YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Knockout E14 CM.mp4

334.17 MB N/A video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Ultimate Life
7.3

Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင် အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရား လို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင် ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်း သဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင် ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာ ဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာ တစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့ ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့ သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။ သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲ ဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ The Ultimate Gift ၊ The Ultimate Life ၊ The Ultimate Legacyဆိုပြီး The Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကို CM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့ ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…2.06GB / 874.6MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Comedy • Romance
7.3 2013 105 mins
The Ultimate Life
I Am Not a Witch
6.8

ရွာတစ်ရွာကို ဆွေမရှိမျိုးမရှိ အမည်မသိ ကလေးမလေးတစ်ယောက် ရုတ်တရက် ရောက်လာပြီးနောက်ပိုင်း ရွာသားတွေရဲ့ အဆိုအရ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်...တဲ့။ အဲဒီ့ရွာဟာလည်း "စုန်းကဝေ" ဓလေ့ထွန်းကားတဲ့ရွာပီပီ ရွာသားတွေက ကလေးမလေးကို စုန်းမအဖြစ်သတ်မှတ်ပြီး ဒေသအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတော့တယ်...။ ဒါဟာ ရုပ်ရှင်သမားတွေအခေါ်အရဆိုရင်တော့ ဇာတ်လမ်းရဲ့ 'အခင်း' ဖြစ်ပြီး 'အခက်'နဲ့ 'အဖြေ' ကတော့ ကိုယ်တိုင် ကြည့်ရှုနိုင်ကြဖို့ ဇာတ်လမ်းအကျဉ်းထဲ ထည့်မရေးတော့မယ့် ဇာတ်လမ်းထဲက ကလေးမလေးရဲ့ 'စုန်းမ' တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်ဘဝပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဒါရိုက်တာဖြစ်တဲ့ Rungano Nyoni ဟာ ဇမ်ဘီယာနိုင်ငံရဲ့ စုန်းကဝေအတတ်ပညာပေါ် ယိုးစွပ်မှုတွေအပေါ် စိတ်ကူးစိတ်သန်းယူပြီး ဒီဇာတ်လမ်းကို ရေးသားရိုက်ကူးထားခဲ့တာမို့ ဒီကားထဲက စုန်းမဆိုတာဟာ လက်ရှိ ၂၁ရာစုရဲ့ မော်ဒန်အတွေးအခေါ်တွေထဲတောင် အမြစ်စွဲနေသေးတဲ့ ခေတ်ဟောင်းဓလေ့ရဲ့ သားကောင်ပဲဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့အတွက် ဂါနာနိုင်ငံမှာရှိတဲ့ တကယ့် 'စုန်းစခန်း' တစ်ခုမှာနေရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း လေ့လာခဲ့သေးတယ်ဆိုတော့ လက်မလွှတ်သင့်တဲ့ ၁နာရီခွဲပါပဲ။ ဒီကားဟာ Drama အမျိုးအစားထဲပါပေမယ့် မသိမသာ သရော်ထားတာတွေလည်း ပါတာမို့ ကြည့်တတ်ရင် Dark Humour ကိုပါ တွေ့နိုင်မှာပါ။ လိင်ခွဲခြားမှု၊ အယူသီးမှုတွေကို ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေတဲ့ ကလေးမလေးကတစ်ဆင့် သဘာဝကျကျပုံဖော်သွားခဲ့တာမို့ ရုပ်ရှင်ဆုံးသွားတဲ့အခါ ဖဲကြိုးလေးတွေအကြောင်း ဆက်တွေးရင် တွေးမိနေဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.8 2017 93 mins
I Am Not a Witch
Old People
5.7

