YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The King's Letters (2019) WEB-DL 1080p (CM).mp4

1.13 GB N/A video/mp4 172 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Green Street Hooligans: Underground
5.5

ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် 2013မှာထွက်ရှိခဲ့တဲ့ Green Street 3 ဆိုတဲ့ အက်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီထဲမှာ ဘောလုံးပွဲကြည့်ရတာကို အရမ်းသဘောကျပြီး ကိုယ်ကြိုက်တဲ့ ဘောလုံးအသင်းကို အရူးအမူး အားပေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒီလို အားပေးရာကနေ တစ်ဆင့်တက်သွားတဲ့ football hooligansခေါ် ဘောလုံး လူရမ်းကားတွေ အကြောင်း ကြည့်ရမှာပါ။ သူတို့ဟာ ပြိုင်ဘက်အသင်းက လူရမ်းကားတွေနဲ့ ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြ သောင်းကျန်းကြတာမျိုး တွေပါ လုပ်လေ့ရှိပြီး မကျေနပ်တာရှိရင် အုပ်စုလိုက် ချိန်းထိုးကြတာမျိုး လုပ်တဲ့အထိ ကြမ်းတမ်းကြပါတယ်။ Never Back Downဟာ တတိယမြောက် Green Streetဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ညီဖြစ်သူ ဂျိုဝီရဲ့ ပဟေဠိဆန်ဆန် သေဆုံးသွားမှုကြောင့် အကိုဖြစ်သူ ဒန်နီတစ်ယောက် သူဦးဆောင်ခဲ့တဲ့ ဝက်စ်ဟမ်း အမာခံ ပရိတ်သတ်အဖွဲ့ ဂရင်းစထွိကို ပြန်ရောက်လာရကနေ ဇာတ်လမ်းစပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ ဒီရန်ပွဲတွေဟာ အရင်ကလို လမ်းဘေးမှာ ဖြစ်ချင်တိုင်းဖြစ်ကြတဲ့ ပွဲမျိူးတွေမဟုတ်တော့ပါဘူး။ ရန်ပွဲတွေဟာ စည်းစနစ်တကျနဲ့ လူတွေရှေ့မှာ ထိုးသတ်ကြရတဲ့ လျှို့ဝှက်ပွဲတွေ ဖြစ်သွားကြပါပြီ။ ဒါကိုတွေ့လိုက်ရတဲ့ ဒန်နီတစ်ယောက် ဂရင်းစထွိအဖွဲ့ကို ထိပ်ဆုံးပြန်ရောက်အောင် ဘယ်လိုများ ဦးဆောင်မလဲ၊ သူ့ညီဖြစ်သူ ဂျိုဝီကို သတ်သွားသူကိုရော ဘယ်လိုလိုက်ရှာ မလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီလို လူမိုက်တွေထဲမှာမှ အန္တရာယ်များတဲ့သူတွေပါ ပါဝင်လာချိန်မှာတော့ ဒန်နီတစ်ယောက် ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ File size…1.31 GB/ 539.7 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Swam Yi

Adventure • Comedy • Science Fiction
5.5 2013 90 mins
Green Street Hooligans: Underground
White Sun
7.1

ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု ပြင်းထန်တဲ့အလျောက် လူတန်းစားအလွှာကွာဟမှုကို ဆန့်ကျင်တဲ့ မော်စီတုန်းဝါဒီသမားတွေ အာဏာရသွားတေ့ာ အတော်လေးလည်း ခွကျခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းဘက်ကို လှည့်ရမယ်ဆိုရင်ဖြင့် ရှုထောင့် ၂မျိုးက ပြောဖို့ စဉ်းစားထားပါတယ်။ ပထမတစ်မျိုးကတော့ ပူးဂျာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရှုထောင့်ပါ။ ပူးဂျာလေးဟာ အမေဖြစ်သူနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်တွေပေါ်မှာရှိတဲ့ ရွာဇနပုဒ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ အဖိုးလို့ ခံယူထားတဲ့ ရွာအကြီးအကဲကြီး ဆုံးသွားတဲ့အခါမှာတော့ ရွာမှာ ကြားဖူးနားဝ ကောလဟာလနဲ့ သူ့အဖေဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရွာပြန်အလာကို မျှော်လင့်တကြီး စောင့်စားပါတော့တယ်။ ဒုတိယ ရှုထောင့်အနေနဲ့ကတော့ ချန်ဒျာလို့ခေါ်တဲ့ စစ်သားဟောင်းတစ်ဦးရဲ့ နေရာကနေပါ။ သူဟာ စစ်သားဆိုပေမယ့် ယခုလက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ တစ်ချိန်က ပြောက်ကျားစစ်သား (သူပုန်)ပါ။ တော်လှန်စဉ်က ပါဝင်ခဲ့ပြီး စစ်ပွဲအပြီး ဘေးထွက်နေတဲ့လူမျိုးပေါ့။ သူ့အဖေဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် ရွာကို ပြန်လာခဲ့ပေမယ့် အပေါ်မှာပြောသလို အယူအစွဲကြီးတဲ့ ရွာကလူတွေနဲ့ သူနဲ့ကြားက ပဋိပက္ခတွေကြောင့် သူ့အဖေဖြစ်သူ ရွာအကြီးအကဲကို အဆင်ပြေပြေသင်္ဂြိုလ်နိုင်ဖို့ လုံးပမ်းရပါတော့တယ်။ Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားပြီး Toronto တို့ Rotterdam တို့အပါအဝင် ဟုတ်ပေ့ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ပြသခွင့်ရထားတဲ့ ရုပ်ရှင်မို့ လက်မလွတ်စေလိုပါ။ ဒီ နီပေါဒါရိုက်တာဟာဖြင့် သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား Highway တုန်းကလည်း ဘာလင်တို့ လိုကာနိုတို့လို ပွဲတော်ကြီးတွေနဲ့ စခဲ့တာပါ။ အခု White Sun ကတော့ သူ့ရဲ့ ဒုတိယကားပေါ့။ နီပေါလို ဒေသတွင်း အနုပညာဖန်တီးသူတွေ သူတို့လက်ရာတွေနဲ့ ကမ္ဘာပတ်နေတာကို ကြွေနေရသလိုမျိုး ကိုယ့်နိုင်ငံတွင်းက ရုပ်ရှင်သမားတွေရဲ့ လက်ရာတွေ (ယခု လူနည်းစု ပတ်နေကြပြီမှန်း သိပါတယ်) လည်း များများစားစား မြင်ရဖို့ မျှော်လင့်မိပါကြောင်း...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 690MB Quality - 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 1H 29Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Music • Romance
7.1 2016 87 mins
White Sun
Mechanic: Resurrection
6

လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။ အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း အားဖြည့်ပါဝင်ပါတယ်။ Fantastic Four ဇာတ်ကားတွေထဲက ကိုယ်ပျောက်လူသားမလေးအဖြစ်ရယ်၊ The sleeping Dictionary ထဲက ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို လှစ်ဟပြခဲ့တဲ့ မင်းသမီးလေးဆိုရင်ဖြင့် မှတ်မိကြပါလိမ့်မယ်။ Michelle Yeoh လည်း ပါသေးတယ်နော်။ ဇာတ်လမ်းအကျဉ်းကတော့ လုပ်ကြံရေးသမားဘဝကနေ အနားယူပြီး ဘရာဇီးမှာ ဇာတ်မြှုပ်နေတဲ့ ဘစ်ရှော့ပ် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကနေ သူ့ဘဝကို ဖော်ကောင်လုပ်သွားတာကနေ စတင်ပါတယ်။ သူ့အ‌ကြောင်းကိုသိတဲ့ သူ့ရန်သူက အရည်အချင်းရှိတဲ့ ဘစ်ရှော့ပ် ကို အသုံးချပြီး ရန်သူတွေကို ရှင်းပစ်ချင်တာပါ။ သူတို့နှစ်ယောက်ကလည်း ကျောင်းတော်ကရန်စနဲ့ ကမ္ဘာမကြေ ရန်သူတော်နှစ်ပါးပေါ့။ ငယ်ငယ်က ‌ရန်စကိုလည်း လက်စားချေရင်း၊ သူ့လုပ်ငန်းအတွက်လည်း အသုံးလည်းချရင်း တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ချင်တဲ့ ခရိန်း ရယ်၊ ကြားထဲက ဘာမဆိုင် ညာမဆိုင် ညပ်ပါလာတဲ့ မိန်းမလှလေး ဂျီနာ ရယ်၊ လုပ်ကြံရေးသမားဟောင်းကြီး ဘစ်ရှော့ပ် ရယ်တို့ ဉာဏ်ကိုလွှာသုံးပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ကြဲကြပုံတွေ ရှုစားရဖို့ရှိကြောင်းပါခင်ဗျာ။ File size…(4GB) /(1.5 GB) / (1.1 GB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….01:38:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • Horror • Thriller
6 2016 98 mins
Mechanic: Resurrection
Bhool Bhulaiyaa
6.6

ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်�Bollywood မှာလိုင်းစုံရတဲ့မင်းသား Ashay Kumar ကဟာသမင်းသားပေါ့� မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသား ခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲက မင်းသမီးချောလေး Ameesha Petal လေးပေါ့…သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး.. ချစ်ဖို့စွန်းကောင်းတယ် �ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်… အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင် သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ… ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… �Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာ ဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ် …လုံးဝဂန္တဝင်ပါပဲ.. �ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်) စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ.. ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ (ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ) File Size : 0.99 GB Quality : Bluray 720p Running Time : 2hr 39minutes Format : Mp4 Genre : Comedy, Horror, Mystery Translator : Khant Shwe Thaik Encoder :Thanhtike Zaw

Adventure • Comedy • War
6.6 2007 151 mins
Bhool Bhulaiyaa
Murder on the Orient Express
6.7

IMDb - 6.5/10_____Rotten - 61% စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။ ၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။ လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။ နောက်တစ်နေ့ မနက်မှာ တော့ မစ္စတာဆမ်မြူရယ်ဟာ ဓားနဲ့အချက်ပေါင်းများစွာ အထိုး ခံရပြီး အသတ်ခံရတာကြောင့် ပွိုင်ရော့တ်ဟာဘော့နဲ့အတူ စုံစမ်းဖော်ထုတ်ဖို့လုပ်ခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာက သဲလွန်စတွေ၊ သက်သေတွေရဲ့ ထွက်ဆိုချက်အရ အမျိုးသားတစ် ယောက်က ဆမ်မြူရယ်ကို သတ်သွားခဲ့တာဖြစ်ပြီး ဆမ်မြူရယ်ဟာလည်း လူသတ်မှုတစ်ခုကို ကျူးလွန်ပြီး နာမည်ပြောင်းလဲနေ ထိုင်သူတစ်ယောက်ဖြစ်တယ်ဆို တာကိုပါ သိခဲ့ကြပါတယ်။ သို့လောသို့လောအခြေအ နေတွေနဲ့အတူ သဲလွန်စတွေကိုဆက်စပ်ရင်း မသင်္ကာစရာတွေ များနေတဲ့ ဆမ်မြူရယ်ရဲ့လူသတ် မှုကို ပွိုင်ရော့တ်တစ်ယောက် ဘယ်လိုနည်းနဲ့ ဖော်ထုတ်မှာလဲ ဆိုတာကို ဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ကဲနက်ဘရာ နက်၊ တော်မ်ဘိတ်မန်း၊ ပန်နီလိုပီခရုဇ်၊ ဝီလျံဒါဖိုး၊ ဂျော်နီဒက်ပ်စတဲ့သရုပ်ဆောင်များစွာ ပါဝင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြသည်) File Size : (3.7 GB) / (1 GB)/ (952 MB) Quality : Blu-Ray 4K HEVC /1080p HEVC/ 720p Running Time : 1hr 54min Format : Mp4 Genre :Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Lex Luthor Encoded by Thanhtike Zaw,Nyeinsaeya Aung

Action & Adventure • Crime • Drama
6.7 2017 114 mins
Murder on the Orient Express
Marshall
7.3

Marshall (2017) ~ IMDb – 7.3/10, Rotten Tomatoes – 80% ~ အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။ ~ ဇာတ်လမ်းအညွှန်း ~ အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။ သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.45GB, 680MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 50Min Genre – Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 2017
Marshall
Mark Antony
7.2

