YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Grey Man 2024 1080p WEB-DL CM.mp4

1.42 GB N/A video/mp4 500 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Ammu
8.5

7.3/10 IMDb "အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်... သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။ သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB  / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Thet Ko & OeliuJ & Hay Man

Crime • Mystery • Thriller
8.5 2022 136 mins
Ammu
Mukundan Unni Associates™
7.9

၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါ ခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါ ဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn

Comedy • War
7.9 2022 127 mins
Mukundan Unni Associates™
Missing and Alone
5.3

မတည့်အတူနေ ခင်ကြတဲ့ သူငယ်ချင်းမလေး ၂ယောက်ရှိတယ်။ တစ်ယောက်က မိတဆိုး၊ တစ်ယောက် ဖတဆိုး။ အမြဲရန်ဖြစ်နေကြပေမဲ့ သူတို့က သိပ်ချစ်ကြတယ်။ တစ်ယောက်က လိမ္မာတယ်။ တစ်ယောက်က ဆိုးတယ်။ တစ်ယောက်ရဲ့ အဖေက တောထဲမှာစခန်းချခရီးထွက်ရင်း ဆုံးသွားခဲ့တာ။ အဲဒီတစ်ယောက်အဖေရဲ့နှစ်ပတ်လည်နေ့မှာ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက် သူ့အဖေဆုံးခဲ့တဲ့ တောထဲအတူတူသွားကြတယ်။ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေကို လိမ်ပြီးသွားကြတာပေါ့။ မနက်ကျ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေနဲ့ တွေ့ကြတော့ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက်က သူတို့ကိုလိမ်သွားတာကို သူတို့သိသွားကြတယ်။ ဒီတော့ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေက သူတို့ကိုလိုက်ရှာကြတယ်။ ဟိုတစ်ယောက်က ပြန်ပေါ်လာပေမဲ့ အဲဒီတစ်ယောက်က ပျောက်နေတယ်။ အဲဒီတစ်ယောက်အမေ စိတ်ပူပြီးရှာတာပေါ့။ အဲဒီတစ်ယောက်ဘာဖြစ်သွားတာလဲ။ ဟိုတစ်ယောက်ကရော ဘာလို့ တစ်ယောက်တည်းပြန်လာတာလဲ။ အဲဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြားဘာတွေဖြစ်ခဲ့လဲဆိုတာကို ရင်ခုန်စွာကြည့်ရမယ့် ကားလေးပါ။ ဇာတ်လမ်းအချိုးအကွေ့တွေလည်း လှပါတယ်။ အဲဒီတစ်ယောက်ကလည်း လှပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.53GB, 700MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 26Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Animation • Family • Music
5.3 2021 90 mins
Missing and Alone
Collateral Damage
5.5

မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre…Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …Pyi T nyein

