YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Hardy.Boys.2020.S01E01.1080p[CM]_new.mp4

551.85 MB N/A video/mp4 487 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Double
5.8

Hachi A dog's tale, Unfaithful, Pretty Woman Runaway Brideစသဖြင့်ကားတွေအပြင် 90s born တို့ရဲ့အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Richard Gereရဲ့action ဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ပေါလ် ရှာပတ်ဆန်ဆိုတာကတော့ CIAကအငြိမ်းစား ယူထားတဲ့အေးဂျင့်တယောက်ပါ။ အမေရိကန်နဲ့ရုရှားတို့ အကြားဆက်ဆံရေးတင်းမာလာချိန်မှာပဲ ရုရှားနဲ့မကင်းတဲ့ အမေရိကန်လွှတ်တော်အမတ်တစ်ယောက်ကို ရုရှားလုပ်ကြံ သတ်ဖြတ်ရေးသမားကသတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုက ပေါလ် လွန်ခဲ့တဲ့နှစ်၂၀ကဖမ်းဆီးလို့ မရနိုင်ခဲ့တဲ့ဆိုဗီယက် လူသတ်သမား ကက်ရှီးယပ်စ်ဆိုသူရဲ့ လက်ချက်နဲ့ဆင်တူနေတဲ့အတွက် ကက်ရှီးယပ်စ်အမှုကိုအထူး လေ့လာသူဖြစ်တဲ့ FBIအေးဂျင့် ဘန် ဂီရီနဲ့လက်တွဲပြီးအဖြေ ရှာဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူတို့ဒီလိုရှာဖွေနေရင်းမှာပဲ တွေ့ရှိလာရတဲ့လျှို့ဝှက်ချက်တွေက တယောက်နဲ့တယောက် သံသဃတွေ၀င်လာစေခဲ့ပါတယ်။ ပေါလ်ရဲ့ကက်ရှီးယပ်စ်နဲ့ အတိတ်နောက်ကြောင်းတွေကဘာတွေလဲ။ ဘန်ကလည်း ဘာ့ကြောင့် ကက်ရှီးယပ်စ်အကြောင်းကို ဒီလောက်စွဲလမ်းနေရတာလဲ။ သူတို့နှစ်‌ယောက်စလုံးရဲ့ လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။ အဆုံးမှာတရားခံအစစ်ကဘယ်သူဖြစ်မလဲဆိုတာကို The Double ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျ။ File size…2.11GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Action • Thriller
5.8 2011 98 mins
The Double
Corona Papers
5

Corona Papers (2023) IMDb-7.5/10 Malayalam ရုပ်ရှင်တွေရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Shane Nigam, Shine Tom Chacko, Jean Lal, Gayathrie တို့ အဓိကပါ၀င်ထားတဲ့ Crime/Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း အလုပ်ကိုကောင်းကောင်းမလုပ် လိမ်စားလှည့်စားနေတဲ့ရဲစခန်းမှာ ဘယ်သူ့မှမကြောက်တဲ့ မှန်မှန်ကန်ကန်ရဲအရာရှိတစ်ယောက်ရှိနေတယ် အဲဒီလိုရဲစခန်းကိုမှ SI ရာထူးနဲ့ရဲ၀န်ထမ်းအသစ်စက်စက်လေး ရာဟူလန် (ရာဟူး)ရောက်လာပါတယ် တစ်နေ့ဘက်စ်ကားစီးရင်းပဲ သူ့ရဲ့ ပစ်စတိုလေးအခိုးခံလိုက်ရပါတော့တယ် လူငယ်ရဲအသစ်လေးက အထက်ကိုမတင်ပြပဲကိုယ်တိုင်ပဲလိုက်ဖမ်းဖို့ကြိုးစားချိန်မှာ COVID ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ များစွာသောဒုစရိုက်မှုတွေကို ရှာဖွေတွေ့ရှိလာချိန်မှာတော့.... အုန်းစားရတဲ့ ခက်ခဲနက်နဲလိမ်ထွေးနေတာမျိုးမဟုတ်ဘဲ တစ်ရစ်ချင်းတစ်ခန်းချင်း plot twist အလှည့်အပြောင်းအတက်အကျလေးတွေနဲ့ ပြစ်မှုဇာတ်ကားကောင်းလေးကို ခံစားကြည့်ပါဦး File size…2.3GB/ 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Khin~Sai~Nyein

