YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Invisible.Girl.S01E02.720p.DSNP.WEB-DL.DDP5.1.(CM).mp4

198.52 MB 720p video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Possession
6

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Action
6 2012 92 mins
The Possession
Embrace of the Serpent
7.7

Embrace of the Serpent(2015) ************************** ဒီရုပ်ရှင်ဟာ အမေဇုန်တောအုပ်ထဲကို ဆေးဖက်ဝင် အထွတ်အမြတ်သစ်ပင်တစ်မျိုးသွားရှာခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ယောက်ရဲ့ ဒိုင်ယာရီကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ ၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ ခရီးသွား ဖြူမဲရုပ်ရှင်ဖြစ်ပြီး ဆုတံဆိပ်တွေလည်း များစွာရရှိထားပါတယ်။ ကိုလန်ဘီယာရဲ့ ပထမဆုံးသော Oscar nomianted ရုပ်ရှင်လို့လည်းဆိုကြပါတယ်။ ဇာတ်ကားထဲက သိပ္ပံပညာရှင်နှစ်ယောက်ဟာ ဒီတောအုပ်ထဲကို အတူတူခရီးသွားကြတာမဟုတ်ဘဲ တစ်ယောက်ပြီးမှ တစ်ယောက်၊ ၁၉၀၉ခုနှစ်နဲ့ ၁၉၄၀ခုနှစ်တွေမှာ နှစ်သုံးလောက်ခြားပြီးမှ ခရီးထွက်ဖြစ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ယာကရူနာဆိုတဲ့ ဆေးဖက်ဝင်ရှားပါးသစ်ပင်ကိုသွားရှာတာပါ။ သူတို့နှစ်ဦးလုံးရဲ့ခရီးစဥ်မှာ ကာရာမာကာတဲ ဆိုတဲ့ နယ်ခံနတ်ဆရာကြီးနဲ့တွေ့ခဲ့ကြပါတယ်။ နတ်ဆရာကြီးဟာ သူ့လူမျိုးစုမှာ တစ်ဦးတည်းရှင်ကျန်သူဖြစ်ပြီး သူတို့ဓလေ့တွေ အစဥ်အလာတွေ သမိုင်းတွေကို ထိန်းသိမ်းထားသူပါ။ ဒီခရီးစဥ်နှစ်ခုမှာ ဘာတွေကြုံတွေ့ရမလဲ၊ အမေဇုန်လူမျိုးစုတွေ ဓလေ့တွေကဘယ်လိုတွေဆိုတာ မြင်တွေ့နိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File Size :(3.08GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:05:00 Genre : Adventure, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Horror • Thriller
7.7 2015 125 mins
Embrace of the Serpent
Scent of a Ghost
5.3

ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ ၂၀၁၉ တုန်းက ထွက်ရှိထားတဲ့ Comedy Horror ရုပ်ရှင်လေးပဲဖြစ်ပါတယ် Horror ဆိုပေမယ့် ကြောက်စရာကောင်းတာထက် ကရုဏာသက်စရာ အချစ်ဇာတ်လမ်းလေးနဲ့ ရောယှက်နေတဲ့ကားလေးပါ ဂျီယွန်းဆိုတဲ့ကောင်မလေးကတော့ ဂီတမေဂျာယူထားတဲ့ ခပ်လှလှတက္ကသိုလ်ကျောင်းသူလေးပါ။ ဒုံဆော့ဆိုတဲ့ကောင်လေးနဲ ချစ်သူတွေဖြစ်ခဲ့ပေမယ့်ဒုံဆော့ရဲ့မိဘတွေက ဒုံဆော့ကို နိုင်ငံခြားပညာတော်သင်လွှတ်ချင်နေကြတာမို့ ဂျီယွန်းနဲ့တွဲနေတာကို သိပ်မကြည်ဖြူခဲ့ကြပါဘူး ဒါပေမဲ့ ဒုံဆောက ၆ လအကြာမှာ ပြန်လာမယ်လို့ သူ့ချစ်သူလေးကို ကတိပေးထားခဲ့ပါတယ် တစ်နေ့မှာတော့ နိုင်ငံခြားမသွားခင်တစ်ရက်အလိုမှာ ဒုံဆော့ကဂျီယွန်းဆီကို လက်ထပ်ခွင့်တောင်းဖို့သွားပေမယ့် ဂျီယွန်းက ရှိမနေခဲ့ပါဘူး မကြာခင်အချိန်အတောအတွင်းမှာပဲ ဂျီယွန်းနေထိုင်တဲ့အဆောက်အဦးဟောင်းကြီးရဲ့ အခန်း ၄၀၂ ဆိုတဲ့အခန်းမှာကောလဟာလတစ်ခုထွက်ပေါ်လာပါတော့တယ် အဲဒီကောလဟာလကဝောာ့ အဲဒီတိုက်ခန်း အခန်း ၄၀၂ မှာ သရဲခြောက်တယ်ဆိုတဲ့ သတင်းပါပဲ သရဲမလေး ဂင်ဂျီယွန်း တိုက်ခန်းက မခွာနိုင် ဖြစ်နေရတဲ့ အကြောင်းအရင်းကဘာလဲ .. ဒုံဆော့ကရော ဘာလို့ ၆ လအကြာမှာ ပြန်မလာနိုင်ခဲ့တာလဲ အခန်း ၄၀၂ က မခွာနိုင်တဲ့သရဲမလေးနဲ့ အတူ စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။ Genre..... Horror, Romance, Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 718MB | 342MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August

