YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The King in Love (2017) E05 WEB-DL 1080p [CM].mp4

1.37 GB 1080p video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
An Autumn's Tale
7.3

An Autumn's Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူးပေါ့။ An Autumn's Taleဟာ Mabel Cheung ရဲ့ "migration trilogy"ထဲက ဒုတိယကားပါ။ Mabel Cheungဟာ အဲဒီကားသုံးကားလုံးကို ရေးသား ရိုက်ကူးခဲ့ပြီး သုံးကားလုံး ဇာတ်ညွှန်းဆုတွေရထားသလို ဟောင်ကောင် best picture တွေ ဘာတွေလည်းရထားပါတယ်။ An Autumn's Tale ကတော့ ဒီသုံးကားထဲက အကောင်းဆုံးလို့ ယူဆလို့ရတဲ့ကားဖြစ်သလို Best Film, Best Cinematography , Best Screenplayဆုတွေရခဲ့ ပါတယ်။ ဒီထဲက မင်းသားကလည်း ဟောင်ကောင်ရဲ့ သက်ရှိထင်ရှား Legend အစစ်ကြီး သရုပ်ဆောင်စွမ်းရည်ရော Personality ရော ဘာမှအပြစ်ပြော စရာမရှိတဲ့ ချောင်ယွန်ဖတ် ။ ဒီကားထဲ သူ့ပုံစံလည်းပေါ်သလို ငပေငတေပုံနဲ့လည်း လိုက်အောင်သရုပ်ဆောင်ပြခဲ့ပေမဲ့ ဒီကားနဲ့တော့ သူ့ best actor ဖြစ်မသွား ခဲ့ပါဘူး။ ဘာလို့ဆို အဲဒီတစ်နှစ်တည်းမှာတင် သူကားသုံးကားနဲ့ best actor ဆုကို ဆန်ခါတင်ဝင်ခဲ့လို့ပါပဲ။ ဒီကားရယ် Prison on Fireရယ် City on Fire ရယ်ပါ။ Prison on Fireနဲ့ ရသွားပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Best of Chow Yun Fatလို့ ပြောကြပါတယ်။ မင်းသမီးဖြစ်တဲ့ Cherie Chung ကလည်း ဆန်ခါတင်တော့ ဝင်ခဲ့ပါတယ်။ သူ့ကိုတော့ သိပ်မရင်းနှီးလောက်ပေမဲ့ ချောင်ယွန်ဖတ်နဲ့ ကားတော်တော်များများရိုက်ခဲ့ပြီး။ မကြာသေးခင်က တင်ခဲ့တဲ့ လတ်စလီချောင်ရဲ့ Fatal love နဲ့ Once a thief ထဲ အဓိကဇာတ်ကောင်အဖြစ် ပါခဲ့ပါတယ်။ အစအဆုံး အမေရိကန်မှာပဲ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မန်ဟက်တန်တံတား , ဘရွတ်ကလင်းတံတား , ဝီလီယမ်ဘာ့ချ်တံတား ,နယူးယောက်တရုတ်တန်းတို့လို နေရာတွေမှာ ရိုက်ကူးခဲ့ပါတယ်။ စီနီမာတိုဂရပ်ဖီ ဆုရထားတဲ့ကားပီပီသသပဲ ဇာတ်ဝင်ခန်းအများစုက တော်တော်လှပါတယ်။ အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဖိုသီဖတ်သီ ကြေကွဲစုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးနဲ့ တွဲရိုက်ပြထားတဲ့ အခါတွေ မှာပေါ့။ ဒီရုပ်ရှင်ရဲ့ Iconic Scene ကတော့ မြန်မာဝတ္တုတိုတစ်ခုထဲတောင် ဖတ်ဖူးတဲ့ အခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ အဲဒီဝတ္တုထဲက အခန်းကို သိပ်တော့မမှတ်မိတော့ပေမဲ့ ဘာပစ္စည်းတွေလဲတော့ သေချာမမှတ်မိတော့ပေမဲ့ အကျဉ်းဖျဉ်းက ကောင်လေးက နာရီကြိုးအသစ်လဲချင်တယ်။ ကောင်မလေးက ကလစ်လားမသိလိုချင်တာထင်ပါ တယ်။ နောက်ကျ ကောင်လေးက နာရီစက်ကိုရောင်းပြီး ကလစ်ပေး၊ ကောင်မလေးက ဆံပင်ရောင်းပြီး နာရီကြိုးပေးတာလားတော့ မသိဘူး။ ဒီထဲက Iconic Scene ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခန်းကိုမှ ချောင်ယွန်ဖတ်ရဲ့ acting နဲ့ပေါင်းလိုက်တော့ တော်တော်လေး ထိတဲ့ ဇာတ်ဝင်ခန်းအဖြစ်အသက်ဝင်သွားတာပါပဲ။ ရိုမန့်ကားတွေ ကြိုက်တတ်ရင်တော့ ဒီကားဟာ အနှစ်နှစ်အလလ လှည့်မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်စင်ပေါ်က ချောင်အကျဆုံးနေရာက စာအုပ်ထဲ ပြန်တွေ့လိုက်ရတဲ့ အချစ်ဦးရဲ့ ဓာတ်ပုံဟောင်းတစ်ပုံလို ဖြစ်နေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.34 GB) / (930 MB) / (531 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family
7.3 1987 98 mins
An Autumn's Tale
My Sweet Monster
6.4

