YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Impossible Heir 2024 - Episode 03 - 720p [RMC].mp4

489.65 MB N/A video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gunfight at Rio Bravo
2.5

ရဲမှူးချုပ် Austin Carterနဲ့ သူ့လက်ထောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Hellhoundဂိုဏ်းခေါင်းဆောင် Ethan Crawley ကို ဖမ်းမိပြီး တရားစီရင်ဖို့ San Antonia မြို့ကို ခရီးသွားကြ တယ်။ လမ်းမှာ Blind Chapel ဆိုတဲ့ မြို့မှာရပ်နားပြီး လူဆိုး ဂိုဏ်းခေါင်းဆောင်ကြီး Ethan Crawleyကို အဲ့မြို့ရဲ့ အကျဥ်း ခန်းမှာ ခဏချုပ်ထားတယ်။ ဒါပေမဲ့ Hellhoundဂိုဏ်းက လူတကာကိုသတ်ဖြတ်ပြီး ​မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ အရိုင်းအစိုင်းကောင်တွေဆိုတော့ Blind Chapelရဲ့ မြို့တော်ဝန် Bowmanက လက်မခံဘူး။ အဲ့လိုနဲ့ လက်ခံမယ်ပြောတဲ့ ရဲမှူး Vernon Kellyနဲ့ အငြင်းပွားပြီး နောက်တော့ Crawleysကို လက်ခံလိုက်ပါတယ်။ အဲ့အချိန်မှာပဲ ဇာတ်လမ်းရဲ့အရှုပ်တော်ပုံကြီးက စတော့တာပဲ။ ဇာတ်လိုက်မင်းသား Ivanက ​သေနတ်ပစ်ကျွမ်းပြီး သူ့သရုပ်မှန် ကိုတော့ ဘယ်သူမှသေချာမသိကြဘူး။ Hellhoundဂိုဏ်းက သူတို့ခေါင်းဆောင်ကိုပြန်ခေါ်ဖို့ Blind Chapel မြို့ကို လာတိုက် ဖို့ကြံတာမို့ ရဲမှူး Vernon၊ ရဲမှူးချုပ် Austin နဲ့ Ivan တို့ကပဲ ခုခံပြီး မြို့ကိုလည်းကာကွယ်၊ Crawleysကိုလည်း မလွတ်အောင် ကြံရ ပါတော့တယ်။ Countryside Cow boy တွေနဲ့ Action genre ကားဖြစ်တာမို့ အတိုင်းအတာတစ်ခုလောက်ထိ ကောင်းမွန်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.46 GB) / (553 MB) / (330 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Western Translator.......Thwal Htoo Zin Encoder..........SWM

Drama • Science Fiction • Thriller
2.5 2023 80 mins
Gunfight at Rio Bravo
Paycheck
6.2

Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။ တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Susan

Crime • Thriller
6.2 2003 119 mins
Paycheck
Broken People
3

Broken People (2023) လူတစ်ယောက်နဲ့ တစ်ယောက် သူ့အကြောင်းကိုယ့်အကြောင်း သေချာသိကြဖို့ အချိန်ဘယ်လောက်လိုပါသလဲ… လူတစ်ယောက်နဲ့ တစ်ယောက်ကြား အခိုင်မာဆုံးကြိုးတွေ ချည်ဖြစ်ဖို့ ရာသီဘယ်နှလီ ဖြတ်သန်းကြရမလဲ... တချို့တွေအဖို့ နှစ်နဲ့ချီ ဖြည်းဖြည်းချင်း ညှိယူသိယူကြရတဲ့ နားလည်မှုတွေ၊ တစ်ကြိုးချင်းရစ်ရင်းသီရင်းက ချည်နှောင်ခဲ့ရတဲ့ ရင်းနှီးမှုတွေဟာ... တချို့များအတွက်ကျတော့လည်း ဝီစကီတစ်ခွက်ပဲ လိုပါတယ်။ တစ်ခါတစ်ခါ ရင်ဖွင့်ချင်တာတွေရှိတဲ့အခါ ကိုယ့်အသိအဝန်းအဝိုင်းထဲက လူတစ်ယောက်ဆီမှာ ဖွင့်ချရတာထက် ကိုယ့်ကိုလုံးဝမသိတဲ့ လူစိမ်းတစ်ယောက်ဆီမှာ အိပ်သွန်ဖာမှောက်ပြောပြရတာက ပိုလို့ သက်တောင့်သက်သာရှိပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၅မိနစ်က သူစိမ်းတစ်ယောက်ဟာလည်း သင့်ဘဝရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို မပြောပြချင်ပါဘူး။ ဘာလို့ဆို ဒါဟာ သူစိမ်း၂ယောက်ကြားက ရင်းနှီးမှု မီးပွင့်လေးကို တတိယလူ(အပြင်လူ)နေရာကနေ စောင့်ကြည့်ရတဲ့ ဖီလင်လေးနဲ့ မျောရမှာမို့ပါ။ သူစိမ်း၂ယောက်... ဘားတစ်ခု... ဝီစကီခွက် ခပ်များများ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
3 2023 95 mins
Broken People
Take Care of My Cat
7.1