Comedy • Drama • Music • Romance
5.3 2019 93 mins
Scent of a Ghost
Sound of Silence
5.1

အမ်မာဟာအဆိုတော်ဖြစ်ချင်သူတစ်ယောက်ပါ။ ဒါပေမဲ့ အကဲဖြတ်ဒိုင်တွေရှေ့ကိုရောက်သွားတိုင်းမှာ အသံမထွက်နိုင်တော့ပဲကြောက်နေတာကြောင့် သူ့ရဲ့ပါရမီတွေကိုထုတ်ပြခွင့်မရပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အီတလီက သူ့အမေကဖုန်းဆက်ပြီး ပြန်လာဖို့ခေါ်တဲ့အတွက် အီတလီကိုပြန်သွားတဲ့အခါမှာတော့ သူ့ရဲ့အဖေက လှေကားပေါ်ကနေပြုတ်ကျပြီး အထူးကြပ်မတ်ကုသဆောင်မှာကုသနေရပါတယ်။ အမ်မာရဲ့ အမေဆီမှာလည်း ဒဏ်ရာတွေရှိနေတဲ့အတွက် ဆရာဝန်တွေကတော့ အိမ်တွင်းအကြမ်းဖက်မှုလို့ယူဆထားပြီး သေချာစောင့်ကြည့်ခိုင်းထားတယ်။ ဒါပေမဲ့ အမ်မာရဲ့အမေကတော့ အမ်မာရဲ့အဖေမဟုတ်တဲ့လူက သူကိုသတ်ဖို့ကြိုးစားတယ်လို့ပြောတဲ့အတွက် အမ်မာတစ်ယောက်အိမ်ကိုပြန်ပြီး ဖြစ်ခဲ့တာကိုလေ့လာကြည့်ရင်း သူ့အဖေပြင်နေတဲ့ ရေဒီယို အဟောင်းလေးတစ်လုံးမှာ ရှိနေတဲ့အရာက ဒီလိုတွေဖြစ်အောင်လုပ်လိုက်မှန်းသိလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ပြီးဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါဗျ။ File size…(1.6 GB)/(500 MB)/(200 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Drama • Family
5.1 2023 93 mins
Sound of Silence
Twins Mission
5.1

Review- အမွှာတွေချည်းပဲဖွဲ့စည့်ထားတဲ့အဖွဲ့အစည့်တစ်ခုမှာ ခေါင်းဆောင်အမွှာညီနောင်၂ဦးဟာ ရည်မှန်းချက်မတူတာကြောင့် ၂ဖွဲ့ကွဲသွားခဲ့ပါတယ် ကျေးညီနောင်၂ဦးလိုတစ်ဖွဲ့ကမကောင်းတဲ့လမ်းစဉ်ကိုလိုက်ပြီး နောက်တစ်ဖွဲ့ကတော့တရားမျှတမှုအဖွဲ့ပါ တစ်ရက်မှာ Lau Hay နဲ့ Uncle Luck ဟာ Heaven's Bead လို့ခေါ်တဲ့အစေ့ကိုဟောင်ကောင်ကိုသယ်ယူလာတုန်းခြုံခိုတိုက်ခိုက်ခံရတာကြောင့် လမ်းမှာတင်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီအစေ့ကိုမှော်စွမ်းအင်တွေရှိပြီး သေဆုံးသွားတဲ့လူတွေကိုပြန်ခေါ်နိုင်တယ်လို့ ယုံကြည်တာကြောင့် လူဆိုးအမွှာအဖွဲ့လိုက်ရှာတာကို နောက်တစ်ဖွဲ့ကတားဆီးတာပဲဖြစ်ပါတယ် တစ်ဖက်မှာလဲမြို့တော်စီမံကိန်းတွေရှိနေတယ့် Professor Mok ဟာ သူ့တူမ Li ပိုင်ဆိုင်တဲ့မြေနေရာကွက်တွေကိုလိုချင်နေတာကြောင့် နေမကောင်းဖြစ်နေတဲ့သူ့ညီမကို Heaven's Bead နဲ့အကျပ်ကိုင်လာပါတယ် Lau Hay နဲ့ Uncle Luck တို့ဟာအင်အားမမျှတာကြောင့် ပျောက်ဆုံးနေတဲ့အမွှာအဖွဲ့သားတွေကိုအကူအညီတောင်းလာရပါတော့တယ် သူတို့တွေHeaven's Bead ကို ဘယ်လိုပြန်ယူမလဲ Li ညီအစ်မနှစ်ယောက်ကိုပါဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Son Gohan ပါ ) File Size__(1.8GB) Quality__BluRay_720p IMDb Rating__5.1/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Drama
5.1 2007 103 mins
Twins Mission
Munafik 2
5.5

