YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Influential (2022) (Ep14).mp4

1.16 GB N/A video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Quiet Girl
7.6

Rating အမြင့်တွေပဲ ရထားတဲ့ Coming of Age ရုပ်ရှင်လေးပါ။ ဘာလင် ဒတ်ဗလင် တိုင်ပေ အိုင်းရစ် ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ တသီကြီးလည်း ရထားပါတယ်။ 2023 အော်စကာအတွက် အိုင်ယာလန်ကနေ Best International Feature Film အရွေးခံဖို့အတွက် ကိုယ်စားပြုရုပ်ရှင်အနေနဲ့ ရွေးထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်လမ်း သရုပ်ဆောင် စီနီမာ အကုန်လှပနေတဲ့ ဒီရုပ်ရှင်လေးက တော်တော်တော့ ရိုးရှင်းပါတယ်။ ဆင်းရဲပြီး ကလေးတွေအများကြီးရှိတဲ့ မိသားစုတစ်ခုဟာ နောက်ကလေးထပ်မွေးတော့မှာမို့ သူတို့ရဲ့အငယ်ဆုံးသမီးလေးကို ဝမ်းကွဲအမအိမ်ပို့ထားတဲ့အကြောင်း ဇာတ်လမ်းလေးပါပဲ။ အမေရဲ့ ဝမ်းကွဲအစ်မအိမ်မှာ ကလေးမလေးဖြတ်သန်းခဲ့ရတဲ့ အချိန်တွေအကြောင်းသက်သက်ပဲ။ သို့ပေမဲ့ သူဇာတ်အိမ်တည်ဆောက်ထားတဲ့ပုံလေးက မြင်နေကျမဟုတ်ဘဲ ဆန်းတော့ဆန်းပါတယ်။ ဒီလို Coming of Age ကားတွေဟာ သိပ်မကောင်းတောင် ပရိသတ်ရင်ကို ငြိနေကျမို့ ဒီရုပ်ရှင်ကလည်း Coming of Age ကားကောင်းတစ်ကားဆိုတော့ အကြိုက်တွေ့ကြမယ်လို့ပဲ ညွှန်းချင်ပါတယ်။ အဓိကသရုပ်ဆောင်ကလေးမလေးက ချစ်ဖို့လည်းကောင်း သရုပ်ဆောင်လည်းကောင်းသလို ဒါရိုက်တာကလည်း သူ့ကာရိုက်တာကို တော်တော် support ပေးနိုင်ခဲ့တာမို့ အသက်ဝင်လှပနေတဲ့ ထိခတ်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 850MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 34Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama • Romance
7.6 2022 94 mins
The Quiet Girl
The Novelist's Film
6.3

~ IMDb - 7/10, Rotten Tomatoes - 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist's Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist's Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.73GB, 1.13GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
6.3 2022 92 mins
The Novelist's Film
Superhost
5.6

