YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Illusionist.2006.720p.(CM).mp4

786.83 MB 720p video/mp4 423 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Buddy Games
5.3

Buddy Games (2019) အခုမိတ်ဆက်ပေးမယ့် Buddy Games ဆိုတဲ့ ဇာတ်ကားလေးကတော့ အချစ်ဆုံးသူငယ်ချင်း ပေါက်ဖော်လေးယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ Buddy Games ဆိုတဲ့အတိုင်း သူတို့လေးယောက်က မိတ်ဆွေဖြစ်ဂိမ်းကို ငယ်ငယ်ကတည်းကနေ ကြီးကောင်ကြီးမား လူလတ်ပိုင်းရောက်တဲ့အထိကို ကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နှစ်မှာ ဒီဂိမ်းလေးကိုဆော့နေရင်း ဘန်ဒါလို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်ထဲကတစ်ယောက်က နောက်တစ်ယောက်ဖြစ်တဲ့ ရှယ်လီဆိုသူကိုစနောက်ရင်း စိတ်ဆိုးသွားပြီး သူ့ကို သေနတ်အတုနဲ့ ပစ်လိုက်ရာကနေ ပြဿနာတွေတက်ပြီး ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားလေးက အရမ်းကိုပျော်ဖို့ကောင်းပြီး အခုလိုမေတ္တာတရားတွေခေါင်းပါးလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကွက်ကွက်ကွင်းပေါ်လွင်အောင်ရိုက်ပြထားပေးတဲ့ ဟာသပေါကားလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - 1H 36Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Horror • Science Fiction • Thriller
5.3 2019 90 mins
Buddy Games
Blue Gate Crossing
7

IMDb Rating - 7.4/10 ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။ သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM

Horror
7 2002 85 mins
Blue Gate Crossing
Last Seen Alive
6.5

မင်းသားကြီး Gerard Buttler ရဲ့ ဇာတ်ကားအသစ်လာပါပြီ။ ဒီတစ်ခါတော့ အရင်လို သမ္မတလိုက်ကယ်တာမဟုတ်ဘဲ လူပျောက်လိုက်ရှာမှာပါ။ လူပျောက်ရှာပုံတော် ဇာတ်ကားတွေ နှစ်သက်တဲ့ပရိသတ်အတွက် အသစ်ထွက်ရှိလာတဲ့ကားလေးပါ။ ဝေလ်နဲ့ လီဆာစပန်းက အိမ်ထောင်ရေးအဆင်မပြေကြတဲ့ ဇနီးမောင်နှံပါ။ ခဏ အိမ်ခွဲနေချင်တယ်လို့ တောင်းဆိုလာတဲ့ ဇနီးဖြစ်သူလီဆာ့ကို ဝေလ်က မခွဲချင်ပေမဲ့ တနယ်တကျေးက လီဆာ့မိဘအိမ်ကို လိုက်ပို့ဖို့ ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ ဂတ်စ်ကုန်လို့ ဝင်ဖြည့်တုန်း လီဆာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ဇနီးဖြစ်သူကို ခေါင်းမီးတောက်အောင်ရှာပေမဲ့ မတွေ့တော့ ဝေလ်လည်း ရဲတိုင်ရတော့တာပေါ့။ နောက်ဆုံးသဲလွန်စလေးတစ်ခုက လီဆာဟာ မပျောက်သွားခင် အထက်တန်းကျောင်းနေဘက်ဖြစ်သူ နက်ကယ်စ်နဲ့ နောက်ဆုံးစကားပြောနေခဲ့တာကိုပါပဲ။ ရဲတွေကလည်း ဖောက်ပြန်တဲ့ရာဇဝင်ရှိဖူးတဲ့ လီဆာတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ လက်တုံ့ပြန်ခြင်းကို ခံလိုက်ရတာလား ဒါမှမဟုတ် ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် သစ္စာဖောက်ပြီး ပြေးတာလား ဝေခွဲမရကြပါဘူး။ ပျောက်သွားတဲ့ မိန်းမဖြစ်သူကို အသက်ရှင်လျှက် ပြန်တွေ့ပါ့မလား? ဝေလ်ကလည်း သူမလုပ်ပါဘူးလို့ တွင်တွင်ငြင်းရင်းနဲ့ တကယ့်အမှန်တရားက ဘာဖြစ်မလဲ? ဆိုတာ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size : 2.1GB, 887MB & 462MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 35mins Genre : Action, Mystery, Thriller Translated by May Myat Thu Encoded by Kinnov

Action • Crime • Thriller
6.5 2022 95 mins
Last Seen Alive
The Invisible Thread
6.7

ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။ 2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။ သို့ပေမဲ့ ထူးဆန်းတာတစ်ခုက လီယိုနဲ့‌ေသွးသား‌‌ တော်စပ်တဲ့အဖေရင်းကို လီယိုကိုယ်တိုင်အပြင် သူ့ဖခင်နှစ်ယောက်လုံးကပါမသိပါဘူး။ ဘာလို့လဲဆိုတော့ ..... အဖေနှစ်ယောက်လုံးရဲ့သုက်ပိုးကို စမ်းသပ်ဖန်ပြွန်ထဲရောထည့်ပြီးမှ အလှူရှင်မမျိုးဥနဲ့ပေါင်း၊ သန္ဓေသားဖြစ်တည်လာမှ အငှားကိုယ်ဝန်ဆောင်သူရဲ့သားအိမ်ထဲထည့်ခဲ့တာကြောင့်ပါတဲ့။ အဲ့လိုနဲ့ပဲ ဖခင်နှစ်ယောက်ရဲ့ 20th anniversary ကိုရောက်လာတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့သူတစ်ယောက်ရောက်လာတဲ့အခါမှာ ... အရောင်အသွေးစုံလင်ခဲ့တဲ့မိသားစုလေးရဲ့ချစ်ခြင်းတရားတွေ အဆုံးသတ်သွားတော့မှာလား??? လီယိုရဲ့ အဖေရင်း ဘယ်သူဆိုတာကိုရော ဖော်ထုတ်သိသွားမှာလား ဆိုတာတွေကို ပေါ့ပေါ့ပါးပါး တလွဲတချော်ဟာသတွေနဲ့ပေါင်းစပ်ပြီးကြည့်ရှုရမယ့် family drama လေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Genre.....Comdedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.6GB, 822MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator .....Thwal Yadi Encoder ..... August

Action • Adventure • Thriller
6.7 2022 109 mins
The Invisible Thread
Maboroshi
6.4

Maboroshi (2023) ~ IMDb – 6.4/10, RT – 62%, MyDramaList – 7.3/10 ~ အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို…။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ဝါးမြိုသွားတတ်တယ်။ ခံစားချက်ရှိလာလေ လူတွေရဲ့ နှလုံးသားမှာ အက်ကွဲကြောင်းတွေပေါ်လာလေ မြို့ကလေးရဲ့ ကောင်းကင်က အက်ကွဲကြောင်းတွေကလည်း ပိုအက်ကွဲလာပြီး မြို့ဟာ ပိုပျက်လာတတ်တယ်။ မြို့က လူကြီးတွေက အဲဒီမြို့ကလေးကလူတွေကို အပြောင်းအလဲမရှိအောင်ရော ခံစားချက်မရှိအောင်ရော ထိန်းချုပ်ထားတယ်။ သူတို့ခံစားချက်တွေ မပြောင်းလဲကြသလိုပဲ အဖြစ်တွေ ရာသီတွေကလည်း မပြောင်းလဲဘူး။ အမြဲတမ်း ဆောင်းကျနေတဲ့ မြို့ကလေးမှာ သူတို့အသက်တွေကလည်း ကြီးမလာကြသလို မြို့ကလေးကလူတွေမှာ ဘယ်လိုဒဏ်ရာမျိုးပဲရရ နာကျင်မှုဆိုတာလည်း မရှိဘူး။ ရုပ်ရဲ့အထိအခိုက်နဲ့ နာကျင်မှုကို သူတို့တွေရှာကြည့်ကြပေမဲ့လည်း နာကျင်မှုက သူတို့ဆီ ရောက်မလာခဲ့ဘူး။ သူတို့ကိုနာကျင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက ချစ်မိခြင်းပဲရှိခဲ့တယ်။ ချစ်မိသူတွေများလာရင်လည်း မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်း‌တွေ တိုးသည်ထက်တိုးလာရင်း မြို့ကလေးရဲ့ပျက်ကပ်ဟာ ဆိုက်ရောက်လာလိမ့်မယ်။ တချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ အမျက်တော်ရှခံနေရတာလို့ ဆိုကြတယ်။ တစ်ချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ ကရုဏာလို့ဆိုကြတယ်။ မြို့ကလေးကလူတွေကို ရှိခဲ့ဖူးတဲ့ အလှပဆုံးအချိန်တစ်ခုမှာ သိမ်းဆည်းထားပေးချင်တာလို့ ဆိုကြတယ်။ အလှပဆုံးအချိန်တွေမှာ ခံစားချက်မဲ့စွာရှင်သန်မလား… ခံစားချက်တစ်ခုရဲ့ အရွေ့မှာ မြို့ကလေးရဲ့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုတိုးစေမလား… ကတော့ မြို့ကလေးက လူတွေရဲ့ ရွေးချယ်မှုပေါ့။ Maboroshi မှာ အဲဒီရွေးချယ်မှုတွေ ဘယ်လောက်ခက်ခဲပြီး အဲဒီရွေးချယ်မှုတွေ ဘယ်လောက်လှပလဲ မြင်ရလိမ့်မယ်။ အခုပြောနေတဲ့ဇာတ်ကြောင်းဟာ စတိသဘောပါပဲ။ Maboroshi ရဲ့ ဇာတ်ကြောင်းဟာ ဒီထက်အများကြီးပိုရှုပ်ထွေးတယ်။ Maboroshiဟာ ဘယ်လိုကားမျိုးလဲပြောရရင် ကျွန်တော့်အတွက်တော့ Fragmentation တစ်ကြောင်းကို ပြန်အမှတ်ရစေခဲ့တယ်။ “ပြောင်းလဲမရနိုင်တဲ့ရင်နာစရာတွေအတွက် ချစ်စရာ အနုပညာထွက်ပေါက်ဟာ အိမ်နီးချင်းတိုတိုရိုကလေးမှာ ရှိနေတယ်” ဆိုတဲ့ စာသားတစ်ကြောင်းပေါ့။ တိုတိုရိုနဲ့ မတူတာက ဒီရုပ်ရှင်ကတော့ အရှိတရားကို လက်ခံပြီး ဒီထွက်ပေါက်တွေကနေ ကျွန်တော်တို့ရွေ့ပြီး ပိုလှတဲ့နေ့တွေအတွက် ရှေ့ဆက်မလား။ ဒီထွက်ပေါက်ကလေးကိုပဲ မက်မောပြီးနေလိုက်မလားဆိုတာကို ပြသွားခဲ့တယ်။ Maboroshi ဟာ အန်နမဲကြည့်နေကျမဟုတ်တဲ့လူတွေအတွက်တော့ အဆင်ပြေဖို့မသေချာပေမဲ့ အန်နမဲဖန်တွေအတွက်တော့ ကားကောင်းတစ်ကားဖြစ်နေလိမ့်မယ်။ Perfect Blue, Paprika, The Prestige, Inception, Shutter Island နဲ့ Predestionation တို့လို ရုပ်ရှင်တွေကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 720MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 51Min Genre – Animation, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 2023
Maboroshi
Food for the Heart
5.8