Adventure • Drama
5.5 2022
Collateral Damage
[18+] Daughter of Darkness
5.7

Daughter of Darkness (1993) (အကြည်ရဖို့မလွယ်လို့ 480p အနေနဲ့ကိုပဲ ကြည့်လို့ပြေအောင် ကုတ်တင်ပေးလိုက်ပါတယ်) Erotica အမျိုးအစား ဇာတ်ကားတွေထဲမှာ ဇာတ်လမ်း အထူးခြားဆုံးကတော့ ဟောင်ကောင် Erotica ဇာတ်ကားတွေလို့ ကျွန်တော်တော့ ထင်တာပဲ။ ဇာတ်လမ်း ဆန်းဆန်းလေးနဲ့ ဆွဲဆောင်မှုရှိတယ်။ ဇာတ်ကားတွေက ကောင်းတယ်လို့ ပြောလို့မရလောက်ပေမဲ့ ဇာတ်လမ်းလေးတွေကတော့ ဆွဲဆောင်မှုတစ်မျိုးရှိနေတာတော့ အသေအချာပါပဲ။ အခုဇာတ်လမ်းလေးက မင်းသားကိုတော့ လူတိုင်းနီးပါးသိကြမှာပါ။ မင်းသမီးကတော့ ချစ်စရာလေးပဲ။ ဘော်ဒီလေးကလည်း အစ်ကိုတို့အကြိုက်ပေါ့ဗျာ။ မင်းသမီးတင်မဟုတ်ဘူး တခြား အလန်းလေးတွေလည်း ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းက အေးချမ်းတဲ့ နယ်မြို့လေးတစ်မြို့မှာ မကြုံစဖူး တစ်မိသားစုလုံး အသတ်ခံရတဲ့ လေးလောင်းပြိုင် လူသတ်မှုပေါ်လာတယ်။ စခန်းမှူးဆိုတာကလည်း ဖဲဝိုင်း မာကျောက်ဝိုင်းလောက် ဖမ်းရတဲ့သူမျိုး။ Erotica ဇာတ်ကားဆိုတော့ နယ်မြို့လေးပေမဲ့ စျေးသည်တွေကတော့ ပေါတယ်ပေါ့ဗျာ။ စခန်းမှူးကလည်း နှာဘူးနည်းနည်းကျတာပေါ့။ အဲဒီတော့ နှာခေါင်းနဲ့တွေးပြီး လူသတ်ရတဲ့အကြောင်းအရင်းကတော့ မုဒိမ်းမှုလို့ပဲ ဆွဲပြီး ကောက်ချက်ချပါတော့တယ်။ ဒါပေမဲ့ အမှုမှန်ကို လိုက်စုံစမ်းကြည့်တဲ့အခါမှာတော့ ရင်နာစရာ၊ ဝမ်းနည်းစရာ ဇာတ်လမ်းလေးတစ်ခုကို တွေ့လာရပါတော့တယ်။ Erotic ဇာတ်ကားလိုကြည့်ရင်လည်း တန်ပြီး Crime, Mystery, Horror ဇာတ်ကားလိုဆိုရင်လည်း ရသအပြည့်ရနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်) Size – 790MB Quality – 480p IMDb Rating – 5.7/10 Format – mp4 Duration – 1H 36Min Genre – Comedy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by s Encoded by RGB

5.7 1993 96 mins
[18+] Daughter of Darkness
Ribspreader
6.5

၂၀၂၂ထွက် သွေးသံတရဲရဲနဲ့ ရူးချင်စရာ အော်ဂလီဆန်စရာ စိတ်ညစ်စရာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘရိုင်ယန်ဘန်းစ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်။ သူကအရင်ကတော့ နာမည်ကြီးစီးကရက်ကြော်ငြာထဲက နာမည်ကျော်ကြော်ငြာမင်းသား။ အခုတော့ သူ့လုပ်ရပ်တွေရဲ့အပြစ်တွေကိုခံစားနေတဲ့သူ။ သူ့အ‌မေဖြစ်သူကိုယ်တိုင် သူကြော်ငြာခဲ့တဲ့ ဆေးလိပ်တွေကိုသောက်ပြီး အဆုတ်ကင်ဆာနဲ့ဆုံးသွားပြီးတဲ့နောက် သူခံစားနေရတာတွေက ပိုဆိုးလာခဲ့တယ်။ တစ်ရက်မှာ ဆေးလိပ်ကင်းစင်ရေးဆိုင်းဘုတ်က ဆေးလိပ်ဇာတ်ကောင်ပုံကို အမှတ်မထင် ကြည့်မိလိုက်ရာကနေ ဒီဆေးလိပ်‌ဟာ အသက်၀င်လာပြီး ဘရိုင်ယန်ဟာ ဆေးလိပ်ကောင်ရဲ့ ကြိုးဆွဲရုပ်တစ်ရုပ်လိုထိန်းချုပ်သိမ်းသွင်းခြင်းကိုခံလိုက်ရတဲ့နောက်မှာ ဘရိုင်ယန်ဟာ တစ်မြို့လုံးက ဆေးလိပ်သောက်သူတွေကို လိုက်လံသတ်ဖြတ်အပြစ်‌ပေးတဲ့ ကွင်းဆက်လူသတ်သမားတစ်ဦးဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ လူသတ်အဖွဲ့အစည်းတွေထဲမှာလည်း ဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်မှုတွေ နယ်မြေလုစစ်ပွဲတွေဖြစ်လာတဲ့နောက်မှာတော့ ဘရိုင်ယန်ဟာ သူ့ရဲ့တာ၀န်ကိုဆက်လက်ထမ်း‌ဆောင်နိုင်ဖို့ရာ အမျိုးမျိုးအဖုံဖုံသော ဒီလူသတ်သမားတွေနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ ရိုင်းစိုင်းတဲ့စကားအပြောအဆိုတွေ၊ ညစ်ညမ်းတဲ့ရိုက်ချက်တွေ တပုံတပင်ကြီးပါ၀င်တာကိုတော့ သတိချပ်ပေးပါ။ File size…(2.14 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.5 2022 90 mins
Ribspreader
Sumpahan Syaitan / Satan’s Curses