"Superhost"ဆိုတာက Teddy နဲ့ Clair ဆိုတဲ့ Travel blogger နှစ်ယောက်စီစဥ် တင်ဆက်နေတဲ့အစီအစဥ်တစ်ခုပဲ။သူတို့နှစ်ယောက်က အပန်းဖြေအိမ်တွေမှာလိုက် ငှားနေပြီးရီဗျူးဗီဒီယိုတွေရိုက်ပြီးတော့ " Superhost"မှာ အပိုင်းလိုက်နဲ့တင်ကြတာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့လူစိတ်ဝင်စားမှုနည်းလာပြီး ကြည့်ရှုနှုန်းကျလာလို့ ကြည့်ရှုနှုန်း ပြန်တက်အောင်နှစ်ယောက်သားကြံကြတာပေါ့။ ဒီလိုနဲ့ပဲ Rebeccaဆိုတဲ့အမျိုးသမီးတစ်ဦး ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်လေးကို သူတို့ငှားဖြစ်သွားပြီး ရီဗျူးဗီဒီယိုလေးရိုက်ဖို့စီစဥ်ခဲ့ကြ တယ်။ Teddy ကတော့ ဒီအစီအစဥ်လေးကိုရိုက်ကူးရင်း Clair ကိုလက်ထပ်ခွင့်တောင်းဖို့ပါ စီစဥ်နေခဲ့တာပေါ့။ Rebecca ရဲ့အိမ်လေးကလိုင်းမကောင်းတာကလွဲရင် အစစအရာရာအဆင်ပြေနေတော့ နှစ်ယောက်သားပျော်ရွှင်နေကြတာပေါ့။ Rebeccaကလည်း သူ့အိမ်လေးကို ရီဗျူးကောင်း ကောင်းရစေချင်တဲ့လူဆိုတော့ နှစ်ယောက်အတွက်လိုတာကိုဖြည့်ဆည်းပေးတာပေါ့။ဒါပေမယ့် တစ်ရက်ကျ Teddyနဲ့ Clairတို့နဲ့ပတ်သက်ခဲ့ဖူးတဲ့လူတစ်ယောက်မထင်မှတ်ပဲ သူတို့နေရာအိမ် ဆီရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲနောက်ပိုင်းကျ မထင်မှတ်ထားတဲ့ကံကြမ္မာဆိုးနဲ့ နှစ်ယောက် သားကြုံကြိုက်ပြီးတော့ ဒီကံကြမ္မာဆိုးကနေဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမယ့် Horror , Thriller ကားကောင်းလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူကများကတော့ CM Team မှ ဖြစ်ပါတယ်) File Size - (1 GB) /(469 MB) / (322 MB) Quality – BluRay 1080p / 720p/480p Duration - 1h 24 mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – CM Team Encoder – SWM

Action • Adventure • Crime • Thriller
5.6 2021 83 mins
Superhost
Hidden Figures
8.1

အော်စကာ သုံးဆု ဆန်ခါတင် ပါဝင်ခဲ့ပြီး တစ်ခြားဆုပေါင်းများစွာ ရရှိထားတဲ့ Biography ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားဟာဆိုရင် နာဆာ ရဲ့ အစောပိုင်းနှစ်တွေမှာ အရေးကြီးတဲ့ နေရာက ပါဝင်ပေးခဲ့တဲ့ အမျိုးသမီးသုံးဦး အကြောင်းရိုက်ကူးထားတဲ့ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်ကားလေးဖြစ်ပါတယ်။နာဆာရဲ့ အစောပိုင်းနှစ်တွေမှာ အမေရိကန်ကလည်း ဆိုဗီယက်ရုရှားတွေနဲ့ အပြိုင် သူတို့ထက်အရင် အာကသထဲကို လူလွှတ်နိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာပဲ နာဆာကလည်း ပညာရှင်တွေကို လိုအပ်နေတဲ့ အချိန်မှာပဲ တစ်ချိန်မှာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အော်ပရေးရှင်းဖြစ်လာမဲ့ အော်ပရေးရှင်းကြီးရဲ့ အဓိက လူသုံးယောက်ဖြစ်လာမဲ့ ဒီအမျိုးသမီး သင်္ချာပညာရှင် သုံးယောက်ကို တွေ့ရှိခဲ့ပါတယ်။ဒီသုံးယောက်ဟာဆိုရင် နောင်တစ်ချိန်မှာ လူသားကွန်ပျုတာ သုံးယောက်ရယ်လို့ အမေရိကန် သမိုင်းမှာ ထင်ရှားလာမဲ့သူတွေပါ။ဒီသုံးယောက်ဟာ အာာကသသူရဲကောင်း ဂျွန်ဂလမ်းကို ကမ္ဘာပတ်လမ်းတွေရောက်ရှိပြီး လုံခြုံစွာပြန်လာစေရမယ်ရယ်လို့ အာမခံပြီး အကောင်းဆုံးလုပ်ဆောင်ပြခဲ့ပါတယ်။ဒေါ်ရသီဗန်း မယ်ရီဂျက်ဆန် နဲ့ ကတ်သရင်း ဂျွန်ဆန်တို့ဟာ လူမျိုးမတူ ကျားမ မတူ ပညာချင်းမတူညီခြင်း အစရှိတဲ့ စည်းမျဉ်း တွေကို ဖြတ်ကျော်ပြီး ရဲဝံတွေ အိပ်မက်တွေကို မက်ရဲတဲ့ သတ္တိ တွေ လုပ်ရဲတဲ့ သတ္တိတွေနဲ့ အမေရိကန်နိုင်ငံငို ကမ္ဘာ့အလယ်မှာ အာကသနဲ့ ပတ်သတ်လာရင် လက်မထောင်နိုင်အောင် ဘယ်လို လုပ်ခဲ့ကျလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ။ File Size : 909 MB Quality : Blu Ray Running Time : 2h 7min Format : Mp4 Genre : Biography, Drama, History Encoder : Tariq L Walker