Action • Drama
5 2023 155 mins
Corona Papers
A Murder Erased
6

အခုတစ်ခေါက်မှာ လျို့ဝှက်ဆန်းပြားပြီး စိတ်ဝင်စားဖို့ကောင်းလှတဲ့ မူးယစ်ဆေးလမ်းကြောင်းက နောက်ဆုံးတော့ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဟောင်ကောင်မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်ကားလေး အကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ပင်လယ်စာဆိုင်လေးဖွင့်ဖို့ ဆိုင်ခန်းငှားပြီး ပြန်လည်ပြင်ဆင်ရာကနေ အောက်ထပ် လှေကားအောက်နားလေးမှာ အပေါက်လေးဖြစ်နေခဲ့တာကိုတွေ့ခဲ့ရတယ်... အဲ့ အပေါက်လေးကို ရေဆိုးမြောင်းပိုက်ထင်ပေမယ့် လူအရိုးထွက်လာလို့ အလောင်းဝှက်ထားမှန်းသိခဲ့ရတာပေါ့.... ဒီလိုနဲ့ ဒီအလောင်းပိုင်ရှင်နဲ့ သေဆုံးတဲ့ ဇစ်မြစ်ကို လိုက်ရာကနေ အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အသတ်ခံရတာသိရပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို မသိနိုင်ဖြစ်နေရတယ်... အကြောင်းကတော့ DNA အဖြေကြောင့် ဘယ်သူဆိုတာသိရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအမှုနဲ့ပတ်သက်တယ်ထင်ရသူနဲ့ သေဆုံးသူနဲ့ နီးစပ်သူ အားလုံးက သေဆုံးသူနဲ့ မိသားစုအကြောင်းမသိဘူးဆိုနေတာက တစ်ကြောင်း... နောက်ပြီး သေဆုံးသူအလောင်းမပေါ်ခင် ၃ နှစ်တည်းက သေဆုံးသူဇနီးဆုံးသွားတာက တစ်ကြောင်းကြောင့်ပေါ့... ကဲ ဒီလို အတားအဆီးတွေကြားကနေ အမှုမှန်ကိုဖော်ထုတ်နိုင်ပါ့မလား... သေဆုံးရတဲ့ အကြောင်းရင်းနဲ့ တရားခံကို ၈ နှစ်တောင်ကြာနေတာ သိနိုင်ပါ့မလား.... သိနိုင်တာပေါ့နော်... သိနိုင်လို့ ဇာတ်လမ်းရိုက်တာဆိုတော့ကာ ဘယ်လို အဆင့်တွေကို ဘယ်လိုကျော်ဖြတ်ပြီး ကြိုးစားဖော်ထုတ်ခဲ့တယ်ဆိုတာ ဒီဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ရင် သိနိုင်မှာမို့ ဉာဏ်ကစားရကြိုက်သူတွေ လက်လွတ်မခံဘဲ ကြည့်လိုက်ကြနော် [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime  Runtime : 1h 48min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK

Adventure • Animation • Comedy • Family • Fantasy
6 2022 108 mins
A Murder Erased
Ford v Ferrari
8

ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကို အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဒီလို ဖြစ်နိုင်ချေနည်းလွန်းတဲ့ အလုပ်အတွက် လမန်းစ်မှာ အနိုင်ရဖူးသူ ကယ်ရိုးရှဲလ်ဘီ နဲ့ သူ့ရဲ့ မိတ်ဆွေကောင်း လူ့ဂွစာ ကင်မိုင်းစ် တို့ဟာ ဖို့ဒ်ပြိုင်ကားကို ကိုယ်တိုင်တည်ဆောက်ပြီး လမန်းစ်မှာ ဖရာရီကို နောက်ကောက်ချဖို့ ကြိုးစားကြပါတော့တယ်။ ပါဝင်တဲ့ သရုပ်ဆောင် ၂ ယောက်ကိုတော့ လူတိုင်းနီးပါး သိပြီးသားဖြစ်မှာပါ။ မက်ဒေမွန်ကတော့ ခရစ်ရှန်ဘေးနဲ့ တွဲလုပ်ရမှာမို့ ဒီဇာတ်ကားကို အားရဝမ်းသာ လက်ခံခဲ့တယ်လို့ ပြောထားပါတယ်။ ခရစ်ရှန်ဘေးကတော့ ထုံးစံအတိုင်း ဇာတ်ကောင်အတွက် ပေါင် ၇၀ ချပြီး အလိုက်ဖက်ဆုံး သရုပ်ဆောင်သွားတာပါပဲ။ ဒီရုပ်ရှင်ကတော့ အတော်လေး ကြည့်လို့ကောင်းပြီး လူတိုင်း ကြိုက်မယ့်အမျိုးအစားမှာ ပါမယ်ထင်ပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) File Size – 2 GB Quality – 1080p.BluRay 5.1CH Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Biography, Drama Source : 1080p.BluRay 5.1CH Translator – Littleneo Encoder – San Win Maung