Food for the Heart (2023) IMDb – 5.9/10 “လီရာ” ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက သူပိုင်တဲ့ “The Loving Spoonful” အမည်ရှိ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းလေးကို စိတ်နှစ်ထားတဲ့ အမျိုးသမီးလေးပေါ့ အရာရာကို သူ့အတွေးအခေါ်နဲ့ သူ့ခြေသူ့လက် လုပ်ချင်တယ်… ဝန်ထမ်းဆိုလို့ “ဖေး” ဆိုတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ပဲ ရှိပြီး ကိုယ်တိုင် နေ့မနားညမနား အလုပ်လုပ်ရလို့ သူမရဲ့ချစ်မေတ္တာတွေ အလုံးစုံကို customer တွေအတွက် သူမရဲ့ ဟင်းပွဲလေးတွေကနေ အနွေးဓာတ်ပေးဖို့ပဲ ပုံအပ်ထားသူလေး…. တစ်ဖက်မှာလည်း တူမလေးအိုင်ဗီနဲ့ တူအရီးနှစ်ယောက်တည်း နေတဲ့ လူပျိုကြီး “အန်ကယ်အီလိုင်” တစ်ယောက် သူတို့တိုက်ခန်းကို ပြောင်းလာတယ် သူကတော့ ငွေကြေးပြေလည်မှုနဲ့ အမိမဲ့တူမလေးကို ဂရုတစိုက်ချစ်ပေးဖို့ဆိုတဲ့ ဟန်ချက်နှစ်ခုကို ဘက်မျှအောင် ညှိဖို့ အခက်အခဲဖြစ်နေသူပါ အန်ကယ်အီလိုင်တစ်ယောက် တူမလေးကို နွေရာသီ လေ့လာရေးစခန်းမှာ ထားချင်ပေမဲ့ ဈေးကြီးလို့ မတတ်နိုင်တာကြောင့် တစ်ခုကြံရတော့တယ် ဒီလိုနဲ့ အစားအသောက် ဖန်တီးရှင် အပျိုကြီးမမနဲ့ ပရောဂျက်မန်နေဂျာ အန်ကယ်တို့ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာတယ်ပေါ့ အရာရာ ကိုယ့်ခြေကိုယ့်လက်ချည်းဆိုတဲ့ အပျိုကြီးမမ လီရာကို ပရောဂျက်မန်နေဂျာ အန်ကယ်အီလိုင်တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲပေးမလဲ တစ်ကားလုံး violence ဆိုလို့ စိုးစဥ်းမပါဘဲ ကြည်နူးစရာကောင်းလွန်းတဲ့ အချစ်ဇာတ်လမ်းလေးကနေ ဘဝရဲ့ “စိတ်ပြောင်းလဲခြင်း” ကို သူတို့နှစ်ယောက် ဘယ်လိုရှာတွေ့သွားနိုင်မလဲဆိုတာ …။ (ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.5GB | 801MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