Take Care of My Cat (2001) သူငယ်ချင်းငါးယောက်ဖြစ်တဲ့ ဟယ်ဂျူး၊ ထယ်ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်းဆိုတဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာတည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက်တစ်လမ်းစီ လျှောက်ကြရပါတယ်။ မိသားစုအလုပ်ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်းဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူကရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝကြီးကိုလျှောက်လမ်းကြပါတယ်။ အဲ့ဒီလို ဘဝရဲ့တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင်လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြပါတယ်။ ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင်တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APPပါ။) File Size : 2.8GB, 1.1GB, 578MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr 52mins Genre : Drama Translated by APP Encoded by Kinnov

Drama • Comedy
7.1 2001
Take Care of My Cat
Man on Fire
7.7

Man on Fire (2004) IMDb-(7.7) The Equalizer 3 ထဲမှာပြန်လည်ဆုံတွေ့ကြတဲ့ Denzel Washington နဲ့ Dakota Fanning တို့ ငယ်ငယ်တုန်းက ရုပ်ရှင်ဇာတ်ကားကြီးကို Quality အမိုက်စားနဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့…. နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်…သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက် အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ….တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့် အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအဝန်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်… သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်… ဘော်ဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်… ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ…ဒါရိုက်တာTony Scott ရိုက်ကူးပြီး ကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်…. ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့ Denzel Washington ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်… သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်…ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်… သူစောင့်ရှောက်ရတဲ့ ကလေးမလေးအပေါ် သမီးလေးတစ်ယောက်လိုသံယောဇဉ်တွယ်ပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့ ဆက်ဆံရေး.. ရှုပ်ထွေးပွေလီလှတဲ့ ကလေးငယ်ပြန်ပေးဆွဲမှုတွေ….ပြင်းရှရက်စက်တဲ့အက်ရှင်စွန့်စားခန်းတွေနဲ့ မနားတမ်းဆွဲခေါ်သွားမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JtheKoala မှ တင်ဆက်ထားပါတယ်။)

7.7 2004 146 mins
Man on Fire
Power Rangers Samurai: Clash of the Red Rangers – The Movie
6.1

Power Rangers Samurai: Clash of the Red Rangers – The Movie (2011) ================================================= IMDb Rating – 6.1/10 ဒီဇာတ်ကားမှာတော့ Power Rangers Samurai တွေနဲ့ RPM Rangers တွေကြားက Crossover ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Professor Cog နဲ့ Scott Truman တို့ရင်ဆိုင်တိုက်ခိုက်ရာကနေ Professor Cog ကစကော့ ကို လှည့်စားပြီး တစ်ခြားကမ္ဘာကိုထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲ့ဒီနောက် Samurai Rangers တွေရဲ့ကမ္ဘာကို ရထားတစ်စင်းနဲ့ရောက်ရှိ လာပြီး Master Xandred ရဲ့မြေအောက်လောကကိုသွားဖို့ကြိုးစားနေပါတယ်။ Samurai Rangers တွေကလည်း Master Xandred ရဲ့လက်ပါးစေတွေနဲ့ တိုက်ခိုက်နေရတဲ့အချိန်မှာ RPM Ranger Red ရောက်ရှိလာပြီး သူတို့ကို ကူညီပေးခဲ့ပါတယ်။ အချင်းချင်းမိတ်ဆက်ရင်းနှီးသွားရာကနေ သူတို့ဟာ ဘုံရန်သူတွေကို ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် Professor Cog နဲ့ Master Xandred သူတို့ရဲ့လက်အောက်ခံတပ်ဖွဲ့တွေကိုပါ မဟာမိတ်ဖွဲ့ပူးပေါင်းတိုက် ခိုက်ကြမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.77 GB) / (729 MB) Quality…………WEB-DL 1080p / 720p Duration………45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Family Translator…….Alias Encoder……….SWM