Action
8 2019 153 mins
Ford v Ferrari
Once Upon a Time in the West
8.3

~ IMDb - 8.5/10, RT - 95%, Meta - 80% ~ Directed By Sergio Leone ရုပ်ရှင်သမိုင်းထဲက အပြောင်မြောက်ဆုံး ဒါရိုက်တာတွေအကြောင်းပြောရင် Sergio Leone ကို ချန်ခဲ့လို့မရလောက်ပါဘူး။ Sergio Leone ဆိုတဲ့ နာမည်ကို သိပ်မရင်းနှီးရင်တောင် Dollars Trilogy တို့ Once Upon A Time In America တို့ကို ရင်းနှီးကြမှာပါပဲ။ Sergio ဟာ တစ်သက်လုံးမှာမှ ၇ကားပဲ ရိုက်ခဲ့ပြီး ၆ကားက အနုပညာအရ ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့ကားတွေပါ။ သူရိုက်ခဲ့တဲ့ Dollar သုံးကားကိုတော့ Dollars Trilogy အဖြစ် သတ်မှတ်ထားပြီး Once Upon A Time In America, Once Upon A Time In The West နဲ့ Duck, You Sucker! တို့ကိုတော့ Once Upon A Time Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ဒီ Trilogy ၂ခုစလုံးဟာ အကောင်းဆုံး Trilogyတွေ စာရင်းတွေရဲ့ ထိပ်နားတွေမှာ ပါနေကျပါပဲ။ ဒီ၆ကားလုံးမှာ Once Upon A Time In America ကလွဲ ကျန်တဲ့၅ကားက Spaghetti Western ကားတွေပါပဲ။ ၆ကားလုံးဟာ သူ့မာစတာပိစ်‌တွေလို့ ပြောလို့ရပါတယ်။ Sergio ကို Spaghetti Western ရဲ့ Creator လို့ ဆိုကြပါတယ်။ Spaghetti Western ဆိုတာက Western ကားတွေရဲ့ genre အခွဲတစ်ခုဖြစ်ပြီး ‌အီတလီသားတွေရိုက်တဲ့ Western ကားတွေကို ဝေဖန်ရေးသမားတွေပေးထားတဲ့နာမည်လို့ အကြမ်းဖျင်းဆိုလို့ရပါတယ်။  Sergioဟာ အနီးကပ်ရိုက်ချက်တွေ Long Takeတွေ လှိုင်လှိုင်သုံးပြီး ရိုးရိုးရှင်းရှင်း ဇာတ်လမ်းကိုတောင် အစကြည့်မိတာနဲ့ ဘာဆက်ဖြစ်မလဲသိချင်ပြီး ဆုံးတဲ့ထိကြည့်မိအောင် ဆွဲ‌ဆောင်မှုရှိတဲ့ Storytelling မျိုးကို သုံးတတ်တဲ့သူပါ။ သူရိုက်တဲ့ Westernကားတွေမှာ သေနတ်မပစ်ခင်ကို အချိန်အတော်ယူပြီး ကာရိုက်တာတွေရဲ့ အနေအထားကို ပြတတ်ပြီး ‌ချွေးတွေမျက်နှာမဲကြီးတွေ မမှိတ်မသုန်အကြည့်တွေကို အနီးကပ်ရိုက်ပြ ပုံဖော်တတ်ပါတယ်။ အသေးစိတ်ကို ပုံဖော်တတ်တဲ့ Perfectionist လို့ ဆိုလို့ရပါတယ်။  Once Upon A Time In The West ဟာ Sergio ရဲ့ ပုံစံအတိုင်းပဲ ပဟေဠိဆန်တဲ့ ကောင်းဘွိုင်သေနတ်သမားတစ်ယောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ 12 Angry Men က Henry Fonda, The Magnificent Seven က Charles Bronso nနဲ့ Claudia Cardinaleတို့က အဓိကသရုပ်ဆောင်ထားသလို Sergio ရုပ်ရှင်ပီပီသသ စီနီမာတိုလည်း လန်းပါတယ်။  ထူးခြားတာကတော့ မကြည့်ခင်က အဓိကဇာတ်ကောင်က Henry Fonda ဖြစ်မယ်ထင်ခဲ့ပေမဲ့ တကယ်တမ်း သူက ဗီလိန်နေရာက သရုပ်ဆောင်ထားတာပါ။ Henry Fonda ရဲ့ တစ်ခုတည်းသော ဗီလန်ဇာတ်ကောင်ဖြစ်ပြီး တခြားသရုပ်ဆောင်တွေကိုလည်း သူတို့သရုပ်ဆောင်နေကျနဲ့ ကွဲပြားတဲ့ ပုံစံတွေမှာ သုံးသွားတယ်ဆိုပါတယ်။ ပသို့ပဲဆိုဆို Henry Fonda ကတော့ သရုပ်ဆောင်ကောင်းမြဲပါပဲ။  Featured Song ဖြစ်တဲ့ Once Upon A Time In The West ကို Ennio Morricone က ရေးသားထားတာဖြစ်ပြီး သူဟာ Academy Honorary Award ရထားတဲ့ နှစ်ယောက်တည်းသော Composer တွေထဲက တစ်ယောက်ပါ။ Sergio ရဲ့ ကားတိုင်းမှာ သူပါပါတယ်။ ဒီသီချင်းကြောင့်လည်း ရုပ်ရှင်ဟာ Once Upon A Time ဆိုတဲ့ စကားလုံးနဲ့ ပိုပြီးလိုက်ဖက်သွားခဲ့တာပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.9GB, 1.53GB Quality - Blu-ray 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 45Min Genre - Western Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller
8.3 1968 166 mins
Once Upon a Time in the West
The Hobbit: The Desolation of Smaug
7.6

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.9 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Action & Adventure • Drama
7.6 2013 161 mins
The Hobbit: The Desolation of Smaug
Chong Zi – The Snow Fairy Love
6