ကနဦးပြောချင်တာကတော့ ဒီကားရဲ့ အင်တာနေရှင်နယ် ဒံပေါက် ရိတ်တင်ကို မယုံပါနဲ့။ အတည်ပါ လူ၈၀လောက်ပဲပေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဒံပေါက်ရိတ်တင်ကြည့်ပြီး တော်တော်ဆိုးမယ် ထင်ခဲ့ပေမဲ့ မဟုတ်ပါဘူး။ ခရမ်းချဉ်သီးရိတ်တင်လည်း မထွက်သေးပါဘူး။ အသေးစားဆိုက်ကလေးတွေကတော့ ၅ မှာ ၅ပေးထားတာတွေ ၇၃ပေးထားတာတွေရှိပါတယ်။ ဆိုလိုတာက အတည်မဂျင်းပါဘူး။ ပေါ့ပေါ့ကားကား ကာတွန်းကားအနေနဲ့ ကြည့်ကောင်းသလို ရယ်ရတာလေးတွေလည်းပါပါတယ်။ ဇာတ်အိမ်လေးလည်း နည်းနည်းဆန်းပါတယ်။ ပေါ့ပေါ့ပါးပါးကြည့်ရင် စိတ်ပျော်စေမယ့် ချစ်ဖို့ကောင်းတဲ့ ကာတွန်းကားပါပဲ။ သီချင်းလေးလည်း ငါးခါလောက်ဆိုကြပြီး နားဝင်လွယ်တဲ့ ချိုချိုအေးအေးလေးတွေဆိုတော့ ဟိုတုန်းက ဒစ္စနေး ကာတွန်းကားတွေရဲ့ အရသာပိုပေါ်ပါတယ်။ Honestlyပြောရရင် စိတ်ပြေလက်ပျောက်ကြည့်ချင်ရင် ကြည့်ကောင်းတဲ့ကားလေးပါပဲ။ ငယ်ငယ်က ကာတွန်းကားတွေကို ပေါင်းထားတဲ့ အရသာမျိုးလည်းရတယ်။ ဇာတ်လမ်းကတော့ စက်ရုပ်တွေထွင်တတ်တဲ့ အင်ဂျင်နီယာဘုရင်ကြီးတစ်ပါးရှိတယ်။ သူ့သမီးလေးကို သူကအရမ်းချစ်တော့ အရမ်းချုပ်ချယ်တယ်။ အချစ်ဝတ္တုတောင် ပေးမဖတ်တဲ့အထိပဲ။ ဒီလိုနဲ့ သူ့သမီးလေးကို ဖူးဖူးမှုတ်ထားတဲ့ ဘုရင်ကြီးဟာ ပြည်သူတွေအတွက် သူ့သမီးလေးကို လူယုတ်မာတစ်ကောင်နဲ့ လက်ထပ်ပေးဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ မင်းသမီးလေးက ထွက်ပြေးတာပေါ့။ ဒီလိုနဲ့ မွန်းစတားကောင်လေးရှိတဲ့တောအုပ်ထဲရောက်သွားတယ်။ ယုန်ရယ် မွန်းစတားရယ် မင်းသမီးလေးရယ် ခင်သွားကြတယ်။ ဘုရင်ကြီးဆီက စက်ရုပ်တွေကို လူယုတ်မာကလွှတ်ပြီး မင်းသမီးလေးကိုပြန်ခေါ်ဖို့လုပ်တာပေါ့။ နောက်ပိုင်းကတော့ ကြည့်သာကြည့်ကြည့်တော့၊။ ဇာတ်ကြောင်းက ဒီထက်တော့ရှုပ်ပါတယ်။ နားလည်လွယ်အောင်တစ်ချို့အချက်တွေ ဖယ်ရေးလိုက်ရတာပါ။ ဟိုးတုန်းက ဒစ္စနေးမင်းသမီးလေးတွေကားတွေ၊ မွန်းစတားကားတွေ၊ စက်ရုပ်တွေပါတဲ့ကာတွန်းကားတွေ၊ မှော်ဆန်တဲ့ကားတွန်းကားတွေကို ကြိုက်ခဲ့ဖူးရင် ဒီကာတွန်းရုပ်ရှင်ဟာ အဲဒီအရသာတွေအကုန်လုံးကို Nostalgic ဖြစ်စေမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Animation, Adventure Quality….WEB-DL 1080p and 720p and 480p File size… 1.7GB and 722MB and 295MB Format…mp4 Duration…. 1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Horror • Science Fiction
6.4 2021 98 mins
My Sweet Monster
My Blue Summer
6

" ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။ ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ လူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။ ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖို့အလွယ်ဆုံးနဲ့ ဖျက်ဆီးဖို့အလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။ ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာ သူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖို့ပဲ။ " (လော့ကျီ) "ငါတို့အတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီက ငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ " (ရှန့်ဟွိုင်နန်) တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့ အထက်တန်းကျောင်းသူလေးလော့ကျီက ရှန့်ဟွိုင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေခဲ့တယ်။ ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။ အထက်တန်းပြီးသွားတော့ သူတို့နှစ်ယောက်က တက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။ နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီး ရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊ ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတို့ရဲ့အချစ်တွေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကို ပြန်လည်လွမ်းဆွတ်အမှတ်ရရင်း ချိုချိုမြိန်မြိန်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 42min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Moon , Nu Mon Encoded by LK

Crime • Drama • Mystery
6 2022 102 mins
My Blue Summer
Dhamaka
7

Bollywood ရဲ့ နောက်ထပ် remake တစ်ကားလာပါပြီ။ The Terror Live ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာပါ။ ဒီတစ်ခါတော့ နယ်ကျော်ပြီး ကိုရီးယားရဲ့ 2013 ခုနှစ်ထွက် The Terror Live ကိုလှမ်း remake လုပ်ထားတာပါ။ ဒါပေမယ့် ကြည့်ရတဲ့ရသကတော့ တူမယ်မထင်ပါဘူး။ ဇာတ်ကားတစ်ကားကို မင်းသားမင်းသမီးကွဲရင်တောင် ခံစားရတဲ့ရသ ကွဲသေးတာမို့ နိုင်ငံခြားပါပြီဆိုမှတော့ အကုန်ကွဲပဲမဟုတ်လား။ ဒီတော့ ဘာတွေကွဲလည်းသိရအောင် ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်တော့ ..။ အစီအစဉ်တင်ဆက်သူအနေနဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ Arjun .. ဘယ်လောက်တောင်နာမည်ကြီးခဲ့လဲဆိုရင် “သူပြောသမျှကအမှန်” ဆိုပြီးတော့တောင် အဆိုရှိတယ်။ ဒီလိုနာမည်ကြီးသူတစ်ယောက် တစ်ရက်မှာ TV အစီအစဉ်တင်ဆက်သူအဖြစ်ကနေ အသံလွှင့်အစီအစဉ်ကိုရာထူးချခံရ၊ ချစ်ရတဲ့ သတင်းထောက်မလေးနဲ့ကလည်း အဆင်မပြေ .. ဂြိုလ်ဆိုးများအပေါင်းအဖော်နဲ့ဝင်တယ်ဆိုသလိုပဲ ဒီလိုအဆင်မပြေတာတွေဖြစ်နေရတဲ့အထဲ တစ်နေ့မှာ ပက်လယ်ကူးတံတားဖောက်ခွဲခံလိုက်ရပြီး အကြမ်းဖက်သမားက Arjun တို့စတူဒီယိုကိုဖုန်းဆက်ပါလေရော .. အစိုးရအပေါ် အခဲမကြေတာရှိတာကို အားလုံးကိုပြောချင်ပေမယ့် သူဆင်းရဲမို့ .. သူ့စကားဆိုဘယ်သူမှအလေးမထားတာမို့ .. တိုင်းသိပြည်သိ Arjun ဆီဆက်သွယ်ရင် သူ့စကားသံကိုလူအများကြားလိုကြားငြားနဲ့ဆက်သွယ်လာရာကနေ .. အကြမ်းဖက်သမားလို့ခေါင်းစဉ်တပ်ထားပေမယ့် တကယ့်အကြမ်းဖက်သမားရောဟုတ်ရဲ့လား .. သူကရော နစ်နာသူပဲလား .. တကယ်အကြမ်းဖက်ပြီးဂုတ်သွေးစုပ်နေတာက ဘယ်သူတွေလဲ .. မီဒီယာတွေရဲ့ လူထုအပေါ်လွှမ်းမိုးနိုင်တဲ့အင်အားကဘယ်လောက်တောင်ကြီးလဲ .. စတာတွေကို ဘယ်လိုဆက်ဖြစ်နိုးနိုး အသဲတအေးအေးနဲ့ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ Genre.....Action, Drama, Thriller Quality…. 1080p HEVC and 720p File size…1.5 GB and 1GB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... August