Action & Adventure • Animation • Sci-Fi & Fantasy
8.1 2016 127 mins
Hidden Figures
Rocky Balboa
7.1

လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p 5.1CH/ 720p / 480P Format…mp4 Duration….1h 42m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

7.1 2006 102 mins
Rocky Balboa
The Out-Laws
5.5

The Out-laws (2023) ငါးယောက်မြောက် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့ဘရိုနန်ရဲ့ အက်ရှင် ဟာသ ကားအသစ်လာပါပြီ။ အိုဝင် နဲ့ ပါကာတို့ဟာ လက်ထပ်ခါနီး စုံတွဲတစ်တွဲဖြစ်ပါတယ်။ အိုဝင်ကတော့ ဘဏ်မန်နေဂျာဖြစ်ပြီး ပါကာက ယောဂသင်တန်းဆရာမပါ။ မင်္ဂလာဆောင် နီးလာချိန်မှာ အိုင်ဝင်နဲ့ပါကာရဲ့မိဘတွေလည်း ရောက်လာကြပါတယ်။ ပါကာရဲ့ မိဘနှစ်ယောက်ဟာ သူတို့သမီးကိုလာမတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မင်္ဂလာဆောင်ခါနီးမှပဲ ရောက်လာတော့တာပါ။ သူတို့ရောက်ပြီး မကြာခင် မင်္ဂလာဆောင်မဲ့နေ့ မရောက်ခင်မှာပဲ အိုဝင်ရဲ့ဘဏ်ကို ဓားပြတိုက်ခံလိုက်ရပါတယ်။ ဓားပြတွေက အကြောင်းသိဖြစ်နေပြီး အိုဝင်ရဲ့ လျို့ဝှက်ကုတ်တွေအကုန်လုံးကို သိနေတာကြောင့် အိုဝင်ဟာ သူ့ယောက္ခမတွေလက်ချက်လို့ သံသယရှိသွားပါတော့တယ်။ ဒီတော့ဘဏ်ဓားပြတွေနောက်ကို လိုက်ပြီးဖော်ထုတ်ဖို့ ကြိုးစားရင်း ရှုပ်သထက် ရှုပ်လာပြီး အန္တရာယ်တွေနဲ့တွေ့လာတဲ့အခါ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Romance, Action, Comedy Quality…. 1080p | 720p | 480p File size… 1.25GB | 709MB | 341MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. Aaron

5.5 2023
The Out-Laws
The Prequel of Gold Convoyers 2: Super National Treasure
5.8

ပထမကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ မင်းကြီးက မသေဆေးကို ဖော်စပ်ဖို့သာ အားသာနေပြီး နိုင်ငံ့အရေးကို လျစ်လျူရှုခဲ့ပါတယ်။ တစ်နေ့မှာ ကျင့်မင်းသားကြီးအိမ်တော်က ကျောက်ပြားကို အစောင့်အထပ်ထပ်ချထားတဲ့ကြားက “အမြီးကိုးချောင်းမြေခွေး” ကခိုးယူသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ “အမြီးကိုးချောင်းမြေခွေး” ရဲ့သတင်းက တိုင်းပြည်အနှံ့ပြန့်သွားပြီး အစိုးရကလည်းဖမ်းမိန့်ထုတ်ခဲ့ပါတယ်။ နန်းတွင်းကိုယ်ရံတော်တပ်က ဝမ်ကျောက်ရှင်းဟာ အမိန့်အရ ဖျင်အန်းပို့ဆောင်ရေးစခန်းမှာ ပို့ဆောင်ရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။ မင်းသားကြီးအိမ်က ပျောက်သွားတဲ့ ကျောက်ပြားအကြောင်း စုံစမ်းဖို့နဲ့ “အမြီးကိုးချောင်းမြေခွေး”ကို ဖမ်းဆီးဖို့ ဆရာတူညီမဖြစ်သူဆီကနေ အမိန့်က်ို လက်ခံရရှိခဲ့ပါတယ်။ နောက်နေ့မှာ ခရိုင်မှူးအသစ်က ဖျင်အန်းပို့ဆောင်ရေးရဲ့ သူဌေးဂူဖျင်အန်းနဲ့ သူမအဖေကို ဆင့်ခေါ်ပြီး အလုပ်အပ်ခဲ့ပါတယ်။ “နတ်သားနှင်းရည်ခံပြား” ကို “အမြီးကိုးချောင်းမြေခွေး” လက်ထဲက ကာကွယ်ပေးရန်ဖြစ်ပါတယ်။ “နတ်သားနှင်းရည်ခံပြား” က ဘယ်လို အဖိုးတန်တဲ့ ရတနာဖြစ်နေမလဲ…… ဖျင်အန်းတစ်ယောက် ဝမ်ကျောက်ရှင်းရဲ့ အကူအညီနဲ့ “အမြီးကိုးချောင်းမြေခွေး” ကို ဖမ်းဆီးနိုင်လိမ့်မလား…… “အမြီးကိုးချောင်းမြေခွေး” ကရော ဘယ်သူ ဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.8 2010
The Prequel of Gold Convoyers 2: Super National Treasure
Crispy
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Joe Leone ရိုက်ကူးထားပြီး Luke Ryan, Saoirse Tiernan, Colson Branum စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းစတင်တာကတော့ ဆယ်ကျော်သက်လူငယ်တစ်စုတို့ တောအုပ်ထဲကို ရတနာရှာပုံ‌တော်ထွက်တဲ့ခရီးတစ်ခုကြောင့်ပါပဲ။ ရစ်ကီဆိုတဲ့လူငယ်လေးက ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေရတာကို စိတ်ဝင်စားလွန်းတဲ့သူပါ။ တစ်နေ့မှာတော့ လိုင်းပေါ်ကဂရုချက်တစ်ခုကနေ တော်လှန်ရေးစစ်ပွဲခေတ်က ဒင်္ဂါးပြားတွေမြှုပ်ထားတဲ့နေရာအကြောင်း သတင်းရတဲ့အခါ သွားရောက်ရှာဖွေလိုစိတ်တွေပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းအုပ်စုကိုခေါ်ပြီး ရတနာရှာဖို့တောအုပ်ဆီကို သွားကြဖို့ ဖြစ်လာခဲ့ပါတယ်။‌ ‌‌‌‌မွေးရာပါ‌‌ဝေဒနာကိုခံစားနေရပြီး ဝှီးချဲနဲ့နေရတဲ့ ရစ်ကီရဲ့အမဖြစ်သူက မသွားဖို့တားခဲ့ပေမယ့်လည်း ဆယ်ကျော်သက်အုပ်စုကတော့ အိပ်မက်အသီးသီးကို အ‌ကောင် အထည်ဖော်ဖို့ ရတနာရှိတဲ့တောအုပ်ထဲကို ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် တောထဲရောက်တော့မှ ‌မြေပုံကအမှန်မဟုတ်တာ သိလိုက်ရတဲ့အပြင် လမ်းပါပျောက်သွားတဲ့အခါ ပြဿနာတွေ စတက်ပါတော့တယ်။ တောထဲကဆယ်ကျော်သက်အုပ်စုက လူသားစားတဲ့ဆိုက်ကို ကောင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ဘယ်လိုတွေရုန်းကန်ရမလဲ… ‌‌တောထဲကရော လွတ်မြောက်သွားနိုင်မလား… ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်း အဖြေရှာရမှာပါ။ Plot twist အကြီးစားလည်းပါလို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။ File size… (1.25GB) / (632MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 16m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Animation • Family • TV Movie • Mystery • Fantasy
5 2024 75 mins
Crispy
Raid 2
7.4