6.1 2011 46 mins
Power Rangers Samurai: Clash of the Red Rangers – The Movie
Red Paper Crane
6

ယောကျာ်းတစ်ယောက်က မိန်းမကို လက်သီးနဲ့စရွယ်လိုက်တဲ့အချိန်ကစပြီး တစ်ကြိမ်သည်းခံလိုက်ခြင်းဟာ တစ်ဘဝလုံးကို ဖျက်ဆီးလိုက်တာပဲ။ CM ရဲ့ ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ လေယာဉ်မယ်အိုးယန်ကျီဟဲ့ဟာ မိဘအတွက် သမီးကောင်း ကုမ္ပဏီအတွက်လည်း လုပ်ဖောင်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူမယောကျာ်းကို သတ်မိပြီဆိုပြီး သူမကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ထို့နောက် ရှေ့နေအကူအညီများကို ငြင်းခဲ့ပြီး အသေခံဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ကျန်းထုံဟာ ဥပဒေအကူအညီရှေ့နေတစ်ယောက်အနေနဲ့ ကျီဟဲ့ရဲ့ အမှုမှာ ဖုံးကွယ်ထားတာတွေ ရှိဦးမယ်ဆိုတာ ခံစားနေရပါတယ်။ သူမဟာ မောင်ရိရဲ့ အကူအညီဖြင့် အဓိက သက်သေတွေကို ရှာတွေ့ခဲ့ပြီး လေယာဉ်မယ်လူသတ်မှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်လေးဟာ အိမ်တွင်းအကြမ်းဖက်မှုကို အဓိကထား ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ အမှန်တရားကို သိရဖို့ ကျန်းထုံတစ်ယောက် ဘယ်လို အခက်အခဲတွေ အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရလဲ ဆိုတာကိုတော့ ရုပ်ရှင်ကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်။

Drama
6 2022
Red Paper Crane
Play
7.1

ဒီရုပ်ရှင်က အသက်မပြည့်တဲ့ကလေးငယ်တွေ ကလေးအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်လုယက်တဲ့ ဖြစ်ရပ်မှန်ကိစ္စရပ်တွေပေါ်မှာ အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဂိုသန်ဘာ့ဂ်မြို့အလယ်ပိုင်းမှာ အသက် ၁၂နှစ်နဲ့ ၁၄နှစ်ကြားကလေးငယ်တွေ အုပ်စုဖွဲ့ပြီး တခြားကလေးတွေကို အနိုင်ကျင့်လုယက်ခဲ့တာဟာ ၂၀၀၆ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ သိရှိရတဲ့အကြိမ်ရေပေါင်း လေးဆယ်ခန့်ရှိပါတယ်။ ဒီကလေးတွေက အနိုင်ကျင့်လုယက်တယ်ဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာထက် စကားလုံးတွေနဲ့ ဆွဲဆောင်အကျပ်ကိုင်ပြီး လုယက်ကြတာပါ။ ဒီဇာတ်လမ်းမှာဆိုလည်း ရွှေ့ပြောင်းလုပ်သားမိသားစုက လူမဲကလေးငါးယောက်အုပ်စုဟာ ကလေးငယ်လေးတွေဆီကနေ အဖိုးတန်ပစ္စည်းတွေကို လုယူတာမျိုးမဟုတ်ဘဲ ငါတို့ရှုံးလို့ပေးလိုက်ရတယ်ဆိုတာမျိုးဖြစ်အောင် နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြောဆိုပြီး လုယက်တာကို တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ ၂၀၁၂ခုနှစ်မှာ နော်ဒစ်နိုင်နိုင်ငံများရုပ်ရှင်အဖွဲ့ကပေးတဲ့ ထူးချွန်ဆုကို ဆွတ်ခူးခဲ့သေးတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