"မှန်ရှေ့မှာဖီးလိမ်းခြယ်သ၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး တခြားသူတွေလို ပါတီပွဲတွေမှာ ပျော်ချင်‌တယ်ပေါ့‌လေ၊ အဖိတ်မခံရတာဆိုးတာပဲနော" လူအိုရုံ တစ်ခုရဲ့ဝန်ထမ်းလူငယ်က မင်္ဂလာဆောင်သီချင်း‌ကို နှစ်နှစ်သက်သက်နားထောင် နေတဲ့ အဘိုးအဘွားတွေကိုပြောတဲ့စကား၊ နောက်တစ်ယောက်ကပြောတယ်၊ အဘိုးအဘွားတွေကိုကုတင်မှာချုပ်ထားရတာက ထွက်ပြေးရင်လိမ့်ကျပြီး အနာတရဖြစ်မှာစိုးလို့ မတတ်နိုင်ပါဘူးတဲ့လေ။ အိုမင်းရင့်ရော်နေတဲ့ဘဝတစ်ခုရဲ့နောက်ဆုံးအချိန်မှာ အထီးကျန်ခြင်းဆိုတာကိုပဲ သိတော့တယ်။ "old people" ဆိုတဲ့ ဒီဂျာမန် horror thriller ရုပ်ရှင်ဟာ အထီး ကျန်လှတဲ့ ဘဝ‌နေဝင်ချိန်ကိုဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေအကြောင်းနဲ့ မိသားစုထဲက သံယောဇဉ်တွေ၊မေတ္တာတွေအကြောင်းကို တစ်ဖက်လှည့်နဲ့ ရိုက်ကူး ပုံဖော်ပေးထားတာပါပဲ၊ စိတ်ဝင်စားစရာကောင်းတာက ဇာတ်အေးကြီးမဟုတ်ဘဲ horror ဆန်ဆန်လေးပေါ့နော်၊ ဇာတ်လမ်းကြည့်ပြီးသွားရင်တော့တွေးစရာတွေကျန်ခဲ့လောက်တယ်ဗျ၊ ကိုယ်ရော အသက်ကြီးနေပြီဖြစ်တဲ့ကိုယ့်အဘိုးအဘွားနဲ့မိဘတွေအပေါ်မှာဘယ်လိုဆက်ဆံလေ့ ရှိလဲ၊ ပစ်ထားမိလား၊ ကိုယ့်အလှည့်ကျရင်ရောဘယ်လိုဖြစ်မှာလဲ။ old people ဟာ fav list ထဲထည့်လို့မရရင်တောင်မှ one time watch အနေနဲ့တော့ ကြည့်ကောင်းမယ့် ကားလေးပါလို့ ညွှန်းလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.0 GB) / (435 MB) / (241 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Drama Translator.......Ngwe Zin Encoder..........SWM

Comedy • Crime • Thriller
5.7 2022 101 mins
Old People
The Blue Lagoon
6.2

The Blue Lagoon ဆိုတာ အချောအလှတွေနဲ့ နာမည်ကြီးတဲ့ မင်းသမီး Brooke Shields ရဲ့နာမည်ကျော် ဇာတ်ကားပါ။ သူမအသက် ၁၄ နှစ် မြီးကောင်ကောက်အရွယ်မှာ ရိုက်ထားတာဖြစ်သလို အဖော်အချွတ်ခန်းတွေနဲ့မို့ ပုရိသတို့ရဲ့အိမ်မက်တွေထဲထိ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့... ပင်လယ်ပြင်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောတစ်စီးပေါ်ကလူတွေအကုန် အသက်လုပြေးကြရသလို ရစ်ချတ်နဲ့ အမ်မလိုင်းဆိုတဲ့မောင်နှမဝမ်းကွဲကလေးနှစ်ယောက်ကို သင်္ဘောရဲ့ချက်ကြီးဖြစ်တဲ့ ပတ်တီက ကယ်တင်ခဲ့ရပြီး လူသူဝေးတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ သောင်တင်နေပါတော့တယ်။ ကလေးနှစ်ယောက်ကိုထိန်းကျောင်းပေးရင်းနဲ့ ပတ်တီတစ်ယောက် အရက်မူးလွန်ပြီးတော့ ရေနစ်သေဆုံးသွားတဲ့အခါတော့ မောင်နှမနှစ်ယောက်တည်း ကျွန်းလေးပေါ်မှာပဲ အသက်ဆက်ရှင်ဖို့ကြိုးစားနေထိုင်ရပါတော့တယ် တဖြေးဖြေးနဲ့ ရစ်ချတ်နဲ့အမ်မလိုင်းတို့နှစ်ယောက်အရွယ်တစ်ခုကိုရောက်လာချိန်မှာတော့ လူသားဗီဇအရသွေးသားဆန္ဒကိစ္စတွေပါ စိတ်ဝင်စားလာပါတော့တယ်.. ဒီတော့ ရစ်ချတ်နဲ့အမ်မလိုင်းတို့ကို လူသူကင်းမဲ့တဲ့ကျွန်းလေးပေါ်ကနေ ကယ်ဆယ်မယ့်သူပေါ်လာနိုင်မလားဆိုတာနဲ့ သူတို့နှစ်ယောက်ရဲ့ လူသားသဘာဝဇာတ်လမ်းကရော ဘယ်ထိခရီးဆက်သွားမလဲဆိုတာ.....။ ငယ်ဘဝက ချောင်းကြည့်ခဲ့ရတဲ့ ဒီဇာတ်ကားလေးကို အကောင်းဆုံး Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File Size : (3 GB) & (1.5 GB) Quality : BluRay DS4K 1080p HEVC & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Encoded by RGB