Mark Antony (သို့) မာ့ခ် အန်တိုနီ (2023) IMDb – 7.2/10 Amazon Prime Videoက လတ်တလောထွက်ရှိထားတဲ့ မင်းသားကြီး ဗီရှယ်လ်ရဲ့ ရုံတင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျက်ရူပီး ၂၈ကုဋေသုံးထားပြီး ကုဋေတစ်ရာကျော်ပြန်လည်ရရှိခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ အချိန်ခရီးသွားတဲ့ကားတွေအများကြီးထဲကမှ ဒီကားမှာတော့ အတိတ်ကို ဖုန်းလှမ်းဆက်လို့ရတဲ့ဖုန်းတစ်လုံးနဲ့အစပြုခဲ့တယ်။ ဒီလို အတိတ်ကိုဖုန်းဆက်ပြီး ပစ္စုပ္ပန်ကိုလိုသလိုပြုပြင်လို့ရတဲ့ဖုန်းကို တီထွင်တဲ့သိပ္ပံပညာရှင်ကိုယ်တိုင်တောင် သူ့ရဲ့သေခြင်းတရားကိုတော့မလွန်ဆန်နိုင်ခဲ့။ ဒါပေမဲ့ အဲဒီဖုန်းကလူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားတဲ့အခါမှာတော့။ လူဆိုးဂိုဏ်းခေါင်းဆောင်နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ကြားမှာ အတိတ်ကိုဖုန်းခေါ်လို့ရတဲ့ ဒီလိုဖုန်းရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ အနာဂတ်တွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

Comedy • Fantasy • Drama
7.2 2023
Mark Antony
Cellular
6.5

ဒီရုပ်ရှင်ကားကို ဘောလိ၀ုဒ် နဲ့ တစ်ခြားနိုင်ငံတွေက Remake ပြန်ရိုက်ကြတယ် ဗားရှင်းပြောင်းသွားပေမဲ့ ကြည့်ရတဲ့ ကားတိုင်းက မရိုးခဲ့ဘူး… ဒီရုပ်ရှင်ကားမှာ Captain America လို့ လူသိများကြတဲ့ မင်းသားချော Chris Evans ပါဝင်သရုပ်ဆောင်ထားပြီး Fast & Furious ကားတွေ နဲ့ လူပိုသိကြတဲ့ ဂတုံးမင်းသား Jason Statham က ဗီလိန်နေရာကနေ ကောင်းကောင်းကြီး သရုပ်ဆောင်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်း ကတော့ ဂျက်ဆီကာ လို့ ခေါ်တဲ့ သားတစ်ယောက် အမေ ကျောင်းဆရာမတစ်ယောက်ဟာ တစ်ရက်မှာ အိမ်မှာနေရင်း ကို အဖွဲ့တစ်ခုကနေ ပြန်ပေးဆွဲတာ ခံလိုက်ရပါတယ် သူမကို ပြန်ပေးဆွဲသွားပြီး အိမ်တစ်ခုရဲ့ ထပ်ခိုးပေးမှာ ဖမ်းချူပ်ထားခဲ့ပါတယ် ထိုအခန်းထဲမှာ ကြိုးဖုန်းတစ်ခုရှိနေပြီး ရစရာမရှိအောင် ထုချေခံထားရပါတယ် ပြန်ပေးသမားတွေ လွတ်တုန်း ဂျက်ဆီကာ တစ်ယောက် ဝိုင်ယာကြိုးတွေ လျှောက်ဆက်ရင်း ဖုန်းတစ်လုံးဆီကို တန်းဝင်သွားခဲ့ပါတော့တယ်…. ရိုင်ယန် ဟာ လောလောလတ်လတ် ဆော်ပစ်ခံထားရသူဖြစ်ပြီး ဘ၀ကြီးကို ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေသူတစ်ယောက်ပါ သူကြိုက်နေတဲ့ ကောင်မလေး နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေတုန်းမှာပဲ ဂျက်ဆီကာ ဆီက ဖုန်းဟာ သူ့ဆီ တည့်တည့်ကြီးကို ဝင်လာပါတော့တယ် တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီး တစ်ယောက် နဲ့ ဘာတစ်ခုကိုမှ လက်ကျောတင်းအောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖူးတဲ့ ကောင်လေးတစ်ယောက် တို့ ပြန်ပေးသမားတွေနဲ့ ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာ ရုပ်ရှင်ချစ်သူများ ကြည့်ရှုလိုက်ကြပါဦး ရုပ်ရှင်အညွှန်းကို Thit San Khant က ရေးပေးထားပြီး Benni မှ ဘာသာပြန်ပေးထားပါတယ် File size… 2.79 GB/ 1.11 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