Action & Adventure • Animation • Sci-Fi & Fantasy
7 2021 104 mins
Dhamaka
Flowers of Mold
6

Flower of Mold (2023) ‘စွန့်ပစ်ခံရတာတွေက ရှင့်အကြောင်းကို ပိုပြီးရိုးသားစွာ ပြောပြနေတာမလို့’ ဇာတ်အိမ်အဆန်းလေးမှကြိုက်တတ်တဲ့သူတွေအတွက် ငြိမ့်ငြိမ့်လေးနဲ့ဆန်းဆန်းလေး ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ တိုက်ခန်းတွဲတစ်ခုမှာ တစ်ယောက်တည်းအိမ်ငှါးနေထိုင်တဲ့ ‘ဟန်ဂျီဆူး’ဆိုတဲ့မိန်းကလေးက သာမန်ကုမ္ပဏီဝန်ထမ်းအလုပ်လုပ်ကိုင်ပြီး အများအမြင်မှာလည်း သူလိုကိုယ်လိုလူတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာလူသိမခံနိုင်တဲ့ မကောင်းတဲ့အကျင့်ဆိုးတစ်ခုရှိနေတာပါ။ အဲဒီသူ့ရဲ့မကောင်းတဲ့ဉာဉ်ဆိုးနဲ့ပဲ တိုက်ခန်းတွဲက လူတစ်ယောက်ချင်းစီရဲ့ အကြောင်းကိုခွဲခြမ်းစိတ်ဖြာပြီး စိတ်ဖိစီးမှုကိုဖြေဖျောက်တတ်ပါတယ်။ ဒီလိုပဲနေ့စဉ်ဖြတ်သန်းလာရင်းနဲ့ တစ်နေ့မှာ ဘေးခန်းကို ချောမောတဲ့ကောင်လေးတစ်ယောက်ပြောင်းလာတဲ့အခါ စိတ်ဝင်စားမိပါတော့တယ်။ ဒီလိုနဲ့ ‘ဝူဂျယ်’ဆိုတဲ့ အနေအေးတဲ့ကောင်လေးနဲ့ လျို့ဝှက်ချက်ပိုင်ရှင်ကောင်မလေး ‘ဟန်ဂျီဆူး’ တို့နဲ့ ဘယ်လိုတွေအနေနီးစပ်သွားကြမလဲ သူ့ရဲ့လူသိမခံနိုင်တဲ့ အကျင့်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ပါဝင်စီးမျောကြည့်ရှုနိုင်ပါပြီနေ် အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 800MB | 306MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. ThantSin Encoder ….. Aaron

6 2023
Flowers of Mold
The River Wild
6.5

The River Wild (1994) ~ IMDb – 6.5/10, Rotten Tomatoes – 57% ~ ဒီကားလေးကတော့ Adventure Thriller ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ဆိုရင်လည်း Mamma Mia တို့၊ The Devil Wears Prada တို့လိုကားတွေနဲ့ထင်ရှားတဲ့ ဂန္ထဝင်မင်းသမီးကြီး Meryl Streep နဲ့ Thriller ဇာတ်ကားနဲ့ ဗီလိန်ဇာတ်ရုပ်‌တွေမှာ ပိုင်နိုင်လှတဲ့ Kevin Bacon တို့ဆိုတော့ အရွေးမမှားလောက်စေမယ့်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ သားအမိသားအဖသုံး‌ယောက် အပျော်တမ်းလှေစီးထွက်လာရင်း လမ်းမှာ သူစိမ်းနှစ်ယောက် ဒုက္ခရောက်နေတာကိုတွေ့လို့ကူညီကြပါတယ်။ ဒါပေမဲ့ အဲဒီသူစိမ်းနှစ်ယောက်က သာမန်လူတွေမဟုတ်ဘဲ ဓါးပြတိုက်ပြီးပြေးလာတဲ့သူတွေဖြစ်နေပါတယ်။ နောက်တော့ သူတို့ရဲ့အသက်ကိုရန်ရှာလာတဲ့နောက်မှာ သူတို့သုံးယောက် တောတောင်အထဲ မြစ်လယ်မှာ မြစ်အန္တရာယ်ကတစ်ဖက် လူဆိုးတွေအန္တရာယ်ကတစ်ဖက် ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ရင်တဖိုဖို စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 900MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 51Min Genre – Adventure, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.5 1994
The River Wild
Molli and Max in the Future