Drama
6.2 1980 104 mins
The Blue Lagoon
Twilight
6.3

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(2.1 GB) /(1.2 GB) Quality….BluRay Remaster 1080p HEVC/720p Format…mkv/mp4 Duration….02:01:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Horror
6.3 2008 122 mins
Twilight
Cry Macho
6

Macho ဆိုတာ စပိန်လို သန်မာတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ မိုက်ကယ် ဟာ ဟိုးအရင်တုန်းက တက္ကဆက်က မြင်းပြိုင်ပွဲတွေမှာ ငါးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံ တစ်ယောက်ပါ တစ်နေ့မှာတော့ သူ့မိန်းမနဲ့ သားဟာ ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားပါတယ် အဲဒီနောက်ပိုင်းမှာတော့ သူဘဝဟာ ဦးတည်ရာမရှိတဲ့ ​လှေတစ်စင်းလိုပဲ ပျက်စီးလာပြီး အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ လမ်းပျောက်နေခဲ့ပါတယ် အဲဒါနဲ့ သူ့ရဲ့အရင်ကသူဌေးဖြစ်တဲ့ ဟောင်းဝဒ် က သူ့ကို နေစရာ စားစရာရယ် အလုပ်ရယ်ပေးပြီးသူ့ဘဝကို ကယ်ဆယ်ပေးခဲ့ပါတယ် အဲ့လိုလုပ်ပေးခဲ့တာတွေကြောင့် မိုက်ကယ့်မှာ ဟောင်းဝဒ် ကျေးဇူးကြွေးတွေ တင်နေပါတော့တယ် တစ်နေ့ကျတော့ မက္ကဆီကိုမှာနေတဲ့ သူ့ရဲ့သားကို ပြန်ခေါ်ချင်တဲ့ ဟောင်းဝဒ်ဟာ မိုက်ကယ့်အိမ်ကို ရောက်လာပြီး အကူအညီလာတောင်းပါတော့တယ် သူများရဲ့ ကျေးဇူးကြွေးတွေကို ပြန်ဆပ်ပြီး ဘဝကိုအေးအေးဆေးဆေး နေချင်နေတဲ့ မိုက်ကယ်ဟာလည်း ဟောင်းဝဒ်ရဲ့တောင်းဆိုမှု ကို လက်ခံပြီး မက္ကဆီကိုက သားဖြစ်သူကို သွားခေါ်ပေးဖို့ လုပ်ပါတော့တယ် မိုက်ကယ်တစ်ယောက် သူဌေးရဲ့ သားဖြစ်သူကို လွယ်လွယ်ကူကူနဲ့ရော ခေါ်ခဲ့နိုင်ပါ့မလား ဘာအန္တရာယ် အတားအဆီးတွေ ရှိနေမလဲ ဆိုတာ ကြည့်ရှုရမှာပါ အခု ရေးထားတဲ့ အညွှန်းထဲကအတိုင်းဆိုရင် Action ကား တစ်ခုလို့ ထင်ရပေမယ့် တကယ့် ဇာတ်လမ်းကတော့ လုံးဝကို ကွဲပြားနေမှာ ဖြစ်ပါတယ် ဘယ်လိုတွေ ကွဲပြားနေလဲ ဆိုတာကိုတော့ ကော်ဖီတစ်ခွက်လောက်သောက်ရင်းနဲ့ ကြည့်စေချင်မိပါတယ် တကယ်ကိုလှပတဲ့ ဟင်းလင်းပြင် ကန္တာရအလှနဲ့ western cowboy vibe အပြည့်ကို ခံစားချင်ရင်တော့ တကယ်သင့်တော်တဲ့ ဇာတ်ကား တစ်ခုပါလို့ ညွှန်းလိုက်ပါရစေဗျာ File size…(1.5 GB)/ (786 MB)/ (374 MB) Quality…WEB-DL 1080p /720p / 480p Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by   Thura Hein