Sumpahan Syaitan / Satan’s Curse (2023) “စေတန်ရဲ့ကျိန်စာ” Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ မလေးရှားသရဲဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ မစ္စတာဆမ်ဆိုသူက ဇနီးချောလေးနဲ့ ချစ်စရာသမီးကလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်။ သန်းကြွယ်သူဌေးဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဂိုဏ်းစတားကြီး ဘရန်ကိုဆီက ငွေတိုးချေးပြီး စီးပွားရေးလုပ်ရာမှာ အလိမ်ခံလိုက်ရပါတော့တယ်။ဘရန်ကိုဆိုတာ သူ့ဆီက ပိုက်ဆံချေးသွားပြီးလို့ အချိန်မှီပြန်မဆပ်ရင် တစ်မိသားစုလုံးကိုသတ်ပစ်တဲ့လူ။ ဒီမှာပဲ သူငယ်ချင်းဖြစ်သူက ဂိုဏ်းစတားကြီးဘရန်ကို လာသတ်တဲ့ရန်ကလည်းလွတ်အောင် သူ ဝယ်ဖို့စီစဉ်ထားတဲ့ ဟိုတယ်မှာ စီမံခန့်ခွဲရင်း သွားနေဖို့အကြံပေးပါတယ်။ အဲဒီဟိုတယ်ကို ပြန်ရောင်းဖို့စီစဉ်ထားပြီး ရောင်းလို့ရတဲ့ပိုက်ဆံက အကျိုးအမြတ်ကိုလည်း ဘရန်ကိုကို ပြန်ဆပ်ဖို့ ဆမ့်ကိုပေးမယ်လို့ပြောတဲ့အတွက် ဆမ်တို့မိသားစု သူငယ်ချင်းဖြစ်သူဝယ်မဲ့ ဟိုတယ်ကြီးဆီကိုရောက်လာကြပါတော့တယ်။ ဒီမှာပဲ ဟိုတယ်ကြီးက မမြင်အပ်မြင်အပ်တဲ့ သတ္တဝါတွေ တစ်ညပြီးတစ်ညသောင်းကျန်းလာတဲ့အခါမှာတော့…။ Comedyအမျိုးအစားဖြစ်တာမို့ ပရိသတ်တို့ အပျင်းတော်ပြေစေဖို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်) Genre….. Comedy, Horror Quality…. 1080p | 720p File size… 1.5GB | 792MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2023
Sumpahan Syaitan / Satan’s Curses
The Celebration

IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ အသံအားလုံးကို ရိုက်ကွင်းမှာပဲတန်းသွင်းပါတယ်။ ကင်မရာကိုင်တဲ့နေရာမှာလည်း ဘာစက်ပစ္စည်းကိရိယာအကူအညီကိုမှမယူဘဲ တစ်ကားလုံး ကင်မရာကို လက်နဲ့ပဲကိုင်ပြီးရိုက်ကူးတာပါ။ သရုပ်ဆောင်က ချော်လဲတဲ့အခန်းဆိုရင် ကင်မရာကို ကိုယ်တိုင်ကိုင်ပြီးချော်လဲပြရတယ်။ ရေမရောထားတဲ့ ရုပ်ရှင်စစ်စစ်ကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သေချာပေါက်မြည်းစမ်းကြည့်ရမယ့်ရုပ်ရှင်ဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။ File size…(2.3 GB)/(2.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 1998 105 mins
The Celebration
Babes
6.7

သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာက မိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။ အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲ ရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့ အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာ မိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသ ထားပါတယ်။ လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာ ခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှ နားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက် အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့် စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှု အပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစား ကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါ ပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ ရပါတယ်။ အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှု ဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။ File size…1.70GB / 735MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
6.7 2024 104 mins
Babes
Out of the Blue
7.1