ဒီရုပ်ရှင်ကတော့ အရင်နှစ်ကမှထွက်ထားတဲ့ Sci-fi, Drama, Comedy သုံးမျိုးကို ရောသမမွှေထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်က အာကာသထဲက သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ထားတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ မက်စ် နဲ့ မော်လီက အနာဂတ်က အာကာသထဲက ဂြိုဟ်တွေမှာနေကြပါတယ်။ အဲဒီအနာဂတ်မှာက ကမ္ဘာကြီးကတော့ လူသားတွေလုပ်လို့ပျက်သွားပါပြီတဲ့။ တစ်ရက်မှာ မော်လီ နဲ့ မက်စ်က အာကာသတစ်နေရာမှာဆုံရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အကျင့်စရိုက်ရော ကိုယ်ရည်ကိုယ်သွေးတွေပါ မတူကြတဲ့သူနှစ်ဦး။ ဒီလိုနဲ့ သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ကနေမတက်ခင်မှာ အကြောင်းတခုကြောင့်ခွဲလိုက်ရတယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ဂလက််ဆီရဲ့တနေရာမှာ ကံမကုန်ဘဲ ပြန်ဆုံကြပြန်ပါတယ်။ အဲဒီအခါမှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် ရှိပေးပြီးတော့ အချိန်အတူကုန်ဆုံးကြပြန်တယ်။ ဒီလိုနဲ့ မော်လီနဲ့မက်စ်တို့က ဘ၀အတွက်လက်တွဲဖော်ရှာကြဖို့အချိန်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးလုံးအတွက် ဖူးစာဖက်တွေကိုရှာကြတဲ့နေရာမှာ သင့်တော်တဲ့သူမတွေ့ဘဲ နောက်ဆုံးမှာ သူတို့အတွက်အကောင်းဆုံးဖြစ်တဲ့သူက သူတို့နှစ်ယောက် အချင်းချင်းပဲဖြစ်နေတာကို သိလိုက်ကြရတယ်ပေါ့။ ဒါပေမဲ့ ရွေးချယ်မယ့်လမ်းတွေ၊ ပင်ကိုယ်စရိုက်တွေမတူညီနေတဲ့သူတို့နှစ်ဦးဟာ ရှေ့ဆက်တိုးလိုက်ရင် ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ကြောက်ရွံ့ပြီး ဖရန့်ဇုန်ထဲကနေရုန်းထွက်ဖို့ရာကို ခါးခါးသီးသီးကိုငြင်းဆန်နေကြတဲ့နောက်မှာတော့ ဇာတ်မြောကြီးဖြစ်သွားပြီး သူတို့တွေ ဝေးကွာသွားကြမလား၊ နောက်ဆုံးမှာပေါင်းဖက်နိုင်သွားကြမလားဆိုတာကို‌တော့ ဂလက်ဆီထဲက အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စိတ်လှုပ်ရှားစရာ ထူးခြားဆန်းပြားရိုက်ချက်တွေနဲ့အတူ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.4 GB)/(654 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy, Romance, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Action • Drama
0 2024
Molli and Max in the Future
Shadow Land
5.5

လုပ်ကြံသတ်ဖြတ်မယ့် ရန်သူရဲ့အကြံအစည်ကြောင့် အိပ်မက်ဆိုးတွေနဲ့ နေ့စဉ်ခြောက်လှန့်ခံနေရတဲ့ အမေရိကန်သမ္မတဟောင်း Wainwright …… နိုင်ငံတကာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ရဲ့သမ္မတရာထူးကို အသရေဖျက်ဖို့ ပူးပေါင်း ကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့…… သူယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်နှင့်အတူ အမှန်တရားကို ဖော်ထုတ်မယ့် မစ်ရှင်တစ်ခု စတင်ပြီး အန္တရာယ်ရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီး တိုက်ပွဲဝင်နေခဲ့ပါတယ်။ အက်စ်တိုးဗီးယားစစ်ဆင်ရေးမှာ နျူကလိယ လက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့မှာလား၊ လုပ်ကြံ ဖန်တီးခဲ့ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေက သူ့ဘဝနဲ့ အမေရိကန်စစ်သားတွေအတွက် ဘယ်လောက်ထိ အပြောင်းအလဲဖြစ်စေခဲ့သလဲ၊ စိတ်ဖောက်ပြန်နေပြီလို့ စွပ်စွဲခံရတဲ့သမ္မတကြီးက သူ့ရဲ့ရန်သူတွေကို ဘယ်လို ကျော်လွှားသွားမလဲဆိုတာ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 583MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.5 2024
Shadow Land
Parallax