Drama • Sci-Fi & Fantasy
6 2021 104 mins
Cry Macho
Beaten to Death
5.5

မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ဘယ်လောက်ထိပျက်စီးစေနိုင်လဲ။ ဒီဇာတ်ကားမှာတော့ ဆုံးဖြတ်ချက်တစ်ခုကိုမှားယွင်းချခဲ့မိပြီးတော့ နယ်ဘက်တစ်ခုကိုသွားခဲ့ကြတဲ့ စုံတွဲတစ်တွဲအကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဂျက်ခ်ဟာ သူ့မိန်းမနဲ့အတူ နယ်ဘက်တစ်ခုကိုသွားရင်းနဲ့ လမ်းမှာ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အခြေအတင်ဖြစ်ပြီး ရန်ဖြစ်ရာက အဲဒီလူက သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို တိုက်ခိုက်လာပါတော့တယ်။ သူတို့တိုက်ခိုက်ကြရင်းနဲ့ ဇနီးဖြစ်သူက သေဆုံးသွားပါတယ်။ ဂျက်ခ်လည်း အသေအလဲနှိပ်စက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဂျက်ခ်ဟာ အားမလျော့ဘဲ အဲဒီလူအလစ်မှာ အသေအလဲတိုက်ခိုက်ပြီး အဲဒီလူကိုအသေသတ်နိုင်ခဲ့ပါတယ်။ သူတို့ကိုနှိပ်စက်တဲ့သူသေသွားလို့ အရာအားလုံးအဆုံးသတ်ပြီလို့ ထင်နေပေမဲ့ ဒါက အစပဲရှိပါသေးတယ်။ အဲဒီလူသေသွားတော့ သူ့မိန်းမရဲ့အလောင်းကိုသယ်ပြီး အနီးအနားကလူတစ်ယောက်ကို အကူအညီတောင်းခဲ့ပေမဲ့ အကူအညီတောင်းမိတဲ့သူကလည်း သူ့ကိုနှိပ်စက်ခဲ့တဲ့သူနဲ့ တစ်ဖွဲ့တည်းဖြစ်နေတဲ့အခါ ဂျက်ခ်တစ်ယောက် ဘယ်လိုမျိုးဒုက္ခတွေကိုထပ်ရင်ဆိုင်ရပြီး၊ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…2.01GB / 1.04GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2022 92 mins
Beaten to Death
Mary Cherry Chua
6.9

Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb – 6.3/10 ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ် ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ် ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့… ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~KKKZ တို့ပဲဖြစ်ပါတယ်

TV Movie • Thriller
6.9 2023
Mary Cherry Chua
Testament of Youth
7.2

????????? ?? ?????(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့ စာမူခေါင်းစဥ်ဖြစ်ပါတယ်…။ စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့ အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး… Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ…။ သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲက မင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီး GOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်း ပါဝင်အားဖြည့်ထားပါတယ်ဗျ…။ ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့… စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာ တိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်… ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်း ခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်…။ ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ…။ အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာ မျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့…အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ… ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက် ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး…။ မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့… ချစ်သူရှိရာ‌ ရှေ့တန်းကို သူနာပြုအဖြစ် ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်…။ ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ…. ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ…။ ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ…။ File size…1.82GB / 892MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 9m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.2 2014 129 mins
Testament of Youth
The Search for Secret Santa
5.7

“လျှို့ဝှက်ဆန်တာရှာပုံတော်” ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