ရာဇဝတ်မှုလုံးဝမရှိလုနီးပါးအေးချမ်းလှတဲ့နယူးဇီလန်နိုင်ငံရဲ့ Aramoana မြို့လေးမှာ သေနတ်သမားတစ်ယောက်က လူပေါင်း ၁၃ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဖြစ်ရပ်မှန်တစ်ခုကိုရိုက်ကူးထားတာပါ။ တွေ့ရာလူလိုက်ပစ်သတ်နေတဲ့သေနတ်သမားရဲ့ရက်စက်မှုကို ချောက်ချားစရာမြင်တွေ့ရမှာဖြစ်ပေမယ့် မှတ်တမ်းရုပ်ရှင်ဒရမ်မာ အမျိုးအစားဖြစ်တာကြောင့် သာမန်နေ့ရက်တွေကိုအေးအေးချမ်းချမ်း ဖြတ်ကျော်နေကြတဲ့ဒေသခံတွေဆီ ရုတ်တရက်ရောက်ရှိလာတဲ့ကြမ္မာဆိုး၊ အရွယ်နဲ့မလိုက်အောင် သေနတ်သမားရှေ့မှာကြောက်ရွံ့မှုကို ခံစားခဲ့ကြရတဲ့ကလေးငယ်လေးတွေ၊ သေနတ်သမားရန်ထက် သားသမီးအတွက်ပူလောင်သောကဝေခဲ့ကြရတဲ့မိဘတွေရဲ့ပုံရိပ်တွေကို အဓိကပြသသွားပါတယ်။ ၁၉၉၀ နိုဝင်ဘာလ ၁၃ ရက်မှာ ကလေးငယ်လေးဦးအပါအဝင် လူ ၁၃ ယောက်သေဆုံးစေခဲ့တဲ့ Aramoana massacre ဟာ နယူးဇီလန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးလူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ရပ်မှန်ပါ။ လူဦးရေအနည်းငယ်သာရှိပြီး ပျင်းစရာကောင်းလောက်အောင် အေးချမ်းလွန်းလှတဲ့ ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာ အလုပ်လက်မဲ့ တစ်ဦးဖြစ်တဲ့ဒေးဗစ်ဂရေးဟာ စိတ်ဖောက်ပြန်သွားပြီး ရိုင်ဖယ်တစ်လက်နဲ့ ကလေးတွေပါမချန် တွေ့ကရာလူကိုပစ်သတ်ခဲ့ပါတယ်။ ပုံမှန်နေ့ရက်တွေမှာ တိရစ္ဆာန်ပျောက်တဲ့အမှုတွေလောက်သာ လိုက်ဖြေရှင်းရတဲ့ မြို့ခံရဲအင်အားစုဟာ လူအင်အားမရှိ၊ လေ့ကျင့်မှုမရှိ၊ လက်နက်မရှိဘဲ ရွာထဲမှာ ၂၄ နာရီကြာအောင်ပိတ်မိ နေတဲ့အသက်ရှင်ကျန်ရစ်သူတွေကို အသက်စွန့်ကာကွယ်ကယ်တင် ပေးခဲ့ကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန်မှာတော့ ဒေးဗစ်ဂရေးကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ File size…2.07 GB / 994MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

7.1 2006
Out of the Blue
Deadly Estate
5.7

ဟိုတယ် တစ်ခုမှာ ဖြစ်သွားခဲ့တဲ့ လူသေမှု တစ်ခုကို အဓိကထား ဇာတ်အိမ်တည်ထားပါတယ်။ ဇာကီရာက အဆင့်မြင့်ဟိုတယ် တစ်ခုရဲ့ မန်နေဂျာပါ။ ဒါပေမယ့် ဟိုတယ်မှာ ကြိုးစားသလို လိုအပ်ချက်တွေအတိုင်း ဟိုတယ်အတွက် လုပ်ပေးခဲ့ပါတယ်။ တစ်နေ့တော့ ဟိုတယ်ကို နာမည်ကျော် သူဌေးနဲ့ သူ့သား ရောက်လာခဲ့ပါတယ်။ သားဖြစ်သူက အပျော်မယ် တစ်ယောက်ကို ခေါ်လာပြီးနောက် အမှုတစ်ခုဖြစ်ပြီး ဇာကီရာကိုပါ အမှုပတ်ပါတော့တယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ လုပ်ရင်း မထင်မှတ်တဲ့ ဒုစရိုက်လုပ်ငန်းတစ်ခု အကြောင်းကိုပါ တွေ့သွားပါတော့တယ် File size…(1.4 GB)/(640 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