Raid 2 (2025) ******************* (Official WEB DL ထွက်ရှိလာပြီမလို့ ထပ်မံupdateပေးလိုက်ရပါတယ်) ဒီဇာတ်ကားလေးကတော့ IMDb rating 7.8အထိရရှိထားတဲ့ ဟင်ဒီစကားပြော ဘောလိဝုဒ် အမျိုးအစားCrime/Thriller ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Raid 1ထဲက မင်းသားကြီးအားဂျေးဒေ့ဗ်ဂန်ကပဲပြန်လည်သရုပ်ဆောင်ထားပြီး မင်းသမီး ကတော့ War 2019ထဲက ပရိတ်သတ် အသည်းစွဲလေးဖြစ်တဲ့ ဗာနီကပူးရ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Raid 1ထဲက ဖြောင့်မတ်မှန်ကန်ပြီး တိုင်းပြည်အပေါ် သစ္စာရှိတဲ့အပြင် ဘယ်သူဖျက်ဖျက် တရားမပျက်ပါလေသောအကောက်ခွန်အရာရှိကြီးဖြစ်တဲ့ အာမေးပတနာယက်ဟာ ဆိုရင်ဖြင့်လာဘ်စားမှုနဲ့ စွတ်စွဲခံရပြီး သူ့ရဲ့ တာဝန်ကျ သက်တမ်းတလျှောက် ၇၄ကြိမ်မြောက် အနေနဲ့ ဘွဂ်ျမြို့ကို တာဝန်ပြောင်းရွှေ့ချထားခြင်း ခံလိုက်ရပါတယ်။ ဘွဂ်ျမြို့ကို ရောက်တယ်ဆိုရင်ပဲ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ပြည်ထဲ‌ရေးဝန်ကြီး ဒါဒါဘိုင်ဆိုသူနဲ့ ထိပ်တိုက် တွေ့လိုက်ရပြီး ဒါဒါဘိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို ဝင်စီးတော့တာပေါ့။ အချက်အလက် အတိအကျနဲ့ စစ်ဆင်ရေး ဝင်စီးခဲ့ပေမဲ့လည်းရန်သူ့ဘက် က ခြေတစ်လှမ်းသာသွားတာကြောင့် ဘာမှမသိမ်းလိုက်ရတဲ့အပြင် တာဝန်က‌နေပါ ရပ်ဆိုင်းခံလိုက်ရတော့တာပါပဲ။ ဒီလိုနဲ့ အာမေးပတနာယက်တစ်ယောက် ဒါဒါဘိုင်ကို ရိုက်ချိုးနိုင်ဖို့ လျှို့ဝှက်လှုပ်ရှားရာမှာတော့… ဝန်ကြီးဖြစ်တဲ့ ဒါဒါဘိုင်ကို ရာထူးမဲ့ အာမေးပတနာယက် တစ်ယောက် ဖြိုချနိုင်မှာလား… ဘယ်လို ဇာတ်ကွက် အလှည့်အပြောင်းတွေက စောင့်ကြိုနေမလဲ… ဆိုတာတွေ‌ကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးလို့ …