5.7 2022
The Search for Secret Santa
Rajni
8.1

Rajni 2023 (သရဲတစ်ကောင်၏ကလဲ့စား) IMDb 9.2 လူသတ်မှုသတင်းပေးချက်ဝင်လာလို့ ရဲတွေ မှုခင်းဆေးစစ်တွေနဲ့ ပျာယာခတ်နေတဲ့ ဆေးရုံတစ်ရုံမှာ.. သတင်းပေးတဲ့လူတွေက ကျောင်းသားလေး၃ယောက် ၃ယောက်စလုံး “သရဲသတ်တာ” “သရဲပုံစံဖြစ်နေတဲ့မိန်းမ” “မိန်းမပုံစံဖြစ်နေတဲ့သရဲ” ဆိုပြီး တောင်စဉ်ရေမရတွေပြောနေကြလေရဲ့ သတ်ပုံကလည်း ယောကျာ်းရင့်မာကြီးကိုကားခေါင်မိုးပေါ်ဆွဲတင်ပြီးသတ်ထားတာ တရားခံကမိန်းမဆိုတော့ မိန်းမတစ်ယောက်အနေနဲ့ ဒီလောက်အားကြီးဖွယ်ရာမရှိနိုင်တော့ ပဟေဠိတစ်ခု အဖြေညှိဖို့ လမ်းတွေက CCTV တွေ အနီးနားကလူတွေပတ်မေးရင်း ပွက်လောရိုက်သွားတဲ့လူသတ်မှုတစ်ခုဖြစ်သွားလေရဲ့ အနီးနားကလူတွေကလည်း ဒီလိုညဘက်ကြီး အဲဒီကိုဘယ်သူမှမသွားကြဘူး သရဲလုပ်တာပဲဆိုပြီးပြောနေလေတော့ တကယ်ပဲသရဲကသတ်သွားတာလား ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုနောက်ကွယ်မှာ ဘာရှိနိုင်မလဲဆိုတာကိုတော့…. (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှ ဘာသာပြန်ဆိုထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.1 2023
Rajni
Purple Butterfly
6.1