6.5 2004
Cellular
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
A Season for Family
7

A Season for Family (2023) ==================== IMDb Rating – 7.0/10 မက်ဒီဟာ မြို့ကြီးကဟိုတယ်တစ်ခုမှာအလုပ်လုပ်ပြီး ခရစ်စမတ် အားလပ်ရက်ရာသီမှာတော့ သူ့ရဲ့မွေးစားသားငယ်နဲ့အတူမွေးရပ် မြေနယ်မြို့လေးဆီပြန်လာခဲ့ပါတယ်။အဲ့ဒီမြို့မှာ သူ့မွေးစားသား ကိုဒီရဲ့ညီအရင်းတစ်ယောက်ရှိနေတယ်ဆိုတာ သိထားရပြီး အဲ့ဒီ ဆန္ဒကို ခရစ်စမတ်လက်ဆောင်အဖြစ်ဖြည့်ဆည်းပေးချင်တဲ့ရည် ရွယ်ချက်လည်း သူ့မှာရှိနေပါတယ်။ မြို့ကိုရောက်ရောက်ချင်းနေ့ နှင်းလွှာလျှောစီးပစ္စည်းတွေရောင်း တဲ့ဆိုင်မှာ ဆိုင်ရှင်အမျိုးသားနဲ့အဖွဲ့ကျရင်းနှီးခဲ့ပြီး မကြာမကြာဆုံ ဖြစ်သလို ရင်းနှီးမှုတွေတိုးလာရာကနေ သူ့မွေးစားသား ဝက်စလေ ရဲ့ညီအရင်းဖြစ်သူဟာ အဲ့ဒီဆိုင်ရှင်အမျိုးသားရဲ့မွေးစားသား ကိုဒီ ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ညီအစ်ကိုနှစ်ဦးကိုပြန်ပေါင်းစည်း စေချင်တဲ့ သူ့ဆန္ဒအလွယ်တကူပြည့်ဝလေမလား၊ ဘယ်လိုအခက် အခဲတွေကြုံဆုံနိုင်စရာရှိလာမလဲ။ တစ်ကားလုံး christmas vibes တွေအပြည့်နဲ့၊ကြည်နူးနွေးထွေး စရာချစ်ခြင်းမေတ္တာတွေနဲ့ထုံမွှမ်းနေတဲ့ ဗီလိန်မရှိတဲ့ ဒီခရစ်စမတ် ဇာတ်လမ်းလှလှလေးထဲမှာရှုမြင်ခံစားကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.39 GB) / (564 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Alias Encoder……….SWM