ဒီသရဲကားကို တစ်ယောက်ထဲကြည့်ရဲရင် တော့အကောင်ပဲ (သရဲမကြောက်တဲ့ကောင်) အခု Munafik 2 ဆိုတဲ့ကားလေးက မလေး သရဲကားပါ Munafik 1 ကတော့ 2016 ကရိုက်ခဲ့တာဖြစ်ပြီး ကျွန်တော်လဲမကြည့်ဖူး တော့မသိပါဘူး ဒီကားလေးကြည့်မှ မလေးလဲ တော်တော်လေးရုပ်ရှင်အဆင့်တန်း တိုးတက်လာပြီဆိုတာ သိလိုက်ရတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ မလေးဆိုတဲ့အတိုင်း အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပေါ့ သိကြတဲ့အတိုင်းပဲ မွတ်ဆလင်မှာ စွန်နီနဲ့ ရှီရတ် ဆိုပြီးဘာသာ ရေး ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပါတယ် တချို့ကြပြန်တော့ လဲ ဘာသာရေးခု တုံးလုပ်ပြီး လိမ်စားညာစားလုပ်တာတွေ ရှိပါတယ် ထိုအထဲမှာမှ အာဘူဂျာဆိုတဲ့ ဘိုးတော်ကအဆိုးဆုံးပါ သူ့ဂိုဏ်းထဲမ ဝင်တဲ့သူ သူ့အဆုံးမလမ်းစဉ်တွေမလိုက်နာ တဲ့သူဆို သူ့တပည့်တွေနဲ့ နှိပ်စက်ကလူ ပြုတဲ့အပြင် အောက်လမ်းအတိုက်နဲ့လဲ တိုက်တတ်ပါသေးတယ် ဒါကို သမာသမတ် ရှိတဲ့ တရားပြဆရာလေး အဒမ်နဲ့ ထိပ်တိုက် တွေ့ဖို့ အကြောင်းဖန်လာတဲ့တစ်နေ့ အကောင်းနဲ့အဆိုး အလင်းနဲ့အမှောင် ဘုရားနဲ့ မိစ္ဆာ ဘယ်လိုအားပြိုင်ထားလဲ ဆိုတာကြည့်ရမှာပါ ဘာသာရေးကားလဲဟုတ်သလို သရဲကားလဲ ဖြစ်နေပြန်ပါတယ် ဒါကတော့ စပွိုင်းသလိုဖြစ် သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ကြပါ ကျွန်တော်ဒီလအတွင်းမယ်ပြန်ခဲ့တဲ့ Asian သရဲကားတွေတော်တော်များများသူ့ဟာနဲ့သူ အတော်လေး ဒီဇိုင်းကာလာလန်းနေတယ် ဒါပေမယ့်ဒီကားလေးကကြောက်ဖို့အ ကောင်းဆုံးလို့ဆိုရမှာပါ ဒီကားထဲကသရဲတွေက လူတွေမကြောက် လောက်တဲ့အကွက်တွေကိုသိနေပြီ ပုံမှန်ခြောက်နေကြအကွက်နဲ့ခြောက်မှာ မဟုတ်တော့ပါဘူး အာ့ကြောင့်ကြည့်နေရင်း အာ ဒီအခန်းက အပေါ်ကကျလာမှာလေ အောက်ကရောက်လာမှာ ဘာညာမှန်းပြီး ကြည့်ရင်တော့ သေးပါထွက်ကျသွားပါလိမ့် မယ် အာ့ကြောင့်ကြည့်ရဲရင်အကောင်လို့ပြော ခဲ့တာပါ ကဲ လေကြောရှည်မနေတော့ဘူး ညရောက်တာနဲ့ ဒေါင်းပြီး တံခါးပိတ်မီးပိတ် နားကြပ်တပ်ပြီး ထိတ်လန့်ခြင်းအနုပညာကို ကောင်းကောင်းကြီးခံစားကြည့်ကြပါကုန် rating အနေနဲ့ IMDb မယ် 7.8 အထိရထား ပါတယ် ဂျင်းကား မဟုတ်တာကို အာမခံပါတယ်.... ရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Drama
5.5 2018 104 mins
Munafik 2
Purusha Pretham
7.4

Purusha Pretham(2023) IMDb 7.2/10 The times of India. 3.5/5 စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni

Drama
7.4 2023 152 mins
Purusha Pretham
Independence Day: Resurgence
5.3

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။ လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဉာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် ... ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့်သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။ အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၎င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။ နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး SCRN ပဲဖြစ်ပါတယ်။) File Size : (2.13GB)(857MB) and (313 MB) Quality : Blu-Ray (1080p 5.1 CH,  720p) Format…mp4 Duration…02:00:00 Genre :  Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae

Comedy • Drama
5.3 2016 120 mins
Independence Day: Resurgence
The Hound of the Baskervilles: Sherlock the Movie
6.2