TV Movie • Comedy • Romance
7.1 2011 118 mins
Play
The Immortal
6.7

The Immortal (2018) ================== IMDb – 6.7/10 ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ် ​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ် မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် သူရဲ့ ဘဝမှာ ​ပျော်ရွှင်နိုင်​သေးလား မ​သေမျိုးဖြစ်ရတာရဲ့ ဒုက္ခ​တွေ ဆိုးကျိုး​တွေက​ရောဘာ​တွေလဲ ဘဝမှာထာဝရအသက်ရှင်​နေတာက​ရော ဆုလာဘ်လား ပြစ်ဒဏ်လား ဒီမ​သေခြင်းကျိန်စာက​နေလွတ်​မြောက်​အောင် သူဘယ်လို​တွေ​လုပ်​ဆောင်ရလဲ အခက်အခဲ​တွေဘယ်လို ​ကျော်ဖြတ်ရလဲဆိုတာ​တွေကို တစ်ကားလုံး ကြည့်ရှုသူကိုအပါ​ခေါ်သွားနိုင်​လောက်တဲ့အထိ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ DB ပါ ) File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

6.7 2018
The Immortal
Last Passenger
5.7

ဒီကားလေးတော့ နာမည်အတိုင်း ရထားပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ခရီးသည်တွေအကြောင်းရိုက်ကူးထားတာပါ။ လူး၀စ်က ဆင်ဂယ်အဖေတစ်ယောက်ဖြစ်ပြီး ဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်ရထားပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့အသိအကျွမ်းဖြစ်ခဲ့ပါတယ်။ ခရစ်စမတ်အချိန်ဖြစ်တဲ့အတွက် ရထားပေါ်မှာ သူတို့သုံးယောက်နဲ့ အဖွားကြီးတစ်ယောက်ရယ် ဘုကလန့်အဖိုးကြီးတစ်ယောက်ရယ် လူမိုက်လိုလိုရုရှားလူမျိုးတစ်ယောက်ရယ်ပဲကျန်ခဲ့ပါတယ်။ ဆင်းရမယ့်ဘူတာရောက်ပေမဲ့ ရထားကမရပ်တဲ့အခါ အကုန်လုံးခြောက်ခြားပြီး အရေးပေါ်ဘရိတ်တွေအကုန်လိုက်ဆွဲကြည့်ပေမဲ့ တစ်ခုမှအလုပ်မဖြစ်ပါဘူး။ ရထားမောင်းသမားကလည်း တံခါးသွားခေါက်ပေမဲ့ ပြန်မဖြေတဲ့အခါ အကုန်လုံး ရထားမောင်းရဲ့အစီအစဥ်ကို ရိပ်မိပြီး စည်းစည်းလုံးလုံးနဲ့ ရထားပေါ်ကလွတ်မြောက်အောင် ကြံကြပါတော့တယ်။ ဘတ်ဂျက်နည်းကား‌ဖြစ်ပေမဲ့ သည်းထိတ်ရင်ဖိုအရသာအပြည့်ပေးနိုင်တဲ့ကားလေးဖြစ်ပြီး character developmentတွေကအစ ပြီးပြည့်စုံနေတဲ့ကားလေးဖြစ်လို့ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.1 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

5.7 2013 96 mins
Last Passenger
Twenty Hacker
7.4

ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့် ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ် ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့် ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့ “ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲ့နဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက် သူတို့အချင်းချင်းပူးပေါင်းပြီးဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ

7.4 2021
Twenty Hacker
Borderlands
5.8

ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။ စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်က အသံသရုပ်ဆောင်ပေးထားတာပါ။ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း *************** ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေ ဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေး တွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ် နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့ လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာ လျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ် နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။ အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက် ၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့ သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိ ကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရ ပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 41m Genre ….. Action , Adventure, Sci-Fi , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2024
Borderlands
Tutak Tutak Tutiya aka Devi(L)
5.5