5.8 2023
Food for the Heart
Amazing Elisa (Asombrosa Elisa)

Thriller drama အမျိုးစားဖြစ်တဲ့ စပိန်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Sadrac González-Perellónကနေ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ကြည့်ရှု့ရမှာဖြစ်ပြီး မထင်ထားလောက်မယ့် plot twistနဲ့ ချပြထားဟန်က စွဲဆောင်မှု ရှိလှပါတယ်။ အယ်လီနေရာမှာ သရုပ်ဆောင်ထားတဲ့ Jana San Antonioရဲ့သရုပ်ဆောင်မှုတွေကလည်း ပြောင်မြောက်လှပြီး talented castတွေဖြစ်တဲ့ Silvia Abascal, Asier Etxeandia, and Iván Massaguéတို့တွေကပါ chemistry မိမိနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းလေးကို မိသားစု ၂ခုအကြောင်းနဲ့ အစပြုထားပါတယ်။ ဇာတ်လမ်း တစ်လျှောက်လုံးမှာလည်း ထိုမိသားစု၂ခုအကြောင်းကို အလွှာတစ်ခုချင်းကို တဖြည်းဖြည်းနဲ့ ဇာတ်ကိုဆွဲခေါ်ထားတဲ့ပုံစံနဲ့ ရိုက်ပြထားပါတယ်။ အီစတီဘန်နဲ့ အယ်လီဆာက သားအဖပါ။ အယ်လီတို့ ရဲ့အမေကတော့ ကားမတော်တဆမှုမှာ ဆုံးပါးသွားပါတယ်။ ဟက်တာနဲ့ အူဆူလာတို့ကတော့ လင်မယားပါ။ ဟက်တာက ပန်းချီဆရာ၊ အူဆူလာကတော့ အောက်ပိုင်းသေနေတဲ့ အိမ်သူဖြစ်ပါတယ်။ ဘဝလမ်းကြောင်းချင်းမတူကြတဲ့ မိသားစု၂ခုအကြောင်း၊ ဒီမိသားစု၂ခုရဲ့ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ အားသာချက်၊ အားနည်းချက် အစရှိသဖြင့် အလွှာတစ်ခုချင်းစီနဲ့ ဖော်ပြထားပါတယ်။ တွေးစရာတစ်ခုရှိတာက ပုံစံချင်းမတူကြတဲ့ မိသားစု ၂ခုကို ဘာလို့တစ်ဆင့်ချင်းစီ ရိုက်ပြနေရတာလဲ၊ သူတို့မိသားစု ၂ခုက ဘယ်လိုများပတ်သက်နေမလဲ၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့အဆုံးသတ်က ဘာလဲ …. ဇာတ်လမ်းကို စကြည့်မိလိုက်တာနဲ့ အတွေးပေါင်းများစွာနဲ့ စီးမြောလိုက်ပါရမှာဖြစ်ပြီး အဆုံးသတ်လေးမှာ dramaလေးရော ဟင် .. ဟာ … ဪ ….. နဲ့ရော အဆုံးသတ်သွားအောင် Plotကိုအနုစိတ်ပြင်ဆင်တင်ပြထားနိုင်တဲ့ရုပ်ရှင်ကောင်း တစ်ခုဖြစ်ကြောင်းညွှန်းဆိုရင်း reviewလေးကိုအဆုံးသတ်ပါရစေ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.95 GB)/(1.25 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