5.7 2023 84 mins
Deadly Estate
La noche que luché contra Dios

ဘန်ဂျမင်ရှိန်းဘာ့ဂျ်ဆိုတဲ့ ဒေါက်တာလေးဟာ ဘီနို့စ်အေရီစ်မှာ တာဝန်ထမ်းဆောင်နေစဉ်အချိန် AMIA မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတော့ ၈၅ယောက် သေဆုံးသွားပါတယ်။ အဲဒီသေဆုံးသူတွေထဲမှာ သူ့ရဲ့အဘိုးလည်းတစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ ဒီလိုဖြစ်စဉ်တွေကို မကြုံဖူးတဲ့ဒေါက်တာလေးဟာ သူ့လက်ပေါ်မှာ လူတွေသေဆုံးသွားတာကို ကြုံတွေ့ရပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ သူ့ကိုယ်သူရှာဖွေနိုင်ဖို့ ဒေါက်တာအလုပ်ကို စွန့်လွှတ်ခဲ့ပြီးတော့ အစ္စရေးကို ထွက်သွားပါတော့တယ်။ အစ္စရေးကို ထွက်ရှိလာတဲ့ ဒေါက်တာလေးဘန်ဂျမင်တစ်ယောက် ဘယ်သူတွေနဲ့ ဘယ်လိုတွေ ကြုံတွေ့ပြီးတော့ သူ့ရဲ့ ယုံကြည်မှုတွေကို ဘယ်လို ပြန်လည်တည်ဆောက်မလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.7 GB)/(860 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sakura

Drama
0 2024 103 mins
La noche que luché contra Dios
Diary of a Wimpy Kid
6.2

Diary of a Wimpy Kid (2010) ~ IMDb – 6.2/10, Rotten Tomatoes – 54% ~ စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ “ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်” လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။ Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း အပြစ်မပြောချင်တော့ပါဘူး။ ဒါကတော့ ငပိန်ကောင်လေးရဲ့ ၆ တန်းနှစ်က ဒိုင်ယာရီလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.15GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 34Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 2010 92 mins
Diary of a Wimpy Kid
Babygirl
6.4

Babygirl (2024) IMDb Rating (6.4) / Rotten Tomatoes (77%) 2024 နှစ်ကုန်ပိုင်းကမှ A24က ထွက်ခဲ့တဲ့ မင်းသမီးကြီး Nicole Kidman ရဲ့ Erotic Thriller ကားကောင်း တစ်ကားဖြစ်ပါတယ်။ Romy Mathis က စက်ရုပ်တွေနဲ့ လည်ပတ်တဲ့ အီလက်ထရောနစ် ကုန်သွယ်ရေး company ရဲ့ CEO တစ်ယောက်ပါ။ သူ့မှာ ယောက်ျားဖြစ်သူ ပြဇာတ် ဒါရိုက်တာ Jacob နဲ့ Isabel နဲ့ Nora ဆိုတဲ့ သမီးလေးနှစ်ယောက်ရှိပါသေးတယ်။ သူ့ ဘဝနဲ့သူ အောင်မြင်ပြီး မိသားစုကောင်း ရှိတဲ့ အမျိုးသမီး တစ်ယောက်ပေမယ့် မပြည့်စုံတဲ့နေရာတော့ ရှိပါသေးတယ်။ သူဟာ ခင်ပွန်းဖြစ်သူနဲ့ လိင်မှုဘဝမှာ မသာယာတော့ပါဘူး။ သူ အဲ့ဒီလို ဖြစ်နေတာကို ခင်ပွန်းဖြစ်သူကလည်း မသိပါဘူး။ Romy က ကာမစိတ် မူပြောင်းပြီး အရှက်သိက္ခာထိခိုက်အောင် ဆက်ဆံခံရတာတွေ နာကျင်မှုကို သာယာတာကို တိတ်တိတ်လေး ခုံမင်နေသူဖြစ်ပါတယ်။ တစ်ရက် သူ့ company ကို အသစ်ရောက်လာတဲ့ အလုပ်သင်တွေထဲက Samuel ကို မျက်မှန်းတန်းမိရင်း Samuelက သူ့ နည်းပြအဖြစ် Romy ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ ဆက်ဆံရေးဟာ တဖြည်းဖြည်း နယ်ကျွံလာပြီး အလုပ်နဲ့ မိသားစုကို ထိပါးလာခဲ့ပါတယ်။ Castတွေအနေနဲ့လည်း Nicole Kidman; Harris Dickinson; Sophie Wilde; Antonio Banderas တို့ ပါတာမို့လို့ ကြည့် ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မဖွယ်မရာ scene တချို့ပါဝင်တာမို့လို့ မိသားစုနှင့် ကြည့်ရှုရန် မသင့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(13 GB) / (3 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….01:56:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Adventure • Action • Drama
6.4 2024 115 mins
Babygirl