The Hound of Baskervilles: Sherlock the Movie (2022) ~ IMDb – 6.2/10, MyDramaList – 7.7/10 ~ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။ မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား… ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာလား… ဆိုတာကို ဖော်ထုတ်တာဖြစ်ပါတယ်။ The Hound of Baskervilles ကို တိုက်ရိုက်တစ်ဖုံ မှီးငြမ်းတစ်သွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲအပိုင်းတွေများစွာရှိရာမှာ ဂျပန်ဘက်မှ ရိုက်ကူးပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hound of Baskervilles: Sherlock the Movie” လည်း တစ်ကားအပါအဝင်ဖြစ်ပြီး မူရင်းဇာတ်အိမ်ထဲက အဓိကအကြောင်းအရာကို နည်းနည်းပဲအခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ ဒီလိုပါ။ သတ္တုမိုင်းသူဌေးကြီး ဟာဆုကာဘေးချီဇူးအို (Hasukabe Chizuo) ရဲ့ သမီးဖြစ်သူ ဟာဆုကာဘေးဘန်နီ (Hasukabe Beni) ကိုပြန်ပေးဆွဲပြီး “သမီးဖြစ်သူကို ပြန်လိုချင်ပါက ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကာဆုမိကျွန်း (Kasumi Island) ဆီ သူဌေးကြီးတစ်ယောက်သာ ပြန်ပေးငွေနှင့်တကွ လာရောက်ပါရန်” ဆိုပြီး ခြိမ်းခြောက်စာပို့လာလို့ ဟာဆုကာဘေးချီဇူးအိုတစ်ယောက် ထိုကျွန်းကို ပြန်ပေးငွေပေးဖို့ သွားပေမဲ့ တကယ်တမ်းတော့ ပြန်ပေးငွေလည်း လာမယူ၊ ဘန်နီလည်း အိမ်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တစ်လကြာသွားတဲ့နောက် အဲဒီကိစ္စကိုအခဲမကျေနိုင်တဲ့ သူဌေးကြီးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအကြံပေး တစ်နည်း အလွတ်စုံထောက် လုပ်နေတဲ့ ဆရာဝန်ဝါခါမီရာဂျွန်အီချိ (Wakamiya Junichi) ဆီမှာ ပြန်ပေးဆွဲမှုလက်သည်ကို စုံစမ်းပေးဖို့ အကူအညီလာတောင်းရာကနေ ဝါခါမီရာနဲ့ ဟိုမာရေး ရှီရှီအို (Homare Shishio) တို့နှစ်ယောက်သား ကာဆုမိကျွန်းကို မဖြစ်မနေ သွားရောက်စုံစမ်းရပါတော့တယ်။ အဲဒီကျွန်းမှာ လူတွေရဲ့အတ္တဆန်တဲ့အပြုအမူကြောင့် သေဆုံးသွားကြတဲ့ ခွေးနက်တွေက နတ်ဆိုးခွေးတွေအဖြစ် ပြောင်းသွားကြပြီး လူတွေကို လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့ အရင်ကတည်းရှိနေတဲ့ ဒဏ္ဍာရီလိုလို ယုံတမ်းစကားတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့… The Hound of Baskervilles Sherlock the Movie ရဲ့ဒါရိုက်တာကတော့ Suspect X (2008) ကို ရိုက်ကူးခဲ့တဲ့ Hiroshi Nishitani ပဲဖြစ်ပါတယ်။ Homare Shishio (ရှားလော့ဟုမ်း) အနေနဲ့ သရုပ်ဆောင်ထားတဲ့သူက Fullmetal Alchemist Live-Action Trilogy ထဲမှာ Roy Mustang အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dean Fujioka ဖြစ်ပြီး Wakamiya Junichi (ဒေါက်တာဝပ်ဆန်) က High & Low ဇာတ်ကားတွေမှာ Cobra အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takanori Iwata ဖြစ်ပါတယ်။ Reiji Eto (ရဲအုပ်လက်စထရိတ်) ကတော့ Kuranosuke Sasaki ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေက Yuko Araki (Once Upon a Crime, Roppongi Class), Nijiro Murakami (Alice In Borderland), Ryoko Hirosue, Kotaro Koizumi အစရှိသဖြင့် ပါဝင်အားဖြည့်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၁၁ ပိုင်းပါတဲ့ “Sherlock: Untold Stories” စီးရီးကို ထုတ်လွှင့်ပြသခဲ့ပြီးမှ The Hound of Baskervilles: Sherlock the Movie ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ Sherlock: Untold Stories မှာ Dean Fujioka, Takanori Iwata, Kuranosuke Sasaki တို့ပဲ သရုပ်ဆောင်ထားတာမို့လို့ ဒီဇာတ်ကားမှာလည်း ပြန်လည်ပါဝင်ခဲ့ကြတာပါ။ The Hound of Baskervilles ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက ပွေလီအင်းခွေးကြီးအမှု (မှီးငြမ်း) နဲ့ ဘတ်စကာဗျီလ်ခွေးကြီး (ဘာသာပြန်-အကျဉ်း)၊ ဆရာစိုးမြိုင်က ဖုန်းဆိုးမြေမှ ခွေးတစ္ဆေ (ဘာသာပြန်-အကျယ်)၊ ဆရာဆွေမင်း(ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ကောလ္လိယအင်းခွေးကြီး (မှီးငြမ်း)၊ ဆရာမောင်မြတ်မိုးက ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ် (ဘာသာပြန်) စသဖြင့် အသီးသီး မှီးငြမ်း၊ ဘာသာပြန်ခဲ့ကြပါတယ်။ ခေတ်သစ်ရှားလော့ဟုမ်းကိုမှ ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ရှားလော့ဟုမ်းရဲ့ဝတ္ထုရှည်လေးပုဒ်ထဲမှာ အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ The Hound of Baskervilles ကို ဂျပန်ကနေ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားတဲ့ဇာတ်ကားကို ကြည့်ချင်ရင်တော့ The Hound of Baskervilles: Sherlock the Movie ကိုပဲ ညွှန်းရမှာဖြစ်သလို စုံထောက်ကားပရိသတ်တွေအတွက်ရော၊ ရှားလော့ဟုမ်းပရိသတ်တွေအတွက်ပါ ဇာတ်ကောင်တွေနဲ့အတူ စိတ်ဝင်တစား အဖြေရှာဖို့ကောင်းတဲ့ ဂျပန်စုံထောက်ဇာတ်ကားကောင်းတစ်ကားပါပဲ။ {တကယ်လို့ ဒီဇာတ်ကားထဲကသီချင်းနှစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ နားထောင်ချင်ရင် Find You in the Stars by Yugo Kanno နဲ့ Lullaby by YU-KA ဆိုပြီး ရှာဖွေနားထောင်ကြည့်လိုက်ပါ။} (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 59Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Drama
6.2 2022 118 mins
The Hound of the Baskervilles: Sherlock the Movie
American Ninja 3: Blood Hunt