0 2022 104 mins
Amazing Elisa (Asombrosa Elisa)
Hancock
6.4

မင်းသားကြီး Will Smith နဲ့ မင်းသမီး Charlize Theron တို့ရဲ့ Hancock ရုပ်ရှင်ဟာ စူပါဟီးရိုးမဆန်တဲ့ Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူအများကို ကယ်တင်နေပေမယ့် ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါခင်ဗျ လောကွတ်တွေမလုပ်တတ် မပြောတတ်လို့ လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ စူပါဟီးရိုး.. နှလုံးလှပေမယ့် လူကြမ်းတာကြောင့် လူတွေကလဲမုန်း ….သူကလဲ လူတွေ ဘယ်လိုထင်ထင် နေချင်သလို နေတတ်တဲ့ စူပါဟီးရိုးကြီး Hancock…. သူ့ဘဝအစစ်အမှန်က ဘာလဲ…သူ့အစွမ်းတွေက ဘယ်ကရတာလဲ…သူ့ကိုဒီလိုပုံစံဖြစ်အောင် ဘယ်သူတွေကပြုလုပ်ထားတာလဲ…စသည်ဖြင့် ပဟေဠိများစွာနဲ့ Hancock… ဒီလိုလူကြမ်းလူစွမ်းကြီးဘဝကို ဘယ်သူက ကယ်တင်ပြီးလှပအောင်ပြုလုပ်မလဲဆိုတာ…..။ စူပါဟီးရိုးကားလို့ဆိုနိုင်ပေမယ့် ဒရမ်မာသက်သက် ထိရှရတဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး Unrated Version နဲ့တင်ဆက်လိုက်ပါတယ်။ Hancock 2 ဆက်လက်ထွက်ရှိဖို့ မင်းသမီး Charlize Theron က စောင့်မျှော်နေပြီး အချိန်တစ်ခုမှာထွက်ရှိလာနိုင်ကြောင်းပါ။

6.4 2008
Hancock
Rasavathi
7

Rasavathi (2024) “အဂ္ဂိရတ်ဆရာ” IMDb – 7.6/10 ခန့်ညားထယ်ဝါတဲ့ အသံပါဝါနဲ့ စကားပြောလေယူလေသိမ်းတွေကြောင့် ပရိသတ်သတိထားမိကြတဲ့ တမီလ်မင်းသား အာဂျွန်ဒါ့စ်ရဲ့ အသစ်ထွက်ရှိလာတဲ့ အချစ်နဲ့ ထိတ်လန့်သည်းဖိုကို အချိုးညီညီပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ကိုဒိုင်ကာနယ်ဆိုတဲ့ အေးချမ်းတဲ့မြို့လေးမှာ ဒေါက်တာဆာဒါတစ်ယောက် ဇာတ်မြှုပ်နေထိုင်ရင်း သူ့ဆေးပညာကို ဆက်လက်လေ့လာနေခဲ့ပါတယ်။ အဲဒီမြို့လေးကိုပဲ ဆူယာဆိုတဲ့ အမျိုးသမီးလေးက ဟိုတယ်မန်နေဂျာအဖြစ်ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ဦး အကြောင်းတိုက်ဆိုင်ရင်း ရင်းနှီးသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အတိတ်ကဒဏ်ရာတွေ အဖြစ်အပျက်တွေပြောပြကြရင်း ပိုပိုရင်းနှီးလာခဲ့ကြပါတော့တယ်။ နောက်ထပ် တာဝန်နဲ့အတူရောက်လာခဲ့သူကတော့ ရဲအရာရှိပါရာဆူ။ ပါရာဆူနဲ့ ဒေါက်တာဆာဒါကြား အဆင်မပြေမှုတွေရှိလာတဲ့အခါမှာတော့…။ အတိတ်ကဖြစ်ရပ်နဲ့ ပစ္စပ္ပုန်ကာလကြား အလှည့်ကျပြသရင်း စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Drama
7 2024
Rasavathi
71: Into the Fire
7.3

71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…3.01GB / 1.24GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 2m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn & Theint

