တွေ့ကြ ပေါင်းစပ်မိကြပြီး စွမ်းအားတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ပေါင်းမှ အောင်မြင်မှာတွေ ဖြစ်လာပါတယ်။ ပေါင်းစပ်ပုံတွေကတော့ moving ထက် အတော်လေးကို ပိုရှုပ်ထွေးပြီး ဇာတ်အိမ်ပိုခိုင်ပါတယ်။ အပိုင်းပိုများလို့လည်း ဖြစ်မှာပါ။ နောက်ပြီး မိသားစုဒရာမာ၊ ညီအစ်ကိုဒရာမာတွေက အတော်ကောင်းပါတယ်။ ကိုရီးယားစတိုင်တော့မဟုတ်ဘဲ အမေရိကန်စတိုင် ဒရာမာပါပဲ။ နောက်ပြီး ရန်သူမိတ်ဆွေပုံသေမရှိဘဲ အခြေအနေရ တွဲကြ ခွဲကြတာတွေနဲ့ နောက်ကွယ်က ပဟေဠိဆန်ဆန်အဖွဲ့တွေနဲ့မို့ မထတမ်းကြည့်ချင်စရာတောင် ကောင်းပါတယ်။ မကြည့်ဖူးသေးရင် မြည်းကြည့်လိုက်ကြပါဦး။ Thit San Khant =========== Season-2 Season-3 Season-4

Action • Crime
7.7 1900
Heroes Season 1 to 4 Complete
Gran Turismo
7.4

Gran Turismo(2023) ******************* ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။ ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီး အကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှ ထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကို တကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ မယုံကြည့်ခဲ့ပေမဲ့ ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။ IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။ ဒါရိုက်တာကတော့ Elysium တို့ District 9 တို့ရဲ့ ဖန်တီးရှင် Neill Blomkamp ပါပဲ။ ယန်းမာဒန်ဘိုရော့အဖြစ် Archie Madekwe က သရုပ်ဆောင်ထားပြီး သူ့ရဲ့နည်းပြ၊အင်ဂျင်နီယာခေါင်းဆောင်အဖြစ် Stranger Things ရဲ့ မင်းသားကြီး David Harbour ပါဝင်ထားပါတယ်။ GT အကယ်ဒမီကို စီစဉ်သူ Cox အဖြစ် မင်းသားကြီး အော်လန်ဒို ဘလွန်းက ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဂရန် တူရစ္စမို ဂိမ်းဖန်တီးသူ Kazunori Yamauchi ကိုလည်း ဆူရှီဆိုင်ကလူကြီးအဖြစ် ဧည့်သည်သရုပ်ဆောင်ထည့်သွင်းသွားပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ File Size : 1GB | 2.2GB | 6.24GB Quality : WEB-DL720p | 1080p | 4k Format…mp4 Duration…02:14:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Mr.Anderson Encoded by Phyo Pyae, Aaron

7.4 2023 135 mins
Gran Turismo
Wee Dragons
4

Wee Dragons (2018) ================ နဂါးတိုင်းပြည်က မင်းသမီးခိုင်က တိုင်းပြည်မှာမနေဘဲ စွန့်စားခန်း ထွက်ချင်တာပါတဲ့။ တစ်ဦးတည်းသောသမီးကို သည်းသည်းလှုပ် ချစ်တဲ့ ဘုရင်ကြီးကတော့ သူ့သမီးလေး တစ်ခုခုဖြစ်မှာ စိုးရိမ်နေ ပါတယ်။ တစ်နေ့တော့ ဘလစ်စတာဆိုတဲ့ နဂါးတစ်ကောင်က မန္တန် မှုတ်ပြီး စွမ်းအားကြီးနဂါးကို ပြုစားလိုက်ပါတယ်။ ဒီအကြောင်းကို ဘုရင်ကြီးဆီ သတင်းပို့လာတဲ့သူရှိပေမဲ့ ဘလစ် စတာ့ကို အထင်သေးတဲ့ ဘုရင်ကြီးက မဖြစ်နိုင်ဘူးဆိုပြီး လျှော့ တွက်တာပေါ့။ ဒါပေမဲ့ ဘုရင်ကြီး အဖမ်းခံလိုက်ရတဲ့အခါ စွန့်စား ရတာကြိုက်တဲ့ မင်းသမီးခိုင်တစ်ယောက် အခက်အခဲကြားကနေ သူ့အဖေကို ဘယ်လိုကယ်မလဲ။ ဘယ်သူတွေက ကူညီပေးမလဲ။ သူ့ဆန္ဒတွေရော ပြည့်လာပါ့မလား။ ကလေးကာတွန်းကားလေးကို ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.23 GB) / (575 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation Translator……EL Encoder……….SWM