ဒီတစ်ကားမှာတော့ ရှောင်ဒေးဗစ်ဆန်ဆိုတဲ့ကောင်လေးဟာ သူ့အဖေပါဝင်မယ့် နပန်းပွဲကို ကြည့်ဖို့ရောက်နေတာ ဖြစ်ပြီး စိတ်လှုပ်ရှားနေတဲ့အတွက် သူ့အဖေကို စင်နောက်မှာ သွားရှာပါတော့တယ်။ ဒီအချိန်မှာ ကောင်တာကို ဓားပြတိုက်ဖို့ လာတဲ့အဖွဲ့နဲ့တိုးပြီး ရှောင်ကို ဓားစာခံအဖြစ် ချုပ်ထားပါတော့တယ်။ ဒီအချိန်မှာပဲ ရှောင်ရဲ့အဖေဖြစ်သူဟာ ရှောင့်ကို ကယ်ဖို့ကြိုးစားရင်း ပစ်သတ်ခံလိုက်ရပါတော့တယ်။ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ရှောင့်ကို ဂျပန်လူမျိုး အီဇူမိုဆိုတဲ့လူကြီးက ပြုစုစောင့်ရှောက်ခဲ့ပြီး နင်ဂျာအတတ်ပညာတွေကို ဆရာစားမချန် သင်ကြားပေးခဲ့တဲ့အတွက် သူဟာ နင်ဂျာတစ်ယောက် ဖြစ်လာခဲ့ပြီး ကရာတေးချန်ပီယံအနေနဲ့ ဘဝကိုဖြတ်သန်းနေပါတော့တယ်။ ဒီလိုနဲ့ ကျွန်းတစ်ကျွန်းမှာ နိုင်ငံတကာ ကရာတေးပြိုင်ပွဲ ကျင်းပပေးတဲ့အတွက် ရှောင်တစ်ယောက် ပြိုင်ဖို့ရောက်လာပါတော့တယ်။ ဒီအချိန်မှာ အရင်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး ဂျက်ဆန်လည်း လာရောက်ယှဉ်ပြိုင်ပါတယ်။ တစ်ကယ်တမ်းကျ ကရာတေးပြိုင်ပွဲက အယောင်ပြသာဖြစ်ပြီး ဒီကျွန်းပေါ်မှာ အန္တရာယ်ရှိဗိုင်းရပ်စ်တွေကို စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ရှောင်နှင့် ဂျက်ဆန်တို့နှစ်ယောက် ဘယ်လိုပါဝင်ပတ်သက်လာပြီး ဘယ်လိုတားဆီးကြမလဲ ရှောင့်အနေနဲ့ သွေးကြွေးဆပ်ဖို့ ဘယ်လိုကြုံကြိုက်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီး အရင်ကားတွေလည်း ကြည့်ပြီးသားဖြစ်လောက်တဲ့အတွက် အထူးတလည် ညွန်းစရာမလိုတော့ပါဘူးနော်။ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။ File size…(904 MB) Quality….Webrip 720p Format…mp4 Duration….01:29:00 Genre…Action, Adveture, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 1989
American Ninja 3: Blood Hunt
Amores Perros
8.1