Drama • Comedy
7 2023 84 mins
A Season for Family
ManSuang
7

မာန်စွမ် စံအိမ်တော်ရဲ့ အရှုပ်တော်ပုံ (၂၀၂၄) အစားကြမ်းတဲ့လူဆိုးလေးKinn Porsche အတွဲကိုမှ လွမ်းလှပါပြီဆိုတဲ့ ပရိသတ်ကြီးအတွက် ဒီCPအတွဲရဲ့ comeback movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ Kinn Porsche နဲ့မတူဘဲ ဒီဇာတ်ကားလေးမှာတော့ ၁၉ ရာစုအလယ် ဘုရင်ခေတ်နောက်ခံဇာတ်လမ်းနဲ့ ကြည့်ရှုခံစားရမှာပါ။ ပက်လျူဆိုတဲ့ရွာလေးကနေ ကချေသည်လုပ်ဖို့ မြို့တက်လာတဲ့ ခမ်နဲ့ဝမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် လူတစ်ယောက် တိုက်ခိုက်ခံနေရတာကို ဝင်ကယ်ရာကနေ လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့ဘဝကို ရောက်သွားပါတော့တယ်။ အသတ်ခံရတဲ့သူက ဖရာယာဘိုဒီဆွန်ရဲ့တူဖြစ်ပြီး အပြစ်ကိုရှောင်လွှဲချင်ရင်တော့ အလဲအလှယ်အနေနဲ့ သက်စွန့်ဆံဖျား တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီတာဝန်ကတော့ လက်ရှိဘုရင် နန်းသက်ကုန်ခါနီး ဘုရင်သစ်လည်းမ‌မြှောက်ရသေးတော့ မင်းသားတွေ အချင်းချင်းအားပြိုင်တဲ့ဒီကာလမှာ ပုန်ကန်ချင်တဲ့သူတွေ လက်နက်မှောင်ခိုဝယ်တဲ့သက်သေဖြစ်တဲ့ အရောင်းအဝယ်လျှို့ဝှက်စာချုပ်ကို “မာန်စွမ်” ဆိုတဲ့ ပြဇာတ်အဖွဲ့ရဲ့စံအိမ်တော်ကြီးကနေ ရှာပေးဖို့ပါပဲ။ နဂိုထဲက အကကိုဝါသနာပါတဲ့ ခမ်နဲ့ဝမ်တို့ မာန်စွမ်မှာ‌ ထပ်ဆုံတဲ့ ချာတရာနဲ့အတူ နိုင်ငံရေးအားပြိုင်ပွဲ အာဏာလုပွဲထဲ ဘယ်လိုပတ်သက်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary & Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Drama, History Quality…. 1080p | 720p File size… 1.2GB | 549MB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary & Char Ou Encoder ….. Aaron

7 2024
ManSuang
Muppets from Space

IMDB Rating* – “6.4/10” နာမည်ကြီး Muppets Collections တွေထဲကမှ “Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။ Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ အကြံပေးပါ‌ရစေ…. File size… (2.3 GB) / (1.2 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Family, Science Fiction, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Comedy
0 1999
Muppets from Space
Seeran
5

Seeran 2025 (“တောက်ပမည့်လူ”) ၂၀၂၅ မှာ လူမျိုးဘာသာမတူလို့ ခွဲခြားခံထားရတဲ့မိသားစုအကြောင်းရိုက်ကူးထားတဲ့ တမီးလ်စကားပြော ကားလေးတစ်ကားနဲ့ မိတ်ဆက်ပါရစေ။ ဒီကားထဲက သရုပ်ဆောင်ကာရိုက်တာ ဂျိမ်းစ်ကာသစ်က ဇာတ်ညွှန်းဆရာရော ပရိုဂျူဆာအနေနဲ့ ကြိုးပမ်းထားတဲ့ ကားလေးဖြစ်ပါတယ်။ ရွာလေးတစ်ရွာမှာ လူတိုင်း ရွံ့မုန်းကြတဲ့ မိသားစုရဲ့သားက ရွာကနေ ထွက်သွားပြီးတော့ ချမ်းချမ်းသာသာ ပြန်လာပေမယ့် ရွာကလူတွေရဲ့ အကျင့်စရိုက်က ပြောင်းလဲသွားမလားဆိုတာ ကြည့်ရမှာဖြစ်ပြီး အတိတ်က သူတို့မိသားစုဘဝက ဘယ်လိုစိတ်ဆင်းရဲခဲ့ရပြီး နိမ်ချခံခဲ့ရလဲဆိုတာ ဂရုဏာသက်ဖွယ်မြင်တွေ့ရမှာပါ။ အဓိကက မျိုးရိုးနိမ့်လို့ ခွဲခြားခံရပေမယ့် တကယ်အောင်မြင်လာတဲ့ လူတစ်ယောက်ဖြစ်လာတဲ့အခါ အယူအဆတွေ ဝေဖန်သံတွေက စင်ပေါ်ကနေ ပုရွက်ဆိတ်တွေအော်နေသလို ထိုင်ကြည့်နေရသလိုပါပဲ။ သင်ခန်းစာယူဖွယ်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်လို့ စီအမ်မဆလာကနေ တင်ဆက်ဘာသာပြန်‌ထားပါသည်။

5 2025
Seeran