Music • Drama
7.4 2025 139 mins
Raid 2
Sid and Nancy
7

Sid and Nancy (1986) IMDB :7.0 Rotten Tomatoes : 89% Genre : Musical / Romance ၁၉၇၈ ခုနှစ် အောက်တိုဘာလရဲ့ မနက်ခင်းတစ်ခုမှာ Nancy Spungen တစ်ယောက် Sid Vicious နဲ့အတူရှိနေတဲ့ ဟိုတယ်ခန်းထဲမှာ ဓားဒဏ်ရာနဲ့သေဆုံးနေတာကိုတွေ့ခဲ့ပါတယ်။ Sid Vicious ကို လူသတ်မှု သံသရရှိမှုနဲ့ထောင်ထဲကိုထည့်လိုက်ပါတယ်။ ဒါပေမဲ့ Sid က Nancy ကိုသတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ Nancy သေဆုံးချိန်မှာ သူ(မ)အသက်က ၂၀ ပဲရှိပါသေးတယ်။ Sid ကို အာမခံနဲ့ထုတ်ပေးခဲ့ပေမဲ့ နောက်တစ်နှစ်တောင်မကြာတဲ့ 1979 ခုနှစ် ဖေဖော်ဝါရီလရဲ့ ကြေကွဲဖို့ကောင်းတဲ့ တစ်ရက်မှာ ဆေးလွန်ပြီး သူဟာလည်း Nancy နောက်ကိုလိုက်သွားခဲ့ပါတယ်။ Sid သေဆုံးချိန်မှာ သူဟာ အသက် ၂၁ ပဲရှိပါသေးတယ်။ ဇာတ်သိမ်းမလှတဲ့ ချစ်ခြင်းတွေအကြောင်းပြောရရင် Sex Pistols ပန့်ခ်တီးဝိုင်းက ဘေ့စ်သမား Sid Vicious နဲ့ အမေရိကန်မလေး Nancy Spungen တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကလည်း အမြဲလိုလိုပါတတ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ကြေကွဲဖို့ကောင်းတာလား၊ ဒါမှမဟုတ် သနားဖို့ကောင်းနေတာလား၊ ဒါမှမဟုတ် သံဝေဂယူဖို့ကောင်းတာလား၊ ဒါကတော့ ကြည့်တဲ့မျက်လုံးတွေကိုလိုက်ပြီး ကွဲသွားမယ်လို့ ထင်ပါတယ်။ ဒီရုပ်ရှင်ကို တချို့က သမိုင်းကြောင်းမတိကျလို့ မကြိုက်ဘူးပြောကြတယ်။ တချို့က Biopics အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုလို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ဝေဖန်ရေးသမားတွေကြားမှာရော ပရိသတ်တွေကြားမှာရော ဒီကားက အတော်လေး တသသပြောခဲ့ကြတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုမပြောခင် Sex Pistols အကြောင်းနည်းနည်းပြောချင်ပါတယ်။ Sex Pistols ကတော့ 1975 ခုနှစ် လန်ဒန်မှာစတည်ထောင်ခဲ့တဲ့ ဗြိတိန်ရော့ခ်တီးဝိုင်းတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ပန့်ခ်/ရော့ခ် သမိုင်းတစ်လျှောက်လွှမ်းမိုးမှုအရှိဆုံး တီးဝိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗြိတန်တီးဝိုင်းတစ်ခုကကောင်လေးနဲ့ အမေရိကန်ကကောင်မလေး ဘယ်လိုရေစက်ပါလည်းဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။ ဇာတ်ညွှန်း Sid ဟာ လန်ဒန်မှလွှမ်းမိုးမှုကြီးတဲ့ Sex Pistols တီးဝိုင်းရဲ့ မူလအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အသက်လေးတွေကလည်းငယ်တော့ ရေသောက်သလိုနေ့တိုင်း သူတို့နဲ့ရှိနေခဲ့တာက မူးယစ်ဆေးဝါးပဲဖြစ်ပါတယ်။ မူးယစ်ဆေးကြောင့်ပဲ အမေရိကန်ကကောင်မလေး Nancy နဲ့ကြုံခဲ့ပါတယ်။ ဆေးကိုလိုတာထက်ပိုသုံးတဲ့ Sid နဲ့ Nancy တို့ရဲ့ အချစ်ခရီးဟာ ထင်သလို ဖြောင့်ဖြူးမနေခဲ့ပဲ အကွေ့အကောက်တွေကများလွန်းခဲ့ပါတယ်။ ပိုက်ဆံနည်းနည်းရလိုက် ဆေးချလိုက် ဘဝကိုကြုံသလိုဖြတ်သန်းလိုက်နဲ့လုပ်နေတာကြောင့် Sid ရဲ့ အရည်အချင်းတွေဟာလည်း တိုးတက်မလာပဲ ဆုတ်ယုတ်လာခဲ့ပါတယ်။ ဘဝကို ဒီလိုလွယ်လွယ်ပဲဖြတ်သန်းနေတဲ့ Sid နဲ့ Nancy တို့ ဘဝကိုဘယ်လိုရှေ့ဆက်မှာလဲဆိုတာက ခံစားကြည့်လိုက်ကြပါ။ ဒီရုပ်ရှင်ဟာကို Sid အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman ရဲ့ အကောင်းဆုံးတွေထဲကတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဘာလို့ သတ်မှတ်ထားလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်မှပဲ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ Nancy အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Chloe Webb ကြောင့်လည်း ဒီရုပ်ရှင်ကပိုအသက်ဝင်ခဲ့ပါတယ်။ မှတ်ချက်။ Sid and Nancy သည် R-Rated ဖြစ်ပါသည်။ ဆဲဆိုသည့်စကားလုံးများ၊ လိင်ဆက်ဆံသည့်အခန်းများ၊ ဆေးချသည့်အခန်းများ၊ သွေးထွက်သံယိုအခန်းများ များပြားလွန်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ File size… 5 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Drama • Fantasy • Romance
7 1986 114 mins
Sid and Nancy
X & Y
6.6