ဒီဇာတ်ကားရဲ့အမည်ဖြစ်တဲ့Amores Perrosဆိုတာကို ဘာသာပြန်ရရင် အဓိပ္ပါယ်က နှစ်မျိုးသုံးမျိုးကွဲနေပေမယ့် တိုက်ရိုက်ပြောရရင်တော့ ခွေးချစ်တတ်သောသူများပေါ့။ ဒီဇာတ်ကားက The Revenant တို့ Birdmanတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro González Iñárritu ကပဲရိုက်ကူးထားတာဖြစ်ပြီး IMDbမှာလဲ 8.1ရခဲ့သလို Rotten Tomatoesမှာလဲ 93%အထိရခဲ့တာမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဒီဇာတ်ကားထဲမှာတော့ ကားအက်စီးဒန့်တစ်ခုကြောင့် ခွေးချစ်တတ်တဲ့လူသုံးယောက်ရဲ့ဘဝတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းတာရော ဆိုးတာရောဒွန်တွဲပြီး တဆစ်တချိုး ပြောင်းလဲသွားတဲ့အကြောင်းကို တစ်ယောက်တစ်ပိုင်းနှုန်းနဲ့ခွဲပြီး ရိုက်ပြပေးထားပါတယ်။ ထိုအက်စီးဒန့်ဖြစ်တဲ့အထဲမှာ ပါခဲ့တာကတော့ အစ်ကိုဖြစ်သူရဲ့ဇနီးကို တိတ်တခိုးချစ်နေပြီး အလုပ်အကိုင်မရှိ ပိုက်ဆံလဲမရှိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် သူ့ရဲ့ခွေးနဲ့ ခွေးတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အိုတာဗီယို… လှပတဲ့အတွက် အရမ်းနာမည်ကြီးပြီး လူတကာကချစ်ခင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို အိမ်ထောင်ကွဲစေခဲ့ပြီး ထိုအမျိုးသားနဲ့ တိတ်တခိုးပေါင်းနေခဲ့တဲ့ ဗာလဲရီယာ… ဇနီးနဲ့သမီးကို ထားခဲ့ပြီး နိုင်ငံရေးထဲမှာဝင်ပါပြီးနောက် အနှစ်၂၀ထောင်ကျပြီးပြန်ထွက်အလာမှာ မိသားစုကလက်မခံတော့လို့ ခြေသလုံးအိမ်တိုင်လျှောက်သွားပြီး သူ့ဘဝကိုလမ်းဘေးခွေးတွေနဲ့ပဲဖြတ်သန်းနေတဲ့ ချီဗို…တို့ပဲဖြစ်ပါတယ် ထိုသုံးယောက်ရဲ့ဘဝတွေဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ဘာတွေဘယ်လိုပြောင်းလဲသွားကုန်ကြမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုပဲကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့။ (ဒီဇာတ်ကားထဲမှာ သွေးသံရဲရဲခွေးတိုက်ပွဲတွေပီပြင်စွာပါဝင်နေတဲ့အတွက် source တွေမှာသေချာရှာကြည့်တော့ “ခွေးတွေက ကစားနေတာသာဖြစ်ပြီး သူတို့ကို လုံးဝမထိခိုက်စေခဲ့ပါ” တဲ့ခင်ဗျ) File size…(3.75 GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:34:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

8.1 2000
Amores Perros
Hello, Universe!

အခုတစ်ခေါက်မှာတော့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့ကြည့်လို့သင့်တော်မယ့် ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာဆိုရင်တော့ ဘတ်စကက်ဘောကို ချစ်မြတ်နိုးသူတွေအနေနဲ့ ကြည့်သင့်တဲ့ အားကစားအခြေခံ ဟာသ ဒရာမာကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အေရီရယ်ဆိုတဲ့ သက်လတ်ပိုင်း ဘတ်စကက်ဘောကစားသမားဟောင်းတစ်ယောက်ဟာ သူငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ပြိုင်ပွဲမှာ သူလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် သူ့ဘဝကြီး အဲ့အချိန်ကတည်းကစလို့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သူ့ကိုယ်သူ အပြစ်တင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူက သာမန် ကုမ္ပဏီဝန်ထမ်းဘဝနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပေမယ့် သူ ဝါသနာပါတဲ့ ဘတ်စကက်ဘောကစားနည်းကိုတော့ နည်းနည်းလေးမှ လက်လွတ်မခံခဲ့ပါဘူး။ တစ်နေ့တော့ သူ့ဘဝသူ ညည်းညူနေရင်းနဲ့ ဂျက်ဆီဆိုတဲ့ လူထူးဆန်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီ့ လူထူးဆန်းက ဘယ်သူလဲဆိုတာကို သူမသိပေမယ့် ဂျက်ဆီနဲ့အတူတူ ထူးဆန်းတာတွေကို လျှောက်လုပ်မိရင်း ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲဆက်ပြီး ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ် File size…(1.6 GB)/(946 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre… Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2023
Hello, Universe!
The New King of Comedy
6.3