ဟဲလို ဒီတစ်ခါ CM တင်ဆက်မယ့်ရုပ်ရှင်က The Journey of Chong Zi (2023)ရဲ့ Movie Version လေးပဲဖြစ်ပါတယ် ယင်ဆွေရှန်းဟာ ထျန်းစန်းနတ်ဂိုဏ်း ရွှယ်လင်ရဲ့တပည့်ဖြစ်ပြီး ဆရာ့ကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့် န တ်ဂိုဏ်းစည်းမျဉ်းချိုးဖောက်မိပြီး နှင်ထုတ်ခံရတယ်။ ရွှယ်လင်(နတ်မင်း)တာဝန်ဟာ လူသားတွေကို ကာကွယ်စောင့်ရှောက်ရတယ်။ ရွှယ်လင်ဟာယင်ဆွေရှန်းအပေါ် မေတ္တာသက်ဝင်မှုတွေကို စိတ်ထဲမြိုသိပ်ထားရတယ်။ ‌ ဒီလိုနဲ့ရွယ်လင်ဟာနတ်ဆိုးဘုရင်နီလွင်နဲ့ တိုက်ခိုက်ရမှ သေဆုံးသွားတယ် ယင်ဆွေရှန်း နတ်ဆိုးလောကမှာ ဘယ်လိုအခက်အခဲကြုံတွေ့နိုင်မလဲ ။ ရွှယ်လင်ဟာပြန်လည်နိုးထလာပြီးနောက် ယင်ဆွေရှန်းနဲ့အတူ ဇနီးမောင်နှံအဖြစ် လူ့ပြည်မှာနေထိုင်တယ်။ ပြီးနောက် နတ်ဆိုးလောကက မိစ္ဆာမိဖုရား ရွှမ်လွေ့ကို ဖိနှိပ်ဖို့စေလွှတ်တဲ့အခါမှာ ရှောင်လန်(နတ်ပင်)နဲ့ မိစ္ဆာမိဖုရား ရွှမ်လွေ့တို့ရဲ့ အချစ်နဲ့အမုန်းတရားရန်ငြိုးတွေဖြစ်ပွားလာတော့ သူတို့လေးဦးကြားမှာ ဘယ်လိုအချိတ်ဆက်တွေရှိနိုင်မလဲ ယင်ဆွေရှန်း၊ ရွှယ်လင်တို့ကြား ဘယ်လိုအထင်လွှဲမှုတွေဖြစ်လာပြီး ပြေလည်သွားမလဲ သူတို့နှစ်ဦးရဲ့ အချင်းချင်းပေးဆပ်မှု၊ ကာကွယ်မှုနှင့် ယုံကြည်မှုတို့ကို CM ပရိတ်သတ်တို့စောင့်မျှော်ကြည်ရှုကြပါရှင်

6 2023
Chong Zi – The Snow Fairy Love
Oh My Ghost! The Fierce Escape from Covid-19

Oh My Ghost! The Fierce Escape from Covid-19 (2021) ကျိန်စာမိလာတဲ့ မဟာဒေဝီကြီးတစ်ယောက် အာခွေတို့သားအမိ ပိုင်ဆိုင်တဲ့ ဟိုတယ်ကို တည်းတဲ့ညမှာတင် မကြံဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ အဲမကြုံဖူးတဲ့အဖြစ်အပျက်ကြီးကို ဖြေရှင်းနေဆဲမှာတင် မွေးနေ့ပွဲတက်ခဲ့တဲ့ အာခွေတို့သားအမိဟာ ကိုဗစ်စည်းကမ်းချက်အရ ဟိုတယ်ကို ၁၄ ရက် ပိတ်လိုက်ရပါတော့တယ်။ ခိုကိုးရာမဲ့လုလု အာခွေတို့သားအမိနှစ်ယောက်ကို ကယ်တင်ဖို့ ပန်ကိတ်မလေး ရောက်လာတဲ့အခါမှာတော့…… ကိစ္စက ရှင်းသွားရမှာမဟုတ်ဘဲ ထင်တာထက်ပိုနက်နဲနေတဲ့အခါ….. အာခွေတို့သားအမိ ပဟေဠိအဖြေညှိနိုင်ပါ့မလား။ ပန်ကိတ်ကရော ဘယ်လောက်အထိ ကူညီပေးနိုင်မှာလဲ။ ပြဿနာတွေက မဟာဒေဝီရဲ့ ကျိန်စာနဲ့များ ဆက်စပ်နေမလား။ မဟာဒေဝီကရော ဘယ်သူလဲ။ ဘယ်ကလာလို့ ဘာကျိန်စာတွေမိခဲ့တာလဲ။ ပုံမှန်သရဲတွေတင်မဟုတ်ဘဲ ဇွန်ဘီးတွေပါ ပါလာတဲ့အခါမှာတော့ ….. ဒါတွေကို သူတို့ဖြေရှင်းနိုင်ပါ့မလား။ ဆိုရှယ်ဒစ်စတန်းဆင်းဆိုပေမယ့် ပန်ကိတ်မတို့ အခေါ်တစ်ခေါက်မတို့ တစ်သိုက် ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာ အရယ်မရပ်ရစေဘဲနဲ့ ကြည့်ရှုခံစားကြရဦးမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror Quality…. 720p File size… 792MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