Purple Butterfly ( 2003 ) IMDb – 6.1/10 Genre – Drama/History/War ဒီကားကိုရိုက်တဲ့ Lou Yeကို တော်တော်များများကတော့ Suzhou Riverတို့ Summer Palaceတို့နဲ့ သိကြမှာပါပဲ။ လုရီဟာ ပြည်မကြီးက ဒါရိုက်တာဖြစ်သလို ခြောက်ဆက်မြောက်မျိုးဆက်ဒါရိုက်တာလည်း ဟုတ်တယ်။ Chen Kaigeတို့ Zhang Yimouတို့ရဲ့ နောက်တစ်ဆက် Jia Zhangkeတို့အဆက်ပေါ့။ ဒီမျိုးဆက်က အချိုးအကွေ့တော့ ကြီးတယ်ပြောရမလားပဲ။ ချန်ကေ့တို့ ကျန်းရိမူတို့ အဆက်နဲ့ အကြောင်းအရာရော တင်ဆက်ပုံရော တော်တော်လေးကွဲပြားသွားတယ်။ ဒီလိုဆန်းသစ်မှုတွေနဲ့ ပြည်မနဲ့ရဲ့ ပြဿနာလည်း တော်တော်လေးပေါ်လာတယ်။ လုရီရဲ့ ပထမဆုံးကားဖြစ်တဲ့ Weekend Loverကလည်း အပိတ်ခံရသလို Suzhou Riverကလည်း အပိတ်ခံခဲ့ရတယ်။ သူလည်း ရုပ်ရှင်ရိုက်ခွင့် ၂နှစ်အပိတ်ခံခဲ့ရလို့ ၂၀၀၃မှာမှ တတိယကားဖြစ်တဲ့ Purple Butterflyနဲ့ ပြန်ပေါ်လာခဲ့တယ်။ ဒီတစ်ခါတော့ သူနည်းနည်း သတိကြီးသွားတယ်ထင်တာပဲ ဒီကားမှာ သူသုံးထားတဲ့ မင်းသမီးက ကျန်းကျိရီ။ လိင်မှုခန်းတွေလည်းတော်တော်ပါသင့်တဲ့ကား။ ဒါပေမဲ့ ပါသင့်သလောက်မပါဘူးဖြစ်သွားတယ်။ ကျန်းကျိရီကိုသာ ဝေါင်ကာဝေး၂၀၄၆မှာသုံးခဲ့တဲ့ အနေလောက်ရိုက်ပြခဲ့ရင်တော့ ပိုဂျွတ်သွားမှာပဲ။ ဒါပေမဲ့လည်း ဒီလောက်နဲ့တောင် ကျန်းကျိရီဟာ ရင်သပ်ရှုမောဖြစ်စရာကောင်းလွန်းတယ်။ ဇာတ်ကတော့ ဂျပန်တွေ တရုတ်ပြည်ကို ကျူးကျော်လာတဲ့အချိန်နားမှာပဲစတယ်။ Second Sino-Japanese War အစပျိုးတော့မယ့် ကာလမှာပေါ့။ ဒီကာလက ဂျပန်ဆန့်ကျင်တဲ့ တော်လှန်ရေးသမားတွေရယ် စပိုင်တွေရယ် ဂျပန်ဘက်က ထောက်လှမ်းရေးတွေရယ်ရဲ့ အားပြိုင်မှုကို အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူတူသွတ်သွင်းထားတာ။ ဒီလိုမျိုး ခပ်ဆင်ဆင်ကြည့်ဖူးတယ်မလား။ အန်းလီရဲ့ Lust Caution။ ခေတ်တော့အတူတူပဲ။ ဒါပေမဲ့ Purple Butterfly ကတော့ အစပြုတော့မယ့်ကာလမှာ ဇာတ်အိမ်တည်ထားပြီး Lust Cautionကတော့ ဖြစ်နေတဲ့ကာလတွေ အရှိန်အဟုန်ကောင်းနေတဲ့ကာလတွေမှာ တည်ထားတယ်။ ဒါပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေးဆင်တယ်။ တင်ဆက်ပုံတော့ တော်တော်ကွဲပြားတယ်။ ပြောရရင် အန်းလီရဲ့ Lust Cautionကိုပဲ တခြားဟန်နဲ့ ခေတ်နည်းနည်းစောပြီး တင်ဆက်သလိုလိုတော့ဖြစ်နေတယ်။ အတိအကျတော့မဟုတ်ပေမဲ့ပေါ့။ ဒီကားက အန်းလီကားထက် ၄နှစ်စောပေမဲ့ Lust Cautionကတော့ မသိသူမရှိတာမို့ ဒီလိုပဲ ဥပမာပြရမှာပဲ။ Lou Yeရဲ့ အိပ်မက်ဆန်တဲ့အခင်းအကျင်းမှာ ဇာတ်ကောင်တွေရဲ့ ဒွိဟတွေရော အချစ်တွေရော တာဝန်တွေရော ရောထွေးနေတာတွေက အန်းလီတင်ဆက်သလိုမျိုး ပြေပြေပျစ်ပျစ်ခေါင်းထဲဝင်သွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဇာတ်အိမ်က အန်းလီလောက်မကျစ်လစ်နေတာတောင် လုရီရဲ့အိပ်မက်ဆန်တဲ့အခင်းအကျင်းက ရတဲ့အရသာကလည်း အန်းလီအောက်မနိမ့်ဘူး။ ကျန်းကျိရီဟာလည်း ထျန်းဝေလောက်တော့ ဈာန်ဝင်ခွင့် ဖမ်းစားခွင့်မရခဲ့ပေမဲ့ ကျန်းကျိရီရဲ့ လျှပ်တစ်ပြက်ရုပ်ပုံလွှာတွေဟာ ကျွန်တော်တို့အတွက် သူယောင်မယ်ကို အိပ်မက်မက်ရသလို အတွေးထဲ စိုးနိုင်ခဲ့တယ်။ File size… 3.2 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 7m Genre ….. Drama/History/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

Drama
6.1 2003
Purple Butterfly
Nightbitch
5.7

Nightbitch (2024) IMDb Rating (5.7) / Rotten Tomatoes (59%) Man of Steel (2013)မှာ လူးဝစ်လိန်းအဖြစ်တမျိုး Enchanted(2007)မှာ ဂျစ်ဆဲလ်အဖြစ်တဖုံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Amy Adamsရဲ့ ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ black comedyလည်းဖြစ် horrorလည်းဟုတ်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသမီး Amy Adamsက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သက်လတ်ပိုင်း ကလေးအမေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ နှစ်နှစ်အရွယ်သားလေးကို အိမ်မှာပဲနေပြီး အချိန်ပြည့်ပြုစုပေးဖို့ ပန်းချီဆရာမအလုပ်ကိုယ်စွန့်လွှတ်လိုက်ဖို့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ခဲ့တဲ့ မိခင်တစ်ယောက်။ ခင်ပွန်းဖြစ်သူနဲ့တိုင်ပင်ကြည့်တဲ့အခါ ပြုံးပြီး မင်းသဘောပြောခဲ့တော့ အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အိမ်မှာပဲနေရင်း သားဖြစ်သူနဲ့လင်ဖြစ်သူကို စောင့်ရှောက်ရင်းနဲ့ ပင်ပန်းဆင်းရဲမှုတွေ နောင်တတွေ မခံချင်စိတ်တွေ ကြုံတွေ့ခံစားလာရတဲ့အခါမှာတော့ ထင်ယောင်မှားမှုတွေလား၊ အစစ်အမှန်လား မသဲကွဲတော့ဘဲ ရှင်သန်ရာပတ်ဝန်းကျင်မှာ ကမောက်ကမတွေဖြစ်လာခဲ့ပါတော့တယ်။ မိခင်ဘ၀ကို ရှုထောင့်တစ်ခုကနေ သေချာလေးတင်ဆက်ထားပြီး သင်ခန်းစာယူနိုင်စရာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(3.9 GB) / (1.3 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:40:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