X and Y (2025) အာဒံ နှင့် ဧဝ ကမ္ဘာဦးအစ အာဒံနှင့်ဧဝကဆိုသလို ဒီဇာတ်လမ်းထဲက မင်းသားမွေးဖွားလာဖို့အတွက်လည်း သူ့ရဲ့မိဘနှစ်ဦး ပေါင်းစပ်ဖို့လိုအပ်နေပါတယ်ကောင်းကင်ဘုံကနေ ကမ္ဘာပေါ်ကိုဆင်းသက်ဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းနေတဲ့ စိတ်ဝိဉာဉ်တစ်ခုက ကမ္ဘာပေါ်ကို ဆင်းသက်ချင်လို့ ဘုရားသခင်ကိုတောင်းဆိုခဲ့ပါတယ်… ဘုရားသခင်းက ဆုကိုချီးမြှင့်လိုက်ပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိပါသေးတယ်.. သုံးညအတွင်းမှာ သူ့မိခင်နှင့်ဖခင်ဖြစ်လာမယ့်သူတို့ကို ပေါင်းစည်းနိုင်အောင်လုပ်ပေးမှသာ မွေးဖွားခွင့်ရမှာဖြစ်ပါတယ်.. အဲလိုနဲ့ စိတ်ဝိဉာဉ်က ကမ္ဘာပေါ်ကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုဝင်ရောက်ပြီး လူ့လောက ခရီးစဉ်ကိုစတင်ခဲ့ပါတယ် လူတွေကြားထဲ ချစ်ခြင်း မုန်းခြင်း ရှုပ်ထွေးမှုတွေကို သူလက်တွေ့မျက်မြင်ခံစားရပါတော့တယ်.. သူ ကမ္ဘာပေါ်က ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ… သူ့မိဘနှစ်ပါးကိုရော ပေါင်းစည်းပေးနိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားပေးကြပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် )

Comedy • Romance • Fantasy • Drama
6.6 2025 108 mins
X & Y