Romance • Comedy • Fantasy
0 2021
Oh My Ghost! The Fierce Escape from Covid-19
Double Kill

ဒီလောကကြီးထဲမှာကိုယ်နဲ့ချွတ်စွပ်တူတဲ့ Doppelganger တွေရှိတယ်ဆိုတာ ကိုသင်ယုံကြည်ပါသလား။ဒီကားကတော့အဲ့ဒီလို Doppelganger တွေနဲ့ ပတ်သတ်တဲ့မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူတစ်ယောက်ကရုပ်ချင်းလုံးဝဆင်တူတဲ့အမွှာလည်း မဟုတ်တဲ့ကောင်မလေးနှစ်ယောက်ကို ဖမ်းထားတာကိုတွေ့ရမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အဲ့ဒီကောင်မလေးနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုပန်းချီ ဆေးတွေရေးခြယ်ထားပြီး သစ်ပင်မှာကြိုးနဲ့ချည်သတ်ထားတဲ့အကြောင်း သတင်းထဲပါလာပါတော့တယ်။ဒီအမှုကကြီးတဲ့အတွက် FBI ကိုယ်တိုင် အမှုလိုက်ခဲ့ရပါတယ်။ဒါပေမယ့်ဖြစ်ချင်တော့ FBI အေးဂျင့်ရိုးလင်းရဲ့ မိန်းမကို အဲ့ဒီလူသတ်သမားကထပ်ဖမ်းသွားပါတော့တယ်။ဒီလိုနဲ့ အေးဂျင့် ရိုးလင်းလည်း အဲ့ဒီအမှုကိုလိုက်ရင်းလိုက်ရင်း တရားခံက ရုပ်ချင်းချွတ်စွပ် တူတဲ့ လူတွေကိုပစ်မှတ်ထားကြောင်းသိခဲ့ရပြီး အဲ့လိုအမှုတွေအများကြီး ရှိခဲ့သေးတာကို သိလိုက်ရပါတယ်။အဲ့ဒီအမှုကိုစုံစမ်းရင်းနဲ့မှ တဖြည်းဖြည်းနဲ့ အမှုမှန်က ပိုပိုပေါ်လာပြီးတရားခံကိုသိရတဲ့အခါမှာတော့ သူ့မိန်းမကို အေးဂျင့်ရိုးလင်းတစ်ယောက် အချိန်မှီကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရမယ့်သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ File size…2.09GB / 769MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 10m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • TV Movie
0 2023 125 mins
Double Kill
The Millionaires’ Express
6.9

ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။ ‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။ နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။ အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ

Action • Drama • Romance • Thriller
6.9 1986
The Millionaires’ Express
Visfot

Visfot (2024) “တစ်ရက်တာ ကံကြမ္မာ” Genre – Crime, Thriller မင်းသား Fardeen Khan နဲ့ Riteish Deshmukh တို့ ပါဝင်ထားတဲ့ အသစ်စက်စက် ဟင်ဒီစကားပြော လျှို့ဝှက် သည်းထိတ်ရင်ဖို မှုခင်းကားကောင်းလေးကို တင်ဆက်ပေးသွားမှာပါ။ ရှိုအစ်ဆိုတာ မကောင်းတဲ့လောကထဲကနေ ရုန်းထွက်လာပြီး ကားမောင်းစားကာ အမေအိုကြီးကို လုပ်ကျွေးနေသူတစ်ယောက်ပါ။ ဘာသာမတူပေမဲ့ ငယ်စဉ်ကတည်းက ချစ်ရတဲ့ လပ်ကီးဆိုတဲ့ ချစ်သူလေးလည်း ရှိပြီး လက်ထပ်ဖို့ ကြိုးစားနေသူပေါ့။ တစ်ညမှာတော့ သူ့ဆီကို မြေအောက်လောကထဲက ဘော်ဒါတစ်ယောက်က ကားထဲကို ဂျတ်ကတ်တစ်ထည် ထားသွားခဲ့ပါတယ်။ အိမ်မှာ အမှုမဲ့ အမှတ်မဲ့ သိမ်းထားပြီးနောက် မိခင်ဖြစ်သူကြောင့် ဝါယာရှော့ခ်ရပြီး အိမ်မီးလောင်သွားတဲ့အခါ ဂျက်ကတ်က ပျောက်သွားပါတယ်။ အဲဒီမှာတင် လူဆိုးဘော်ဒါကို ရှိုအစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ အကျပ်ရိုက်ပြီး ကောင်မလေးဆီ အကူအညီ သွားတိုင်ပင်ရာကနေ ကောင်မလေးဖက်ကလည်း ပြဿနာတစ်ခု ပါလာတဲ့အခါ ပြဿနာနှစ်ခုနဲ့ စုံတွဲတစ်တွဲ တစ်ရက်တည်းမှာတင် ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Horror • Thriller
0 2024
Visfot
The Empire L’empire
5.2

The Empire (2024) IMDb Rating (5.2)/ Rotten Tomatoes (64%) ပြင်သစ်ကထုတ်လုပ်လိုက်တဲ့ ကောင်းကင်တိုက်ပွဲ ” Star Wars” ဇာတ်ကားကြီးလာပါပြီ။ Star Wars ရုပ်ရှင်နဲ့ Hollywood နာမည်ကြီးရုပ်ရှင်တွေကို အပြောင်အပျက်ရိုက်ကူးထားတာဖြစ်ပြီး Parody , Comedy , Sci-Fi အမျိုးအစားဖြစ်တာကြောင့် ပြင်သစ်စတိုင် လွန်လွန်ကျူးကျူးတွေနဲ့ ပေါ့ပေါ့ပါးပါး ခွီနေရမှာပါ။ ဇာတ်လမ်းကတော့…. ပြင်သစ်နိုင်ငံက ရွာ‌လေးတစ်ရွာမှာ တမူထူးခြားတဲ့ကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ ဒီကလေးတစ်ယောက်ကြောင့် အ‌ကောင်းနဲ့အဆိုးဆိုတဲ့ လူ့ကိုယ်ခန္ဓာထဲဝင်နိုင်တဲ့ အာကာသအပြင်ဘက်က အင်ပါယာကြီးနှစ်ခုကြား တိုက်ပွဲတွေ ဖြစ်လာမဲ့အကြောင်းပါပဲ။ ဇာတ်လမ်းကရှယ်မိုက်သလို ပြင်သစ်မင်းသမီးလေး Anamaria Vartolomei ကလဲ ရှယ်လှတာပါပဲ။ တခါတလေ လောကကြီးကိုအရွဲ့တိုက်ရင်းနဲ့ အလှအပလေးတွေခံစားချင်တယ်ဆိုရင်တော့ ဒီပြင်သစ်ဟာသကားလေးက ကွက်တိပါပဲ ညီကိုတို့ရေ။ အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Khant Sett Naing မှတင်ဆက်ထားပါတယ်။) File size…(2.2 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Science Fiction Duration….01:51:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

Action • Romance • Drama
5.2 2024 110 mins
The Empire L’empire
The Magician’s Raincoat
5.5