Tutak Tutak Tutiya (2016) “ရွာသူမတစ္ဆေ” ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မဆလာ comedy/horror ရုပ်ရှင်အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် မွန်ဘိုင်းကို နယ်ကနေတက်လာတဲ့ လူတွေအားလုံးမှာ အိပ်မက်ကိုယ်စီရှိကြပေမယ့် ခရစ်ရှ်နားမှာတော့ ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုပဲ ရှိပါတယ် အင်္ဂလိပ်စာ ဂရမ်မာမှန်မှန် ပြောတတ်တဲ့ ခေတ်ဆန်တဲ့ မိန်းကလေးတွေကိုမှ ရွေးလိုက်ပေမယ့် သူ့ကိုဘယ်သူမှ ပြန်မကြိုက်ကြတာမို့ လူပျိုဂုဏ်ကို ဆက်ထိန်းထားနေရင်းမှ မွေးရပ်မြေရွာက အဘွားဆုံးခါနီးလို့ ရွာပြန်ရပြီး လမ်းမှာ နွားကျောင်းနေတဲ့ ရွာသူမနဲ့ ကတောက်ကဆဖြစ်လိုက်ပါသေးတယ် ဖြစ်ချင်တော့ အဘွားမဆုံးခင် နွားကျောင်းသူမရဲ့ လက်ကိုမှ ဆွဲကိုင်သွားတဲ့အတွက် ခရစ်ရှ်နားမိဘတွေက အဲဒီကောင်မလေးနဲ့ အတင်းအကျပ်ပေးစားလိုက်ရာမှာ horror ဇာတ်လမ်းတစ်ပုဒ် ဘယ်သို့ ဘယ်ပုံဖြစ်လာမှာလဲ ဆိုတာကတော့ … ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခဏတာတော့ ရယ်မောလို့ရမယ့် ဇာတ်ကားလေးကို အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.5 2016
Tutak Tutak Tutiya aka Devi(L)
Gintama
6.4

Gintama (2017) IMDb Rating (6.1) ၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့ Live action လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးက ဂျပန်မှာ အောင်မြင်မှုရရှိထားတဲ့ Gintama ဆိုတဲ့ manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာလဲ ဝင်ငွေစံချိန်တင်ရရှိထား ပြီး ဂျပန်မှာ အောင်မြင်ခဲ့ တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ တိုကျိုမြို့ပေါ်ကို ဂြိုဟ်သားတွေကျူးကျော်လာပြီးတော့ ကမ္ဘာမြေပေါ်ကို နယ်ချဲ့ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်.. အဲ့ဒီဂြိုဟ်သားတွေကို ဆာမူရိုင်းတွေက ပြန်လည်ခုခံပြီး တိုကျိုမြို့ကိုကာကွယ်ဖို့ ကြိုးစားတဲ့အခါမှာ ဂြိုဟ်သားတွေကိုခုခံနိုင်မှာလား ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ.. File size…(3.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….02:11:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ngwe Zin