5.7 2024
Nightbitch
Human Animals
5.6

တစ်ခါတုန်းက တိရစ္ဆာန်ရုံတစ်ခုမှာ “ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး တိရစ္ဆာန်” ဟု ပြသထားတဲ့နေရာမှာ မှန်တစ်ချပ် ချိတ်ဆွဲထားရှိခဲ့ဖူးပါတယ်။ ဆင့်ကဲပြောင်းလဲလာမှုကနေတစ်ဆင့် ဖြစ်တည်လာတဲ့ လူသားတွေဟာ ကမ္ဘာပေါ်မှာ အသိဉာဏ်အရှိဆုံး သတ္တဝါဖြစ်သလိုပဲ အရက်စက်ဆုံး၊ အကောက်ကျစ်ဆုံး သတ္တဝါအဖြစ်နဲ့ ကမ္ဘာကြီးကို အန္တရာယ်အပေးနိုင်ဆုံး သတ္တဝါလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်စုမှာ ယောက်ျားသားတွေဖြစ်တဲ့ ရွိုင်းနဲ့ချာဗာတို့က ပုလဲနံပသင့်ပေမယ့် ရွိုင်းရဲ့ဇနီး ဖာဘီရိုလာ နဲ့ ချာဗာရဲ့ဇနီး အန်နာဟီးတို့ကတော့ သူတို့ကြားထဲက ကွဲပြားမှုကို သတိထားမိနေကြပါတယ်။ ခွေးကြောက်တတ်တဲ့ ရွိုင်းတို့ရဲ့သမီးလေး တယ်ရစ်ဆာ နဲ့ ခွေးချစ်သူဇနီးမောင်နှံဖြစ်တဲ့ ချာဗာနဲ့အန်နာဟီးရဲ့ သားလိုချစ်ရတဲ့ ခွေး. ဂျက်ဂါတို့ကြောင့် မိသားစုနှစ်စုကြားက အတားအဆီး တစ်ခုသဖွယ် ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ ချာဗာတို့က ရွိုင်းတို့မိသားစုကို ထမင်းစားဖိတ်ခဲ့ပြီးတော့ ခွေးကြောက်တတ်တဲ့ တယ်ရစ်ဆာအတွက်လည်း သူတို့ခွေးကို ပိတ်လှောင်ထားပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ထမင်းစားဝိုင်းမှာပဲ ချာဗာနဲ့အန်နာဟီးတို့ဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်ခဲ့ဖူးကြောင်း စကားစပ်မိရင်းနဲ့ ရွိုင်းတို့ကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပိတ်ထားခဲ့တဲ့ ဂျက်ဂါက လွတ်လာခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားခဲ့ပါတယ်။ တယ်ရစ်ဆာရဲ့ ခွေးကြောက်တတ်တဲ့အကျင့်ကို ဖျောက်နိုင်ဖို့ ဂျက်ဂါ့ကို ပွတ်သပ်ခိုင်းခဲ့ပေမယ့် ဂျက်ဂါကလည်း တယ်ရစ်ဆာ့အပေါ်မှာ ရန်လိုနေခဲ့ပါတယ်။ တစ်ခုခုကို ကြောက်ရွံနေရင် အဲဒီအရာက မလွဲမသွေဖြစ်လာတတ်တဲ့ နိယာမအတိုင်းပဲ ရွိုင်း နဲ့ ချာဗာတို့ မိသားစုနှစ်ခုကြားထဲမှာ အရုပ်ဆိုးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာခဲ့ပါတယ်။ ရွိုင်းတို့ခြံဝင်းထဲကို ကျူးကျော်နေတတ်တဲ့ ဂျက်ဂါဟာ တယ်ရစ်ဆာရဲ့ အရုပ်ကို ဖျက်ဆီးနေတာ တွေ့တာကြောင့် တယ်ရစ်ဆာက ရန်မူခဲ့ပါတယ်။ ဂျက်ဂါကလည်း စိတ်ရိုင်းဝင်ပြီး တယ်ရစ်ဆာရဲ့ လက်မောင်းကို ကိုက်ဆွဲခဲ့ပါတယ်။ အပြင်းအထန်ဒဏ်ရာရသွားတဲ့ တယ်ရစ်ဆာကို ဆေးရုံကို ပို့အပြီးမှာ ချာဗာတို့ဇနီးမောင်နှံက ခွေးရုပ်ကလေးလက်ဆောင်ပေးဖို့ ကြိုးစားခဲ့တာကြောင့် ရွိုင်းနဲ့ချာဗာတို့ မိသားစုနှစ်စုကြားမှာ ပိုပြီး တင်းမာလာခဲ့ပါတယ်။ မီးစလေးကနေ တငွေ့ငွေ့လောင်ကျွမ်းပြီး မီးတောက်ကြီးဖြစ်လာခဲ့သလို ကိစ္စတွေက ထင်ထားတာထက် ပိုပြီး ပြင်းထန်လာခဲ့ပြီးတော့ ရွိုင်းရဲ့ဆိုင်ရာပိုင်ရာတွေကို တိုင်ကြားခဲ့မှုကြောင့် ဂျက်ဂါကို တိရစ္ဆာန်ထိန်းချုပ်ရေးကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဂျက်ဂါမရှိတော့တဲ့နောက်ပိုင်း မိသားစုနှစ်ခုဆက်ဆံရေးက နောက်ပြန်လှည့်လို့မရတဲ့ အခြေအနေရောက်သွားခဲ့ပြီး ရွိုင်းတို့မိသားစုအတွက် ခြောက်ခြားထိတ်လန့်ဖွယ်ကိစ္စတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ နောက်ပိုင်းမှာ ချာဗာနဲ့အန်နာဟီးတို့ရဲ့ နောက်ကြောင်းကို စုံစမ်းမိပြီး နာမည်တုနဲ့နေထိုင်နေသူတွေဖြစ်ကြောင်း သိရှိသွားချိန်မှာတော့ ရွိုင်း၊ ဖာဘီရိုလာနဲ့ သမီးဖြစ်သူ တယ်ရစ်ဆာတို့အတွက် အရမ်းနောက်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ အန္တရာယ်အများဆုံး၊ အကောက်ကျစ်တတ်ဆုံး လူသားသတ္တဝါတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပါတော့တယ်…။ File size… 1.3 GB / 511 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Drama • Romance
5.6 2020 89 mins
Human Animals
Baby & Baby
5.7

Baby And Baby (2025)”က.. ကလေးငယ်” ================================= ရုပ်ရှင်တိုင်းမှာ ဆံပင်အကြေဖွလေးနဲ့ ကာရိုက်တာပြောင်းပေမဲ့ ရူပါမပြောင်းတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတဲ့ တမီလ်စကားပြော ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ရုပ်ရှင်ခေါင်းစဉ်အတိုင်းပါပဲ။ လေဆိပ်တစ်ခုမှာ ကလေးချီထားတဲ့ ကလေးအဒေါ်ကောင်မလေးကိုကျူချင်လို့ အစ်မဖြစ်သူရဲ့ သမီး တူမသေးသေးလေးကို ချီပြီး ကလေးရဲ့ ဦးလေးဖြစ်သူက ဖွန်သွားကြောင်ပါတယ်။ အဲဒီလိုကျူနေရင်း လေပေးဖြောင့်နေတုန်းမှာ ကလေးချီပြီး ဓာတ်ပုံရိုက်ချင်တဲ့ အမွှာနှစ်ယောက်ကြောင့် ကလေးချင်းလွဲသွားရာကနေ မိသားစုနှစ်ခုရဲ့ ဟာသအလွဲတွေကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.7 2025 133 mins
Baby & Baby