ဇာတ်ကားတွေကို တွေးပြီးမှကြည့်ချင်တဲ့ လူတွေရှိလား။ ဇာတ်လမ်းကိုကြည့်ပြီးသွားလို့ တစ်စိမ့်စိမ့်တွေးပြီးကျန်ခဲ့ချင်တာပါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်သင့်တဲ့စာရင်းထဲ ထည့်လိုက်သင့်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဇာတ်လမ်းကို ဘာသာပြန်ပြီးသွားတဲ့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ကျန်ခဲ့နေတုန်းပါပဲ။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေးနည်းနည်းပြောရအောင်။ နေအိုမီနဲ့ လူးကပ်စ် ဖရိုင်းတို့က စေ့စပ်ပြီးအတူနေနေကြတဲ့ကာပယ်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းအစမှာကတည်းက စိတ်မကောင်းစွာနဲ့နေအိုမီက စိတ္တဇလိုလို စိတ်ကျရောဂါလိုလိုခံစားနေရပါတယ်။ လူးကပ်စ်ကလည်း စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ဘာလုပ်ရမလဲ တိတ်တဆိတ်တိုင်ပင်နေတာပေါ့။ ဘယ်ကနေဘယ်လို ဖြစ်သွားမှန်း သူလည်းမသိပါဘူး။ နေအိုမီဖြစ်တဲ့ပုံကလည်း ထူးဆန်းပါတယ် သူက သူ့ကိုယ်သူဘယ်သူမှန်းမသိတော့ပါဘူး။ သူ့ကိုယ်သူ သူမသိတဲ့ တခြားကမ္ဘာတစ်ခုခုမှာ နေထိုင်နေရသလိုခံစားနေရတာပါ။ နောက်ထပ်ရှိတာက သူမက်တဲ့အိပ်မက်ပါ။ အမြဲရေနစ်နေပြီး ရေပေါ်ကိုသူလုံးဝတက်မလာနိုင်သလို ဘယ်မှာရေနစ်နေမှန်းလဲ သူမသိပါဘူး။ ဆိုတော့ မသိခြင်းပေါင်းများစွာပေါ့။ ဒါပေမဲ့ ဆေးစစ်ကြည့်တော့လည်း နေအိုမီ့ဦးနှောက်မှာ ဘာမှထူးဆန်းတာ ရှာမတွေ့ပါဘူးတဲ့။ ဆိုတော့ နေအိုမီကဟန်ဆောင်နေတာလားမေးစရာရှိပါတယ်။ ဒါမှမဟုတ် သူကမရူးဘဲ ဘေးက လူတွေရဲ့ပယောဂတစ်ခုခုကြောင့်လား။ ဆိုတော့ ဇာတ်ကားလေးကတော့ ပဟေဠိတွေ သို့လော သို့လောတွေနဲ့ပေါ့ဗျာ။ တူတူခံစား ငေးမောတွေးတောကြည့်ချင်ရင်တော့ ဇာတ်ကားလေးကို အခုပဲဒေါင်းလုပ်ဒ်ဆွဲပြီးကြည့်လိုက်ဖို့ အကြံပေးပါရစေ။ File size…(2.6 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wunna Ag

0 2023
Parallax
The City of Violence
7

The City of Violence(2006) IMDb Rating (6.6) / Rotten Tomatoes (100%) My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ ဇာတ်လမ်းကတော့…. ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ… ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ… သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ……..။ ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။

Drama • Horror • Thriller
7 2006 92 mins
The City of Violence
Ithuvare

Ithuvare 2024 အနိုင်အရှုံး Imdb 8.4 သဘာဝပတ်ဝန်းကျင်ကောင်းမှ စားဝတ်နေရေးတွေ အဆင်ပြေပြီး ကျန်းမာရေးကောင်းကောင်းနဲ့ ကျရာတာဝန်ကိုထမ်းဆောင်နိုင်မှာမဟုတ်ပါလား သတိမထားမိတတ်ပေမဲ့ သ‌ဘာဝပတ်ဝန်းကျင်ကြီးကျန်းမာဖို့ကအရေးအကြီးဆုံးပါပဲ လေထုညစ်ညမ်းတာ ကမ္ဘာကြီးပူနွေးလာတာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ကြရတာပဲမဟုတ်လား စွန့်ပစ်အမှိုက်မီးရှို့စက်ရုံကနေထွက်လာတဲ့အနံ့ဆိုးတွေကြောင့် ပြည်သူတွေမှာအလူးအလဲခံစားနေကြရတယ် မိုင်အတော်ကွာဝေးတဲ့အိမ်တွေ ရုံးတွေမှာတောင် မက်စ်ချွတ်ရင်မနေနိုင်လောက်တဲ့အထိ ပြတင်းပေါက်တွေအကုန် တံခါးမကြီးတွေပိတ်ထားရင်တောင် ဒီအနံ့ဆိုးကပျံ့နှံ့နေဆဲပါပဲ ညစ်ညမ်းလေရှုရှိုက်မိရင်း ချောင်းဆိုးနာတာရှည်လို့ ဆေးခန်းပြေးကြရသူတွေလည်း များလာခဲ့တယ် အဝေးကလူတွေတောင် ဒီလိုအခြေအနေဆိုတော့ စက်ရုံနားနေတဲ့လူတွေဘဝက ဆိုးဝါးနေတာပေါ့ ဒီတော့ပြောင်းတဲ့လူကပြောင်း ရွှေ့တဲ့လူကရွှေ့နဲ့ စွန့်ခွာသူအရေအတွက်ကပိုများလာခဲ့တယ် ဒီလိုဖြစ်ရပ်မျိုး လွန်ခဲ့တဲ့၃နှစ်ကကြုံဖူးလို့ဆန္ဒပြခဲ့ကြပေမဲ့ မအောင်မြင်ခဲ့တာလည်းရှိခဲ့ဖူးတာကိုး ပြောင်းတဲ့လူများလာတော့ ရွာသူကြီးကမနေနိုင်တော့လို့ အကုန်အစည်းအဝေးခေါ်ပြီး ဒီတစ်ခါတော့အင်တိုက်အားတိုက် ဆန္ဒပြဖို့ဆုံးဖြတ်ကြပါတော့တယ် ဒီတစ်ခါရော တရားရုံးထိတက်ပြီးအောင်မြင်နိုင်မလား ကိုယ့်ဌာနေကိုမစွန့်ခွာဘဲအဆင်ပြေနိုင်ကြမလားဆိုတာကိုတော့… ( အညွှန်းကို Yunni ကရေးသား‌ထားပြီးဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex ~ KKKZ တို့ပဲဖြစ်ပါတယ် )

0 2024
Ithuvare
Detective K: Secret of the Living Dead
6

Detective K: Secret of the Living Dead (2018) ******************************************* Detective K ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Secret of the Living Dead ကတော့ ကိုရီးယားနန်းတွင်း မကောင်းဆိုးဝါး ဟာသကားတွေကို ကြိုက်တဲ့သူတွေအတွက် ကွက်တိဖြစ်စေသလို Kim Myung Min, Oh Dal Soo, Kim Ji Won နဲ့ Lee Min Ki တို့က အဓိကအနေနဲ့ ပါဝင်ထားလို့ cast တွေကလည်း ပြောစရာမလိုအောင်ကို ရှယ်တွေကြီးပဲနော်။ -ဇာတ်လမ်းအကျဥ်း- အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂင်မင်း က မကောင်းဆိုးဝါးလောကကြီးကို ယုံကြည်ပြီး ဂျိုဆွန်းတိုင်းပြည်မှာ သွေးစုပ်ဖုတ်ကောင်ရှိနေတယ်လို့ ယုံကြည်ကာ အချက်အလက်တွေကို လိုက်ရှာနေတဲ့သူဖြစ်တယ်။ တစ်ရက်မှာတော့ ဂန်ဟွာကျွန်းက မီးလောင်ပြီးသေသွားတဲ့ အလောင်းတွေရဲ့ ကွင်းဆက်လူသတ်မှုကို စုံစမ်းပေးဖို့အတွက် သူ့ဆီကို အမှုအပ်လာခဲ့တာကြောင့် ဂန်ဟွာကျွန်းကို သွားခဲ့တဲ့အခါမှာ အရမ်းလှပပြီး အားအရမ်းသန်ပြီး ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်။ ဂင်မင်းကတော့ အဲဒီအမျိုးသမီးဟာ ဒီအမှုနဲ့ဆက်စပ်မှုရှိနေတယ်လို့ ထင်နေခဲ့ပေမဲ့ အဲဒီအမျိုးသမီးကတော့ ကိုယ့်နာမည်ကိုတောင် မသိတော့တဲ့ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ သူတစ်ဦး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ လူသတ်မှုရဲ့နောက်ကွယ်က လူကိုဖမ်းဆီးဖို့ရာအတွက် ထိုအမျိုးသမီးရဲ့ အင်အားနဲ့တိုက်ခိုက်စွမ်းရည်ကို ဂင်မင်းက လိုအပ်နေခဲ့တာကြောင့် နှစ်ယောက်သား သဘောတူညီမှုနဲ့ အမှုကိုအတူတူစုံစမ်းဖို့ရာ ဖြစ်လာခဲ့တဲ့ အခါမှာတော့..။ လူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲ..။ အထောက်တော်ကြီးနဲ့ အမျိုးသမီးတို့ကရော ဘယ်လိုပူးပေါင်းပြီး နောက်ကွယ်ကလူကို ဖော်ထုတ်ဖမ်းဆီးသွားကြမှာလဲ… မင်းသမီးရဲ့ မေ့ပျောက်နေတဲ့ မှတ်ဉာဏ်တွေကရော ဘယ်လိုတွေဖြစ်နေမလဲဆိုတာကိုတော့ Detective K (2018) ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…2.49GB / 930MB Quality… WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration….2h 00m Genre ….. Historical, Mystery, Comedy, Supernatural Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa

Action • Drama
6 2018 120 mins
Detective K: Secret of the Living Dead
Love Child
7.6

Love Child (2024) IMDb Rating (7.6) အိုင်လာနဲ့ ပါလိုတို့ဟာ ကောလိပ်မှာတွေ့ဆုံချစ်ကျွမ်းဝင်ခဲ့သူတွေဖြစ်ပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရချိန်မှာ မိသားစုတွေကို ဆန့်ကျင်ပြီး အတူတူနေထိုင်ဖို့ကျောင်းထွက် လိုက်ကြပါတယ်။ နောက်လေးနှစ်အကြာမှာတော့ သူတို့ရဲ့သားလေး ကာလီဟာ အော်တစ်ဇင်ကလေးငယ်တစ်ယောက်ဖြစ်ကြောင်း မမျှော်လင့်ပဲသိခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သားအတွက် အကောင်းဆုံးပေးဆပ်ဖြည့်ဆည်းဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကြပေမယ့် ကလေးရဲ့ကျောင်းစရိတ်၊ကုထုံးဆရာတွေ၊ အထူးကုတွေရဲ့စရိတ်တွေဟာ ပညာရေးတစ်ပိုင်းတစ်နဲ့ကျောင်းထွက်လာကြတဲ့သူတို့နှစ်ယောက်အတွက် လုပ်လေမြုပ်လေဖြစ်လာခဲ့ရပါတယ်။ “Love Child” ဟာပညာပေးကားလို့ပြောလို့ရပေမယ့် အော်တစ်ဇင်ကလေးငယ်တစ်ယောက်ရဲ့မိဘတွေရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုးသားပွင့်လင်းစွာတင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကလေးနဲ့မိဘတွေကြား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားနေ့စဉ်ရင်ဆိုင်ကြုံတွေ့ရတဲ့ ဆက်ဆံပြောဆိုမှု၊ ရင်ဆိုင်ရတဲ့ဒုက္ခသုခတွေကို အားကောင်းတဲ့သရုပ်ဆောင်မှုတွေ၊ ပြေပြစ်တဲ့ဇာတ်လမ်းတင်ဆက်ပုံနဲ့ပျင်းစရာလုံး၀ မကောင်းပဲ တစ်ထိုင်တည်းမျောပါသွားစေမယ့် ဒရာမာကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.1 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:41:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

7.6 2024 100 mins
Love Child
Tacoma
6.1

Tacoma (2024) IMDb Rating (6.1) ကျွေးတဲ့အစာကနေဖြစ်လာတဲ့ မှိုရောဂါတစ်မျိုးကြောင့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးနေတဲ့ဝက်ကလေးတာကိုမာကို ပြန်လည်ကောင်းမွန်ဖို့ စမ်းသပ်မှုတွေလုပ်နေတဲ့ လီယို။ ရှေ့မှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့စမ်းသပ်မှုတွေကနေ ဝက်ကလေးတာကိုမာပေါ်မှာ မျှော်လင့်ချက်ရောင်ခြည်တွေသန်းလာခဲ့တယ်။ သူစမ်းသပ်နေတာက အပင်ဆီက ပြန်လည်အသစ်ဖြစ်ပေါ်စေတဲ့ဆဲလ်တစ်မျိုးကို လူသားတွေဆီမှာအသုံးချနိုင်ဖို့။ သူ့အမှားတွေကို ထောက်ပြခဲ့တာက တရားမဝင်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးမိသားစုက စားပွဲထိုးမလေး အယ်လီဂျန်ဒရာ။ သူတို့နှစ်ယောက်စမ်းသပ်မှုကနေ အောင်မြင်လာမဲ့ရလဒ်ကိုစောင့်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိသားစုတစ်ခုကလည်းရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi, Thriller Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Action • Crime • Thriller • Mystery • Drama
6.1 2024 90 mins
Tacoma