ဒီဇာတ်ကားလေးကတော့ မင်းသားကြီး စတီဗင်ချောင်က ထုတ်လုပ်သူနဲ့ ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး IMDb 6.3 ရထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးမှာ..သရုပ်ဆောင်အရမ်းဝါသနာပါပြီး အောင်မြင်တဲ့မင်းသမီးလေးဖြစ်ချင်တဲ့ကောင်မလေး ရှုမုံ့တစ်ယောက်ဟာ နှစ်တွေအကြာကြီးတိုင်အောင် ကြုံရာသရုပ်ဆောင်အဖြစ်လုပ်ခဲ့ရတာတောင် အောင်မြင်ဖို့ထားပါဦး..ငြင်းပယ်ခြင်းနဲ့အထင်သေးခြင်းတွေကိုသူ့မှာဆက်တိုက်ခံစားခဲ့ရတယ်..ဒ ါပေမယ့်သူမက ဘယ်တော့မှလက်လျော့ဖို့မကြိုးစားပဲ အမြဲတစေ တက်ကြွနေခဲ့တယ်..ဒီလိုနဲ့တရက်မှာရူမုံ့ဟာနာမည်ကျမင်းသား Marco နဲ့ရိုက်ကွင်းတခုမှာတွေ့ဆုံခဲ့ရာကနေ သူတို့၂ဦးရဲ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ..အနုပညာလမ်းကြောင်းရဲ့ ခက်ခဲပုံတွေ..လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလို အနှစ်အရသာရှိရှိနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်…မင်းသားကြီးစတီဗင်ချောင်ရဲ့ လက်ရာဆိုတဲ့အတိုင်း..ရသမြောက်တယ်လို့ခံစားမိပါတယ် Comedy လေးတွေလည်းပါတော့ ပိုပြီးပေါ့ပေါ့ပါးပါးလည်းဖြစ်ပါတယ်

6.3 2019
The New King of Comedy
Ranganayaka
3.8

Ranganayaka (2024)”ကြေးမုံပြင်တစ်ချပ်ပေါ်က ပုံရိပ်” ========================================= ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ထူးခြားတဲ့ ကန်နာဒါစကားပြောရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် ထူးခြားရုံတင်မကဘဲ ရုပ်ရှင်ရဲ့ အကြောင်းအရာကိုက ထူးဆန်းနေတာပါ။ ဒီရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ မာတာဂုရုပရာဆတ်ဟာ ဆန်ဒယ်ဝုဒ်လို့ခေါ်တဲ့ ကန်နာဒါရုပ်ရှင်လောကထဲက ဆရာကြီးတစ်ပါးဖြစ်ပြီး ဒီရုပ်ရှင်ဟာ သူ မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တီဗွီအစီအစဉ်တစ်ခုမှာ အိပ်ငွေ့ချ အင်တာဗျူးခံရတဲ့ နာမည်မကြီးတကြီး ဒါရိုက်တာတစ်ယောက် အင်တာဗျူးခံရင်း သူ့ရဲ့ အတွေ့အကြုံတွေ၊ ခပ်ရွဲ့ရွဲ့ အတွေးအခေါ်တွေ၊ သေခြင်းတရားကို ချဉ်းကပ်ပုံတွေ၊ ဘဝအပေါ်အမြင်တွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောပြသွားတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ ထူးခြားချက်အနေနဲ့ အင်တာဗျူးခံရတဲ့ ဒါရိုက်တာနေရာမှာ ဒီရုပ်ရှင်ရဲ့ ဖန်တီးသူ ဒါရိုက်တာဂုရုပရာဆတ်ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး အနုပညာရှင်တစ်ယောက် နောက်ဆုံးအသက်သွင်းသွားတဲ့ အနုပညာလက်ရာတစ်ခုကို ပရိသတ်တွေ စီးမျောခံစားနိုင်ဖို့ ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေက ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Drama
3.8 2024 121 mins
Ranganayaka
Green Bones
7.2