7.3 2010
71: Into the Fire
Sound of Hope: The Story of Possum Trot
7.1

ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒိုနာနဲ့ သင်းအုပ်ဆရာမာတင်တို့လင်မယားနှစ်ယောက်ဟာ ထိန်းသိမ်းရခက်တဲ့မိဘမဲ့ကလေးတွေကို သူတို့ကိုယ်တိုင်မွေးစားခဲ့တဲ့အပြင် တခြားသူတွေကိုပါမွေးစားချင်လာအောင် တိုက်တွန်းပေးနိုင်ခဲ့ပါတယ် ဒိုနာတစ်ယောက် သူမရဲ့မိခင်ကြီးဆုံးပါးသွားတဲ့အခါမှာ ဖြေဆည်မရတဲ့ပူဆွေးသောကြီးနဲ့လေးလံဖိစီးနေခဲ့ပါတယ် ဒါပေမဲ့တစ်နေ့မှာတော့ သူမရဲ့ပူဆွေးမှုတွေကိုဖြေဖျောက်နိုင်မယ့်နည်းလမ်းတစ်ခုရှာတွေ့သွားခဲ့ပါတယ် အဲ့ဒါကတော့ဘသူမတို့မောင်နှမတွေအများကြီးကို သူမရဲ့မိခင်ကမေတ္တာတွေပေးပြီးပြုစုစောင့်ရှောက်ခဲ့သလိုမျိုး သူမကလည်း ခိုကိုးရာမဲ့နေတဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ပေးချင်တာပါ သူမရဲ့အမျိုးသားနဲ့တိုင်ပင်ပြီး မိဘမဲ့ကလေးနှစ်ယောက်ကိုအရင်ဆုံးမွေးစားလိုက်ပါတယ် နောက်ပိုင်း ထိုကလေးငယ်တွေရဲ့ဝမ်းနည်းကြေကွဲစရာအကြောင်းတွေကိုသိလာရတဲ့အခါမှာ အဲ့လိုကလေးမျိုးတွေအတွက်သာယာလှပတဲ့ဘဝလေးပေးနိုင်ဖို့ သူတို့ဘုရားကျောင်းကလူတွေကိုစည်းရုံးပြောဆိုနိုင်ခဲ့ပြီး အဲ့ကမိသားစု 22စုဟာ ကလေးမွေးစားပေးခဲ့ကြပါတယ် ဒါပေမဲ့ ထိန်းသိမ်းအုပ်ချုပ်ဖို့ခက်ခဲတဲ့ကလေးတွေလည်းပါနေတော့ ရင်ဆိုင်ရတဲ့ပြဿနာတွေရော လူများလာတာနဲ့အမျှငွေကြေးမလုံလောက်မှုတွေရောဖြစ်လာပေမဲ့ သူတို့ကဟာ သူတို့ယုံကြည်တဲ့ဘုရားသခင်ရဲ့လမ်းညွှန်မှုအတိုင်းလုပ်ခဲ့တာဖြစ်လို့ အဆင်ပြေမယ်ဆိုတဲ့ယုံကြည်ချက်နဲ့လက်မလျှော့ဘဲရှေ့ဆက်ခဲ့ကြပါတယ်……. File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:10:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

Drama • Romance
7.1 2024 130 mins
Sound of Hope: The Story of Possum Trot
Jattu Nikhattu
7.8

Jattu Nikhattu 2023 (ဂျီတန်ဒရာဆင်းဂ်ဂျပ်တူ) ကိုယ်ရေးအတ္ထုပတ္တိဆိုရင် နာမည်ကြီးပြီး ထင်ပေါ်ကျော်ကြားတဲ့သူတွေရဲ့ ဇာတ်လမ်းကိုပဲ ရေးလေ့ရှိပေမယ့် အခုတစ်ခါမှာတော့ သာမန်လူတစ်ယောက်ရဲ့ဘဝကို ဖော်ပြထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဂျီတန်ဒရာဆင်းဂ်ဂျပ်တူဆိုတဲ့သူတစ်ယောက်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိလေးပေါ့။ ဂျပ်တူဟာ ဘဝကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပဲ မိဘတွေနဲ့အတူ ဖြတ်သန်းနေရင်းနဲ့ပဲ တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ကို မြင်မိပြီးတော့ မြင်မြင်ချင်းမှာပဲ ချစ်မိလို့သွားပါတော့တယ်။ မာနီဆိုတဲ့ နာမည်လေးတစ်ခုပဲ သိပြီးတော့ မာနီရှာပုံတော်ဖွင့်ပါတော့တယ်…. ဒီလိုနဲ့ ဂျပ်တူ့ဘဝရဲ့ အချစ်အလွမ်း, ပျော်ရွှင်မှု, ဝမ်းနည်းမှု, ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ ဘဝအခြေအနေတွေကို တင်ဆက်ပြသထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Romance • Drama
7.8 2023 145 mins
Jattu Nikhattu
Daddy’s Head
5.7

ဒီဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Horror Genre ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDb မှာ 5.7/10 ဆိုတဲ့ Rating ကောင်းတစ်ခုကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Isaac ဆိုတဲ့ကောင်လေး တစ်ယောက်ဟာ သူ့အဖေကို မကြာသေးခင်ကမှ ကားမတော်တဆမှု တစ်ခုမှာ ဆုံးရှုံးလိုက်ရတာကြောင့် စိတ်ထိခိုက်နေပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ မကောင်းဆိုးဝါး တစ်ကောင်က သူ့အဖေဟန်ဆောင်ကာ သူနဲ့သူ့အမေကြား ပြဿနာတွေဖြစ်အောင် အမျိုးမျိုးနှောင့်ယှက်ရင်း Isaac ကိုပြုစားဖို့ ကြိုးစားပါတယ်။ အဲဒီမကောင်းဆိုးဝါးကို သားအမိနှစ်ယောက်ပေါင်းကာ ဘယ်လိုတွေ မောင်းထုတ်ကြမလဲ၊ မကောင်းဆိုးဝါးရဲ့အကြံကရော အောင်မြင် သွားမလားဆိုတာတွေကို အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရှု ကြရမှာပါ။ ဇာတ်လမ်းက အစပိုင်းမှာတော့ နည်းနည်းရှုပ်သလိုလိုရှိပေမယ့် ကြည့်ရင်း ကြည့်ရင်းနဲ့ သဘောပေါက်လာပြီးတော့ Horror vibe ကို လုံးဝ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1GB / 613MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.7 2024
Daddy’s Head
eXistenZ

IMDb – 6.8/10 RT – 76% Old But Gold ဇာတ်ကားတစ်ခုပါ။ တစ်ကားလုံး မကြည့်ဖူးသေးရင်တောင် ဂျုဒ်လော ဟင်းပွဲထဲကအရိုးတွေကိုဆက်ပြီး သေနတ်လုပ်တဲ့ ပြကွက်ကိုတော့ FB Reel တွေမှာ ကြည့်ဖူးမှာပါ။ အခုနောက်ပိုင်းမှ အမှန်အကန်တွေ့လာရတဲ့ AI တို့၊ Virtual Reality Game တို့အကြောင်း လွန်ခဲ့တဲ့ ၂၆နှစ်က ရုပ်ရှင်တစ်ကားရှိခဲ့တယ်ဆိုတာ သင်ယုံနိုင်မလား။ ဇာတ်လမ်းကတော့ နာမည်ကြီး ဂိမ်းဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ အလယ်ဂရာ (Jennifer Jason Leigh)ဟာ ဂိမ်းမိတ်ဆက်ပွဲတစ်ခုမှာ လုပ်ကြံဖို့ ကြိုးစားခံရတဲ့အတွက် လုံခြုံရေးဝန်ထမ်း ပိုက်ကယ်လ် (Jude Law) နဲ့ အတူ ထွက်ပြေးကြရပါတယ်။ လုပ်ကြံရတဲ့ အကြောင်းကလည်း သူမဖန်တီးထားတဲ့ဂိမ်းကို ဖျက်ဆီးချင်တာ‌ရော၊ ခိုးယူချင်တာပါ ဖြစ်နေပါတယ်။ ထွက်ပြေးရာ လမ်းတစ်လျှောက် လုပ်ကြံသူတွေ အစီအရီအကြား သူမတို့နှစ်ယောက် ဘယ်လို အသက်လုပြေးကြရမလဲကို ဆက်လက်ရှုစားကြပါ။ စိတ်ကူးယဉ်ဇာတ်လမ်းပေမယ့် အတော်လေး သဘာဝကျတဲ့ ဇာတ်ဝင်ခန်းတွေ၊ concept တွေကို မြင်ရပါတယ်။ အထူးသဖြင့် Virtual Reality မှာ နေ့နဲ့ချီနေပေမယ့် ပကတိကာလမှာ မိနစ်ပိုင်းပဲရှိသေးတာ၊ Virtual Reality ကို စိတ်ရောဂါလက္ခဏာတစ်ခုနဲ့ခိုင်းနှိုင်းထားတာ (ဘာက ဂိမ်းထဲမှာ…ဘာက ပကတိလောကမှာ ခွဲခြားမရအောင်ရှုပ်ထွေးကုန်တာ)၊ ဥပမာအရကတော့ ဂိမ်းထဲမှာ လူတစ်ယောက်ကို သတ်မိတာ သွေးအေး‌အေးနဲ့ ထိုင်ကြည့်နေသလိုမျိုး ပကတိထိုင်ကြည့်နေမိတာမျိုး၊ လက်တွေ့ဘဝနဲ့ ကင်းကွာလာတာမျိုးကို ပြထားပါတယ်။ ဟိုတုန်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပေမယ့် လက်ရှိကာလမှာတော့ ပြဿနာတကယ်ရှိလာပါပြီ။ နာမည်ကြီးတွေထဲက Willem Dafoe, Ian Holm, Don Mackellar တို့တွေ ဇာတ်ရံအနေနဲ့ ပါဝင်ထားပြီး ထုတ်လုပ်သူ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ David Cronenberg ဖြစ်ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဆု၊ တည်းဖြတ်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေရဖူးပြီး ဇကာတင် ၁၄ကြိမ် ဝင်ဖူးပါတယ်။ (SciFiမှာ Matrix ကို နောက်ကောက်ကျရတာများပါတယ်) အညွှန်းနှင့်ဘာသာပြန် TLone ဖြစ်ပါတယ်။ File size…(2 GB)/(993 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by T Lone