The Magician’s Raincoat (2024) ဆယ်ကျော်သက်မောင်နှမသုံးယောက် သူတိုအဖွားသေတ္တာထဲက အဝါရောင် မိုးကာအင်္ကျီကို တွေ့တော့ သာမန်အဝတ်အစားဟောင်းလိုပဲ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အင်္ကျီလည်းဝတ်လိုက်ရော အဲဒီမိုးကာအင်္ကျီထဲပိတ်မိနေတဲ့ ဟိုးလွန်ခဲ့တဲ့ ၈၆နှစ်က Augustus Semprini ဆိုတဲ့ မျက်လှည့်ဆရာကြီး ဘွားခနဲပေါ်လာတယ်။ ဖြစ်ပုံကတော့ အဲဒီမိုးကာအင်္ကျီကိုဝတ်လိုက်ရင် ဝတ်လိုက်တဲ့သူက Augustus အဖြစ် ရုပ်ပြောင်းသွားတာပါပဲ။ တကယ့်မျက်လှည့်ဆရာ Augustus ကတော့ ကျိန်စာမပြယ်မချင်း မိုးကာအင်္ကျီထဲမှာ ပိတ်မိနေဦးမှာပါ။ ဒီလိုနဲ့ မျက်လှည့်ဆရာမှာရှိတဲ့ ရင်ထိုးကို ရဖိုလိုက်ရှာနေတဲ့ စုန်းမကြီးရဲ့ ရန်ကနေရှောင်ပြီး သူတို မောင်နှမသုံးယောက် မျက်လှည့်ဆရာကို ကုတ်အင်္ကျီထဲကနေ လွတ်မြောက်အောင် ကျိန်စာပြယ်ဖို ကြိုးစားကြပါတော့တယ်။ စိတ်ဝင်စားစရာဇာတ်အိမ်၊ မထင်မှတ်ထားတဲ့ Plot twists မျိုးစုံနဲ့ မပျင်းရမဲ့ adventure မှော်စွမ်းအင် ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်ကိုကြည့်ချင်ရင်တော့ recommend ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.6 GB) / (970 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Family, Fantasy Duration….01:30:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Comedy
5.5 2024 90 mins
The Magician’s Raincoat
Where the Wind Blows Il vento soffia dove vuole
6

Where the Wind Blows (2024) IMDb Rating (6.0) တားရန့်မယ်လစ်ဆန်ဆန် ရုပ်ရှင်လို့ပြောလို့ရတယ်။ ဘာသာရေးနဲ့ လူသားဟာ ခွဲခြားလို့မရသလို တစ်ခါတလေ ဘာသာရေးနဲ့ လူသားဟာ တစ်သားတည်းမကျနေဘူး။ ဒီတစ်သားတည်းမကျနေတဲ့ ဘာသာရေးနဲ့လူသားကြားက ကွင်းဆက်ကို အဖြေမပါတဲ့ အမေးတွေနဲ့ အဖြေရှာကြတဲ့ ရုပ်ရှင်တွေ အရမ်းအများကြီးမဟုတ်ပေမဲ့ ပမာဏတစ်ခုအထိတော့ ထွက်ပြီးပြီလို့ပြောရမယ်။ ဒီကားက အဲဒီလိုကားမျိုးပါပဲ။ ခရစ်ယာန်ဘာသာရေးနဲ့ လူတွေကြားက ယုံကြည်မှု မယုံကြည်မှု အခြေအနေတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ပါပဲ။ တစ်ကားလုံးနီးပါး ဘာသာရေးတွေ ကျမ်းစာထဲက စကားတွေချည်းပြောနေတာဆိုတော့ ဇာတ်ကားက နည်းနည်းတော့လေးပါတယ်။ ဒီရုပ်ရှင်ဟာ ရှင်ခြင်း သေခြင်း ဖြတ်သန်းခြင်းအစုံစုံကို ခရစ်ယာန်ဘာသာရေးနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv / mp4 Genre….Drama Duration….01:49:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

6 2024 108 mins
Where the Wind Blows Il vento soffia dove vuole