4 2018
Wee Dragons
One in 89 Murderers
5.8

သူဌေးသားလေး မုံ့ယိယွမ်နဲ့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ ချန်ပင်းတို့ လက်ထပ်ခါနီးမှာပဲ မုံ့ယိယွမ်တစ်ယောက် ပြန်ပေးဆွဲခံရပြီး သုံးလေးရက်အကြာမှာတော့ မုံ့မိသားစုဆီကို ဗီဒီယိုတစ်ခုနဲ့အတူ ငွေညှစ်တဲ့ကိစ္စဖြစ်လာပါတယ် ဒါပေမဲ့ပြန်ပေးဆွဲထားတဲ့ဘက်ကို ငွေသွားပေးတဲ့အခါ ငွေကိုထားခဲ့ရပေမဲ့ မုံ့ယိယွမ်ကတော့ ပြန်ပေါ်မလာခဲ့ပါဘူး ၃ ရက်ကြာတဲ့အခါ မြစ်ကမ်းဘေးမှာ လက်ပြတ်တစ်ခုတွေ့လို့ ရဲဘက်က စစုံစမ်းတဲ့အခါမှ အဲဒီလက်ပြတ်က မုံ့ယိယွမ်ရဲ့ လက်ဖြစ်နေခဲ့ပြီး ရဲဘက်ကနေ မုံ့ယိယွမ်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ် သဲလွန်စတွေ စုံစမ်းကြတဲ့အခါ မုံ့ယိယွမ်နဲ့ ဖောက်ပြန်နေတဲ့ စူးရှောင်ချင်ရယ် စူးရှောင်ချင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ချန်ကျစ်တို့ပါ ဒီအမှုနဲ့ ပတ်သက်နေပေမဲ့ ရဲဘက်က စစ်ဆေးလိုက်တဲ့အခါ အမှုကွင်းဆက်က မုံ့ယိယွမ်ရဲ့ ဇနီးလောင်းချန်ပင်းကိုပဲ ညွှန်ပြနေခဲ့ပါတယ် ဒါပေမဲ့ ချန်ပင်းနဲ့ စူးရှောင်ချင်ဟာ ရုပ်ချင်းတူနေတဲ့အခါမှာတော့… ဒီအမှုက အချစ်ကြောင့်ဖြစ်လာတဲ့ ရိုးရှင်းတဲ့ လူသတ်မှုလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲဆိုတာရှုစားကြပါဦး

5.8 2024
One in 89 Murderers
Murder Company

ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း D-Day ကျုးကျော်မှုကာလာမှာ ဇာတ်အိမ်တည်ထားတာပါ၊ဇာတ်ကားလေးကတော့ နာဇီအကြီးတန်းအရာရှိကို လုပ်ကြံသတ်ဖြတ်တဲ့ကားလေးပါ၊ ကျုးကျော်မှုရဲ့ရှေ့ပြေးအ‌ဖြစ်နဲ့ အမေရိကန်လေထီးတပ်သားတွေဝင်ရောက်လာကြပါတယ်၊ စီစဉ်ထားတဲ့အတိုင်းမဖြစ်လာခဲ့ဘဲ အဖွဲ့တွေကကွဲပြီး အင်းအားမစုစည်းမိပဲဖြစ်ခဲ့ကြပါတယ်၊ ဒီမှာ မတူညီတပ်ရင်းတွေက အမေရိကန်စစ်သားတွေဖြစ်တဲ့ ဒုဗိုလ် Dean Smith၊ ဆာဂျင် Southern၊ တပ်သား Stubbs နဲ့ Coolidge နဲ့ ဆေးတပ်သား Miller တို့ဟာ တပ်စုတခုအနေနဲ့ စုစည်းမိခဲ့ကြပါတယ်၊ ရှေ့ပြေးကျုးကျော်မှုဟာထင်သလိုမဖြစ်လာတဲ့အခါ ဂျင်နရယ် Haskel ဟာ Smith တို့ကို တာဝန်တခုပေးပါတော့တယ်၊ ဒီတာဝန်ဟာ ပြင်သစ်နယ်မြေအတွက် အရေးပါတဲ့ နာဇီ ထိပ်တန်းအရာရှိတယောက်ဖြစ်တဲ့ Ramsey ကိုလုပ်ကြံဖို့ပါ၊ ဒီလိုလုပ်ကြံဖို့အတွက် Smith တို့ဟာ ၊Ramsey ရဲ့အကြောင်းကိုသိနေတယ့် ပြင်သစ်‌တော်လှန်‌ရေး တပ်သားတယောက်ဖြစ်တဲ့ Daquin ကိုအရင်ကပ်ထုတ်ခဲ့ရပြီး Ramsey ကိုလုပ်ကြံမဲ့အစီအစဉ်စခဲ့ကြပါတော့တယ်၊ Smith တို့အဖွဲ့ရဲ့တာဝန်ကိုပြီးမြောက်သွားကြမလားဆိုတာကို ဒီဇာတ်ကားကဆက်ပြီးပြောပြပါလိမ့်မယ် ၊ ဒုတိယကမ္ဘာကစစ်သားတို့ရဲ့ အိမ်ပြန်ချိန်ကိုလွမ်းဆွတ်ရပုံတွေ၊ ရဲဘော်ရဲဖက်စိတ်ဓာတ်အပြည့်နဲ့တိုက်ပွဲဝင်ခဲ့ကြပုံတွေကို ဖော်ကျူးထားပြီး အသက်ဝင်တဲ့ သရုပ်ဆောင်မှုတွေအတွက် ချီးကျူးမှုတွေရထားတဲ့ ဇာတ်ကားကောင်းလေးတကားပါ File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… War, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2024
Murder Company
Warfare
7.8

A24 က ထုတ်တဲ့ စစ်ကားအသစ်ပါ.. အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။ ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့် စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။ ဒါရိုက်တာက Ex Machina၊ Annihilation၊ Civil War တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။ သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza က နေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကို အခြေခံထားတဲ့ ရာမဒီ၊ အီရတ်မှာ ရန်သူတွေ အများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ် တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။ တကယ်ပါဝင်ခဲ့သူတွေကိုပါ အင်တာဗြူးပြီး ဇာတ်လမ်းတည်ဆောက်ခဲ့တာပါဖြစ်ပါတယ်။ စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက် ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော် အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါ။ နာမည်အများစုကတော့ နာမည်လွှဲတွေပဲ ဖြစ်ပါတယ်။ Ray Mendoza နဲ့ Elliott Miller ဆိုတဲ့နာမည်ပဲ နာမည်ရင်း ပါခဲ့တာပါ။ ကျန်တာအများကြီးတော့ ပြောစရာမရှိပါဘူး။ စစ်ကားကောင်းရှားနေတဲ့အချိန်မှာ ရွှေထွက် လာတာပါပဲ။ ကြည့်လိုက်ကြပါ……….. File size… (5.82GB ) /(1.72 GB) / (789 MB) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv / mp4 Duration….1h 35m Genre …..Action , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Benjamin Translated by Mr.Anderson

War • Action • Adventure
7.8 2025 95 mins
Warfare