Drama
6.4 2017
Gintama
The Zen Diary
6.7

တကယ်လို့ဖြစ်နိုင်ခဲ့ရင် တစ်နေ့မှာ ဟင်းချက်ဖို့ ကျွန်တော်တို့ ၃နာရီလောက်တော့ အချိန်ပေးသင့်တယ်။ စားခါနီးမှ ဟင်းတစ်ခွက်ကိုချက်ရတဲ့အရသာက ဘာနဲ့မှမတူဘူး။ ထမင်းကပူနေရင် ငရုတ်သီးကြော်နဲ့‌တောင် စားကောင်းသလို အခုမှကျက်တဲ့ ဟင်းတစ်ခွက်ကလည်း မနက်ကချက်တဲ့ဟင်းတစ်ခွက်ထက် အဆပေါင်းများစွာသာတယ်။ အားလုံးသိတဲ့ အားလုံးမလုပ်နိုင်တဲ့ အမှန်တရားတစ်ခုပါပဲ။ ဘယ်လိုပုံစံနဲ့ ဘာဟင်းချက်မလဲတောင် စဉ်းစားဖို့ အချိန်မပေးနိုင်တဲ့ ကျွန်တော်တို့ဘဝတွေမှာပေါ့။ အောင်မြင်တာတွေ ကြီးမြင့်တာတွေ ကျော်ကြားတာတွေထက် ချစ်တဲ့သူနဲ့ အတူစားရတဲ့ ထမင်းပူပူတွေက အဓိပ္ပာယ်ပိုရှိမှန်း ကျွန်တော်တို့သိပြီးကြပေမဲ့ ဘဝဟာ တစ်ခုမဟုတ်တစ်ခုလိုနေရင်း အဲဒီရွေးချယ်မှုကို ကျွန်တော်တို့ကို လုပ်ခွင့်မပေးခဲ့ဘူး။ အခိုက်အတန့်တစ်ခုအထိတော့ ဒီလိုအခြေအနေမျိုး ရကောင်းရနိုင်ပေမဲ့ အခြေအနေအကြောင်းကြောင်းတွေဟာ ဒီလိုဘဝတွေနဲ့ ကျွန်တော်တို့ကို အမြဲတမ်း ဝေးကွာစေတယ်။ မြေကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကျေးလက်ဘက်တစ်နေရာမှာ သီးပင်စားပင်တွေ စားလောက်အောင်လေး မခမ်းမနားစိုက်။ ညနေမှာ စီးကရက်တစ်လိပ်နဲ့ လွမ်းစရာကောင်းအောင် တောင်စွယ်မှာ နေကွယ်တာကို ခင်ဖုန်းသက်ဝေ ၅ပုဒ်ကို ရွတ်တတ်သလိုရွတ်ရင်း ငေး ။ စိတ်လိုလက်ရမှောင်နေတဲ့ညတွေဆို ဆေးလိပ်တစ်လိပ် ကော်ဖီတစ်ခွက် ကိုနေဝင်းဆိုတဲ့ မောင့်လပြည့်ဝန်းနဲ့ အိပ်ရာဝင်။ အဲဒီကမ္ဘာမှာ ညနေခင်းလမ်းလျှောက်တဲ့အခါ တိမ်တွေကလည်း အမြဲတမ်းရှိနေလိမ့်မယ်။ တက်သုတ်ရိုက်မဟုတ်တဲ့ အလုပ်တစ်ခုခုလည်း ရှိနေလိမ့်မယ်။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ဆွဲတတ်သလိုဆွဲထားတဲ့ပန်းချီတစ်ကား ကဗျာတစ်ပုဒ်လောက်တော့ ကြုံရင်ကြုံသလို ရေးကောင်းရေးဖြစ်လိမ့်မယ်။ ချက်ပြုတ်ခြင်းဆိုတာလည်း ဘဝရဲ့အချိန်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါဟာ စိတ်ဓာတ်ကျစရာတွေမရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မယ်။ The Zen Diaryက ဒီလိုတကယ်နေနေတဲ့ ဘဝတစ်ခုအကြောင်းကို ဇင်အတွေးအခေါ်တွေနဲ့ ရစ်သိုင်းထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ သဘောကျစရာကောင်းတာက ပူစရာတွေ မရှိနေတာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့လည်း သူ့ဘဝထဲရောက်လာတဲ့အပူတွေကို သူရင်ဆိုင်ဖြေရှင်းပုံတွေကိုပြထားတာလည်းလှတယ်။ ဇင်ဒိုင်ယာရီဟာ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုထားတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရတယ်။ ပြောလို့ပြောတာတော့မဟုတ်ပါဘူး။ ကျရှုံးမှုတွေနောက်ပိုင်းမှာ အေးချမ်းမှုကို ပြန်တွေ့သွားကြတဲ့ရုပ်ရှင်တွေကို ကျွန်တော်တို့သဘောကျကြတယ်မလား။ ကျွန်တော်တို့ဟာ အမြဲတမ်း ကျရှုံးနေတဲ့လူတွေပဲ။ ဇင်ဒိုင်ယာရီကတော့ တော်တော်လေးလက်တွေ့ကျတယ်။ ဇင်ဒိုင်ယာရီဟာ မမြဲခြင်းတရားတွေအောက်မှာပဲ တည်နေတယ် File Size : 2.2 GB / 1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 51min Format : Mkv and Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

Science Fiction • Adventure • Action
6.7 2022 112 mins
The Zen Diary