Science Fiction • Comedy • Action
0 1999
eXistenZ
The Ballad of Wallis Island
7.4

The Ballad of Wallis Island (2025) IMDb Rating (7.4) / Rotten Tomatoes (98%) ဒီနှစ် Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ပွဲတော်အတွင်း ပြသခဲ့တဲ့ 2025 ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ် သတ်မှတ်ခံခဲ့ရသလို၊ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ်လည်း ချီးကျူးခံထားရပါတယ်။ ရီဗျူးတွေ အရဆိုရင်လည်း ကြည့်ရှုခံစားသူ ပရိတ်သတ်တွေကို အားရကျေနပ်စေတဲ့ ရုပ်ရှင် ကားလေးဖြစ်ပါတယ်။ ဟာသလေးနှောတဲ့ ဒရမ်မာ ဆန်ဆန် ကားလေးပါ။ နှလုံးပီတိ ဂွမ်းဆီထိဆိုသလို ၊ နှလုံးသား အရည်ပျော်စေလောက်အောင် စိတ်ချမ်းမြေ့စရာ၊ ကြည်နူးစရာ ကောင်းလှတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အရေးကြီးဆုံးအရာဟာ ချစ်ခြင်း မေတ္တာတရားပဲ မဟုတ်ပါလား။ ဇာတ်လမ်းအကျဉ်း ချားလ်စ် ဟာ ထီဆုကြီးနှစ်‌ခါပေါက်ပြီး ၊ အမျိုးသမီး ဖြစ်သူ မယ်ရီနဲ့ ကမ္ဘာပတ်ကာ ခရီး‌တွေ ‌ထွက်ခဲ့သူပေါ့။ မယ်ရီ ဆုံးသွားတဲ့နောက်မှာတော့ ချားလ်စ်လည်း ခရီးထွက်တာကို ရပ်လိုက်ပြီး ၊ အရမ်းကို ဝေးလှတဲ့ ကျွန်းတစ်ကျွန်းမှာ အိမ် တစ်လုံး ဝယ်ပြီး ၊ သူ့ရဲ့များပြားလှတဲ့ ငွေတွေနဲ့ ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။ အဲ့ဒီ ကျွန်းလေးဟာ လူသူနည်းပါးပြီ အေးအေးချမ်းချမ်း ရှိပါတယ်။ ရွာခံ တွေကလည်း ရိုးသားကြပါတယ် ။ တစ်နေ့မှာပဲ မယ်ရီရဲ့ ငါးနှစ်ပြည့် နှစ်ပတ်လည် နေ့အတွက် သူနဲ့ မယ်ရီ ရဲ့ အကြိုက်ဆုံး ယူကေ ဖော့ခ် အဆိုတော် မက်ဂွါးရား ကို သီးသန့်ဖျော်ဖြေပွဲအတွက် ဒေါ်လာသန်းဝက် ပေးကာ ငှားလိုက်ပါတယ်။ အဲ့ဒီအပြင် မက်ဂွါးရားရဲ့ ရည်းစားဟောင်းဖြစ်သူ ဂီတာလောကက ထွက်ခွာသွားတဲ့ နေးလ်ကိုပါ ငှားလိုက်ပါတယ်။ ချားလ် က မက်ဂွါးရား ရဲ့ အနုပညာ တွေကို သေ‌လောက် အောင် ရူးသွပ်သူပါ။ အဲ့လိုကနေစပြီး ‌ချားလ်နဲ့ မက်ဂွါးရားကြား က ပေါ့ပေါ့ပါးပါး အလွဲလေးတွေနဲ့ စိတ်ကို ကြည်နူးရစေမှာပါ။ ဖျော်ဖြေပွဲအတွက်စီစဥ်ရင်း ကျွန်းပေါ်မှာ ဘာတွေ ဖြစ်ကြမလဲဆိုတာကို ကော်ဖီလေး တစ်‌ခွက်နဲ့ အနားယူပြီး ခံစားကြည့်သင့်တဲ့ ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kafka ဖြစ်ပါတယ်။) File size… (5.7 GB) / (1.7 GB) / (890 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama, Music, Romance Duration…. 01:40:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Kafka

7.4 2025 100 mins
The Ballad of Wallis Island