ဖိလစ်ပိုင်တွေရဲ့ ရိုးရာအယူအဆတစ်ခုရှိတယ်.. လူတစ်ယောက်သေသွားပြီးတဲ့နောက်မှာ သူ့ရဲ့အရိုးပြာတွေထဲမှာ အရိုးစိမ်းလေးတစ်ခုတွေ့ရတယ်ဆိုရင် အဲ့ဒီလူဟာ ဘဝတစ်လျှောက်မှာ ကောင်းတဲ့အရာတွေလုပ်ပြီး ရှင်သန်ခဲ့တဲ့သူပဲတဲ့.. လူကောင်းတစ်ယောက်ပဲတဲ့..။ Green Bones ဆိုတဲ့ ဒီဇာတ်ကားကလည်း ဒီအယူအဆထဲမှာပါတဲ့ အရိုးစိမ်း(Green Bone)ဆိုတာကို အစွဲပြုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တိုတွေ လူတစ်ယောက်အကြောင်းကို ကြားလိုက်တာနဲ့ အဲ့လူဟာ ဘယ်လိုလူပါဆိုပြီး တန်းပြီးဆုံးဖြတ်လိုက်တဲ့ လုပ်ရပ်မျိုးဟာ တစ်ခါတလေမှာ အကြီးအကျယ်မှားယွင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်သွားနိုင်ပါတယ်။ အခုလို သတင်းအချက်အလက်စီးဆင်းမှုမြန်ဆန်လွန်းတဲ့ ခေတ်ကြီးမှာပိုတောင်ဆိုးပါသေးတယ်။ သတင်းတစ်ပုဒ်.. စာတစ်ပုဒ်.. လူတစ်ယောက်ရဲ့ဇာတ်လမ်း.. ဒါကိုဖတ်လိုက်တာနဲ့ တန်းပြီး အမှန်လိုမယူဆသင့်ပါဘူး။ တခြားသော အထောက်အထားတွေရှာတာ.. တခြားသူတွေကရော ဒီအကြောင်းအရာအပေါ်မှာ ဘယ်လိုပြောနေကြလဲဆိုတာ နားထောင်သင့်ပါတယ်။ နားတစ်ဖက်ထဲနဲ့ နားထောင်တဲ့အခါမှာ ကိုယ်မကြားနိုင်တဲ့.. ကိုယ်မနိုင်တဲ့တစ်ဖက်မှာ အမှန်တရားရှိနေနိုင်ပါတယ်။ ကိုယ်သိထားတာကြီးကလည်း အမှားကြီးဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် စိတ္တဇဒွန်လိုခေါ်တဲ့ လူတစ်ယောက်က သူ့ညီမအရင်းကိုလည်း သတ်ခဲ့တဲ့အပြင်.. ကောလဟာလတွေအရ သူ့ညီမရဲ့ သမီးလေး.. သူ့တူမလေးကိုပါ သတ်ပြီး မြစ်ထဲမျော..အလောင်းဖျောက်ခဲ့တဲ့ သွေးအေးလူသတ်သမားတစ်ယောက်ပေါ့။ သူ့တူမလေးရဲ့ အလောင်းကို မြစ်ထဲပစ်ချခဲ့တဲ့ တံတားပေါ်မှာပဲ သူ့ကိုဖမ်းမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့အချိန်မှာ သူက စိတ်ရူးဖောက်နေသလိုမျိုး ခြေဟန်လက်ဟန်တွေ မနားတမ်းလုပ်ပြနေခဲ့တယ်။ အဲ့လိုနဲ့ စိတ္တဇဒွန်ကို မနီလာမြိုစင်ထရယ်အကျဉ်းထောင်ကနေ သီးသန်းတစ်ကျွန်းထောင်ဖြစ်တဲ့ ဆန်ဖာဘီယန်အကျဉ်းထောင်ကို လွှပြောင်းထိိန်းသိမ်းထားခဲ့တယ်။ အဲ့လိုနဲ့ ဆယ်စုနှစ်တစ်ခုလောက်အကြာမှာ မှုခင်းသိပ္ပံကျောင်းဆင်း အကျဉ်းမှူးအရာရှိအသစ်လေး ဂွန်ဂျဂါက အဲ့ဒီဆန်ဖာဘီယန်အကျဉ်းထောင်ကို တာဝန်ကျခဲ့ပါတယ်။ အကျဉ်းမှူးဂွန်ဂျဂါရဲ့ကလေးဘဝမှာတုန်းက သူ့အစ်မကို စိတ္တဇလူသတ်ကောင်တစ်ယောက်သတ်တာကို မေ့မရဘဲ စိတ်ဒဏ်ရာတစ်ခုရှိခဲ့သူပါ။ သူ့အစ်မအသတ်ခံရပြီးနောက်ပိုင်းမှာ “လောကမှာ လူကောင်းနဲ့လူဆိုးနှစ်မျိုးပဲရှိတယ်.. လူကောင်းနဲ့လူဆိုးကြားက တံတိုင်းတစ်ခုအဖြစ် ရပ်တည်မယ်” ဆိုတဲ့ ခံယူချက်နဲ့ မှုခင်းသိပ္ပံဘွဲကိုယူပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့သူပါ။ ဒီနှစ်ယောက်က ဆန်ဖာဘီယန်မှာတွေ့ကြတဲ့အခါ အတိတ်မှာဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုကိုပြန်ပြီး တူးဆွမိခဲ့ကြပါတယ်။ အဟောင်းတွေ အသစ်ပြန်ဖြစ်လာတဲ့အခါ.. တိမ်မြုပ်နေတဲ့ အမှန်တရားတွေ.. အကျင့်ပျက်ခြစားမှုတွေ.. ထောင်တွင်းအကြမ်းဖက်မှုတွေရှိနေတဲ့ အကြောင်းတွေကို တစ်ခုပြီးတစ်ခု စုံစမ်းနိုင်ခဲ့တယ်။ ဒီလိုနဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းမှာ ဘယ်သူအမှန်.. ဘယ်သူကအမှားလဲ။ ဘယ်သူက လူဆိုး.. ဘယ်သူက လူကောင်းလဲ။ ဇာတ်လမ်းစိတ်ဝင်စားဖိုလည်းကောင်းသလို.. ဝမ်းနည်းဖွယ်ရာဇာတ်ဝင်ခန်းတွေလည်းပါပါတယ်။ လူကောင်းနဲ့လူဆိုးဆိုတာကို ဘာတွေနဲ့သတ်မှတ်ကြတာလဲ။ ဘယ်ပေတံတွေနဲ့တိုင်းတာကြတာလဲ။ ကောင်းမယ်ထင်ပြီး လုပ်လိုက်တဲ့အရာတစ်ခုက လွဲချော်သွားခဲ့ရင်ရော ဆိုးတဲ့အရာတစ်ခုအဖြစ်ပြောင်းသွားနိုင်လား။ အတိတ်မှာမကောင်းခဲ့ဘူးဆိုတာနဲ့ပဲ.. နောင်တစ်ချိန်မှာရော လူကောင်းတစ်ယောက်မဖြစ်နိုင်တော့ဘူးတဲ့လား..။ File Size… (2.00 GB) / ( 857 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

7.2 2025 100 mins
Green Bones